အိမ်သုံးအိမ်သည် တစ်အိမ်တည်းဖြစ်လာ၏ (၂)
Vol. 5 Ch. 148
ကျယ်ဝန်းကာ တစ်ခုတည်းရှိသောလမ်းမကြီးပေါ်တွင် လျှောက်ကာ တည်ဆောက်ထားသည်မှာ နှစ်နှစ်ခန့်ရှိပြီဖြစ်သောတံခါးမကြီးကိုဖြတ်ကျော်လိုက်လျှင် အမိုးခုံးသဏ္ဍာန်ကျောက်တုံးတံတားကိုမြင်နိုင်ပေသည်။ တံတားနောက်တွင် မူလမြို့သုံး၏နယ်မြေတည်ရှိသည်။ ယနေ့ခေတ်တွင် ထိုမြို့ကို ယဲ့ယွမ်မြို့ဟုခေါ်ကြပြီး မြို့သုံးမြို့ကိုတစ်မြို့ကိုတည်းပေါင်းစည်းထားခြင်းဟုဆိုလိုကာ သဘာဝဉယျာဉ်တစ်ခုဖန်တီးထား၏။
ကြီးမားသောသစ်သားဆိုင်းဘုတ်ကြီးသည် ကျောက်တုံးတံတား၏အဆုံးသတ်တွင်တည်ရှိပြီး လူကြီးတစ်ယောက်အရပ်တစ်ဝက်မျှရှိကာ "ဧည့်သည်များ ဒီနေရာတွင်ရပ်ပါ"ဟု ရေးသားထားသည်။
မြင်းလှည်းသည် ကျောက်တုံးတံတားကိုဖြတ်သွားသောအခါတွင် မြင်ကွင်းသို့ မက်မွန်တောအုပ်တစ်ခုဝင်ရောက်လာ၏။ သေးငယ်ကာ အရှေ့ဘက်၊ အနောက်ဘက်နှင့် တောင်ဘက်အသီးသီးတွင် သေးငယ်သောကျောက်စရစ်လမ်းများရှိကြကာ ထိုလမ်းများက ပိုင်ရှင်သုံးယောက်၏ သီးသန့်စံအိမ်အသီးသီးဆီသို့ ဦးတည်သွားသည်။
လော့ရွှေမြို့သည် အရှေ့တောင်ဘက်တွင်တည်ရှိသည်။ ထို့ကြောင့် ၎င်းတို့၏မြင်းလှည်းက အရှေ့ဘက်ဆုံးအုတ်ခင်းလမ်းဆီသို့ သွား၏။
ကျောက်စရစ်လမ်းသည် ဝါပင်နှစ်တန်းကြားတွင်တည်ရှိသည်။ နွေဦးနှင့်နွေရာသီအပြောင်းအလဲဖြစ်သည်နှင့်အညီ ဝါးပန်းများပွင့်လန်းနေကြကာ ပိုင်ရှင်များကို ကြိုဆိုနေကြလေသည်။
သုံးမိုင်မျှသွားပြီးနောက်တွင် မီးခိုတိုင်မှ ကောက်ကွေ့သောမီးခိုအမျှင်တန်းများထွက်နေသောအိမ်များသည် မြင်ကွင်းတွင်ပေါ်လာသည်။ ထိုအရာသည် လော့ရွှေမြို့၏ မူလပိုင်ရှင်ဖြစ်ကြောင်းကို ယန်ကျင်းကျီသိသည်။ ထိုအချိန်က ထိုနေရာသည် သေးငယ်ကာ အိမ်ထောင်စုသုံးဆယ်မျှသာရှိသော စိတ်ပျက်အားငယ်နေသည့်မြို့လေးဖြစ်သည်။ လျန်အန်းဇိုင်က ထိုနေရာကိုဝယ်လိုက်သောအခါတွင် အချို့သောအိမ်ပိုင်ရှင်များသည် နစ်နာကြေးငွေကြောင့် မျက်လုံးများအရောင်တောက်သွားသည်။ ထို့ကြောင့် လော့ရွှေမြို့မှ ပြောင်းရွှေ့သွားကြသည်။ ထို့ကြောင့် လတ်တလောတွင် အိမ်ထောင်စု(၂၅)စုခန့်သာရှိကာ ဒေသခံများသာနေထိုင်သည်။ လျန်အန်းဇိုင်သည် မြို့ကို ကိုယ်ပိုင်စံအိမ်အဖြစ်ပြုပြင်ပြောင်းလဲပြီးနောက်တွင် ဖန်းဟွာ သို့ ချင်ထျန်းမြို့၏ သီးသန့်စံအိမ်များထက် မနည်းလှပပေသည်။
လျန်အန်းဇိုင်သည် အဓိကခြံဝန်းကြီးတည်ဆောက်ရေးတွင် တစ်နှစ်မျှအချိန်ကုန်ခဲ့ကာ လေးရာသီဉယျာဉ်ကဲ့သို့ပင် လှပပေသည်။ ထိုမြို့ရှိဒေသခံများ၏အိမ်များကိုလည်း အခမဲ့ပြုပြင်ပြောင်းလဲပေးခဲ့သည်။ အုတ်များဖြင့် လမ်းကိုခင်းထားကာ ရှားပါးကာတန်ဖိုးရှိသောသစ်သီးစေ့များကို ရွာသားများကို ထောက်ပံ့ပေးထားသောကြောင့် အိမ်အနီးအနားတွင်စိုက်ပျိုးနိုင်ပေသည်။ အရာအားလုံးက လော့ရွှေမြို့ကို နွေဦး၏လေထု၏ လှပကာအရောင်စုံသောဥယျာဉ်ဖြစ်အောင်ဖန်တီးပေးထားသည်။ ထိုအရာအားလုံးသည် သူမနှင့်အတူ မျှဝေချင်သောအရာများဖြစ်သည်။
လျန်အန်းဇိုင်၏အဓိကစံအိမ်သည် မြို့၏ အနောက်မြောက်ဘက်ဆုံးထောင့်တွင်တည်ရှိသည်။ အိမ်နောက်တွင် သဘာဝကြည်လင်နေသောရေကန်ရှိသည်။ ထိုရေကန်မှာ လော့ရေကန်ဖြစ်ကာ သဘာဝဆန်စွာ အစိမ်းရောင်ဖြင့်ကြည်လင်နေသောရေကန်ဖြစ်ပြီး ရှို့ဖုန်းတောင်မှ တသွင်သွင်စီးနေသောမြစ်ငယ်တစ်ခု၏ရေစုန်တွင်ရှိကာ ဖန်းဟွာမြို့ကိုဖြတ်ကာ လော့ရွှေမြို့၏ အနောက်မြောက်ဘက်တွင်အဆုံးမသတ်ခင် ချင်ထျန်းမြို့နားတွင်လည်း ကွေ့ကောက်ဦးတည်သွားသည်။
လျန်အန်းဇိုင်၏အိမ်ကို တောင်နှစ်ခုဖြင့်ဝန်းရံထားသောရေကန်ဘေးတွင် တည်ဆောက်ထားသည်။ အိမ်၏တစ်ခြားတစ်ဖက်တွင် ပန်းမျိုးစုံ အသီးမျိုးစုံတို့ပွင့်လန်းနေသော ဥယျာဉ်တစ်ခုက မျက်နှာချင်းဆိုင်တည်ရှိသည်။ ဥယျာဉ်ထဲတွင် ဖန်းလော့မြို့၏လမ်းမကြီးနှင့်ချိတ်ဆက်ထားသော တောလမ်းလေးတစ်ခုရှိ၏။
အနုစိတ်ခြယ်သထားသောလှေတစ်စင်းသည် ရေကန်ပေါ်တွင် ကပ်ထားသည်။ ထိုလေသည် ရေစီးကြောင်းနှင့်ဆန့်ကျင်ကာရွေ့လျားနိုင်ပြီး ချင်ထျန်းမြို့၏ပန်းချီကားချပ်ကဲ့သို့ ရှုခင်းမျိုးကိုဖြတ်ကျော်ကာ လင်းမိသားစု ကြီးကြီးငယ်ငယ် မြတ်နိုးနှစ်သက်ကြသော ဖန်းဟွာမြို့၏ကြာကန်ဆီသို့ရောက်အောင် စီးဆင်းလာသည်။
နွေရာသီတွင် ကြာပန်းအားလုံး ဖူးပွင့်ကြသောအခါ၌ လှေပေါ်တွင်ထိုင်ကာ ပန်းများကိုနှစ်သက်ရှုစားနိုင်ပြီး ကြာစေ့များနှင့်ဝိုင်ကိုအရသာခံရသည်မှာလည်း သူမနှင့်ပြုလုပ်တတ်သောချစ်ကြည်နူးဖွယ်အရာမျိုးပင်ဖြစ်သည်။
"မင်းအခုနားသင့်ပြီ။ နောက်ကျရင် လှေနဲ့ လင်းမိသားစုဆီသွားကြမယ်။ ဒီနေ့က နဂါးလှေပွဲတော်နေ့ဆိုတော့ အားလုံးက ဒီညစုစည်းမိကြမှာ"
လျန်အန်းဇိုင်က သူ၏အခန်းဘေးတွင် သူမအတွက် အထူးပြုလုပ်ပေးထားသော ဧည့်သည်အခန်းသို့ခေါ်သွားသည်။ သူမကိုကြင်နာစွာထွေးပွေ့လိုက်သည်။ ယမန်နေ့ညက သူသည် သူမနှင့်တစ်ညလုံးနီးပါး အချိန်ကောင်းတစ်ခုရှိနေခဲ့ကာ ယနေ့တွင်ဆေးခန်းသို့သွားရန် သူမထရမည်ဖြစ်သည်။ သူသည်သာ အနားယူရန် သူမကိုဆေးခန်းမှခေါ်ထုတ်မလာပါလျှင် ကုတင်ဆီသို့တိုက်ရိုက်မသွားခင်တွင် ညဉ့်နက်သည်အထိ နေဖြစ်ကြပေမည်။
"ရှင်က ကျွန်မကိုဒီကိုခေါ်လာတာလေ။ ဘယ်လိုလုပ်နားနိုင်မှာလဲ"
သူမက သူ့ကိုကြည့်ကာ စိတ်ရှုပ်ထွေးစွာပြောလိုက်သည်။ ရုတ်တရက်ပင် စိတ်ထိခိုက်လွယ်နေရသည်ကို သူမမသိတော့ပေ။
သူမ၏နှစ်ဘဝလုံးတွင်ပင် မည်သူမျှ သူမကိုအနားယူရန် ထိုလောက်ဖိအားမပေးဖူးပေ။ မိဘများသည်ပင် ဆေးကျောင်းတွင်နေခဲ့ရသောခုနှစ်နှစ်တာကာလအတွင်း သူမ၏ကျန်းမာရေးကို တစ်ကြိမ်တစ်ခါမျှပင် ဂရုမစိုက်ဖူးပေ။ လူတိုင်းအားကျကာ အလုပ်ကောင်းရစေမည့် ဘွဲ့ကောင်းကောင်းရရန်အတွက် စာလေ့လာရန်တွင် ပို၍အားထုတ်ရန် တိုက်တွန်းကြသည်။ ထို့နောက်တွင်မူ သူမသည် မိဘများဂုဏ်ယူရအောင် လုပ်ပေးခဲ့သည်။
ထို့နောက်တွင် သူမလိုက်လျောခဲ့၏။
တဖြည်းဖြည်းဖြင့် သူမသည် မိသားစုထံမှ အချစ်ခံကာ ဂရုစိုက်ခံရမည့်မိန်းကလေးဆိုသည့်အကြောင်းကို မေ့လျောလာခဲ့သည်။ ထိုအရာက သုံးနှစ်တာကာလအတွင်းတွင် လျန်အန်းဇိုင်၏တွေဝေခြင်းများနှင့်ရင်ဆိုင်ခြင်းမှ သူမကိုထိန်းသိမ်းထားစေသည်။ သူမတွင် ခံယူရန် သတ္တိမရှိပေ။
သူမကံကောင်းသည်ဟု ခံစားသင့်သည်မှာ သူမသည် သူ့ကိုမလွမ်းသောကြောင့်ဖြစ်ပေမည်။
"ဘာလဲ"
သူက ပြုံးကာ အသိစိတ်ကင်းလွတ်နေသောလည်း လှပလွန်းသည့်သူမကိုကြည့်လိုက်ကာ ပွင့်ထွက်လာတော့မည့်ခန္ဓာကိုယ်အောက်ပိုင်း၏ဆန္ဒကို နှိမ့်ချထားလိုက်သည်။ သူမကို အခန်းထဲသို့ခေါ်သွား၏။
"နားဦး။ မင်းဗိုက်ဆာလာရင် ငါတို့ လင်းမိသားစုဆီ ညစာစားဖို့သွားကြမယ်"
ယန်ကျင်းကျီသည် ငိုရမည်လား ရယ်ရမည်လားကို မသိတော့ပေ။ ထိုသို့အစ်ကိုမျိုး ရှိသည်လော။ သူသည် ညီမငယ်အား စားသာစားစေချင်နေသည်။ စားပြီးနောက်တွင် သူသည် ဝိုင်ကောင်းကောင်းသောက်ခိုင်းပေဦးမည်။
လျန်အန်းဇိုင်က ပိတ်ထားသောတံခါးကို ကြည့်လိုက်သည်။ သူသည် သက်ပြင်းမချခင်တွင် ခေတ္တမျှတိတ်ဆိတ်နေပြီး စာကြည့်ခန်းထဲသို့ ပြန်သွား၏။
လော့ရှားအာက ကွမ်းချီအိမ်တော်မှတစ်ဆင့် နန်းမြို့တော်မှ သူ့ဆီသို့ပို့လိုက်သောသတင်းများကိုဖတ်ကာ အချိန်တစ်ခုကြာသည်အထိ စိတ်မတည်ငြိမ်နိုင်ပေ။
မင်းကြီး၏အခြေအနေသည် အမှန်ပင် ပြင်းထန်နေကာ နန်းတွင်းညီလာခံသည်လည်း ယခုတွင် ဖရိုဖရဲဖြစ်နေပြီဖြစ်၏။
ထိုဖရိုဖရဲအခြေအနေမှာ မည်သည့်အဓိပ္ပာယ်ကိုဆိုလိုကြောင်း သူသိသည်။ မင်းကြီးတွင် သားများစွာရှိပါသော်လည်း အမွေဆက်ခံရန် သင့်လျော်သူတစ်ဦးကိုပင် မရှာနိုင်ပေ။
သူသည် ထီးနန်းကို မည်သူ့ကိုပင် လွှဲပေးချင်သည်ဖြစ်စေ ကိစ္စမရှိပေ။ တဟွေ့အင်ပါယာ၏ငြိမ်းချမ်းရေးကို အကျိုးသက်ရောက်မှုရှိစေမည်။ တစ်ချိန်တည်းတွင်ပင် အိမ်နီးချင်းတိုင်းပြည်များကလည်း ၎င်းတို့ကို ဆာလောင်နေသောကျားများကဲ့သို့ စောင့်ကြည့်နေကြကာ တဟွေ့၏လတ်ဆတ်သောအသားကိုစားရန် စောင့်ဆိုင်းနေကြပေသည်။ ထို့ကြောင့် တဟွေ့စစ်တပ်ကို ထိန်းချုပ်နိုင်သောသူဖြစ်နေခြင်းအတွက် သူသည် ယခုပင် မြောက်ပိုင်းသို့ ပြန်ရမည်ဖြစ်၏။
ဖန်းလော့မြို့အတွက်မူ ကိုယ်စားလှယ်တစ်ယောက်ကို ရွေးချယ်ထားပြီဖြစ်သည်။ သူမရှိလျှင် ထိုသူသည် ဖန်းလော့မြို့၏လုံခြုံရေးကိုတာဝန်ယူရန် အာဏာအပြည့်အဝရှိပေသည်။
သို့သော် သူသည် သူမကို ထိုနေရာတွင် မထားခဲ့နိုင်ပေ။ ယခုတစ်ခေါက် သူထွက်သွားလျှင် ၎င်းတို့ကြားမှချစ်ကြိုးမျှင်သည် ထပ်မံပြတ်တောက်သွားပေဦးမည်။ သူမသည် သူ့ကို များစွာမုန်းတီးနေပေမည်။ သူ့အတွက သူမ၏နှလုံးသားတံခါးကိုဖွင့်ခိုင်းရန်မှာ အမှန်ပင်ခက်ခဲကာ ယခုတွင် သူမ မပါဘဲ ထွက်သွားရတော့မည်ဖြစ်သည်။ မမြင်ချင်ဆုံးသောရလဒ်ပင်ဖ်စသည်။ သို့သော် သူ့တွင်လည်း အခြားသောရွေးချယ်စရာမရှိခဲ့ပါပေ...။
မြင်းလှည်းမောင်းသမားသည် သူ၏ကြာပွတ်ကို ကိုင်စွဲကာ ရပ်ရန်အချက်ပြလိုက်သည်။ ခန်းစီးလိုက်ကာအပြာရောင်တပ်ထားသောမြင်းလှည်းသည့် ချင်ထျန်းသီးသန့်စံအိမ်ရှေ့တံခါးဝတွင် ဖြည်းညှင်းစွာရပ်သွား၏။
"စီမံခန့်ခွဲရေးမှူး အထဲကိုခေါ်ဖို့ တကယ်ပဲမလိုတော့ဘူးလား"
လှည်းမောင်းသူက လှည်းပေါ်မှဆင်းလာကာ ခွေးခြေကိုလျင်မြန်စွာပြင်လိုက်ပြီး လိုက်ကာကိုမလိုက်သည်။ ထူးဆန်းစွာဖြင့်ပင် သူက ဂရုတစိုက်ဖြင့်ဆင်းလာသော ခွေးခြေပေါ်မှ အမျိုးသမီးကိုမော့ကြည့်လိုက်သည်။
"မလိုပါဘူး။ ပတ်ကြည့်ချင်ယုံတင်ပါ။ နောက်ကျရင် ရှင်က နေရာနှစ်နေရာကိုပြေးရတော့မှာ။ အခုထွက်သွားသင့်ပြီ"
ရှင်းလန်ပြုံးကာလက်ပြလိုက်ပြီး မြင်းလှည်းမောင်းသူကို မြို့သို့ပြန်ရန်အချက်ပြလိုက်သည်။ သူမ၏ပါးချပ်ချပ်သာရှိသောကိုယ်ဝန်ဗိုက်လေးကိုကိုင်ကာ အိမ်သို့ဖြည်းညင်းစွာလျှောက်လာသည်။
မူလ ချင်ထျန်းမြို့ကိုပြုပြင်ပြောင်းလဲလိုက်ကာ ရွှယ်လီ၏သီးသန့်စံအိမ်ဖြစ်လာသည်။ သူမသည် ကျန်းဟန်နှင့်လက်ထပ်ခဲ့သောအချိန်က ရွှယ်လီက ၎င်းတို့အား စံအိမ်အတွင်းရှိ လှပသည့်ခြံဝန်းအိမ်တစ်ခုအား မင်္ဂလာလက်ဖွဲ့အဖြစ်ပေးအပ်ခဲ့သည်။
ရှင်းလန်လက်ထပ်ပြီးနောက်တွင် စုရွှေလျန်က သူမကို ဖန်းလော့မြို့ရှိ ဆားရည်စိမ်ဟင်းသီးဟင်းရွက်ဆိုင်၏စီမံခန့်ခွဲရေးမှူးလုပ်လိုသလားဟု မေးခဲ့သည်။ သူမက ကမ်းလှမ်းမှုကိုလက်ခံခဲ့သည်။ ထိုဆိုင်ကို ဟဲယွမ်ကပိုင်ဆိုင်သည်။ ဆားရည်စိမ်သောဟင်းသီးဟင်းရွက်များနှင့် ဝက်ပေါင်ခြောက်တို့၏ အဓိကပါဝင်ပစ္စည်းများမှာ စံအိမ်သုံးခုကပျိုးထောင်ထားသော လယ်သမားများဆီမှ ဟင်းသီးဟင်းရွက်များနှင့်အသားများဖြစ်ကြသည်။ လတ်လတ်ဆတ်ဆတ်ရောင်းလိုက်လျှင် များစွာမရောင်းနိုင်သောကြောင့် ထုတ်ကုတ်များမှာ အလွယ်တကူအလေအလွင့်ဖြစ်နိုင်သည်။
စုရွှေလျန်၏အကြံပြုချက်ကို ရွာသားများက များစွာတန်ဖိုးထားကြသည်။ ထို့ကြောင့် လွန်ခဲ့သောနှစ်နှစ်က ဟဲယွမ် ပထမဆုံးဟင်းသီးဟင်းရွက်ဆားရည်စိမ်ဆိုင်ကို ဖန်းလော့မြို့တွင် ဖွင့်လှစ်ခဲ့ကာ ဟဲယွမ်၏အိမ်သားများက ကိုယ်တိုင်ထုတ်လုပ်ထားသော ဆားရည်စိမ်များကို ရောင်းချ၏။ သူမနှင့် ကျန်းဟန်တွင် တစ်ဦးက မှတ်တမ်းမှတ်ရာများကိုပြင်ဆင်ကာ အခြားတစ်ဦးက ကုန်ပစ္စည်းဖြန့်ဝေခြင်းကို ထိန်းချုပ်သည်။ မြို့ထဲရှိဆိုင်တွင် အလုပ်လုပ်ရန်ဆန္ဒရှိသော ဝန်ထမ်းသုံးဦးထက်မက ခန့်ထား၏။ ဆိုင်၏စီးပွားရေးမှာ ကောင်းစွာလည်ပတ်နေသည်။
ထို့ကြောင့် ယမန်နှစ် လနှစ်သစ်ကူးနေ့မတိုင်ခင်တွင် ဟဲယွမ်၏ဆားရည်စိမ်ဆိုင်ကို တိုးချဲ့ခဲ့သည်။ ဘေးကဆိုင်ကိုဝယ်ယူကာ အခြားသူများမပြိုင်နိုင်သောထုတ်ကုန်များကိုရောင်းချသည်။ ဆိုင်ခန်း နှစ်ခန်းမှ လေးခန်းထိ တိုးချဲ့ခဲ့သည်။ ဆားရည်စိမ်းထုတ်ကုန်များစွာရှိသောကြောင့် ပစ္စည်းထုတ်ပိုးရန်၊ ဝယ်သူများကိုကြိုဆိုရန်နှင့် ငွေရှင်းအလုပ်များကိလုပ်ရန် ဝန်ထမ်းများစွာ ခန့်အပ်ထားရတော့သည်။
ထိုအချိန်မှစ၍ ဟဲယွမ်ဆားရည်စိမ်ဆိုင်သည် ဖန်းလော့မြို့တွင် အကြီးဆုံးဆားရည်စိမ်ဆိုင်ဖြစ်လာသည်။
သို့သော်လည်း ထုတ်လုပ်ခြင်းလုပ်ငန်းစဉ်မှာ ဆိုင်တွင်မလုပ်သော်လည်း နှစ်ဧကမျှကျယ်သောအလုပ်နေရာတွင်လုပ်ကိုင်ကာ ချင်ထျန်းသီးသန့်စံအိမ်အရှေ့ဘက်တွင် တည်ရှိသည်။ တစ်စုံတစ်ယောက်က မသိလျှင် ဟွိုက်ပင်များကိုခြံစည်းရိုးခတ်စိုက်ထားသောသာမန်အိမ်ဟုသာ ထင်ကြပေမည်။ အလုပ်ရုံတွင် အခန်းနှစ်တန်းပါကာ တစ်ခုသည် အရှေ့ဘက်တွင်ရှိပြီး တစ်ခုသည် နောက်ဘက်တွင်ရှိသည်။ အရှေ့ဘက်အတန်းတွင် အခန်းငါးခန်းပါရှိပြီး မျိုးစုံသောဆားရည်စိမ်ထုတ်ကုန်များကို ထုတ်လုပ်သည်။ အနောက်တန်းတွင် အခန်းငါးခန်းပါရှိပြီး ဘေးချင်းကပ်လျက်တည်ဆောက်ထားကြခြင်းဖြစ်သည်။ ထိုနေရာများတွင် ဆားရည်စိမ်ထုတ်ကုန်များကို မတူညီသောအပူချိန်များနှင့်ထိန်းသိမ်းထားသည့် သိုလှောင်ရုံများဖြစ်သည်။
အလုပ်ရုံတွင် အလုပ်လုပ်ကြသောဝန်ထမ်းများမှာ စံအိမ်သုံးခု၏ရွာသားများဖြစ်သည်။ စာချုပ်ရှည်နှင့်အလုပ်သမားအများစုမှာ ချင်ထျန်းသီးသန့်စံအိမ်မှဖြစ်ကြ၏။
အဓိကအကြောင်းရင်းမှာ ချင်ထျန်းစံအိမ်တွင် ကောက်ပဲသီးနှံများကို ထုတ်လုပ်နိုင်သည့်လယ်ကွင်းကောင်းကောင်းမရှိသောကြောင့်ဖြစ်သည်။ ထိုမြို့တွင်နေသောလူတစ်ဝက်သည် အမဲလိုက်ခြင်း၊ လက်သမားများ၊ ဆောက်လုပ်ရေးသမားများ သို့မဟုတ်လျှင် ကျောက်တူးသမားများအဖြစ် အသက်မွေးကြလေသည်။ ကောက်ရိတ်ချိန်တွင်မူ အလုပ်မများကြပေ။ အထူးသဖြင့် နေ့အချိန်တွင် ကလေးများ ဖန်းဟွာကျောင်းသို့သွားကြပြီး အမျိုးသမီးများမှာ အားလပ်နေကြ၏။
အလုပ်ရုံသည် ထိုနေရာတွင်ရှိသောကြောင့် အလုပ်သွားရန်မှာ အဆင်ပြေချောမွေ့ပေသည်။ ငါးရက်ပြီးနောက်တွင် အချို့သောဝန်ထမ်းများက လတ်ဆတ်သောအသီးအနှံများဝယ်ရန် သီးသန့်စံအိမ်သုံးခုသို့လာကြပြီး ကြက်သား၊ဘဲ၊ဝက်နင့် အခြားသောအရာများကိုမူ တစ်လတစ်ကြိမ်လာဝယ်တတ်ကြသည်။ ဈေးနှုန်းမှာ သီးသန့်စံအိမ်ပိုင်ရှင်များချမှတ်ထားသောနှုန်းထားဖြစ်သည်။ သို့သော်လည်း လယ်သများများက သဘာဝကပ်ဘေးများ သို့မဟုတ် ကပ်ရောဂါများနှင့်ရင်ဆိုင်ရလျှင် တန်ဖိုးက အနည်းငယ်တတ်တတ်သည်။ သီးနှံကောင်းလျှင် ဈေးအနည်းငယ်ကျ၏။
ဟဲယွမ်ဆားရည်စိမ်လည်ပတ်နေသည်မှာ နှစ်နှစ်ခန့်ရှိပြီဖြစ်ကာ ဂုဏ်သတင်းလည်းကျော်စောလျက်ရှိ၏။ အခြားမြို့မှစီးပွားရေးသမားများလည်း ရောက်လာပြီး ဝယ်တတ်ကြ၏။ ကောင်းစွာညှိုနှိုင်းပြီးနောက်တွင် မြင်းလှည်းလေးစီးကို ဟဲယွမ်ဂိတ်တံခါးဆီသို့မှောင်းနှင်သွားကြပြီး ကုန်ပစ္စည်းများတင်သွားကြ၏။
ဆားရည်စိမ်သည့်အလုပ်ရုံဆောက်ပြီးနောက်တွင် ချင်ထျန်းစံအိမ်၏ လူနေမှုအဆင့်အတန်းသည် သိသိသာသာ တိုးတက်လာသည်။
စိတ်ဆုံးဖြတ်ချက်ခိုင်မာစွာနေထိုင်သော အိမ်ထောင်စု (၂၃)စုမှာ ငွေတုံးသုံးဆယ်ရရှိကြကာ တပြုံးပြုံးဖြင့်ပင်ဖြစ်သည်။
အမဲလိုက်ခဲ့ကြသောယောင်္ကျားများသည် ယခုတွင် ဟဲယွမ် ကင်းလှည်းအဖွဲ့ဝင်များဖြစ်နေကြပြီဖြစ်သည်။ ငါးရက်အလုပ်လုပ်၍ တစ်ရက်အနားရကြသည်။ ကင်းလှည်းအဖွဲ့တွင် နှစ်ယောက်စီရှိကြကာ ဟဲယွမ်ဧရိယာများကိုစစ်ဆေးပြီး လူများကိုကာကွယ်ပေးနေကြသည်။ အမှန်တွင် တစ်မြို့လုံးကိုကာကွယ်ရန် ကွမ်းချီအိမ်တော်ကလည်း ၎င်းတို့၏ဝန်ထမ်းများထဲမှတစ်ယောက်ကို နေ့စဉ်လွှတ်ပေး၏။
လူများ၏လောဘများကဖန်တီးသောအကျင့်ဆိုးများကို လျော့ချရန် အကူအညီဖြစ်လေသည်။
"စီမံခန့်ခွဲရေးမှူး ဒီနေ့အစောကြီးပြန်လာတာပါ့ရော"
အိမ်ပြန်ကာညစာချက်ရန် မိန်းကလေးရှောင်က အလုပ်ရုံမှထွက်လာ၏။ ရှင်းလန်က သူမဗိုက်ကိုကိုင်ကာ ဝါးပင်လမ်းမထက်တွင် ဖြည်းညှင်းစွာလျှောက်လာသည်ကို တွေ့ရသောအခါတွင် မျက်လုံးများကျဉ်းမြောင်းသွားသည်အထိ ပြုံးပြလိုက်၏။
"ဟုတ်တယ်"
ရှင်းလန်က ခေါင်းညိတ်ကာ ပြုံးပြလိုက်သည်။ အစေခံတစ်ယောက်မှ စီမံခန့်ခွဲရေးမှူးဖြစ်လာကာ ယခုတွင် အဓိကစီမံခန့်ခွဲသူဖြစ်လာပြီဖြစ်၏။ သုံးနှစ်တာကာလပြီးနောက်တွင် တစ်ခါတစ်ရံ၌ သူမတွေဝေသွားရသည်။ သူမအလေ့အကျင့်မရသေး၍မဟုတ်ပေ။ သူမသည် ကျန်းဟန်၏ဇနီးဖြစ်လာသောကြောင့်ဖြစ်သည်။ ၎င်းတို့လက်ထပ်ထားသည်မှာ နစ်နှစ်ရှိပြီဖြစ်ကာ နောက်သုံးလအတွင်းတွင် လူ့လောကထဲသို့ရောက်လာမည့်ကလေးမှာ ဗိုက်ထဲတွင်ရှိပြီဖြစ်သော်လည်း သူမ၏အချစ်နှင့်ရှက်တတ်မှုသည် အချိန်ကာလတစ်ခုရောက်သည်အထိ လျော့ကျမသွားပေ။
၎င်းတို့အတွဲမှာ ရုတ်တရက်ဆန်စွာဖြစ်ခဲ့သောကြောင့် ဖြစ်ပေမည်။ လွန်ခဲ့သောနှစ်နှစ်ခန့်က သူမသည် ကျန်းဟန်ကို လက်လျော့ရန် ခက်ခက်ခဲခဲကြိုးစားခဲ့သောအချိန်၌ သူသည်သွေးတပ်ဖွဲ့မှပြန်လာခဲ့သည်။
ပြန်လာယုံသာမက ထိုတွင်ပင်နေရန် ဆုံးဖြတ်ခဲ့၏။ အချိန်တိုအတွင်းပင် ရွှယ်လီ၏အကူအညီဖြင့် သူမတို့လက်ထပ်ခဲ့ကြကာ သူ၏ဇနီးဖြစ်လာရသည်။
ပိတ်ထားသောတံခါးရှေ့တွင်ရပ်နေကာ မျက်လုံးများက ဆူးများဖြင့်သေသေသပ်သပ်လုပ်ထားသောခြံစည်းရိုးကိုကျော်ကာ လှပသေးငယ်သောစတုရန်းပုံခြံဝန်းငယ်ထဲသို့ ကြည့်နေမိ၏။ ခြံထဲရှိမက်မွန်ပင်တွင် အရည်ရွှမ်းသည့်အသီးများစွာရှိနေလေသည်။
အစိမ်းရောင်သစ်ခွအိုးတို့သည်လည်း နံရံပေါ်တွင်တွဲလောင်းကျနေကော လေ့အဝှေ့တွင် ယိမ်းယိုင်သွားကြ၏။
"ဘာတွေစဉ်းစားနေတာလဲ"
နွေးထွေးသောအသံက သူမနောက်မှ ထွက်ပေါ်လာသည်။ ရှင်းလန်က ပျော်ရွှင်စွာဖြင့် လှည့်ကြည့်လိုက်၏။ ကျန်းဟန်ပင်ဖြစ်သည်။ သူသည် သူမနောက်တွင်ရပ်နေကာ သူမကိုပြုံးပြလိုက်သည်။
"ရှင်ပြန်လာပြီပဲ"
သူက ခပ်တိုးတိုးလေးပြောလိုက်သည်။ လဝက်မျှအလုပ်ကိစ္စနှင့်ထွက်သွားပြီးနောက်တွင် သူမသည် သူ့ကိုများစွာသတိရနေခဲ့၏။
"အင်း ငါအိမ်ပြန်လာပြီ"
သူကလက်ကိုမြောက်ကာ သူမကိုကိုင်လိုက်သည်။
"ဘာလို့မင်းကိုအထဲခေါ်သွားခွင့်မပြုရတာလဲ"
"ကျွန်မ လမ်းများများလျှောက်ရတာကိုကြိုက်တယ်။ သမားတော်က ကလေးမွေးရင် အဆင်ပြေအောင် လမ်းများများလျှောက်ရမယ်တဲ့လေ"
သူမက ရှက်ရွှံ့စွာဖြင့် သူ့ကို ရှင်းပြလိုက်၏။
"အင်း အဲ့လိုဆို အထဲဝင်ပြီးနားနေလေ။ နောက်မှ ဖန်းဟွာက နဂါးလှေပွဲတော်ဆီသွားကြမယ်"
"ကောင်းပြီ"
သူမက ပြုံးကာခေါင်းညိတ်ပြလိုက်ပြီး သူမကိုအိမ်ထဲသို့ခေါ်သွားခွင့်ပြုလိုက်တော့၏။
***