လက်တွဲဖော်ဖြစ်လာစေရန်
Vol. 5 Ch. 140
"လျန်အာ မင်းဘယ်လိုနေသေးလဲ။ ငါတော့ ကောင်းကောင်းမအိပ်ရရင် အမြဲပင်ပန်းနေတာ။"
ဖုန်းရို့အာက ချွေးမဖြစ်သူ၏ကိုယ်ဝန်အခြေအနေအား မေးလိုက်သည်။
"သမီးအဆင်ပြေပါတယ်။ ခါးကနည်နည်းနာနေတယ်ထင်ယုံတင်ပါ။ မြင်းလှည်းနဲ့လာတဲ့ခရီးကြောင့် ပင်ပန်းနေတာဖြစ်မယ်။ ကျင်းကျီကတော့ ပထမဆုံးကိုယ်ဝန်အပိုင်းအခြားအတွင်းမှာ ပုံမှန်ဖြစ်နေကြပါတဲ့။ ဘာမှစိတ်ပူစရာမလိုပါဘူး။"
စုရွှေလျန်ကပြုံးကာ သူမထက်ပင် စိုးရိမ်နေသော ယောက္ခမအား နှစ်သိမ့်လိုက်သည်။
"အမှန်ပဲလား။ အဲ့လိုဆိုကောင်းတာပေါ့။ အင်း...အသက်လေးဆယ်ကျော်မှာ ကိုယ်ဝန်ရတော့ အကူအညီမဲ့နေသလိုခံစားနေရတယ်။"
"အမေကလည်းဘာတွေပြောနေတာလဲ။ အမေက အသက်မကြီးသေးပါဘူး။ ကျင်းကျီကလည်း အကြံပေးပြီးသားပဲ။ ကလေးမွေးတဲ့အချိန်ကျနည်းနည်းခက်ခဲမယ်ဆိုပေမဲ့လို့ အရင်ကမဖြစ်ဖူးတဲ့အရာမျိုးမှမဟုတ်တာ။"
ယန်ကျင်းကျီက အသက်လေးဆယ်ကျော်တွင် ကိုယ်ဝန်ရသောမိန်းမများအကြောင်းအား သူမအား ပြောပြထားပေသည်။
"အဲ့လိုဆိုလည်းကောင်းပါပြီ။"
သူမပြောသည်ကိုနားထောင်ပြီး ဖုန်းရို့အာတစ်ယောက် စိတ်ထဲမှ စိုးရိမ်ပူပန်မှုများ သက်သာသွားသည်။
"ကျင်းကျီဒီမှာရှိနေမှတော့ စိတ်ပူစရာမလိုပါဘူး။ ဒါပေမဲ့လည်း လီက မီးဖွားပြီးတဲ့အချိန်အထိ ဒီမှာပဲနေဖို့ခွင့်ပြုထားတယ်။ ဒါပေမဲ့လည်း နန်းမြို့တော်ကဝမ်းဆွဲတွေကိုပို့ပေးမယ်တဲ့လေ။ အဲ့လိုမှမဟုတ်ရင် သူစိတ်ပူနေမှာ"
သူမအသံသည် စောဒကတက်သည့်အသံနှင့်တူနေသော်လည်း အပြုံးများက ကျေနပ်မှုနှင့်ပျော်ရွှင်မှုကို ပြသနေလေသည်။
"ဟုတ်ပါတယ်လေ။ အဖေက အမေ့ကိုအရမ်းဂရုစိုက်တာပဲ။"
မည်သို့ပင်ဖြစ်စေ မြို့ငယ်လေးမှဝမ်းဆွဲများသည် နန်းတော်ထဲမှဝမ်းဆွဲများကို မယှဉ်နိုင်ပေ။
"သူက ငါတို့ဗိုက်လေးကို ဂရုစိုက်တာပါ"
ဖုန်းရို့အာကပြုံးကာ စောဒကတက်လိုက်သော်လည်း သူ၏ဖြောင့်ချက်များကြောင့် စိတ်ထိခိုက်ရကာ မျက်ရည်ကျခဲ့ရသည်။
"အဲ့တာကလည်း အမေ့ကိုဂရုစိုက်တယ်ဆိုတာ ပြတာပဲလေ"
သူမ၏အားယောင်ကဲ့သို့ဖြစ်သည်။ သူ့ဆိမှ ချိုချိုသာသာစကားများကြားရသည်မှာရှားသည်။ ညဘက်တွင် သူသည်အပေါ်သို့ရောက်နေအခါသည်မူ ခြွင်းချက်ဖြစ်၏။ သို့သော် သူသည် တိတ်တဆိတ်ဖြင့် သူမအား စောင့်ရှောက်ပေးတတ်လေသည်။ ထိုတာဝန်အား မည်သည့်အခါမျှ လျစ်လျူမရှုခဲ့ပေ။
"သခင်မလေး အရှင်က ဖန်းဟွာမြို့မှာရောက်နေတယ်လို့သတင်းပို့ပါတယ်။ သူအခု အိမ်မကြီးဆီလာတဲ့လမ်းမှာပါ"
ရှင်းလန်က လိုက်ကာကိုမကာ သတင်းပေးလိုက်သည်။
"ဝမ်ရယ်က အစ်ကိုကြီးလား"
စုရွှေလျန်အံ့ဩသွားရကာ မျက်ခုံးပင့်လိုက်မိသည်။ ယခုအချိန်တွင်မှ မည်သို့ရောက်လာရပါသနည်း။ နောင်ရက်အနည်းငယ်အတွင်းတွင် နွေဦးပွဲတော်ရောက်တော့မည်ဖြစ်သည်။ မိဘများနှင့်အတူစံအိမ်တွင်အတူမနေဘဲ အဘယ့်ကြောင့် ဖန်းဟွာမြို့သို့ လာရပါသနည်း။ ထို့အပြင် အားယောင်က ယမန်နေ့မှ ကွမ်းချီအိမ်မှတစ်ဆင့် မင်းသားကြီးစံအိမ်သို့ စာပို့ခိုင်းခဲ့သည် သူမကိုယ်ဝန်ရှိနေသည်ကို ထိုမျှမြန်မြန်သိခဲ့သည်လော။
"အစ်ကိုကြီးလား"
စုရွှေလျန်ထနိုင်ရန် ရှင်းလန်က ကူညီပေးလိုက်ကာ အိမ်ရှေ့သို့ လမ်းလျှောက်သွားသည်။ ထိုနေရာတွင် အပြေးဝင်လာသော လျန်အန်းဇိုင်နှင့်ဆုံပေသည်။
"အင်း ငါတို့မတွေ့ရတာနှစ်ဝက်လောက်ရှိပြီဆိုတော့ ဝလာတဲ့ပုံပဲ"
လျန်အန်းဇိုင်က သူ့ရှေ့တွင်ထိုင်နေသောညီမဖြစ်သူကိုကြည့်ကာပြောလိုက်သည်။
ထိုအခြေအနေက သူမ၏မေးခွန်းအားဖြေလိုက်ခြင်းပင်။
"အစ်ကိုကြီး"
စုရွှေလျန်က သူ့ကိုမျက်စောင်းထိုးလိုက်သော်လည်း ရယ်ရမည်ငိုရမည်ကို မသိတော့ပေ။ တွေ့လျှင်တွေ့ချင်းပင် ဝလာသည်ဟုဆိုသည်။ မိန်းကလေးတိုင်းသာထိုသို့ဆိုလျှင် သူမမျက်မှောင်ကြုပ်မိကာ သူ့အား စကားမပြောချင်တော့ပေ။
"အဟွတ်... ငါအဲ့လိုဆိုလိုတာမဟုတ်ပါဘူး။ ငါ့ယောက်ဖရောဘယ်မှာလဲ။ အိမ်မှာလား"
လျန်အန်းဇိုင်က ပါးစပ်နားတွင် လက်သီးဆုပ်လုပ်ကာ ချောင်းဟန့်လိုက်သည်။ သူသည် ချက်ချင်းပင် ခေါင်းစဉ်ပြောင်းလိုက်ပေသည်။
"သူကထင်းရှူးဥယျာဉ်ထဲမှာ"
စုရွှေလျန်က သူ့အားဖြေလိုက်သော်လည်း ထူးဆန်းသောအကြည့်ဖြင့် ကြည့်နေမိသည်။
"အစ်ကိုကြီး ဒီကို အားယောင်ကိုတွေ့ဖို့လာတာလား"
ထိုမျှအလျင်လိုနေရသောအကြောင်းမှာ အံ့ဩစရာမရှိပေ။ အရေးတစ်ကြီးလုပ်စရာကိစ္စတစ်ခုခုရှိ၍ဖြစ်ပေမည်။
"အင်း ကောင်းပြီလေ။ အဲ့လိုတော့မဟုတ်ဘူးပေါ့"
လျန်အန်းဇိုင်က အနည်းငယ်မျှကိုးရားကိုးယားနိုင်သည်ဟုခံစားရသောကြောင့် အနောက်မှလိုက်နေသောအစေခံဘက်သို့လှည့်ကာ အမိန့်ပေးလိုက်သည်။
"ဘာလို့ငါ့အတွက် ရေချိုးဖို့မပြင်ဆင်ပေးတာလဲ။ သုံးရက်ခရီးကို တစ်ရက်ခွဲထဲနဲ့အမှီလာရတာ"
သူကယခုတွင် ရေချိုးချင်နေပြီဖြစ်သည်။
"အစ်ကိုကြီး ရေနွေးနဲ့အစားအသောက်တေါအားလုံးက ပြင်ဆင်ပြီးပါပြီ။ ဒါပေမဲ့လည်း ဝါးဥယျာဉ်ထဲမှာ ဧည့်သည်တွေရှိနေလို့ ထင်းရှုးဥယျာဉ်မှာပဲနေလို့ရမလား"
ထင်းရှုးဥယျာဉ်သည် အခန်းလေးခန်း၊ ရေချိုးခန်းတစ်ခန်း၊ ပရိဘောဂအစုံအလင်ဖြင့် တည်ဆောက်ထားခြင်းဖြစ်သည်။ လတ်တလောတွင် အခန်းလွတ်တစ်ခန်းရှိသည်။ s
"ကောင်းပြီ"
လျန်အန်းဇိုင်က ခေါင်းညိတ်ပြလိုက်သည်။ သူသည် အစေခံနောက်လိုက်သွားကာ အိမ်မကြီး၏ဘေးတွင်ရှိသောထင်းရှုးဉယျာဉ်ဆီသို့သွားသည်။
"ဟုတ်သားပဲ။ အဖေနဲ့အမေက မင်းကိုအရမ်းသတိရနေတာ။ မင်းအားရင် သူတို့ဆီစာရေးလိုက်ဦး"
ခပ်လှမ်းလှမ်းသို့လမ်းလျှောက်သွားစဉ်တွင်ပင် လျန်အန်းဇိုင်၏အသံက သူမနားသို့ရောက်လာသည်။
သူသည် ယခုနေရာတွင် သူမကြောင့်ရောက်လာသည်မဟုတ်သောကြောင့် သူမကိုယ်ဝန်ရှိသည်ကို မသိခြင်းဖြစ်ပေမည်။ ထိုသို့ဆိုလျှင် အဘယ်အတွက်နည်း။ မည်သည့်ကိစ္စသည် သူ့အား မြင်းဖြင့်အလောတကြီးလာအောင်ပြုလုပ်လိုက်သနည်း။ သူမ၏မှတ်ဉာဏ်တွင် လျန်အန်းဇိုင်သည် သူ၏အသွင်အပြင်အား ဂရုစိုက်တတ်သောသူဖြစ်သည်။ ယခုကဲ့သို့ ပုံပျက်ပန်းပျက်ဖြစ်နေသည်ကို မမြင်ဖူးပေ။ မကြာခင်တွင် အကြောင်းရင်းကို သိရမည်ဖြစ်သည်။ စုရွှေလျန်သည် သူ့ကို ဆက်မကြည့်တော့ပေ။
"ရှင်းလန် သွားကြမယ်။ မင်းကိုပြောစရာရှိတယ်။"
နွေဦးပွဲတော်ရောက်ရန် သုံးရက်သာလိုတော့သည်။ (၁၆)ရက်နေ့ပြီးနောက်တွင် ရွှယ်လီသည် သွေးတပ်ဖွဲ့သို့ ကျန်းဟန်နှင့်အတူ ပြန်သွားသည်။ ကျန်းယွဲ့သည်မူ ဖုန်းရို့အာကိုကာကွယ်ရန်နေခဲ့သည်။ ထို့ကြောင့်ပင်လျှင် ရွှယ်လီက သူမအား ရှင်းလန်အကြောင်းစုံစမ်းရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။ အခြားဖြစ်နိုင်ချေများရှိလျှင် ကျန်းဟန် နှင့် ရှင်းလန်တို့၏ဆက်ဆံရေးအား အကောင်းဆုံးထောက်ပံ့ပေးချင်နေပေသည်။
သို့သော်လည်း စုရွှေလျန်သည် သူမဘေးတွင် တိတ်ဆိတ်စွာလျှောက်နေသော ရှင်းလန်ကိုကြည့်လိုက်သည်။ ခေတ္တမျှနေပြီးနောက်တွင် ရှင်းလန်သည် မိန်းမကောင်းလေးဖြစ်ကြောင်း သူမသိခဲ့ရသည်။ သူမသည် လုပ်ရည်ကိုင်ရည်ရှိကာ ရင့်ကျက်သည်။ အခြားသောရည်ရွယ်ချက်ဖြင့် သူမအားပြောရန်စောင့်ဆိုင်းနေသည်ကို သဘောပေါက်သည်။ ထို့အပြင် ရှင်းလန်၏အစေခံအလုပ်အပေါ်စိတ်ဝင်စားမှုမှာ သာမန်သူထက်ပိုသည်။ သူမသည် တစ်ဘဝလုံးအား အစေခံလုပ်ရန်သာ စဉ်းစားထားပုံပေါ်သည်။
"ရှင်းလန် မင်းပိုင်ဟယ်ရဲ့တာဝန်တွေကို ခဏလောက်ယူထားပေ။ မင်းဘယ်လိုထင်လဲ။"
ရှင်းလန်တို့အဖွဲ့ရောက်ရှိလာပြီးနောက်တွင် လျန်မော့မော့သည် အခြားသောတာဝန်များကိုမထမ်းဆောင်ခင်တွင် ရက်အတော်ကြာ လေ့ကျင့်ရေးဆင်းပြီဖြစ်၏။
ရှင်းလန်သည်မူ ပိုင်ဟယ်၏ကိစ္စများကို အကောင်းဆုံးလုပ်ကာ စုရွှေလျန်ကို စောင့်ရှောက်ပေး၇◌န် အနောက်မှလိုက်နေသည်။ ယန်ကျင်းကျီသည် သူမကိုယ်ဝန်ရှိနေသည်ကို ဖော်ထုတ်ပြီးနောက်တွင် ရှင်းလန်သည် သူမဘေးမှမခွာတော့ပါ။ ပိုင်ဟယ်အား လျန်မော့မော့နှင့်အလုပ်လုပ်ရန် အရှေ့ဘက်သို့ပို့ထားကာ အမြွှာလေးများကိုလည်း ဂရုစိုက်ရန်ဖြစ်သည်။ ကလေးများသည် ဆန်ပြုတ်စားနိုင်ည့်အရွယ်ရောက်ပြီဖြစ်သောကြောင့် နို့ထိန်းများသည် ၎င်းတို့တာဝန်ပြီးလျှင် အိမ်သို့ပြန်သွားကြ၏။
သူမ၏ပထမဆုံးအစီအစဉ်မှာ ပိုင်ဟယ်နှင့် လျန်မော့မော့အား အမြွှာလေးများကိုစောင့်ရှောက်စေကာ သူမသည် အစေခံမလိုတော့ပေ။ သို့သော်လည်း မင်းသားကြီးစံအိမ်မှအမိန့်ရထားသောကြောင့် ချွမ်းလန်က လွန်စွာစိတ်ပူနေလေသည်။ သီးသန့်စံအိမ်မှာ ချဲ့ထားသည်ဖြစ်သောကြောင့် အစေခံများပို၍လိုအပ်ကြောင်း မင်းသားကြီးစံအိမ်အား အစီရင်ခံထားပေသည်။ ဦးရီးတော်က ချက်ချင်းပင် အစေခံများကိုရွေးချယ်ကာ သီးသန့်စံအိမ်သို့စေလွှတ်လိုက်၏။
ထို့ကြောင့် ချွမ်းလန်သည် လုပ်ရည်ကိုင်ရည်ရှိသော ရှင်းလန်အား စုရွှေလျန်ကိုခစားရန် စီစဉ်ထားသည်။ ရွှယ်လီသည် သူမအကြောင်းမမေးလျှင် အသက်(၁၄)နှစ်ဝန်းကျင်ခန့်သာရှိပုံပေါ်သော ရှင်းလန်သည် အမှန်တွင် (၁၇)နှစ်ရှိပြီဖြစ်ကြောင်းကို သိမည်မဟုတ်ပေ။
"ရှင်းလန်အသားကျနေပါပြီ။ သခင်မလေးနဲ့ သားမက်တော်တို့က ကျွန်မကိုအမြဲတမ်းဂရုစိုက်ပေးတော့ အလုပ်ကမခက်ခဲပါဘူး"
ရှင်းလန်က လေးနက်သောလေသံဖြင့်ဖြေလိုက်သည်။ သူမသည် သက်တောင့်သက်သာရှိသည်ဟု ခံစားရသောကြောင့် မခက်ခဲလှပေ။ သို့မဟုတ်လျှင် သူမပတ်ဝန်းကျင်သည် ပြောင်းလဲသွားသောကြောင့် ပို၍သက်တောင့်သက်သာရှိခြင်းဖြစ်ပေမည်။
“အင်း ရှင်းလန် မင်းအနာဂတ်အကြောင်းကိုကော တွေးဖူးလား"
စုရွှေလျန်က ဂရုတစိုက်ဖြင့် စကားလုံးရွေးချယ်လိုက်သည်။
"သခင်မလေး ဆိုလိုတာက?"
ရှင်းလန်အံ့ဩသွားရသည်။ သူမသည် ခေါင်းမော့ကာ စုရွှေလျန်ကိုတစ်ချက်ကြည့်လိုက်ပြီး ခေါင်းပြန်ငုံ့သွားသည်။ အနည်းငယ်မျှစိတ်ပူသွားသည့်ပုံပေါ်သည်။ သူမဘာအမှားမှမလုပ်ခဲ့ပါ။ သခင်မလေးသည် သူမအား နှင်ထုတ်ချင်နေသည်လော။ သားမက်တော်၏မိဘများကိုကြိုဆိုခဲ့သောအခါက မပြောသင့်သည့်အရာကိုများ ပြောခဲ့ခြင်းကြောင့်ပေလော။ သို့သော် သခင်မလေးသည် သူမအား အပြစ်ပေးချင်လျှင် ဆက်ရက်ကြာပြီး ယနေ့အထိပင် စောင့်စရာမလိုပေ။
“အတွေးလွန်မနေနဲ့။ ငါကဒီတိုင်းပဲ မေးကြည့်တာ"
ရှင်းလန်၏မျက်နှာဖျော့တော့သွားသည်ကိုမြင်ပြီးနောက်တွင် ထိုမိန်းကလေးအတွေးလွန်ကြောင်းကို စုရွှေလျန်သိလိုက်သည်။
"ငါမေးချင်တာက ရှင်းလန် မင်းမှာသဘောကျတဲ့သူများရှိလား။ မရှိဘူးဆိုရင် မင်းအတွက်သင့်လျော်မဲ့လူကောင်းတစ်ယောက်ရှိတယ်။ တကယ်တော့ မင်းသဘောထားကို မေးကြည့်တာပါ"
စုရွှေလျန်တံတွေးမျိုချမိသည်။ သူမမည်သည့်နေရာမှစရမည်ကို မသိသောကြောင့် တုန်လှုပ်စွာဖြင့်ပင် ယောက္ခထီးမေးစေချင်သည့်အတိုင်း မေးချလိုက်၏။
"သခင်မလေး"
ရှင်းလန်ကြောင်အမ်းသွားသည်။ သူမ၏ကျက်သရေရှိကာ စိတ်ထားနူးညံ့သောသခင်မလေးသည် သူမအား တစ်ယောက်ယောက်ဖြင့်အောင်သွယ်ပေးချင်နေကြောင်း မည်သည့်အခါမျှပင် မတွေးခဲ့ဖူးပေ။ ထို့နောက် သူမကစဉ်းစားလိုက်သည်။ ချွမ်းလန်သည် စုရွှေလျန်အားခစားနေစဉ်အတွင်းတွင် ကိုယ်ရံတော်ခေါင်းဆောင်Xiaoနှင့်ချစ်ကြိုက်ခဲ့ကာ လက်ထပ်ခဲ့သည်။ ထို့ကြောင့် သခင်မလေးသည် အောင်သွယ်အလုပ်ဖြင့် ရင်းနှီးနေသည်မဟုတ်လော။ မဖြစ်နိုင်ပေ....သခင်မလေးအား တိတ်တခိုးအကဲဖြတ်နေမိသည်လော။
ရှင်းလန်က ထူးဆန်းသောမျက်နှာပေးဖြစ်နေသော စုရွှေလျန်ကိုကြည့်နေသောကြောင့် စုရွှေလျန်ရှက်သွားမိသည်။
"ပါးစပ်ချော်သွားမိတာပဲ။ မင်းကိုဒီလိုလုပ်ဖို့ မတောင်းဆိုသင့်ဘူး။ မင်းခင်ပွန်းက မင်းနဲ့အတူ တစ်သက်လုံးနေရမဲ့သူလေ။ မင်းဘာသာပဲ ဂရုတစိုက်စဉ်းစားသင့်တာပေါ့။ ငါ့ကို အလောတကြီးအဖြေပေးစရာမလိုပါဘူး"
"အာ...သခင်မလေး ဒီအစေခံရဲ့အပြုအမူကို ခွင့်လွှတ်ပေးပါ။ လက်ထပ်တာနဲ့ပက်သက်ပြီး ရှင်းလန်ဘယ်တုန်းကမှ မတွေးခဲ့ဖူးလို့ပါ။ လက်ရှိဘဝကိုပဲကြိုက်ပါတယ်"
"ဒါပေမဲ့ ရှင်းလန်မင်းက လက်ထပ်တဲ့အကြောင်းနဲ့ပက်သက်ပြီး ပြောရမဲ့အရွယ်ရောက်ပြီဆိုတော့ ဘဝဆုံးဖြတ်ချက်ကို ဒီလိုအလျင်စလိုမချလိုက်နဲ့"
လက်ထပ်ကာကလေးများမွေးခြင်းသည် အမျိုးသမီးအားလုံးစောင့်စားနေရသည့် အရေးကြီးကိစ္စတစ်ခုဖြစ်သည်(အရင်ခေတ်အခြေအနေနဲ့ပေါ့နော်) ကျန်းယွဲ့ကဲ့သို့ ခံစားခဲ့သည်ဆိုလျှင်ပင် မည်သူမျှ ပျော်ရွှင်မှုအား ထိုသို့လွှင့်ပစ်ရန် မလိုအပ်ပေ။ ယခုချိန်ထိ ကျန်းယင်းယွင်သည် လက်ထပ်မည့်စိတ်ကူးအား လက်မလျော့သေးပေ။ သူမသည် စစ်လော့အတွက်ခံစားချက်များရှိနေကာ သူနှင့်စကားပြောရန် ဖန်းဟွာမြို့သို့ ရောက်လာတတ်သည်။ သို့သော်လည်း သူမ၏ခံစားချက်များမှာ အပြန်အလှန်သက်ရောက်ခြင်းမဟုတ်ပေ။ ထို့ကြောင့် စုရွှေလျန်နှင့် အားယောင်တို့အကူအညီမဲ့နေသကဲ့သို့ ခံစားနေရသည်။
"သခင်မလေး"
စုရွှေလျန်က သူမကို သတိပေးသည်ကိုကြားသောအခါတွင် စိတ်ထိခိုက်သွားရသည်။ မင်းသားကြီးစံအိမ်တွင်အလုပ်မလုပ်ခင်တွင် သူမသည် အာဏာကြီးသောမိသားစုများတွင်အလုပ်လုပ်ဖူးသည်။ အချင်းချင်းတိုက်ခိုက်နေကြသည့်မိန်းမများနှင့်ကိုယ်လုပ်တော်များကို တွေ့ဖူးသည်။ တစ်စုံတစ်ယောက်အား တမ်းတရန်မဆိုထားနှင့်။ လက်ထပ်ရန်ပင် မျှော်လင့်ချက်မရှိပေ။
"တကယ်တော့ ငါမင်းကိုမိတ်ဆက်ပေးမဲ့သူက ကျန်းဟန်ပါ။ သူနဲ့မင်းတွေ့ဖူးကြမှာပါ။ သူကတည်ငြိမ်ပြီးနှုတ်ဆိတ်နေတတ်တဲ့သူ။ ဒီနှစ်ဆို (၂၆)နှစ်ရှိပြီဆိုပေမဲ့ အခုထိ ဘယ်မိန်းမနဲ့မှမဖြစ်ခဲ့ဖူးဘူး။ သူက မိန်းမများတာတို့ တာဝန်ယူမှုမရှိတဲသူမျိုးလည်းမဟုတ်ဘူး။ မင်းသူ့ကိုစဉ်းစားသင့်တယ်။ Zin Lan ငါ့ဘေးကသူတွေကို အိမ်လိုခေါ်တဲ့နေရာမျိုးလေး ငါလုပ်ပေးနိုင်ဖို့ မျှော်လင့်မိပါတယ်"
စုရွှေလျန်က သူမကိုပြောပြီးနောက်တွင် နေ့ခင်းတစ်ရေးအိပ်မည်ဟု ဆင်ခြေပေးကာ သူမကိုအခန်းသို့ ပြန်ခိုင်းခဲ့သည်။ ကျန်းဟန်သည် သူမထက် ဆယ်နှစ်ပင်ကြီးသည်။ လူများသည်မူ အသက်ကြီးသောယောင်္ကျားသည် ဇနီးမယားအား ပို၍ကောင်းကောင်းဂရုစိုက်တတ်သည်ဟု ဆိုကြပေသည်။
သို့သော်လည်း် ထိုခံစားချက်မဲ့နေသောမျက်နှာကို ပြန်စဉ်းစားမိလျှင် ထိုသူသည် 'အချစ်နှင့်မိန်းမအားစောင့်ရှောက်ပေးခြင်း'ဟူသောစကားစုနှင့် အချိတ်အဆက်မိမနေပါ။
"ဟေး မိန်းကလေး ဒါကို ဝါးဥယျာဉ်ဘယ်ဘက်အခန်းထဲယူသွားပေ။ မင်းအားနေရင် ကျိုးနေတဲ့သူ့လက်ကို ပတ်တီးစည်းပေးဖို့ကူပေးလိုက်။ ငါလုပ်စရာရှိလို့။ သွား..မြန်မြန်"
ရှင်းလန်အိမ်မကြီးမှ ထွက်လာလျှင်ထွက်လာချင်းပင် ရွှယ်လီက သူမအား ရေသန့်ဇလုံနှင့်ပတ်တီးများ၊လိမ်းဆေးများပေးလိုက်သည်။ သူမသည် ကြင်နာတတ်သောမိန်းကလေးဖြစ်သောကြောင့် အလျင်စလိုဖြင့် ဝါးဥယျာဉ်ထဲသို့သွားလေ၏။
"အဖေ"
ရွှယ်လီ၏အသံကိုကြားသောအခါတွင် စုရွှေလျန်ကအခန်းအပြင်သို့ထွက်လာသည်။ အခန်းရှေ့မှတိုင်တစ်တိုင်ကိုမှီလိုက်ကာ ရှင်းလန်တစ်ယောက် လက်ထဲတွင်ပစ္စည်းများစွာဖြင့် ထွက်သွားသည်ကို ကြည့်နေမိသည်။ သူမရယ်ရမည်လား ငိုရမည်လားကိုပင် မသိတော့ပေ။
"အဖေ တည့်တိုးမဆန်နေဘူးလား။ သမီးကသူ့ကိုပြောပြယုံရှိသေးတယ်။ အဖေက ကျန်းဟန်နဲ့သီးသန့်စကားပြောနိုင်ဖို့ အခွင့်အရေးဖန်တီးပေးလိုက်ပြီ။ သူသမီးတို့ကို အပြစ်တင်မှာပဲ စိုးမိတယ်"
"အဲ့လိုဆိုလည်းကောင်းတာပေါ့။ ငါအပြည့်အဝတာဝန်ယူပါတယ်"
ရွှယ်လီက သဘာဝကျကျလက်လွှဲကာဖြင့်
"မင်းအစ်ကိုရောက်နေတယ်လို့ကြားမိတယ်"
"ဟုတ်တယ်။ သူကထင်းရှုးဥယျာဉ်ထဲမှာ။ အခု အားယောင်နဲ့အတူရှိလောက်တယ်"
"အဲ့ကလေးက သတင်းရတာမြန်သားပဲ"
ရွှယ်လီက ကျိတ်ရယ်လိုက်သည်။
"ဘာသတင်းလဲအဖေ"
စုရွှေလျန်မေးလိုက်မိ၏။
"ဟီးဟီး ဘာမှမဟုတ်ပါဘူး။ ပျော်စရာကောင်းအောင် သူ့ကိုသွားရှာလိုက်ဦးမယ်"
ရွှယ်လီကပြောပြောဆိုဆိုဖြင့် ထင်းရှုးဥယျာဉ်ဆီသို့ထွက်သွားကာ စုရွှေလျန်သည်မူ တွေဝေစွာဖြင့်နောက်တွင် ကျန်နေခဲ့ပေသည်။
***