← Chapters

အိမ်သုံးအိမ်သည် တစ်အိမ်တည်းဖြစ်လာ၏ (၁)

Vol. 5 Ch. 147

အိမ်သုံးအိမ်သည် တစ်အိမ်တည်းဖြစ်လာ၏ (၁)

Vol. 5 Ch. 147

သုံးနှစ်ကြာပြီးနောက်တွင်....။

တဟွေ့တိုင်းပြည်၏ အနောက်တောင်ဘက်အရပ်တွင် နန်းမြို့တော်ဖြစ်သော ဖုန်းချန်မြို့ထက်မနည်း လူများကာစည်းကားနေသောမြို့တစ်မြို့ထွက်ပေါ်လာ၏။ ဖန်းလော့မြို့ပင်ဖြစ်သည်။ အခြားမြို့မှလာရောက်လည်ပတ်သူများသည် ဖန်းလော့မြို့တွင်ထူးဆန်းသောအရာတစ်ခုကို ရှာတွေ့ပေမည်။ ဖန်းလော့မြို့အနီးတစ်ဝိုက်တွင် မြို့များ ရွာများမရှိပေ။ ရှုပ်ထွေးလှသော ဥယျာဉ်ပုံစံဖြင့်ပြုလုပ်ထားသော သီးသန့်ခြံဝန်းသုံးခုသာရှိကာ တစ်ခုချင်းစီတွင် ကိုယ်ပိုင်ပြိုင်စံကင်းပုံစံရှိကြ၏။

စံအိမ်၏ပိုင်ရှင်သည် မြင့်မြတ်ကာ ကျော်ကြားသောပိုင်ရှင်ဖြစ်သည်ဟု ကောလဟလများက ဆိုကြသည်။ သို့သော်လည်း ခြံဝန်း၏ကိစ္စရပ်အဝဝကိုဖြေရှင်းရန် စီမံခန့်ခွဲရေးမှူးသုံးယောက်သာ လူလုံးထွက်ပြတတ်ကြသည်။ ထိုသုံးနှစ်အတွင်းတွင် စံအိမ်ထဲတွင်နေထိုင်သောရွာသူရွာသားများမှအပ အိမ်ပိုင်ရှင်များသည် မည်သည့်ပုံပန်းသဏ္ဍာန်ရှိကြောင်း၊ ဘွဲ့များမှာမည်သည့်ဘွဲ့များဖြစ်ကြောင့် အဘယ့်ကြောင့် စံအိမ်သုံးခုကို တစ်ခုတည်းအဖြစ်ပေါင်းထားကြောင်းကို မည်သူမျှမသိကြပေ။

ပြန်လည်တည်ဆောက်ခြင်းသုံးနှစ်တာကာလပြီးသည့်နောက်တွင် ယခင်က မြို့(၃၁)မြို့ကြားတွင် နောက်ဆုံးအဆင့်ရှိသော ဖန်းလော့မြို့သည် တဟွေ့ရှိ လူအစည်ကားဆုံးမြို့များထဲမှ တစ်မြို့ဖြစ်လာသည်။

မည်သို့ဖြစ်နိုင်မည်နည်း။

ခရီးသွားများသည် လူရှုပ်သောလမ်းမများပေါ်တွင်လမ်းလျှောက်ကာ နယ်ခံတစ်ယောက်ယောက်အား မေးကြည့်နိုင်ပေသည်။ အဖြေမှာ တစ်ညီတစ်ညွှတ်တည်းပင်ဖြစ်ပေမည်။ လက်ရှိမြို့စားပင်...။

သို့သော် မြို့စားအားဖော်ပြသောနည်းလမ်းများမှာမူ ကွဲပြားသွား၏။

အချို့က ခန့်ညားကာ ဖျတ်လတ်သည်ဟုဆိုသည်။

အချို့က ချစ်စရာကောင်းကာ လူရည်လည်ဟု ပြော၏။

အချို့က သူ့တွင်ထူးခြားအံ့ဖွယ်ကောင်းသောညှို့ဓာတ်ရှိသည်ဟု ဖြေ၏။

အချို့ကမူ ကျက်သရေရှိကာ ထူးချွန်လှသူဟု မှတ်ချက်ပေးကြပေသည်။

အတိုချုံးဆိုလျှင် အဖြေများ၏တူညီသောအသွင်အပြင်မှာ မြို့စားသည် အမျိုးသမီးများစွာကနှစ်သက်မြတ်နိုးရသော ဆွဲဆောင်မှုရှိသည့်ယောင်္ကျားတစ်ယောက်ပင်ဖြစ်သည်။ ဖန်းလော့မြို့တွင် အသက်ရှစ်ဆယ်အဘွားအိုမှ လမ်းလျှောက်တတ်စကလေးအထိ သူ၏ပြိုင်ဘက်ကင်းသိုင်းပညာနှင့် နူးညံ့သိမ်မွေ့သောအပြုအမူများတွင် ပြိုဆင်းရသည်ပင်။

ထို့အပြင် သူသည် ဖန်းလော့မြို့ကို ပြောင်းလဲအောင်ကူညီခဲ့ကာ ပို၍တိုးတက်ကာချမ်းသားကြီးပွားစေသည်။ မြို့ထဲရှိယောင်္ကျားများသည်ပင် မြို့စားကို ချီးမွမ်းနေကြေသောဇနီးသည်များကို သဝန်မတိုကြပေ။

အဘယ့်ကြောင့်ဆိုသော် လွန်ခဲ့သောနှစ်များအတွင်းတွင် သူ၏ဖန်းလော့မြို့အား ထောက်ပံ့ပေးခဲ့ပုံမှာ နေ့အလင်းကဲ့သို့ ထင်ရှား၏။ ဖန်းလော့မြို့ထဲရှိအားလုံးက လေးစားကြကာ လက်ရှိမြို့စားအား နှလုံးသားထဲမှနက်နက်နဲနဲ ကိုးကွယ်ကြသည်။ ထိုလေးစားမှုနှင့်မြတ်နိုးတန်ဖိုးထားခြင်းများသည် ၎င်းတို့၏မနာလိုမှုအား ကျဆင်းစေကာ မြို့အား တစ်စုတစ်စည်းတည်းပင်ဖြစ်သွားစေသည်။

ယေဘုယျဖော်ပြတတ်သောအလေ့အထအကောင်းများသည် အောက်ပါများကိုရည်ညွှန်းခြင်းဖြစ်သည်။

ကြီးပွားချမ်းသားခြင်း- မြတ်နိုးလေးစားခြင်း- စည်းလုံးညီညွတ်ခြင်း-ပို၍ကြီးပွားချမ်းသာလာခြင်း-ပို၍မြတ်နိုးလေးစာလာခြင်း-ပို၍စည်းလုံးညီညွတ်လာခြင်းတို့ပင်ဖြစ်သည်။

ယခုတွင် မြို့စားအကြောင်းပြီးနောက်ရေပန်းအစားဆုံးဒုတိယခေါင်းစဉ်မှာ ချင်းယန်ဆေးခန်းပင်ဖြစ်သည်။

ထိုနှစ်များအတွင်းတွင် ချင်းယန်ဆေးခန်းသည် ရှေ့ဆိုင်ခန်းသုံးခန်းသာပါသည့် သေးငယ်သောဆေးခန်းမျှသာဖြစ်ကာ ဖန်းလော့မြို့ရှိ အခြားသောဆေးခန်းငယ်တစ်ခုနင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။ ယခုတွင် ၎င်းသည် မြို့ထဲတွင် အထပ်သုံးထပ်ခြံဝန်းအိမ်နှင့် အကြီးဆုံး အထွေထွေဆေးခန်းဖြစ်နေလေပြီ။

မြို့ထဲရှိလူများမှာ အထွေထွေဆေးခန်းဆိုသောအဓိပ္ပာယ်ကို နားမလည်သော်လည်း ဆေးခန်းထဲရှိ သမားတော်များ၏ လက်တွေ့ကျမှုများနှင့် အသုံးပြုသော တန်ဆာပလာများကို သက်သေခံပြီးနောက်တွင် ၎င်းတို့သည် တစ်စုံတစ်ခုကိုနားလည်သွားကြဟန်တူ၏။

ချင်းယန်ဆေးခန်းရှိ သမားတော်လေးယောက်သည် အသီးသီးသောရောဂါများကိုကုသရာတွင် ကျွမ်းကျင်ကြသည်။ ၎င်းတို့၏ဆေးပညာအောင်မြင်ခြင်းများမှာလည်း မတူကြပေ။ ထို့ကြောင့် မတူညီသောလူနာများကို ကုသကြ၏။

ချင်းယန်ဆေးခန်းရှိ အပြင်ဘက်ဆုံးခြံဝန်းတွင် သမားတော်လေးယောက်နှင့် ကြည့်ရှုဆေးစစ်သည့်အခန်းလေးခန်းရှိသည်။ အရှေ့မှာအနောက်အထိမှာ ကိုယ်တွင်းပိုင်းဆေးပညာ၊ ခွဲစိတ်ကုသခြင်း၊ သားဖွားမီးယပ်၊ ကလေးနှင့်ပက်သက်သောဆေးပညာများတို့ပင်ဖြစ်သည်။ စစ်ဆေးခန်းလေးခန်းကြားတွင် ကျယ်ဝန်းကာ သစ်သားခုံရှည်များရှိသည့် လူနာစောင့်ခန်းရှိ၏။

အထဲသို့ဝင်လိုက်လျှင် ဒုတိယခြံဝန်းမှာ ဆေးခန်း၏အလုပ်သများများနားသောနေရာနှင့် ဂိုထောင်တို့ပင်ဖြစ်သည်။ နောက်ဆုံးခြံဝန်းမှာ ဆေးခန်းပိုင်ရှင်၏သီးသန့်အိမ်ဖြစ်သည်။

လပြက္ခဒိန်ငါးလပိုင်းသို့ ရောက်ချေပြီ။ အရှေ့တောင်ဘက်ရှိ မြို့ငယ်လေးရှိအပူချိန်သည် စတင်မြင့်တက်လာပြီဖြစ်၏။

နေ့ခင်းပိုင်းသည် ချင်းယန်ဆေးခန်းတွင် လူအရှုပ်ဆုံးအချိန်ဖြစ်သည်။

လူနာစောင့်ခန်းအပြင်ဘက်တွင် အံဆွဲများစွာပါသည့်ကောင်တာတစ်ခုရှိသည်။ အသက်(၁၄) (၁၅)ဝန်းကျင်ခန့်ရှိသော ငယ်ရွယ်၍မျက်လုံးလေးများက တောက်ပနေသောမိန်းမငယ်လေးတစ်ယောက်သည် ထိုနေရာတွင် ထိုင်နေလေသည်။ လူနာ၏အခြေအနေများအား ဂရုတစိုက်မေးပြီးနောက်တွင် သူမသည် ဆေးမှတ်တမ်တမ်းစာအုပ်၏ ပထမစာမျက်နှာတွင် လူနာသည်မည်သည့်အခန်းသို့သွားရန် လိုအပ်သည်ကို စစ်ဆေးကာ ထိုနေ့အတွင် လူနာစောင့်ခန်း၏ စောင့်ဆိုင်းနံပါတ်ကို လူနာကိုပေးပေမည်။

သူမကပြုံးကာ ကြေးပြားဆယ်ပြားလက်ခံလိုက်ပြီး လူနာကို ဆေးမှတ်တမ်းစာအုပ်ပြန်ပေးကာ စောင့်ဆိုင်းနေရာရှိ သစ်သားခုံရှည်ဆီသို့လမ်းညွှန်လိုက်၏။

"နောက်တစ်ယောက်လာပါ"

တောက်ပနေသောမိန်းကလေး၏အသံမှာ ရှင်းလင်းစွာထွက်ပေါ်လာသည်။ အပြင်ဘက်စောင့်စားခန်းကိုကြည့်ကာ သူမက လှမ်းခေါ်လိုက်၏။

"အမ်.."

နောက်ထပ်လူနာဝင်လာသောအခါတွင် သူမက မျက်တောင်လေးပေကလပ်ပေကလပ်ဖြင့် ဒွိဟဖြစ်စွာဖြင့် အသံနိမ့်ဝင်သွားသည်။

"မနက်ကပဲ ပြန်သွားပြီမဟုတ်လား"

“ချင်းချင်း မင်းကပါ ငါ့ကို မကြိုဆိုတော့ဘူးလား"

"အမ်...မဟုတ်..မဟုတ်ပါဘူး။ မြို့...အစ်ကိုလျန် ထိုင်ပါဦး"

ချင်းချင်းဟုခေါ်သောမိန်းကလေးက လက်အမြန်ကာပြလိုက်ကာ ထိုလူကိုစောင့်စာခန်းထဲသို့ ဖိတ်ခေါ်လိုက်၏။ တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ထောင်ထောင် ထောင်ထောင်ဖြင့် သားဖွားမီးယပ်ခန်းရှေ့တွင်လမ်းလျှောက်နေသောသူ့ကို သူမကကြည့်နေမိသည်။

အစ်မယန်က သူမကိုအပြစ်တင်နေမည်လော။ သူမသည်သာ ၎င်းကိုအပြင်ဘက်တွင် ကြာကြာစောင့်နေခိုင်းလျှင် အခြားသူများ သတိထားမိသွားပေမည်။

ဖော်ရွေသော်လည်း စကားများတတ်သောမြို့ခံများသည် ထိုသူသည်သာ အားလုံးက လေးစားမြတ်နိုးရသောသူမှန်းသိကာ ၎င်းတို့ဆေးခန်းထဲရောက်နေသည်ကိုသိလျှင် ဆေးခန်းသည် စိတ်လှုပ်ရှားနေသောလူအုပ်ဖြင့် ပြည့်ကျပ်သွားမည်ဖြစ်၏။

ချင်းချင်းက ဂရုတစိုက်ဖြင့် ၎င်းတို့အလှည့်ကျရန်စောင့်နေကြသော စောင့်စားခန်းထဲတွင်ထိုင်နေသောမိန်းများကိုလေ့လာလိုက်ပြီး ထိုအမျိုးသမီးများသည် တီးတိုးပြောနေကြပြီဖြစ်၏။ ၎င်းတို့ သံသယဝင်နေသည်မှာ သေချာပြီဖြစ်၏။

"ဒေါက် ဒေါက်"

ယန်ကျင်းကျီသည် ခံစားချက်မကောင်းသော်လည်း အမေဖြစ်လာတော့မည့်နှစ်လကိုယ်ဝန်သည်ကို စစ်ဆေးပေးခြင်း ပြီးမြောက်သွား၏။ ဆေးမှတ်တမ်းရေးမပြီးခင်တွင် တစ်ယောက်ယောက်က တံခါးခေါက်လိုက်သည်ကို ကြားလိုက်ရသည်။

"ဝင်ခဲ့ပါ...."

သူမ၏ရှင်းလင်းကာ ကြင်နာတတ်သောအသံသည် ထွက်ပေါ်လာပါသော်လည်း ဆေးစာရေးနေခြင်းကိုမူ မရပ်တန့်ပေ။ သူမရှေ့တွင်ထိုင်လိုက်သောလူနာကိုမြင်လိုက်သောအခါတွင် ယန်ကျင်းကျီက ခေါင်းမမော့ဘဲ မေးလိုက်သည်။

"ဘယ်နားက နာလို့လဲ"

တစ်ဖက်သည် သူမမျှော်လင့်ထားသောဆေးစာမပေးသည့်အခါတွင် တွေဝေလာမိ၏။ သူမကခေါင်းမော့ကြည့်လိုက်သောအခါတွင်

"ရှင်..."

ထို့နောက်တွင် အံ့ဩလွန်း၍ အသက်ပြင်းပြင်းရှုလိုက်ရ၏။ သူမ၏ပါးများနီရဲသွားကာ အသံနေအသံထားပြောင်းလိုက်သည်။

"ရှင် ဒီမှာဘာလုပ်နေတာလဲ"

"ငါတို့ လော့ရွှေမှာ ချိန်းထားတယ်လေ။ မှတ်မိလား။ မင်းပဲ ဒီမနက်က သဘောတူခဲ့တာလေ"

လျန်အန်းဇိုင်က လက်နှစ်ဖက်လုံးကို စားပွဲပေါ်တွင်တင်လိုက်သည်။ သူ၏အပေါ်ပိုင်းခန္ဓာကိုယ်သည် ရင်ခွင်ထဲတွင်ဖမ်းမိထားသောတစ်ဖက်သူ၏ ဖျော့တော့သောကိုယ်လေးကို အနည်းငယ်မျှမှီလိုက်သည်။

"ဒီမနက်အကြောင်းကိုမပြောနဲ့"

ယန်ကျင်းကျီက စိတ်ဆိုးသည့်အသံဖြင့်ပြောလိုက်၏။ မနက်ဆိုသည့်အကြောင်းပြောသည့်အခါတွင် သူမသည်နီမြန်းသွားတတ်သည်။ သူမသည် ထိုချစ်စရာကောင်းသည့် မကောင်းဆိုးဝါးလေးနားမှ ဝေးဝေးနေချင်သောလည်း သူ၏ထပ်ခါထပ်ခါစနောက်မှုများကြားတွင် နစ်မြုပ်ရသည်ချည်းပင်။

အချိန်အကြောင်းပြောလျှင် လွန်ခဲ့သောနှစ်နှစ်က သူမ၏မွေးနေ့ညတွင် ၎င်းတို့သည် ခင်ပွန်းနှင့်ဇနီးသည်တွင်ရှိရမည့်ညမျိုးအား အတူတူမျှဝေခဲ့ကြသည်။ ထို့နောက်တွင် ၎င်းတို့သည် တိတ်တဆိတ်ဆက်သွယ်နေကြလေ၏။

သူမအမူးပြောသောအခါတွင် သူသည် သူမထိနိုင်သောသူများမဟုတ်ဟု စိတ်ထဲတွင် သတိပေးထားနေသေည်။ ငါးနှစ်အတွင်း သူသည် ထိုနေရာမှထွက်ခွာရမည်ဖြစ်ကာ နန်းမြို့တော်သို့ပြန်ပြီး ဦးရီးတော်လုပ်ရပေမည်။

သို့သော်လည်း ၎င်း၏ပွေ့ဖက်မှုအောက်တွင် ထိုညက ကျဆင်းခဲ့ရသောအခါ သူမသည်ပို၌နစ်မြုပ်နေမိ၏။ လျန်အန်းဇိုင်ရောက်လာသောအခါတွင် သူမသည် အမြဲတမ်းတွေဝေကာ ဆုံးရှုံးသွားရတတ်၏။ သူက အမြဲတမ်းတံခါးလာခေါက်ကာ ချိန်းတွေ့ရန် သို့မဟုတ်လျှင် အချို့သောကမ်းလှမ်းချက်များကို လုပ်တတ်ကာ သူမသည်လည်း မငြင်းနိုင်ပေ။ ဥပမာအားဖြင့်သူနှင့်အတူတူ လော့ရွှေသီးသန့်စံအိမ်သို့ အတူတူသွားရန်မျိုးဖြစ်သည်။

လွန်ခဲ့သောသုံးနှစ်က လျန်အန်းဇိုင်သည် လော့ရွှေမြို့ကို ၎င်းနည်း၎င်းဟန်ဖြင့်ဝယ်ခဲ့သည်။ ထို့ကြောင့် ဖန်းလော့မြို့၏ မြို့ငယ်လေးသည် ဖန်းဟွာမြို့နှင့် ချင်ထျန်းမြို့ လမ်းစဉ်လိုက်ခဲ့သည်။ သူသည် မြို့ကို ၎င်း၏ကိုယ်ပိုင်ဉယျာဉ်သီးသန့်စံအိမ်ပုံစံသို့ ပြောင်းလဲခဲ့သည်။

အနာဂတ်တွင် ၎င်းတို့၏အိမ်ဖြစ်လာမည်ဖြစ်ကြောင်း သူမကို အကြိမ်ပေါင်းများစွာ သတိပေးခဲ့သည်။ သူမထိခံရလျှင်ပင် သူ့ကို မယုံကြည်ရဲပေ။ သူ၏ပုခုံးပေါ်တွင် ကြီးလေးလှသောတာဝန်ရှိသည်။ သူ့ကို ထိုသို့ဝေးလံသောနေရာမျိုးတွင် သူမနှင့်အတူ အေးချမ်းစွာနေနိုင်အောင် မည်သို့လုပ်နိုင်မည်နည်း။

အစီအစဉ်ဆွဲကာ တိုင်းပြည်ကို မည်သို့စီမံရမည်ကို ညီလာခံတွင် နန်းတွင်းအရာရှိများနှင့် ဆွေးနွေးတိုင်ပင်နေသင့်သည်။ သူသည် စစ်တပ်ကိုညှိနှိုင်းနိုင်ကာ တဟွေ့နယ်စပ်ရှိရန်သူများနှင့်လည်း ညှိနှိုင်းစေ့စပ်ရပေဦးမည်။ လျန်အန်းဇိုင်ရှိသင့်သည့်အနာဂတ်ပင်ဖြစ်သည်။ သူမကဲ့သို့မိန်းကလေးမျိုးနှင့် သူသည် ပါရမီဖြည့်ဖက်ကောင်းများ မဖြစ်နိုင်ပါ။ သူနှင့်သူမသည် ထိုသို့မျိုး မစတင်သင့်ပါ။

လျန်အန်းဇိုင်က သက်ပြင်းချလိုက်မိသည်။ သူ့ရှေ့မှမိန်းကလေးသည် သူမအတွေးထဲတွင်ပျောက်ဆုံးသွားပြန်ပြီဖြစ်၏။

လွန်ခဲ့သောသုံးနှစ်အတွင်း သူ၏ကြိုးစားအားထုတ်မှုများမှာ သူမ၏သံသယများကိုရှင်းလင်းရန် မလုံလောက်သည်လော။ သူမအတွက် သူသည် အရာအားလုံးအား လက်လျော့ထားပြီးဖြစ်ကြောင်း သူမ ယုံကြည်စေရန် မလုံလောက်သည်လော။

"သွားကြမယ်"

အချိန်မဆွဲချင်သောကြောင့် သူမကိုဆွဲခေါ်ကာ ဆေးစစ်ခန်းထဲမှထွက်လာ၏။

"ခဏ ခဏ ကျွန်မကိုစောင့်နေတဲ့လူနာတွေရှိသေးတယ်လေ"

သူမက သူ၏လက်များကိုခုခံလိုက်သည်။

"မင်းမှာ နေ့တိုင်းလူနာတွေရှိနေတာပဲ"

သူမ၏အလုပ်သည် မည်သည့်အခါမျှအဆုံးသတ်လိမ့်မည်မဟုတ်ဟု ဆိုလိုခြင်းဖြစ်သည်။

"ဒါပေမဲ့..."

လမ်းတစ်ဝက်ဖြင့်ထွက်ခွာကာ လူနာများကိုစောင့်ဆိုင်းနေရအောင် မလုပ်နိုင်ပေ။

"ဒါပေမဲ့ဆိုတာ မရှိဘူး။ မင်းပြောတာကို ငါအမြဲနားထောင်ခဲ့တယ်။ ငါတို့လူသိရှင်ကြားမဖြစ်သင့်ဘူးလို့မင်းပြောခဲ့တယ်။ ကောင်းပြီ ငါစောင့်နေခဲ့တယ်။ ငါတို့ဆက်ဆံရေးကို တစ်ရက်မှာ တရားဝင်ချပြချင်တယ်ပြောတယ်။ ငါစောင့်နေခဲ့တယ်။ ရှီရှီ အမှန်အတိုင်းဖြေပါ။ အားလုံးကိုချပြမယ့်အချိန်ဆိုတာ တကယ်ကောရှိရဲ့လား"

သူက ရပ်လိုက်ကာ အလျင်စလိုဖြင့်တံခါးမဖွင့်ပေ။ သူမဘက်သို့လှည့်ကာ မျက်နှာချင်းဆိုင်လိုက်ပြီး မေးခွန်းထုတ်လိုက်၏။

"ကျွန်မ..."

သူမဖျော့တော့သွားကာ အောက်နှုတ်ခမ်းလေးကို ကိုက်လိုက်မိသည်။ အမှန်တွင် သူမသည် ၎င်းတို့၏ဆက်ဆံရေးအား တရားဝင်ချပြချင်ကာ သူနှင့်အတူရှိချင်သောမိန်းကလေးများအား သူသည် သူ့အပိုင်ဖြစ်ကြောင်း ဂုဏ်ယူဝံ့ကြွားစွာ ကြေညာလိုက်ချင်သည်။ သို့သော် မည်သို့တတ်နိုင်မည်နည်း။

လျန်အန်းဇိုင်၏မျက်လုံးများက သူမ၏လှုပ်ရှားမှုတိုင်းကို ငေးနေသည်။ သူမ၏ချီတုံချတုံဖြစ်နေခြင်းနှင့် မချိတင်ကဲဝေဒနာကို မြင်နေရသည်။

"ငါ ဘာမှမကြောက်ဖူးဆိုတာ မင်းသိသင့်တယ်။ ဒါပေမဲ့ မင်းရှေ့မှာတော့ ငါက မင်းကိုဘယ်လိုပျော်ရွှင်အောင်လုပ်ပေးရမလဲမသိတဲ့ ဆယ်ကျော်သက်လေးနဲ့မခြားဘူး။ မင်းငါ့ကို ထည့်တွက်လာအောင်ဘယ်လိုလုပ်ရမလဲ။ မင်းကို ဘယ်လိုအလိုလိုက်ပေးရမလဲ"

သူ၏အက်ကွဲကွဲအသံက သူမအတွက် မှော်မန္တန်တစ်ခုဖြစ်သည်။ သူမကို နာကျင်စေသောစကားများပြောဆိုခြင်းမှာ တားဆီးထား၏။

အချင်းချင်းတိတ်ဆိတ်စွာဖြင့် မျက်နှာချင်းဆိုင်နေကြသည်။ သူကခေါင်းငုံ့ပြီး သူမကို ချစ်စိတ်ပြင်းပြသောအကြည့်ဖြင့်ကြည့်နေသည်။ သူမခေါင်းငုံ့လိုက်ပြီး သူ့ကိုဆက်မကြည့်ရဲတော့ပေ။ သူ့ကိုမည်သို့မျက်နှာချင်းဆိုင်ရမည်ကိုမသိပေ။ ထိုလျန်အန်းဇိုင်သည် သူမနှင့်မရင်းနှီးသော်လည်း သူမနှလုံးသားကို အရယူနိုင်ခဲ့သည်။

ယခင်ဘဝတွင် သူမသည် အချစ်ကိုစမ်းသပ်ကြည့်ရန် အခွင့်အရေးမရှိခဲ့ပေ။ စာလေ့လာခြင်းနှင့်အလုပ်တွင်သာ အချိန်ကုန်နေခဲ့သည်။ ဆရာဝန်တစ်ယောက်ဖြစ်လာရခြင်းသည် ကြမ်းတမ်းသောအသက်မွေးဝမ်းကြောင်းမှုပင်ဖြစ်သည်။ ၎င်းတို့အောင်မြင်ချင်လျှင် အခြားသူများ စိတ်ပင်မကူးကြည့်နိုင်သည့် ကြိုးစားအားထုတ်မှုနှင့်အချိန်ကိုပေးဆပ်ထားရသည်။

သူမတွင်နောက်ဘဝရှိသော်လည်း ဆေးပညာသည် တိုးတက်ခဲ့သည်။ အချစ်ရောက်လာသောအခါတွင်မူ အလုပ်သင်တစ်ယောက်မျှသာဖြစ်၏။

မည်သို့ပြောင်းလဲသွားရပါသနည်း။ ယန်ကျင်းကျီအသိစတ်လွတ်နေဆဲဖြစ်သည်။ လျန်အန်းဇိုင်နှင့်သူမသည် ဆေးခန်းထဲတွင်သာရှိသောကြောင့်အမှတ်ရသွားကာ လူနာအုပ်စုက ပြုံးစိစိဖြင့် ၎င်းတို့ကို ဆေးခန်းအပြင်သို့တွန်းပို့လိုက်ကြသည်။ ထို့နောက် သူက သူမကိုမြင်းလှည်းပေါ်သို့ခေါ်သွားကာ လော့ရွှေသီးသန့်စံအိမ်ဆီသို့ ဦးတည်သွားတော့၏။

"မင်းမှာ ထောက်ပံ့ပေးမဲ့အုပ်စုကြီးရှိနေတာပဲ"

လျန်အန်းဇိုင်ကပြုံးလိုက်မိသည်။

"ဆေးခန်းထဲမှာသာ ဒီလိုရလဒ်ကောင်းထွက်လာမယ်ဆိုရင် ငါလုပ်လိုက်တာ ကြာပြီ"

ယန်ကျင်းကျီ က တိတ်ဆိတ်စွာဖြင့်ငေးနေမိသည်။ သူသည် မည်သို့ဖြင့် ထိုမျှတည်ငြိမ်နေနိုင်ရပါသနည်း။

သူသည် မြို့စားတစ်ယောက်ဖြစ်သည်။ လူအများရှေ့တွင် ကျက်သရေရှိကာ အပြုအမူကောင်းကောင်းလုပ်ဆောင်သင့်ပေသည်။ သူမည်သို့ နမော်နမဲ့နိုင်ရပါသနည်း။

မြို့စားနေရာသည် သူဆုံးဖြတ်ထားသောနေရာမျိုးဖြစ်ဟန်မပေါ်ပါ။ လတ်ဖြောက်တီးလိုက်လျှင်ပင် လွယ်လွယ်ကူကူရနိုင်သောနေရာမျိုးဖြစ်သော်လည်း လက်လွှတ်ချင်သည့်ပုံမပေါ်ပေ။

အမှန်တွင် သူသည် စစ်တပ်အာဏာရှိသည့် ဂုဏ်ကျက်သရေရှိလှသည့်ဦးရီးတော်ဖြစ်သည်။ ဖန်းလော့မြို့စားဖြစ်လာခြင်းမှာ အရေးကြီးသည်ဟု မည်သို့စဉ်းစားနိုင်ပါသနည်း။ သို့သော် ဂရုမစိုက်ဟု ပြောလျှင် လွန်ခဲ့သောသုံးနှစ်အတွင်း အဘယ့်ကြောင့် ထောက်ပံ့ပေးခဲ့ပါသနည်း။ အနီးအနားမြို့များမှ မြို့စားများနှင့်နှိုင်းစာလျှင် သူသည် ထိုမြို့အား များစွာပြောင်းလဲတိုးတက်စေခဲ့သည်။ အံ့ဩမှင်သက်ဖွယ်ကောင်းသည်ဟုပင် ဆိုရပေမည်။

အဆုံးသတ်တွင် သူသည်မည့်သည့်တစ်ယောက်ဖြစ်သနည်း။ လွန်ခဲ့သောနှစ်များက နန်းတွင်းထဲတွင် ပထမဆုံးအကြိမ်တွေ့ဆုံခဲ့သည့် ဟာသဉာဏ်ရှိသောကျက်သရေရှိလှသည့်ယောင်္ကျားလော မဟုတ်လျှင် ဖန်းလော့မြို့အား ဦးဆောင်ခဲ့သောခေါင်းဆောင်လော။ ထိုသို့မဟုတ်လျှင် သီးသန့်တွေ့ဆုံသောအခါ၌ သူမကို ရှောင်ရှားခွင့်မပြုသောခေါင်းမာသည့်ယောင်္ကျားဖြစ်ပါသည်လော။

***

All Chapters