နဂါးလှေပွဲတော် (၂)
Vol. 5 Ch. 151
Warning~~
"အမ်...လော့...ကျွန်မဒီထက်ပိုပြီးခံနိုင်ရည်မရှိတော့ဘူး"
သူမ၏ခြေထောက်များသည် သူ၏ပုခုံးပေါ်တွင်ရှိသည်။ ခန္ဓာကိုယ်တစ်ခုလုံးသည် ဂျယ်လီကဲ့သို့ဖြစ်နေကာ သူ၏ခန္ဓာကိုယ်အောက်တွင် ညည်းတွားနေမိသည်။
"သည်းခံပါဦး"
သူမထဲတွင် နစ်မြုပ်နေသော သူ၏ကြမ်းတမ်းခက်ထန်မှုသည် ပို၍လျင်မြန်လာသည်။ နဖူးကချွေးများက သူ၏နီရဲကာ အဝတ်မပါသောခန္ဓာကိုယ်ပေါ်သို့ကျလာပြီး မီးတောက်ကဲ့သို့စိတ်ဆန္ဒက ပိုမိုပြင်းထန်လာသည်။
"အား..."
အရှိန်အဟုန်ပြင်းပြသောလှုံ့ဆော်မှုအပြီးတွင် သူနှင့်သူမသည် ခြောက်လလုံးလုံးအိပ်မက်မက်ခဲ့ရသောနိဗ္ဗာန်ဘုံကိုခံစားလိုက်ရသည်။ ၎င်းတို့သည် အချိန်ကြာသညအထိ ထိုအခြေအနေမှ မလွတ်မြောက်နိုင်ပေ။
အမှန်ပင်ဖြစ်သည်။ ယခုတစ်ခေါက်တွင် သူသွားသည်မှာ နှစ်ဝက်မျှကြာပေသည်။ သူမည်သည့်နေရာသို့သွားသည်ကို မည်သူမျှမသိပေ။ တိတိကျကျဆိုရလျှင် သူမနှင့်တွဲနေသည်ကို မည်သူ့ကိုမျှမပြောခဲ့ပေ။ သူမနှင့်အတူရှိသည်ကိုလွမ်းဆွေးကာ အထီးကျန်ခြင်းတွင်ပင် နစ်မြုပ်နေသည်။
သူမခန္ဓာကိုယ်ထဲတွင် အချိန်ခဏကြာအထိ ဇိမ်ခံနေသည်။ မတ်တပ်ရပ်လိုက်ပြီး အိပ်ခန်းနောက်မှ ရေချိုးခန်းဆီသို့သွား၏။
ကျန်းယင်းယွင်က မျက်လုံးများမှိတ်ထားကာ မျက်ရည်မကျအောင်ကြိုးစားနေသည်။ လွန်ခဲ့သောသုံးနှစ် နွေဦးပွဲတော်ပြီးသည့်ညတွင် အရက်မူးနေသောအချိန်တွင် သူမကိုယ်သူမ သူ့ဆီသို့ပေးအပ်လိုက်သည့်အချိန်တွင် သူသည် ဟဲယွမ်သို့ အထူးပွဲတော်များရှိ၍ လာသည့်အခါတိုင်း သူမနှင့်တိတ်တဆိတ်တွေ့ဆုံကာ ကျူးလွန်မိကြသည်။ သူမသည် ထိုအခိုက်အတန့်များကိုအမှတ်ရသည့်အကြိမ်တိုင်း သူမကိုယ်သူ စက်ဆုပ်ရွံရှာမိသည်။ သို့သော်လည်း ဘေးကင်းကင်းနှင့်သူပြန်သွားသောအခါတွင် သူ့အား ဖက်ထားချင်ကာ နမ်းရှုပ်ချင်မိသည်။ သူသည် သူမကို ပြည့်တန်ဆာတစ်ယောက်ထက်ပို၍မစဉ်းစားသည်လည်း အဆင်ပြေပေသည်။
"ဘာလို့ငိုနေတာလဲ"
ခက်ထန်သောအသံက သူမအတွေးကို နှောင့်ယှက်လိုက်သည်။ မျက်လုံးထောင့်စွန်းမှမျက်ရည်စများကိုသုတ်လိုက်ပြီး သူမကိုယ်သူမ ချုပ်တည်းကာ မျက်လုံးဖွင့်ကြည့်လိုက်၏။
စစ်လော့မျက်ခုံးကြုတ်လိုက်သည်။ သူသည် အိပ်ရာဘေးတွင်ထိုင်ကာ သူမကိုလေ့လာနေသည်။ မျက်လုံးထောင့်မှ မျက်ရည်များကျဆင်းလာသည်ကို မြင်ရသောအခါတွင် ထူးဆန်းသောခံစားချက်များက နှလုံးသားထဲတွင် ဖြစ်ပေါ်လာသည်။ သူမကိုသနားမိသည်လော။ အကြင်နာမရှိသောလူသတ်သမားတစယောက်သည် လူများကို မည်သို့သနားရမည်ကို မည်သို့သိမည်နည်း။ ရယ်စရာကောင်းလှပေသည်။
သို့သော် သူမက ဘာမျှမဖြစ်သကဲ့သို့ ဟန်ဆောင်နေသည်ကို တွေ့ရသည့်အခါတိုင်း သူ၏နှလုံးသားတို့နာကျင်မိသည်။ သူမမျက်ရည်သုတ်နေသည်ကို တိတ်တဆိတ်ကြည့်နေမိပြီး မတ်တပ်ရပ်ကာ သူဆုတ်ဖြဲခဲ့သောအတွင်းခံအင်္ကျီကို သူမပေါ်သို့တင်ပေးလိုက်ကာ သူမကိုယ်သူမ ဖုံးကွယ်စေသည်။
"အခု ရှင်ပြန်လာပြီဆိုတော့ ဘယ်ချိန်ထပ်ပြီး ထားသွားဖို့ စီစဉ်နေလဲ"
ကျန်းယင်းယွင်က သက်ပြင်းရှည်ချလိုက်ပြီး အသံကိုတည်ငြိမ်အောင်ကြိုးစားလိုက်သည်။
စစ်လော့က သူမကို ထူးဆန်းစွာကြည့်လိုက်ပြီး သူသည် နာကျင်နေဆဲဖြစ်ကာ မတော်မဆပြောထွက်မိသွား၏။
"ဘာလဲ။ မင်းက ငါ့ကိုမောင်းထုတ်ချင်နေတာလား"
သူ့ကိုမောင်းထုတ်နေမိသည်လော။ မဟုတ်ရပေ။ သူ့ကိုသေလောက်အောင် နေစေချင်မိသည်။
"ရှင်...ထပ်မသွားတော့ဘူးလား"
သူဆိုလိုသည်ကို သူမနားလည်သည်လော။
"ငါတို့တွေ့ကြဦးမှာပါ။ ဘာလို့မေးနေရတာလဲ"
သူက သူမ၏တောက်ပသောမျက်ဝန်းများကို ရှောင်ဖယ်လိုက်သည်။
ပြတင်းပေါက်ဆီသို့ လျှောက်သွားပြီး ကြုံရာစာအုပ်တစ်အုပ်၏စာမျက်နှာများကို လှန်လှောနေမိသည်။ သူနှင့် သူ၏ဓားသည် သိုင်းလောကတွင် လှည့်ပတ်သွားလာနေသည်မှာ ကြာပြီဖြစ်၏။ လွန်ခဲ့သောသုံးနှင့်က သူကိုရှောင်ရန် တက်တက်ကြွကြွဖြင့်ထွက်သွားခဲ့သည်။ သို့သော်လည်း ထိုသုံးနှစ်တာအတွင်းတွင် သူပြန်လာသည့်အခါတိုင်း သူပွေ့ဖက်ထားရန် သူမက အခြေအနေကို ဖန်တီးယူတတ်သည်။ သူထွက်သွားသည့်အခါတိုင်း သူမကိုနှလုံးသားထဲတွင် သိမ်းထားမိသည်။ သူတစ်ယောက်တည်းဖြစ်နေခဲ့ပါသော်လည်း သူသည် ထပ်၍မပူပန်မိတော့ပေ။ ထို့အပြင် သူမနှင့်သူသည် အကြိမ်ပေါင်းများစွာဖြစ်ခဲ့ကြသည်။ မည်သို့ပင်ဖြစ်စေ သူမကို သင့်လျော်သောဘွဲ့တစ်ခုပေးသင့်သည်မဟုတ်လော။
"ဘာမှမဟုတ်ပါဘူး။ အဲ့လိုဆို ကျွန်မသွားသင့်ပြီ"
သူမကိုယ်သူမစစ်ဆေးကာ ပြန်ရန်ပြင်လိုက်သည်။ သူမသည် အမှန်ပင် သူ့ကိုဖက်ထားချင်ပါသော်လည်း သူ၏တမင်သက်သက်ကင်းကွာနေခြင်းက သူမကို စိတ်ပျက်အားလျော့စေသည်။ သူမကမတ်တပ်ရပ်ကာ ချင့်ချိန်စဉ်းစားလိုက်ပြီး ခပ်ရေးရေးလေးပြုံးပြကာ တံခါးဆီသို့လျှောက်သွား၏။
"ဒီကိုပြန်လာခဲ့"
သူမကိုခေါ်လိုက်မိသည်။ သူမသည်အံ့ဩနေသောမျက်နှာကိုတွေ့ရသောအခါတွင် သူရုတ်တရက်ကျေနပ်သွားသည်။ အခြားသူများရှေ့တွင် သူသည် အမြဲတမ်း လှည့်ဖြားတတ်သောဆိုင်ရှင်ဖြစ်ကာ အရာအားလုံးကိုကြိုတင်တွက်ချက်တတ်သူဖြစ်သည်။ သူ့ရှေ့တွင်ရပ်သောအခါတွင်မူ သူမသည် အားနည်းသောမိန်းကလေးတစ်ယောက်ထပ်မပိုပါ။
"ရှင် ဘာပြောလိုက်တာလဲ"
ကျန်းယင်းယွင်က မျက်လုံးလေးပေကလပ်ပေကလပ်ဖြင့် သူ့ကိုအတည်ပြုရန်မေးလိုက်၏။ သူမနားကြားမှားနေသည်လော။ သူမကိုပြန်လာစေချင်ပြီး သူ့ဘေးတွင်နေခိုင်းစေချင်သည်လော။ သူမကို ထွက်မသွားစေချင်သည်လော။
စစ်လော့က စကားတစ်ခွန်းမှမပြောဘဲ ရှေ့သို့ထွက်လာပြီး သူမကိုအိပ်ရာထဲသို့ဆွဲခေါ်သွားသည်။ သူသည် တစ်နေရာမှာ ကျောက်စိမ်းလက်ကောက်တစ်ကွင်းကိုထုတ်ယူလိုက်ကာ သူမလက်ကောက်ဝတ်တွင် ဝတ်ဆင်ပေးလိုက်သည်။
"ဒါက..."
ကျန်းယင်းယွင်က လက်ကောက်ဝတ်ပေါ်ကလက်ကောက်ကိုကြည့်ပြီး ခေါင်းလေးမော့ကာ မေးလိုက်မိသည်။
"ရှင်..."
"ဘာလဲ။ မကြိုက်ဘူးလား"
သူကမျက်မှောင်ကြုပ်ကာ လက်ကောက်ကို ပြန်ချွတ်ယူရန် ရည်ရွယ်လိုက်သည်။ သို့သော်လည်း သူမက တင်းတင်းကိုင်ထား၏။
"မဟုတ်ပါဘူး။ ပြန်မယူနဲ့"
သူမက ရှက်ရှက်ဖြင့်ပြောလိုက်၏။
"ရှင်ကျွန်မကိုပေးပြီဆိုမှတော့ အခုကျွန်မအပိုင်ပေါ့"
သူမကပထမဆုံးအကြိမ်ကျေနပ်စေသောအခိုက်အတန့်ကို မည်သို့ဖျက်ဆီး၍ ဖြစ်မည်နည်း။
"ကျွန်မတကယ်ပျော်လိုက်တာ...စစ်လော့..."
ကျန်းယင်းယွင် က ပျော်ရွှင်မှုကို ဖွင့်ထုတ်လိုက်သည်။ သူမ၏မျက်ရည်များကျဆင်းလာသည်။ လက်ရှိအခြေအနေကိုသတိထားမိဘဲ မည်သို့မျက်ရည်ကျနိုင်ရပါသနည်း။
"အဲ့လိုဆို လူတွေက သူတို့ပျော်ရွှင်မှုကို ဒီလိုဖော်ပြနိုင်ကြတာပဲ"
စစ်လော့က ပြုံးလိုက်သည်။ သူမ၏အပြုအမူသည် သူခန့်မှန်းချက်ထက် ကျော်လွန်သွား၏။ အချစ်အားစိတ်ပျက်နေသောသူ့ကိုလည်း အားတက်သွားစေသည်။ သူသည် ဆက်၍သူမကိုပျော်ရွှင်အောင် လုပ်ပေးချင်မိ၏။
"ရှင်ကျွန်မကိုဆက်ပြီးရယ်လို့ရတယ်။ မင်းကျွန်မကိုမရှောင်နေသရွေ့ ရှင်ကျွန်မကိုရယ်နေလည်း အဆင်ပြေတယ်"
သူ၏ခါးကိုဖက်ထားလိုက်ပြီး ခေါင်းကို သူ၏ရင်ခွင်ကျယ်ထဲတွင် နစ်မြုပ်ထားလိုက်သည်။ သူမသည် ပျော်လွန်းသောကြောင့် စကားများပြောနေမိသည်။
"အင်း..."
သူမ၏မျက်နှာလေးကိုမယူလိုက်ပြီး သက်ပြင်းချလိုက်မိသည်။
"ငါက လူကောင်းမဟုတ်ဘူး..."
"ကျွန်မဂရုမစိုက်ဘူး..."
သူမကခေါင်းခါကာ တခစ်ခစ်ရယ်မောလိုက်သည်။
"အသက်(၁၂)နှစ်ကတည်းက လူသတ်လာခဲ့တာ။ ငါ့လက်တွေက သွေးတွေနဲ့အပြည့်ပဲ..."
"ကျွန်မဂရုမစိုက်ဘူး..."
"လူတွေကို ဘယ်လိုစောင့်ရှောက်ရမလဲဆိုတာလည်း ငါမသိဘူး"
"ကျွန်မရှင့်ကို စောင့်ရှောက်ပေးမယ်"
“...”
"ရှင်လုပ်ချင်တာမှန်သမျှ ကျွန်မပံ့ပိုးပေးမယ်။ ရှင်ကျွန်မကိုနောက်ထပ်ခြောက်လလောက် ဒီမှာထားမသွားပါနဲ့တော့..."
သူမည်သို့ပြောရမည်နည်း။ ထိုမိန်းကလေးသည် သူ့နောက်သို့လိုက်ရန် အရာအားလုံးကိုလက်လျော့ရန်ဆန္ဒရှိနေသည်။ သူမည်သို့မေးနိုင်မည်နည်း။
"ငါတို့လက်ထပ်ကြရအောင် ယင်းယွင်..."
သူမနားနားလေးသို့ကပ်ကာ သူ၏ကတိကို တီးတိုးပြောလိုက်သည်။
"ဒီသုံးနှစ်လုံးလုံး ငါ့ကို မင်းပဲပိုင်ဆိုင်ခဲ့တာပါ..."
—
ဟဲယွမ်ရှိ နဂါးလှေပွဲတော်ညစာစားပွဲသည် ကျန်းယင်းယွင်နှင့် စစ်လော့၏ ရိုးရှင်းသောလက်ထပ်ပွဲအဖြစ် ပြောင်းလဲသွားသည်။ အားလုံးအားအံ့ဩသင့်စေသည်။ စုရွှေလျန်မှလွဲ၍ဖြစ်သည်။
"သူက မင်းကိုလက်ထပ်ခွင့်တောင်းလိုက်ပြီဆိုပေမဲ့လည်း ဒီညလက်ထပ်ဖို့ကကျ အလျင်လိုလွန်းနေတယ်"
စုရွှေလျန်မျက်မှောင်ကြုတ်ကာ သဘောမတူကြောင်းပြသလိုက်သည်။ လက်ထပ်ပွဲနှင့်နှစ်နာရီမျှကွာဝေးသေးကာ သူမသည် ကျန်းယင်းယွင်နှင့်တူ လင်းမိသားစုအိပ်ခန်းတွင်ထိုင်နေကာ မင်္ဂလာအချိန်အားစောင့်ဆိုင်းနေလေသည်။ အခမ်းအနားသည် ဝါးဥယျာဉ်တွင် ကျင်းပမည်ဖြစ်သည်။
"ရပါတယ်။ အခမ်းအနားလေးသက်သက်ပဲကိုး"
ကျန်းယင်းယွင်က ပြုံးလိုက်သည်။ သူမကိုလက်ထပ်ခွင့်တောင်းသောအချိန်က သူမလွန်စွာပျော်ရွှင်ခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် ၎င်းတို့လက်ထပ်ပွဲ ရိုးရာထုံးတမ်းအစဉ်အလာအတိုင်း ဟုတ်မဟုတ်ကို သူမစိတ်ထဲတွင် မထားပေ။
"ဒါပေမဲ့ မင်းအစ်မ ရူးသွားလိမ့်မယ်"
စစ်ထူယွင်ရောက်လာကာ သတင်းပြောလိုက်သောအခါတွင် ကျန်းယင်းယွင်၏အမူအရာကို စိတ်ကူးကြည့်ပါလျှင် စုရွှေလျန် ခွက်ထိုးခွက်လန်ရယ်မိမည်ပင်။
"သူလည်းဝမ်းသာမှာသေချာတယ်"
ကျန်းယန်ယွေ့၏နှုတ်ခမ်းထောင့်တို့ကွေးသွားသည်။ မိတ်ကပ်ပါးပါးတစ်ထပ်ဖြင့် သူမကိုယ်သူ ကျေနပ်နေမိသည်။
"သူက နင့်အတွက် လက်ဖွဲ့လှည်းအများကြီးပြင်ထားတယ်"
စုရွှေလျန်ကပြုံးကာ သူမ၏နဖူးကိုထိုးလိုက်သည်။
"နင်ကလေ ကျင်းကျီထက်တောင်မှ ပိုပြီးသတ္တိရှိတာပဲ"
သူမသည် ထိုယောင်္ကျားနှင့်တွဲနေသည်မှာ သုံးနှစ်မျှရှိပြီဖြစ်သည်။ သို့သော် သူနှင့်အတူရှိသည်ကို မပြောနိုင်ခဲ့ပေ။ ၎င်းတို့သည် အကြိမ်ပေါင်းများစွာတွေ့ဆုံကာ အကြိမ်ပေါင်းများစွာဖြစ်ခဲ့ကြပါသော်လည်း....။
"နင်က ငါ့ထက်ပိုပြီး အတွေ့အကြုံရှိသင့်တာပဲ။ ဘာလို့ရှက်နေရတာလဲ"
ကျန်းယင်းယွင်က သူမ၏ရှက်နေသောမျက်နှာကိုမြင်လိုက်ရသည်။ သူမက မျက်လုံးပင့်ကာ ကျီစယ်လိုက်မိသည်။
"အဟွတ်..."
စုရွှေလျန်က ချောင်းတုဆိုးက ရှက်နေသောမျက်နှာထားကိုဖုံးကွယ်ရန် ကြိုးစားလိုက်သည်။
"အပြင်သွားပြီး စစ်ဆေးလိုက်ဦးမယ်။ တစ်ခုခုလိုရင် ဖုန်းထင်ကိုခေါ်လိုက်။ သူအပြင်မှာစောင့်နေတယ်"
"ကောင်းပြီ။ ငါအဆင်ပြေပါတယ်။ နောက်ထပ်နှစ်နာရီလောက်စောင့်ပြီးရင် မင်္ဂလာအချိန်ကျလာရင် သူနဲ့လက်ထပ်နိုင်ပြီမဟုတ်လား"
ကျန်းယင်းယွင်က လက်ပြကာ စုရွှေလျန်ကိုထွက်သွားရန်နှင့် လုပ်စရာရှိသည်ကိုလုပ်ရန်အချက်ပြလိုက်သည်။ သူမသည် လက်ထပ်ခါနီးဖြစ်ကာ သူလက်ထပ်ခွင့်တောင်းထားသည်မှာ ခြောက်နာရီဝန်းကျင်မျှသာရှိသေးသည်။ သူမသည် သူ၏ဇနီးဖြစ်တော့မည်။ သူ၏ဆုံးဖြတ်ချက်ကိုနောင်တရနေမည်ကို ကြောက်နေမိကာ ပန်းထိုးအိမ်သို့ပြန်ရန် သူမငြင်းဆန်ခဲ့မိသည်။ အစ်မဖြစ်သူကိုအကြောင်းကြားက ပွဲတက်ရောက်ရန် လူလွှတ်ကာပြောလိုက်သည်။
အစ်မဖြစ်သူ၏ဒေါသမှာလည်း မသေးလှပေ။ သို့သော် သူမတဖြည်းဖြည်းဖြင့် နားလည်သွားပေလိမ့်မည်။ ညီမဖြစ်သူလက်ထပ်တော့မည်ဖြစ်သောကြောင့် ပျော်ရွှင်သင့်ပေသည်။ ယခုမှစ၍ ညီမလေးအတွက် ခင်ပွန်းရှာရန် ကြိုးစားအားထုတ်စရာမလိုတော့ပေ။
"ပြင်လို့ဆင်လို့ပြီးပြီလား"
စုရွှေလျန်က အခန်းပြင်သို့ထွက်လာကာ ချွမ်းလန်က အစေခံအုပ်စုဖြင့် ဝါးဥယျာဉ်ဘက်သို့ လာနေသည်ကိုမြင်လိုက်ရသည်။
"ဟုတ်ကဲ့ပါ သခင်မ။ ကျွန်မတို့ သခင်မဖြစ်စေချင်တဲ့အတိုင်း အားလုံးပြင်ပြီးသွားပါပြီ။ ကာရံတူစကားလုံးတွေကိုထားဖို့ပဲလိုတော့တာပါ။ အစေခံတွေကို ကပ်ခိုင်းခဲ့ပါတယ်"
ချွမ်းလန်ကပြုံးပြကာ တင်ပြလိုက်သည်။ နဂါးလှေပွဲတော်အတွင်းအတွင် အိမ်၌ ကူညီပေးမည့်သူများစွာရှိခြင်းမှာ ကောင်းပေသည်။ နေရာကိုသန့်ရှင်းကာ အားလုံးကိုပြင်ဆင်ရန် နာနှာရီမျှပင် မကြာလိုက်ပေ။ အိမ်မကြီးက ပျော်စရာပွဲမကျင်းပရသည်မှာ ကြာပြီဖြစ်၏။ လက်ထပ်ပွဲသတင်းကို ကြားလျှင်ကြားချင်း အားလုံးက ဝမ်းသာနေကြသည်။
"အင်း တံခါးကိုစောင့်ဖို့ တစ်ယောက်လောက် လွှတ်လိုက်။ ပန်းထိုးအိမ်ကလည်း လက်ဆောင်ပို့ပေးမယ်ထင်တယ်"
စုရွှေလျန်ကခေါင်းညိတ်ပြကာ ချွမ်းလန်ကို ကြာကန်ဘေးရှိပွဲကြည့်စင်ဆီသို့သွားရန်တောင်းဆိုလိုက်သည်။ အမှန်တွင် ပြန်မလာသေးသော စစ်ထိုမှလွဲ၍ ကျန်သုံးယောက်သည် ထိုနေရာတွင်ရပ်နေကာ တစ်စုံတစ်ခုကိုဆွေးနွေးနေကြသည်။
“အားယောင်”
သူမက လင်းစစ်ယောင်ကို လက်ပြလိုက်သည်။
"ဘာဖြစ်တာလဲ"
လင်းစစ်ယောင်က ပွဲကြည့်စင်မှ ခုန်ထွက်လာကာ ဇနီးဖြစ်သူကိုဖက်လိုက်ပြီး စံအိမ်ဆီသို့လျှောက်လာသည်။
"စစ်လော့ ရှင်က မင်္ဂလာအဝတ်အစားလဲဖို့ မလိုတော့ဘူးလား"
စစ်ထူယွင်သည် ပန်းထိုးအိမ်မှာပြန်လာကာ ကျန်းယန်ယွေ့၏ စိတ်အနှောင့်အယှက်ဖြစ်မှုနှင့်အတူ သတိုးသားနှင့်သတိုးသမီးဝတ်စုံကို ပြန်သယ်လာခဲ့သည်။ မည်သို့ပင်အလျင်လိုပါစေ ညီမဖြစ်သူသည် သင့်တင့်လျောက်ပတ်သောမင်္ဂလာဝတ်စုံလိုအပ်ပေသည်။
"မင်္ဂလာဝတ်စုံလား။ ဟုတ်သားပဲ။ ငါမင်းနဲ့သွားမယ်"
စစ်ရှန်းက ပွဲကြည့်စင်အပြင်ဘက်သို့ငေးနေသော စစ်လော့ကို ဆွဲခေါ်သွားသည်။
"မင်္ဂလာခန်းမက ဝါးဉယျာဉ်ညာဘက်မှာပဲ။ လမ်းမပျောက်စေနဲ့"
စုရွှေလျန်က ၎င်းတို့ကို သတိပေးလိုက်သည်။
"မင်းပင်ပန်းနေပြီလား"
လင်းစစ်ယောင်က သူမကို မှီစေပြီး အိမ်မကြီးဆီသို့ပြန်ခေါ်သွားသည်။
"ကျွန်မ မပင်ပန်းပါဘူး။ စစ်လော့က နည်းနည်းလေး ပကတိဆန်လွန်းတယ်လို့ခံစားမိလို့ပါ"
စုရွှေလျန် ဒေါသထွက်စွာဖြင့် တီးတိုးဆိုလိုက်သည်။
"ပကတိဆန်တယ်။ ဟားဟား..."
လင်းစစ်ယောင်က ရယ်မောလိုက်ပြီး သူမကိုတင်းတင်းကျပ်ကျပ်ဖက်ထားလိုက်ကာ နားနားလေးတွင် တီးတိုးပြောလိုက်သည်။
"ကိုယ့်စွမ်းဆောင်ရည်က သူ့ထက် အများကြီးပိုကောင်းတယ်မလား"
လက်ထပ်ခါစမြင်ကွင်းကို အမှတ်ရသွားသောကြောင့် သူမ၏နားတို့ ရုတ်တရက်ထူပူသွားသည်။ ထိုသို့ဖြစ်ပျက်ခဲ့သည်ဆိုလျှင်ပင် စိတ်ထဲတွင်အထင်းသားမြင်နေမိဆဲဖြစ်သည်။
ထိုအချိန်က ၎င်းတို့ဘာမှမသိခဲ့ကြပေ။ အိမ်နီးနားချင်းများဆီမှ အတွေ့အကြုံများနှင့် သတင်းများကိုသုံးခဲ့ရသည်။
"စစ်လော့က ရှက်နေတာ။ သူလက်ထပ်ရလိမ့်မယ်လို့ တစ်ခါမှတွေးမထားခဲ့ဖူးလေ။ အခြားစကားနဲ့ပြောရမယ်ဆိုရင်တော့ ကိုယ်တို့လိုလူသတ်သမားတွေက လက်ထပ်ပြီး ကလေးတွေ မိသားစုတွေရှိလိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ဖူးဘူး"
"ဒါပေမဲ့ ယင်းယွင်က သူ့ကိုသုံးနစ်တောင်စောင့်နေခဲ့တာ"
မမျှတဟုထင်သောကြောင့် သူမမျက်မှောင်ကြုပ်လိုက်မိသည်။
"သူက စစ်လော့ဘာလုပ်ရမယ်ဆိုတာကို လမ်းမပြခဲ့ပါဘူး။ အဲ့ဒီစောင့်စားမှုကပဲ သူ့ကို အရာအားလုံးပေးနိုင်တယ်လို့ မထင်နဲ့"
လင်းစစ်ယောင်က နှုတ်ခမ်းစူကာ ခုခံလိုက်သည်။
"ရှင်ကရောဘယ်လိုလဲ။ ကျွန်မကို အဲ့အချိန်တုန်းက ဘာ့ကြောင့်လက်ထပ်ချင်ခဲ့တာလဲ"
"ကိုယ်က စစ်လော့ထက် အများကြီးပိုသိတယ်လေ..."
သူ၏မျက်ဝန်းတို့က အပြုံးဖြင့် အရောင်လက်သွားသည်။ နှုတ်ခမ်းထောင့်က ကွေးသွားပြီး သူမကို ဆွဲဆောင်လိုက်သည်။ ၎င်းတို့တွင်ကလေးများရှိနေကြပြီဖြစ်ကာ သူက သူမကိုကြည့်သောအခါတွင် ရှက်နေမိဆဲဖြစ်သည်။
ညနေလေးနာရီတွင် ယွဲ့ယန်ပန်းထိုးအိမ်သင်္ကတပါသည့် မြင်းလှည်း(၁၈)စည်းသည် မင်္ဂလာလက်ဖွဲ့များအပြည့်တင်ဆောင်ကာ ဟဲယွမ်သို့ ဝင်လာသည်။
အစေခံများက ခြေထောက်များညောင်းသည်အထိ မင်္ဂလာလက်ဖွဲ့များချရသည်။
"ယွင်အာက မင်းကိုသဘောကျမှတော့ အစ်မဖြစ်တဲ့ငါက ဘာများပြောနိုင်မှာမလို့လဲ။ မင်းသူ့ကို ကောင်းကောင်းဆက်ဆံပေးဖို့ပဲ မျှော်လင့်ရတော့မှာပေါ့"
ကျန်းယန်ယွေ့က ခုံပေါ်တွင်ထိုင်ကာ စစ်လော့ဆီမှ ဦးညွှတ်သည်ကို ခံယူလိုက်သည်။ သူမ၏မကျေနပ်မှုက တဖြည်းဖြည်းဖြင့်လျော့ကျသွားသည်။ သူမ ဘာပြောနိုင်မည်နည်း။ ထိုသို့ရိုးရှင်းသောမင်္ဂလာပွဲက ညီမဖြစ်သူသည် လွန်ခဲ့သောသုံးနှစ်လုံး အသိစိတ်ကင်းလွတ်စွာနေနေခြင်းထက် များစွာပို၍ကောင်းပေသည်။
"လက်ထပ်ပြီးရင် ငါက ယွင်အာကို ပန်းထိုးရုံမှာ ဆက်ပြီးအလုပ်လုပ်ဖို့ တိုက်တွန်းမှာမဟုတ်ပါဘူး။ ဒါပေမဲ့ မင်းတို့နှစ်ယောက် ဒီအစ်မဆီတော့ လနှစ်သစ်ကူးးတိုင်း လာလည်ကြပေါ့။ နားလည်လား"
ညီမဖြစ်သူသည် ထိုယောင်္ကျားကို လက်ထပ်ပြီးနောက်တွင် လှည့်လည်သွားလာနိုင်ရသည်ကို နားလည်ပေသည်။ သက်ပြင်းချယုံမှလွဲ၍ ဘာမျှမတတ်နိုင်ပေ။ မိဘများသာအသက်ရှိသေးလျှင် ညီမဖြစ်သူအား ထိုသို့အခြေအနေမျိုးဖြင့် လက်ထပ်ခွင့်ပြုမည်မဟုတ်ပေ။ ကံကောင်းစွာဖြင့် ၎င်းတို့ပန်းထိုးအိမ်စီးပွားရေးလုပ်ငန်းမှာ စီးပွားဖြစ်ပေသည်။ နှစ်တိုင်း အကျိုးအမြတ်ကိုခွဲကာ ညီမဖြစ်သူနှင့်သူ၏ယောင်္ကျားအားပေးမည်ဟု ဆုံးဖြတ်ထားသည်။ ၎င်းတို့ များစွာ လှည့်လည်သွားလာစရာမလိုတော့ပေ။ စစ်လော့သည် ဆင်းရဲပုံပေါက်သော်လည်း သူစုဆောင်းထားသည်များမှာ ပန်းထိုးအိမ်၏ပိုင်ဆိုင်မှုထက်မနည်းသည်ကို ကျန်းယန်ယွေ့မသိရှာပေ။
"စိတ်မပူပါနဲ့ အစ်မ။ ကျွန်တော်သေချာပေါက် သူ့ကိုအိမ်ခေါ်လာမှာပါ"
စစ်လော့ကခေါင်းညိတ်ပြလိုက်သည်။ ကျန်းယင်းယွင်၏နှလုံးသားထဲတွင် သူသည်မည်မျှအရေးပါကြောင်း နောက်ဆုံးတွင် သဘောပေါက်သွား၏။ သူမ၏ရည်ရွယ်ချက်အား အစ်မအား ရှင်းပြခဲ့သည်ဖြစ်ပေမည်။ ထိုသို့မှမဟုတ်လျှင် ၎င်းတို့၏အဖိုးတန်ညီမလေးအား သူ့ကဲ့သို့လူသတ်သမားကို မည်သို့ပေးချင်မည်နည်း။
မင်္ဂလာလက်ဖွဲ့များပြင်ဆင်ပြီးနောက်တွင် မင်္ဂလာအချိန်အခါကျရောက်လာပြီဖြစ်၏။
ကျန်းယန်ယွေ့က အနီရောင်ပဝါပါးဖြင့် ကျန်းယင်းယွင်ကို စစ်လော့၏လက်ဆီသို့ဦးဆောင်သွားသည်ကိုကြည့်ကာ စုရွှေလျန် မျက်ရည်များကို ထိန်းသိမ်းမထားနိင်တော့ပေ။
လင်းစစ်ယောင်က သူမကိုဖက်ထားလိုက်သည်။ သူမသည် ကျန်းယန်ယွေ့အတွက်ပျော်သည်ကိုသိသော်လည်း သူမငိုသည်ကိုမြင်ရသောအခါတွင် သူမပျော်ရတော့ပေ။
ကျန်းယွဲ့သည် စုရွှေလျန်နောက်တွင် ရပ်နေကာ သူမ၏နာကျင်နေသောနှလုံးသားကို ဖိနှိပ်ရန် ကြိုးစားနေသည်။ ထိုနှစ်များတွင် သူမသည် ညီမဖြစ်သူ၏ အပြုအမူနှင့် ကြိုးစားအားထုတ်မှုများကို မြင်ရသော်လည်း သူမဆီမှ ဘာမှမသင်ယူနိုင်ပေ။ အနည်းဆုံးတွင် စစ်လော့သည် ထိုနေရာသို့ တစ်နှစ်တွင်အကြိမ်ပေါင်းများစွာပြန်လာကာ ကျန်းယင်းယွင်အား မရှောင်ခဲ့ပေ။ စစ်ထိုသည်မူ။ သူသည် သူမမြင်ကွင်းမှပင်ဝေးဝေးနေရန် ကြိုးစားကာ နဂါးလှေပွဲတော်နေ့တွင်ပင် ပြန်မလာပေ။
လွန်ခဲ့သောသုံးနှစ်က မင်းကြီးသည် သူမကို ထိုနေရာတွင်နေစေကာ ချင်ထျန်းစံအိမ်ကိုစီမံခွင့်ပေးခဲ့သည်ကို ကျေးဇူးတင်မိ၏။ သူမနှင့်ထိုက်တန်သောပျော်ရွှင်မှုကိုရလိမ့်မည်ဟု ၎င်းတို့က မျှော်လင့်ထားကြသည်။ သူမ၏အလုပ်သည် အိမ်အလွတ်ကိုစောင့်ကြည့်ကာ ဖန်းဟွာစံအိမ်နှင့်ပူးပေါင်းပြီး ဟဲယွမ်၏ငြိမ်းချမ်းရေးကို စောင့်ရှောက်ရန်ဖြစ်သည်။ သနားစရာကောင်းသည်မှာ သူသည် သူမကို အလိုမရှိပေ။
ကျွေးမွေးဧည့်ခံသည်များမှာ ကောင်းမွန်ကာအရသာရှိလှပေသည်။ တိုတောင်းသောမင်္ဂလာပွဲဖြစ်သော်လည်း အားလုံးက ထိုနေရာတွင် နဂါးလှေပွဲတော်ကိုဆင်နွှဲရန်ရောက်ရှိနေခြင်းဖြစ်သည်။ ယနေ့ညတွင် ပန်းထိုးအိမ်မှသူမျာကို ကြိုဆိုကြရမည်ဖြစ်ပြီး စားပွဲများများ ပြင်ဆင်ထားရပေမည်။ လွန်ခဲ့သောနှစ်နှစ်က မြို့ထဲသို့ပြောင်းလာသော Jingမိသားစုအိမ်သည် အမှန်ပင် ကျယ်ဝန်းလှပေလှသည်။ စားပွဲများစွာရှိပေသည်။
မင်္ဂလာအရက်သုံးကြိမ်သောက်ပြီးနောက်တွင် ဧည့်သည်များ ပြန်သွားကြသည်။ စစ်ရှန်းသည်မူ အသစ်စက်စက်ဇနီးမောင်နှံအား ကျီစယ်ရန် မင်္ဂလာဦးအခန်းထဲသို့ ဦးတည်သွားသည်။
စုရွှေလျန် နှင့် လင်းစစ်ယောင်က ကလေးများကိုအိမ်သို့ပြန်ခေါ်သွားသည်။ ကျယ်ဝန်းလှသောခြံတွင် အစေခံများမှအပ ကျန်းယွဲ့တစ်ဦးတည်းသာ စိတ်လွတ်စွာဖြင့် ထောင့်တွင်ထိုင်နေသည်။
"အမ် ကျန်းယွဲ့။ ဘာလို့အဲ့မှာထိုင်နေရတာလဲ"
အပေါ်ထပ်မေ့နေခဲ့သော ယန်ကျင်းကျီက ပြန်လာခဲ့သည်။ တစ်စုံတစ်ယောက်သည် အမှောင်ထဲတါင် ထိုင်နေသည်ကို မြင်လိုက်ရသောအခါတွင် သူမက အံ့ဩမှင်သက်စွာမေးမိ၏။
"အင်း။ ငါအခုပဲသွားတော့မလို့"
ကျန်းယွဲ့က မထခင်တွင်ခေါင်းညိတ်ပြလိုက်၏။
ယန်ကျင်းကျီ က သူမ၏အထီးကျန်စွာထွက်သွားသောပုံရိပ်ကိုကြည့်နေမိသည်။ သူမသည် သက်ပြင်းချကာ နောက်မှအမှီပြေးလိုက်လေသည်။
"ဒီညတော့နောက်ကျနေပြီ။ ဒီကျ ငါနဲ့နေပေးလို့ရမလား"
သူမက တက္ကသိုလ်တွင် မိန်ကလေးညအဖြစ် ဆင်နွှဲတတ်ကြသည်ကို အမှတ်ရသွား၏။
"မင်းသဘောပဲလေ"
ကျန်းယွဲ့က သူမကိုကြည့်ကာ ပြန်ဖြေလိုက်၏။ ထိုအိမ်သည် ကျယ်ဝန်းလှသော်လည်း အထီးကျန်ဆန်လွန်းလှသည်။ အချိန်အတော်ကြာသည်အထိ အထီးကျန်မှုကို မခံစားနိုင်တော့ပေ။
"ကောင်းပြီ။ သွားကြမယ်။ ငါတို့သောက်ကြတာပေါ့။ ကွေ့ဟွားဝိုင်တစ်အိုးခိုးလာခဲ့တယ်"
ယန်ကျင်းကျီကပြောင်စပ်စပ်လုပ်ကာ ပိတ်ထားသောဝိုင်အိုးကို ထုတ်ယူလိုက်သည်။
ယောင်္ကျားများသည် အမြဲတမ်း ရောက်လာတတ်ကာ အဝေးသို့ ထွက်သွားတတ်၏။ ၎င်းတို့သည် မကောင်းကြပေ...။
မိန်းမများသာ အချင်းချင်းနားလည်နိုင်ပေသည်။ အချင်းချင်းနှစ်သိမ့်ပေးနိုင်ကာ ဝမ်းနည်းပူဆွေးမှုများကို မောင်းထုတ်ပေးနိုင်လေ၏...။
***