အောင်သွယ်
Vol. 5 Ch. 137
စုရွှေလျန်က ရွှယ်လီကိုကြည့်ကာ ကြောင်အမ်းသွားသည်။ ယောက္ခထီးသည် သူမဆိုလိုသည်ကို နားလည်သည်လော။ ရှင်းလန်နှင့် ကျန်းဟန်ကို တွဲစပ်ပေးမည်လော။
"ဘာလဲ။ သမီး သူတို့က နတ်ဖတ်တဲ့စုံတွဲလို့မထင်ဘူးလား"
ရွှယ်လီက စုရွှေလျန်ကို ရယ်ကာမေးလိုက်သည်။
"အဲ့လိုမဟုတ်ပါဘူး... ဒါပေမဲ့ သူတို့က.... ပထမဆုံးအကြိမ်တွေ့ဖူးကြတာလေ"
ထိုနှစ်ဦးသည်သာဆန္ဒရှိလျှင် သူမစွက်ဖက်မည်မဟုတ်ပေ။ မည်သို့ပင်ဖြစ်စေ အစေခံများသည်လည်း ဘဝအဖော်မွန်ကောင်းဖြင့်တွေ့လျှင် ၎င်းတို့အတွက် သူမဝမ်းသာသင့်ပေသည်။
သူမသည် စုအိမ်မှထွက်ခွာကာ လင်းစစ်ယောင်ဖြင့် လက်ထပ်ခဲ့သည်။ သူမကိုယ်တိုင် ပျော်ရွှင်ဖွယ်အိမ်ထောင်သည်ဘဝကိုရွေးချယ်ခဲ့သည်။ ထို့ကြောင့် သူမဘေးကသူများကိုလည်း ထိုသို့အတင်းအကြပ်လက်ထပ်ခြင်းမျိုး မဖြစ်စေလိုပေ။ သီးသန့်စံအိမ်ရှိအစေခံများသည်လည်း ချွမ်းလန်ကဲ့သို့ လိုက်ဖက်ညီကာပျော်ရွှင်ဖွယ်လက်ထပ်ခြင်းမျိုးရှိသင့်ပေသည်။ ချမ်းသာစရာမလိုပါ။ အချင်းချင်းချစ်ကာလေးစားကြလျှင် သူမက ၎င်းတို့အား ထောက်ပံ့ပေးမည်ဖြစ်သည်။
သို့သော်လည်း ယောက္ခထီးဖြစ်သူသည်သာ ထိုနှစ်ယောက်အား တွဲစပ်ပေးရခြင်းကို စိတ်လှုပ်ရှားနေပြီး ထိုနှစ်ယောက်သည် အချင်းချင်းမကြိုက်ကြလျှင် စီစဉ်ထားသောလက်ထပ်ပွဲနှင့်မခြားနားပေ။ ထိုသို့ဖြင့် ပျော်ရွှင်ကြရမည်လော။
သူမ သံသယဝင်မိသွားသည်။
"လွယ်ပါတယ်။ သူတို့ကို မကြာခဏဆိုသလိုတွေ့ခိုင်းလိုက်။ ငါတို့က ဒီမှာလဝက်လောက်နေမှာပဲ။ သူတို့ဆက်ဆံရေးကိုတည်ဆောက်ဖို့ လုံလောက်ပါတယ်"
စုရွှေလျန်သဘောတူလျှင် သူသည် ကျန်းဟန်နှင့် ရှင်းလန်တို့၏ဆက်ဆံရေးအား အဆင်ပြေချောမွေ့အောင်တွန်းအာပေးမည်ဖြစ်သည်။
စုရွှေလျန်တစ်ယောက် အနည်းငယ်မျှ မျက်ခုံးကြုပ်မိသွား၏။ ရှင်းလန်သည် သူမတစ်သက်တာလုံး မင်းသားကြီးစံအိမ်တွင် အလုပ်လုပ်မည်ဟု လက်မှတ်ရေးထိုးထားပါသော်လည်း ထိုစာချုပ်သည် ယခုတွင် သူမလက်ထဲတွင်ရှိပေသည်။ သို့သော်လည်း သူမသည် ရှင်းလန်၏အိမ်ထောင်ရေးအား ဆုံးဖြတ်နိုင်သည်ဟု မဆိုလိုပေ။
"ဒီချွေးမလေးက အဖေ့ကိုနားလည်ပါတယ်။ ရှင်းလန်ကို ပြောကြည့်ရဦးမလား။ သူသဘောတူရင် ဘာမှမပြောပါဘူး။ သူလက်ထပ်ရင် ဂုဏ်ယူရတဲ့သတို့သမီးလောင်းဖြစ်အောင် အစစအရာရာပြင်ဆင်ပေးမှာပါ။ ဒါပေမဲ့ ရှင်းလန်ကသာ မကျေနပ်ရင်တော့...."
"အဲ့လိုဆို သူ့ကိုသဘောတူဖို့ ဖိအားမပေးတော့ပါဘူး"
ရွှယ်လီက တွန့်ဆုတ်ခြင်းမရှိဘဲ ဆက်ပြောလိုက်၏။
"ဒါပေမဲ့..."
အသံနေအသံထားပြောင်းသွားကာ
"အခုသူ့ကိုပြောဖို့အချိန်ကောင်းမဟုတ်ဘူး။ သူတို့အချင်းချင်းလေ့လာလို့ရအောင် စကားပြောဖို့ အခွင့်အရေးဖန်တီးပေးရင်ရော ဘယ်လိုလဲ။ ငါအာမခံတယ်။ ကျန်းဟန်က ဆိတ်ဆိတ်နေတတ်တဲ့သူဆိုပေမဲ့လို့ သူက လူကြီးလူကောင်းတစ်ယောက်ပါ။ ဟိုကလေးမလေးကလည်း ဉာဏ်ကောင်းတဲ့သူသာဆိုရင် ဒီလိုလူကောင်းမျိုးကို လက်လွတ်ခံမှာမဟုတ်ဘူး"
"ဟုတ်ကဲ့"
စုရွှေလျန်က ခေါင်းညိတ်ကာ သဘောတူလိုက်သည်။ သူမသည် ရှင်းလန်ကိုမေးကာ အချင်းချင်းသိကြရန် အချိန်ရှိလျှင် ကောင်းပေမည်။ အနည်းဆုံးတွင် သူမသည် ထိုအကြောင်းကို ပို၍လေးလေးနက်နက် စဉ်းစားနိုင်မည်ဖြစ်သည်။
"သမီးမရှင်းလင်းတဲ့ကိစ္စရှိတယ်။ ရှင်းလန်သာ သဘောတူရင် သူတို့က ရွှယ်မင်ကိုပြောင်းမှာလား"
စုရွှေလျန်အနည်းငယ်မျှစိတ်အားငယ်သွားသည်။ ရှင်းလန်သည် အားအထားရဆုံးလက်ထောက်များထဲမှတစ်ယောက်ဖြစ်သည်။ သူမသည် သီးသန့်စံအိမ်တွင် နှစ်ဝက်မျှနေကာ အခြေချခဲ့ပါသော်လည်း လူများနှင့်အလုပ်ကိစ္စများကို ကောင်းစွာစီမံနိုင်ပေသည်။ တစ်ခါတစ်ရံ တာဝန်အမျိုးမျိုးကိုပင်လုပ်ဆောင်ကာ ထူးချွန်စွာပြီးမြောက်တတ်သေး၏။ စုရွှေလျန်၏အိမ်နှင့် စစ်လော့၏အိမ်ကို သန့်ရှင်းသပ်ရပ်စွာ စီမံထားနိုင်သည်မှာ ချွမ်းလန်၊ ရှင်းလန် နှင့် အခြားသော ပထမတန်းစာအစေခံများ၏ကျေးဇူးကြောင့်ပင်ဖြစ်သည်။
"အဲ့တာကိုတော့ မစဉ်းစားရသေးဘူး။ ကောင်းပြီလေ။ ဒီလုပ်လုပ်ရင်ရော ဘယ်လိုလဲ။ သူတို့သဘောတူတာနဲ့ သူတို့ကြိုက်တဲ့ဘယ်နေရာမှာမဆိုနေနိုင်တယ်"
ကျန်းဟန်သည်လည်း မငယ်တော့ပေ။ ၎င်းတို့မမငြင်းဆန်နိုင်ကြပေ။ သူ၏ဇနီးဖြစ်ရန် ဆန္ဒရှိသောမိန်းကလေးတစ်ဦးကိုသာရခဲ့လျှင် အဖေကျန်း၏ဝိညာဉ်မှာ အေးချမ်းစွာအအနားယူနိုင်ပြီဖြစ်သည်။ ရွှယ်လီမှာမူ ကိုယ်ရံတော်များထဲမှတစ်ယောက်ကို ဆုံးရှုံးလိုက်ရသည်မှာ ပြဿနာမဟုတ်ပါ။ အများဆုံးတွင် သူသည် အခြားသောသွေးစစ်သည်တစ်ယောက်ကို ကျန်းဟန်နေရာတွင်အစားထိုးရန် လုံယိကို တောင်းဆိုလိုက်ယုံသာဖြစ်၏။
"အဖေက ဒီကိစ္စနဲ့ပက်သက်ပြီး စိတ်အားထက်သန်နေပြီဆိုမှတော့ သမီးကလိုက်လျောပေးပါ့မယ်။ အဲ့လိုဆို အကြံပြုထားတဲ့အတိုင်း သူတို့ကို အရင်ဆုံး အချင်းချင်းပေးတွေ့လိုက်မယ်။ ခဏနေရင် ရှင်းလန်ကိုရှာပြီး သူနဲ့ပြောလိုက်ပါ့မယ်"
ရွှယ်လီတစ်ယောက် အောင်သွယ်ဖြစ်လာရန် မည်မျှစိတ်အားထက်သန်နေသည်ကို တွေ့ရသောကြောင့် သူမသည်လည်း ဆက်ပြီးငြင်းဆန်နေလျှင် အဆင်မပြေတော့ပေ။ ထို့အပြင် သူမသည် ရှင်းလန်၏စိတ်ကူးကိုလည်း ယခုထက်ထိမသိရပေ။ ရှင်းလန်သည်သာ ကျန်းဟန်ကိုခံစားချက်ရှိပြီး သူမတို့ကိုငြင်းဆန်လိုက်လျှင် ဘဲငန်းပုံနှစ်ကောင်ထိုးရပေတော့မည်။ ထို့ကြောင့် ၎င်းတို့ဆက်ဆံရေး မည်သို့တိုးတက်လာမည်ကိုသာ ကြည့်နိုင်တော့မည်။
ရွှယ်လီက စုရွှေလျန်ခေါင်းညိတ်ကာသဘောတူလိုက်သောအခါတွင် ပြုံးလိုက်မိသည်။ ကျန်းဟန်နှင့် ရှင်းလန်တို့ မည်သို့တွေ့ဆုံအောင် အခွင့်အရေးဖန်တီးပေးရမည်ကို တွက်ချက်နေမိသည်။ ဖုန်းရို့အာကမူပြုံးကာ ခေါင်းတခါခါဖြင့်ပင်။ သူမက လက်ဖက်ရည်ခွက်ကိုပြန်ချလိုက်ပြီး စုရွှေလျန်နှင့် စကားစမြည်ပြောဆိုနေပေသည်။ ချီယွင်မြို့မှာထွက်ခွာလာသည်မှာ လေးလပင်ရှိပြီဖြစ်ကာ သားဖြစ်သူနှင့် သူ၏မိသားစုအား သတိရလှပြီဖြစ်သည်။
"အမေ အမေမပင်ပန်းရင် ရှောင်အာနဲ့ လုံအာဆီကို သမီးနဲ့အတူ သွားလည်မလား"
အမှန်တွင် စုရွှေလျန်က သူမ၏စိတ်ဆန္ဒအား နားလည်ပေသည်။ သူမသည် အားယောင်အား မိဘများနှင့်စကားပြောရန် မတိုက်တွန်းသော်လည်း သူမသည် ကလေးများအတွက်ကိုမူ ဆုံးဖြတ်ပေးနိုင်လေသည်။
"အမှန်တော့ ငါသူတို့ကို အရမ်းလွမ်းနေတာ။ သူတို့ကိုနေ့တိုင်းတွေ့ချင်သေးတယ်"
စုရွှေလျန်၏အကြံပေးသည် ဖုန်းရို့အာနှလုံးသား၏နာကျင်မှုအား ထိသွားပေသည်။ ချက်ချင်းပင် ဝမ်းမြောက်သွားကာ ခေါင်းအဆက်မပြတ်ညိမ့်ပြ၏။
ယောက္ခမနှင့်ချွေးမလေးသည် အောင်သွယ်လုပ်ရန် ဦးနှောက်ကိုဖျစ်ညှစ်ကာစဉ်းစားနေသော ရွှယ်လီကို စိတ်ထဲပင်မထားကြပေ။ အချင်းချင်းလက်ချင်းချိတ်လမ်းလျှောက်ကာ ကြာကန်ဆီသို့ ဦးတည်သွား၏။
စစ်လော့က အမြွှာလေးကိုလှေပေါ်တွင်တာ ကြာကန်ဆီကိုခေါ်သွားသောကြောင့် ၎င်းတို့အား ထိုနေရာတွင် နေ့တိုင်ပေးမဆော့လျှင် ငိုကြပေမည်။ ချစ်စရာကောင်းသောကောင်မလေး လင်းလုံမှာမူ ရေထဲတွင်ကစားရန်အတွက် ယိုင်တိယိုင်တိုင်ပင် လမ်းလျှောက်တတ်နေပြီဖြစ်၏။
ပိုင်ဟယ်နှင့် လျန်မော့မော့သည်လည်း ထိတ်လန့်စွာဖြင့် သူမအား တင်းကြပ်စွာကိုင်ထားရသည်။ ၎င်းတို့အာရုံမစိုက်၍ မမလေးသာ ရေထဲသို့ပြုတ်ကျသွားမည်ကို ကြောက်ရွှံ့နေကြ၏။
ကံကောင်းစွာဖြင့်ပင် မွန်းလွဲပိုင်းကဲ့သို့ အေးမနေပေ။ အမွှာလေးများသည် ကြာကန်ဘေးတွင်ဆော့ရသည်ကိုကြိုက်သော်လည်း လျန်မော့မော့နှင့်အခြားသူများက ရေကန်ဘေးတွင် အရုပ်များပါသည့်အိပ်ရာလေးချပေးကာ လေးဘက်ထောက်ကစားသွားလာစေသည်။
"ရွှေလျန်၊ ကျန်းအာ.. ငါဆိုလိုတာက အားယောင်က ငါ့ကို တာဝန်ယူမှာမရှိတဲ့အမေဆိုပြီး အပြစ်တင်နေသေးလား"
ရေကန်သို့သွားရာလမ်းတွင် တွန့်ဆုတ်နေသောကြံစည်အားထုတ်မှုအားလုံးပြီးနောက်တွင် ဖုန်းရို့အာက သတ္တိမွေးကာ သူမစိတ်ထဲတွင်ကြာရှည်စွာသိမ်းထားခဲ့သောမေးခွန်းအား သူမအား မေးလိုက်၏။
အတွေးလွန်နေခြင်းအတွက် သူမအား အပြစ်မဆိုနိုင်ပေ။ သူမနှင့် ရွှယ်လီသည် သီးသန့်စံအိမ်သို့ရောက်သည်မှာ နှစ်ရက်ပင်ရှိပြီဖြစ်သည်။ မနေ့ကလွဲ၍ ခရီးကြာရှည်စွာထွက်လာရသည့်အတွက် အနားယူပြီးနောက်တွင် သားဖြစ်သူသည် ၎င်းတို့ကိုနားနေသောအကြောင်းပြချက်ဖြင့် လာမတွေ့ပေ။ ယနေ့တွင်မူ...။ ၎င်းတို့သည် သူ့အား အဘယ့်ကြောင့်မတွေ့ရပါသနည်း။ သူသည် မိဘများအား အမှန်ပင်မတွေ့ချင်သည်လော။
“... အမေ...”
စုရွှေလျန်က ညင်သာစွာဖြင့် ဖုန်းရို့အာလက်ကိုကိုင်လိုက်ကာ နှစ်သိမ့်ပေးလိုက်သည်။
"အားယောင်က စကားပြောတဲ့နေရာမှာ မတော်ဘူး။ ဒါပေမဲ့ သူက အမေတို့နှစ်ယောက်လုံးကို ဂရုစိုက်ပါတယ်။ ဒီမနက် သူတောင်ဘက်ကိုမသွားခင်ပဲ လျန်မော့မော့ကို မီးဖိုချောင်ဆီသွားပြီး မြောက်ပိုင်းဟင်းလျာတွေချက်ခိုင်းတယ်လေ။ ဘာလို့လဲဆိုတော့ အမေတို့က တောင်ပိုင်းဟင်းလျာတွေကို ခံတွင်းမတွေ့မှာစိုးလို့လေ။ အဲ့တာအပြင် မနေ့က နေဖို့နေရာအကြောင်းဆွေးနွေးကြတော့ သမီးတို့နဲ့နီးတဲ့ ဝါးဥယျာဉ်မှာနေခိုင်းဖို့အကြံပေးတာ အားယောင်ပဲလေ။ အဆင်ပြေမှာပါ..."
သူမနှင့် အားယောင်လက်ထပ်သောအချိန်အား စုရွှေလျန်အမှတ်ရသွားသည်။ သူသည် သနားစရာကောင်းလောက်အောင် ဆိတ်ဆိတ်နေနေတတ်သည်။ သို့သော်လည်း သူမသည် စကားမများသောမိန်းကလေးဖြစ်သောကြောင့် အဆင်ပြေပေသည်။ ထိုအချင်းအရာနှင့်ပက်သက်ပြီး သက်တောင့်သက်သာမရှိဟု မခံစားရပေ။ သူမဘေးတွင် အားယောင်ရှိလျှင် လုံခြုံမှုကို ခံစားရပေသည်။
အချိန်ကြာသွားလျှင် အားယောင်သည် မိဘများကို ခွင့်လွှတ်ပေးလိမ့်မည်ဟု သူမယုံကြည်မိသည်။ ရွှယ်လီနှင့် ဇနီးဖြစ်သူအား ဝါးဉယျာဉ်တွင်နေခိုင်းခြင်းအတွက် မည်သည့်အကြံမျှမရှိသော်လည်း ယနေ့မနက်စာကိုမူ သူအကြံပေးထားသည့်အတိုင်း ပြင်ဆင်ထားပေသည်။ တိုတောင်းလှသော်လည်း "သူတို့ကို ထမင်းကြော်မစားခိုင်းနဲ့" သွေးတပ်ဖွဲ့မှာသူများသည် ခေါက်ဆွဲကြိုက်ကြပေသည်။
"အင်း ငါလည်းမင်းကို ယုံကြည်ပါတယ်"
ဖုန်းရို့အာကခေါင်းညိတ်ပြကာ ပြုံးပြလိုက်သည်။ ယနေ့မနက် မနက်စာသည် မနေ့ညစာနှင့် မတူကွဲပြားနေသည်။ ပို၍ကောင်းနေပေသည်။ သားဖြစ်သူသည် ၎င်းတို့အတွက် အထူးဟင်းလျာချက်ပေးရန် တောင်းဆိုထားခြင်းဖြစ်ပေသည်။ ထို့ကြောင့် သူသည် ၎င်းတို့အား များစွာဂရုစိုက်ပေသည်။
ထိုအတွေးဖြင့် ဖုန်းရို့အာခံစားရသက်သာသွားသည်။ သူမသည် သားဖြစ်သူလာမလည်သောကြောင့် အပြစ်မတင်ကာ ကောင်းမွန်စွနေရပြီး ကောင်းမွန်စွာစားရလျှင်ပင် အဆင်ပြေပေသည်။ ထို့ကြောင့် မိဘများနှင့်ပက်သက်သည့်ခံစားချက်များကို အပြုအမူဖြင့်သာ ထုတ်ဖော်ပြသတတ်ပေ၏။
***