← Chapters

ဦးရီးတော်၏စစ်သည်တော်များ

Vol. 5 Ch. 155

ဦးရီးတော်၏စစ်သည်တော်များ

Vol. 5 Ch. 155

"စစ်သားတချို့ကို မင်းနဲ့မပြောင်းချင်ဘူးလား"

လော့ရှားအာက ခန္ဓာကိုယ်ကို လှုပ်ယမ်းကာ လျန်အန်းဇိုင်တစ်ယောက် နန်းတော်မှထွက်လာသည်ကို ကြည့်နေလေသည်။ သူက တံခါးဘောင်ကိုမှီလိုက်ပြီး နောက်တစ်ဖန် အတည်ပြုလိုက်၏။

"ဖန်းလော့မြို့က ဘယ်လောက်ကြီးတယ်လို့ မင်းထင်လဲ။ တပ်ရင်းတစ်တပ်လောက်ငါနဲ့ခေါ်သွားရင် သူတို့ကို ဘယ်မှာနေရချပေးရမှာလဲ"

လျန်အန်းဇိုင်က မျက်ခုံးပင့်ပြလိုက်ကာ နန်းတော်အပြင်တွင်စောင့်နေသော မြင်းပေါ်သို့ ခုန်တက်သွား၏။

"ကောင်းပြီလေ။ မင်းမှာ စစ်သည်တော်ရောရှိလား"

လော့ရှားအာက ပြုံးကာမေးလိုက်သည်။ သူသည် မနာလိုနေသည်ကို ဝန်ခံသည်။ သူ့ရှေ့မှ နှလုံးသားမရှိသောယောင်္ကျားအား မနာလိုနေခြင်းပင်။ ထိုယောင်္ကျားက လက်ပြကာ ညီလာခံမှာဖိအားများအားလုံးကို သူ့ပေါ်သို့လွှဲပေးလိုက်ပြီး ပစ္စည်းများထုပ်ပိုးကာ လက်ထပ်ရန် တောင်ပိုင်းသို့သွားတော့မည်ဖြစ်သည်။

"များတယ်ဆိုရင်တောင်မှ မင်းတို့စစ်တပ်နဲ့ မယှဉ်နိုင်ပါဘူး။ ကိုယ်စားအုပ်ချုပ်သူအရှင်ရေ မေ့သွားပြီလား။ ဖန်းလော့မြို့နဲ့ တဟွေ့နဲ့က အခု ဘယ်သူသာတယ်နာတယ်ဆိုတဲ့ပက်သက်ဆက်နွယ်မှုမျိုး မရှိတော့ဘူးနော်။ ဆိုလိုတာ..."

လျန်အန်းဇိုင်ရပ်လိုက်ကာ မျက်နှာကိုမော့လိုက်ပြီး

"ငါကအခု ဖန်းလော့တိုင်းပြည်သေးသေးလေးရဲ့ ဦးရီးတော်ပါ။ ငါတို့မှာ နှစ်တိုင်း တဟွေ့ကို လက်ဆောင်ပဏ္ဏာတွေဆက်ရဦးမယ်။ ငါတို့ ပိုက်ဆံစုရတော့မှာ"

"တော်လိုက်တော့"

လော့ရှားအာက မျက်ခုံးပင့်လိုက်ပြီး ဒေါသပုန်ထကာ

"မင်းသားကြီးစံအိမ်ရဲ့ပိုင်ဆိုင်မှုတွေ ဒီနှစ်တွေမှာ မင်းဓားပြတိုက်ခဲ့တဲ့အဲ့ငွေတွေ... မင်းပိုင်ဆိုင်မှုတွေက တဟွေ့နန်းတော်တစ်ခုလုံးကိုတောင် ဝယ်လို့ရတယ်"

"အာ အစ်ကိုလော့ ဘာလို့ ငါ့ကို ဒီလိုမျိုး အထင်လွဲနေရတာလဲ။ ငါ့ခံစားချက်တွေကို နာကျင်စေတယ်နော်။ အစ်ကို့ရဲ့အကူအညီမပါဘဲ ဘယ်လိုလုပ် ငါတို့စစ်သည်တွေက ဒီနေ့ရဲ့ ကြီးပွားချမ်းသာမှုတွေရှိမှာလဲ။ ဒါပေမဲ့ စစ်သည်တွေက ဓားပြတိုက်ပါတယ်လို့ ဘယ်လိုလုပ်ပြောနိုင်ရတာလဲ။ ဒီနှစ်ထဲမှာကို ဆုံးရှုံးမှုတွေကိုပြင်ဖို့ ငွေဘယ်လောက်ထုတ်ပေးလိုက်ရလဲကို မသိတော့ဘူး"

"ကောင်းပါပြီ ကောင်းပါပြီ။ ထားလိုက်ပါတော့။ မင်းက အဲ့အကြောင်းပြောလာတော့ စိတ်အနှောင့်အယှက်ဖြစ်လို့ပါ။ မင်းငါ့ကို ကတိပေးထားကို မှတ်ထားနော်။ မြန်မြန်သွားပြီး ရွှယ်မင်တိုင်းပြည်နဲ့ သဘောတူစာချုပ်မှာ လတ်မှတ်ထိုးခဲ့။ အဲ့လိုမှမဟုတ်ရင် မင်းအရှေ့နေနေအနောက်နေနေ ငါဂရုစိုက်နေမှာမဟုတ်ဘူး။ မင်းကို ဒီကိုပြန်ခေါ်လာပြီး ငါ့အတွက် စစ်တပ်ဌာနရဲ့ အမတ်လုပ်ခိုင်းပစ်မှာ"

"စိတ်မပူပါနဲ့။ သဘောတူညီမှုစာချုပ်ကို လက်စသတ်ဖို့ ပြင်ဆင်နေပါတယ်။ မင်းဆီကိုပို့ပေးလိုက်မှာမလို့ ကွမ်းချီအိမ်တော်ကိုသာ စောင့်နေပါ"

လျန်အန်းဇိုင်က ခေါင်းမော့ကာ ကောင်းကင်ကိုစစ်ဆေးလိုက်ပြီး နေသည် အနောက်အရပ်တွင်ပင် ရောက်နေပြီဖြစ်သည်။ သူက မြင်းကို အလောတကြီးလှည့်လိုက်ပြီး လော့ရှားအာကို နှုတ်ဆက်လက်ပြလိုက်သည်။

"နောက်ကျတော့မယ်။ မင်းနဲ့စကားဆက်ပြောနေရင် ကန္တရထဲမှာ တဲထိုးနေရလိမ့်မယ်။ မင်းအချိန်ရရင် ငါတို့တိုင်းပြည်လေးဆီ လာလည်လှည့်ဦး"

လော့ရှားအာက နန်းတော်တံခါးဝတွင် ရပ်ကာ ထိုသူသည် အဝေးသို့မြင်းစီးသွားသည်ကို ကြည့်နေမိသည်။ ထိုလူ၏ပုံရိပ်ပျောက်ကွယ်သွားသောအခါမှ သူက သက်ပြင်းချလိုက်ပြီး လှည့်ကာ နန်းတော်ထဲသို့ ပြန်ဝင်လာ၏။

မင်းကြီး၏အခြေအနေမှာ ပြင်းထန်နေပေသည်။ ငါးနှစ်သားမင်းသားလေးအား ပုလ္လင်လွှဲပေးခြင်းမှာ လျန်အန်းဇိုင်နှင့်သူ၏ပူးပေါင်းဆောင်ရွက်မှုကြောင့် အဆင်ပြေချောမွေ့သွားသည်။ သူသည် ကိုယ်စားအုပ်ချုပ်သူအရှင်ဖြစ်လာသည်ဟုသောသတင်းများမှာ နန်းတော်တစ်ခုလုံးပျံ့နှံ့သွားကာ တဟွေ့ပြင်ပသို့ပင် သတင်းရောက်သွားသည်။ ၎င်းတို့အား ပြောကြမည်ဖြစ်ကာ အထူးသဖြင့် သူ့ကိုပင်ဖြစ်သည်။

သို့သော်လည်း သူနှင့် လျန်အန်းဇိုင်သာ အမှန်တရားကိုသိပေသည်။ မင်းကြီး အသည်းအသန်ဖြစ်ကာ မောင်းမများ ဖရိုဖရဲဖြစ်နေစဉ်တွင် ၎င်းတို့က အဘယ့်ကြောင့် မင်းသားကိုးအား ထီးနန်းလွှဲရာတွင် ကူညီခဲ့ပါသနည်း။ အဘယ့်ကြောင့်ဆိုသော မင်းသားများကြားတွင် မင်းသားကိုးသည် ညီမဖြစ်သူ၏တစ်ဦးတည်းသောသားဖြစ်သည်။ အစ်မဖြစ်သူက မင်းသားကိုးအား မွေးဖွားပြီးကွယ်လွန်ခဲ့သည်ဟုဆိုကြသည်။ သို့သော် သူမမှာ လီဝမ်ရှို့၏ကိုယ်လုပ်တော်အသစ်ကြောင့် အံ့ဩထိတ်လန့်သွားကာ သေဆုံးသွားရခြင်းဖြစ်သည်။

သူသည် လောကကြီးကို လီမိသားစုဆီမှ မလိုချင်ပေ။ သို့သော်လည်း တူလေးအား အဖေတူအမေကွဲညီအစ်ကိုများက ဝိုင်းအနိုင်ကျင့်မည်သို့ မမြင်လိုပေ။ ထို့ကြောင့် လျန်အန်းဇိုင်၏ စစ်သည်များအား မင်းကြီးကို ခြိမ်းခြောက်ရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။ မင်းကြီးသည် သူ၏တောင်းဆိုမှုအား လက်မခံလျှင် သူ၏မောင်းမများကိုထားခဲ့ရမည်ဖြစ်ကာ လီမိသားစု၏ သားဆက်များအားလုံးကို သတ်ပစ်မည်ဟု ခြိမ်းခြောက်ပေသည်။

တဟွေ့၏တော်ဝင်မိသားစုသည် သွေးချောင်းစီးမှုအား ရင်ဆိုင်ရမည်ဖြစ်သည်။

လီဝမ်ရှို့တွင် ကိုယ်လုပ်တော်နှင့်ဇနီးများစွာရှိသော်လည်း သူ၏မိဖုရားခေါင်ကြီးတွင်မူ သမီးနှစ်ယောက်သာရှိသည်။ ထို့ကြောင့် ပုလ္လင်ကိုဆက်ခံရန် သားမရှိပေ။ ထီးနန်းကိုမည်သူပင်ယူစေကိစ္စမရှိပေ။ အားလုံးသည် ကိုယ်လုပ်တော်များမှမွေးထားသောသားများသာဖြစ်သည်။ ယခုတွင် ငါးနှစ်သားမင်းသားက မင်းကြီး၏သဘောတူညီမှုဖြင့် ထီးနန်းရရှိကာ သူက ကြီးကြပ်ညွှန်ကြားနေလေသည်။

ဖုန်ချင်းခေတ်သည် ထိုနေရာတွင် အဆုံးသတ်လေပြီ။ ထို့နောက်တွင်မူ ရှင်းချီအုပ်ချုပ်ရေးစနစ်၏ ပထမဆုံးသောနှစ်ပင်ဖြစ်သည်။

နောက်ဆုံးနေရောင်ခြည်တန်းလေးသည် ယွဲ့ခွေ့မြို့ပေါ်သို့ကျရောက်လာသည့်အခါတွင် လူတစ်ဦးနှင့်မြင်းတစ်ကောင်သည် မြို့ထဲသို့ ဝင်လာ၏။

"သခင် နောက်ဆုံးတော့ရောက်လာပြီပဲ။ စောင့်လိုက်ရတာကိုး"

အပြာရောင်ဝတ်စုံဝတ်ထားသော အသက်နှစ်ဆယ်ဝန်းကျင်လူငယ်တစ်ယောက်သည် ရှေ့ထွက်လာကာ လေးစားစွာဖြင့် အဖြူရောင်ဝတ်ထားသောချောမောသောယောင်္ကျားဆီမှ အထုပ်များကိုယူလိုက်သည်။ သူက မြင်းကိုခေါ်ကာ ယွဲ့ခွေ့တည်းခိုခန်းသို့သွားရာလမ်းတွင် စကားပြောလာပေသည်။

"နေမဝင်ခင်ရောက်လာတာ ကောင်းပါတယ်"

လျန်အန်းဇိုင်က ပြုံးကာ တစ်ဖက်သို့ခေါင်းလှည့်လိုက်ပြီး မျက်လုံးများက ချင်ဖုန်းဆီသို့ရောက်သွား၏။

"ဘာလဲ။ ဝူကျီက မင်းကိုရန်စပြန်ပြီလား"

"သူကလုပ်ရဲမလား"

ချင်ဖုန်းကခေါင်းခါကာ ငြင်းဆန်လိုက်၏။

"ဝူရှင်းပါ။ သူ့ကိုဘယ်သူရိုက်လွှတ်လိုက်လဲမသိဘူး။ စစ်သည်တော်တွေဆီ ဖူးရောင်နေတဲ့မျက်နှာကြီးနဲ့ ရောက်လာတယ်လေ"

"အင်း... မင်းသူ့ကိုသိတာနှစ်တွေကြာတာတောင် သူက မင်းကို အကျိူးသက်ရောက်မှုရှိစေသေးတယ်လား။ သွား။ ဒီနေ့ညစာကို ငါ့တာဝန်ထား။ မင်းတို့ကြိုက်တာမှန်သမျှခံစားခဲ့"

"အင်း တည်းခိုခန်းသေးသေးလေးပါပဲ။ အမြဲသားစွပ်ပြုတ်ကလွဲလို့ အသုပ်နည်းနည်းပဲရတယ်။ သခင်။ ရည်ရွယ်ချက်ရှိရှိလုပ်တာမလား။ ဒီတည်းခိုခန်းကိုတမင်ရွေးပြီး ကျွန်တော်တို့ကို ညစာကျွေးတာမလား။ နန်းမြို့တော်မှာတုန်းက ဘာလို့ ဒီလိုမျိုးဧည့်မခံရတာလဲ"

"ကောင်းပြီလေ။ အခုက အတိတ်နဲ့မနှိုင်းယှဉ်နိုင်ဘူး။ မင်းသခင်က အခု ညီလာခံမှာတုန်းကလိုမျိုး တည်ငြိမ်တဲ့ဝင်ငွေမရှိတော့ဘူး။ အခုကစပြီး ငါ့တိုင်းပြည်ကလူတွေကိုပဲ ဂရုစိုက်ပေးရတော့မှာ။ ပိုက်ဆံအိတ်ကို ကျစ်ကျစ်ပါအောင်စုမထားရင် နောင်ကျ ဘာဖြစ်လာမလဲ"

"လာမကစားနေပါနဲ့။ အုပ်ချုပ်သူအရှင်လော့ ပြောတာတော့ သခင်က အရင်မင်းကြီးဆီကနေ ရွှေတုံးထောင်ချီဓားပြတိုက်လာတယ်တဲ့လေ။ တိုင်းပြည်ကလူတွေကို ကျွေးမွေးဖို့က ကိစ္စကြီးမှမဟုတ်တာ..."

လျန်အန်းဇိုင် အံ့ဩသွား၏။

"မင်းတို့ရော အဲ့အကြောင်းသိနေတာလား။ ဘာလို့အလုပ်ထွက်ပြီး ဖန်းလော့တိုင်းပြည်ကို လိုက်ချင်နေရလဲဆိုတာ အံ့ဩစရာမရှိတော့ပါဘူး။ အိပ်ပျော်နေတဲ့မင်းအသိစိတ်က နိုးလာပြီလို့ ငါထင်နေတာ။ မင်းတို့တွေက ငါ့ရွှေတွေကို ရည်ရွယ်ထားလိမ့်မယ်လို့ မထင်ခဲ့ဘူး။ ငါမင်းတို့ကိုပြောလိုက်မယ်။ ဖန်းလော့မြို့က ငါ့ပိုင်နက်ပဲ။ အဲ့မှာသခင်တွေအများကြီးရှိတယ်။ မင်းတို့သတိထားနေသင့်တယ်..."

"ဟွန်း...သခင်က ဘယ်သူ့ကိုအရူးလုပ်ဖို့ စဉ်းစားနေတာလဲ။ အားလုံးက ဖန်းလော့မြို့က ဝေးလံပြီး လူနေကင်းတာသိသားပဲ။ ယွဲ့ခွေ့မြို့နဲ့မခြားဘူးလေ။ သခင် ချင်ဖုန်းက ကျုံးဟယ်ကို မဖြတ်ဘူးလို့ တောင်ပိုင်းရဲ့မဖြစ်ထွန်းတဲ့မြို့က ဘယ်လိုပုံရှိလဲဆိုတာ မသိဘူးလို့ မထင်လိုက်ပါနဲ့"

"အဟား ချင်ဖုန်း အလောင်းအစားလုပ်ရအောင်။ ငါတို့ဖန်းလော့တိုင်းပြည်ကိုရောက်တဲ့အခါကျရင် ဒီအလောင်းအစားမှာမင်းရှုံးလိမ့်မယ်"

"အလောင်းအစားဖြစ်ပြီ။ ဘာကိုလောင်းချင်ပါလဲ သခင်"

"ဝူကျီကိုတော့ အလောင်းအစားမလုပ်နိုင်ဘူး"

"အဲ့လိုဆို ဝူကျီက သူ့အသက်ကို ငါ့ဆီရောင်းမယ်လို့ အလောင်းအစားလုပ်ကြမယ်"

"ဒါက..ကောင်းပြီ။ ကျွန်တော်နိုင်ရင် သခင်က ဝူကျီအသက်ကို ထပ်ပြီးအန္တရာယ်မပေးပါနဲ့တော့..."

"ကောင်းပြီ"

သူသည် စစ်သည်တော်များကို သူ့အတွက်အသက်စွန့်သည်ကို မဖြစ်စေချင်ပေ။ နောက်ပိုင်းတွင် ဖန်းလော့တိုင်းပြည်ကိုဖွဲ့စည်းရန် အကောင်းဆုံးကြိုစားရမည်ဖြစ်ကာ ၎င်းတို့၏ကိုယ်ကာယစွမ်းအားကို သူ့ဆီသို့ ရောင်ချရန်လိုအပ်ကာ အသက်ကိမူမလိုအပ်ပေ။

"အိမ်ကိုတော့ သန့်ရှင်းပြီးသွားပြီ။ အစ်ကိုကြီးက လက်အောက်ငယ်သားနှစ်ဆယ်လောက်ခေါ်လာမယ်ကြားတယ်။ မိဘတွေက နောက်ရက်အနည်းငယ်အတွင်းလာလိမ့်မယ်။ ကျွန်မမိဘတွေကတော့ ရက်အနည်းငယ်အတွင်းရောက်လာလိမ့်မယ်။ သူတို့က တဟွေ့က ရှုခင်းတွေကို သွားကြည့်ဖို့အခွင့်အရေးမရခဲ့ဘူလို့ပြောတယ်။ အခု သူတို့အားလပ်သွားပြီဆိုတော့ အိမ်ကိုမလာခင် အခြာနာမည်ကြီးနေရာတွေကို သွားလည်လောက်မှာ။ နွေဦးပွဲတော်လောက်မှ ဒီကိုလာလောက်တယ်။ ဘာပဲဖြစ်ဖြစ် ကျွန်မတို့မိသားစုက နွေဦးပွဲတော်ကျရင်ဒီမှာရှိကြတော့မှာ"

စုရွှေလျန်က သူမရထားသောသတင်းကိုကြေညာလိုက်ကာ လင်းစစ်ယောင်အား ပြုံးပြလိုက်သည်။

"အင်း ကောင်းတာပေါ့။ နွေဦးပွဲတော်မတိုင်ခင် သူတို့နဲ့အတူအချိန်ဖြုန်းဖို့ အချိန်မှမရှိပဲ"

လင်းစစ်ယောင်က လက်ဆေးကာ သူမကိုဆွဲခေါ်ကာ ပွေ့ဖက်လိုက်သည်။ ဆံကေသာ၏ရနံ့ကိုရှုရှိုက်ကာ သူကျေနပ်သွား၏။

"အမှန်ပဲ။ ဒီနှစ်ပြီးရင် ကျွန်မတို့လုပ်စရာနည်းသွားမယ်လို့ထင်တယ်။ ဒီနှစ်တွေက ဘာလို့ဒီလောက်ကုန်တာမြန်တယ်လို့ ခံစားနေရတာလဲ။ ဆောက်လုပ်ရေးတစ်ခုပြီးတိုင်း လအတော်ကြာကြာသွားပြီလေ"

စုရွှေလျန်က သူမတစ်ကိုယ်လုံးကို သူ့ပေါ်တွင် မှီလိုက်သည်။ စိတ်ကျေနပ်မှုဖြင့် မျက်စောင်းထိုးလိုက်ပြီး နေ့လည်စာစားပြီးနောက်တွင် အားလပ်ချိန်ရသည်မှာ ရှားပါးပေသည်။

လတ်တလောတွင် သူသည် ဖုန်းယောင်ဌာနချုပ်အသစ်အတွက် ရှာဖွေနေရင်းအလုပ်များနေကာ သူမသည်မူ ရှို့ဖုန်းရှိ ပိုးထည်အလုပ်ရုံကို စစ်ဆေးနေလေသည်။ နေ့အချိန်တွင် အိမ်၌နားရန် အချိန်မရှိပေ။

"တကယ်တော့မဟုတ်ဘူး"

လင်းစစ်ယောင်က သူမကိုမှီထားသည်မှာ လွှတ်လိုက်ပြီး နောက်မှဖက်လိုက်ကာ နူးညံ့သောခုံရှည်ပေါ်တွင် ထိုင်စေသည်။

"မင်းအစ်ကိုက လမ်းမကြီးနှစ်ခုကြားက စွန့်ပစ်ထားတဲ့မြေအားလုံးကို သန့်ရှင်းဖို့စီစဉ်ထားတာ။ ကြိုးစားအားထုတ်မှုသေးသေးလေးတော့မဟုတ်ဘူး"

"ဟုတ်သားပဲ။ ကျွန်မမေ့တော့မလို့။ ဆားရည်စိမ်ဆိုင်တွေကိုလည်း နေရာအသစ်ကိုပြောင်းချင်သေးတယ်။ ပိုပြီးကြီးကြီးလုပ်သင့်တယ်။ ဆားရည်စိမ်ဟင်းသီးဟင်းရွက်နဲ့ ဆားရည်စိမ်ကြက်တင်မကဘူး။ အခြားဟာတွေကိုရော လုပ်တော့မှာ။ ဟဲယွမ်ဆားရည်စိမ်စက်ရုံလို့နာမည်ပေးမယ်။ ပိုးလယ်ယာတွေကတော့ ထုတ်လုပ်ဖို့စီစဉ်ထားရင် ရှို့ဖုန်းက အလုပ်ရုံကလည်း အဲ့လောက်ကြီး မကြီးသေးဘူး။ အဲ့တာအပြင် ရက်ကန်းရက်တဲ့သူတွေကိုလည်း ပြန်ပြီးခန့်ရဦးမယ်။ လမ်းဘေးမှာဆောက်ရင် ပိုပြီးအဆင်ပြေလောက်တယ်"

သူမက လက်ချောင်းလေးများဖြင့် ရေတွက်ကာ ကိစ္စများကို အချက်အလက်ကျကျလုပ်ရန် စာရင်းမှတ်နေသည်။ ဟဲယွမ်အား အခြေချရန် နှစ်ပေါင်းများစွာလိုအပ်သေးကြောင်း သူမသဘောပေါက်လိုက်သည်။

လင်းစစ်ယောင်က မရယ်ဘဲမနေနိုင်ပေ။ သူမ၏မျက်နှာလေးကိုကိုင်လိုက်ပြီး

"မင်းဘာသာမင်း ဒီလောက်ကြီး တွန်းမခိုင်းသင့်ဘူး"

"အလျင်လိုနေတဲ့အစ်ကိုကြီးကြောင့်ပေါ့။ သူကတော့ ကျွန်မတို့အားနေတယ်လို့ ထင်နေတဲ့ပုံပဲ"

စုရွှေလျန်က နှုတ်ခမ်းလေးစူကာပြောလိုက်သည်။ သို့သော် လင်းစစ်ယောင်က သူမ၏နှုတ်ခမ်းရဲရဲလေးများကို နမ်းလိုက်သည်။

"ရှင်ဘာသာရှင်လည်း ဒီလိုဝတ်စားပြီး အပြင်မထွက်သင့်ဘူး။ စိတ်ပျက်နေသလိုမျိုး ခံစားမိတယ်"

"မင်းရောပဲ။ မနက်စောစောသွားပြီး နောက်ကျမှပြန်လာတာက ရက်ကြာလာတော့ ပိုပိန်လာသလိုပဲ"

သူမက အသားပိုညိုလာကာ ချစ်စရာကောင်းအောင်နားပူနားဆာလုပ်နေသည့် သူ၏မျက်နှာအား ကိုင်လိုက်သည်။

"ကိုယ်ကအဆင်ပြေပါတယ်"

သူမကို တင်းတင်းကြပ်ကြပ်ဖက်ထားလိုက်ပြီး အိပ်ခန်းထဲသို့ သယ်သွားလေသည်။

ထိုသို့ခက်ခဲကြမ်းတမ်းမှုမျိုးသည် သူ့အတွက်မူ ဘာမျှမဟုတ်ချေ။ အမှောင်နေ့ရက်များတွင်လူသတ်သမားလုပ်ရခြင်းထက် များစွာပိုလွယ်ပေသည်။

"ဖုန်းယောင်တရားရုံးအတွက် နေရာသစ်ရှာတွေ့ပြီလား"

လူရာချီအတွက်နေရာရှာရသည်မှာ မလွယ်ပေ။ ဖန်းလော့မြို့ရှိ အကြီးဆုံးနေရာသည် မြို့စားမင်းစံအိမ်နှင့် ထိုနေရာတွင် အချမ်းသာဆုံးဖြစ်သော Luမိသားစု၏အိမ်ဖြစ်သည်။ မဖြစ်နိုင်ပေ။

"ကိုယ်နေရာတစ်နေရာရှာတွေ့ထားတယ်။ စစ်ထိုကိုစောင့်နေတာ"

"ဘယ်နေရာလဲ"

"နောင်ကျမှ မင်းကိုခေါ်သွားပေးမယ်"

လင်းစစ်ယောင်က သူမ၏မေးခွန်းကို ရှောင်ရှားလိုက်သည်။ သူမကိုအိပ်ရာကျယ်ပေါ်တွင်ထားလိုက်ပြီး အပေါ်မှ အုပ်မိုးလိုက်သည်။

"မင်းနေ့လည်တစ်ရေးတစ်မောမအိပ်ချင်ဘူးဆိုရင် တစ်ခုခုလုပ်ကြရအောင်"

နေ့လည်တစ်ရေးတစ်မောမအိပ်ချင်ဟု မည်သူပြောသနည်း။ နေ့လည်မအိပ်ခင်တွင် သူမ၏စိုးရိမ်ပူပန်မှုများကို ပြသရန် မေးခွန်းအချို့မေးခြင်းသာဖြစ်သည်။ သို့သော် သူမ၏အသက်ရှိမှုကို သူကမြိုချထားသည်။ ထို့နောက်တွင်မူ နေဝင်ရီတရောအချိန်အထိ တစ်ရေးတစ်မောအိပ်ကြပေသည်။

နောက်တစ်နေ့တွင် သူမ၏သတိပေးမှုအောက်တွင် သူမကို မြို့သို့ခေါ်သွားကာ လျန်အန်းဗိုင်နှင့်တွေ့ရန်နှင့် ဖုန်းယောင်ဌာနချုပ်အသစ်ကို ကြည့်ရန် ဖြစ်သည်။

သူမမျှော်မှန်းထားသည့်အတိုင်းပင် လင်းစစ်ယောင်က လုမိသားစုအိမ်ကိုဝယ်လိုက်ခြင်းဖြစ်သည်။ လုမိသားစုက မသိရသောတစ်နေရာသို့ ပြောင်းရွှေ့သွားသည်။ ဟွာခမ်းသည် သူ၏ဆိုင်အားလုံးကို ရောင်းပြီးနောက်တွင် ဖန်းလော့တိုင်းပြည်မှထွက်သွားသည်။

အကြွေးမဆပ်နိုင်သောဆိုင်များနှင့် ၎င်းတို့၏အိမ်များကို ငွေတုံသုံးရာဖြင့် ရောင်းချလိုက်ရသည်။

ထိုနေ့မှစ၍ ဖန်းလော့မြို့တွင် နှစ်အတော်ကြာထိ နာမည်ကြီးခဲ့သော လုမိသားစုသည် ဟွာခမ်းမျိုးဆက်တွင် ၎င်းတို့၏ကြီးပွားချမ်းသာမှုများ လျော့ကျလာသည်။

ဆွေစဉ်မျိုးဆက်အထိ ကောင်းမွန်စွာနေထိုင်ရန်လုံလောက်သော လုမိသားစု၏ မူလပိုင်ဆိုင်မှုများသည် ငွေတုံးသုံးရာဖြင့် အဆုံးသတ်သွားလေသည်။

စုရွှေလျန်က လုအိမ်တံခါးမကြီးကို မှီနေသည်။ သူမသည် သက်ပြင်းချမှုကို ထိန်းသိမ်း၍မရပေ။

"သွားကြမယ်။ မင်းအစ်ကိုကြီးက ဒီမှာပဲ"

လင်းစစ်ယောင်က ထိုနေရာမှထွက်လာကာ စုရွှေလျန်အား မြို့စားစံအိမ်ဆီသို့ လမ်းပြလိုက်သည်။

ဦးရီးတော် လျန်အန်းဇိုင်တွင် စစ်သည်တော် (၂၈)ယောက်ရှိကာ အဖြူဝတ်စုံများဝတ်ဆင်ကြပြီး မြင်းကောင်းကောင်းစီးကြကာ ဖန်းလော့မြို့ရှိလူများ၏ချီးမြှောက်မှုဖြင့် မြို့ထဲသို့ဝင်လာပေသည်။ ထိုနေရာသည် သူတစ်သက်လုံးသုံးကာ စီမံရမည့် ကာကွယ်ရမည့် ကူညီရမည့်နေရာဖြစ်သည်။

"ငါက မင်းတို့ရဲ့ ဦးရီးတော်ပဲ။ အခုကစပြီး ငါတို့တစ်သက်တာလုံး ဒီမှာပဲနေကြမယ်။ နန်းတွင်းအမိန့်နဲ့ချည်နှောင်ထားတဲ့ ရှစ်နှစ်အုပ်ချုပ်ရေးလည်း မရှိတော့ဘူး။ ဖန်းလော့တိုင်းပြည်အတွက် အကူအညီဖြစ်တယ်ဆိုရင် အတူတကွ တိုးတက်ကြီးပွားစေဖို့ မင်းတို့ကို လမ်းပြပေးမယ်...."

***

All Chapters