ဇာတ်သိမ်းပိုင်း (အပိုင်းအလယ်)
Vol. 5 Ch. 159
ရှီလော့ရှိ ရွှေရှီဟုခေါ်သောလယ်ကွင်းသည် ခြောက်ဧကမျှကျယ်ကာ တည်ထောင်ထားသည်မှာ သုံးနှစ်ခန့်ရှိပြီဖြစ်သည်။
လယ်မြေကို အရှေ့နှင့်အနောက် နှစ်ပိုင်းခွဲထားကာ အလယ်တွင် ဆယ်ဧကကျယ်သောစံအိမ်ဖြစ်သည်။ အနောက်ဘက်တွင် စပါးခင်းများ၊ ရေကန်များနှင့် ရေအိုင်များရှိကာ အရှေ့ဘက်တွင် ခြောက်သွေ့သောလယ်ကွင်းများနှင့် သစ်တောရှိသည်။
စံအိမ်ပတ်ချာလည်တွင်မွေးမြူရေးခြံများရှိသည်။ လယ်ကွင်းများ၊ သစ်ခွများ၊ ရေကန်များနှင့် သစ်တောကို စောင့်ရှောက်သောအိမ်ခြေတစ်ရာခန့်ရှိသည်။ မိသားစုဝင်သုံးလေးယောက်ရှိသောမိသားစုများ၊ လင်မယားစုံတွဲများသည် တစ်ထပ်အိမ်လေးများဖြင့် နေထိုင်ကြသည်။ ၎င်းတို့အားလုံးသည် တဟွေ့အရှေ့ဘက်မှ ဒုက္ခသည်များဖြစ်ကြသည်။ လွန်ခဲ့သောခြောက်နှစ်က ၎င်းတို့သည် ကြောက်စရာကောင်းသောရေကြီးမှုကို ကြုံတွေ့ခဲ့ရကာ ၎င်းတို့နေအိမ်များကို စွန့်ခွာလာခဲ့ရပြီး လမ်းပေါ်တွင် သူတောင်းစားများဖြစ်လာကြသည်။ တဖြည်းဖြည်းဖြင့် တရှီသို့ရောက်လာ၏။ ဖန်းလော့သီးသန့်စံအိမ်က ၎င်းတို့ထိုနေရာတွင် နေထိုင်ရန် ခွင့်ပြုထားပေသည်။
တရှီ၏မင်းကြီးသည် တဟွေ့မင်းကြီးအား ထိုလူများ၏အခြေချစရိတ်ကိုတောင်းခံခဲ့သည်။ ထို့နောက် ထိုငွေများကို ဟဲယွမ်ကိုစီမံနေသော လင်းစစ်ယောင်ကိုပေးကာ ထိုဒုက္ခသည်များအား စောင့်ရှောက်ပေးရန်တောင်းဆိုခဲ့သည်။
လျန်အန်းဇိုင်တစ်ယောက် တရှီအောင်မြင်လာကာ ကျယ်ပြန့်လာရေးအတွက် အလုပ်များပလုံစီအောင်ရှုပ်နေစဉ်တွင် ယောက်ဖဖြစ်သူအားလပ်နေသည်ကိုမြင်လျှင် ဒေါသထွက်မိသည်ကို ဝန်ခံရပေမည်။ ယောက်ဖဖြစ်သူမှာ အားလပ်နေကာ ဟဲယွမ်တွင်သွားလာ၍ နေရာသီတွင်စပါးစိုက်ပြီး ဆောင်းဦးတွင်ကောက်ရိတ်သိမ်းသည်။ ကြာပင်စိုက်ကာ ငါးဖမ်းပြီး ဇနီးနားတွင်ကပ်ကာ ချစ်ကြည်နူးနေသည်။ လင်းစစ်ယောင်က မနာလိုသဝန်တိုဖြစ်နေမိသည်ကို သူမည်သည့်အခါမျှဝန်ခံလိမ့်မည်မဟုတ်ပေ။
လင်းစစ်ယောင်သည် ရွှေတုံးငါးရာနှင့်အတူ ခက်ခဲသောကိစ္စကို လက်ခံခဲ့သည်။ ဒုက္ခသည်များ အခြေချနေထိုင်စရိတ်ကို မင်းကြီးက သူ့အားပေးခဲ့သည်။ သူက ဓားကဲ့သို့မျက်ခုံးကိုပင့်လိုက်ပြီး တွ့န်ဆုတ်ခြင်းမရှိဘဲ တရှီတောင်ခြေရှိ ရှီလော့စွန့်ပစ်မြေကို ဝယ်ယူခဲ့သည်။ တရှီတွင်နေထိုင်ချင်သောသူများကိုရွှေ့ပြောင်းပေးရာတွင်သုံးနှစ်မျှ အချိန်ကြာခဲ့သည်။ ထိုမြေကို မြေဩဇာကောင်းသော လယ်ကွင်းအဖြစ် ပြုပြင်ပြောင်းလဲကာ ငါးနှင့်ထုတ်ကုန်များ ပေါကြွယ်ဝလာခဲ့သည်။
ပထမနှစ်တွင် လယ်ယာသည် အရှုံးများဖြင့် ရင်ဆိုင်ရကာ လယ်မှထွက်သောထုတ်ကုန်များသည် လယ်ထဲရှိလယ်သမားများအား ကျွေးမွေးရန်ပင် မလုံလောက်ခဲ့ပေ။ နောင်နှစ်တွင် အခြေအနေပိုကောင်းလာကာ ထိုနေရာရှိအားလုံးကို ကျွေးမွေးနိုင်ခဲ့သည်။ တတိယမြောက်နှစ်တွင် လယ်များသည် အပိုအလျှံများထုတ်နိုင်ခဲ့သည်။ နေထိုင်သူများအားကျွေးမည့်ပမာဏကိုသိမ်းထားသည်ကလွဲ၍ ကျန်သည်များကိုရောင်းကာ ငွေတုံးသုံးရာခန့်ရခဲ့သည်။
လင်းစစ်ယောင်က မိသားစုတိုင်းကို လနှစ်သစ်ကူးပွဲအတွက် ပြင်ဆင်ရန် ငွေတုံးတစ်တုံးဆီပေးကာ လယ်မြေ၏အိမ်မကြီးအနီးတွင်ကျောင်းဆောက်ရန် ငွေတုံးနှစ်ရာကို ချန်ထားခဲ့သည်။ လယ်သမားများ၏ကလေးများကို စာသင်ပေးရန် ဖန်းလော့မှဆရာများကို ဖိတ်ကြားခဲ့သည်။
လတ်တလောတွင် တရှီ၏မြို့လေးမြို့လုံးတွင် အနည်းဆုံး ပညာသင်ကျောင်းတစ်ကျောင်းစီရှိကြသည်။ ကလေးသည် အသက်ငါးနှစ်ရောက်သည်နှင့် စာရေးစာဖတ်သင်ရန်၊ အပြုအမူနှင့်သင်္ချာသင်ရန် ကျောင်းတွင်စာရင်းပေးရန် ခွင့်ပြုထားသည်။ ထိုကျောင်းများသည် အခြေခံကုန်သွယ်ပညာကိုလည်း သင်ပေးသည်။
ကလေးများ အသယ်ဆယ်နှစ်ရောက်လျှင် ၎င်းတို့၏အခြေအနေပေါ်မူတည်၍ တရှီရှိ မတက်မနေရကျောင်းကြီးတွင်ထားရန်တောင်းဆိုနိုင်သည်။ လေနှစ်တာသင်ကြာပြီးနောက်တွင် ထိုသူသည် မင်းကြီးက ၎င်းတို့၏ပါရမီအရ ကျင်းပပေးသော နှစ်စဉ်အရည်အချင်းစစ်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုနိုင်သည်။ ရလဒ်ကောင်းရလျှင် နန်းတွင်းညီလာခံရှိ ဌာနအသီးသီးတွင် အလုပ်လုပ်နိုင်ကာ တည်ငြိမ်သောဝင်ငွေတစ်ခု၊ ရာထူးတစ်ခုနှင့် ဂုဏ်ပုဒ်တစ်ခုကို ရကြသည်၊၊ သာမန်မိသားစုများနှင့် ဆင်းရဲသောမိသားစုမှကလေးများကိုလည်း အလုပ်ပို၍လုပ်ကာ ကြိုစားရုန်းကန်လာချင်အောင် တွန်းအားပေးပြီးသားဖြစ်သည်။
သုံးနှစ်တာပြုပြင်ပြောင်းလဲမှုပြီးနောက်တွင် လော့ရွှေလယ်ယာရှိလူများသည် ယခုတွင် ဝင်ငွေတစ်ခုရလာကြကာ လုံခြုံရေးကောင်းမွန်စွာဖြင့် ပျော်ရွှင်စွာနေထိုင်နေကြပြီဖြစ်၏။
ထို့အပြင် လယ်မြေ၏အပြင်ဘက်နေရာတွင် ကူးသန်းရောင်းဝယ်ရေးနှင့်နေထိုင်သောနေရာများရှိသည်။ ရှီလော့မြို့ရှိ မြေအလွတ်တိုင်းတွင် မြက်နှင့်ပန်းများစိုက်ပျိုးထားကာ ထိုနေရာအား သဘာဝဆန်ကာ စိမ်းလန်းစိုပြေသောဥယျာဉ်အဖြစ် ပြုလုပ်ထားပေသည်။
"တစ်နှစ်တောင်မရှိသေးဘူး။ ဒီနေရာက အများကြီးပြောင်းလဲသွားတာပဲ"
မြင်းလှည်းသည် လယ်ယာ၏တံခါးဝင်တွင် ရပ်လိုက်သည်။ စုရွှေလျန်က လိုက်ကာကိုမကာ စိမ်းလန်းစိုပြေသောပတ်ဝန်းကျင်ကို ကြည့်ရှုလိုက်သည်။ သူမသည် လင်းစစ်ယောင်ကို ပီတိပြုံးဖြင့် ပြုံးပြလိုက်သည်။
"အင်း။ နောက်မှပဲ မင်းကိုရှုခင်းကြည့်ဖို့ ခေါ်သွားပေးမယ်"
လင်းစစ်ယောင်က လှည့်ထဲမှထွက်ရန် သူမကိုကူပေးလိုက်ကာ ပြင်ဆင်ထားသောတစ်လပြည့်လက်ဆောင်ကို ယူလိုက်သည်။ ယနေ့သည် စွင်းယန်၏သားဖြစ်သူ တစ်လပြည့်မွေးနေ့ဖြစ်သည်။ ထိုသူသည် လယ်ယာ၏စီမံခန့်ခွဲသူဖြစ်သည်။ ယမန်နေ့က သူသည် ဟဲယွမ်သို့ရောက်လာကာ အခမ်းအနားကျင်းပရန် ၎င်းတို့အား ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။
"ဟုတ်ပြီ။ ကျွန်မသစ်ခွပန်းတွေဆီလည်းသွားလည်ချင်တယ်။ အခုဆို ဘယ်ရီသီးလေးတွေက ရင့်နေလောက်ပြီ။ ဒီနှစ် အထွက်ကောင်းရင် ခူးစရာအများကြီးဖြစ်လောက်ပြီ"
စုရွှေလျန်က လင်းစစ်ယောင်လက်ကိုချိတ်ကာ စွင်းမိသားစုဆီသို့ ဦးတည်သွား၏။
အပြင်သို့အတူထွက်သည့်အခါတိုင်း စုရွှေလျန်သည် အစေခံခေါ်မသွားတတ်ပေ။ လင်းစစ်ယောင်အသားမကျသောကြောင့်ဖြစ်ကာ သူမသည်လည်း သူနှင့်အတူ အချိန်ကုန်ဆုံးချင်ပေသည်။
လင်းစစ်ယောင်က သူမ၏ကျေနပ်နေသောမျက်နှာကို ကြည့်နေမိသည်။ အပြုံးတစ်ပွင့်သည် သူ၏အကြည့်ထဲတွင် ပွင့်လန်းလာသည်။ သူမကိုင်ထားသောလက်ကိုရုပ်ကာ သူမကို နီးနီးကပ်ကပ်ဆွဲလိုက်သည်။
"မင်းပင်ပန်းနေပြီလား"
စုရွှေလျန်ကပြုံးကာဖြင့်ခေါင်းခါပြလိုက်သည်။
"တစ်လမ်းလုံး လှည်းပေါ်မှာပဲ ထိုင်လာရတာ။ ဘယ်လိုလုပ်ပင်ပန်းနိုင်ရမှာလဲ"
မြင်းလှည်းသည် ထိုနေရာသို့ရောက်ရန် ဟဲယွမ်ရှိအတိုဆုံးလမ်းမှ ပတ်သွားခြင်းဖြစ်ကာ နှစ်နာရီမျှပင်ကြာသည်။ လမ်းတစ်လျှောက်မြင်ကွင်းများမှာ လှပလွန်းကာ သူသည်လည်း သူမနှင့်အတူအဖော်ပြုပေးနေခဲ့သည်။ အနည်းငယ်မျှပင်ပင်ပန်းသည်ဟု မခံစားရပါ။ ဆန့်ကျင့်ဘက်အနေဖြင့် ခရီးသည်တိုလွန်းသည်ဟုပင် ထင်နေမိ၏။
"နှစ်သစ်ကူးပြီးရင် ခရီးထွက်ကြမယ်"
လင်းစစ်ယောင်၏အနက်ရောင်သူငယ်အိမ်များက ရွေ့လျားကာ ဇနီးဖြစ်သူအား စီစဉ်ထားသည်များကိုပြောပြပြီး အချိန်ကြာမြင့်စွာထွေးပွေ့ထား၏။
ထိုနှစ်ပြီးနောက်တွင် လျန်အန်းဇိုင်သည် လင်းရှီကို လေ့ကျင့်ပေးရန် သူ၏နန်းတွင်းသို့ခေါ်ယူခဲ့သည်။ လင်းလုံသည် စစ်ထိုနောက်လိုက်ကာ သခင်မဖြစ်လာရန်လေ့ကျင့်သည်။ ခွေ့ယွီကျိုက်၏လင်းရှီaoသည်မူ အချိန်ကြာသည်အထိ ကောင်းကောင်းစီမံနေပေသည်။ အခြားသောကိစ္စများမှာမူ ဟဲယွမ်တွင် စီးပွားရေးလုပ်ငန်းများစွာရှိသော်လည်း ၎င်းတို့အား ကူညီရန် တာဝန်များကို ကောင်းမွန်စွာဆောင်ရွက်နိုင်သည့် အရည်အချင်းရှိသည့်လက်အောက်ငယ်သားများကို လေ့ကျင့်ပြီးဖြစ်သည်။
လယ်ယာကိုလည်း ကောင်းစွာလည်ပတ်စေကာ စီမံခန့်ခွဲသူ စွင်းယန်နှင့် လက်ထောက်စီမံခန့်ခွဲရေးမှူးလျှို့ချန်တို့က အားလုံးကိုစီမံနိုင်ကာ အရာအားလုံး တည်ငြိမ်နေပေသည်။ တစ်နှစ်တစ်ခါသာသွားကြည့်လျှင်ပင် ပြဿနာမရှိပေ။
"အစ်ကိုနဲ့အခြားသူတွေက ကျွန်မတို့နောက်ကွယ်မှာ ပြောကြမှာပေါ့"
စုရွှေလျန်က ပြုံးဖြဲဖြဲလုပ်လိုက်သည်။ ၎င်းတို့ထဲမှတစ်ယောက်သည် ဆုံးဖြတ်ချက်ချသူ၊ စည်းမျဉ်းစည်းကမ်းသတ်မှတ်သူဖြစ်ကာ ရှီလော့၏လုံခြုံရေးခေါင်းဆောင်နှင့် ဟဲယွမ်၏စီးပွားရေးနှင့်ထုတ်လှုပ်မှုလုပ်ငန်းများကို ထိန်းချုပ်ထားပေသည်။ ၎င်းတို့နှစ်ယောက်သည်သာ တရှီမှထွက်ကာ ပင်လယ်ခုနှစ်ပင်လယ်နှင့် နေရာစုံခရီးသွားကာ ချစ်ကြည်နူးတော့မည်ကိုသိလျှင်....။ လျန်အန်းဇိုင်သည် အပြင်ဘက်တွင် မျက်မှောင်ကြုတ်ကာ စိတ်ထဲတွင်မူ ၎င်းတို့အား ကျိန်ဆဲနေပေလိမ့်မည်။
"သူတို့က ကိုယ်တို့ကို ဆူချင်ရင်တောင်မှ အဆင်ပြေပါတယ်"
လင်းစစ်ယောင်က ခပ်ရေးရေးလေး ပြုံးလိုက်သည်။
"ကိုယ်တို့တွေ ဒီနှစ်တွေကို အကျိုးရှိရှိအသုံးချခဲ့ပြီးပြီမလား"
သူကမျက်ခုံးပင့်ပြလိုက်သည်။
သူသည် လျန်အန်းဇိုင်ကို မျက်နှာသာပေးခဲ့ကာ ယောက်ဖဖြစ်နေပြီး တဟွေ့မှခွဲထွက်ကာ မြို့ငယ်လေးအား တိုင်းပြည်တစ်ပြည်အဖြစ်ထူထောင်ရာတွင် တာဝန်ယူထားသူဖြစ်သောကြောင့်ဖြစ်သည်။ ဟဲယွမ်ကိုလည်း စစ်မှန်သောလွတ်လပ်မှုရစေခဲ့သည်။ ထိုသို့မှမဟုတ်လျှင် သူသည် အဘယ့်ကြောင့် ထိုမျှပူးပေါင်းဆောင်ရွက်ရမည်နည်း။ သူသည် ဒုက္ခသည်များကိုစီစဉ်ပေးရန်တောင်းဆိုခဲ့သည်။ ၎င်းတို့အား အောင်မြင်စွာ အခြေချစေနိုင်ခဲ့သည်။ ရှီလော့အား ကာကွယ်ရန် တောင်းဆိုခဲ့သည်။ သူသည် ကောင်းမွန်စွာ ခုခံပေးခဲ့သည်။
“အားယောင်!”
စုရွှေလျန်က ရုတ်တရပ်လိုက်ကာ ခေါင်းမော့ကာ သူ့ကိုကြည့်လိုက်သည်။
"ကျေးဇူးတင်ပါတယ်။ ကျွန်မကြောင့် ဒီကိစ္စတွေကို တရှီအတွက် လုပ်ပေးခဲ့တယ်ဆိုတာ ကျွန်မသိပါတယ်"
"ငတုံးမလေး..."
သူမကိုထွေးပွေ့ထားလိုက်ပြီး ပြုံးကာ ဖြေလိုက်သည်။
"ကိုယ့်လက်တေါကို ဘယ်နှကြိမ်တောင်ဆေးကြောခဲ့ရလဲ မင်းမသိပါဘူး"
သူသည်လက်များသည် သွေးထဲတွင် ဆယ်နှစ်တိုင်နစ်မြုပ်နေခဲ့သည်။ သွေးများကိုဆေးကြောရန် နောက်ထပ်ဆယ်နှစ်ကို သုံးခဲ့ရသည်။ သူသည်ငရဲသို့ဆင်းရကာ သူမသည် ကောင်းကင်ဘုံသို့တက်လှမ်းသွားမည့်အား တစ်နေ့တွင် သူမနှင့်အတူ ကောင်းကင်ဘုံသို့တက်လှမ်းနိုင်မည်ဟု ယုံကြည်မိသည်။ သူမနှင့်အတူ ထိုနေရာတွင်ထာဝရနေထိုင်သွားနိုင်မည်ဟု တွေးထားမိ၏။
“အားယောင်…”
သူမ၏နှလုံးသားလေး နာကျင်သွားရရှာသည်။ သူ၏စိတ်ထဲတွင် အတိတ်ကိုသိမ်းထားလိမ့်မည်ဟု ထင်မထားခဲ့ပေ။
သူ၏အတိတ်နှင့်ပက်သက်၍ မည်သည့်အခါမှ သူမစိတ်အနှောင့်အယှက်မဖြစ်ခဲ့ပေ။ သူသည်လည်းအတူတူဖြစ်မည်ဟု ယုံကြည်ခဲ့မိသည်။ ထိုသို့မှမဟုတ်လျှင် အစ်ကိုဖြစ်သူသည် သူ့အား ထိုမျှတန်ဖိုးထားမည်မဟုတ်ကာ ကျင်းကျီသည်လည်း သူ့အားများစွာချီးမွမ်းမည်မဟုတ်ပေ။ ယင်းယွင်သည်လည်း စစ်ထိုကို လက်တွဲဖော်အဖြစ် ရွေးချယ်လိမ့်မည်မဟုတ်ပေ။ သူမသည်လည်း စုရွှေလျန်ကဲ့သို့ပင် တစ်သက်တာလုံး ချိုတစ်ဖန်ခါးတစ်လှည့်အတွေ့အကြုံများကို သူနှင့်အတူဝေမျှသွားမည်မဟုတ်ပေ။ သို့တိုင် သူသည် ထိုကိစ္စကို စိတ်ထဲရောက်လွန်းနေပေသည်။
"ရှင်က မူလက လူသတ်သမားနဲ့ပက်သက်ပြီး ဘယ်တော့မှအနှောင့်အယှက်မဖြစ်ခဲ့ဘူး။ ကျွန်မသာ ဒါကို စိတ်ဝင်စားတယ်ဆိုရင် ရှင့်ရဲ့ ထူးချွန်တဲ့ကိုယ်ဖော့သိုင်းနဲ့ ကိုယ်ခံပညာတွေကိုတန်ဖိုးထားလို့ပဲဖြစ်လိမ့်မယ်"
"ကိုယ်နားလည်ပါတယ်"
သူကပြုံးပြလိုက်ပြီး သူမ၏နှုတ်ခမ်းများကို လက်ချောင်းထိပ်ဖြင့် ပွတ်သပ်လိုက်သည်။ ၎င်းတို့လက်ထပ်ထားသည်မှာ ဆယ်စုနှစ်တစ်စုပင်ရှိပြီဖြစ်ကာ သူမ၏အတွေးများကို မည်သို့မသိဘဲနေမည်နည်း။
"ရှင်နားလည်ရင် ရှင့်ကိုယ်ရှင် ဒီလိုမျိုး ပြင်းပြင်းထန်ထန်ဆက်ဆံတာကို တားမြစ်တယ်။ အဲ့လိုမှမဟုတ်ရင် အဲ့လိုမှမဟုတ်ရင်"
"အဲ့လိုမှမဟုတ်ရင်ဘာလဲ"
သူမကပြုံဂကာ သူ၏လက်မောင်းကိုကိုင်၍မေးလိုက်သည်။ သူမကိုလွှတ်မပေးချင်ပေ။
သူ့အတွက် ပြစ်ဒဏ်တစ်ခုမသတ်မှတ်ခင်တွင် ခပ်လှမ်းလှမ်းမှ စွင်းယန်ခေါ်နေသည်ကို ကြားလိုက်ရသည်။ ထို့နောက် ၎င်းတို့သည် ဝင်ပေါက်တွင် အချိန်ကြာမြင့်စွာ လျှောက်သွားနေမိကြောင်း သဘောပေါက်သွား၏။ သူ၏ရင်ခွင်ထဲတွင်သူမကို ကျီစယ်နေသောပုံရိပ်ကို လူများစွာမြင်သွားကြပေသည်။
ကံကောင်းစွာဖြင့်ပင် လယ်ယာ၏နေထိုင်သူများသည် ထိုအတွဲ၏ ချစ်ကြည်နူးနေသောမြင်ကွင်းကို ကျင့်သားရနေပြီဖြစ်သည်။
"အခု ကိုယ်မင်းကိုလွှတ်ပေးလိုက်မယ်"
လင်းစစ်ယောင်က မျက်လုံးထဲရှိမီးတောက်ကို ချိုးနှိမ်ကာ အသံနှိမ့်လိုက်ပြီး သူမကို လွှတ်ပေးလိုက်သည်။ ခိုင်မြဲစွာဆုပ်ကိုင်ထားသောလက်ကိုလွှတ်ပေးလိုက်ပြီး စွင်းယန်၏အိမ်သို့ လမ်းလျှောက်သွားကြ၏။
တစ်လပြည့်မွေးနေဆင်နွဲပြီးနောက်တွင် သူက သူမကို ကိုယ်ဖော့သိုင်းကိုသုံးကာ လယ်မြေ၏အရှေ့ဘက်တွင်ရှိသော သစ်ခွခြံဆီသို့ခေါ်သွားသည်။
သစ်ခွခြံမှာ မြေဧကငါးဆယ်ခန့်ကျယ်ဝန်းသည်။ အကြီးကြီးမဟုတ်လှသော်လည်း သစ်သီးအမျိုးစုံစွာစိုက်ပျိုးထားသည်။ အများစုမှာ တရှီတောင်မှပြောင်းရွှေ့လာသောမျိုးစိတ်များဖြစ်သည်။ အကြိမ်ပေါင်းများစွာ ကိုင်းဆက်ပြီးနောက်တွင် ထိုအပင်မှအသီးများသည် အခြားတိုင်းပြည်မှအသီးများထက် ပို၍ကောင်းလာသည်။ ထို့အပြင် သစ်သီးများမှာ ကြီးကာ အရည်ရွှမ်းပြီး နာမည်ကြီးကြပေသည်။
ဝင်ပေါက်ရှိအိမ်ကြီးထဲတွင် လင်းစစ်ယောင်နင့် စုရွှေလျန်သည် ဝါးအိတ်နှင့်ဝါးခြင်းကိုသယ်ကာ သူငယ်ချင်းများနှင့်မိသားစုများကိုပေးရန် အသီးများခူးရန် ပြင်နေသည်။
ငါးလပိုင်းတွင် ချယ်ရီသီးများ၊ ဘလူးဘယ်ရီသီးများနှင့် သစ်တော်သီးများမှာ နာမည်ကြီးသောအသီးများဖြစ်သည်။
"ဒီမှာ"
လင်းစစ်ယောင်က ဇနီးဖြစ်သူကိုဆွဲခေါ်ကာ မက်မွန်တော်ဆီသို့ဦးတည်နေသည့် တောင်နံပါးက ကွေ့ကောက်သည့်လမ်းအတိုင်း လျှောက်သွား၏။
"ဒါက မက်မွန်တောအုပ်လား"
သူမသည် ထိုနေရာသို့ ခဏခဏမလာဖူးသော်လည်း ထိုနေရာတွင် သစ်သီးပင်အမျိုးအစားများစွာစိုက်ပျိုးထားသည်ကို မှတ်မိသေးသည်။ မက်မွန်တောနောက်တွင် တရုတ်ဆီးသီးတောရှိကာ ထို့နောက်တွင် ပန်းသီးတောအုပ်ရှိသည်။ ဆင်ခြေလျှောတွင်မူ ချယ်ရီသီးနှင့် ဘလူးဘယ်ရီသီးများကို စိုက်ပျိုးထား၏။
သူက ပြုံကာ ဘာမျှမပြောပေ။ သူမ၏လက်ကိုသာကိုင်ထားသည်။ ခေတ္တမျှကြာပြီးနောက်တွင် နှစ်ယောက်သားသည် ကုန်းဆင်းလေးတွင်ရပ်က လေအဝှေ့တွင် ယိမ်းထိုးနေသည့် တစ်ဧကမျှရှိသောလဗင်ဒါပန်းကြီးကို ကြည့်နေမိကြသည်။
"အာ"
စုရွှေလျန် အံ့ဩလွန်းသဖြင့် ပါးစပ်ကိုလက်ဖြင့်အုပ်မိသွားသည်။ သူသည် အမှန်ပင် ပန်းခင်းကြီးအား စိုက်ပျိုးခဲ့ပေသည်။
၎င်းတို့ချစ်စကားပြောနေစဉ်အတွင်းတွင် သူမတွင်သာ လှပသောလာဗင်ဒါပန်းခင်းကြီးရှိလျှင်ကောင်းမည်ဖြစ်ကြောင်းအတိုချုန်းပြောခဲ့ဖူးသည်။ သူမ၏အဆီအနှစ်အလုပ်ရုံအတွက် အလိုအပ်ဆုံးပါဝင်ပစ္စည်းများဖြစ်ကာ သူမနှင့် ကျင်းကျီပေါင်း၍ ဖန်တီးထားသော အမွှေးနံ့သာအတွက် ပါဝင်ပစ္စည်းဖြစ်သောပန်းပင်ဖြစ်သည်။
သူမှတ်မိလိမ့်မည်ဟု သူမမထင်ပေ။ ထို့ကြောင့် ထိုပန်းခင်းကို သူမအတွက်စိုက်ပျိုးပေးရန် အလုပ်များနေခြင်းဖြစ်သည်။
"မင်းတုံ့ပြန်တာကိုကြည့်ပြီး မင်းအများကြီးသဘောကျတယ်လို့ အဓိပ္ပာယ်ကောက်လို့ရလား"
သူမကိုဖက်ကာ မျက်လုံးထောင့်မှမျက်ရည်များကိုသုတ်ပေးလိုက်ပြီး မေးလိုက်သည်။
"ကြိုက်တာပေါ့။ ကျွန်မ ထင်မထားခဲ့ဘူးလေ"
သူမကခေါင်းညိတ်ပြကာ စကားလုံးများက တုန်ရီနေသည်။
“လောင်ချီကတော့ လာဗင်ဒါပန်းတွေက နွေဦးမှပွင့်မယ်ပြောတယ်။ အခုနွေရာသီရောက်တော့မယ်။ အဲ့တာကြောင့် ငါတို့နောက်ပိုင်းအလုပ်များနေနိုင်တာမလို့ ဒါတွေကိုရိတ်သိမ်းဖို လူတစ်ယောက်လောက်ရှိမှရမယ်"
သူက သူမကို ရိုမန်တစ်ဆန်သောခရမ်းရောင်ပန်းခင်းထဲတွင် ပွေ့ဖက်ထားလိုက်သည်။
"မနက်ဖြန်လူလွှတ်လိုက်မယ်။ အများကြီးကိုရှိတာပဲ။ အားယောင် ကျွန်မတို့အဆီနှစ်အလုပ်ရုံက နောက်နှစ်ကျ ပါဝင်ပစ္စည်းတွေနဲ့ပက်သက်ပြီး စိတ်ပူစရာမလိုတော့ဘူးပေါ့"
"တစ်နှစ်မကဘူး။ တစ်နှစ်ခွဲရှိသွားပြီ။ လနှစ်သစ်ကူးပြီးရင် ကိုယ်တို့ခရီးစထွက်မယ်ဆိုတာကို မမေ့လိုက်နဲ့။ တိုင်းပြည်ဆယ်ပြည်လုံးကိုလျှောက်လည်ကြမယ်။ အနည်းဆုံးတစ်နစ်လောက်တော့ကြာမှာပဲ"
လင်းစစ်ယောင်ပြောပြီးသောအခါတွင် ခါးကုန်းကာ သူမ၏နှင်းဆီနှုတ်ခမ်းဖူးလေးများကို အတည်ပြုလိုက်သည်။ ချစ်ကြည်နူးဖွယ်ကောင်းသောနေရာတွင် ထိုသို့အခွင့်အရေးမျိုးကို လက်မလွှတ်ချင်ပေ။
"အမ် တစ်နှစ်လား။ ဆယ်နိုင်ငံလုံးကိုခရီးထွက်မှာလား။ တော်ပြီလား"
သူမက သူ၏အနမ်းကိုလက်ခံကာ စကားကိုအပိုင်းပိုင်းခွဲကာပြောနေသည်။
"မတော်သေးဘူး"
သူမ၏နှုတ်ခမ်းကိုစုပ်ယူကာ စကားလုံးနှစ်လုံးကို ပြောလိုက်သည်။ သူ၏အဖြေသည် သူမအတွက်စိတ်ဆန္ဒကိုပြသနေသည်ကိုမူ သူမ မသိပေ။
နွေရာသီ၏လေပြေသည် အပေါ်မှတိုက်ခတ်ဖြတ်သန်းသွားသည်။ အချစ်စ်အား အချင်းချင်းလှစ်ဟပြသနေကြသောနှစ်ယောက်အား နှောင့်ယှက်ရမည်ကို ကြောက်သည့်အလား လယ်ကွင်းထဲရှိ ယိမ်းထိုးနေသောပန်းများမှလွဲ၍ လယ်ကွင်းထဲရှိအရာအားလုံးသည် တိတ်ဆိတ်ငြိမ်သက်နေကြတော့၏။
***