← Chapters

နှစ်ကုန်

Vol. 5 Ch. 144

နှစ်ကုန်

Vol. 5 Ch. 144

လနှစ်သစ်ကူးနီးလာပြီဖြစ်သည်။ ဆောင်းဦးသစ်သီးများကို ရိတ်သိမ်း၍ တစ်လတာမျှ အလုပ်များပြီးနောက်တွင် ဖန်းဟွာတစ်မြို့လုံးသည် လနှစ်သစ်ကူးအတွက် စတင်ပြင်ဆင်ကြပြီဖြစ်၏။

ယခုတစ်ခေါက်တွင် ကိစ္စကြီးငယ်များသည် ဖန်းလော့မြို့ထဲတွင် ဖြစ်ပျက်သွား၏။

ဖန်းဟွာမြို့တွင် နာမည်အကြီးဆုံးခေါင်းစဉ်မှာ ၎င်းတို့၏အိမ်နီးချင်းမြို့ ချင်းထန်မြို့ပင်ဖြစ်သည်။ ထိုမြို့ကို ထူးဆန်းသောလူချမ်းသာတစ်ယောက်မှဝယ်လိုက်သည်ဟဆို၏။

တန်ဖိုးနှင့် အဆိုပြုထားသောစီစဉ်ထားမှုများမှာ ဖန်းဟွာမြို့နှ့င့် အတော်လေးဆင်တူ၏။

ပိုင်ရှင်အသစ်သည် ထိုနေရာသို့ရောက်သည့်တိုင် ဖန်းလော့မြို့တွင် ထိုအကြောင်းက အချိန်ကြာမြင့်စွာ လူပြောများနေသောခေါင်းစဉ်ပင်ဖြစ်သည်။ ဖန်းလော့မြို့၏မြို့စားကို အစားထိုးလိုက်၏။ တရားဝင်သတင်းများရှားပါးလှသည့် ဖန်းလော့မြို့လေးအား ပို၍တိတ်ဆိတ်သွားအောင် လုပ်လိုက်ပေသည်။

တဟွေ့တိုင်းပြည်၏ မြို့ပေါင်း(၃၁)မြို့၏မြို့စားများကို မင်းကြီး ထူးချွန်စာရင်းဝင်သောအရာရှိများကြားမှ ရွေးချယ်ထားခြင်းဖြစ်သည်ဟု ပြောရပေမည်။ မင်းကြီးသည် ၎င်းတို့အား ပင်ကိုယ်စရိုက်၊ ပါရမီ၊ အရည်အချင်း၊ အာဏာနှင့် ခန့်ခွဲစီမံမှုစွမ်းရည် စသည်တို့၏ရလဒ်ဖြင့် ရွေးချယ်သည်။

အမှန်တွင် မြို့စားရာထူးအားရသွားသော မသင့်လျော်သောစာရင်းဝင်များစွာလည်းရှိကြသည်။ သို့သော်လည်း အများစုမှာ ၎င်းတို့၏အစွမ်းအစအစစ်ပေါ်တွင်သာ မှီခိုကြရပေသည်။

မည်သိ့ပင်ဖြစ်စေ အရာရှိများအား မသတ်မှတ်ခင်တွင် စာပေ၊ သိုင်းပညာ၊ ပါရမီနှင့် စိတ်ခံစားချက်များပင်ပါဝင်သော ယေဘုယျစာမေးပွဲတစ်ခုဖြေဆိုရသည်။ နှစ်စဉ်စာမေးပွဲတွင် ထိပ်တန်းသုံးယောက်သည် မင်းကြီး၏မြို့စားရာထူးအတွက် လက်ရွေးစင်အလောင်းအလျာများဖြစ်လာသည်။

တစ်နှစ်ပြီးတစ်နှစ်ပြီးနောက်တွင် ရွေးချယ်ထားသောလူစာရင်းပြည့်သွားသည်။ ထို့ကြောင့် မင်းကြီး လီဝမ်ရှို့သည် ထီးနန်းလက်ခံပြီးနောက်ပိုင်းတွင် သူ၏ပထမဆုံးသောပြုပြင်ပြောင်းလဲခြင်းမှာ မြို့စားရုံးမှအာဏာကိုင်ထားသောအချိန်ကာလကို (၁၅)နှစ်မှ (၈)နှစ်အထိ လျော့ချရန်ဖြစ်သည်။ ပါရမီရှိသူများပုံနေသောပြဿာနာကိုဖြေရှင်းရန် စာမေးပွဲနှစ်ခုကြားအချိန်ကာလကိုတစ်နှစ်မှ သုံးနှစ်အထိ တိုးမြင့်လိုက်သည်။

သို့သော်လည်း ဖန်းလော့မြို့၏မြို့စားအား သတ်မှတ်ကာလ ရှစ်နှစ်မပြည့်ခင်ပင် အစားထိုးလိုက်၏။ တိတိကျကျပြောရလျှင် ရာထူးတိုးခြင်းပင်ဖြစ်သည်။ ရွှေယွဲ့မြို့၏ အစိုးရသတ်မှတ်ချက်များအရ ဖန်းလော့မြို့စားတွင် အာဏာသုံးနှစ်မကရှိသေး၏။ ထို့ကြောင့် သူသည် ရွှေယွဲ့မြို့သို့ ပြောင်းရွှေ့ခံလိုက်ရသည်။ ထို့နောက်တွင် ရွှေယွဲ့မြို့သည် ဖန်းလော့မြို့ထက် အဆပေါင်းများစွာ တိုးတက်သောကြောင့် ရာထူးတိုးသွားခြင်းပင်ဖြစ်သည်။ ပို၍တိတိကျကျဆိုရလျှင် ဖန်းလော့မြို့သည် ဝေးလံကာမြို့ငယ်လေးဖြစ်သောကြောင့် မြို့(၃၁)မြို့ကြားတွင် နောက်ဆုံးအဆင့်သတ်မှတ်ချက်မြို့ပင်ဖြစ်သည်။

မြို့စားအသစ် ရုံးသို့ရောက်မလာခင်တွင် မြို့အတွင်းအပြင်မှလူများသည် မင်းကြီးက ထိုမြို့သို့ပို့လိုက်သောကံဆိုးသူမှ မည်သူဖြစ်ကြောင့်ခန့်မှန်းနေကြသည်။ ၎င်းတို့မြို့အား အခြားမြို့များမှ ထိုင်စရာအခင်းဟုခေါ်ကြသည်။ (နောက်ဆုံးအနိမ့်ဆုံးဟာလို့ဆိုလိုတာ)

"အဲ့လိုဆို ကောလဟသတွေက အမှန်ပဲလား။ ကျွန်မတို့က မြို့စားမင်းကို ဂုဏ်ပြုပေးရတော့မှာပေါ့။ ရွှေယွဲ့မြို့က ဖန်းလော့မြို့ထက် နှစ်ဆလောက်ကြီးတယ်လို့ကြားဖူးတယ်"

ယွဲ့ယန်ပန်းထိုးအိမ်၏ခန်းမှရှေ့တွင် စီမံခန့်ခွဲရေးမှူး ကျန်းယန်ယွေ့က ပြုံး၍လက်ဖက်ရည်သောက်နေကာ ရာထူးတိုးဖြင့်ပြောင်းရွှေ့တော့မည့်မြို့စား ရှီယွီတောက်ကို ဂုဏ်ပြုပေးနေသည်။

"စီမံခန့်ခွဲရေးမှူးယင်း ယဉ်ကျေးလွန်းနေပြန်ပါပြီ။ ဒီတစ်ခေါက် ကျုပ်လာလည်တာက နှုတ်ဆက်ဖို့လာခဲ့တာပါ။ ပြီးတော့ ရဲတင်းလွန်းတဲ့တောင်းဆိုမှုလေးလုပ်ချင်လို့ပါ။ စီမံခန့်ခွဲရေးမှူးသာ..."

"ယဉ်ကျေးနေဖို့မလိုပါဘူး။ တောင်းဆိုစရာရှိတာသာ ပြောလိုက်ပါ မြို့စားမင်း။ ယန်ယွေ့ကူညီပေးနိုင်ရင် အကောင်းဆုံးကြိုးစားပေးပါ့မယ်"

"အဟွတ်.ကောင်းပါပြီ။အဲ့လိုဆိုရင် လိုရင်းကိုပဲပြောတော့မယ်။ အဟင်း...ကျုပ်သားလေး ကျန်းယွေ့က အမြဲတမ်းဆိုသလိုပဲ မိန်းကလေး ယင်းယွင်ကို စွဲလမ်းနေခဲ့တာပါ။ အပြောင်းအရွှေ့ကျတော့ သူက ဒီကိုလာပြီး လက်ထပ်ပေးဖို့ကမ်းလှမ်းပေးဖို့ ပြောခိုင်းတာ။ ဒါပေမဲ့လည်း ကျွန်တော်တို့မိသားစုက သူ့အတွက် ဇနီးလောင်းရှာပြီးပါပြီ။ သူကလည်း နန်းမြို့တော်က မြင့်မြတ်တဲ့မိသားစုကပါပဲ။အဲ့တာကြောင့် မိန်းကလေး ယင်းယွင်သာ ကျုပ်တို့အိမ်ကိုလာမယ်ဆိုရင် သူမှားသွားပြီလို့ခံစားရလိမ့်မယ်။ စီမံခန့်ခွဲရေးမှူး စိတ်မပူပါနဲ့။ ကျုပ်သေချာအောင်..."

ကျင်းယန်ယွေ့က သူပြောသည်ကိုနားထောင်ကာ နောက်ပြောမည့်စကားကို သိသွားပေသည်။ သူသည် ညီမဖြစ်သူအား ဂရုစိုက်ပါမည်ဟု ကတိပေးလိမ့်မည်။ သို့သော် ထိုကိစ္စသည် သူမ သို့မဟုတ် ယင်းယွင်ပါ အလိုရှိသည့်အရာမျိုးမဟုတ်ပေ။

 "မြို့စား ရှင့်ကိုကြားဖျက်ပြောရလို့တောင်းပန်ပါတယ်။ ဒါပေမဲ့ ဒီနှစ်ပြီးရင် ကျွန်မညီမက (၂၄)နှစ်ရှိတော့မယ်။ သခင်လေးရှီက (၁၉)နှစ်ပဲရှိသေးတယ်။ အသက်အရွယ်အရဆိုရင်..."

သူသည် ယင်းယွင်ကို ကလေးထိန်းလုပ်စေချင်နေသည်လော။

"အဟင်း... ကျုပ်မသိတာမဟုတ်ပါဘူး။ ဒါပေမဲ့ ကျုပ်အမေနဲ့ သူ့အမေက သူ့ကိုအကြိမ်ပေါင်းများစွာ ဖြောင်းဖျပြီးပါပြီ။ သူ့စိတ်ကိုမပြောင်းနိုင်လို့ပါ။ အဲ့တာကြောင့် ကျုပ်က အားနာနာနဲ့ လက်ထပ်ခွင့်ကိုအတညပြုဖို့ လာခဲ့ရတာပါ"

ထိုသို့ဆိုလျှင် သူသည် စေ့စပ်ရန်ပြောခြင်းမဟုတ်လော။ ရယ်စရာကောင်းပေသည်။ သူသည် ယင်းယွင်ကို ခိုးကြောင်းခိုဝှက်ဖြင့် သူ့သား၏ကိုယ်လုပ်တော်လုပ်ခိုင်းစေချင်သည်လော?

ထိုအကြောင်းကိုစဉ်းစားလိုက်လျှင် သူမ၏ဒေါသမီးတောက်သည် စိတ်ထဲတွင် ပို၍လောင်ကျွမ်းလာသည်။ သူမသည် နေရာတွင်ပင် အသိစိတ်ပျောက်လုနီးပါးဖြစ်သွားသည်။

"မြို့စားမင်း ဒီကိစ္စကို မသိသေးဘူးထင်တယ်။ ကျွန်မညီမလေးက စေ့စပ်ပြီးပါပြီ။ အဲ့လိုမှမဟုတ်ရင် သူ့ရဲ့ဒီလောက်တော်တဲ့အခြေအနေနဲ့ ဘာလို့ ပန်းထိုးအိမ်မှာပဲ လက်မထက်ပဲ အချိန်ဖြုန်းနေရမှာလဲ။ ကျွန်မမှာ ဒီအဖိုးတန်ညီမလေးတစ်ယောက်ပဲရှိတယ်ဆိုတာ မြို့စားမင်းလည်းသိပါတယ်။ ကျွန်မတော့ သူ့ကိုလက်ထပ်ပြီး အဝေးကို ပြောင်းမသွားစေချင်ဘူး။ အဲ့တာကြောင့် သူတို့လက်ထပ်ပွဲကိုခေါင်းမညိတ်ခင် သူ့သတိုးသားလောင်းကို ဖန်းလော့မြို့ကိုပြောင်းလာဖို့တောင်းဆိုခဲ့တာ။ သူ့မိသားစုက မြောက်ပိုင်းမှာ နာမည်ကြီးပြီး မြင့်မြတ်တဲ့မိသားစုလေ။ အချိန်တိုလေးအတွင်းတော့ ပြောင်းလာနိုင်မှာမဟုတ်ဘူး။ အဲ့တာကြောင့် နှစ်တွေကြာအောင် သူတို့လက်ထပ်ပွဲက နှောင့်နှေးနေရတာ။ တကယ်က ကျွန်မ မကောင်းတာပါ။ ဒါပေမဲ့လည်း သူတို့ရဲ့ပိုင်ဆိုင်မှုတွေနဲ့ အလုပ်ကိစ္စတွေကိုတော့ စီစဉ်ပြီးသွားပြီလို့ကြားတယ်။ လနှစ်သစ်ကူးပြီးရင် သူတို့ဒီကိုပြောင်းလာပြီး အခြေချတော့မှာ။ အဲ့တာကြောင့်...."

"အဲ့လိုလား။ ဒါပေမဲ့ ကျုပ်ကြားထားတာကတော့ ယွဲ့ယန်ပန်းထိုးအိမ်ရဲ့ စီမံခန့်ခွဲရေးမှူးက သူ့ညီမအတွက် ခင်ပွန်းလောင်းရွေးနေတယ်တဲ့လေ။ အဲ့တာအမှန်ပဲလား"

"ကောလဟသသက်သက်ပါ။ အမှန်မဟုတ်ပါဘူး"

ကျန်းယန်ယွေ့က လက်ခါပြကာ ငြင်းလိုက်သည်။

"အဲ့လိုဆိုရင် ကျုပ်ဂုဏ်ပြုတာ လက်ခံပေးပါ။ ဟားဟား...ကျုပ်သားတာသိရင် သူလက်လျော့သွားပါလိမ့်မယ်"

ရှီယွီတောက်သည် အမှန်တွင် ထိုသို့လာကာ လက်ထပ်ရန် မကမ်းလှမ်းချင်ပေ။ သူသည် သားဖြစ်သူအား ပြောမရ၍သာ လာရခြင်းဖြစ်သည်။ ယခုတွင် ကျန်းယန်ယွေ့၌ ခဲအိုတစ်ယောက်ရှိသည်ကိုသိပြီးဖြစ်ကာ မိသားစုနှစ်ခုသည်လည်း အချင်းချင်းနီးစပ်နေကြသည်။ သူသည် အိမ်သို့ပျော်ရွှင်စွာဖြင့်ပြန်ကာ သားဖြစ်သူအား ထိုအကြောင်း ပြောပြပေမည်။ ကျန်းမိသားစုတွင် ညီအစ်မနှစ်ယောက်သာရှိပါသော်လည်း ကံကြမ္မာက ကယ်တင်ထားသောကြောင့် ၎င်းတို့သည် ကုန်သည်များဖြစ်ကြသည်။ ရှီမိသားစုဖြင့် မိသားစုဝင်များဖြစ်လာရန် မသင့်လျော်ပါပေ။

"ဟူး...ဒီလူက ဘာလဲ။ သူက ထွက်သွားခါနီးတောင် အရှုပ်တွေလုပ်ချင်နေသေးတယ်"

ကျန်းယန်ယွေ့က ရှီယွီတောက်ကို ပျိုနီပန်းပုံပန်းချီးကားတစ်ချပ်လက်ဆောင်ပေးလိုက်ကာ သူထွက်သွားပေသည်။ ထိုသူသည် လုံးဝကျေနပ်သွား၏။ ထို့နောက်တွင် သူသည် ခုန်ပေါ်တွင်ပစ်ထိုင်လိုက်ပြီး ကျိန်ဆဲကာ မြည်တွန်တောက်တီးနေလေသည်။

သူမသည် ရှီယွီတောက်တစ်ယောက် မြို့ထဲတွင်ဆက်‌နေကာ ညီမဖြစ်သူလက်ထပ်သွားသည်ကို စောင့်မကြည့်စေရန်သာ မျှော်လင့်ရတော့သည်။ ထိုသို့လုပ်ခဲ့လျှင် သူမသည် ယင်းယွင်အတွက် ပြီးပြည့်စုံသောယောင်္ကျားတစ်ယောက်ကို မည်သည့်နေရာတွင် သွားရှာရမည်နည်း။

ထို့ကြောင့်ပင်လျှင် လူများသည် အလိမ်အညာစကားမဆိုသင့်ခြင်းဖြစ်သည်။ အလိမ်အညာတစ်ခုအတွက် ဖုံးကွယ်ရန် အခြားသောအလိမ်အညာပေါင်းများစွာလိုအပ်ပေသည်။

မည်သို့ပင်ဖြစ်စေ ထိုကောင်မလေး ယင်းယွင်သည် လတ်တလောတွင် မည်သို့ဖြစ်နေပါသနည်း။ သူမသည် ထိုနေ့များတွင် လွန်စွာအလုပ်ရှုပ်နေသည့်ပုံပေါ်သည်။ နှစ်ကုန်ခါနီးဖြစ်သောကြောင့်လုပ်စရာများများမရှိသော်လည်း သူမသည် ဟိုဟိုဒီဒီလျှောက်သွားနေရပါသနည်း။

နွေဦးပွဲတော်ကာလတွင် သူမသည် အားလပ်တိုင်း ဖန်းဟွာမြို့သို့ပြေးတတ်သည်။ ရွှေလျန်နှင့်စကားပြောကာ ယွဲ့ယန်ပန်းထိုးအိမ်၏စီးပွားရေးကိုချဲ့ထွင်ချင်သောကြောင့်ဟု ပြောသည်။

သို့သော်လည်း နွေဦးပွဲတော်ပြီးနောက်တွင် သူမသည် ဖန်းဟွာမြို့သို့ မကြာခဏမသွားတော့ပေ။ မည်သို့ဖြစ်သွားပါသနည်း။ သူမ ရွှေလျန်နှင့်ရန်ဖြစ်ခဲ့ပါသည်လော။

မဖြစ်နိုင်ပေ။ ယခုတွင် ရွှေလျန်သည် ကလေးနှစ်ယောက်အမေဖြစ်ကာ သိမ်မွေ့ကာ နူးညံ့လှဆဲဖြစ်သည်။ တစ်စုံတစ်ယောက်နှင့်ရန်ဖြစ်ရန်မှာ မဖြစ်နိုင်ပေ။ တစ်ယောက်ယောက်က သူမလည်ပင်းတွင် ဓားထောက်ထားလျှင်ပင် သူမက ကျယ်ကျယ်အော်မည်မဟုတ်ပေ။

ထိုသို့ဆိုလျှင် မည်သည့်ကိစ္စဖစ်မည်နည်း။ ယင်းယွင်ဆိုသောကလေးမသည် အမှန်ပင်နှုတ်လုံပေသည်။ ကောင်းကင်ဘုံသို့သွားသည့်လမ်းကိုရှာခြင်းထက် သူမဆီမှစကားနှိုက်ရန်မှာ ပို၍ခက်ခဲပေသည်။ ဟုတ်ပေသည်။ သူမသည် အဘယ့်ကြောင့် ထိုလူအကြောင်းအား မေ့လျောနေရပါသနည်း။

"ရှောင်ချီမြင်းလှည်းပြင်ထား။ ငါအပြင်သွားမလို့"

ကျန်းယန်ယွေ့က မတ်တပ်ထလိုက်ကာ အဝတ်အစားများကိုပြင်လိုက်သည်။ သူမသည် ထွက်မသွားခင်တွင် လက်ထောက်ကို အမိန့်ပေးလိုက်သည်။

လတ်တလောတွင် ချင်းယန်ဆေးခန်း၌ လွန်စွာအလုပ်ရှုပ်နေသည်။

နှစ်ကုန်ခါနီးတွင် လူအများစုဖျားကြ၏။ အများစုမှာ ရာသီဉတုအေးလာသောကြောင့်ဖြစ်သည်။

လူနာအများစုက အအေးမိနေကြခြင်းဖြစ်သည်။ ဆေးခန်းမှညွှန်းပေးလိုက်သောဆေးများကို သောက်သုံးပြီးနောက်တွင်မူ အာနိသင်ပြရန်မှာ လွန်စွာမြန်ပေသည်။ ၎င်းတို့တွင်ဆေးရှိလျှင် ကောင်းမည်ဟုပင် ပြောနိုင်ပေသည်။

ထို့ကြောင့် လအနည်းငယ်အတွင်းတွင် ချင်းယန်ဆေးခန်း၏ ဂုဏ်သတင်းမှာ ဖန်းလော့တစ်မြို့လုံးတွင် ပျံ့နံ့လာပြီဖြစ်၏။

ယန်ကျင်းကျီ နှင့် ချင်းလန်သည် မြေကြီးနှင့် ခြေထောက် မထိသလောက်ပင် အလုပ်များနေကြ၏။

"အစ်မ ဒီသုံးရက်အတင်း ပထမဆုံးအကြိမ် အိပ်ရာပေါ်လှဲပြီးအနားယူတာပဲ။ ဒီတစ်ခေါက်ကော ဘာအရေးပေါ်ကိစ္စရှလို့ နှိုးရတာလဲ"

ယန်ကျင်းကျီက သမ်းကာ စောဒကတက်လိုက်၏။

"အဲ့တာကြောင့် မင်းက ဒီလောက်ပိန်နေတာပေါ့။ မင်းတို့နှစ်ယောက်အတွက် အာဟာရရှိစေမဲ့စွပ်ပြုတ်လုပ်ပေးဖို့စားဖိုမှူးကိုပြောလိုက်မယ်"

"မလိုပါဘူး။ အိပ်ရေးဝရင်ကို အားလုံးကောင်းသွားပြီ"

"ကျင်းကျီငါမင်းကိုမေချင်တာရှိလို့။ မင်းသိရင် ငါ့ကိုရိုးရိုးသားသားပဲဖြေပါ။ လတ်တလော ယင်းယွင်ဘာဖြစ်နေတုန်း မင်းသိလား။ သူ ဖန်းဟွာမြို့ကိုသွားတာလည်းမတွေ့ဘူး။ ပန်းထိုးအိမ်မှာပဲအလုပ်များနေတယ်။ သူ့ကိုရှာပြီးမေးဖို့တောင်အခွင့်အရေးမပေးဘူးလေ။ မယုံနိုင်စရာကောင်းလောက်အောင်ပဲ"

ယန်ကျင်းကျီပင်ပန်းနေသည်ကို ကျန်းယန်ယွေ့မြင်သောကြောင့် သူမ၏ရည်ရွယ်ချက်အာ တိုက်ရိုက်မပြောလိုက်ခြင်းဖြစ်သည်။

"အမ်... ယောင်္ကျားတစ်ယောက်ကြောင့်ဖြစ်နိုင်တယ်။ အချက်အလက်ကျကျတော့ကျွန်မလည်းမသိဘူး။ ဖန်းဟွာမြို့ကို တစ်လတစ်ခါသွားတယ်လေ။ ဒါပေမဲ့ ရွာသားတွေက အမြဲဆေးခန်းထဲမှာ ရှုပ်ယှက်ခတ်နေတာ။ အတင်းအဖျင်းတွေသွားနားထောင်ဖို့အချိန်မရှိဘူးရယ်။ အစ်မ ကျွန်မအိပ်ချင်လှပြီ။ အိပ်ကိုပျော်တော့မယ်။ အခုအိပ်ပြီနော်။ ချင်းလန်အစ်မကို ဧည့်ခံလိုက်ပါဦး"

ယောင်္ကျားတစ်ယောက်ကြောင့်လော? ထိုသို့ကိစ္စမျိုးကို ယင်းယွင်က သူမဆီမှ ဖုံးကွယ်ရဲပေသည်။ သူသည် ယောင်္ကျားတစ်ယောက်နှင့် ပက်သက်နေသည်လော။ သို့သော် အဘယ့်ကြောင့် သူမက ထိုယောင်္ကျားနှင့် မိတ်ဆက်မပေးရပါသနည်း။ တစ်ဖက်သတ်အချစ်များဖြစ်နေမည်လော။ နွေဦးပွဲတော်တွင် စိတ်ထဲတွင် ဒွိဟဖြစ်နေသော်လည်း ထိုယောင်္ကျားက သူမကို ငြင်းဆန်ခဲ့သည်။ ထို့ကြောင့် သူမသည် ထိုသို့ပြောင်းလဲသွားပါသည်လော။

ထိုသံသယဖြင့်ပင် ကျန်းယန်ယွေ့တစ်ယောက် ဖန်းဟွာသီးသန့်စံအိမ်သို့ရောက်လာသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။ အခြားသူကသာ လမ်းမညွှန်လျှင် သူမည် ရွာရှေ့မှပုံရိပ်ယောင်ဖွဲ့စည်းပုံကြောင့် ဝင်ပေါက်ကိုသိမည်မဟုတ်ပေ။ ရှောင်ချီနှင့် လှည်းသည် ချယ်ရီပင်များကြားတွင် တစ်နာရီမျှလည်နေပေသည်။ မုံ့ချောင်ကျီက ကင်းလှည့်ရင်းတွေ့သွားသောကြောင့် ၎င်းတိ့ကိုကယ်တင်လိုက်ခြင်းဖြစ်သည်။

"မိန်းကလေး ဒါက ဆရာတူဦးလေးရဲ့ ခြံဝန်းပါ။ အဲ့တာက ရှင်းလန်ပါ။ ဒေါ်လေးရဲ့ပထမတန်းစားအစေခံပါ။ မိန်းကလေး ရှင်းလန်"

မုံ့ချောင်ကျီက ကျန်းယန်ယွေ့ကို စုရွှေလျန်အိမ်သို့ခေါ်လာကာ အိမ်ပြင်ဘက်သို့ထွက်လာသော ရှင်းလန်နှင့်တွေ့သွား၏။

"ယောင်္ကျားတစ်ယောက်လား"

စုရွှေလျန်သည် စုရွှေလျန်၏ရှင်းပြချက်အား နားထောင်ပြီးနောက်တွင် အနည်းငယ်မျှတွေဝေသွား၏။ သူမက အစတွင် ကျန်းယင်းယွင်သည် စစ်လော့ကို စိတ်ဝင်စားနေသည်ဟု အတွေးဝင်မိသည်။

စစ်လော့ဆိုသောယောင်္ကျားက ညီမဖြစ်သူအား များစွာပြောင်းလဲလိုက်သည်လော။ သို့သော်လည်း နွေဦးပွဲတော်ပြီးနောက်တွင် စစ်လော့ကထွက်သွားကာ ပြန်မလာသေးပေ။

"ရွှေလျန် မင်းသူ့ကိုသိတယ်မလား။ သူ့ကိုမြင်ဖူးချင်ယုံတင်ပါ။ ဘာမှထူးဆန်းတာမပြောပါဘူး။ ဘာပဲပဲဖြစ်ဖြစ် သူ့တို့ချစ်နေကြရင် လက်ထပ်ဖို့ကိစ္စပြောရမှာပေါ့"

"ဒါပေမဲ့ အစ်မ ကျွန်မမှန်လားဆိုတာတော့ ကျွန်မမသိဘူး။ အမှန်သာဆို အဲ့လူက အခုဒီမှာမရှိဘူး။ သူဘယ်အချိန်ပြန်လာမလဲလည်း မသိဘူး"

စုရွှေလျန်က တွန့်ဆုတ်သောမျက်နှာပေးဖြင့် ရှင်းပြလိုက်၏။ သူမသည် စစ်လော့ကို အမှန်ပင် နားမလည်တော့ပေ။ သူသည် အားယောင်နှင့်အတော်လေးဆင်တူသည်ဟုသာ သူမသိသည်။ သူမပက်သက်ချင်သောကိစ္စ သို့မဟုတ် လူဆိုလျှင် သူ၏သဘောထားကို ရှင်းလင်းစွာပြသတတ်သည်။ အားယောင်မှလွဲ၍ စစ်ထို နှင့် စစ်ရှန်း မှာလွဲ၍ သူ့ကိုချည်းကပ်နိုင်သောသူများမှာ အမြွှာလေးများသာဖြစ်သည်။ သူကဲ့သို့ယောင်္ကျားတစ်ယောက်အား မိန်းကလေးအချို့ကကြိုက်ပါလျှင် သူမည်သို့ပြုမူမည်နည်း။

ကျန်းယန်ယွေ့ တစ်ယောက် မကျေမနပ်ဖြင့် အိမ်ပြန်သွားခဲ့သည်။ စုရွှေလျန် တစ်ယောက်သည်မူ လက်တစ်ဖက်တဖြင့် မေးထောက်ကာ ပြတင်းပေါက်ဘေးတွင်ထိုင်ကာ နှင်းများဖြင့်ဖုံးအုပ်နေသောအိမ်မျာကို ကြည့်နေမိသည်။သို့တိုင် သူမသည် စဉ်းစား၍မရနိုင်ဖြစ်နေသည်။

ဆန့်ကျင်ဘက်အနေဖြင့် လင်းစစ်ယောင်သည် ကျန်းယန်ယွေ့မည်သည့်အကြောင်းကြောင့် ရောက်လာရသည်ကိုသိကာ သူ၏ထူးခြားသောမှတ်ချက်က စုရွှေလျန်အား ဆတ်ကနဲဖြစ်သွားစေသည်။

"သူကထွက်ပြေးနေတာ"

***

All Chapters