အချစ်ကလမ်းရှာပါလိမ့်မယ်
Vol. 5 Ch. 157
လပြက္ခဒိန် ရှစ်လပိုင်းမြောက် (၁၅)ရက်မြောက်နေ့သည် နွေဦးပွဲတော်နေ့ဖြစ်ကာ ဖန်းလော့တိုင်းပြည်၏ ဦးရီးတော်၏မင်္ဂလာပွဲနေ့လည်းဖြစ်သည်။
ဦးရီးတော်စံအိမ်က စားပွဲသုံးဆယ်ပြင်ဆင်ထားကာ လော့ရွှေသီးသန့်စံအိမ်က စားပွဲနှစ်ဆယ်ပြင်ဆင်ထား၏။ ဖန်းလော့တိုင်းပြည်မှ လော့ရွှေစံအိမ်သို့သွားရာ လမ်းမကြီးတစ်လျှောက်တွင် တိုင်းပြည်ရှိ လူအားလုံးစားသောက်နိုင်ရန်အတွက် စားပွဲများပြင်ဆင်ထားသည်။ တစ်တိုင်းပြည်လုံးက သုံးရက်သုံးညကျင်းပကြသည်။
"ဟားဟား။ ပင်တောင်ပင်ပန်းလာပြီ။ ငါတို့ဘဝမှာ တစ်ခါပဲဒီလိုကြုံတွေ့ရရင် ကောင်းမယ်။ အဲ့လိုမှမဟုတ်ရင် ခံနိုင်ရည်ရှိတော့မှာမဟုတ်ဘူး"
လျန်အန်းဇိုင်ကနောက်ဆုံးဧည့်သည်ထွက်သွားသည်ကိုတွေ့သောအခါတွင် မင်္ဂလာဦးခန်းသို့ ပြန်လာခဲ့သည်။ မင်္ဂလာဝတ်စုံများကိုချွတ်ပြီး စားပွဲတွင်အစားအသောက်များခင်းကျင်းနေသောယန်ကျင်းကျီဆီသို့လမ်းလျှောက်သွားသည်။
"စိတ်မပူပါနဲ့။ ရှင်ထပ်ပြီး တွေ့ကြုံချင်သေးတယ်ဆိုရင် ရှင့်ဆန္ဒအတိုင်း ဖြစ်စေရပါ့မယ်"
ယန်ကျင်းကျီက သူ့ကိုငေးကာ တစ်မူထူးခြားစွာပြောလိုက်သည်။
"မင်းပြောသလိုမဟုတ်ဘူး ငါက ဘယ်လိုလုပ်ပြောင်းလဲရဲမှာလဲ။ အဲ့လိုကံကြမ္မာကိုမပျော်ပါဘူး။ မဟုတ်ဘူး။ မဟုတ်ဘူး။ မင်းခင်ပွန်းရဲ့နှလုံးသားထဲမှာ မင်းတစ်ယောက်ပဲရှိတာပါ။ အခြားမိန်းကလေးတွေ ဘယ်လိုပုံစံရှိရှိ ငါမျက်လုံးနဲ့တောင်မကြည့်ဘူး"
လျန်အန်းဇိုင်က ယန်ကျင်းကျီ၏မျက်နှာမည်းသွားသည်ကို မြင်လိုက်ရသည်။ သူက ချက်ချင်းပင် သူမကို အိပ်ရာထဲသို့ ဖက်ကာခေါ်သွား၏။
ထိုအကြောင်းကိုစဉ်းစားကြည့်လျှင် အနည်းငယ်မျှရှက်စရာကောင်းလှပေသည်။ သူသည် နာမည်ကျော်ကြားသည့်ဦးရီးတော်ဖြစ်ကာ စစ်သည်များ၏ခေါင်းဆောင်ဖြစ်သော်လည်း စိတ်တိုတတ်သည့်ဇနီးအား ရင်ဆိုင်ရန်မူ နည်းလမ်းတစ်ခုသာရှိသည်။ အိပ်ရာထဲတွင်ဖြေရှင်းခြင်းပင်။
"အမ်။ နောက်ကျနေပြီ။ ဒါပေမဲ့ အဲ့မှာ လူရှိသေးတယ်လား။ မိန်းကလေး ကျန်းယွဲ့။ တောင်းပန်ပါတယ်။ ဒီအစေခံက တံခါးပိတ်ဖို့တွေးနေမိလို့ပါ"
အစေခံနှစ်ဦးသည် ခြံဝန်းအားစစ်ဆေးနေစဉ်တွင် ထောင့်တွင်အရိပ်တစ်ခုတွေ့လိုက်ရသောကြောင့် အံ့အားသင့်သွားခြင်းဖြစ်သည်။
"ရပါတယ်။ အခုပဲသွားတော့မလို့"
ကျန်းယွဲ့က သေရည်ပုလင်းကိုကောက်ကိုင်ကာ ခြေလှမ်းများ ယီးတီးယိုင်တိုင်ဖြင့် လျှောက်သွား၏။
"မိန်းကလေးကျန်းယွဲ့ ဒီအစေခံ လှည်းခေါ်ပေးဖို့လိုသေးလား"
ကျန်းယွဲ့လမ်းလျှောက်သွားသည်ကိုကြည့်ကာ အစေခံက သူမမူးနေသည်ထင်သောကြောင့် ကမ်းလှမ်းလိုက်ခြင်းဖြစ်သည်။
"မလိုတော့ပါဘူး"
ကျန်းယွဲ့က ခေါင်းခါပြလိုက်သည်။ သူသည် အနည်းငယ်မျှ ထွေနေသော်လည်း ခေါင်းသည်ရှင်းလင်းနေဆဲဖြစ်သည်။ သူမသည် ချင်ထျန်းသီးသန့်စံအိမ်တွင်နေသည်ကိုမူ မမေ့ပေ။
သူမ၏လျှောက်သွားသည့်ပုံရိပ်ကိုကြည့်ကာ အစေခံနှစ်ယောက် စိုးရိမ်သွားသောအသွင်သို့ပြောင်းသွားသည်။ တွန့်ဆုတ်စွာဖြင့် ခြံဝန်းထဲသို့ပြန်လာကြ၏။
လွန်ခဲ့သောနွေဦးပွဲတော်က ကျန်းဟန် နှင့် ရှင်းလန်တို့၏မင်္ဂလာပွဲတွင် လက်မထပ်ရသေးသောမိန်းကလေးများစွာရှိသေးသည်။ သူမကဲ့သို့ အချစ်ကြောင့် နာကျင်နေရသူများဖြစ်သည်။ ယခုနှစ်တွင် နဂါးလှေပွဲတော်၌ ကျန်းယင်းယွင်မင်္ဂလာပွဲတွင် ယန်ကျင်းကျီနှင့်သူမ အတူသောက်ခဲ့ကြသည်။ ယနေ့တွင် နွေဦးပွဲတော်ဖြစ်ကာ အားလုံး၏မိသားစုများသည် အတူတကွပြန်လည်ပေါင်းစည်းခဲ့ကြသည်။ မင်္ဂလာပွဲပြီးသည့်နောက်တွင် သူမသည် ဆယ်စုနှစ်ချီအထီးကျန်မှုနှင့်အရက်တစ်အိုးဖြင့် တစ်ဦးတည်းကျန်နေရစ်ခဲ့သည်။
လမ်းလျှောက်ကာ စဉ်းစားနေမိပြီး သူမရှေ့မှကျောက်တုံးလေးကို သတိမထားမိဘဲ ဝင်တိုက်မိသွားသည်။
"သတိထား"
သူမ လဲမကျသွားခင်တွင် တစ်ယောက်ယောက်က သူမကိုဖမ်းထားလိုက်သည်။
ကျန်းယွဲ့က သူမ၏ဝါးနေသောမျက်လုံးကိုပင့်လိုက်ကာ ထိုလူအား တိတ်တဆိတ်ကြည့်လိုက်သည်။ သူမ မျက်လုံးများ လှည့်စားခံနေရသည်လော။ သူမည်သို့ဖြစ်နိုင်မည်နည်း။ သူသည် တာဝန်ထမ်းဆောင်နေဆဲမဟုတ်လော။ လက်ထပ်ပွဲတွင်လည်း သူ့အား မမြင်ခဲ့ရပေ။ သူမလူမှားနေသည်လော။
သူမကလက်မြောက်လိုက်ပြီး အေးစက်နေသောမျက်နှာကို ကိုင်လိုက်သည်။
"ဟားဟား..ရုပ်ချင်းဆင်လိုက်တာ"
"မင်းမူးနေပြီ"
စစ်ထိုက သူမကိုထရန် ကူညီပေးလိုက်သည်။ သူမကို သူ့ပေါ်တွင်မှီစေပြီး ချင်ထျန်းသီးသန့်စံအိမ်ဆီသို့ လမ်းပြခေါ်သွားသည်။
"သောက်ထားတာတဲ့လား။ မသောက်ဘူးဆိုရင် ရှင့်ကို ဘယ်လိုမြင်ရတော့မလဲ။ သွေးလေခြောက်ချားတာပဲဖြစ်ရမယ်"
စစ်ထိုက သူ၏ဓားကဲ့သို့ မျက်ခုံးပင့်ပြလိုက်သည်။
"ဘာစိတ်လေခြောက်ချားတာလဲ"
ထို့ကြောင့် သူမအတွက် ဖုန်းယောင်တရားရုံးအား ဖန်းလော့တိုင်းပြည်သို့ပြောင်းရွှေ့ရန် အပတ်တကုပ်ကြိုးစားနေခြင်းသည် အချည်းနှီးဖြစ်သွားသည်လော။ ထိုမိန်းကလေးသည် သူ့အား မျက်လုံးတစ်ချက်ပင် ဝံ့မကြည့်ခဲ့ပေ။
"ဪ...သွေးလေခြောက်ချားတာ။ အဲ့တာက ကျွန်မရှင့်ကိုမေ့ချင်တယ်။ ရှင့်ကို ဘယ်တုန်းကမှ မတွေ့ခဲ့ဘူးသလို ဟန်ဆောင်ချင်တယ်..."
ကျန်းယွဲ့က သူ၏ဆုံးဖြတ်ချက်များကို ညဉ်းတွားပြလိုက်သည်။ သူမသည် သူ၏ရင်ခွင်ပေါ်တွင်မှီကာ အိပ်ပျော်သွားလေတော့သည်။
ထို့နောက် စစ်ထိုက သူမကို ပွေ့လိုက်သည်။ အိပ်ခန်းသို့သယ်သွားရန် အကြိမ်ပေါင်းများစွာခုန်ပျံကျော်လွှားလိုက်ရသည်။ သူမကို အိပ်ရာပေါ်တွင် ညှင်သာစွာချထားလိုက်သည်။ သူမပေါ်ကိုစိုးမိုးကာ အရက်နံ့သင်းနေသောနှုတ်ခမ်းလေးမှအနမ်းကိုခိုးယူလိုက်သည်။ သူ၏ဝမ်းဗိုက်အောက်ပိုင်းမှ တောင့်တင်းလာသည်ကို ခံစားရသောအခါတွင်မှ သူမအား လွှတ်ပေးလိုက်သည်။
"ခွင့်မပြုဘူး။ မင်းငါ့ကို မေ့သွားဖို့ ခွင့်မပြုနိုင်ဘူး"
ကျန်းယွဲ့တစ်ယောက် နောက်မနက်တွင် နိုးလာသောအခါ သူမသည် ယမန်နေ့က မည်သို့အိမ်ပြန်လာခဲ့သည်ကိုစဉ်းစားရန် အချိန်မရှိတော့ပေ။ တစ်စုံတစ်ယောက်က တံခါးလာခေါက်နေသောကြောင့်ဖြစ်သည်။
သွေးခုန်နှုန်းစမ်းကာ ခေါင်းငိုက်စိုက်ဖြင့်တံခါးဖွင့်လိုက်သည်။
"ကျန်းယွဲ့။ မင်းနေမကောင်းဘူးလား"
စုရွှေလျန်က ကျန်းယွဲ့ကိုကြည့်ကာပြောလိုက်သည်။ သူမမျက်မှောင်ကြုပ်ပြီး အခြားသူကိုကူညီပေးရန် လျှောက်လာလေသည်။
"မဟုတ်ပါဘူး။ ကျွန်မအများကြီးသောက်မိသွားတာပါ"
ကျန်းယွဲ့ခေါင်းခါပြလိုက်သည်။
"သခင်မ သခင်မ ကျွန်မအအကူအညီလိုလို့လား"
စုရွှေလျန်က သူမကို ကိုယ်ရေးကိုယ်တာအရ လာမရှာဖူးပေ။ သူမတစ်ခုခုလိုအပ်လျှင် ရှင်းကျီကိုသာ စာပို့ကာ တောင်းဆိုတတ်သည်။ စုရွှေလျန်က သူမကိုအထင်သေးခြင်းမျိုးမဟုတ်ဘဲ သခင်မသည် လွန်စွာအလုပ်များသောကြောင့်ဖြစ်သည်ကို နားလည်ပေသည်။
"မင်းနဲ့ မြို့ကိုသွားချင်လို့။ ငါတစ်ယောက်တည်းသွားရင်ကျ အားယောင်ကစိတ်မချဘူးဆိုတာ မင်းသိပါတယ်။ ဒါပေမဲ့ သူ့မှာက လုပ်စရာကိစ္စတွေရှိသေးတယ်လ။ ဒီရက်ပိုင်း ယွင်အာက ဟွမ်ရှားမြို့ကိုသွားနေရတာ။ စဉ်းစားကြည့်တော့ မင်းကိုပဲ ဒုက္ခပေးရတော့မယ်"
"ပြဿနာမရှိပါဘူး"
သူမသည် ကိုယ်ရံတော်တစ်ယောက်ဖြစ်သည်။ ရွှယ်လီက သူမကို ဟဲယွမ်တွင်နေစေကာ ထိုနေရာအား စောင့်ရှောက်ထားခိုင်းသည်။ မင်းကြီးနှင့်မိဖုရားသည် လာရောက်လည်ပတ်ခဲသော်လည်း သူမသည် ဟဲယွမ်၏ကိုယ်ရံတော်ဖြစ်နေဆဲဖြစ်သည်။ သူမ၏တာဝန်အား မည်သည့်အခါမျှ မမေ့လျောပေ။
သူမ၏သခင်မက ထိုသို့ပြောသောကြောင့်လည်း ဖြစ်နိုင်သည်။ စစ်ထူယွင်သည်ထိုနေရာတွင် မရှိသောကြောင့် သူမထက် သင့်လျော်သောသူအား မရှာနိုင်ပေ။
"ကျန်းယွဲ့ စစ်ထိုပြန်လာပြီဆိုတာ သိလား"
လမ်းတစ်လျှောက်တွင် မြင်းလှည်းနှင့်လမ်းထိသောအသံသာ ကြားရသည်။ ဟဲယွမ်မှထွက်ခွာလာပြီးနောက်တွင် စုရွှေလျန်က တိတ်ဆိတ်သောလေထုကို ဖြိုခွဲလိုက်သည်။
သူအိမ်ပြန်လာသည်လော။ ထိုသို့ဆိုလျှင် ယမန်နေ့က ယောင်္ကျားသည် သူလော။ သူမကိုအိမ်ပြန်ခေါ်လာသည်မှာ သူလော။
"သူပြန်လာလာ မလာလာ ကျွန်မကိစ္စမှမဟုတ်တာ"
ကျန်းယွဲ့က အသက်ပြင်းပြင်းရှုလိုက်ပြီး မထူးခြားသည့်ပုံစံဖြင့် ဟန်ဆောင်လိုက်သည်။
"မင်းကိစ္စမဟုတ်ဘူးဆိုတာ ငါသိပါတယ်။ မင်းနဲ့စကားပြောယုံတင်ပါ"
စုရွှေလျန်ကပြုံးကာ ခေါင်းစဉ်အား ဆက်ပြောလိုက်သည်။
"ဖုန်းယောင်တရားရုံးကို ဖန်းလော့တိုင်းပြည်ကိုပြောင်းလိုက်ပြီ။ ဒီနေ့ သူတို့အခမ်းအနားကျင်းပကြမလို့။ ဒါပေမဲ့ စစ်ထိုက ဘယ်လိုလုပ်ရမလဲမသိဘူး။ အဲ့တာကြောင့် ငါ့ကိုကူညီပေးဖို့တောင်းဆိုခဲ့တာ။ ရယ်စရာကောင်းတယ်လို့ မင်းမထင်ဘူးလား။ ငါလည်း အဲ့တာနဲ့ပက်သက်ပြီး ဘာမှမသိဘူးလေ"
ပြောနေရင်းဖြင့် ကျန်းယွဲ့က စုရွှေလျန်၏မျက်နှာအား လေ့လာနေသည်။ ယခုရက်ပိုင်းတွင် မည်သို့ဖြစ်နေသနည်း။ သူမကို ကြားလူဖြစ်ရန် အားလုံးကတောင်းဆိုနေကြသည်လော။ သူမသည် အမှန်ပင် အောင်သွယ်တော်လုပ်ရာ၌ တော်နေပြီလော။
"အင်း ရယ်စရာကောင်းသားပဲ"
ကျန်းယွဲ့က ပါးစပ်လှုပ်ကာ အမူအရာမရှိသောမျက်နှာမျိုးဖြင့် ပြန်ဖြေလိုက်သည်။ သို့သော်လည်း သူမနှလုံးသားထဲတွင် လှိုင်းအကြီးကြီးဖြစ်သွားခဲ့သည်။ ဖုန်းယောင်တရားရုံးအား ဖန်းလော့တိုင်းပြည်သို့ ပြောင်းလာသည်လော။ သူမကြောင့်လော။ မည်သို့အိပ်မက်ဖြစ်မည်နည်း။ သူလာသည်ဖြစ်ဖြစ် မလာသည်ဖြစ်စေ သူမနှင့်ဆိုင်သည်လော။ သူသည် သူစိမ်းသက်သက်သာဖြစ်သည်ဟု ယုံကြည်မိနေဆဲဖြစ်သည်။ အသက်(၂၈)နှစ်ရှိပြီဖြစ်သောမိန်းကလေးအား သာမန်ယောင်္ကျားများက ရှောင်ရှားချင်ကြသည်။ သူသည်လည်း သူမကိုအမှန်တကယ်တန်ဖိုးထားလိမ့်မည်ဟု မထင်ပေ။ သူ့ဘေးတွင်နေရန်မှာ သူမမက်ခဲ့ဖူးသောအိပ်မက်မျှသာဖြစ်သည်။ သူမအတွက် ထိုသို့ဆုံးဖြတ်ချက်ကြီးချရန်မှာ မည်သို့ဖြစ်နိုင်မည်နည်း။
ဖန်းလော့တိုင်းပြည်တွင် လုမိသားစုအိမ်အဖြစ်သုံးခဲ့သောစံမ်သည် ဝမ်ရယ်စံအိမ်နှင့်နှစ်အိမ်ကျော်မျှဝေးသောထိုနေရာတွင် ရုတ်တရက်ပိုင်ရှင်အသစ်ရှိလသာသည်။ "ဖုန်းယောင်တရားရုံး"ပင်။ ခိုင်မြဲကာ စူးရှသောစကားလုံးများသည် အနီရောင်တံခါးပေါ်တွင် ထွင်းထုထားသည်။ တံခါးမကြီးမှ ဖြတ်လျှောက်သွားလျှင် ဖုန်းယောင်တရားရုံး၏ အဓိကအဖွဲ့ဝင်များနေသော ခြံဝန်းသုံးခုနှင့်အိမ်ကြီးရှိသည်။ စစ်ထိုနှင့်သူ၏ညီနောင်သုံးယောက်နေရန် ဆောက်ထားသည့် ခြံဝန်းအလွတ်များလည်းရှိသည်။
တဟွေ့၏မြို့အသီးသီးတွင် ဖုန်းယောင်တရားရုံး၏အဖွဲ့ဝင်သုံးရာကျော်ရှိသည်။ အဖွဲ့သုံးဆယ်ထဲတွင် ထိုအဖွဲ့ဝင်များမှာ မြို့ကြီးဆယ်မြို့ရှိ ယုံကြည်စိတ်ချရသောသယ်ယူပို့ဆောင်ရေး၊ ကိုယ်ရံတော်စောင့်ကြပ်ပေးခြင်းနှင့် အပေါင်လုပ်ငန်းများကို ကြီးကြပ်ကြသည်။
ပြုပြင်ပြောင်းလဲပြီးနောက်တွင် ယခု ဖုန်းယောင်တရားရုံးအသစ်သည် ကိုယ်ရံတော်အဖြစ်ကြီးကြပ်ပေးသည့်ဝန်ဆောင်မှုဖြစ်လာသည်။ လူများ၊ ကုန်ပစ္စည်းများနှင့် ပွဲအခမ်းအနားများကို ကာကွယ်ပေးခြင်းကဲ့သို့သော တောင်းဆိုချက်များကို ဖုန်းယောင်တရားရုံးက လက်ခံရရှိသည်။ သို့သော်လည်း လူသတ်ရမည့်တာဝန်များရောက်လာသောအခါတွင် တရားရုံးသခင်က တာဝန်ကိုလက်ခံလက်မခံကို ဆုံးဖြတ်ချက်မချခင်တွင် စစ်ထိုတို့ ညီအစ်ကိုလေးဦးက ဆွေးနွေးကြသည်။ ထိုတာဝန်ကိုလက်ခံလိုက်လျှင် တာဝန်ပြီးမြောက်ရန် ဌာနချုပ်မှ အဓိကအဖွဲ့ဝင်များကို စေလွှတ်သည်။ အခြားဂိုဏ်းခွဲများသည်မူ ကိုယ်ရံတော်လုပ်ခြင်းနှင့် သယ်ယူပို့ဆောင်ရေးတာဝန်များကိုသာ လုပ်ကိုင်ကြသည်။
"ဪ မင်းတို့ကဒီမှာပဲ။ ဝင်ခဲ့ကြ"
စစ်ရှန်းက ဂုဏ်ပြုရန် ဌာနချုပ်အသစ်ဖွင့်ပွဲတွင် ရောက်နှင့်နေပြီဖြစ်သည်။ သူကပြုံးပြလိုက်ကာ ကျန်းယွဲ့နှင့် စုရွှေလျန်ကို အထဲဝင်ရန် ဖိတ်ခေါ်လိုက်သည်။
လက်ထဲရှိလက်ဆောင်များကိုချထားကာ စုရွှေလျန်က ကန့်တောပွဲအတွက်လိုအပ်သည်များကို စားဖိုမှူးအား ကူညီကာပြင်ဆင်ပေးသည်။
"ဪ ဟုတ်သားပဲ။ ကျန်းယွဲ့ မီးဖိုချောင်လာပြီး ငါ့အတွက်ဝိုင်ခွက်တွေသယ်ပေးလို့ရမလား"
သမူက ခန်းမဘယ်ဘက်ရှိ ဝရံတာထောင့်ကို ညွှန်ပြလိုက်သည်။
ကျန်းယွဲ့က ခေါင်းညိတ်ပြလိုက်ကာ ခံစားချက်မဲ့နေသောမျက်နှာဖြင့် ခန်းမမှ ထွက်ခွာသွားသည်။
ကျန်းယွဲ့သည် မီးဖိုချောင်ဆန့်ကျင်ဘက်သို့လျှောက်သွားသည်ကိုကြည့်ကာ စားဖိုမှူးက အံ့ဩနေမိသည်။ သူမက စုရွှေလျန်ဘက်သို့ လှည့်လာပြီး
"သခင်မ ခွက်တွေအကုန်လုံးက ဒီမှာမဟုတ်ဘူးလား။ ပြီးတာ့ မီးဖိုချောင်ကလည်း အဲ့ဘက်မဟုတ်ဘူးလေ"
သခင်မသည် ယခင်က မီးဖိုချောင်သို့ရောက်ဖူးပြီးဖြစ်သည်ကို ရှင်းရှင်းလင်းလင်းမှတ်မိပေသည်။ မှားနေသောနေရာသို့ မည်သို့ညွှန်ပြနိုင်သနည်း။
စုရွှေလျန်က စားဖိုမှူးကို မျက်စိတစ်ဖက်မှိတ်ကာ အချက်ပြလိုက်သည်။
"ငါမေ့သွားတယ်"
သူမသည် ရည်ရွယ်ချက်ရှိရှိလုပ်လိုက်ခြင်းပင်ဖြစ်သည်။
ကျန်းယွဲ့သည် အဆုံးထိရောက်သည့်တိုင် စုရွှေလျန် ညွှန်ပြထားသောလမ်းသို့ အသိစိတ်ကင်းမဲ့စွာ လျှောက်လာသည်။ သူမရှေ့မှ ကွေ့ဟွားပန်းများပွင့်လန်းနေသည့် လှပသောခြံဝန်းငယ်လေးကိုကြည့်ကာ သူနှင့်တွေ့ဆုံခဲ့သောပထမဆုံးအကြိမ်အား မှတ်မိလာသည်။ ထို့နောက် သူမသည် ဝိုင်ရှာရန် မီးဖိုချောင်သို့သွားရမည်ဖြစ်ကြောင်း ရုတ်တရက်အမှတ်ရသွားလေသည်။
"ဘာလို့ ဒီမှာရပ်နေရတာလဲ"
အက်ကွဲနေသောအသံခပ်တိုးတိုးက သူမနောက်မှ ထွက်ပေါ်လာသည်။ စစ်ထိုသည် သူမနှင့်မဝေးလှသော ကျိုင်းပင်အိုကြီးကို မှီနေသည်။
ကျန်းယွဲ့က နှုတ်ခမ်းကိုက်လိုက်ပြီး ဘာမှမဖြစ်သကဲ့သို့ ဟန်ဆောင်လိုက်သည်။
"ဝိုင်ရှာဖို့ မီးဖိုချောင်လာရှာတာ"
"မီးဖိုချောင်က ဟိုဘက်အခြမ်းမှာလေ။ ဒါက ငါ့အိမ်"
စစ်ထိုက ပေါ့ပေါ့ပါးပါးပင် ရှင်းပြလိုက်သည်။
ကျန်းယွဲ့မျက်ခုံးပင့်မိသွားသည်။ သခင်မသည် ရည်ရွယ်ချက်ရှိရှိလမ်းမှားပြလိုက်သလားကို သူမသိချင်မိသည်။ သူ့နှင့်တွေ့စေရန် အခြားသူတစ်ဦး၏အကြံဖြစ်လျှင် သူမစိတ်လှုပ်ရှားသွားမိသည်။
"ငါ မနေ့ကမှ အိမ်ပြန်ရောက်တာ။ ပြန်ရောက်ရောက်ချင်းပဲ အရက်မူးသမားကို သယ်လိုက်ရတယ်လေ"
စစ်ထို၏မျက်နှာက ခံစားချက်မဲ့နေသောလည်း မျက်လုံးများက စိတ်ခံစားချက်ကောင်းမွန်ကြောင်း ပြုံးပြနေပေသည်။
ကျန်းယွဲ့ကြားသောအခါတွင် မျက်လုံးပြူးကျယ်သွားကာ သူ့အား ငေးနေမိသည်။ အရက်သမားသည် သူမ မဟုတ်လော။ မနေ့ညက သူသည် သူမကို သယ်သွားခဲ့သည်လော။ သူသည် သူမကိုပွေ့ချီပြီး... ထိုပုံရိပ်ကိုစဉ်းစားကြည့်လိုက်လျှင် ပါးပြင်များနီမြန်းလာမိသည်။
"မီးဖိုချောင်က ဒီဘက်မဟုတ်ဘူးဆိုတော့ တောင်းပန်ပါတယ်။ ကျွန်မ ရှင့်ကို နှောင့်ယှက်မိပြီ"
သူ့ကိုထပ်မကြည့်တော့ဘဲ လှည့်ထွက်ကာ လာရာလမ်းအတိုင်း ပြန်လျှောက်သွားသည်။
စစ်ထိုက သူမကိုဆွဲကာ ပွေ့ဖက်ထားလိုက်သည်။ သူ့အား ငြင်းဆန်ရန် အချိန်ကျလာသောအခါတွင် သူမခွန်အားမဲ့နှေရှာသည်။
"မင်းသိမယ်လို့ငါထင်တယ်"
စစ်ထိုက သက်ပြင်းချလိုက်၏။
ကျန်းယွဲ့သည် သူ၏လက်ထဲတွင် ရုန်းကန်နေရှာသည်။ သို့သော်လည်း သူ၏အားကောင်းသောပွေ့ဖက်မှုကို မချိုးဖောက်နိုင်ကာ သူ့ကိုပြန်ဖက်ထားလိုက်မိသည်။
"ဒီနှစ်ပိုင်း ဖုန်းယောင်တရားရုံးကိစ္စနဲ့ အလုပ်များနေတာ။ မင်းက အမိန့်နဲ့ ဟဲယွမ်ကို ကာကွယ်ဖို့နေရတယ်ဆိုတာ ငါသိပါတယ်။ မင်းထွက်မသွားနိုင်ဘူးလေ။ ငါပြန်မလာခင် တရားရုံးကိစ္စတွေအားလုံးကို ဖြေရှင်းခဲ့ချင်တာ"
ဖုန်းယောင်တရားရုံးတစ်ခုလုံးအား ဆေးကြောကာ ပစ္စည်းသယ်ပို့ခြင်းနှင့် ကိုယ်ရံတော်ဝန်ဆောင်မှုကို မြို့များတွင်တည်ထောင်ပြီး လူများနှင့်ကုန်သည်များ လက်ခံလာအောင်လုပ်ရသည်မှာ လွယ်ကူသောအလုပ်မဟုတ်ပေ။
"ရှင်....ကျွန်မအစ်ကိုနဲ့ မင်းကြီးရဲ့တောင်းဆိုမှုကြောင့်ပြန်လာတာ"
သူမသည် သံသယသံဖြင့် ပြောလိုက်သည်။
"သူတို့အကြံပေးချက်က ငါ့စိတ်ကို ပိုပြီးမြန်မြန်ဆုံးဖြတ်နိုင်အောင် ကူညီပေးလိုက်တာပဲ"
စစ်ထိုက ပြုံးကာ လှပသောမျက်နှာလေးကို လက်ဖြင့်ကိုင်ထားလိုက်သည်။ သူမသည် သူနှင့်သက်တူရွယ်တူဖြစ်ကာ အသက်(၂၈)နှစ်ပင်ဖြစ်သည်။ သူမအသက်အရွယ်နှင့်ပက်သက်၍ အခြားသူများက သူမနောက်ကွယ်တွင် ပြောဆိုနေကြမည်လော။ သို့မဟုတ်လျှင် သူမသည် အသက်ကိုဂရုမစိုက်ဘဲ သူ့တစ်ယောက်တည်းကိုသာ ဂရုစိုက်ခဲ့ခြင်းဖြစ်သည်။
"ကျန်းယွဲ့ ဒီနှစ်ကုန် ငါတို့လက်ထပ်ဖို့ပြင်ဆင်ကြမလား"
သူမ၏သဘောထားကို မေးလိုက်သည်။ စစ်ထိုသည် ထိုသို့နူးညံ့သိမ်မွေ့နိုင်သည်ကို ပထမဆုံးသဘောပေါက်ခြင်းဖြစ်သည်။ သူမနှင့်မတွေ့ခဲ့သောအချိန်က Si Lingအား သူကပြောင်တတ်ပေသည်။
"ရှင်ဆိုလိုတာက ရှင်နဲ့ကျွန်မ.."
သူမက အနက်ရောင်တောက်ပနေသောမျက်လုံးလေးကို ပုတ်ခတ်ပုတ်ခတ်ဖြင့် ဆိုလိုက်သည်။ ကျန်းယွဲ့က ခေါင်းမော့ကာ သူ့ကို မယုံရဲစွာဖြင့် ကြည့်လိုက်မိ၏။
"မင်းနဲ့မဟုတ်ရင် ဘယ်သူနဲ့လဲ။ မင်းက ဘယ်သူ့ကို လက်ထပ်စေချင်တာလဲ"
သူသည် ခြံထဲရှိ ပွင့်လန်းနေသောကွေ့ဟွားပန်းကဲ့သို့ ပြုံးလိုက်သည်။
သူမသည် လက်ထပ်ရန် ဆန္ဒရှိနေခဲ့သည်။ လက်ထပ်ပွဲများပြီးသွားတိုင်း အထီးကျန်ဝမ်းနည်းမှုဖြင့်သာ ကျန်မနေခဲ့စေရန် သူမအမြဲဆန္ဒရှိနေခဲ့မိ၏။
***