← Chapters

အိမ်သုံးအိမ်သည် တစ်အိမ်တည်းဖြစ်လာ၏ (၃)

Vol. 5 Ch. 149

အိမ်သုံးအိမ်သည် တစ်အိမ်တည်းဖြစ်လာ၏ (၃)

Vol. 5 Ch. 149

"အိုက်ယား သခင်လေးရှီ ခြေလှမ်းကိုကြည့်သွားပါဦး"

အသက်ဆယ်နှစ်သာရှိသေးသော အစေခံ ခိုင်ယိသည် ရင်ထိတ်နေရကာ ချစ်စရာကောင်းသော လင်းမိသားစု၏အငယ်ဆုံးကလေးနောက်သို့ ပြေးလိုက်သွားသည်။ ကောင်လေးသည် အိမ်မကြီး၏ဧည့်ခန်းထဲသို့ရောက်သွားကာ သူ့အရပ်ထက် ပို၍ပင်ရှည်သော တံခါးဘောင်ပေါ်သို့ တွယ်တက်နေသည်။ ခြေတိုလေးနှစ်ချောင်းက ယိမ်းယိုင်နေကာ အိမ်ရှေ့သို့ပြေးထွက်လာသည်။

"ဟီးဟီး ခိုင်ယိ ခိုင်ယိမြန်မြန် မြန်မြန်"

သူလှည့်မကြည့်ခင်တွင် လင်းရှီသည် လမ်းတစ်ဝက်မျှပြေးပြီးဖြစ်ကာ သူ့နောက်သို့အမောတကောပြေးလိုက်နေသောအစေခံလေးကိုလက်ပြလိုက်ပြီး အရှိန်မြင့်လိုက်၏။

ပင်ပန်းနေသော ခိုင်ယိသည် နဖူးပေါ်မှချွေးသီးများကို သုတ်လိုက်သည်။ Linမိသားစု၏ တတိယသခင်လေးအား ထိုမျှအားသန်အောင် ဘာများကျွေးထားသလဲဟု သူမတွေးနေမိသည်။ အသက်သုံးနှစ်သားမျှသာရှိသော်လည်း ဆယ်နှစ်ရှိပြီဖြစ်သောမိမိထက် ပို၍အားသန်ပေသည်။

သခင်မသည် ကြင်နာတတ်သောကြောင့် အစေခံများကံကောင်းပေသည်။ ထိုကောင်လေးအားစောင့်ရှောက်ရန် အစေခံသုံးယောက်ကို အလှည့်ကျစောင့်စေသည်။ သို့သော်လည်း နှစ်ဝက်ပြီးနောက်တွင် မီးဖိုချောင်တွင် အကူအဖြစ်လုပ်သည့်အစေခံမှ တတိယသခင်လေးအား စောင့်ရှောက်ရန် ပြောင်းရွှေ့လိုက်ကာ သူမ၏ခန္ဓာကိုယ်ပုံပန်းသွင်ပြင်မှာ များစွာတိုးတက်လာရသည်။ လတ်တလောနှစ်များတွင် သူမသည် ဖျားနာသည်မှာရှားသော်လည်း မနှစ်ကထက် များစွာအရပ်ပိုရှည်လာခဲ့သည်။ သူမ၏လက်ရှိပုံပန်းသွင်ပြင်မှာ လျန်မော့မော့လမ်းပေါ်မှကောက်ယူခဲ့သည့် ပိန်ပါးနေသောမိန်းကလေးနှင့် လားလားမျှမဆိုင်တော့ပေ။

နှစ်ဝက်ကြာသည့်အခါတွင် သူမသည် ထိုနေရာတွင်အသားကျနေပြီဖြစ်၏။ အခြားသောချမ်းသာသည့်မိသားစုများမှ စည်းကမ်းတင်းကြပ်ကာ ကြမ်းတမ်းသောအစေခံဘဝနှင့်စာလျှင် သူမ၏ထိုနေရာတွင် နှစ်ဝက်မျှအစေခံလုပ်ရခြင်းမှာ လွန်စွာမှကောင်းမွန်ကာ သက်တောင့်သက်သာရှိပေသည်။

အလုပ်လုပ်နေစဉ်တွင် သူမ၏နေရာကိုသင်ယူရသည်မှာလွဲ၍ အားလပ်ချိန်တွင် မည်သည့်အကြောင်းအရာကိုမျှစိတ်ပူရန်မလိုပါ။ သူမသည် မြို့ထဲသို့သွားချင်လျှင် ဟဲယွမ်ရှေ့တွင် မနက်(၅)နာရီမှ (၇)နာရီအတွင်း ကျောက်တုံးတံတားရှေ့လာမည့်မြင်းလှည်းအား စောင့်ကာစီးနိုင်သည်။ ပြန်ချင်လျှင်လည်း ဟဲယွမ်ဆားရည်စိမ်ဆိုင်သို့လည်ပတ်ကာ ထိုနေရာမှ မြင်းစီးနိုင်သည်။

သူမက လျန်မော့မော့ကို အားလပ်ချိန်တါင် ပန်းထိုးပစ္စည်းများစုဆောင်းပေးရန် တောင်းဆိုခဲ့ကာ အားလပ်ချိန်တွင် ပန်းထိုးကာ ယွဲ့ယန်ပန်းထိုးအိမ်တွင် ရောင်းချရန်ဖြစ်သည်။ ယွဲ့ယန်ပန်းထိုးအိမ်က ပစ္စည်း၏အရည်အသွေးအရ ပေးချေသည်။ ခိုင်ယိသည် သူမဘာသာ ငွေအမြောက်အများစုဆောင်းမိပြီးဖြစ်သည်။

သူမသည် လမ်းပေါ်တွင်ရှိခဲ့စဉ်က လွန်စွာငယ်ရွယ်ခဲ့သေး၏။ မိဘများမှာ မည်သူမှန်းလည်းမသိကာ သူမကိုယ်သူမ အဖတ်ဆယ်ရန်လည်း မစဉ်းစားမိပါ။ သူမသည် ထိုဘဝတွင်သာ မွေ့လျော်ချင်ခဲ့သည်။

ဟဲယွမ်မှခန့်အပ်ထားသောအစေခံများမှာ ၎င်းတို့ဘာသာကျေနပ်ကာ ဘာအမှားမှမလုပ်မိလျှင် ငါးနှစ်အလုပ်လုပ်ပြီးနောက်တွင် ငွေတုံးဆယ်တုံးရရနိုင်မည် သို့မဟုတ် ကိုယ်ပိုင်အိမ်ရရှိမည်ဟု သခင်မကပြောပြီးဖြစ်သည်။ ငွေတုံးသုံးဆယ်နှင့် မြေတစ်ဧကအိမ်ရရန် မည်သူကဆယ်နှစ်မျှအလုပ်လုပ်မည်ဟု အာမခံမည်နည်း။

ထိုသို့သောငွေကြေးနှင့်အကျိုးအမြတ်များမှာ အစေခံအသစ်များကို တက်ကြွကာ ပျော်ရွှင်စေအောင် အချိန်ကြာသည်အထိ ထိန်းသိမ်းထားနိုင်သည်။

၎င်းတို့သည်ခေါင်းပေါ်ရှိ အမိုးအကာတစ်ခုအတွက်စိတ်ပူစရာမလို၊ နေ့စဉ်အစားအသောက်အတွက် စိတ်ပူစရာမလို၊ ဒင်္ဂါးပြားရာချီရှိနိင်ရန်လည်း စိတ်ပူစရာမလိုပေ။ ငါးနှစ် သို့မဟုတ် ဆယ်နှစ်အလုပ်လုပ်ပြီးနောက်တွင် ဆုကြီးကြီးပင်ရနိုင်ပေသေးသည်။ ခိုင်ယိနှင့် အခြားသောအစေခံအသစ်များမှာ ၎င်းတို့၏အလုပ်ကို အကောင်းဆုံးကြိုးစားကြသည်။ ဟဲယွမ်အပြင် ထိုမျှကောင်းသောသခင်များကို မည်သည့်နေရာတွင် ရှာတွေ့နိုင်မည်နည်း။

"ခိုင်ယိ ငါက တတိယသခင်လေးကိုစောင့်ရှောက်ဖို့လာခဲ့တာ။ သခင်က သူ့ကိုလာတွေ့ဖို့ နင့်ကိုပြောလိုက်တယ်"

ခိုင်ယိ အသက်မျှသာရှိသော ခိုက်လျန်သည် အပြေးရောက်လာကာ အလုပ်ချိန်ရွှေ့လိုက်၏။

"ကောင်းပြီ။ ဒါကရေဘူး။ မနက်ခြောက်နာရီက သူက ဆန်ပြုတ်ပန်းကန်သေးလေးတစ်လုံးနဲ့ ပေါက်စီနှစ်လုံးစားပြီးပြီ"

ခိုင်ယိက ခပ်လှမ်းလှမ်းတွင်ကစားနေသော လင်းရှီကို လက်မပြခင်တွင် ဂရုတစိုက်ရှင်းပြလိုက်၏။

"တတိယသခင်လေး ဒီအစေခံက သခင်မကိုသွားကူညီလိုက်ဦးမယ်။ ခိုက်လျန်က သခင်လေးနဲ့ ကစားပေးပါလိမ့်မယ်"

"ရတယ်။ တတိယသခင်လေးက ငါတို့အလှည့်ပြောင်းတာကို ကျင့်သားရနေပြီ။ တစ်ချိန်လုံးပြောနေဖို့မှမလိုအပ်ဘဲ"

ခိုက်လျန်က သူမကိုတွန်းကာ ရယ်လိုက်၏။

"မြန်မြန် သခင်မ စောင့်နေတယ်"

စုရွှေလျန်က လက်ထဲရှိ ဘီးကိုချထားလိုက်ပြီး ရေးထားသောလက်ဆောင်စာရင်းကို မှုတ်ကာအခြောက်ခံလိုက်သည်။ ရက်အနည်းငယ်အတွင်းတွင် လျန်ရွှမ်ကျင်း၏ အသက်ငါးဆယ်မြောက်မွေးနေ့သည် ကျရောက်တော့မည်ဖြစ်သည်။ သူမသည် ခေါင်းကိုညှစ်ထုတ်ကာ အထူးတလည်လက်ဆောင်ကိုစဉ်းစားနေရသည်။ ထို့နောက်တွင်မူ သူမသည် ကွမ်းချီအိမ်တော်ကို န်းမြို့တော်ဆီသို့ လက်ဆောင်ပို့ခိုင်းမည်ဖြစ်သည်။

"သခင်မ ခိုင်ယိကိုခေါ်ပါသလား"

ခိုင်ယိက စာကြည့်ခန်းအပြင်တွင်ရပ်နေသည်။ စာကြည့်ခန်းထဲရှိ ကျက်သရေရှိကာလတ်ဆတ်သောလေသည် သူမကို ခြိမ်းခြောက်လိုက်သည်။

"မင်းရောက်ပြီလား။ ဝင်ခဲ့။ ထိုင်ပြီးစကားပြောကြမယ်"

စုရွှေလျန်ကလှည့်လိုက်သောအခါတွင် ခိုင်ယိကိုတွေ့လိုက်ရသည်။ သူမသည် ကောငမလေးအား လက်ပြကာ အထဲသို့ဝင်ရန် အချက်ပြလိုက်၏။

"ဒီအစေခံက ဒီအစေခံက...ဒီမှာပဲ ရပ်နေနိုင်ပါတယ်"

ခိုင်ယိက မြေခွေးဖြူရောင်မြေကြီးနှင့် သူမ၏မြက်များပေနေသော ပန်းထိုးဖိနပ်ကိုသာကြည့်နေလေသည်။ သူမထိုနေရာတွင် ရှက်ရွှံ့စွာရပ်နေမိသည်။

ခိုင်ယိပြောသည်ကိုနားထောင်ရင်းဖြင့် စုရွှေလျန်က ကောင်မလေး၏ဖိနပ်ကို သတိထားမိသည်။ သူမက ပြုံးလိုက်ပြီး

"ထူးဆန်းတဲ့ ရှီအာက မြက်တောထဲကို ထပ်ပြေးပြန်ပြီလား။ ဝင်ခဲ့ပါ။ ရပါတယ်"

ခိုင်ယိသည် သူမ၏ကြင်နာသနားတတ်သောသခင်မကြောင့် စိတ်ခံစားသွားရသည်။ သူမက အခန်းထဲတွင် ဂရုတစိုက်ရပ်နေသည်။

"သခင်မ ဒီစေခံကိုခေါ်ရတာက..."

"ခိုင်ယိ မင်းက သတိထားတတ်ပြီး စေ့စပ်တဲ့သူပဲ။ မင်းဆားရည်စိမ်ဆိုင်မှာ အလုပ်လုပ်ချင်လား"

စုရွှေလျန်က လက်ဆောင်စာရင်းကိုခေါက်ပြီး ခိုင်ယိကို စာကြည့်ခန်းထဲရှိထိုင်ခုံပေါ်တွင် ထိုင်စေသည်။

"ကျွန်မ လုပ်ချင်ပါတယ်။ ဒါပေမဲ့ သခင်လေး...။"

ဟဲယွမ်၏စီးပွားရေးလုပ်ငန်းတွင် အလုပ်လုပ်နိုင်ခြင်းမှာ ၎င်းတို့ကဲ့သို့ အစေခံအသစ်များ၏အိပ်မက်ပင်ဖြစ်သည်။ ၎င်းတို့သည် ရှင်းလန်ကို လွန်စွာအားကျကျသည်။ သူမသည် ပထမတန်းစားအစေခံဖြစ်ခဲ့ကာ ယခုတွင် အဓိကစီမံခန့်ခွဲသူအဖြစ်လုပ်ဆောင်နေပြီဖြစ်သည်။ အစေခံတစ်ယောက်မှ ထိုနေရာအထိ တက်လှမ်းနိုင်သည်မှာလွန်စွာကံကောင်းပေသည်။ ၎င်းတို့သည် စီမံခန့်ခွဲသူမဖြစ်နိုင်လျှင်ပင် အကူဝန်ထမ်းဖြစ်ယုံနှင့်ပင် လုံလောက်ပေပြီ။ အရေးကြီးဆုံးမှာ ဆားရည်စိမ်တွင်အလုပ်လုပ်ရခြင်းသည် ဖန်းဟွာကျောင်းသို့သွားကာ စာရေး၊ စာဖတ်နှင့် ဂဏန်းသင်္ချာကိုလည်း သင်ယူနိုင်လိမ့်မည်ဟု ဆိုလိုခြင်းပင်ဖြစ်သည်။ သုံးလတာလေ့ကျင့်ရေးသည် သူမအတောင့်တရဆုံးအရာပင်ဖြစ်သည်။

"ဒီကအလုပ်တွေအတွက် စိတ်ပူစရာမလိုပါဘူး။ အဲ့အကြောင်းကိုစဉ်းစားပါ။ မင်းသွားချင်တယ်ဆိုရင် မင်းအတွက်ကျောင်းတက်ဖို့စီစဉ်ပေးပါ့မယ်"

"ဟုတ်ကဲ့။ ခိုင်ယိအဲ့မှာပဲ အလုပ်လုပ်ချင်ပါတယ်"

ဆယ်နှစ်အရွယ်ကလေးမသည် အမှန်ပင် သူမကိုယ်သူမ ပို၍ကောင်းမွန်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်၏။

"ကောင်းပြီ။ အဲ့လိုဆို မနက်ဖြန်ကစပြီး မင်းကျောင်းကိုစာသင်သွားရလိမ့်မယ်။ သုံးလပြီးလို့ ဆရာရဲ့စမ်းသပ်ချက်အောင်ရင် ဖန်းလော့မြို့ကိုသွားပြီး အဲ့မှာတစ်နှစ်အလုပ်လုပ်ရမယ်။ တစ်နှစ်ပြီးရင် ဟဲယွမ်ဆားရည်စိမ်ဆိုင်ခွဲကို ရွှေယွဲ့မြို့မှာ ဖွင့်လိမ့်မယ်။ အဲ့မှာ မင်းရှင်းကျီနဲ့အတူ အလုပ်လုပ်ပါ။ မင်းကိုယ်မင်းယုံကြည်ထားပါ။ မင်းလုပ်နိုင်ပါတယ်"

သူမလုပ်နိုင်ပေသည်။ သခင်မကလည်း လုပ်နိုင်သည်ဟု ပြောခဲ့သည်။ ခိုင်ယိသည် ရှင်းလန်ဆီမှသင်ယူကာ နန်းမြို့တော်သို့ရောက်သည်အထိ အောင်မြင်အောင်မြင့်မြင့်ပျံသန်းမည်ဖြစ်သည်။ အောင်မြင်ရန်နှ့င် သူမ၏အောင်မြင်မှုများကို သူမကိုစက်ဆုပ်ကာ စွန့်ခွာခဲ့ကြသောသူများကို ပြမည်ဖြစ်၏။

စုရွှေလျန်သည် စာကြည့်ခန်းထဲရှိ ပြတင်းပေါက်ကိုမှီကာ ခိုင်ယိက သူမကိုယ်သူမ သတ္တိမွေးရန် လက်လုံးလုံးလေးများကို လက်သီးဆုပ်ကာ အပြင်သို့လျှောက်ထွက်သွားသည်ကို ကြည့်နေမိသည်။ သူမပြုံးမိသွား၏။ ဆားရည်စိမ်ဆိုင်ပင်ဖြစ်စေ သစ်သားအလုပ်ရုံပင်ဖြစ်စေ သို့မဟုတ်လျှင် အခြားသောစီးပွားရေးပင်ဖြစ်စေ ၎င်းတို့နောက်ပိုင်းဖွင့်လျှင် သူမ၏အစဦးဆန္ဒမှာ ရိုးရှင်းပေသည်။ သူမဘေးရှိ လူအားလုံးအတွက် ၎င်းတို့အလိုရှိကာ ထိုက်တန်သည့်ပျော်ရွှင်မှုကို ရှာဖွေပေးရန်ဖြစ်သည်။

သူမသည် မကြာခဏဆိုသလိုပင် ကျင်းကျီ နှင့် ယင်းယွင်တို့ဖြင့် ဆွေးနွေးမိ၏။ ဟဲယွမ်အတွက် အကျိုးရှိကာသင့်လျော်သောအစီအစဉ်များကိုပြထားရန် အချိန်ကောင်းကိုရွေးချယ်မည်။ ဥပမာအားဖြင့် ဆားရည်စိမ်ဆိုင်ကို လွန်ခဲ့သောနှစ်နှစ်က ဖွင့်လှစ်ခဲ့ကာ သစ်အလုပ်ရုံကို လွန်ခဲ့သောတစ်နှစ်က ဖွင့်လှစ်ခဲ့သည်။

သစ်အလုပ်ရုံအကြောင်းပြောရလျှင် ဟွမ်ရှားမြို့ရှိ ကွမ်းချီအိမ်တော်၏ လျှို့ဝှက်အခြေစိုက်ကိုရှေ့အခန်းခြောက်ခန်းအဖြစ် တိုးချဲ့ပြီးဖြစ်၏။

နှစ်ဝက်တိုင်းတွင် လင်းစစ်ယောင်က ကွမ်းချီအိမ်၏အဆင့်မြင့်အဖွဲ့ဝင်များကိုတရှီတောင်သို့ခေါ်ယူကာ သစ်နှင့်အခြားသောပင်ပျိုများကို စိုက်ပျိုးစေသည်။ အလုပ်ရုံမှသစ်များသည် ထိုအရင်းအမြစ်မှလာခြင်းဖြစ်သည်။

ပြုပြင်ပြောင်းလဲပြီးနောက်တွင် သစ်အလုပ်ရုံသည် အခြားသောပရိဘောဂများကိုလည်း ရောင်းချခဲ့သည်။ ဟဲယွမ်မှလက်သမားများလုပ်ထားသော ပရိဘောဂများဖြစ်သည်။ ရောင်းချလိုက်ရသောပစ္စည်းတိုင်းအတွက် ဆိုင်နှင့်လက်သမားသည် လေးချိုးခြောက်ချိုး ဝေပုံကျရ၏။ ဟဲယွမ်ရှိ လက်သမားများအတွက် အလုပ်ရှည်ဖန်တီးပေးရန် အကူအညီဖြစ်၏။

ကျောက်ပန်းပုနှင့်ဆောက်လုပ်ရေးလုပ်သားအဖြစ်လုပ်ကိုင်သောအခြားရွာသားများသည်လည်း သီးသန့်စံအိမ်များဘေးတွင် ၎င်းတို့၏စာချုပ်ချုပ်ထားသောအလုပ်များကိ ထိန်းသိမ်းရန် အလုပ်လုပ်ကြရသည်။

စံအိမ်သုံးခုက တစ်ခုတည်းဖြစ်လာပြီးနောက်တွင် မြို့သုံးမြို့၏ရွာသားများက ဟဲယွမ်ကို မည်သို့တန်ဖိုးထားလာကြောင်းပင်ဖြစ်သည်။ အားလုံးက ဟဲယွမ်ကို ၎င်းတို့အိမ်ကြီးဟု မှတ်ယူကြသည်။ အကြီးအကဲသုံးဦးက သီးသန့်စံအိမ်၏ တာဝန်အသီးသီးကို စီမံကွပ်ကဲကြသည်။ လတိုင်း၏ ရှစ်ရက်မြောက်နေ့တွင် ၎င်းတို့သည် ဖန်းဟွာစံအိမ်ရှိ ဘိုးဘေးခန်းမသို့လာကာ အခြားသောစီမံခန့်ခွဲရေးမှူးများဖြင့် အစည်းအဝေးလုပ်ကြသည်။ လွန်ခဲ့သောလက အခြေအနေများကိုအကျဉ်းချုံးတင်ပြပြီး အစီအစဉ်သစ်များကို ပြုလုပ်ကြသည်။ ထို့နောက်တွင် ဟဲယွမ်မှ ရွာသားများအတွက် သတင်းကိုကြေညာပေးသည်။

သုံးနှစ်တာကာလကုန်လွန်ပြီးနောက်တွင် အဆက်မပြတ်ပြုပြင်ပြောင်းလဲမှုများပြီးနောက် မိသားစုသုံးစု၏သီးသန့်စံအိမ်ဖြစ်လာသော ဟဲယွမ်သည် ယခုတါင် အားလုံး၏ရင်ထဲ၌ အားလုံးချီးမွမ်းကြရမည့် မိသားစုကြီးဖြစ်လာသည်။

"မင်းဘာတွေစဉ်းစားနေတာလဲ"

သာယာသောအသံခပ်တိုးတိုးလေးက သူမနောက်မှ ထွက်ပေါ်လာသည်။ ထို့နောက်တွင် နွေးထွေးခန္ဓာကိုယ်က သူကျောသို့ကပ်သွား၏။

"ရှင်အိမ်ပြန်ရောက်ပြီပဲ"

သူမက လှည့်လိုက်ကာ သူ၏ချစ်စိတ်ပြင်းပြသောအနမ်းကိုလက်ခံလိုက်သည်။

သူ၏ရင်ဘတ်ထဲတွင် နူးညံ့စွာ ကျဆင်းသွားခါမှ သူမ၏နှုတ်ခမ်းဖူးဖူးလေးကို လွှတ်ပေးလိုက်၏။

"အင်း ဒီနေ့က နဂါးလှေပွဲတော်နေ့လေ။ ကျန်းဟန်က အိမ်ကိုအပြေးပြန်ချင်နေတာ"

သူက ရှင်းပြလိုက်သည်။ ထင်ရှားသောစိတ်ဆန္ဒပါဝင်နေ၏။

"ရှင်ကရော။ ရှင်ကရော အိမ်ကိုအပြေးပြန်မလာချင်ဘူးလား"

သူမက တခစ်ခစ်ရယ်မောကာ သူ၏လက်မျးကိုတွန်းရန်ကြိုးစားလိုက်သောအခါတွင် သူက ပို၍တင်းကြပ်စွာဖက်ထားလိုက်၏။

"မင်းသိပြီးသားပါ"

သူမကိုပွေ့ကာ အိပ်ခန်းထဲသို့ခေါ်သွား၏။

“အားယောင် နေ့လည်စာစားချိန်ရောက်တော့မယ်..."

သူမက ညင်သာစွာဖော်ပြလိုက်၏။ ယနေ့သည် ဟဲယွမ်၏အိမ်သုံးအိမ်ကြားတွင် လစဉ်စုပေါင်းညစာစားပွဲဖြစ်သည်။ ၎င်းတို့ပျက်ကွက်လျှင်မကောင်းပေ။

"ကိုယ်ဂရုမစိုက်ပါဘူး..."

သူကတိုးတိုးလေးပြောလိုက်၏။ ၎င်းတို့၏နွေးထွေး၍သက်တောင့်သက်သာရှိသောအိပ်ခန်းထဲသို့ဝင်ရောက်သွားသောအခါတွင် သူမ၏ခန္ဓာကိုယ်လေးကို သူ့အောက်တွင်ထားလိုက်သည်။ သူမ၏နူးညံ့ကာ ရနံ့သင်းသောခန္ဓာကိုယ်လေးကို မဖုံးအုပ်ခင်တွင် အဝတ်အစားများကို ချွတ်လိုက်၏။

"အင်း..."

သူသည် သူမထဲသို့ ဝင်ရောက်လာသောအခါတွင် မညည်းဘဲမနေနိုင်ပေ။

သူမအပေါ်တွင် လှုပ်ရှားနေသော်လည်း မျက်လုံးများက သူမ၏ဖျော့တော့သောခန္ဓာကိုယ်လေးကို လေ့လာနေသည်။

"မင်းနာလား"

ခန္ဓာကိုယ်ဝမ်းဗိုက်အောက်ပိုင်းရှိဆန္ဒကိုချိုးနှိမ်ရန် ကြိုးစားလိုက်သည်။ ကျန်းဟန်နှင့်အတူ အလုပ်လုပ်ရန်သွားသောလဝက်အတွင်းတွင် သူမကို မည်မျှသတိရနေကြောင်း ကောင်းကင်သာသိပေမည်။ သူမ၏နူးညံ့သောခန္ဓာကိုယ်လေး၊ တောက်ပသောအပြုံးလေးနှင့် အထဲတွင်သူ၏ဝိညာဉ်ပျောက်ဆုံးသွားသည်အထိ တင်းကြပ်သောနေရာလေးကို သတိရနေခဲ့သည်။

"ဟင့်အင်း မနာပါဘူး..."

သူကမ ချွေးများထွက်နေသော သူ၏မျက်နှာကို ဖက်ထားလိုက်ပြီး သူမ၏ခန္ဓာကိုယ်အောက်ပိုင်းအား ရစ်ပတ်ကာ ပြုံးပြလိုက်သည်။ သူ့အတွက်မူ ချမ်းသာခြင်းကဲ့သို့ပင်။ သူဆန္ဒရှိသကဲ့သို့ လှုပ်ရှားရန်ခွ့င်ပြုနေပေသည်။

သူ၏အပူဓာတ်ကို သူမခန္ဓာကိုယ်ထဲတွင် ထုတ်လွှတ်မိသည်အထိ သူစိတ်ကျေနပ်သွားသည်အထိ သူမကိုဖက်ထားကာ မျက်လုံးများမှိတ်ကာ အနားယူနေပေ၏။

"အဆင်ပြေပြေပြီးသွားလား"

သူမက သူ၏ရင်ဘတ်ပေါ်တွင် မှီကာ သူ၏နှလုံးခုန်သံကို နားထောင်နေမိသည်။ တဖြည်းဖြည်းတည်ငြိမ်လာပြီး သူမက ညင်သာစွာမေးလိုက်၏။ ယခုတစ်ခေါက်တွင် သူသည် ကျန်းဟန်ကို ဖုန်းယောင်တရားရုံးသို့ခေါ်သွားကာ ဖုန်းယောင်တရားရုံး ဌာနချုပ်ကို ပြောင်းရွှေ့မည့်ကိစ္စကို ပြောကြခြင်းဖြစ်သည်။ သူသည် ယွင်လော့ဘုရားသို့သွားကာ ကျယ်ရှို့ကိုယ်တော်ဆီသို့လည်း သွားလည်ခဲ့၏။

"အင်း။ အပြီးသတ်ခါနီးပါပြီ။ စစ်ထိုက နွေဦးပွဲတော်အတွက် လာတဲ့အခါကျရင် အားလုံးအခြေချပြီးတော့မှာ"

သူက သူမ၏ဆံပင်များကို ဖွကာပြောနေ၏။

စစ်ထိုသည် လင်းလုံကို ဖုန်းယောင်တရားရုံး၏သခင်အသစ် အမြဲဖြစ်လာစေချင်ခဲ့ကာ လင်းလုံသည်လည်း ကျွာကျုံးပွဲအတွင်းတွင် ဖုန်းယောင်တရားရုံး၏ကျောက်စိမ်းလပ်စွပ်ကို ရွေးချယ်ခဲ့သည်။ အသက်(၁၃)နှစ်မပြည့်ခင်တွင် လင်းစစ်ယောင်သည် ထိုကောင်မလေးအား ထိုနေရာနှင့်ဝေးအောင် အကောင်းဆုံးကြိုးပမ်းမည်ဖြစ်သည်။ သမီးအတွက်အချစ်ကိုဘေးဖယ်ထားလိုက်လျှင် လင်းလုံ၏ စိတ်ဓာတ်သည် ထိုအဖွဲ့အစည်းမျိုး၏ခေါင်းဆောင်ဖြစ်လာရန် အမှန်ပင်သင့်လျော်ပေသည်။

ထို့ကြောင့် သူသည် ဌာနချုပ်အား နေရာပြောင်းရွှေ့ရန်ဆုံးဖြတ်လိုက်ရသည်မှာ သမီးဖြစ်သူအား အိမ်အနီးတွင် နေစေချင်သောကြောင့်ဖြစ်သည်။ သို့သော် စစ်ထိုနှင့် ကျန်းယွဲ့ကြားကဆက်ဆံရေးကိုလည်း အဆင်ပြေစေချင်မိသည်။ အဓိကသူနှစ်ယောက်မှာ ရှင်းရှင်းလင်းလင်းမလုပ်ကြသေးသော်လည်း စူးရှသောအမြင်ရှိသည့်သူတိုင်းသည် ၎င်းတို့အတိတ်မှာ ယခုထက်ထိ မလွန်မြောက်သေးကြောင်း မြင်နိုင်ပေသည်။ သို့သော်လည်း ကျန်းယွဲ့သည် ရွှယ်လီ၏အမိန့်ကြောင့် ဟဲယွမ်မှထွက်မသွားနိုင်ကာ စစ်ထိုသည်လည်း သူမကိုရှောင်ရန်ဆင်ခြေဖြင့် ဖုန်းယောင်တရားရုံးကိုအသုံးချနေသည်။ သုံးနှစ်ပင်ရှိပြီဖြစ်ကာ ၎င်းတို့သည် ယခုထက်ထိပို၍မနီးစပ်ကြသေးသော်လည်း တဖြည်းဖြည်းဖြင့် ဝေးကွာခြင်းမှာ လွင့်ပါးသွားသည်။

အစ်ကိုကြီးဖြစ်သူ ကျန်းဟန်မှာ လင်းစစ်ယောင်နှ့င်အတူ ပြန်လာခဲ့သည်။ သတိထားသောဆုံးဖြတ်ချက်ချပြီးနောက်တွင် ကျန်းဟန်ကို ဖုန်းယောင်တရားရုံးသို့ခေါ်သွားကာ ဌာနချုပ်ကို ဖန်းဟွာမြို့သို့ပြောင်းရွှေ့မည့်အကြောင်းကို စစ်ထိုနှင့်ပြောစေသည်။ ဌာနချုပ်သည် မည်သည့်နေရာတွင်ပင်ရှိစေ စီးပွားရေးကို အကျိုးသက်ရောက်မှုမရှိပေ။ သို့သော် ထိုပြောင်းလဲမှုမှာ ခဲတစ်လုံးဖြင့် ဌက်နှစ်ကောင်သတ်လိုက်ခြင်းပင်ဖြစ်ပေလိမ့်မည်။

"စစ်ထိုသဘောတူရင်ကောင်းမယ်"

"သူသဘောတူတာပေါ့။ သူက ထွက်ဖို့လမ်းတစ်လမ်းဘဲလိုအပ်ခဲ့ယုံတင်ပါ။ သူမျက်နှာမပျက်ချင်ပါဘူး"

စစ်ထို နှင့် စစ်လော့သည် ဆင်တူကြကာ နှစ်ယောက်လုံးမှာလည်း လွန်စွာကိုးရိုးကားရားနိုင်ပေသည်။

"အချစ်က လမ်းရှာပေးလိမ့်မယ်"

သူမ သက်ပြင်းချလိုက်မိ၏။ စစ်လော့နှင့် ယင်းယွင်၊ စစ်ထိုနှင့် ကျန်းယွဲ့ ထိုအတွဲနှစ်တွဲသည် နှလုံးသားစေစားရာကိုနားထောင်ကာ အနာဂတ်တွင် အတူတူပေါင်းစည်းနိုင်ရန်သာ သူမ မျှော်လင့်မိတော့၏။

***

All Chapters