← Chapters

ဇာတ်သိမ်းပိုင်း (အပိုင်းအစ)

Vol. 5 Ch. 158

ဇာတ်သိမ်းပိုင်း (အပိုင်းအစ)

Vol. 5 Ch. 158

တိုက်ကြီးငါးတိုက်နှင့် နိုင်ငံဆယ်နိုင်ငံကြားတွင် အခြားတိုင်းပြည်မှမင်းကြီးနှင့် သာမန်လူများနှင့်နှိုင်းစာလျှင် ဘုရင်နှင့်အရာရှိများအပါအဝင် အားအကောင်းဆုံးနှင့် ကြီးပွားအချမ်းသာဆုံးတိုင်းပြည်မှာ တရှီဖြစ်သည်ဟု အားလုံးတစ်ညီတစ်ညွတ်တည်းထောက်ခံကြပေမည်။

ရှစ်နှစ်အတွင်းတွင် မြို့ငယ်မျှသာရှိသော နိုင်ငံလေးမှ တဟွေ့၏ခြောက်ပုံတစ်ပုံမျှရှိသော အမှီအခိုကင်းသည့်နိုင်ငံအဖြစ် ကြီးထွားလာခဲ့သည်။ အဘယ့်ကြောင့် ကျော်ကြားလာသည်မှာ အံ့ဩစရာမရှိပေ။

တရှီနိုင်ငံသည် တရှီတောင်ကိုဗဟိုထားကာ ဖန်းလော့၊ ဟဲယွမ်၊ ရှင်းရှီ၊ ရှီလော့မြို့များက ဝန်းရံနေသည်။

ဖန်းလော့သည် နန်းမြို့တော်ဖြစ်ကာ တရှီ၏ယဉ်ကျေးမှုနှင့်အမွေအနှစ်များထွန်းကာရာနေရာလည်းဖြစ်သည်။

ဥပဒေသများအားလုံးကို ဖန်းလော့ဗဟိုတွင်ရှိသော မြို့တော်မှ ကိုင်တွယ်သည်။ ပွဲများအားလုံးကို ဟူချန်းရင်ပြင်တွင်ကျင်းပကာ ဖန်းလော့တွင်အကြီးဆုံးရင်ပြင်ဖြစ်သည်။

သင်ရိုးများသင်သောအကြီးကျောင်းနှင့် စာကြည့်တိုက်လည်း တရှီတွင်ရှိသည်။

ဟဲယွမ်သည် တရှီ၏အခြေခံဖြစ်သည်။ ထုတ်ကုန်များကို တရှီ၏အခြားနေရာများ သို့မဟုတ် အခြားတိုင်းပြည်များသို့ မဖြန့်ခင်တွင် ဟဲယွမ်တွင် စီစဉ်ကာ ထုတ်ကုန်ပိုင်ခြားရေးများကိုလည်း တည်ထောင်ထားသည်။

တစ်ချိန်တည်းတွင်ပင် မြင်းလှည်းလေးစီးအပြိုင်သွားနိုင်သေလမ်းကြီးနှစ်လမ်းတည်ရှိကာ

ရှင်းရှီနှင့် ရှီလော့ကိုတည်ထောင်သည်မှာ ခြောက်နှစ်ခန့်ရှိပြီဖြစ်သည်။ စွန့်ပစ်မြေများဖြစ်ခဲ့ကြကာ တဟွေ့တောင်ပိုင်းတွင် သီးခြားတည်ရှိပြီး မည်သူမျှစိတ်မဝင်စားကြပေ။ တရှီပိုင်နက်အဖြစ် အတူတကွပေါင်းလိုက်သည်ကို မသိကြပေ။ မြေကိုရရန် နှစ်နှစ်ကြကာ ဆောက်လုပ်ရန် လေးနှစ်မျှကြာသည်။ ယခုနှစ်တွင် ထိုမြို့နှစ်မြို့မှာ လူစိတ်ဝင်စားသောနေရာအသစ်များဖြစ်လာသည်။

ရှင်းရှီသည် ကုန်သည်များနှင့်မြို့ခံများရောနှေနေသော မြို့ငယ်လေးဖြစ်သည်။ မူလ ဖန်းလော့မြို့နှင့်ဆင်တူကာ တိုင်းပြည်၏လမ်းမကြီးသည် မြို့အား အနောက်မှ အရှေ့သို့ဖြတ်သွားကာ နိုင်ငံနှစ်နိုင်ငံကို ဆက်သွယ်ပေးထားသည်။ လမ်းဘေးတွင် တည်းခိုခန်းများ၊ စားသောက်ဆိုင်များ၊ ရေချိုးအိမ်များနှင့် ကုန်စုံဆိုင်များရှိကာ ဘေးချင်းကပ်ဆောက်လုပ်ထားကြသည်။ ထိုဆိုင်များနောက်တွင် လှပသောအစိမ်းရောင်ခြံများရှိပြီး ထိုနေရာတွင်မြုပ်နှံရန် စိတ်ဝင်စားသောစီးပွားရေးသမားများ သို့မဟုတ် အိမ်အသစ်များအတွက် ပြင်ဆင်ထားခြင်းဖြစ်သည်။

အခြေကျရန် စောင့်ဆိုင်းနေသောလူများမှာ ထိုနေရာသို့သွားနိုင်ကာ မြေနေရာအတွက် ယှဉ်ပြိုင်ရသည်။ လူများအတွက် သို့မဟုတ် အများသုံးနေရာများအတွက် ပို၍များသောအဆောက်အဦးများတည်ဆောက်ရန် ဖန်းလော့မြို့ရှိ ၎င်းတို့အိမ်များကို စွန့်ခွာကြမည်ဖြစ်သည်။

ရှီလော့သည် ပြိုင်စံရှားမြို့တစ်မြို့ဖြစ်သည်။ မြို့ထဲတွင် တရှီတောင်ခြေ၌ ကြီးမားသောလယ်ကွင်းများဘေး၌ နှစ်ထပ်ဥယျာဉ်ပုံစံခြံဝန်းများကို လူများက ဝယ်ယူနိုင်သည်။ နေထိုင်သည့်နေရာအလယ်ဗဟိုရှိ စီးပွားရေးလမ်းပေါ်ရှိ ဆိုင်ကြီးများကို ညီလာခံက ပိုင်ဆိုင်သည်။ ဥပမာအားဖြင့် ဆိုင်များကို တည်းခိုခန်းများနှင့်စားသောက်ဆိုင်များကို တစ်ခု၊ ကုန်စုံဆိုင်များသက်သက် ခွဲထားကာ ထုတ်ကုန်မျိုးစုံတို့ကို လွတ်လပ်စွာရွေးနိုင်သည်။

အခြားနေရာမှ ခရီးသွားအများအပြားသည် ထိုနေရာမှအမှတ်တရပစ္စည်းများကို ကြိုက်နှစ်သက်ကြကာ အခြားတိုင်းပြည်များတွင် ပြန်ရောင်းရန်ပင် အများအပြားဝယ်ယူနိုင်ပေသည်။ ဝါးထုတ်ကုန်များ၊ ပန်းပုများ၊ အဆီများနှင့်ပိုးထည်များသည် အထူးကောင်းမွန်းသောအရာများဖြစ်ကြောင်း လူတိုင်းသိပေသည်။ ဈေးသင့်ကာ အရည်အသွေးကောင်းပေ၏။

နိုင်ငံလမ်း၏တောင်ဘက် မိုင်ပေါင်းများစွာတွင် ကြီးမားသောပင်လယ်တစ်ခုရှိသည်။ ထို့ကြောင့် ကမ်းရိုးတန်းဒေသဖြစ်သော ရှီလော့အား စက်ရုံအလုပ်ရုံတန်းဖြစ်လာရန် စီစဉ်ထားသည်။ တရှီ၏မင်းကြီးသည် နောက်ငါးနှစ်အတွင်းတွင် သင်္ဘောများကို ပင်လယ်ထဲသို စွန့်စွားသွားလာစေရန် ပြင်ဆင်နေသည်။

နှစ်စဉ် နဂါးလှေပွဲတော်အတွင်းတွင် တရှီသည် လွန်စွာလူစည်းကားကာ ရှုပ်ယှတ်ခတ်နေတတ်သည်။ အလုပ်ရှုပ်သောကောက်ရိတ်ရာသီနှင့် သီးနှံအထွက်ကောင်းစေလိုသောအားလုံး၏မျှော်လင့်ချက်ကြောင့် ဖြစ်နိုင်သည်။

မိသားစုတိုင်းက နဂါးလှေပွဲတော်ကို အာရုံစိုက်နေကြသည်။

နန်းမြို့တော်ရှိ ရင်ပြင်တွင် သုံးရက်တိုင်တိုင် ပြဇာတ်ကရန် စီစဉ်ထားသည်။ ဇုန့်စစ်စားခြင်း၊ ကြက်ဥပေါက်ခြင်း၊ နဂါးလှေပြိုင်ပွဲနှင့် လူစိတ်ဝင်စားမှုများသောပြိုင်ပွဲများကို ကျင်းပကာ ပျော်ရွှင်စွာ ဆင်နွှဲကြရမည်ဖြစ်သည်။

ဟဲယွမ်ရှိ ဖန်းဟွာသီးသန့်စံအိမ်တွင်ဖြစ်သည်။

မီးဖိုချောင်ထဲတွင် လူရှုပ်နေသည်။ လူအများက ဇုန့်စစ်ထုပ်နေကြကာ နေရာတိုင်း၌ ပျံ့နှံ့နေသောကောလဟလကိုပြောဆိုနေကြသည်။

"စားဖိုမှူးဖန်း သခင်လေးလာတာတွေ့မိလား"

ရှင်းကျီက ဆူညံကာရှုပ်ယှက်ခတ်နေသောလူအုပ်ကြားမှဖြတ်လျှောက်လာပြီး စိုးရိမ်တကြီးမေးလိုက်သည်။

"သခင်လေးလား။ သူ့ကို မမြင်မိပါဘူး။ ဒီနေ့ ဇုန့်စစ်ထုပ်ပြီးပေါင်းဖို့ ဒီမှာပဲတစ်နေကုန်ရှိနေတာ။ ငါက ခုထိမီးဖိုချောင်ထဲကမထွက်ရသေးဘူး"

စားဖိုးမှူးက ဇု့န်စစ်များကို အိုးထဲတွင်ထားကာ ပြန်ဖြေလိုက်သည်။

"မကောင်းတော့ဘူး။ သခင်လေးဘယ်သွားလဲဆိုတာ ဘယ်သူမှမသိကြဘူး။ သခင်မက သူ့ကို လိုက်ရှာနေတာ"

“ခွေ့ယွီကျိုက်မှာများရှိလောက်မလား”

စာဖိုမှူးဖန်းက မှန်းဆကာ ပြောလိုက်သည်။

"ခွေ့ယွီကျိုက်က စားဖိုမှူးကို သူ့ဆရာအဖြစ်ခေါ်လာမယ်လို့ ပြောခဲ့တယ်မလား"

"အိုက်ယား ဖြစ်နိုင်တယ်။ ကျေးဇူးတင်ပါတယ် စားဖိုမှူးဖန်း"

ထိုအဖြေကိုကြားကာ ရှင်းကျီတစ်ယောက် ဂါဝန်ကိုမပြီး လင်းမိသားစုဆီသို့ အပြေးထွက်သွားသည်။ သခင်လေးသည် စားဖိုမှူးတစ်ယောက်အား သူ၏ဆရာအဖြစ်လက်ခံလျှင် သခင်ကြီး ဒေါသထွက်မိပေလိမ့်မည်။

သူ့ကိုဦးစွာရှာကာ နောက်မှတွေးတောရပေတော့မည်။

"ရှင်းကျီ အစ်မ ဘာလို့အလျင်လိုနေတာလဲ။ ရှင်းလန်က ဒီမှာပါ။ သူက ကျွန်မတို့ကိုစကားပြောချင်လို့တဲ့လေ။ သူ့ကိုမတွေ့ရတာ နှစ်ဝက်လောက်တောင်ရှိပြီ။ သူ့ကိုပြောစရာတွေအများကြီးရှိသေးတယ်"

ချိုက်လန်က စိတ်လှုပ်ရှားစွာဖြင့် ကြာကန်ဆီသို့လျှောက်လာ၏။ သူမက ရှင်းကျီကိုမြင်သောအခါတွင် ဆွဲထားလိုက်သည်။

"မင်းအရင်သွားနှင့်ပါ။ ငါက သခင်လေးကို ရှာရဦးမယ်"

ရှင်းကျီက ပြန်ဖြေလိုက်သည်။

  "သခင်လေးလား။ သူက ခွေ့ယွီကျိုက်ကိုသွားတယ်မဟုတ်လား။ မနက်စောစောက ဖန်းလော့မြို့ကိုသွားတဲ့လှည်းပေါ်မှာ တွေ့ခဲ့တယ်"

ချိုက်လန်သည် အတော်လေးစပ်စုတတ်၏။

"သူတကယ်ကြီးသွားတာလား"

ရှင်းကျီက အကူအညီမဲ့စွာဖြင့် သူမနဖူးကိုသူမ ကိုင်လိုက်မိသည်။ သခင်ကြီးနှင့် သခင်မအား မည်သို့တင်ပြရမည်နည်း။

"သေချာတယ်။ သခင်မက သူ့ကိုခွင့်ပြုထားတာပဲ။ အစ်မ ရှင်းကျီ အဆင်ပြေရဲ့လား"

"သခင်မက သူ့ကိုခွင့်ပြုထားတယ်"

သခင်မသည် သူမကို ယခုရှာနေခြင်းဖြစ်သည်။ သခင်လေးကလိမ်ကာ မိခင်ဖြစ်သူကို အကာအကွယ်အဖြစ် အသုံးချတတ်သောကြောင့်ဖြစ်သည်။

"အင်း။ သခင်လေးက ကျွန်မကိုပြောသွားတာ"

ချိုက်လန်က ခေါင်းညိတ်ပြလိုက်သည်။

အမှန်ပင်ဖြစ်သည်။

"ငါသိသားပဲ။ သူက ဘယ်သူမှသတိမထားမိခင် ဒီအခွင့်အရေးကိုရှာနေတာ ကြာပြီ။ သူထွက်မပြေးတာကို ထူးဆန်းနေတာ"

စုရွှေလျန်က သူမနဖူးကို သူမကိုင်ကာ တွ့န်ဆုတ်စွာ ခေါင်းခါနေမိသည်။

"လုံခြုံရေးအတွက်ပဲ စိတ်ပူမိတာပါ"

"သခင်မ စိတ်ပူစရာမလိုပါဘူး။ သခင်လေးရဲ့သိုင်းပညာက သူ့အစ်ကို သူ့အစ်မနဲ့ မယှဉ်နိုင်ပေမဲ့လို့ သာမန်လူလောက်တော့ သူ့ကို ထိခိုက်အောင် မလုပ်နိုင်ပါဘူး"

ရှင်းကျီက သခင်မအား နှစ်သိမ့်ပေးနေသော်လည်း ချဲ့ကားပြောနေခြင်းမဟုတ်ပေ။ ၎င်းတို့၏ဖခင်အပြင် လင်းမိသားစု၏ကလေးသုံးယောက်ကို ဦးလေးများမှလည်း သင်ကြားပေးထားသည်။ သခင်လေးအသက်ရှစ်နှစ်တွင် တောင်များသို့သွားကာ အမဲလိုက်တတ်ပြီး ဘေးဥပုဒ်မဖြစ်ဘဲ ဖြစ်လာနိုင်ပေသည်။

"အဲ့လိုဆိုရင်တောင်မှ သူက အသက်(၁၁)နှစ်ပဲရှိသေးတာ..."

"သူက ကလေးမှမဟုတ်တော့တာ။ သူ့ကို လက်တွေ့ဗဟုသုတရသွားစေတာက ပိုကောင်းပါတယ်"

လင်းစစ်ယောင်က အခန်းထဲသို့ဝင်လာသည်။ ဇနီးသည်သည် ကလေးများကိုစိတ်ပူကာ လူများကိုခေါင်းကိုက်စေတတ်ကြောင်း သူသိပေသည်။

လင်းရှီအား မည်သူည့်အရာကိုဂရုစိုက်သည်ကိုလည်း ၎င်းတို့မသိသေးပေ။ သူ၏ကျွာကျုံးပွဲတွင် အားလုံးကိုသိမ်းကျုံးယူခဲ့သည်။ ယခုတွင် သူကြီးလာသောအခါ၌ အရာအားလုံးကို သင်ယူခဲ့သည်။ အားလုံးကိုလိုချင်နေသည်။ အသက်ကိုးနှစ်တွင် အစ်မကြီးသည် ဖုန်းယောင်တရားရုံး၏သခင်အဖြစ်ဆက်ခံရန် ကြိုးစားနေသည်ကို သိလိုက်ရသည်။

သူသည် တစ်နှစ်တိတိ စစ်ထိုနောက်သို့လိုက်ကာ သူသိသမျှကိုသင်ယူလိုခဲ့သည်။ ထို့နောက်တွင် တဖြည်းဖြည်းဖြင့် ကျင့်ကြံခြင်းတွင်စိတ်ဝင်စားမှုအားနည်းလာပြန်သည်။ ထို့နောက် အစ်ကိုကြီးကို တရှီတွင် နာမည်အကြီးဆုံးစားသောက်ဆိုင်ဖြစ်သော ခွေ့ယွီကျိုက်အဆောက်အဦးတွင်တွေ့သောအခါ၌ စားဖိုမှူးဖန်းနှင့်အတူ အချက်အပြုတ်သင်ယူချင်ပေသည်။ သို့သော် လင်းရှီအား စိတ်မကျေနပ်စေပေ။ သူ၏အစ်ကိုနှင့် ဝူကျီကျိုက်စားသောက်ဆိုင်၏သားဖြစ်သူနှင့်အတူ လျှောက်သွား၏။ သူငယ်ချင်းနှစ်ယောက်က အကြံဉာဏ်ဖလှယ်နေသည်ကို တွေ့သောအခါ၌ ၎င်းအားညွှန်ကြားပြသရန် စားဖိုမှူးတစ်ယောက်ကိုလိုချင်ပြန်သည်။ သူတစ်ခါလေ့လာလျှင် အစ်ကိုဖြစ်သူ၏အဖွဲ့ဖြင့် ပူးပေါင်းနိုင်ပြီဖြစ်သည်။

အမှန်တွင် လင်းရှီ၌ ဆရာရှိရန် မလိုအပ်ပေ။ သူသည် အသက်သုံးနှစ်ကတည်းကပင် ဝိုင်ကိုကောင်းကောင်းလုပ်နိုင်သည်။ အသက်ငါးနှစ်တွင် အရံဟင်းပွဲများစွာလုပ်နိုင်ကာ စားဖိုမှူးဖန်းက သူမ၏ဟင်းပွဲများကို သင်ပေးခဲ့သည်။ သူကိုယ်တိုင်မသိသော်လည်း သူ့အစားအသောက်ကိုမြည်းစမ်းဖူးသောမည်သူမဆို လင်းရှီသည် လင်းရှောင်၏ပြိုင်ဘက်ဖြစ်လာနိုင်သည်ဟု ပြောဆိုကြသည်။

ကောင်လေးသည် စံပြအဖြစ်မနေချင်သည်မှာ ဆိုးလှ၏။ သူသည် မကြာမီပင် အာရုံစိုက်မှုပျောက်ဆုံးသွားပြန်ကာ မကြာမီရက်ပိုင်းအတွင်းတွင် အခြားနယ်ပယ်ဆီသို့ ရောက်သွားပြန်သည်။

"မင်းအစ်ကိုက မင်းကို မလေ့ကျင့်ပေးချင်ဘူး"

လင်းစစ်ယောင်က ရေနွေးကြမ်းတစ်ကျိုက်သောက်ကာ ပြောလိုက်သည်။

"ဘာကိုလဲ။ ဒါပေမဲ့ ရှုယီက အသက်ခုနှစ်နှစ်ကတည်းက အဆင်သင့်ဖြစ်နေပြီမလား"

စုရွှေလျန်သည် အံ့ဩလွန်း၍ စကားပင်မပြောနိုင်ပေ။ ယန်ကျင်းကျီသည် သားတစ်ယောက်နှင့်သမီးတစ်ယောက်မွေးထားသည်။ သားဖြစ်သူ ရှုယီသည် ယခုတွင် အသက်ခုနှစ်နှစ်ဖြစ်ကာ နောက်ပိုင်းတွင် ထီးနန်းလွှဲခြင်းကို အကျိုးသက်ရောက်မှုမရှိပေ။ လျန်အန်းဇိုင်သည် အဘယ့်ကြောင့် ရှီအာကို လေ့ကျင့်ပေးရန် အလျင်လိုနေရပါသနည်း။ ရှီအာသည် သူမမွေးထားသောသားဖြစ်ကာ နောက်ဆုံးနာမည်မှာ လျန်မဟုတ်ပေ။

"ရှုယီကျန်းမာရေးက ကောင်းတာမဟုတ်ဘူး။ အဲ့တာအပြင် သူက စိတ်ဝင်စားကြောင်းကိုမပြဘူး"

သူမကိုကြည့်ကာ လင်းစစ်ယောင်က သဘောကျမိပေသည်။ သာမန်မိသားစု၏ဇနီးများသည် ၎င်းတို့၏သားများကို ဘုရင်ကရွေးချယ်ကာလေ့ကျင့်ပေးလျှင် ပျံတတ်သွားသည်အထိ ပျော်ရွှင်ကြပေမည်။ သို့သော် သူ၏ဇနီးမှာမူမတူပေ။

"အမှန်ပဲ။ ရှုယီကဆေးပညာသင်ရတာပဲကြိုက်တာ။ ဒါပေမဲ့ အဲ့နှစ်ယောက်က ဆန့်ကျင်ဘက်မပြောဘူး။ ရှီအာ ဒါကိုစိတ်ဝင်စားမယ်လို့ ဘယ်လိုလုပ်ပြောနိုင်တာလဲ"

စုရွှေလျန်သည် လင်းစစ်ယောင်ပြောသည်ကိုကြည့်ကာ မယုံကြည်နိုင်ဖြစ်နေသည်။ သူမခေါင်းထဲတွင် ညည်းတွားနေမိသည်။ အားယောင်သည် ပြုံးလိုက်လျှင် ခန့်ညားနေဆဲဖြစ်သည်။ သူသည် ပုံမှန်အတိုင်း သူမကို ဆွဲဆောင်နေဆဲဖြစ်သည်။

“ရွှေလျန်…”

သူကမတ်တပ်ရပ်လိုက်ကာ သူမ၏စိတ်လွတ်နေသောခန္ဓာကိုယ်လေးကို သူနှင့်စားပွဲကြားတွင်ပိတ်ထားလိုက်သည်။ ရှေ့သို့ကိုင်းညွှတ်လိုက်ကာ အနမ်းတစ်ပွင့်ခိုးယူလိုက်သည်။

“အား...”

သူမကိုယ်သူမ ဆွဲလိုက်ပြီး သူ့အား ရှက်သောအကြည့်မျိုးဖြင့် ကျီစားလိုက်သည်။

"ဒါက...ဘာလဲ"

"မင်းကို ဒီကမ္ဘာကြီးအနှံ့ခရီးထွက်ဖို့ခေါ်သွားမယ်လို့ ကိုယ်ကတိပေးထားခဲ့တယ်"

သူမနားနားတွင် တီးတိုးပြောလိုက်ကာ နားသီးများကိုယက်လိုက်ပြီး သူမအား တုန်ယင်သွားစေသည်။

"ရုတ်တရက်ကြီး ဘာလို့ပြန်ပြောနေရတာလဲ"

သူ၏ရင်ခွင်ထဲသို့တိုးဝင်လိုက်ပြီး အသံက ခပ်တိုးတိုးတုန်ရီနေသည်။ ထိုနှစ်များတွင် ၎င်းတို့သည် ဆိုင်များ၊ လယ်ယာများနှင့်တာဝန်များဖြင့် အလုပ်ရှုပ်နေကြသည်။ အနားယူရန်ပင်အချိန်မရှိလောက်အောင် အလုပ်ရှုပ်နေခဲ့ခြင်းဖြစ်သည်။ အနားယူရန်အခွင့်အရေးမှာ ရှားပါးလှပေသည်။ လနှစ်သစ်ကူး၊ နဂါးလှေပွဲတော်နှင့် နွေဦးပွဲတော်နေ့များတွင်သာ နားရသည်။ ထိုနေ့များအပြင် အခြားအချိန်တွင်မနားရပေ။

"မင်းကို တဟွေ့နေရာအနှံ့ခေါ်သွားပြီး အခြားတိုင်ပြည်တွေကိုလည်းရောက်ဖူးစေချင်တာ"

လင်းစစ်ယောင်က သူမ၏နားထင်ပေါ်တွင် အနမ်းခြွေလိုက်သည်။ ဝမ်းဗိုက်အောက်ပိုင်းရှိစိတ်ဆန္ဒသည် ပို၍ကြီးထွားလာသည်။ ဆုံးဖြတ်ချက်ခိုင်မာစွာဖြင့် သူမကို အိပ်ရာဆီသို့ သယ်ဆောင်သွားတော့သည်။

“အားယောင်…”

စုရွှေလျန် က သူလုပ်ချင်သည့်အရာကို ခန့်မှန်းနိုင်ပေသည်။ သူမမျက်နှာနီမြန်းသွားပြီး မွန်းလွဲအချိန်သာရှိသေးကြောင်း ပြောလိုက်သည်။

"ကိုယ်မလုပ်ရတာ အတော်ကြာပြီ။ မင်းက ကိုယ့်ကို မလိုချင်ဘူးလား"

သူမကိုကြည့်ကာ လမ်းလျှောက်နေသည်ကို မရပ်ပေ။

သူသည်ပို၍ပို၍ ရဲလာသည်။ ထိုသို့ကိစ္စများကို နေ့အလင်းရောင်တွင်ပင် ဆွေးနွေးရဲသည်။

စုရွှေလျန်က သူ၏ရင်ဘတ်ထဲတွင် ခေါင်းမှီလိုက်သည်။ သူ့ကိုလွမ်းနေကာ လိုချင်နေကြောင်း ဝန်ခံမိသည်။ ထိုရက်ပိုင်းတွင် သူသည်လည်း ရှီလော့ရှိဆိုင်များနှင့် အလုပ်ရှုပ်နေသောကြောင့် ခြေထောက်နှင့်မြေကြီးပင် မထိနိုင်ပေ။ မအိပ်ခင်တွင် စကားပြောရန်ပင် အချိန်မရှိပေ။ အိပ်ရာထဲရောက်သည်နှင့် ချက်ချင်းအိပ်မောကျသွားတတ်၏။

သူ့ကိုလည်း အပြစ်မဆိုနိုင်ပေ။

"ရှင့်ဆိုင်က လုပ်ပြီးပြီလား"

သူမကခေါင်းမော့ကာ မေးလိုက်သည်။

"အင်း။ ကိစ္စကြီးကြီးမားမားမဟုတ်ပါဘူး"

တရှီသို့ မှီခိုရန်လာသော ရာဇဝတ်သားရှိကာ ၎င်းတို့က ဒေသခံလူမိုက်များနှင့်ပူးပေါင်းကာ အကာအကွယ်ကြေးလိုချင်နေကြသည်။ သူက ၎င်းတို့လက်ကောက်ဝတ်များကိုချိုးပေးလိုက်ကာ တစ်ယောက်ချင်းစီကို ဆိုင်ထဲမှ ကန်ထုတ်ခဲ့သည်။ သို့သော် ထိုသို့ပြင်းထန်းကာ အကျိုးသက်ရောက်မှုရှိသောနည်းလမ်းများကိုမူ မပြောပြပေ။

"အကုန်လုံးအဆင်ပြေတာကောင်းတာပေါ့။ လယ်တွေကရော ဘယ်လိုလဲ။ ကောက်ရိတ်သိမ်းရတော့မှာ။ လယ်သမားတွေ အဆင်ပြေရဲ့လား"

လယ်များမှာ ၎င်းတို့၏အဖိုးတန်ဖြစ်ကာ ထိုနေရာတွင်အလုပ်လုပ်ကြသောလယ်သများများသည် အခြားတိုင်းပြည်မှဆင်းရဲသောရာဇဝတ်သာများဖြစ်ကြသည်။ ၎င်းတို့သည် ဟဲယွမ်တွင် အကူအညီရသောကြောင့် လယ်ယာများဖွင့်ကာ ထိုသူများအတွက် အလုပ်အကိုင်ဖန်တီးပေးရန် အကြံရခဲ့သည်။ ထိုသို့ဆိုလျှင် တရှီတိုင်းသူပြည်သားများကို အန္တရာယ်ပေးခြင်းမှ ထိန်းထားနိုင်ပေသည်။

၎င်းတို့၏အသက်ရှုသံသည် ပို၍ကျယ်လာသော်လည်း အရေးမကြီးသောမေးခွန်းများမေးခြင်းဖြင့် သူမသည် သူ့အား လက်လျော့အောင်လုပ်၍မရပေ။

"မိန်းမ အာရုံစိုက်ထား..."

သူသည် ထို့ထက်ပို၍ ခံနိုင်ရည်မရှိတော့ပေ။ ခန္ဓာကိုယ်သည် တောင့်တားလာကာ သူမ၏တင်းကြပ်မှုကို တည်ငြိမ်စေပြီး နောက်ဆုံးတွင် သူမ၏အဆက်မပြတ်စစ်မေးနေခြင်းအား ရပ်တန့်လိုက်သည်။ သူမပါးစပ်မှစကားလုံးများသည် ကလူမြူသောညဉ်းညူသံအဖြစ်ပြောင်းလဲသွားကာ သူ၏ကြံခိုင်ဖြတ်လတ်သောထိုးဖောက်ဝင်ရောက်ခြင်းကို ခံလိုက်ရပေသည်။

နွေဦးသည် ၎င်းတို့၏အခန်းထဲတွင် အရောင်စုံနေပေတော့သည်။

***

All Chapters