အချစ်ကလမ်းရှာပါလိမ့်မယ်
Vol. 5 Ch. 156
အသက်နှစ်ဆယ်အရွယ်မိန်းကလေးတစ်ယောက်သည် (၂၁)ရာစုနှစ်တွင်ဖြစ်လျှင် သူမသည် လတ်ဆတ်ကာပွင့်လန်းနေသောပန်းလေးဟု ယူဆနိုင်သည်။ သို့သော် ရှေးခေတ်အချိန်တွင်မူ အသက်(၁၇)နှစ်အရွယ်မိန်းကလေးများသည်မူ ဘဝလက်တွဲဖော်ရှာရန် ခက်ခဲသွားပြီဖြစ်သည်။ သူမသည် ရွက်ဝါများကြွေကျကာ ခြောက်သွေးညှိုးနွမ်းသွားပြီဖြစ်သော ဂန္ဓမာပန်းဟူ သတိပေးရန် မလိုအပ်တော့ပေ။
ကံကောင်းစွာဖြင့်ပင် အသက်မွေးဝမ်းကြောင်းက နေရာများစွာယူထားကာ စိတ်လေနေရန် အချိန်မရှိပေ။ ရှေးခေတ်အချိန်ပင်ဖြစ်စေ မျက်မှောက်ခေတ်တွင်ပင်ဖြစ်စေ ဆရာဝန်များက အမြဲတမ်း အလုပ်ရှုပ်နေကြကာ ခြေထောက်သည် တစ်နေရာတည်းတွင် ရပ်နေ၍မရပေ။ သူမ၏ကံကြမ္မာနှင့် သူမကိုယ်သူသနားနေရန် အချိန်မရှိပေ။
….
စုရွှေလျန်က လှည်းထဲမှ ထွက်လာသည်။ သူမကခေါင်းမော့လိုက်ပြီး စာလုံးပြေးအဆန်းများဖြင့်ရေးထားသော "ချင်းယန်ဆေးခန်း"ဟုသောဆိုင်းဘုတ်ကို ကြည့်နေမိသည်။ သူမပြုံးလိုက်မိ၏။
“သွားကြမယ် ရှင်းကျီ။ ကျင်းကျီအလုပ်မများနေဖို့ပဲ မျှော်လင့်ရမှာပဲ"
"သခင်မ...ဘာလို့ဒီမှာရှိနေရတာလဲ။ အဆင်ပြေရဲ့လား"
ရှေ့တွင်ထိုင်နေသောမိန်းကလေးက စုရွှေလျန်ကို ဖျတ်ကနဲမြင်လိုက်ရသောအခါတွင် ဝမ်းသာသွားကာ စိုးရိမ်လည်းစိုးရိမ်သွားမိသည်။
သူမစိုးရိမ်မိသည်မှာ သခင်မနေမကောင်းဖြစ်သည်ဟု ထင်မိသောကြောင့်ပင်ဖြစ်သည်။ သို့သော် သူမပျော်သွားသည်မှာ သူမသည် ဆေးခန်းတွင် အလုပ်လုပ်နေသည်မှာ နှစ်နှစ်ရှိပြီဖြစ်ကာ အလုပ်များနေသောကြောင့် သခင်မဆီသို့သွားရန် အချိန်မရှိပေ။ နွေဦးပွဲတော်တွင် တစ်ရက်မျှခွင့်ယူကာ သီးသန့်စံအိမ်သို့ပြန်ရန်စဉ်းစားနေလေသည်။
"မတွေ့ရတာကြာပြီ ချင်းချင်း။ ဆေးခန်းကအလုပ်တွေနဲ့ နေသားကျသွားပြီလား"
စုရွှေလျန်ကပြုံးကာ မိန်းကလေး၏ခေါင်းကို ပွတ်သပ်ပေးလိုက်သည်။
"အသားကျနေပါပြိ။ ဒီမှာက အလုပ်များပေမဲ့လို့ အကုန်လုံးအဆင်ပြေပါတယ်။ ဒါပေမဲ့ ချင်းချင်းက သခင်မနဲ့ လျန်မော့မော့ကို ခဏခဏမတွေ့နိုင်တော့ဘူး"
ချင်းချင်းက မျက်လုံးများနီမြန်းလာကာ ပြောလိုက်သည်။ သူမသည် လျန်မော့မော့ကယ်ဆယ်ခဲ့သောအစေခံများထဲမှတစ်ယောက်ဖြစ်ကာ လွန်ခဲ့သောသုံးနှစ်က ဟဲယွမ်သို့ခေါ်လာခဲ့ခြင်းဖြစ်သည်။ လူများကာမှားယွင်းစွပ်စွဲကာ ဆင်းရဲသောမိန်းကလေးတစ်ယောက်၊ သူမကို လုမိသားစုမှပစ်ပယ်ခဲ့သည်။ သူမတွင်သွားရန် နေရာမရှိပါ။ ကံကောင်းစွာဖြင့် လျန်မော့မော့က သူမကိုတွေ့သွားကာ သခင်မကကြင်နာသနားတတတ်သောကြောင့် နေခွင့်ပေးကာ ဆေးခန်းသို့ပို့ကာ အလုပ်လုပ်စေသည်။
"မိုက်မဲလိုက်တဲ့ကလေး မင်းပင်ပန်းနေရင် စီမံခန့်ခွဲရေးမှူးဆီကနေ ခွင့်တစ်ရက်လောက်တောင်းပြီး ငါတို့ဆီလာလည်ဖို့ ဟဲယွမ်ကိုပြန်ခဲ့ပေါ့"
မိန်းကလေးက သူမအတိတ်ကိုပြန်အမှတ်ရနေကြောင်း စုရွှေလျန်သိလိုက်သည်။ ညင်သာစွာဖြင့် သူမ၏နဖူးလေးကို ပုတ်လိုက်ကာ
" ချင်းချင်း လုအိမ်မရှိတော့ဘူးဆိုတာ မင်းသိသင့်တယ်မလား"
လွန်ခဲ့သောတစ်လက လုမိသားစုသည် ၎င်းတို့ဆိုင်အားလုံးနှင့်မြေများအားလုံးကို အားယောင်ဆီသို့ ရောင်းခဲ့သည်။ ယခုတွင်အိမ်အဟောင်းများကို ဆေးသုတ်ကာ မွမ်းမံပြီး ဖုန်းယောင်တရားရုံး၏ ဌာနချုပ်အသစ်ဖြစ်လာသည်။
"ကျွန်မကြားတယ်။ စိတ်ကျေနပ်လိုက်တာ။ မကောင်းဆိုးဝါးတွေ ဝဋ်လည်တာပဲ။ အချိန်ကျလာရင် အနာဂတ်ကရောက်လာလိမ့်မယ်။ အဲ့ဆိုရိုးကသိပ်မှန်တာပဲ"
ချင်းချင်းကခေါင်းညိတ်ပြကာ ဒေါသတကြီးဖြင့်ပြောလိုက်သည်။
စုရွှေလျန်ရယ်ကာ သူမကို ခေါင်းခါပြလိုက်သည်။ မိန်းကလေးငယ်သည် Luမိသားစု၏ နစ်နာသူဖြစ်သောကြောင့် သူမ၏ပြင်းထန်သောဝေဖန်မှုကို တားရန် အခွင့်အရေးမရှိပေ။
"ကျင်းကျီအလုပ်များနေတာလား"
သူမသည် ထိုခရီးကို အချည်းနှီးမဖြစ်စေလိုပေ။
"ဒီနေ့တော့ ပြီးတော့မှာပါ။ စစ်ဆေးပေးရမဲ့ ကိုယ်ဝန်သည်နစ်ယောက်ပဲရှိတော့တယ်။ သခင်မအလျင်လိုနေရင် သွားပြီးအသိပေးလိုက်ပါ့မယ်"
"မလိုဘူး။ သခင်မ အလျင်မလိုပါဘူး။ သူတို့ကို စစ်ဆေးပြီးမှပဲ တွေ့တော့မယ်"
စကားအနည်းငယ်ပြောဆိုယုံဖြင့် ဖြေရှင်းနိုင်သောကိစ္စမျိုးမဟုတ်ပေ။ လူနာများကို စောင့်ခိုင်းလျှင်လည်း မကောင်းပေ။ ထို့အပြင် သူမသည် ဦးစွာ ခေါင်းထဲတွင် ပြန်၍ဇာတ်တိုက်ရန် လိုအပ်ပေသည်။
"နောက်တစ်ယောက်"
ယန်ကျင်းကျီက မျက်ခုံးပင့်ကာ သူမ၏စိုးရိမ်ကြောင့်ကြမှုကို ဖြေလျော့ရန် ကြိုးစားနေသည်။
"ငါပါ"
စုရွှေလျန်က ပြုံးလိုက်ပြီး တံခါးကိုတွန်းကာ ဝင်လာသည်။ ဖြေးညင်းစွာလျှောက်လာပြီး ယန်ကျင်းကျီရှေ့ရှိ သစ်သားထိုင်ခုံပေါ်တွင် ထိုင်လိုက်သည်။
ယန်ကျင်းကျီမျက်မှောင်ကြုပ်ကာ သူမကို ကြည့်လိုက်မိသည်။
"မင်း..ဘယ်နေရာ နေမကောင်းလို့လဲ"
လင်းစစ်ယောင်၏သားကြောဖြတ်ခြင်း ကျရှုံးသွားသည်လော။ သူမထပ်မံ၍ ကိုယ်ဝန်ရှိနေ၍လော။
"မင်းဘာတွေစဉ်းစားနေတာလဲ"
စုရွှေလျန်ကပြုံးကာ မျက်စပစ်လိုက်သည်။
"ငါနေမကောင်းမဖြစ်ဘူးဆိုတာ မမြင်ဘူးလား"
"ဘာကြောင့်လဲဆိုတာ စဉ်းစားလို့မရလို့လေ"
ယန်ကျင်းကျီက စိတ်သက်သာရာရသွား၍ သက်ပြင်းချလိုက်မိသည်။ သူမက နှုတ်ခမ်းစူကာ လူနာများ၏အချက်အလက်များကို ခွဲခြားနေလေသည်။
"ဘယ်လောက်ကြာအောင်ထိ သူ့ကိုရှောင်နေဦးမှာလဲ"
စုရွှေလျန် သက်ပြင်းချကာ သူမကိုတွန့်ဆုတ်စွာ မေးလိုက်မိသည်။
"ငါက ဘာကိုရှောင်နေလို့လဲ"
ယန်ကျင်းကျီက ခေါင်းမာနေဆဲဖြစ်သည်။
"သူပြန်ရောက်ကတည်းက နင်သူ့ကို တစ်ခေါက်မှ မတွေ့သေးဘူး။ သူသွားတဲ့အခေါက်တိုင်း နင်က အလုပ်များနေတာနဲ့မတွေ့နိုင်ဘူးတဲ့လေ။ ဘာကြောင့် ဒီလိုလုပ်ဖို့လိုအပ်နေတာလဲ"
စုရွှေလျန်က အနီးကပ်ထိုင်နေကာ ယန်ကျင်းကျီမျက်နှာပေါ်ရှိ ပင်ပန်းနေသောအနေအထားကို မြင်နိုင်ပေသည်။ သူမက ခေါင်းခါမိလိုက်သည်။ ယန်ကျင်းကျီသည် အစ်ကိုဖြစ်သူအား လွန်စွာဂရုစိုက်သည်မှာ ထင်ရှားပေသည်။ သူမကိုယ်သူမ အဘယ့်ကြောင့် ထိုမျှဖိအားပေးနေရပါသနည်း။
စုရွှေလျန်ပြောသောသူကို ယန်ကျင်းကျီသိသည်။ သူမသည် သူ့အားရှောင်နေသည်ကို ဝန်ခံသည်။ သူ့ကြောင့် သူမရူးမတတ်ဖြစ်ခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် သူသည် သူမအား ရှင်းပြချက်တစ်စုံတစ်ရာပင်မပေးဘဲ ထွက်သွားသောကြောင့်ဖြစ်သည်။ နန်းမြို့တော်သို့ လအတော်ကြာသည်အထိ ပြန်သွားခဲ့သည်။ ထိုသူအားသတိရနေခြင်းကို မရပ်တန့်နိုင်သည့်အတွက် သူမကိုယ်သူမလည်း မုန်းခဲ့မိသည်။ စက္ကန့်တိုင်းတွင် သူအန္တရာယ်ကျရောက်မည်ကို စိတ်ပူမိသည်။ သို့သော သူအဆင်ပြေပေသည်။ ယခုတွင် ဖန်းလော့မြို့သို့ သူပြန်လာခဲ့သည်။ သူသည် ဖန်းလော့တိုင်းပြည်၏ ငယ်ရွယ်ချောမောလှသောဦးရီးတော်ဖြစ်ကာ တိုင်းပြည်ကို ဖွဲ့စည်းရန် လူများကို ဦးဆောင်ရပေဦးမည်။ သူမသည်မူ..။ သူမသည် သူပျင်းသောအခါတွင် သူ့အား အပန်းဖြေပေးသည့်အရာတစ်ခုမျှသာဖြစ်သည်။
"ကျင်းကျီ ဒီလောကကြီးမှာ အားယောင်အပြင် ငါနဲ့အနီးစပ်ဆုံး မင်းပဲဆိုတာ သိမှာပါ။ ငါနဲ့ အရာအားလုံးကို မျှဝေလို့ရတယ်နော်။ နင်သူ့အတွက်ခံစားချက်မရှိတော့ဘဲ သူနဲ့မပက်သက်ချင်တော့ဘူးဆိုရင် ငါပြန်ရောက်တဲ့အခါကျ နင်သူ့ကို လက်လျော့လိုက်ပြီဆိုတဲ့အကြောင်း ပြောပေးပါ့မယ်"
ထိုသူအား မေတ္တာမရှိတော့ကြောင်း ခေါင်းညိတ်ပြရန်သာ လိုကာ ယန်ကျင်းကျီက သူမ၏စကားလုံးများကို ထိုသူအား ပြန်ပြောပြမည်ဖြစ်သည်။ သို့သော် သူမ၏နှလုံးသားက အဘယ့်ကြောင့် ထိုမျှနာကျင်နေရပါသနည်း။ သူမ ဝန်မခံချင်ပေ။ လက်မလျော့ချင်ပေ။
"အင်း..."
ယန်ကျင်းကျီက လက်များကြားတွင် ခေါင်းကိုမြုပ်ထားလိုက်ကာ သနားစရာကောင်းသည့်ပုံပေါက်နေသည်။ သို့သော် သူမသည် ထို့ထက်ပို၍လိမ်ထားမှန်း စုရွှေလျန်သိပေသည်။
"အဲ့လိုဆို နင့်မှာ သူ့အတွက်ခံစားချက်ရှိသေးတယ်လို့ပဲ ယူဆလိုက်မယ်။ ဒါပေမဲ့ ဘာလို့သူ့ကို ငြင်းချင်ရတာလဲ"
စုရွှေလျန်က ယန်ကျင်းကျီခေါင်းကို ဖွဖွလေးပွတ်ပေးလိုက်ပြီး ဆက်လက်ရှင်းပြလိုက်သည်။
"တကယ်တာ့ အခုမင်းနဲ့အကြာကြီးစကားမပြောရတာကြာပြီ။ ငါ့ရဲ့တတိယသားလေးရဲ့ ချယ်ရီဝိုင်ကိုထုတ်လာခဲ့တယ်။ အခုဆိုသောက်လို့ရပြီလေ။ ငါဒီရက်ပိုင်းအလုပ်များနေတယ်ဆိုတာ နင်မသိလောက်ဘူး။ ငါ့မှာ ပိုးထည်ရုံကို စီမံယုံတင်မကဘူး။ အစ်ကို့အတွက်အိမ်အသစ်ကိုလည်းပြင်ဆင်ပေးရသေးတယ်။ သူကတော့ ဝမ်ရယ်စံအိမ်ထဲမှာ သူ့ကိုယ်သူနှစ်မြုပ်ထားရင်း ဖန်းလော့တိုင်းပြည်ရဲ့ နေရာအသစ်တွေရဲ့အစီအစဉ်တွေကို သူ့လက်အောက်ငယ်သားတွေနဲ့ ဆွေးနွေးနေလောက်မှာပေါ့။ လော့ရှီမြို့က မင်္ဂလာခန်းကို အလှဆင်ဖို့လည်း ငါ့ကိုပဲအပ်ထားတယ်လေ။ မင်္ဂလာခန်းမကိုအလှဆင်ဖို့ တစ်လလောက်တောင်အချိန်ယူခဲ့ရတာ။ အခု လက်ထပ်ပွဲအတွက် နေ့ကောင်းနေ့မြတ်ရွေးဖို့ပဲ လိုတော့တာ။ ဒါပေမဲ့ ကာယကံရှင်နှစ်ယောက်က ဂရုတောင်မစိုက်ဘူးလေ။ ငါဘာလုပ်ခဲ့မိပါလိမ့်"
"ဘာမင်္ဂလာအခန်းလဲ။ ဘာမင်္ဂလာခန်းမလဲ"
ယန်ကျင်းကျီက ထူးခြားနေသောစကားလုံးများကို သတိထားမိကာ စုရွှေလျန်၏စောဒကတက်မှုကို နှောင့်ယှက်လိုက်သည်။
"အမ် သူကနင့်ကို ဘာမှမပြောဘူးလား။ အစ်ကိုကတော့ သူလက်ထပ်တော့မယ်လို့ပြောတယ်။ သူ့အိမ်ကိုရှင်းဖို့တောင်းဆိုထားတာ။ အိမ်အသစ်ကိုတောင် ခုမှဆောက်ပြီးကာစနဲ့တူအောင် ပြင်ဖို့ပြောထားတာ။ နင်သိပြီးလောက်ပြီမှတ်နေတာ။ သူက နင့်ကို မဆင်မခြင်လက်ထပ်ခွင့်တောင်းလို့ နင်သူ့ကိုစိတ်ဆိုးနေတယ်လို့ငါထင်ထားတာ။ အဲ့တာကြောင့် နင်သူ့ကိုမတွေ့ချင်တာမှတ်နေတာ"
စုရွှေလျန်က သူငယ်ချင်းဖြစ်သူကို အံ့ဩစွာကြည့်လိုက်သည်။
"ငါဘာမှမသိဘူး။ သူ ငါ့ကိုတစ်ခါမှမပြောဖူးဘူး"
ယန်ကျင်းကျီ၏ဖျော့တော့သောမျက်နှာလေးမှာ အံ့ဩတုန်လှုပ်သွားသည်။ သူသည် လက်ထပ်တော့မည်ဖြစ်သော်လည်း သတို့သမီးမှာ သူမမဟုတ်တော့ပေ။ ရယ်စရာကောင်းလှပေသည်။ မိမိဘာသာအပြစ်ပေးကာနေခဲ့သောနေ့ရက်များသည် မည့်သူအတွက်ဖြစ်ခဲ့သနည်း။
"အမ် ကျင်းကျီ ငါ့အစ်ကိုက နင့်ကို အံ့ဩအောင်လုပ်မလို့ဖြစ်မယ်။ အဲ့တာကြောင့် ခုထိမပြောရသေးတာဖြစ်မယ်"
စုရွှေလျန်ခေါင်းငုံ့ကာ စဉ်းစားနေမိသည်။
"သူ့ကိုသွားရှာပြီး သေချာတဲ့အဖြေသွားတောင်းရမယ်။ စိတ်မပူပါနဲ့။ ငါသူ့ကိုရှင်းပြလိုက်ပါ့မယ်"
သူမပြောပြီးနောက်တွင် စုရွှေလျန်သည် တံခါးအပြင်သို့ အပြေးထွက်သွားလေသည်။
ယန်ကျင်းကျီတစ်ယောက် ဖျော့တော့သောမျက်နှာဖြင့် ကျန်နေခဲ့သည်။ ရှင်းပြချက်လော။ မလိုတော့ပေ။ သူသည် သူမကို အံ့ဩစေလိုလျှင် ဖန်းလော့တိုင်းပြည်သို့ ပြန်ရောက်ရောက်ချင်း ပြောသင့်ပေသည်။ လျှို့ဝှက်ချက်အဖြစ် ထိန်းသိမ်းမထားသင့်ပေ။ လျန်အန်းဇိုင်သည် မည်မျှအကြင်နာမဲ့လိုက်ပါသနည်း။
"သခင်မ။ ဘာလို့ အစောကြီးပြန်လာတာလဲ။ ဒီမှာနေ့လည်စာမစားချင်ဘူးလား။ ကျွန်မတို့သမားတော်တွေမှာ ဘာကြိုချိန်းထားတာမှမရှိပါဘူး"
ယန်ကျင်းကျီတစ်ယောက် ခေါင်းငုံ့ကာ ဆေးခန်းအပြင်သို့ထွက်လာသည်ကို မြင်လိုက်ရသောအခါတွင် ချင်းချင်းက သူမနောက်မှ လှမ်းခေါ်လိုက်သည်။
ယန်ကျင်းကျီတစ်ယောက် ခေါင်းပင်မမော့ပေ။ သူမသည် ချင်းချင်းအား နှုတ်ဆက်လက်ပြလိုက်သည်။ လှည်းထဲသို့ဝင်သွားပြီးနောက်ပိုင်းတွင်မျ ခေါင်းမော့ကာ ခွက်ထိုးခွက်လန်ရယ်မောတော့၏။
"ဟားဟားဟား မြတ်စွာဘုရား။ တစ်ယောက်ယောက်ကိုစနောက်ဖို့ မျက်နှာတည်ထားရတာလည်း ခက်လိုက်တာ။ ထိန်းမထားနိုင်လောက်အောင်ကိုပဲ။ ရှင်းကျီ ငါတို့အရင်ဆုံး ဦးရီးတော်စံအိမ်ဆီသွားကြမယ်။ သူပြောတဲ့အတိုင်း ငါတို့ကောင်းကောင်းဇာတ်ကပြထားတယ်လို့ သူ့ကို သွားပြောရမယ်"
နွေဦးပွဲတော်မရောက်ခင် ရှစ်ရက်အလိုဖြစ်သည်။ ပြည့်လုနီးပါးလသည် မြို့လယ်ခေါင်တွင် ထွက်ပေါ်လာ၏။
အတော်လေးညဉ့်နက်နေပြီဖြစ်သော်လည်း သူမသည် အိပ်မပျော်နိုင်သေးပေ။
သူမ၏ဒူးခေါင်းများကို ဖက်ထားကာ အိပ်ခန်းအပြင်ရှိ ခုံရှည်ပေါ်တွင် ထိုင်နေသည်။ လမင်းကြီးကို ကြည့်နေမိ၏။ နေ့ဘက်တွင် သူမသည် ယာယီအလုပ်များမှုများကြောင့် သူမနှလုံးသားထဲမှ ထိုလူကိုမေ့လျော့နေလေသည်။ သို့သော်လည်း ညရောက်လာသည့်အခါတွင် ရူးချင်စရာကောင်းသည့် ဆန္ဒပြင်းပြမှုက သူမကို ယိမ်းထိုးစေကာ အရိပ်ကဲ့သို့ အနောက်ကလိုက်စေသည်။ ထိုအချိန်တွင် အမြဲသတိလက်လွတ်ဖြစ်နေတတ်သည်။
သူသည် လက်ထပ်တော့မည်ဖြစ်သည်။ အဘယ့်ကြောင့် သူ့အကြောင်းစဉ်းစားနေမိပါသနည်း။ သူ့ကိုမေ့သင့်ပြီဖြစ်၏။ သူမရှိဘဲ သူမကောင်းကောင်းရှင်သန်နိုင်သည်ကို သူသိအောင်ပြသင့်ပေသည်။
လရောင်အောက်တွင် သူမကခေါင်းငုံ့လိုက်ပြီး လက်ဝါးကိုစစ်ဆေးကြည့်လိုက်သည်။ သူမသည် အယူမသီးတတ်သော်လည်း ယခုတွင်လက်ဝါးပြင်ပေါ်၌ အိမ်ထောင်ရေးလမ်းကြောင်းအား စစ်ဆေးကြည့်နေခြင်းဖြစ်သည်။ ခဏကြာပြီးနောက်တွင် သူမသည် သက်ပြင်းသာချမိလို်ကသည်။ ထိုနေရာတွင် တစ်ညလုံးနီးပါးထိုင်နေမိသည်ကို သဘောပေါက်သွားလေသည်။
လွန်ခဲ့သောလပေါင်းများစွာက သုံးရက် သို့မဟုတ် ငါးရက်တိုင်း သူက သူမအခန်းသို့ရောက်လာတတ်ပြီး တစ်ညလုံးသူမကိုဖက်ကာ ဖြတ်ကျော်တတ်သည်။ အချို့အချိန်များတွင် ပြင်းပြသောစိတ်ဆန္ဒအား သူမနှင့်အတူ ရစ်နှောင်တတ်သည်။ သို့သော် သူမကိုဖက်၍အိပ်ချင်သောအချိန်က ပိုများပေသည်။
သူမ၏အပျိုစင်ဘဝကို ဂရုမစိုက်ပေ။ သူသည် ထိုအရာအား ယူသွားသည်မှာ နှစ်နှစ်ခန့်ပင်ရှိပြီဖြစ်သည်။ သူမသည် (၂၁)ရာစုနှစ်မှလာခြင်းဖြစ်ကာ အဘယ့်ကြောင့် ကျန်းယင်းယွင်ထက် သတ္တိနည်းရမည်နည်း။ ထို့ကြောင့် ညလယ်ခေါင်တွင် သူမအားသတိရအောင် လုပ်မိနေခြင်းပင်မဟုတ်လော။
သူမက သက်ပြင်းထပ်ချလိုက်ပြီး အိပ်ခန်းထဲသို့ပြန်သွားသည်။ လက်များက တံခါးသော့ပေါ်တွင် ရစ်ဝဲနေမိသည်။ နောက်ဆုံးတွင် သူမနှလုံးသားထဲမှနာကြင်မှုသည် မည့်သည့်နေရာမှလာသည်ကို နားလည်လိုက်ပေသည်။ သူနှင့်လက်ထပ်တော့မည့်မိန်းမအား သူမသဝန်တိုမိခြင်းပင်ဖြစ်သည်။ ထိုမိန်းမသည် နွေးထွေးကာကျယ်ပြန့်သောရင်ခွင်ကျယ်တွင် တစ်သက်လုံးနေနိုင်တော့မည်ဖြစ်သောကြောင့် သဝန်တိုမိခြင်းပင်ဖြစ်သည်။
ယန်ကျင်းကျီက တောက်လောင်နေသောဖယောင်းတိုင်မီးကို မှုတ်လိုက်သည်။ လရောင်သည် ပြတင်းပေါက်ကိုဖြတ်ကျော်ကာ အခန်းထဲသို့ တိုးကာဝင်ရောက်လာပြီး သူမသည် အိပ်ရာသို့ စမ်းတဝါးဝါးသွားနေမိသည်။ ဖိနပ်များကိုကန်ကာချွတ်လိုက်ပြီး အပေါ်ထပ်ကိုချွတ်လိုက်သောအခါတွင် ရင်းနှီးနေသောနွေးထွေးသည့်ပွေ့ဖက်မှုက သူမကိုဆွဲထားလိုက်သည်။
ခေတ္တမျှတောင့်တင်းသွားကာ လွတ်မြောက်ရန် ကြိုးပမ်းလိုက်သည်။
"မလုပ်နဲ့။ မင်းကိုဖက်ထားပါရစေဦး"
လျန်အန်းဇိုင်က အသက်ပြင်းပြင်းရှုလိုက်ကာ သူ၏ထွေးပွေ့မှုများကြားတွင် သူမကို ပိတ်လှောင်ထားလိုက်ပေသည်။
ကျွန်မကိုလွှတ်။"
သူဘာလုပ်နေသနည်း။ သူသည် လက်ထပ်တော့မည်ဖြစ်ကာ ယခုတွင် သူမအိပ်ရာပေါ်သို့ရောက်နေသည်။ သူမကိုမည်သို့ထင်နေသနည်း။ ယန်ကျင်းကျီရှက်မိသောကြောင့် ပို၍ပြင်းပြင်းထန်ထန်ရုန်းကန်လှုပ်ရှားလိုက်သည်။
“ရှီရှီ…”
သူ၏အက်ကွဲသံခပ်တိုးတိုးက သူမနားထဲသို့ တိုးဝင်လာသည်။
"ငါမင်းကိုမပြောလိုက်မိလို့ မင်းအဲ့လောက်ဝမ်းနည်းနေလိမ့်မယ်ဆိုတာ ငါမသိခဲဘူး။ ငါထင်တာက..."
"ရှင်က ဘာကိုထင်တာလဲ။ ကျွန်မစိတ်ဆိုးနေတာမဟုတ်ဘူး။ ရှင်က ကျွန်မအတွက် ဘာမှမဟုတ်တော့ဘူး။ ရှင့်ဘာသာ လက်ထပ်ထပ် လက်မထပ်ထပ် ကျွန်မနဲ့ဘာမှမဆိုင်ဘူး"
သူမက မျက်လုံးထဲရှိ စိုစွတ်မှုအား ချိုးနှိမ်ရန်ကြိုးစားလိုက်သည်။ သူမသည် ထိုအချိန်တွင် သတိလွတ်သွားကာ ပြင်းထန်သောခုခံမှုက လွယ်ကူစွာချိုးဖျက်ခံရမည်ကို ကြောက်နေမိသည်။
"ဘာလို့ ဘာမှမဆိုင်ရမှာလဲ။ ငါလက်ထပ်ချင်တယ် ပြီးတော့ မင်းဒါကိုရှောင်ရှားလို့မရဘူးဆိုတာ အမှန်ပဲလေ"
သူက သူမ၏လှုပ်ရှားနေသောလက်များကိုကိုင်ထားကာ ခြေထောက်များကိုကန်လိုက်ပြီး နှုတ်ခမ်းထက်မှအနမ်းတစ်ပွင့်ကိုခိုးယူလိုက်သည်။ နောက်ဆုံးစကားလုံးလေးများကို သူမနှုတ်ခမ်းထဲသို့ သွန်ချလိုက်၏။
"ငါမင်းကိုလက်ထပ်ချင်တယ် ရှီရှီ။ မင်းတစ်ယောက်တည်းကိုပဲ လက်ထပ်ချင်တာ..."
***