← Chapters

ပိုးလယ်ယာ

Vol. 5 Ch. 153

ပိုးလယ်ယာ

Vol. 5 Ch. 153

ဝမ်မိသားစုသည် သတင်းကောင်းကြားသောအခါတွင် ၎င်းတို့၏စိတ်လှုပ်ရှားမှုကို ထိန်းမထားနိုင်ကြပေ။

"တကယ်လား တကယ်လား"

မြေငါးဧကအား တစ်နှစ်စောင့်ရှောက်ပေးလျှင် ငွေတုံးသုံးတုံးရမည်ဖြစ်ကာ ကောက်ရိတ်သိမ်းမှု၏ ဆယ်ပုံတစ်ပုံကိုလည်း ရမည်ဖြစ်သည်။ မည်သူက ထိုသို့ကောင်းမွန်သောအပေးအယူမျိုးကို ရှာတွေ့နိုင်မည်နည်း။

"ကျွန်မက ဒီကိုလာပြောတာဆိုမှတော့ အတည်ပေါ့"

စုရွှေလျန်က ပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။ ဖန်းဟွာမြို့တွင် ဝမ်မိသားစုသည် ၎င်းတို့၏စိုက်ပျိုးနည်းစနစ်များကြောင့် နာမည်ကြီးသည်။ ထို့အပြင် ၎င်းတို့မိသားစုတွင် အဘွားကြီးလင်မယား၊ အကြီးဆုံးသားတို့လင်မယား၊ သားနှင့်သမီး စုစုပေါင်း လူခြောက်ယောက်ရှိသည်။ မိသားစုဝင်အားလုံးများသည် လယ်ယာစိုက်ပျိုးရာတွင် တော်ကြသည်။ ၎င်းတို့၏စပါးသုံးဧကအပြင် သီးသန့်စံအိမ်၏လယ်ငါးဧကကို စောင့်ရှောက်ပေးရန်မှာ အပန်းမကြီးလှပေ။

"ကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ် သခင်မ"

အမျိုးသမီးကြီးဝမ်က ပျော်ရွှင်လွန်းသဖြင့် မျက်လုံးထောင့်မှ မျက်ရည်များကိုသုတ်နေရသည်။ လွန်ခဲ့သောသုံးနှစ်အတွင်းတွင် သီးသန့်စံအိမ်အကူအညီဖြင့် သူမတို့၏အိမ်နီးချင်းများသည် စီးပွားရေးကောင်းကြကာ လက်သမားများဖြစ်လျှင် ဝန်ဆောင်ခရရှိကြကာ ကျွဲနွားမွေးမြူသောလယ်သမားများသည်လည်း ဝယ်သူကောင်းများ ရှာတွေ့သွားကြသည်။ သို့သော်လည်း မျိုးရိုးစဉ်ဆက်လယ်သမားအဖြစ် လုပ်ကိုင်လာကြသော ၎င်းတို့မိသားစုသည်သာ လတ်ဆတ်သောထုတ်ကုန်များရောင်းရန် အပေးအယူကောင်းမရခဲ့ပေ။ တစ်ခုခုလုပ်ရန်လည်း လယ်မြေများကို လက်မလျော့နိုင်ကြပေ။

တစ်နှစ်လျှင်ငွေတုံးသုံးတုံးမှာ မိသားစုဝင်ခြောက်ယောက်အတွက် လုံလောက်သည်ထက်ပင် ပိုပေသည်။ ဆန်များနှင့်ဟင်းသီးဟင်းရွက်များရောင်းလျှင် ပို၍ရနိုင်ပေသည်။ လယ်များကို ကောင်းကောင်းစောင့်ရှောက်လျှင် သီးသန့်စံအိမ်က စာချုပ်ထပ်တိုးမည်ဖြစ်ကာ ပုံမှန်စုမိဆောင်းမိရှိလာမည်။ ထို့နောက်တွင်မူ ဒုတိယသား၏မင်္ဂလာပွဲအတွက် စိတ်ပူစရာမလိုတော့ပေ။

"ကျေးဇူးတင်ရမှာက ကျွန်မပါ။ သီးသန့်စံအိမ်အတွက အလုပ်လုပ်ပေးတဲ့သူ မများပါဘူး။ ဒီမြေကို ကူညီပေးမယ်ဆိုရင် ကျွန်မစိတ်သက်သာရာရသွားမှာပါ"

  စုရွှေလျန်က ပြုံးကာ ပြောလိုက်၏။ ထို့နောက် သူမသည် ငွေတုံးနှစ်တုံးးကို ထုတ်ယူလိုက်သည်။

"ရှင်တို့ကိုစိတ်ပူလို့ပေးတာမဟုတ်ပါဘူး။ သီးသန့်စံအိမ်ရဲ့စည်းမျဉ်းပါ။ ငွေတုံးနှစ်တုံးက စရံပါ။ နောက်ထပ်ငွေတုံးတစ်တုံးနဲ့ ကောက်ရိတ်သိမ်းတာရဲ့ ဆယ်ပုံတစ်ပုံကို ကောက်ရိတ်ပြီးရင် ပေးပါ့မယ်။"

သူမက ရှင်းကျီကို မြို့စားအား ဖိတ်ခိုင်းကာ ၎င်းတို့၏စာချုပ်အတွက် သက်သေအဖြစ်လုပ်ဆောင်ရန်ဖြစ်သည်။

"ဟုတ်ကဲ့ ဟုတ်ကဲ့ ဟုတ်ကဲ့ပါ"

အဖေဝမ် အမေဝမ်သည် ခေါင်းညိတ်ပြလိုက်ကြသည်။ အမေဝမ်က မြို့စားနှင့်အတူ စာချုပ်ပေါ်တွင် လက်ဗွေနှိပ်ရန် တိုက်တွန်းကာ သူမက စုရွှေလျန်ဆီမှ ငွေနှစ်တုံးကို လက်ခံလိုက်သည်။ ပေးချေမှုကိုရရှိရန် ၎င်းတို့သည် ဆောင်းဦးကောက်ရိတ်ချိန်ရောက်သည်အထိ စောင့်ရလိမ့်မည်ဟု ထင်ခဲ့သည်။ ကောက်ရိတ်ရာသီမတိုင်ခင်တွင် ငွေရလိမ့်မည်ဟု ထင်မထားခဲ့ပေ။

"ပြီးတော့ မြေကိုစောင့်ရှောက်ဖို့ လိုအပ်တဲ့တန်ဆာပလာတွေနဲ့မြေဩဇာကို စီမံခန့်ခွဲရေးမှူးရှောင်းနဲ့တွေ့ပြီး ယူလိုက်ပါ"

သီးသန့်စံအိမ်၏ လယ်ယာစိုက်ပျိုးရေးကိရိယာများကို အသစ်ဆောက်လုပ်ထားသောဂိုဒေါင်ထဲတွင်ထားသည်။ ထိုကိရိယာများကို အသုံးပြုလိုသူများသည် ရှောင်းဟန်ဆီတွင် စာရင်းပေးကာ ပစ္စည်းများကိုဌားရမ်းနိုင်သည်။ အသုံးပြုခပေးစရာမလိုပေ။

"ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ"

ဝမ်လင်မယားက အဆက်မပြတ်ခေါင်းညိတ်ပြကြ၏။ ၎င်းတို့သည် မြေဩဇာကဲ့သို့ အသုံးပြုရမည့်ပစ္စည်းများကို ဝယ်ရန်မလိုဆိုသည်ကို မယုံနိုင်ကြပေ။ ငွေတုံးသုံးတုံးသည် လုပ်အားခအဖြစ် ရရှိထားခြင်းဖြစ်သည်။ သီးသန့်စံအိမ်သည် ၎င်းတို့မိသားစုကို ထောက်ပံ့ချင်နေသည်ကို သိရှိရသောကြောင့် များစွာစိတ်ထဲတွင်ကျေးဇူးတင်နေမိ၏။

"ဦးလေးဝမ် အဒေါ်ဝမ် ဦးလေးတို့ မကိုင်တွယ်နိုင်ဘူးဆိုရင်လည်း ကျွန်မကိုလာတွေ့လှည့်ပါ။ ကူညီပေးဖို့ လူတွေစီစဉ်ပေးပါ့မယ်။ ကိုယ့်ဘာသာ အရမ်းကြီးခက်ခဲအောင်မလုပ်ပါနဲ့"

အသက်ကြီးသော ဝမ်လင်မယားသည် မြေငါးဧကအတွက် စိတ်ဖိစီးမှုရမည်ကို စိုးရိမ်သောကြောင့် လှည့်ကာပြောလိုက်ပေသည်။ ထိုသို့ဆိုလျှင် ကောင်းသည်ထက် ပို၍အန္တရာယ်များပေသည်။

"ကောင်းပါပြီ။ စိတ်မပူပါနဲ့။ ကျွန်မတို့ကိုင်တွယ်နိုင်ပါတယ်။ သခင်မ မစိုးရိမ်ပါနဲ့"

အဒေါ်ဝမ်က ရင်ဘတ်ကိုပုတ်ကာ အခိုင်အမာဆိုနေသည်။ သာမန်အားဖြင့် ၎င်းတို့မိသားစု မြေသုံးဧကမှာ သားအကြီးဆုံးနှင့်ချွေးမက စောင့်ရှောက်ခြင်းဖြစ်သည်။ ၎င်းတို့အတွက် ပြဿနာမဟုတ်ပေ။ ကောက်ရိတ်သိမ်းချိန်မပါပေ။ သို့သော်လည်း သီးသန့်စံအိမ်က ကောက်ရိတ်သိမ်းချိန်တွင် လူများလွှတ်ကာ ကူညီပေးမည်ဆိုသောကြောင့် ၎င်းတို့ဘာသာ ငါးဧကလုံးရိတ်သိမ်းစရာမလိုတော့ပေ။ ထိုမျှအထောက်အပံ့ဖြင့် ၎င်းတို့အား မည်သို့စိတ်မောစေနိုင်မည်နည်း။ သာမန်နေ့များတွင် ယောင်္ကျားများသည် အားလပ်နေကြကာ ရှို့ဖုန်းတွင် ငါးမျှားတတ်ကြသည်။

"အဲ့လိုဆိုရင် သခင်မ သီးသန့်စံအိမ်က အစေခံများလိုအပ်ရင် ကျွန်မတို့ ရှောင်မေ့လေးကိုခေါ်ပါ့လား။ သူက ဒီနှစ်ဆို(၁၃)နှစ်ရှိပါပြီ။ သီးသန့်စံအိမ်မှာ အလုပ်လုပ်နိုင်မှာသေချာပါတယ်"

သူမသည် အဒေါ်လောင်၏ခင်ပွန်းက စံအိမ်တွင် ဥယျာဉ်မှူးလုပ်ကာ ငွေတုံးများစွာရသည်ဟု ကြားထားလေသည်။ သမီးဖြစ်သူသည်သာ ထိုနေရာတွင် အစေခံလုပ်လျှင် ထိုပမာဏကို သူမသည်လည်း ရနိုင်မည်လော။

"အမ်"

စုရွှေလျန်၏ခြေလှမ်းတို့တွန့်ဆုတ်သွား၏။ သူမက လှည့်ကာ မျက်နှာတွင်မျှော်လင့်ချက်တို့သန်းနေသာ အဒေါ်ဝမ်ကိုကြည့်လိုက်ပြီး အင်္ကျီလက်စကိုလိမ်ကာ ဘေးတွင်ရပ်နေသော ရှောင်မေ့ကိုလည်း ကြည့်လိုက်မိသည်။

သူမသည် အစေခံများကို ဟဲယွမ်တွင်နေထိုင်သောသူများကို မည်သည့်အခါမှ မခန့်ထားဖူးပေ။ ဦးစွာ သီးသန့်စံအိမ်သည် နှိပ်ကွပ်လွန်းကာ မြို့ထဲရှိ အဖိုးတန်သားသမီးများကို အစေခံလုပ်ရန် ဖိအားပေးနေသည်ဟုသော ကောလဟသပြန့်မည်ကို ကြောက်သောကြောင့်ပင်။ ဒုတိယအနေဖြင့် အစေခံများသည် ၎င်းတို့၏အိမ်အနီးအနားတွင်နေထိုင်လျှင် စိတ်ပျံ့လွင့်ကြမည်ဖြစ်ကာ အလုပ်ကိုလည်း လုံ့လဝီရိယရှိစွာ မလုပ်ကြဘဲ စံအိမ်၏စည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်မည်ကြောက်သောကြောင့်ဖြစ်သည်။ ထိုအချိန်ဆိုလျှင် ၎င်းတို့ကိုအပြစ်ပေးကာ ဆူရန်ခက်ပေလိမ့်မည်။

ထို့ကြောင့် ချင်းထျန်းမြို့မှ စာချုပ်သက်တမ်းရှည်အလုပ်သမားများကိုသာ ဆားရည်စိမ်ဆိုင်တွင် အလုပ်ခန့်၏။

ယန်ရှင်းအိမ်မှ မိဘတစ်ဦးတည်းရှိသောမိသားစုမှကလေးများနှင့် မိဘမဲ့များကိုလည်း အခြားနေရာများတွင် အလုပ်လုပ်ရန်ခန့်ထားသည်။

"မင်းက ငါတို့အတွက် အလုပ်လုပ်ပေးချင်လား"

စုရွှေလျန်က ခေါင်းကိငုံ့ထားသော ရှောင်မေ့ကိုမေးလိုက်သည်။

"ဟုတ်ကဲ့"

ရှောင်မေ့က အသာလေးခေါင်းညိတ်ပြလိုက်၏။သူမသည် အိမ်မကြီးတွင် အလုပ်လုပ်ကိုင်ကြသောအစေခံများကို အချိန်အတော်ကြာလေ့လာပြီးဖြစ်သည်။ ၎င်းတို့သည် ရွာသားများထက် အဝတ်အစားကောင်းကောင်းမွန်မွန်ဝတ်ဆင်ကြကာ အပြင်ထွက်လျှင် အစေခံဖြင့်ပင် မတူပါ။ ၎င်းတို့ကောင်းကောင်းအလုပ်လုပ်လျင် ကျောင်းတက်နိုင်သည့်အခွင့်အရေး မြို့ထဲရှိဆိုင်များတွင်အလုပ်လုပ်နိုင်သည့်အခွင့်အရေးပါရနိုင်သည်ဟု မြို့သူကြီးကပြောဖူး၏။ သူမသည် အမှန်ပင်ကြိုးစားကြည့်ချင်ပေသည်။ သူမသည် တပေါင်ကဲ့သို့ သစ်သားဆိုင်စီမံခန့်ခွဲသူဖြစ်မလာနိုင်သည်ဆိုလျှင်တောင်မှပင် ဆိုင်တွင်ပုံမှန်အလုပ်လုပ်ရသောအလုပ်သမားတစ်ယောက်ဖြစ်လာနိုင်ကာ လတိုင်းပုံမှန်လစာရနိုင်ပေ၏။

"ဒါနဲ့ ငါတို့က မင်းနဲ့သက်တမ်းရှည်စာချုပ်လုပ်မှာဆိုတော့ အနည်းဆုံးအချိန်က နှစ်နှစ်ပဲ။ မင်းအလုပ်လုပ်နိုင်တာသေချာလား"

စုရွှေလျန်ကပြုံးကာမေးလိုက်၏။ သူမသည်၎င်းတို့ကို ဒုက္ခပေးရန် မရည်ရွယ်ပေ။ သို့သော်လည်း သီးသန့်စံအိမ်တွင် အလုပ်လုပ်ချင်လျှင် စီမံခန့်ခွဲသူမှာ ၎င်းတို့၏အရည်အချင်းနင့်သင့်လျော်သောအလုပ်တာဝန်များမခွဲခင်တွင် ချွမ်းလန်ဆီတွင် တစ်လလေ့ကျင့်ရမည်ဖြစ်သည်။ တာဝန်များမှာ သုံးလတစ်ခါပြောင်းရသည်။ တစ်နှစ်ပြီးနောက်တွင် ၎င်းတို့၏အထူးကျွမ်းကျင်မှုနှင့်သင့်လျော်သောအလုပ်တွင် ခန့်ထား၏။

"ဟုတ်ကဲ့"

ရှောင်မေ့က ရင်ဘတ်ကိုကျုံ့ကာပြောလိုက်သည်။ သို့သော်လည်း သူမသည် အသက်(၁၃)နှစ်သာရှိသေးကြောင့် တွန့်ဆုတ်နေသာ ရှက်သောအမူအရာပြနေသည်။

အဒေါ်ဝမ်က စုရွှေလျန်၏အမေးအား ကြားသောအခါတွင် ဖြစ်နိုင်ကြောင်း ခန့်မှန်းမိ၏။ သူမက ပြုံးကာ အဝတ်စုံဖြင့် သူမလက်များကိုသုတ်လိုက်သည်။

"သခင်မ နေ့လည်စာစားချိန်ရောက်တော့မယ်။ ကျွန်မတို့သာ စားကောင်းသောက်ဖွယ်တွေမရှိပေမဲ့ စိတ်မရှိဘူးဆိုရင် မပြန်ခင် ကျွန်မတို့နဲ့ နေ့လည်စာအတူစားသွားပါ့လား"

"ရပါတယ် အဒေါ်ဝမ်။ ကျွန်မ ပိုးအလုပ်ရုံဘက်လည်း သွားကြည့်ရဦးမယ်။ ရှောင်မေ့သာ ကျွန်မတို့နဲ့အလုပ်လုပ်ချင်ပြီး အဒေါ်တို့နှစ်ယောက်ကလည်း သဘောတူတယ်ဆိုရင် ကျွန်မက လက်ခံဖို့ဆန္ဒရှိပါတယ်။ မနက်ဖြန် မနက်ခြောက်နာရီလောက် ချွမ်းလန်ကို လာတွေ့လှည့်ပါ။ သူက ကူညီပေးပါ့လိမ့်မယ်။ လစာကတော့ ပထမတစ်နှစ်ကတော့ အရမ်းမများသေးဘူး။ တစ်လကို ကြေးပြားနှစ်ရာပါ။ အစားအသောက်နဲ့ နေဖို့ထိုင်ဖို့ကို ကျွန်မတို့က စီစဉ်ပေးပါတယ်။ အလုပ်ပြီးလို့ အိမ်ပြန်လို့လည်းရပါတယ်။ ဒါပေမဲ့ အလှည့်ကျတဲ့အချိန်တော့ နေရပါမယ်"

စုရွှေလျန်က အသစ်ခန့်ထားသောအစေခံများ၏လစာနှင့်ပက်သက်၍ အတိုချုံးပြောပြလိုက်သောကြောင့် မိသားစုများနားလည်သွား၏။ ထိုအကြောင်းအား ဂရုတစိုက်စဉ်းစားရန် တစ်ညအချိန်ရပေမည်။

"ဟုတ်ကဲ့ ဟုတ်ကဲ့ပါ။ ရှောင်မေ့သွားပါ့မယ်။ သခင်မက စိတ်မပူပါနဲ့။ ကျွန်မတို့ သခင်မကို အရှက်မရစေရပါဘူး"

အဒေါ်ဝမ်က သမီးဖြစ်သူ လစဉ်ကြေးပြားနှစ်ရာရမည်ကို ကြားသောအခါတွင် တွက်ချက်နေမိသည်။ လစဉ်ကြေးပြားနှစ်ရာဆိုလျှင် တစ်နှစ်လျှင် ငွေနှစ်တုံးဖြစ်သည်။ သူမ၏နေ့စဉ်အစားအသောက်အနေအထိုင်ကိုလည်း စောင့်ရှောက်ပေးဦးမည်။ ကောင်းမွန်သောအခွင့်အလမ်းပင်ဖြစ်ပေသည်။ အဘယ့်ကြောင့် ယခင်က မစဉ်းစားမိခဲ့ရပါသနည်း။

မိသားစုများက ၎င်းတို့ဆုံးဖြတ်ချက်ခိုင်မာနေသည်ကို သတိထားမိသောအခါတွင် စုရွှေလျန်က ရှောင်မေ့ကို ပြုံးပြကာ ခေါင်းညိတ်ပြလိုက်၏။ ဝမ်မိသားစုကိုနှုတ်ဆက်လိုက်ပြီးနောက်တွင် သူမသည် ရှင်းကျီ၏မြင်းလှည်းထဲသို့ဝင်သွားကာ ပိုးလယ်ကွင်းဆီသို့သွား၏။

ထို့နေ့များတွင် သူမသည် နဂါးလှေပွဲတော်ပြင်ဆင်ခြင်းအတွက် အလုပ်များနေကာ ပိုးလယ်ကွင်းထဲသို့လည်ရန် အချိန်မရှိပေ။ လင်းစစ်ယောင်က နေ့စဉ်မနက်စောစော ဖုန်းယောင်တရားရုံးဌာနချုပ်အသစ်လုပ်မည့်နေရာကိုရှာရန် မြို့ထဲသို့ထွက်သွားတတ်သည်။ ထို့ကြောင့် သူမသည် အားလပ်နေကာ ပိုးအလုပ်ရုံဆီသို့သွားခဲ့ခြင်းဖြစ်သည်။ သူမအား ကောင်းကောင်းမနားရအောင်လုပ်တတ်သော အားယောင်၏နားပူနားဆာလုပ်ခြင်းမှ ကင်းဝေးမည်ဖြစ်သည်။ သို့သော်လည်း သူမသည် အိမ်တွင်နေကာ သူအလုပ်ရှုပ်နေသည်ကို ထိုင်ကြည့်နေလျှင် သူ့အတွက် စိတ်မကောင်းဖြစ်ရပေသည်။ သူမသည် ကျန်းယင်းယွင်တို့ကဲ့သို့ ဆိုင်ပိုင်ရှင်မဟုတ်ပေ။ အနည်းဆုံးတွင် သူမ၏စီးပွားရေးလုပ်ငန်းများဆီသို့ မကြခဏသွားရောက်ကြည့်နိုင်ပေသည်။ ထို့အပြင် ပိုးအလုပ်ရုံဆောက်ရန်မှာလည်း သူမ၏အကြံပြုချက်ကြောင့်ဖြစ်ကာ လူများကို ပိုးထည်များပို၍ဝတ်စေချင်သောကြောင့်ပင်ဖြစ်သည်။

"သခင်မ ဘာလို့ဒီကိုလာရတာလဲ။ နေ့လည်စာစားပြီးပြီလား"

အဒေါ်လော့၊ စားဖိုမှူးနှင့် ပိုးအလုပ်ရုံ၏စီမံခန့်ခွဲမှူးသည် ယခုပင် နေ့လည်စာချက်ပြီးဖြစ်သည်။ သူမသည် စုရွှေလျန်နှင့် ရှင်းကျီကိုတွေ့လိုက်သောအခါတွင် အံ့ဩသွားရသည်။

၎င်းတို့က စီမံခန့်ခွဲသူလော့၏အသံကြားလိုက်သောအခါတွင် အလုပ်ရုံတွင်အလုပ်လုပ်နေသော ထမင်းစားခါနီးသူများသည် ပျော်ရွှင်စွာဖြင့် အလုပ်ရုံအပြင်သို့ အပြေးထွက်လာကြ၏။

"မနေ့က နဂါးလှေပွဲတော်နေ့ကလည်း လာမလည်လိုက်ရဘူး။ ဇုန့်စစ်ကိုစားပြီးကြပြီလား"

စုရွှေလျန်ကပြုံးကာ သူမရှေ့မှသူများကို နှုတ်ဆက်လိုက်သည်။

"ကျွန်တော်တို့စားပြီးပါပြီ။ စားကောင်းသောက်ကောင်းတွေလည်းစားပြီးပြီ။ ကွေ့ဟွားဝိုင်လည်းသောက်ပြီးပါပြီ။ ဗိုက်တွေပြည့်နေပါပြီ"

ခေါင်းဆောင်လက်သမားက ခေါင်းကုတ်ကာ ပြုံးပြလိုက်သည်။

"အဲ့လိုဆိုကောင်းပါပြီ။ ဒီမှာမုန့်တွေပါ။ စစ်ထိုနဲ့ ယင်းယွင်တို့ရဲ့မင်္ဂလာဆောင်ကအချိုပွဲတွေပါ။ မင်္ဂလာသကြားလုံးတွေရောပဲ။ စားကြပါ။"

"သခင်မတို့ နေ့လည်စာမစားရသေးဘူးမလား။ ကျွန်မတို့နဲ့အတူစားပါ့လား"

စီမံခန့်ခွဲရေးမှူးလော့က မင်္ဂလာမုန့်များကိုလက်ခံကာ တက်ကြွစွာဖိတ်ကြားလိုက်၏။

"ကောင်းပါပြီ။ ကျွန်မတို့လည်း ဒီကိုမနက်စာစားဖို့လာတာပါ။ ပြီးရင် ပိုးလည်းကြည့်ချင်လို့ပါ။ အကုန်လုံးအဆင်ပြေရဲ့လား"

စုရွှေလျန်က ခေါင်းညိတ်ပြကာ ပြုံး၍ လက်သမားခေါင်းဆောင်အား ပိုးအလုပ်ရုံ၏အခြေအနေကိုမေးလိုက်သည်။

"အကုန်လုံးအဆင်ပြေပါတယ်။ ပထမတစ်သုတ် ပိုးအိမ်တွေကို သုံးလို့ရပါပြီ။ ဒီရက်ပိုင်း ကျွန်တော်တို့က အရင်အတွေ့အကြုံကနေ ပိုးအိမ်တွေကို ရေစိမ်ပြီးပျော့အောင်လုပ်နေတာပါ။ အာနိသင်ကတော့ အတော်လေးကောင်းပါတယ်။ ချီလော့နဲ့ ဝမ်ဟွေ့ကလည်း ပထမဆုံးရေစိမ်ထားတဲ့ပိုးကောင်အိမ်တွေကို ချည်စထုတ်နေပါပြီ။ အထည်ရက်ပြီး ရက်ထည်ကို ဆေးမဆိုးရသေးဘူးဆိုပေမဲ့ အတော်လေး အလားအလာကောင်းနေပါပြီ။ ဈေးထဲမှာ ပြီးတဲ့ထုတ်ကုန်တွေကို စပြီးတင်သွင်းရင် တဟွေ့မှာ သေချာပေါက်အုတ်အော်သောင်းနင်းဖြစ်သွားမှာလို့ပြောရဲတယ်"

အရောင်တောက်နေသောမျက်လုံးများဖြင့်ရှင်းပြလိုက်၏။ အားလုံးက သူ့မျက်နှာပေါ်ရှိ မျှော်လင့်ချက်ရောင်ခြည်သန်းမှုကိုကြည့်ကာ ရယ်မောကြပေသည်။

"ကောင်းပါပြီ။ အဲ့လိုဆို အားလုံးကြိုးစားလုပ်ပေးကြပါ။ ပထမတစ်သုတ်ဗြောင်ရက်ထည်တွေထုတ်ဖို့အကောင်းဆုံးကြိုးစားကြပါမယ်။ လနှစ်သစ်ကူးမတိုင်ခင် ဟဲယွမ်ဆိုတဲ့နာမည်နဲ့ထုတ်ကြပါမယ်"

စုရွှေလျန်က တောက်ပသောအပြုံးမျိုးဖြင့် ပြုံးပြလိုက်၏။ သူမသည် အလုပ်သမားများကို ကိုယ်တိုင်မေးမြန်းကာ အလုပ်ခန့်ထားခြင်းဖြစ်သည်။ ၎င်းတို့အားလုံးသည် သူမပြောခဲ့သကဲ့သို့ပင် ပိုးထည်လုပ်ငန်းတွင် စိတ်ဝင်စားကာ မျှော်မှန်းချက်ရှိကြသည်။ နောင်အနာဂတ်တွင် တဟွေ့တွင် လူများအားလုံး၏ခန္ဓာကိုယ်ပေါ်၌ သက်တောင့်သက်သာရှိကာအဆင်ပြေသောပိုးထည်မျိုးရှိနေလိမ့်မည်ဟု ၎င်းတို့က ယုံကြည်ထားပေသည်။

လက်ရှိတွင် အထည်ရက်လုပ်သည့်လုပ်ငန်းစဉ်မှာ ရိုးရှင်းကာ ဂျောဂျက်ပိတ်စကဲ့သို့ ပုံတူပွားထားသော အမှားရှိကာအစမ်းပိတ်စများကိုသာ ထုတ်လုပ်နိုင်သေးသည်။ အမှန်တွင် သူမနှင့် ကျွမ်းကျင်သူများ၏အတွေ့အကြုံ၊ တိုးတက်မှုနှင့်ဆိုလျှင် ပိုးအလုပ်ရုံသည် နောင်တွင် ပို၍အရည်အသွေးကောင်းသောချည်ထည်မျိုးကို ထုတ်လုပ်နိုင်လိမ့်မည်ဟု ယုံကြည်ပေသည်။ ထိုအချိန်ကျလျှင် သူမသည် ပိုးအလုပ်ရုံကို စက်ရုံတစ်ခုအဖြစ်တိုးချဲ့ကာ ထုတ်လုပ်ထားသောချည်မှ သာမန်လူများအသင့်ဝတ်နိုင်သောအထည်များအဖြစ် ချုပ်လုပ်ရန် ရည်ရွယ်ထား၏။

ယင်းယွင်နှင့် အစ်မဖြစ်သူမှာ စုရွှေလျန်သည်သာ ပိုးအလုပ်ရုံကိုတိုးချဲ့ချင်သည်ဆိုလျှင် ၎င်းတို့၏ ယွဲ့ယန်ပန်းထိုးအိမ်က ထိုအလုပ်ရုံဖြင့် ပထမဆုံးအလုပ်တွဲလုပ်သောဆိုင်ဖြစ်လာမည်ဟု ဆိုသည်။ သူမနက်နက်ရှိုင်းရှိုင်းတွယ်ငြိမိသောအိမ်မှာ သူနှင့်အားယောင်အတူလက်တွဲကာတည်ဆောက်ထားသောအိမ်နှင့် သူငယ်ချင်းများနင့်အတူတည်ဆောက်ထားသောအိမ်ပင်ဖြစ်လေသည်။

***

All Chapters