← Chapters

ရှင်းလင်းသုတ်သင်ခြင်း

Vol. 5 Ch. 131

ရှင်းလင်းသုတ်သင်ခြင်း

Vol. 5 Ch. 131

"သုံးနှစ်တောင်ရှိပြီ။ ခင်ဗျားအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်"

အခန်းထဲတွင် အေးစက်စက်နှုတ်ဆက်သံက ထွက်ပေါ်လာသည်။ ကျယ်ရှို့တွေဝေသွား၏။ သူသည် အိပ်ပျော်ရန် အတော်လေးကြိုးစားနေရသည်။ ထိုအသံပိုင်ရှင်သည် နှစ်အတော်ကြာမျှပျောက်ဆုံးသွားသော မြင့်မြတ်သောပုဂ္ဂိုလ်၏အသံပင်ဖြစ်သည်။

"ကျေးဇူးရှင် ဒီဘုန်းကြီးရဲ့ ကယ်တင်ရှင်များလား"

ကျယ်ရှို့ကဝတ်ရုံကိုဝတ်ကာ ဆီးမီးအိမ်ကိုထွန်းလိုက်သည်။ သူသည် အနက်ရောင်ဝတ်ရုံရှည်ကိုဝတ်ဆင်ထားပြီး မျက်နှာတွင် ခံစားချက်မဲ့နေသောလူတစ်ယောက်ကိုတွေ့လိုက်ရသည်။ ထိုမပြောင်းမလဲ အေးစက်စက်မျက်နှာသည် သူ၏ခန့်မှန်းမှုမှန်ကန်ကြောင်း အတည်ပြုပေးလိုက်၏။

"ဒီဘုန်းကြီးထင်ထားခဲ့တာက...."

ကျယ်ရှို့က ရှိုက်ငိုရင်းဖြင့် မျက်ရည်စများကို သုတ်လိုက်သည်။ သူ၏စိတ်ထဲတွင်သိမ်းထားသောအတွေးကို အခြားသူကို ထုတ်မပြောနိုင်ပေ။

"ဘုရားကျောင်းက ဘယ်လိုဖြစ်တာလဲ"

လင်းစစ်ယောင်က လိုရင်းကိုပြောလိုက်၏။ သူသည် ထိုနေရာတွင်ရှစ်နှစ်တာမျှမနေခဲ့ပါလျှင် ကျောင်းထိုင်ဘုန်းကြီး၏ကြိုးစားအားထုတ်မှုအား ဖျက်ဆီးချင်ခဲ့ပါလျှင် ဘုရားကျောင်းအား စောင့်ရှောက်ရန် တစ်စုံတစ်ယောက်အား ရှာဖွေရန် မလိုပါ။

သူသည် ဘုရားကျောင်းအား ဆယ်နှစ်တာမျှ စောင့်ကြည့်နေကာ မသေခင်တွင် တိတ်ဆိတ်လှသောဘုရားကျောင်းငယ်အား ဖျက်ဆီးရန်ကြိုးစားနေရသည့်ထိုလူတစ်စုကို ခွင့်ပြုစရာအကြောင်းမရှိပေ။ သူသည် ကျောင်းထိုင်ဘုန်းကြီးအား အေးချမ်းစွာ လှဲလျောင်းအနားယူစေချင်မိသည်။

"အင်း.. ပြောရရင် အရှည်ကြီးပဲ။ အပြင်က အဲ့မကောင်းဆိုးဝါးတွေမရှိရင်တော့ ယွင်လော့ဘုရားကျောင်းက ပိုပြီးကောင်းသွားမှာပဲ..."

ကျယ်ရှို့က လင်းစစ်ယောင်သိချင်နေသော ထိုသူများနှင့် သူသိသောအကြောင်းများကို ပြောပြလိုက်သည်။

"ကျေးဇူးရှင် လွန်ခဲ့တဲ့(၁၂)နှစ်က ဒီဘုန်းကြီးက ဘဝကိုဖြတ်သန်းပြီး တွေ့မြင်ခဲ့ပြီးပါပြီ။ ဒီဘုန်းကြီးက ဒီမှာနေပြီး လရောင်နဲ့လမင်းကြီးကိုပဲ အဖော်ပြုပြီး ကျန်တဲ့ဘဝတစ်လျှောက်လုံး အေးအေးချမ်းချမ်းပဲ ဖြတ်သန်းချင်တာပါ။ မျှော်လင့်မထားဘဲ အင်း... ဒီဘုန်းကြီးကျရှုံးခဲ့ရတယ်"

"ကောင်းပြီ။ အများကြီး မတွေးပါနဲ့။ မနက်ဖြန်ပြန်လာပြီး ယွင်လော့ဘုရားကျောင်းရဲ့တိတ်ဆိတ်မှုကို ပြန်ယူပေးပါ့မယ်"

လင်းစစ်ယောင်က ကျယ်ရှို့ပြောသည်ကို နားထောင်နေပေသည်။ သူသည် ခေါင်းညိတ်ပြလိုက်ကာ လှည့်ထွက်သွားပြီး ပြတင်းပေါက်မှခုန်ထွက်သွား၏။

"မှတ်ထားပါ။ မြက်တွေကိုမရိုက်နဲ့ မြွေတွေလန့်သွားလိမ့်မယ်"

...

“ဘာလဲ။ သူတို့က သွေးစစ်သည်(၁၂)ယောက်ကို တဟွေ့ကို မျှားခေါ်ချင်တာလား"

ရွှယ်လီသည် သားဖြစ်သူပြန်လာကာ ပြောပြနေသောသတင်းများကို မယုံကြည်နိုင်ဖြစ်နေသည်။ သားဖြစ်သူက ညဉ့်သန်းခေါင်တွင် မိမိအား အိပ်ရာမှဆွဲခေါ်လာကာပြောပြနေခြင်းဖြစ်သည်။ မည်သို့ပင်ဖြစ်စေ သားဖြစ်သူက သူ့အား ထိုသို့မလုပ်ဖူးပေ။ သို့သော်လည်း သတင်းကိုနားထောင်ပြီးနောက်ပိုင်းတွင် လုံးဝအိပ်ချင်ပြေသွား၏။

"မင်းပြောတာအရဆိုရင် ဒီသတင်းကအမှန်ပဲလား။ တစ်ယောက်ယောက်က သွေးစစ်သည်(၁၂)ယောက်နာမည်သုံးပြီး လူတွေကို လှည့်ဖြားချင်နေတယ်ပေါ့လေ။ သူတို့က တကယ့်သွေးစစ်သည်(၁၂)ယောက်အစစ်ကို မျှားပြီး တဟွေ့မင်းကြီးက သွေးတပ်ဖွဲ့ကို သံသယဝင်အောင်လုပ်ကြမယ်ပေါ့... ကျောက်ခဲတစ်လုံးနဲ့ ဌက်နှစ်ကောင်သတ်တာပဲ"

ရွှယ်လီက ခေါင်းခါကာ သက်ပြင်းချလိုက်မိသည်။

"ရွှယ်ယင်းရဲ့လက်အောက်ငယ်သားတွေကျန်နေဦးမယ်လို့ ထင်မထားခဲ့ဘူး။ အဲ့နှစ်က ပိုက်ထဲကလွတ်သွားတဲ့ငါးတွေရှိသေးတာပဲ..."

"မနက်ဖြန်မနက် စစ်ထူယွင်ကို တောင်ပေါ်ခေါ်သွားမယ်"

လင်းစစ်ယောင်သည် ရွှယ်လီ၏သက်ပြင်းချသံကို နားမထောင်ချင်တော့ပေ။ သူနှင့် စစ်ထူယွင်အဝေးသို့သွားနေစဉ်တွင် ဇနီးဖြစ်သူနှင့်ကလေးများကို စောင့်ရှောက်ပေးရန် တောင်းဆိုရန်အတွက်လာတွေ့ခြင်းသာဖြစ်သည်။

"တိုက်ဖို့အတွက် လူစုပေးဖို့ လိုသေးလား"

ရွှယ်လီက လင်းစစ်ယောင်အား စိုးရိမ်ပူပန်စွာဖြင့် ကြည့်လိုက်သည်။

"နှစ်နှစ်ဆယ်လောက်ဖုံးကွယ်ပြီး သွေးစစ်သည်(၁၂)ယောက်ကို အာရုံပြောင်းအောင်လုပ်နိုင်တဲ့အဖွဲ့အစည်းက သေချာပေါက်အရည်အချင်းရှိမှာပဲ။ မင်းတို့နှစ်ယောက်ထဲနဲ့သွားရင် သူတို့ထောင်ချောက်ထဲကျသွားမယ်လို့ မထင်ဘူးလား"

"သူတို့ပြောတာတော့ မနက်ဖြန် ရုန်မြို့စားက တောင်ထိပ်မှာမျှော်စင်ဆောက်ဖို့ ခန္ဓာကိုယ်တောင့်တင်းတဲ့ယောင်္ကျားတွေနဲ့လူစုမယ်တဲ့။ ကျွန်တော်တို့စောင့်နေရင် အပြစ်မဲ့တဲ့သူတွေပါ ပါလာလိမ့်မယ်"

လင်းစစ်ယောင်က‌ ခေါင်းရမ်းကာပြောလိုက်သည်။ သူသည် တစ်ဖက်သူ၏အရည်အချင်းအား လေ့လာပြီးဖြစ်သည်။ ထိုဘုရားကျောင်း၏ဆယ်မီတာအကွာ သစ်ပင်ကြီးကြီးတစ်ခု၏သစ်ကိုင်းပေါ်တွင်ရပ်ကာ တစ်ဖက်သူသတိမထားမိအောင် ချောင်းနားထောင်ခဲ့သည်။ တစ်ဖက်သူသည် အစွမ်းအစကောင်းကောင်းမရှိဟု သက်သေပြနေသည်။ သို့သော်လည်း ၎င်းတို့တွင်လက်နက်ရှိမရှိမှာ မသေချာပေ။ ထို့ကြောင့် စစ်ထူယွင်အား သူနှင့်အတူခေါ်သွားရန် စီစဉ်ရခြင်းဖြစ်သည်။ တစ်ယောက်ကသတ်လျှင် အခြားတစ်ယောက်က စောင့်ကြည့်နေပေမည်။ မည်သူမျှလွတ်မြောက်နိုင်မည်မဟုတ်ပေ။ ၎င်းတို့အား မြန်မြန်လက်စသတ်လိုပါလျှင် နေ့ဝက်အတွင်းပင် ပြီးလေသည်။

"ကောင်းပြီ။ မင်းသတင်းကို စောင့်နေပါ့မယ်။ ရုန်မြို့စားက ဘယ်မှာနေတာလဲ။ ကျန်းဟန်ကို သူ့ဆီသွားလည်ဖို့ အမိန့်ပေးလိုက်မယ်။ ချီယွင်မြို့ရဲ့တိုးတက်မှုကိုကြည့်ရတာ သူက လူတော်တစ်ယောက်ဖြစ်မှာပါ"

ရွှယ်လီက သားဖြစ်သူပြောသည်ကိုနားထောင်ကာ ထိုကိစ္စထဲသို့ဆွဲမသွင်းရသည့်အကြောင်းရင်းအား နားလည်ပေသည်။ သူက ခေါင်းညိတ်ကာ သဘောတူလိုက်၏။ ထို့နောက်တွင် လက်အောက်ငယ်သားတစ်ယောက်ကိုပို့ကာ ချီယွင်တောင်မှထောင်ချောက်ဆီသို့ ခေါ်သွားမည့်အရေးကို ကာကွယ်စေရန် ဆုံးဖြတ်ခဲ့သည်။

လင်းစစ်ယောင်က ခေါင်းညိတ်ပြကာ မိမိအခန်းသို့ ပြန်သွား၏။ ခရီးသွားခြင်းဖြင့် အချိန်အတော်ကုန်ခဲ့သည်ပုံပေါ်သည်။ အမှန်တွင် နှစ်နာရီမျှသာကြာခဲ့ခြင်းဖြစ်သည်။ အနားယူရန်အချိန်ရှိသေး၏။ မနက်ဖြန်တွင် တိုက်ပွဲကောင်းကောင်းဖြစ်နိုင်သည်။ တောင်ပိုင်းတွင် တိုက်ခိုက်ပြီးနောက် စစ်လော့သည် သူပေးလိုက်သောဒဏ်ရာများစွာကြောင့် ယခုထိသတိမရသေးပေ။ သူနှင့် လုံဇူကြားမှတိုက်ပွဲသည်လည်း ထိုသူများကြောင့်ပင် ဖြစ်သည်။ လေ့ကျင့်ခန်းကောင်းကောင်းလုပ်ခဲ့သည်မှာ ကြာပြီဖြစ်၏။ လက်ထဲတွင် လက်နက်ကိုင်လိုက်သောအခါတွင် ခံစားရသောခံစားချက်ကိုပင် လွမ်းဆွတ်နေမိ၏။

...

နောက်တစ်နေ့ မိုးသောက်ချိန်တွင် စုရွှေလျန်က အိပ်ရာပေါ်ရှိ သူမဘေးမှနေရာအား စမ်းလိုက်မိကာ သူမမျက်မှောင်ကြုတ်သွားမိ၏။ သူထပ်မေ့လျောနေပြန်ပြီဖြစ်သည်။ နေ့တိုင်း သူမနှင့်အတူတူနိုးထမည်ဟု အချင်းချင်းကတိပေးထားခဲ့ကြ၏။ ထို့အပြင် ၎င်းတို့သည် တည်းခိုခန်းတွင်ဖြစ်နေသည်။ မည်သည့်အရေးပေါ်ကိစ္စကများ သူမအား သတင်းစကားတစ်ခွန်းမျှချန်မထားဘဲ မနက်စောစော အာရုဏ်တက်ချိန်တွင် ထွက်ခွာသွားစေပါသနည်း။

မည်သို့ပင်ဖြစ်စေ ယမန်နေ့က သူသည် ချီယွင်တောင်ပေါ်ရှိ ယွင်လော့ဘုရားကျောင်းကိုသွားရန် အတည်ပြုသည်ဆိုကပင် ထူးဆန်းသောတစ်ခုခုရှိရမည်ဟု သူမသေဘာပေါက်လိုက်သည်။

“ပိုင်ဟယ် အားယောင်ကို တွေ့မိသေးလား?”

မျက်နှာသစ်ပြီးနောက်တွင် စုရွှေလျန်က နို့ထိန်းအခန်းထဲသို့သွားသည်။ သူမက နိုးနေပြီဖြစ်သော လင်းလုံကို ကောက်ချီကာ နို့တိုက်၏။ ပိုင်ဟယ်က လင်းရှောင်ကို ခေါ်လာသည်ကို တွေ့သောအခါတွင် သူမက မေးလိုက်၏။

"မတွေ့မိဘူး သခင်မလေး။ ကြည့်ရတာ ကျွန်မတို့ ခရီးကပြောင်းသွားတဲ့ပုံပဲ။ ချင်းလန်ပြောတာကြားတာတော့ အခန်းထဲမှာ မွန်းလွဲပိုင်းထိနေရမယ်တဲ့လေ။ ဘယ်သူမှတောင်ပေါ်မတက်ရဘူးတဲ့"

ပိုင်ဟယ်က သူမကြားခဲ့သည်များအား စုရွှေလျန်အား တင်ပြလိုက်သည်။ ထို့နောက်တွင် တစ်စုံတစ်ခုကိုမှတ်မိသွားကာ ထပ်ပေါင်းပြောလိုက်၏။

"ဪ ဟုတ်သားပဲ။ သခင်လေး စစ်ထူယွင်ကို ဒီမနက် တစ်နေရာရာမှာ တွေ့လိုက်သလိုပဲ။ ပြီးတော့ သခင်လေးစစ်ထူနဲ့အတူတူရှိတဲ့ ကျန်းဟန်ကလည်း သွေးတပ်ဖွဲ့မင်းကြီးအခန်းထဲက ထွက်လာပြီးတော့ အပြင်ထွက်သွားတာကို တွေ့လိုက်တယ်"

“ယွင်အာကိုရောမမြင်ဘူးလား။ သူရော အားယောင်နဲ့အတူတူသွားတာလား"

စုရွှေလျန်က ခေတ္တမျှစဉ်းစားကာ တိတိကျကျ ခန့်မှန်းလိုက်သည်။ ပုံမှန်အားဖြင့် အားယောင်အပြင်သွားလျှင် ယွင်အာသည် သူမနှင့်ကလေးများနှင့်အတူ နေတတ်သည်။ တစ်ဖဝါးမျှပင်မခွာပါ။ တစ်ချိန်တည်းတွင် နှစ်ယောက်လုံးပျောက်သွားသည်ကို မမြင်ဖူးပေ။ တစ်ခုခုများဖြစ်နေသည်လော?

ကလေးမျာအား နို့တိုက်ပြီးနောက်တွင် စုရွှေလျန်က သူမအခန်းသို့ပြန်ကာ ချင့်ချိန်စဉ်းစားနေလေသည်။

မကြာမီတွင်ပင် ရွှယ်လီနှင့် ဖုန်းရို့အာတို့က သူမဆီသို့ လာရောက်ကြ၏။

"မင်းစိတ်ပူတယ်ဆိုတာ သိပါတယ်"

ဖုန်းရို့အာက ဝင်လာသောအခါတွင် တွေဝေနေသောမျက်နှာဖြင့် စုရွှေလျန်ကိုမြင်လိုက်ရသည့်အခါ ပြုံးကာခေါင်းခါလိုက်၏။

"မင်းခင်ပွန်းက မင်းကိုမပြောခဲ့ဘူးဆိုတာ မင်းကိုစိတ်မပူစေချင်လို့လေ။ ဒါပေမဲ့ အဲ့တာကြောင့်ပဲ မင်းက မနက်စာတောင်မစားဘူး"

သူမက ဟင်းပွဲများကို စားပွဲပေါ်တွင်ထားလိုက်ကာ စုရွှေလျန်ကိုထိုင်ခိုင်းလိုက်သည်။

"စိတ်မပူပါနဲ့ ကလေး။ သူအဆင်ပြေပြေဘေးကင်းကင်းနဲ့ ပြန်ရောက်လာမှာပါ။ သူက ဘယ်တော့မှ နမော်နမဲ့လုပ်တတ်တဲ့သူမျိုးမဟုတ်ဘူး။ မင်းသိတယ်မလား"

မှန်ပေသည်။ သူမ ထိုအကြောင်းအား မည်သို့မေ့နိုင်မည်နည်း။ အားယောင်သည် အောင်မြင်ရန်မသေချာသည့်အကြောင်းအရာအား မည်သည့်အခါမျှမလုပ်တတ်ပေ။ ရည်ရွယ်ချက်သည် မည်သို့ပင်ဖြစ်စေ သူမနှင့်ကလေးများကို အလုံခြုံဆုံးနေရာတွင် ထားခဲ့သည်။ မမျှော်လင့်သောကိစ္စများလည်း မည်သည့်အခါမျှ ဖြစ်မလာပေ။

"သမီးအတွေးလွန်နေတာပါ"

စုရွှေလျန်က ရှက်ရှက်ဖြင့် ပြုံးကာဖြေလိုက်သည်။

“ငါသာမင်းဆိုရင်လည်း အတူတူပဲဖြစ်မှာပါ။ ဘာလို့လဲဆိုတော့ မင်းနှလုံးသားထဲမှာ သူရှိလို့လေ"

ဖုန်းရို့အာက ပြုံးကာ စုရွှေလျန်ကလက်ကို သာသာလေးပုတ်လိုက်သည်။

"ငါ့မှာမင်းလိုချွေးမမျိုးရှိလို့ဝမ်းသာတယ်။ ငါ့သားက ငါတို့ကို လက်မခံချင်ပေမဲ့လို့ အမှန်တရားကတော့ ပြောင်းလဲမသွားဘူးမဟုတ်လား။ မင်းစိတ်မရှိရင် ငါ့ကိုအမေလို့ခေါ်နိုင်မလား"

စုရွှေလျန်အံ့ဩသွားရသည်။ သူမခေါင်းမော့ကာ ထိုအမျိုးသမီးအားကြည့်လိုက်သည်။ မြင့်မြတ်သောမိဖုရားသည် သူမအား နှိမ့်ချသောအသံတိုးတိုးလေးဖြင့်တောင်းပန်နေရှာသည်။ သူမကို မယ်တော်မိဖုရားဟုမဟုတ်ဘဲ အမေဟု ခေါ်စေချင်နေသည်။

"ဘာလဲ။ မင်းမလုပ်နိုင်ဘူး။ ဟုတ်သားပဲ။ ငါတို့သားက ငါတို့နဲ့မှ မနီးစပ်တာ။ တကယ်တော့ သူ့မိန်းမကပဲ သူ့ဘက်မှာရပ်တည်ပေးမှာလေ"

“… အမေ…” 

စုရွှေလျန်တစ်ယောက်အနည်းငယ်မျှ ရှက်သွား၏။ သူမက နူးညံ့စွာခေါ်လိုက်ပြီး ဖုန်းရို့အာ၏ ပျက်ရယ်ပြုခြင်းအား တားဆီးလိုက်သည်။

"လီ ကြားလိုက်ရဲ့လား။ ကျွန်မတို့ချွေးမလေးက ကျွန်မကိုအမေလို့ခေါ်တယ်တဲ့လေ"

ဖုန်းရို့အာက မျက်လုံးထောင့်မှမျက်ရည်စများကို သုတ်လိုက်သည်။ သူမက ခင်ပွန်းဖြစ်သူကိုရှိုက်ငိုရင်းဖြင့် ဆွဲခေါ်လိုက်သည်။ စုရွှေလျန်အနည်းငယ်မျှစိတ်ထိခိုက်သွားရသည်။ သူမသည် အားယောင်ဆီမှ အမေဟုခေါ်သံအား မည်မျှလွမ်းဆွတ်နေခဲ့ပါသနည်း။

"ငါကြားပါတယ်။ မင်းဘယ်လောက်ပျော်နေလဲကြည့်ပါဦး"

ရွှယ်လီကပြုံးကာဖြင့် မျက်လုံးထောင့်မှလိမ့်ဆင်းလာသော သူမ၏မျက်ရည်စများကို သုတ်ပေးလိုက်သည်။ သူက လှည့်ကာ စုရွှေလျန်ကို ကြည့်လိုက်သည်။

"ငါ့ကိုလည်း မခေါ်တော့ဘူးလား"

မည်သို့ခေါ်ရမည်နည်း။ မင်းကြီးဟုခေါ်ရမည်လော? အဖေဟုခေါ်ရမည်လော?

"အဖေ..."

စုရွှေလျန်က သူ့အား သဘာဝမဆန်သောအသံနေအသံထားဖြင့် ခေါ်လိုက်သည်။ ယခုတွင် သူမသည် အခြားကမ္ဘာတစ်ခုတွင်နေထိုင်နေခြင်းဖြစ်ကာ အဖေနှစ်ယောက်ပင် ရခဲ့သည်။ ကောင်းကင်ဘုံသည် သူမအား ချစ်ခင်သောကြောင့် ခင်ပွန်းနှင့်ကလေးနှစ်ယောက်အား ချီးမြှင့်ခဲ့သည်။ ထိုမျှဖြင့် လုံလောက်သည့်ပုံမပေါ်ပါ။ သာမန်လူများထက်ထူးခြားမြင့်မြတ်သော မိဘလေးယောက်ကိုပါ ချီးမြှင့်ခဲ့ပါသည်လော?

"ရွှေလျန်... ကျန်းအာက မင်းကို အဲ့လိုခေါ်တာ ကြားလိုက်တယ်။ ငါလည်း မင်းကိုအဲ့လိုခေါ်ရင် စိတ်မဆိုးဘူးမလား"

ဖုန်းရို့အာက ခေါင်းခါပြနေသော စုရွှေလျန်အားတွေ့လိုက်ရသောကြောင့် ဆက်ပြောလိုက်သည်။

"ဒီနေ့ပြီးရင် အမေတို့က သွေးတပ်ဖွဲ့ကို ပြန်ရတော့မှာ။ မင်းတို့နဲ့ ဖန်းဟွာမြို့ကို မသွားချင်တာမဟုတ်ပါဘူး။ မင်းအဖေကိုယ်တိုင်ဖြေရှင်းရမဲ့ကိစ္စတွေက နန်းတွင်းထဲမှာရှိသေးတယ်လေ"

“… အမေ?”

၎င်းတို့နှင့်အတူ အိမ်ပြန်နိုင်တော့မည်မဟုတ်ကြောင်း စုရွှေလျန်ကြားသောအခါတွင် သူမခေါင်းထဲတွင်ပေါ်လာသောပထမဆုံးအတွေးမှာ အားယောင်၏ခေါင်းမာမှုများကြောင့် စိတ်အားငယ်သွားကြသည်ဟုထင်မိသည်။

" အားယောင် သူက..."

"သူနဲ့ဘာမှမဆိုင်ပါဘူး"

ဖုန်းရို့အာက ခေါင်းခါကာ သူမအား နှစ်သိမ့်ပေးလိုက်သည်။

"မင်းအဖေပုခုံးပေါ်မှာ ဘယ်လောက်ကြီးမားတဲ့တာဝန်တွေထမ်းပိုးထားရတယ်ဆိုတာ သိမှာပါ။ သူက သာမန်သူတွေလို မလွတ်လပ်ဘူးလေ။ ဒါပေမဲ့ အမေ မင်းကိုကတိပေးတယ်။ လီက အဲ့ကိစ္စတွေကို ဖြေရှင်းပြီးတာနဲ့ အမေတို့ ဖန်းဟွာမြို့ကို လာလည်ပါမ့ယ်။ အဲ့အချိန်ကျရင် မင်းတို့ အမေတို့ကို စိတ်မပျက်သွားဖို့ပဲ မျှော်လင့်ပါတယ်"

"အဲ့လိုမဖြစ်ပါဘူး။ တကယ်တော့ အားယောင်စိတ်ထဲမှာ အမေတို့ရှိပါတယ်။ သူက ခံစားချက်တွေကို ထုတ်မပြတတ်လို့သာပါ။ အဲ့တာအပြင်...."

စုရွှေလျန်က ရွှယ်လီနှင့်မိဖုရားတို့ မျက်နှာအေး အားယောင်အား အထင်လွဲမည်ကို ကြောက်မိသောကြောင့် အလျင်စလိုရှင်းပြလိုက်သည်။

"တကယ်တော့ ငါတို့နားလည်ပါတယ်..."

ဖုန်းရို့အာက ရွှယ်လီဖြင့်အပြုံးချင်းဖလှယ်လိုက်သည်။

"သမီး မင်းကိုပြောမယ်။ မနေ့က မင်းခင်ပွန်းက ငါ့ဆီလာပြီး ဒီနေ့ကိစ္စကိုလာပြောသွားတယ်။ အဲ့တာကြောင့် စိတ်မပူပါနဲ့။ ဘာပဲဖြစ်ဖြစ် မင်းမှန်တယ်။ သူက ခံစားချက်တွေပြတဲ့နေရာမှာမတော်ဘူးလေ"

ရွှယ်လီက ပြုံးကာပြောလိုက်သည်။ မနေ့ကဖြစ်ပျက်ခဲ့သည်အရဆိုလျှင် သားဖြစ်သူက မိမိဆီသို့လာရောက်ကာပြောခြင်းမှာ သူ့အား လေးစားမှုအချို့ပြသသည်ဟု မှတ်ယူရမည်မဟုတ်လော။ ထိုမျှဖြင့်ပင် လုံလောက်ပြီဖြစ်သည်။

...

မနက်လေးနာရီခန့် တစ်နာရီမျှတိုက်ခိုက်ပြီးသည့်နောက်တွင် ယွင်လော့ဘုရားကျောင်းသည် နောက်ဆုံးတွင် တိတ်ဆိတ်သွားတော့၏။

နောက်ဆုံးဒုက္ခပေးသူအား လက်စသတ်ပြီးနောက်တွင် စစ်ထူယွင်က ဓားကို ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်သည်။

"ဦးလေး ဒါကို ဘယ်လိုလုပ်ကြမလဲ"

မျက်လုံးများက ယွင်လော့ဘုရားကျောင်းရင်ပြင်တွင် လှဲလျောင်းနေသောအလောင်းများဆီသို့ရောက်သွားကာ ဝင်ပေါက်တွင် ရပ်နေသော လင်းစစ်ယောင်အား မေးလိုက်၏။

နှလုံးသားထဲရှိတင်းတိမ်ရောင့်ရဲခြင်းအတွက် တိုက်ခိုက်ရန် အခွင့်အရေးရှိခဲ့သည်မှာ ကြာပြီဖြစ်၏။ အမှန်ပင်ကောင်းပေသည်။

"ဖျက်ဆီးပစ်လိုက်"

လင်းစစ်ယောင်က ခေါင်းပင်မမော့ဘဲ ပြန်ဖြေလိုက်၏။ စုရွှေလျန်သူ့အတွက် ချုပ်ထားပေးသောဝတ်ရုံပေါ်တွင် သွေးပေမပေကို စစ်ဆေးကာ သုတ်လိုက်၏။

"ဟုတ်ကဲ့ ဆရာ"

စစ်ထူယွင်ကြားသောအခါတွင် ဘုရားကျောင်းနောက် ချောက်ကမ်းပါးမှ အလောင်းများကိုပစ်ချခြင်းအား လုပ်ဆောင်တော့သည်။

"အော်မီထော်ဖော်။ မြတ်စွာဘုရား။ တော်လိုက်တာ။ သဘောကောင်းလိုက်တာ"

ကျယ်ရှို့က စစ်ထူယွင်ဘေးတွင် ရပ်ကာ ရွတ်ပွားနေသည်။

"ဘုန်းကြီး ကျယ်ရှို့ ကျွန်တော်တို့ ဒီလိုမလုပ်ဘူးဆိုရင် အပြစ်မဲ့တဲ့သူတွေ သေရလိမ့်မယ်"

စစ်ထူယွင် အလောင်းများကိုပစ်ချရန် တောင်စောင်းသို့ အခေါက်အခေါက်အခါခါသွားနေသည်။ သူက လက်ကိုပွတ်ကာ အလောင်းကိုပစ်ရန်ဘေးမှဖြတ်သွားသည့်အခေါက်တိုင်း အော်မီတော်ဖော်ဟုပြောနေသော ကျယ်ရှို့ကိုလှည့်ကြည့်ကာ ပြောလိုက်သည်။

"ဒီဘုန်းကြီးကသိပါတယ်။ ကိုယ်တော်ရွတ်နေတယ်ဆိုတာ သူတို့ရဲ့ဝိညာဉ်တွေကို နှစ်သိမ့်ပေးဖို့ ကြိုးစားနေတာပါ"

ကျယ်ရှို့ကခေါင်းညိတ်ကာ အလေးအနက်ရှင်းပြလိုက်၏။

ယခုတစ်ခေါက်တွင် စစ်ထူယွင် အံ့ဩသွားရသည်။ ထိုစကားပြောနေသောဘုန်းကြီးသည် နားလည်လိမ့်မည်ဟု ထင်မထားခဲ့ပေ။ ဗုဒ္ဓအဆုံးအမများသာ တွေ့ကြုံရမည်ဟု တွေးထားခဲ့မိသည်။

"သွားကြမယ်"

လင်းစစ်ယောင်က ဘုရားကျောင်းတစ်ခုလုံးကို စစ်ဆေးလိုက်သည်။ မည်သည့်အရာမျှ မထူးခြားသည်ကို အတည်ပြုပြီးနောက်တွင် စစ်ထူယွင်ဘေးသို့ရောက်လာသည်။

" ဒီကျေးဇူးရှင်က... ကျုပ်တို့ခွဲခွာသွားပြီးနောက်ပိုင်း ဘယ်ချိန်ကျမှပြန်တွေ့..."

"နောက်နှစ် ဒီအချိန်"

ကျယ်ရှို့နှုတ်ဆက်၍မပြီးခင်တွင်ပင် လင်းစစ်ယောင်က စကားလုံးအချို့အန်ကျလာသည်။ ထို့နောက်တွင်မူ သူသည် တောင်အောက်သို့ဆင်းသွားတော့၏။

"ဦးလေးက နောက်နှစ် ဒီအချိန်ကျရင်လည်း လာလည်ပါ့မယ်လို့ပြောတာ။ ဂရုစိုက်ပါ"

စစ်ထူယွင်က ကျယ်ရှို့အား ပြုံးဖြဲဖြဲလုပ်ကာပြောလိုက်သည်။ ထို့နောက်တွင် သူသည် လင်းစစ်ယောင်နောက်သို့လိုက်ကာ တောင်အောင်သို့ဆင်းသွားလေသည်။

ခမ်းလှမ်းလှမ်းတွင် နေသည် တောင်စွယ်များကြားမှာ ဖြည်းညင်းစွာ ထွက်ပေါ်လာသည်။ အမှန်တွင် ထိုမြင်ကွင်းသည် ချီယွင်တောင်၏ ရင်သပ်ရှုမောဖွယ်မြင်ကွင်းဖြစ်ခဲ့သည်။

ထို့နောက်တွင်မူ ယွင်လော့ဘုရားကျောင်းသည် တစ်ဖန်ပြန်၍ ငြိမ်းချမ်းမှုနှင့်တိတ်ဆိတ်မှုတို့ဖြင့် ဖုံးလွှမ်းသွားပြန်၏။

***

All Chapters