နဂါးလှေပွဲတော် (၃)
Vol. 5 Ch. 152
"မင်းမပင်ပန်းသေးဘူးလား"
လင်းစစ်ယောင်က မိမိဘာသာဆေးကြောကာ အိပ်ခန်းထဲသို့ ဝင်လာသည်။ သူ၏ဖျော့တော့နေသောဇနီးသည် အရှေ့ဘက်ရှိ ကလေးများအခန်းထဲမှပြန်လာသည်ကို တွေ့လိုက်ရသည်။
"ကျွန်မအဆင်ပြေပါတယ်။ အံ့အားသင့်သွားယုံတင်ပါ။ ယင်းယွင်က အဲ့လောက်ဆုံးဖြတ်ချက်ခိုင်မာလိမ့်မယ်လို့ ထင်မထားဘူး"
စုရွှေလျန်က မှန်တင်ခုံရှေ့တွင်ထိုင်ကာ သူမ၏လက်ဝတ်တန်ဆာများကို ချွတ်လိုက်သည်။ အခြားသူများက ယင်းယွင်၏ဆုံးဖြတ်ချက်နှင့်ပက်သက်၍ ပြောသောအခါတွင် သူမ၏အမူအရာကို မှတ်မိနေသေးသည်။ သူမတွန့်ဆုတ်နေလျှင် ၎င်းတို့၏ဆက်ဆံရေးမှာ ပြိုပျက်သွားမည်သကဲ့သို့ အခွင့်အရေးကို ဆုံးရှုံးရမည်သကဲ့သို့ မျက်နှာဖြစ်နေသည်ကို မှတ်မိနေ၏။ အခြားနှစ်ဦးက လက်ထပ်ပွဲအခမ်းအနားအတွင်းတွင်ရှိနေသောအခါ၌ စုရွှေလျန်က စစ်လော့၏မျက်လုံးများမှ အလိုလိုက်ထားမှုများကို မြင်လိုက်ရသည်။ အချိန်က ဖျတ်ကနဲမျှသာဖြစ်သော်လည်း ထိုသူ၏နှလုံးသားထဲတွင်ဇနီးသာရှိကြောင်း သက်သေပြနေလေသည်။
"ဟုတ်သားပဲ။ အားယောင် မနေ့က နဂါးလှေပွဲတော်ပြီးရင် ကျွန်မတို့စပြီး ကောက်ရိတ်နိုင်ပြီလို့ မြို့သူကြီးကပြောတယ်မလား။ မနှစ်က လယ်ငါးဧကလေ။ အခုစိုက်လို့ရပြီလား"
စုရွှေလျန်က လိုက်ကာများကို ပိတ်ကာ ပြတင်းပေါက်အပြင်ဘက်မှ အပင်များယိမ်းထိုးနေသည်ကိုတွေ့လိုက်ရကော မနေ့က မြို့သူကြီး သူမကိုပြောသွားသည်ကို အမှတ်ရသွားသည်။
လွန်ခဲ့သောသုံးနှစ်မှစတင်၍ ကြင်နာတတ်သော လျန်မော့မော့က အာဏာကြီးသောအိမ်များက လမ်းပေါ်သို့မောင်းထုတ်ထားသောအစေခံများကို ဝယ်ယူခဲ့သည်။ သူမက ၎င်းတို့ကို ဟဲယွမ်သို့ ခေါ်လာသည်။ ထို့နောက်တွင် စုရွှေလျန်သည် မုဆိုးမများ မိဘမဲ့များကဲ့သို့ နေစရာမရှိသောသူများကိုကူညီရန် အကြံရခဲ့သည်။ ဦးစွာ သီးသန့်စံအိမ်သည် အကူပို၍လိုအပ်သည်။ ဒုတိယအနေဖြင့် သူမသည် ကလေးငယ်များထောင့်သို့သွားကာ တောင်းနေသည်ကိုမြင်ရလျှင် သည်းမခံနိုင်ပေ။
လွန်ခဲ့သောနှစ်နှစ်က သူမနှင့် ယန်ကျင်းကျီသည် ထိုကိစ္စကို ဂရုတစိုက်ဆွေးနွေးပြီးဖြစ်သည်။ ရလဒ်အဖြစ် ယန်ရှင်းအိမ်ကို ဆောက်လုပ်ခဲ့လေသည်။ အစပိုင်းတွင် မြို့ထဲရှိလူများသည် ယန်ရှင်းအိမ်က မည်သည့်အရာရောင်းသည်ကို မသိကြပေ။ လဝက်မျှကြာပြီးနောက်တွင် ဆယ်နှစ်ဝန်းကျင်မှရှိသောကလေးတစ်ယောက်က ယန်ရှင်းအိမ်အနီး လမ်းပေါ်တွင် ဒူးထောက်နေသည်။ သူ၏အဖေအား မြုပ်နှံရန် ၎င်းဘာသာ ရောင်းချလိုခြင်းဖြစ်သည်။ ယန်ရှင်းအိမ်၏စီမံခန့်ခွဲသူက သူ့ကိုအိမ်ထဲသို့ ဖိတ်ခေါ်ကာ အဖေဖြစ်သူ၏နာရေးလုပ်ရန် ငွေပေးခဲ့သည်။ ထို့နောက် ကလေးကို ချင်းယန်ဆေးခန်းသို့ခေါ်ကာ ကျန်းမာရေးစစ်ဆေးပေးခဲ့သည်။ ကလေး၏ကျန်းမာရေးကောင်းမွန်ကြောင်း သေချာသည့်အခါတွင် ၎င်းကို ဖန်းဟွာသီးသန့်စံအိမ်သို့ပို့ကာ စီမံခန့်ခွဲသူ၏အစေခံဖြစ်လာစေသည်။
နောင်နှစ် ချင်းမင်ပွဲတော်တွင် ဆယ်နှစ်နှစ်သားကောင်လေးသည် အဖေဖြစ်သူအား ဆုတောင်းပေးရန် ချင်းယွီဘုရားသို့လာခဲ့သည်။ ထို့နောက်တွင် စုရွှေလျန်က ၎င်းအား ဆားရည်စိမ်ဆိုင်တွင် အလုပ်လုပ်ရန် ပို့ခဲ့သည်။ နေထိုင်စရိတ်နှင့်စားစရိတ်မှလွဲ၍ တစ်လတွင် ကြေးပြားသုံးရာရပေသည်။ ထိုအချိန်တွင် မြို့ထဲမှလူများက ယန်ရှင်းအိမ်၏လုပ်ငန်းစဉ်ကို သိသွားပေသည်။
ဆင်းရဲသောမိသားစုမှကလေးများ သို့မဟုတ် မိဘမဲ့များသည် ယန်ရှင်းအိမ်သို့ အခွင့်အရေးတစ်ခုအတွက် ရောက်လာတတ်ကြသည်။ ၎င်းတို့သည် မြို့ထဲရှိဆိုင်များတွင် အလုပ်လုပ်နိုင်သည် သို့မဟုတ်လျှင် သီးသန့်စံအိမ်များတွင် အစေခံများဖြစ်လာသည်။ သတင်းက လျင်မြန်စွာပင်ပျံ့သွားလေသည်။ များပြားလှစွာသော အစေခံများနှင့်မိဘမဲ့များသည် ယန်ရှင်းအိမ်သို့ အကူအညီအတွက်လာရောက်ကြကာ ထိုနေရာသည် အမှန်ပင် အသက်ရှင်နေထိုင်ရန်အတွက် အကူအညီဖြစ်ပေသည်။ အလုပ်မှာမလွယ်ကူလှသော်လည်း ဘေးကင်းကင်းနှင့်ဆက်လက်နေထိုင်နိုင်ရန် ကူညီပေးလေသည်။
ထို့ကြောင့်ပင်လျှင် ဟဲယွမ်၊ ဆေးခန်းများနှင့်ဆိုင်များသည် ဝန်ထမ်းအလုံအလောက်ရှိနေခြင်းဖြစ်သည်။ ကူညီရန် ဝန်ထမ်းများပို့ပေးရန် မင်းသားကြီးစံအိမ် သို့ သွေးတပ်ဖွဲ့ကို မလိုအပ်တော့ပေ။ သို့သော်လည်း ထိုအရာဖြင့်ဆိုလျှင် အစားအသောက်မှာ ပို၍လိုအပ်လာပေသည်။
ထို့ကြောင့်ပင်လျှင် လင်းစစ်ယောင်နှင့် သီးသန့်စံအိမ်ထဲရှိ သန်မာအားကောင်းသောလူငယ်များအုပ်စုသည် ယခင်နှစ်ကောက်ရိတ်သိမ်းချိန်ပြီးနောက်တွင် သီးသန့်စံအိမ်အပြင်ရှိ မြေငါးဧကကို ရှင်းလင်းခဲ့သည်။ ၎င်းတို့က ထိုနေရာတွင် ယခုနှစ်၌ မျိုးချရန် စီစဉ်နေခြင်းဖြစ်သည်။
အသစ်စိုက်ပျိုးရန်လိုအပ်သည့်နေရာသည် မြေဩဇာမကောင်းလှသေးသော်လည်း နှစ်ဝက်မျှဂရုစိုက်ပြီးနောက်တွင် ကောက်ပဲသီးနှံများနှင့်ပက်သက်၍ ပြဿနာမရှိတော့ပေ။
အခြားသောအစားအသောက်များအတွက်မူ ဖန်းဟွာသီးသန့်စံအိမ်အတွင်းရှိ ရေကန်ကြီးထဲရှိ ငါးနှင့်ပုဇွန်အရေအတွက်သည် နှစ်စဉ်မြင့်တက်လျက်ရှိသည်။ တစ်ချိန်တည်းတွင်ပင် ကျွဲနွားများမွေးမြူသောယာတစ်ကွက်ကိုလည်း လော့ရှီသီးသန့်စံအိမ်၏ အရှေ့တောင်ဘက် အဝေးဆုံးနေရာတွင် တည်ဆောက်ထားသည်။ ယခင်နှစ်ကတည်းကပင် ဟဲယွမ်ကို အသားထောက်ပံ့ခြင်း စတင်ခဲ့သည်။ ကြက်၊ ဘဲ၊ ဝက်နှင့်နွားများ...အိမ်တွင်းလုပ်ငန်းဖြစ်သော်လည်း ဝန်ထမ်းများက သားပေါက်များကိုပျိုးထောင်ရန် ဝယ်ယူရသည်။ ထိုနှစ်အတွင်းပင် ဟဲယွမ်ရှိလူများကို အစားထောက်ပံ့ခြင်းအပြင် အပိုအလျှံများရှိခဲ့သည်။ အခြောက်ခံကာ၊ မီးခိုးကျပ်တိုက်ကာ၊ ဆားရည်စိမ်ကာ အသားများကို ဖန်းလော့မြို့တွင် ရောင်းချကြသည်။
ဟဲယွမ်တွင်နေကာ မွေးမြူရေးကြက်ဌက်အပိုရှိသူများ သို့မဟုတ် ဝက်ရောင်းချင်သူများအတွက် အသားခြောက်များလုပ်ကာ အလုပ်ရုံများတွင် ရောင်းနိုင်သည်။ လူများက တိရစ္ဆာန်များကို ထိန်းသိမ်းမထားချင်လျှင် အလုပ်ရုံတွင်လာကာ ဝယ်ရောင်းလုပ်နိုင်သည်။
စိုက်ပျိုးရေးလုပ်ငန်းများ တိုးတက်လာသည်ကိုမြင်ရသောကြောင့် စုရွှေလျန်နှင့် လင်းစစ်ယောင်တို့က ဖန်းဟွာစံအိမ်အတွင်းရှိ ရှို့ဖုန်းတောင်ခြေတွင် ပိုးထည်ရက်လုပ်မည့်လယ်တစ်ကွက်တည်ဆောက်ရန် တိုင်ပင်ဆွေးနွေးကာ ဆုံးဖြတ်ခဲ့ကြသည်။
ရှို့ဖုန်းတောင်၏ ပိုစားပင်များတွင် ပိုးဇာကောင်ရိုင်းများ များစွာရှိသည်။ ထို့အပြင် ဖန်းလော့မြို့ တောင်ပိုင်း၏ရာသီဥတုသည် လေးရာသီအတွင်း အခြားသောမြို့များထက် ပို၍ပူနွေးသောကြောင့် ပိုးထည်လယ်ကွက်ဆောက်လုပ်ရန် သင့်လျော်ပေသည်။
၎င်းတို့က အသက်ငါးဆယ်ဝန်းကျင်ရှိ အတွေ့အကြုံရှိသော ရက်ကန်းသမများကို လစာကောင်းကောင်းပေးကာ ဌားရမ်းရန် တဟွေ့တစ်ဝှမ်းတွင် ကွမ်းချီအိမ်တော်အား အရှာခိုင်းခဲ့သည်။ ခြောက်လမျှပြင်ဆင်ပြီးနောက်တွင် နှစ်သစ်အစ၌ ပိုးပင်လယ်ကွက်အား ဆောက်လုပ်ပြီးစီးခဲ့သည်။ အခြားသောတိုင်းပြည်များရှိ ပိုးပင်လယ်ယာများနှင့်မတူပေ။
ပိုးဇာကောင်များ ပိုးအိမ်လုပ်ရန်အကောင်းဆုံးအချိန်မှာ နွေဦးဖြစ်သည်။ ထို့ကြောင့် နွေဦးတွင် လယ်၏အလုပ်များများဖြစ်ကြသော အတွေ့အကြုံရှိသောရက်ကန်းသမားများနှင့် နှစ်ဝက်မျှအလုပ်ကိုသင်ယူခဲ့သော ရက်ကန်းသမငါးယောက်၊ အစေခံသုံးယောက်နှင့် ခေါင်းဆောင်တစ်ယောက်သည် နေ့နေ့ညည လယ်ထဲတွင်ပင်နေခဲ့သည်။ နဂါးလှေပွဲတော်ကိုပင် လယ်ထဲတွင် ကုန်ဆုံးခဲ့ကြသည်။
ယန်ကျင်းကျီ၏အကြံပြုချက်မှာကောင်းပေသည်။ လုံလောက်သောပစ္စည်းကိရိယာများဖြင့် ပိုးလယ်ကွက်တည်ဆောက်ခြင်းနှင့် ပိုးဇာကောင်များအတွက် နွေးထွေးသောအခန်းတစ်ခန်းအပြင် သီးသန့်စံအိမ်သည် အလုပ်သမားများအတွက် အဆောင်တစ်ခုကို ဆောက်လုပ်ပေးခဲ့သည်။ အစပိုင်းတွင် ထိုနေရာတွင် ညဆိုင်းယူသောအလုပ်သမားများ နားနေနိုင်ကာ ယခုတွင် ၎င်းတို့အတွက် အိမ်လေးဖြစ်လာသည်။ ၎င်းတို့က တစ်ဦးတည်းဖြစ်ကာ တောင်းဆိုကြလျှင် စုရွှေလျန်က ၎င်းတို့နေထိုင်ရန်တောင်းဆိုသည်ကို မကန့်ကွက်ပေ။ ကျန်းမာရေးကိုဂရုစိုက်ကာ အလုပ်လုပ်ပြီးနောက်တွင် အနားယူရန်သာ မမေ့ရန် မှာကြားသည်။
ဟဲယွမ်သည် မြို့ငယ်လေးဖြစ်သော်လည်း ၎င်းဘာသာ လုံလောက်စွာထောက်ပံ့နိုင်သောမြို့လေးဖြစ်သည်။ ဖန်းလော့မြို့ကိုယှဉ်ရန် ကြိုးစားနေယုံသာမက ၎င်းတို့၏အပိုအလျှံများနှင့် အကျိုးအမြတ်များကိုပင် ဟဲယွမ်က ခွဲဝေပေးသေး၏။
"အင်း ကိုယ်တို့ ပစ္စည်းတွေအားလုံးတော့ ပြင်ဆင်ပြီးသွားပြီ"
လင်းစစ်ယောင်က ခေတ္တမျှစဉ်းစားလိုက်သည်။
"ကိုယ်တို့လိုအပ်တဲ့မြေငါးဧကကို စာချုပ်ချုပ်ချင်မလားလို့ ဝမ် မျိုးနွယ်စုကို မေးကြည့်ပါလား"
"စာချုပ်လား"
သူမသည် ထိုစကားလုံးကို ယန်ကျင်းကျီဆီမှ ကြားဖူးလေ့ရှိသည်။ ကျင်းကျီသည် လူများအတွက် ကျန်းမာရေးစစ်ဆေးပေးရန် သီးသန့်စံအိမ်ဆီသို့လာတိုင်း သူမ အားလပ်လျှင် စုရွှေလျန်အား သီးသန့်စံအိမ်ရှိ မြေအားလုံးနှင့်ဆိုင်များကို ဆိုင်ချုပ်ချုပ်ဆိုထားရန် များစွာနားပူနာဆာလုပ်တတ်သည်။ နှစ်တိုင်း ၎င်းတို့ကို ကောက်ပဲသီးနှံပမာဏအရ ပေးချေမည်ဖြစ်သည်။
"အင်း။ ပိုးပင်လယ်ကွက်တွေ စလုပ်မဲ့အချိန်ရောက်လာပြီး ကောက်ရိတ်ရမဲ့အချိန်ကျရင် လူတွေကို စီစဉ်ဖို့ကြိုးစားရမှာပေါ့။ ဒါပေမဲ့ အခြားချိန်တွေကျ အလုပ်သမားမရှိတာနဲ့ ရင်ဆိုင်ရလိမ့်မယ်"
လင်းစစ်ယောင်က စဉ်းစားကာ မျက်မှောင်ကြုတ်လိုက်မိသည်။
"ဝမ်မိသားစုက မျိုးဆက်အများကြီးအတွက် ကောက်ပဲသီးနှံလုပ်ငန်းပဲ လုပ်ကြတာ။ သူတို့အတွက် မြေငါးဧကလောက်နဲ့ အလုပ်လုပ်ဖို့ဆိုတာ ပြဿာနာမဟုတ်ဘူး။ ကောက်ရိတ်တဲ့အချိန်ကျရင် ပုံမှန်အလုပ်လုပ်လို့ရတာပဲ"
"အင်း။ အကြံကောင်းသားပဲ။ အခု သီးသန့်စံအိမ်မှာ အလုပ်လုပ်ဖို့လူတွေအများကြီးရှိပြီ။ ကောက်ရိတ်သိမ်းချိန်မဆို သူတို့တွေ အကောင်းဆုံးကြိုးစားနိုင်တယ်လေ။ ဒါပေမဲ့ ဒီနှစ် သူတို့မှာ သူတို့အလုပ်တွေသူတို့ရှိနေကြတာ။ မြေငါးဧကမှာအလုပ်လုပ်မဲ့အခြားသူတွေနဲ့နှိုင်းယှဉ်ကြည့်ရင် ဝမ်မိသားစုကိုပဲ စောင့်ရှောက်ဖို့ပြောပြီး နှစ်တိုင်း သူတို့ကိုပေးတာက ပိုကောင်းပါတယ်လေ"
စုရွှေလျန်က ခေါင်းညိတ်ကာ သဘောတူလိုက်သည်။
"အခုဒီအခြေအနေကို ဖြေရှင်းပြီပြီဆိုတော့ အခုမင်းလာနိုင်ပြီလားၑ
လင်းစစ်ယောင်က သူမကို တစ်ချက်ကြည့်လိုက်သည်။ ထိုနေရာတွင် ၎င်းတို့နှစ်ယောက်တည်းတွင်ရှိကာ သူမက အခြားသူများနှင့် ဝန်ထမ်းများအကြောင်း စဉ်းစားနေလေသည်။
“အားယောင်!”
သူမ ငိုရမည်လား ရယ်ရမည်လားကို စုရွှေလျန်မသိတော့ပေ။ သို့သော် ညဉ့်နက်လာပြီဖြစ်သောကြောင့် သူမ၏အပေါ်ရုံကိုချွတ်လိုက်သည်။ အိပ်ရာပေါ်တွင် လှဲလျောင်းခါနီးတွင် သူက သူမကိုရုတ်တရက် ပွေ့ဖက်ကာ ဆွဲခေါ်သွားသည်။
"မင်း...မပင်ပန်းသေးဘူးလား"
နေ့လည်စာစားပြီးနောက်တွင် သူအိမ်သို့ရောက်လာကာ အနားယူခြင်းမရှိဘဲ သူမနှင့်ချစ်ကြည်နူးနေမိသည်။ နေ့လည်စာစားပြီးနောက်တွင် စစ်လော့နှင့် ယင်းယွင်၏ မင်္ဂလာပွဲအတွက် ပြင်ဆင်ပေးရသဖြင့် အလုပ်ရှုပ်နေလေသည်။ ဧည့်ခံချိန်အတွင်းတွင် စစ်ရှန်းက စစ်လော့နှင့်သူ့အား များစွာသောက်စေသည်။ယခုတွင် သန်းခေါင်ချိန်ရောက်ပြီဖြစ်ကာ သူလိုချင်နေဆဲဖြစ်၏။
"ငါ..."
သူတီးတိုးလေးပြောလိုက်၏။ ထို့နောက်တွင် သူသည် ခန္ဓာကိုယ်ကိုလှည့်ကာ သူ၏နွေးထွေးကာ သင်းပျံ့သောခန္ဓာကိုယ်လေးပေါ်တွင် အုပ်မိုးလိုက်သည်။ သူ၏လက်များက သူမ၏ခန္ဓာကိုယ်ပေါ်တွင် လျှောက်သွားလေတော့၏။
"ရှင်ပဲပင်ပန်းပြီလို့ ပြောခဲ့တယ်မဟုတ်လား"
သူ့ကိုကြည့်ကာ စုရွှေလျန်ရယ်လိုက်မိသည်။ သို့သော်လည်း သူမ၏လက်များက နာခံစွာပင် သူ၏လည်ပင်းတွင်ရစ်ပတ်လိုက်ပြီး သူ၏ပူပြင်းသောအသက်ရှုသံကိုခံစားကာ သူမ၏မျက်နှာ ၊ နားနှင့်လည်ပင်းကို ပူလောင်လာစေသည်။ သူ၏ချစ်စိတ်ပြင်းပြမှုက သူမ၏တစ်ကိုယ်လုံးကို လောင်ကျွမ်းသွားစေသည်။
"လုပ်ကြရအောင်။ အဲ့လိုဆိုရင် ပင်ပန်းတယ်လို့ခံစားရမှာမဟုတ်တော့ဘူး"
ဝိုင်ကြောင့်ဖြစ်နိုင်ပေသည်။ သူကပို၍ ချစ်စိတ်ပြင်းပြနေ၏။ သူမ၏ခန္ဓာကိုယ်ကို အထိန်းအကွပ်မဲ့တိုက်ခိုက်လာကာ သူ၏ခန္ဓာကိုယ်အောက်တွင် ပင်ပန်းနွမ်းနယ်ကာ လဲကျသွားသည်အထိပင်။ ထို့နောက် သူကအသံထွက်သွားကာ ၎င်းဘာသာ ဖြေလျော့လိုက်၏။
သူက သန့်ရှင်းသောအဝတ်ကိုသုံးကာ သူမကိုသန့်ရှင်းစွာသုတ်ပေးပြီး ပွေ့ဖက်ထားလိုက်သည်။ ညသည် ပို၍မှောင်မှိက်လာကာ အချစ်သာသည် အားကောင်စွာကျန်ရှိနေလေသည်။ မနက်ဖြန်တွင် ၎င်းတို့ ကိစ္စများစွာလုပ်ရန် လိုအပ်သည်။ သို့သော်လည်း ၎င်းတို့၏အလုပ်ရှုပ်မှုများသည် ဟဲယွမ်၏ ကြီးပွားချမ်းသာခြင်းအတွက်ဖြစ်သောကြောင့် သူသည် ပျော်ရွှင်စွာခံနိုင်ရည်ရှိပေသည်။ အရာအားလုံးသည် သူမကြောင့်ပင်ဖြစ်သည်။ သူမသည် သူ၏ဘေးနားတွင်ရှိနေပါလျှင် အရာအားလုံးသည် သူမအတွက်ပင်ဖြစ်၏။
"အမေ...အမေ..."
ငါးနှစ်သား လင်းရှောင်က အခန်းထဲသို့ပြေးဝင်လာကာ စုရွှေလျန်ကိုအော်ခေါ်လိုက်သည်။ ပတ်ဝန်းကျင်သို့ရှာပြီးနောက်တွင် အမေမရှိသည်ကို သိသောကြောင့် အိမ်မကြီးဆီသို့ အပြေးပြန်သွား၏။
"အစ်မဟဲ အမေဘယ်မှာလဲ။ သူက သားကို ဒီနေ့ ချယ်ရီဝိုင်ဘယ်လိုလုပ်ရမလဲဆိုတာကို သင်ပေးမယ်လို့ ကတိပေးထားတယ်လေ"
"သခင်လေး သခင်မက စောနကမှ ထွက်သွားတာ။ ဒီအစေခံနဲ့ ချယ်ရီသီးအရင်ကောက်ကြမယ်ဆိုရင်ရော ဘယ်လိုလဲ။ ဝိုင်မလုပ်ခင် ချယ်ရီသီးကောက်ပြီး ဆေးရဦးမယ်လေ"
ပိုင်ဟယ်က လူကြီးတစ်ယောက်ကဲ့သို့လေးနက်နေသော လင်းရှောင်ကို ဆွဲဆောင်လိုက်သည်။
ငါးနှစ်သားအမြွှာလေးများအကြောင်းပြောရပါလျှင် ၎င်းတို့၏ပထမဆုံးသောမွေးနေ့ပြီးနောက်တွင် ၎င်းတို့၏ခြားနားသောပင်ကိုယ်စရိုက်က ပို၍ကွဲပြားလာသည်။
သခင်မလေး လင်းလုံက တိတ်တိတ်ဆိတ်ဆိတ်နေရသည်ကို ကြိုက်သည်။ သူမသည် စာကြည့်ခန်းထဲတွင် တစ်နေကုန်အသံတစ်သံပင်မထွက်ဘဲ ပုန်းနေနိုင်ပေသည်။ ဖုန်းယောင် တရားရုံး၏သခင်ရောက်လာသောအခါမှသာ ပျော်ရွှင်စွာဖြင့် သခင် Si နောက်လိုက်သွားကာ ကြာကန်းဘေးရှိ ပွဲကြည့်စင်တွင် ရှုပ်ထွေးနှလုံးစူထျာကို သင်ယူတတ်သည်။
သို့သော်လည်း သခင်လေး လင်းရှောင်မှာမူ သူမနှင့် လုံးဝကွဲပြားခြားနားပေသည်။ သူ၏တက်ကြွလှုပ်ရှားသောစရိုက်ထက် လင်းရှောင်သည် ဝိုင်လုပ်ခြင်းနှင့် ကြိုက်နှစ်သက်သောဟင်းလျာများချက်ပြုတ်ခြင်းတွင်မွေ့လျော်သည်။ ဝန်ထမ်းသည် ကောင်လေး၏လုံခြုံးရေးကို စိတ်မပူကာ မီးဖိုပေါ်သို့ တက်ခွင့်ပြုပါလျှင် သူသည် ယခုတွင် ယောက်ချိုဖြင့်ပင် ချက်ပြုတ်နေနိုင်မည်ဖြစ်သည်။
အသက်ငါးနှစ်မပြည့်ခင်တွင် လင်းရှောင်သည် ၎င်းဘာသာ အနံ့မွှေးသောကွေ့ဟွားဝိုင်ဖော်စပ်ခြင်းကို အောင်မြင်ခဲ့ပြီးဖြစ်သည်။ ၎င်းတို့၏သခင်လေးသည် တစ်နေ့တွင် အောင်မြင်သောစားသောက်ဆိုင်ပိုင်ရှင်ဖြစ်လာလိမ့်မည်ဟု လျန်မော့မော့က ခန့်မှန်းခဲ့သည်။ သို့သော် သူ၏ဦးကြီးတော်၏မြေးဖြစ်သောကြောင့် အဘိုးသိလျှင် ရူးပေလိမ့်မည်။
ယမန်နေ့က လက်ထပ်ပွဲတွင် သခင်မသည် ဉယျာဉ်ထဲတွင် ချယ်ရီသီးများ မှည့်နေကြောင်း ပြောပြပြီးဖြစ်သည်။ များသောကြောင့် စားလျှင်ပင်မပြီးနိုင်သောကြောင့် ဝိုင်လုပ်ရန်ဆုံးဖြတ်ခဲ့သည်။ ၎င်းတို့၏သခင်လေးက ထိုအကြောင်းကို အမှတ်ရသွားကာ အိပ်ရာမှနိုးလျှင်နိုးချင်း မျက်နှာမသစ်ခင်တွင်ပင် အမေဖြစ်သူကို အပြေးလာရှာခြင်းဖြစ်သည်။
တတိယသခင်လေးလင်းရှီသည်လည်း တစ်မူထူးခြားသောစရိုက်ရှိပေသည်။ သူသည် အရာအားလုံးကို ကြိုက်နှစ်သက်ကာ အရာအားလုံးသည် သူ့အတွက် တန်ဖိုးရှိပေသည်။ ကျွာကျုံးပွဲတွင် သူက အရာအားလုံးကို သူ၏အင်္ကျီလက်ထဲသို့သိမ်းကျုံးထည့်ခဲ့သည်။ မည်သည့်အရာကိုမျှ လက်မလွှတ်ချင်ပေ။ သူသည် ကြီးလာသောအခါတွင် ဘာဖြစ်ချင်သည်ကို မည်သူမျှမသိကြပေ။
“ပိုင်ဟယ်!”
ပိုင်ဟယ် သည် လင်းရှောင်ကို မျက်နှာသစ်ရန်နှင့် မနက်စာစားရန်ခေါ်သွားခါနီးတွင် ရှင်းလင်းအေးစက်သော ကလေးတစ်ယောက်၏အသံက သူမနောက်မှ ထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။ သူမသည် မည်သူခေါ်နေကြောင်း သိသောကြောင့် လှည့်ကြည့်ရန်မလိုပေ။ သခင်မလေး လင်းလုံပင်ဖြစ်သည်။
"သခင်မလေး?"
"အမေဘယ်မှာလဲ"
သခင်မလေးက ခံစားချက်မရှိသောမျက်နှာပေးဖြင့် မေးလိုက်သည်။ သူမသည် အမေဖြစ်သူကို တွေ့ချင်သည်မှာရှားကာ မနက်စောစောစီးစီးတွင် ရှာမတွေ့ပေ။
"သခင်မက မြို့ထဲက ရွာသားတစ်ယောက်ရဲ့အိမ်ဆီသွားပါတယ်။ လိုအပ်တဲ့မြေငါးဧကနဲ့ပက်သက်ပြီး ဆွေးနွေးချင်နေတဲ့ပုံပဲ။ သခင်မလေးမှာ အရေးတကြးကိစ္စများရှိလို့လား။ ကျွန်မ ဘာကူညီပေးရမလဲ"
သခင်မလေးက မိခင်ဖြစ်သူကိုတွေ့ချင်သည်မှာ ရှားပါးသောကြောင့် အရေးကြီးသောကိစ္စဖြစ်မည်ဟု ပိုင်ဟယ်ထင်လိုက်မိသည်။
"ကိစ္စမရှိဘူး။ အမေပြန်လာမှပဲ ပြောလိုက်တော့မယ်"
လင်းလုံက လက်ပြကာ လှည့်ထွက်သွားပြီး သူ၏စာကြည့်ခန်းလေးဆီသို့ ပြန်သွား၏။
ဆရာဖြစ်သူရောက်လာမည်ကို စောင့်မျှော်နေမိသည်။ သူမသည် နှလုံးစူထျာကို ပြန်လည်အာဂုံဆောင်ပြီးဖြစ်သည်။ ကိုယ်ဖော့သိုင်း သို့မဟုတ် ဓားနည်းစနစ်ကဲ့သို့သော အသစ်တစ်ခုခုကို သင်ယူချင်နေမိသည်။
***