← Chapters

မောင်နှမ

Vol. 21 Ch. 315

မောင်နှမ

Vol. 21 Ch. 315

နောက်တစ်နေ့၌ ခီရာ မနက်စောစော ထခဲ့သည်။ ယမန်ညက နန်းတော်သို့ သူမပြန်ခဲ့ပေ။ 

ရှုပ်ထွေးသော အတွေးများရှိသည့် လူတချို့ကဲ့သို့ မဟုတ်ဘဲ ခီရာသည် ငြိမ်ဝပ်ပိပြားရေးအရာရှိ နေအိမ်တွင် နေရစ်ပြီး အသီနာနှင့် တစ်ညလုံး စကားပြောခဲ့သည်။

ခီရာ၏အတွေ့အကြုံနှင့် ဖရီယာ၏သတင်းကို သိပြီးသည့်အခါ အသီနာသည် အလွန် စာနာသနားမိသွားသည်။ ခီရာကလည်း ချန်လွေ့ရင်ထဲရှိ အသီနာ၏ နေရာကို ကောင်းကောင်း သိသည်။ သူသည် ချက်ချင်းပင် ပုံမှန်ဝတ်ထားလေ့ရှိသော မျက်နှာဖုံးကိုဖယ်ရှားပြီး ယခင်အကြောင်းများအားလုံးကို အသီနာအား ပြောပြလိုက်သည်။ စိတ်ခံစားရစေသော အပိုင်းများအကြောင်း ပြောသည့်အခါ အသီနာလည်း သူနှင့်အတူ မျက်ရည်များ ဝဲနေခဲ့သည်။သူတို့နှစ်ယောက် သူစိမ်းများ မဟုတ်ကြသော်လည်း အချင်းချင်း ဖွင့်ဟလိုက်သည့်အခါ ပြောစရာများ အဆုံးမရှိ ဖြစ်နေ၏။

အများဆုံးကိစ္စမှာတော့ ဉာဏ်များသော လူလိမ် အကြောင်းပင် ဖြစ်လေသည်။

ခီရာသည် အားလုံးအတွက် မနက်စာ ကျွမ်းကျွမ်းကျင်ကျင် ပြင်ဆင်နေရင်း အလုပ်များနေခဲ့သည်။

ယခုတွင် ရိုမန်သည် ချန်လွေ့အား မနာလိုမဖြစ်ဘဲ အားကျသွားမိသည်။ ဆာ-ခေါင်းဆောင်က တကယ့်ကို မယုံနိုင်စရာပဲ။ သူက သားရဲတစ်ကောင်ပဲ။ 

သူက နေရာတိုင်းမှာ စွမ်းဆောင်ရည်ရှိတဲ့ မိန်းမလှ တစ်ယောက်ကို အချိန်တိုအတွင်း လှည့်ဖျားခဲ့တယ်။ ပိုပြီးအထင်ကြီးစရာကောင်းတာကတော့ အသီနာက မနာလိုမဖြစ်ဘဲ ကောင်မလေးအသစ်နဲ့ အဆင်ပြေနေတယ်။ ငါ့ရဲ့ ဒေလီယာကတော့ အချက်အပြုတ်စွမ်းရည်အပြင် သူရဲ့ အစွမ်းထက် မနာလိုခြင်းအငွေ့အသက်က ငါ့ရဲ့ အီစီကလီအတွေးတွေအားလုံးကို အဆုံးသတ်နိုင်တယ်။ 

အမှန်တကယ်၌ ရိုမန်သည် အဲလစ်နှင့်အတူ ခီရာအား ယခင်တစ်ခေါက်က တွေ့ခဲ့ဖူးသည်။ သို့သော် ဤအိမ်သို့ ချန်လွေ့ ခေါ်လာသူများမှာ စစ်မှန်သော အတွင်းလူများသာ ဖြစ်ကြသည်။

ခီရာသည် သန္ဓေပြောင်း သွေးမျိုးဆက်ရှိသော ကဝေမတစ်ယောက် ဖြစ်သည်။ မှော်-ဆန့်ကျင် လက်စွပ်ကို ချွတ်ပြီးနောက် သူ၏စွမ်းအား အကဲဖြတ်မှုသည် နတ်ဆိုးဘုရင်အဆင့် ဖြစ်သွားသည်။ သူသည် မီးနှင့်လေ မှော်ပညာ နှစ်မျိုးလုံးကို ကျွမ်းကျင်ကာ စိတ်ဝိညာဉ် စွမ်းအား ပါရမီတစ်မျိုးလည်း ရှိသည်။ ဒဏ္ဍာရီအဆင့် အဆင်တန်ဆာ “တဒင်္ဂအလှတရား”သည် အမှန်တကယ်ပင် ပိုင်ရှင်အစစ်အမှန် ရှာတွေ့သွားခြင်း ဖြစ်သည်။ ဒါကြောင့် ရှီရာကို သူ့ရဲ့စွမ်းအားကို မှော်-ဆန့်ကျင် လက်စွပ်နဲ့ ထိန်းချုပ်ထားချင်တာကိုး။ 

ချန်လွေ့သည် မိမိ၏ ‌မိန်းကလေးဖြစ်သော ခီရာအတွက် ကပ်စေးနဲမည် မဟုတ်ပေ။ သူသည် ခီရာအား စွမ်းအားတိုးစေရန်အတွက် နတ်ဆိုးသစ်သီးနှင့် ဆေးရည်မည်းများအားလုံး ပေးခဲ့သည်။ အချိန်တိုအတွင်း မဟာနတ်‌ဆိုးဘုရင်အဆင့် ရောက်ရန် မဖြစ်နိုင်သော်လည်း နတ်ဆိုးဘုရင်အဆင့် ထိပ်သီးပိုင်းသည် ပြဿနာ မဟုတ်‌ပေ။ 

ဆရာသခင် အာသာ ဖြစ်နေစဉ်က ချန်လွေ့သည် ခီရာနှင့် “ရင်းနှီးသော” ဆက်ဆံမှုရှိပြီး ဖရီယာကို ခေါ်ထုတိသွားရန် ကြံစည်ခြင်းကြောင့် အဇ်ဂါလောသည် ခီရာကို သံသယဖြစ်နိုင်ချေများသည်။ အကယ်၍ ခီရာ “ပျောက်ဆုံး”သွားလျှင် ဖွင့်ပြောလိုက်ခြင်းကဲ့သို့ ဖြစ်သွားပေမည်။လက်ရှိတွင် ချန်လွေ့တွင် နတ်ဆိုးအရှင်သခင်အဆင့်ကို ယှဉ်နိုင်မည့်သူ မရှိသည့်အတွက် ခီရာသည် မူရင်း “အလုပ်”ကို လုပ်နေရသေးသည်။ ထိုအင်အားစုက သူ့ကိုဆက်သွယ်လျှင် သူက ဖရီယာ မည်သည်ဖြစ်ခဲ့ကြောင်းကို မသိချင်ဟန်ဆောင်၍ ရနိုင်ပေသည်။ လိုအပ်လျှင် ဆာဘရီနာက [ ဝိညာဉ်လက်ထိပ် ] ကို ပယ်ဖျက်လိုက်မလိုက်ကို မေးမြန်း၍ရသည်။ ချန်လွေ့သည် ခီရာအား အန္တရာယ်ထဲ လွှတ်တော့မည် မဟုတ်ပေ။ ထို့ကြောင့် အန္တရာယ်ကျရောက်လျှင် တစ်ခါတည်း လွတ်မြောက်နိုင်ရန်အတွက် အသက်ကယ်ပစ္စည်း အများအပြားပေးအပ်ခဲ့သည်။

လက်ရှိတွင် အရိပ်နက်အင်ပါယာသည် ထိုအင်အားစုကို “ လိုက်ဖမ်းနေ ” ရပေမည်။ ဒဏ်ရာ အပြင်းအထန်ရသွားသော အဇ်ဂါလောသည်လည်း ခီရာကဲ့သို့ “ သေးနုံသောသူ ” ကို ဂရုစိုက်ရန် အချိန်ရှိလောက်မည် မဟုတ်ပေ။

မနက်စာပြင်ဆင်ပြီးနောက် ခီရာက ချန်လွေ့ကို စနောက်သလို ငေးကြည့်လိုက်ပြီး မင်းသမီး လက်လီစတိုးဆိုင်သို့ သွားခဲ့သည်။ ယမန်ညက အသီနာသည် အဲလစ် စိတ်မပူစေရန်အတွက် စာတစ်စောင်ပို့ပြီး ခီရာကို နေခိုင်းခဲ့ကြောင်း ပြောခဲ့သည်။ အသားပန်ကိတ်နဲ့ တန်သင်္ဘောသီး မယူလာခဲ့ပေမဲ့ ထောပတ်ကိတ် မွှေးမွှေးလေးက လိုလီလေးကို ပြုံးစေနိုင်မယ်လို့ ငါထင်တယ်။ 

လိုလီလေး၏ ထက်မြက်မှုဖြင့် ကိတ်မုန့်ကိုတွေ့လျှင် ချန်လွေ့ ပြန်လာပြီဖြစ်ကြောင်း သိမည်မှာ သေချာသည်။ သို့သော်လည်း ချန်လွေ့သည် အဲလစ်ကို မတွေ့ရသည်မှာ အတော်ကြာပြီဖြစ်သည်။ အမှောင်လကိစ္စများ ပြီးနောက်တွင် သူသည် လိပ်ပြာနီနယ်မြေနှင့် မိုလင်မြို့သို့ ချက်ချင်းသွားရန် လိုအပ်သည်။ ယခုတစ်ခေါက်သည် ပို၍ အချိန်ကြာပေမည်။ အခြေအနေကောင်းလျှင်ပင် သုံးလေးလ ကြာမည် ဖြစ်သည်။ မသွားခင် ငါသူ့ကို တွေ့သွားသင့်တယ်။ 

တစ်ခါတစ်ရံတွင် အမျိုးသမီးများသည် မျှဝေခံစားတတ်သူများ ဖြစ်ကြသည်။ အသီနာက ခီရာကို လက်ခံနိုင်သည်ဟု ပြောခဲ့သော်လည်း ထိုစကား၏ အလေးချိန်သည် ရှီရာတို့ညီအစ်မတို့အတွက် ကတိပေးခဲ့ခြင်းထက် နိမ့်ကျသည်။ သူတို့သည် ခီရာကို သတိထားနေဆဲပင် ဖြစ်သည်။ သို့သော်လည်း ယမန်ညက စကားအကြာကြီး ပြောပြီးနောက် အမေ မရှိတော့သော အသီနာသည် ခီရာအား မိသားစုဝင်အဖြစ် သတ်မှတ်ခဲ့သည်။ ဒေလီယာ၏ မိဘများသည်လည်း ထိုနှစ်က မတော်တဆမှု တစ်ခုကြောင့် ဆုံးပါးသွားခဲ့သည်။ ထို့ကြောင့် တူညီသော ပူဆွေးဝမ်းနည်းမှုကို ကြုံတွေ့ခဲ့ရသော အမျိုးသမီးသုံးယောက်သည် အရာအားလုံးကို ပြောနိုင်သည့် အရင်းနှီးဆုံး မိတ်ဆွေများ ဖြစ်သွားကြတော့သည်။

သို့သော် နတ်ဆိုးဘယ်မျက်လုံးကို ကိုးကွယ်သူ တစ်ယောက်က စာနာမှုနှင့် ကူညီရန် ထိုက်တန်သော အမျိုးသမီးအချို့ကို လက်ခံရန်အတွက် အချစ်နှင့်တရားမျှတမှုအား အသုံးချရန် တင်ပြခဲ့သည့်အခါ နတ်ဆိုးဘယ်မျက်လုံးကို ပြင်းပြင်းထန်ထန် အထိုးခံလိုက်ရသည်။သူသည် မဟာညာမျက်လုံးကို ပြန်ပြောင်း ကိုးကွယ် လိုက်ရသည်။ ပုံမှန်အားဖြင့် ချန်လွေ့သည် တူဖြစ်သူအား ခြေထောက်ကိုဖက်ကို သခင်လေးဟု ခေါ်သည်အထိ အခြေအနေဆိုးဝါးအောင် ပြုလုပ်မည်မှာ သေချာသော်လည်း ယခုတွင် သူ မအားပေ။ အကြောင်းမှာ ရှီလန်တောင်မှ တင် လွှတ်လိုက်သော ကာကွယ်ရေးတပ်ဖွဲ့များက အမှောင်လမြို့သို့ လူများ ပို့ဆောင်ပြီးသွား၍ ဖြစ်သည်။

‌တွန့် နှင့် တွန်မီတို့ ညီအစ်ကိုမှာ အဆင်ပြေသေးသည်။ အဓိက အာရုံစိုက်ရမည်မှာ အမှောင် နတ်သူငယ် အမျိုးသမီး လီဆာ ဖြစ်ပြီး အကြောင်းမှာ သူသည် အဲဒက်စ်၏ ပျောက်ဆုံးနေသော ညီမ ဖြစ်နိုင်သောကြောင့်ပင် ဖြစ်သည်။

ချန်လွေ့သည် အက်ဂ်ယောမျက်နှာသို့ ပြောင်းပြီး ယခုတွင် ဝတ်ရုံဂိုဏ်းခွဲဖြစ်သွား‌သော ယခင် မယ်လွန်မိသားစု၏ အိမ်ဟောင်း၌ နေရာချ ပေးခဲ့သည်။ မကြာမီ သတင်းကြားပြီးနောက် အဲဒက်စ် အလောတကြီး ရောက်လာတော့သည်။

အမှောင်နတ်သူငယ် ဆရာသခင်သည် ဆေးရည်မည်းကိ လေ့လာရန်အတွက် လျို့ဝှက်မြေအောက်စခန်း၌ နေနေခဲ့သည်။ စလီသည် နေ့ထိုင်း စားစရာသုံးနပ် ပို့ဆောင်ခဲ့သော်လည်း သူလုံးဝ ထွက်မလာလုနီးပါးပင် ဖြစ်သည်။ မြို့တော်၏ ပါရမီရှင် ဆေးရည်ပညာရှင်ကို သတ်ခဲ့သည့် နာမည်ကြီးလုပ်ရပ်ကြောင့်သာ မဟုတ်လျှင် အမှောင်လမြို့သူ/သားများသည် နယ်မြေရှိ ထိပ်တန်း ဆေးရည်ပညာရှင်ကို မကြာခင် မေ့လျော့သွားနိုင်ပေသည်။

အမှောင်နတ်သူငယ် ဆရာသခင်၏ စမ်းသပ်ခန်းထဲတွင်ရှိသောအရာကို ဆေးရည်ဆရာသခင် တစ်ယောက်ယောက် သိသွားခဲ့လျှင် သေချာပေါက် မနာလို ဖြစ်ပေလိမ့်မည်။ အခြားသူများက မဟာဆရာသခင်အဆင့် ဆေးရည်မည်း ထုတ်လုပ်ရန် နည်းလမ်းပေါင်းစုံဖြင့် ပြုလုပ်နေကြသော်လည်း အဲဒက်စ်သည် အဆင်သင့် ဆေးရည်မည်းမှ နားလည်သဘောပေါက်မှုအချို့ ရရှိရန်အတွက် အကောင်းဆုံး ကြိုးစားနေရသည်။

ဆေးရည်မည်း အပြည့်အစုံကို ကိုးကား၍ရပြီး အာရုံစိုက် လေ့‌လာနေသည့်အတွက် အဲဒက်စ်၏ သုတေသနသည် တိုးတက်မှု အများအပြား ရှိလာခဲ့သည်။ ဆေးရည်မည်း ထုတ်လုပ်ရန် မဖြစ်နိုင် သေးသော်လည်း သူသည် ထိပ်တန်း ဆေးရည် ဆရာသခင်တစ်ယောက်အဖြစ်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။ သူသည် အမြင့်ဆုံးအဆင့်ရောက်ရန် ခြေတစ်လှမ်း လိုနေသေးသည်။ မည်သည့်အချိန် အဆင့်တက်မည်ဖြစ်ကြောင်း သူမသိသော်လည်း ထိုခြေလှမ်းသည် နတ်ဆိုးဘုံရှိ ‌ဆေးရည်ဆရာသခင်များအားလုံးထက် ပိုမိုနီးစပ်မည်ဖြစ်သည်ကို သူသေချာ သိနေသည်။

သာမန်ကိစ္စသာဆိုလျှင် နားလည်သဘောပေါက်မှုနှင့် သုတေသနကြားရှိ အရေးအကြီးဆုံး ဆုံမှတ်တွင်ရှိနေသော အဲဒက်စ်သည် ၎င်းကို လျစ်လျူရှု လိုက်မည် ဖြစ်သည်။ သို့သော်လည်း ထိုသတင်းကို ကြားသည်နှင့် သူသည် ချက်ချင်းပင် လက်ရှိ သုတေသနကို ရပ်တန့်ကာ အမြန်ပြေးလာသည်။

ချန်လွေ့ စီစဉ်ထားသော အခန်းငယ်လေးထဲတွင်အဲဒက်စ်နှင့် လီဆာနှင့် နှစ်ယောက်တည်း တွေ့ဆုံခဲ့သည်။

သူတို့နှစ်ယောက်သည် အခန်းထဲ၌ အချိန်အတော်ကြာ နေခဲ့ပြီးနောက် ငိုသံယဲ့ယဲ့လေးနှင့် ‌အပြစ်တင်သံများ ထွက်ပေါ်လာသည်။ နောက်ဆုံး၌ တံခါးပွင့်သွားပြီး အဲဒက်စ် ထွက်လာသည်။ သူ၏မျက်နှာသည် အတော်လေး ဒေါသထွက်နေပုံရသည်။

“ ဆရာသခင် ”

ချန်လွေ့က အဲဒက်စ်ကို ကြိုဆိုလိုက်သည်။

“ ဒီ လီ‌ဆာက ခင်ဗျားရဲ့ညီမ မဟုတ်ဘူးလား။ ”

“ လီဆာက....ကျုပ်ရဲ့ ပျောက်ဆုံးသွားတဲ့ ညီမ အစစ်ပါပဲ။ ”

အဲဒက်စ်က ခါးသက်သက်နှင့် ပြုံးလိုက်သည်။

“ သူက အဲဒီနှစ်တုန်းက ကျုပ် လုပ်ခဲ့တဲ့ အမှားတွေကို မခွင့်လွှတ်နိုင်သေးတာပါ။ ”

အဲဒက်စ်တို့ မိသားစုသည် အတော်လေး ချမ်းသာခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း အဲဒက်စ်သည် ဆေးဝါးပညာကို အလွန်အမင်း စွဲလမ်းနေခဲ့သည်။ သူသည် ဆေးဝါးပညာရှင်တစ်ယောက်ထံမှ သင်ယူခဲ့ဖူးသည်။ ဆေးဝါးပညာရှင်သည် အလွန် အကုန်အကျများသော အလုပ်တစ်ခုပင် ဖြစ်သည်။ ထို့ပြင် ဆေးဝါးပညာရှင်၏ စီမံမှုမှာ အတော်လေး နိမ့်ကျလှသည်။ သူသည် အဲဒက်စ်၏ ပိုက်ဆံကိုသာ ညှစ်ယူချင်နေခဲ့သည်။ ဆေးဝါးပညာကို စိတ်နှစ်ထားသော အမှောင်နတ်သူငယ်သည် ဖခင်နှင့် ညီမတို့၏ ဖြောင်းဖျမှုကို နားမထောင်ခဲ့ပေ။ ထို့နောက် သူတို့၏ ငွေကြေးများ ကုန်ခမ်းသွားကာ အကြွေးတင်သွားတော့သည်။ သို့သော် အဲဒက်စ်သည် အမှားကို ဝန်ခံရန် ငြင်းဆန်နေသေးသည်။ အဆုံးအထိ သူသည် ဖခင်ဖြစ်သူအား နောက်ဆုံးအချိန်ထိပင် လာမတွေ့ခဲ့ပေ။

ဆေးဝါးပညာရှင်က သူ၏ နောက်ဆုံး တန်ဖိုးကို ညှစ်ယူပြီး ထွက်ပြေးသွားသည့်အခါမှသာ အဲဒက်စ် နောင်တရသွားတော့သည်။ သူသည် သူ့ကို မုန်းတီးနေသော ညီမဖြစ်သူနှင့် အဖေအိုတို့ကို သွားတွေ့ရန် ရှက်ရွံ့သွားခဲ့ပြီး နှုတ်မဆက်ဘဲ ထွက်သွားခဲ့သည်။ သူသည် စစ်မှန်သော ဆေးရည်ဆရာသခင်တစ်ယောက် ဖြစ်လာရန် စိတ်ပိုင်းဖြတ်ထားခဲ့လိုက်သည်။

အများအပြား ကြိုးစားပြီးနောက် သူသည် ဆေးရည်ဆရာသခင်တစ်ယောက် ဖြစ်လာသည်။ သို့သော်လည်း သူသည် ဆင်းရဲနေဆဲပင် ဖြစ်သည်။ နောက်ဆုံး၌ သူသည် တော်ဝင်မင်းသမီး ရှီရာ၏ အကူအညီဖြင့် ဆရာသခင် စာမေးပွဲကို အောင်မြင်သွားခဲ့သည်။ သူပြန်သွားပြီး ညီမဖြစ်သူကို ရှာကြည့်သည့်အခါ လီဆာက သဲလွန်စ မချန်ဘဲ ထွက်သွားပြီ ဖြစ်သည်။ အဲဒက်စ်သည် ၎င်းကို သူ၏ဘဝ၌ အကြီးမားဆုံး နောင်တတစ်ခုအဖြစ် သတ်မှတ်ထားခဲ့သည်။

လီဆာ၏သတင်းကို ကြားပြီးနောက် အဲဒက်စ်က မစဉ်းစားဘဲ အမြန်ရောက်လာခဲ့သည်။ သို့သော် ယခုအချိန်အထိ သူ့ကို လီဆာ မခွင့်လွှတ်နိုင်သေးသည်ကို သူနောင်တရနေ၏။ အမှန်တကယ်၌ လီဆာသည်လည်း ထိုနှစ်များထဲတွင် ခက်ခက်ခဲခဲ ရင်ဆိုင်ခဲ့ရသည်။ အဲဒက်စ်၏ အကြွေးများကို ဆပ်ရန်အတွက် လီဆာသည် အတော်လေး ပင်ပန်းဆင်းရဲခဲ့ရသည်။ အလှည့်အပြောင်းများ ဖြစ်ပြီးနောက် သူ့ကို မကောင်းသော အကြံအစည်များရှိသည့် ဂျိုးဆက်က ရှာတွေ့သွားကာ နောက်ဆုံး၌ ခါနီတာ၏ လျို့ဝှက်အကျဉ်းထောင်ထဲသို့ ရောက်ရှိသွားခဲ့ရသည်။

“ လီဆာ ပြောတာ မှန်တယ်။ ကျုပ်ရဲ့ ရူးမိုက်မှုနဲ့ စွဲလမ်းမှုကြောင့်သာ မဟုတ်ရင် သူ ဒီလိုတွေ ခံစားရမှာ မဟုတ်ဘူး။ ပြီးတော့ ကျုပ်ရဲ့အဖေ..... ”

အဲဒက်စ် လက်သီး‌ဆုပ်ပြီး အပြစ်ရှိသောစိတ်ဖြင့် ခေါင်းငုံ့နေလိုက်သည်။

“ တစ်ခါတစ်လေ ပေးဆပ်မှုနဲ့ အောင်မြင်မှုက တိုက်ရိုက်အချိုးကျနေတတ်တယ်။ ခင်ဗျားရဲ့ ရူးမိုက်မှုနဲ့ စွဲလမ်းမှုကြောင့်သာ မဟုတ်ရင် ခင်ဗျား ဒီနေ့လို ဆရာသခင်တစ်‌ယောက် ဖြစ်လာမှာ မဟုတ်ဘူး။ ”

အမှောင်နတ်သူငယ် ဆရာသခင်၏ နာကျင်သော ‌မျက်နှာအမူအရာကို ချန်လွေ့ ယခုမှ ပထမဆုံးအကြိမ် တွေ့ဖူးခြင်း ဖြစ်သည်။သူ နှစ်သိမ့်ပေးလိုက်သည်။

“ ကျုပ်အမြင်မှာတော့ လီဆာက သူရဲ့စိတ်ထဲမှာ ခင်ဗျားကို အစ်ကိုလို့ အသိအမှတ်ပြုပါသေးတယ်။ အချစ်ပိုကြီးလေ ပိုနာကျင်လေ ဆိုတဲ့စကားပုံ ရှိတာပဲ။ သူက မျက်နှာသေနဲ့ ခင်ဗျားကို သူစိမ်းလို ဆက်ဆံမှသာ စိုးရိမ်သင့်တာ။ သူ့ကို အချိန်နည်းနည်း ပေးလိုက်ပါ။ ပြီးတော့ ကိုယ့်ကိုယ်ကိုယ်လည်း အချိန်ပေးလိုက်ဦး။ သူ ခင်ဗျားကို လက်ခံပေးမှာပါ။ ”

အဲဒက်စ် ခေါင်းညိတ်ပြီး ချန်လွေ့ကို ပြောသည်။

“ ကျုပ်ရဲ့ လူသားမိတ်ဆွေ တစ်ယောက်က သူ့ကို ယုံသလိုမျိုး ခင်ဗျားကို ယုံကြည်နိုင်တယ်လို့ ပြောတယ်။ ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဆာ-အက်ဂ်ယော။ ခင်ဗျားကြောင့်ပဲ လီဆာက အမှောင်လကို ရောက်လာနိုင်တာပါ။ ကျုပ် တကယ်ကို စိတ်ရင်းနဲ့ ကျေးဇူးတင်ပါတယ်။ အနာဂတ်မှာ ခင်ဗျား တစ်ခုခု လိုအပ်ရင် ကျုပ် အကောင်းဆုံး ကူညီပေးမှာပါ။ အခုတော့ လီဆာက ကျုပ်နေရာကို မသွားချင်သေးဘူး။ အဲဒါကြောင့် သူက အခု ဝတ်ရုံဂိုဏ်းမှာပဲ နေနေမယ်။ ကျုပ် သူ့ကို ခင်ဗျားဆီ လွှဲထားလိုက်ပါ့မယ်။ ”

ချန်လွေ့ ခေါင်းညိတ်လိုက်သည်။

“ ဆရာသခင်ရဲ့ အလုပ်က ကျုပ်အလုပ်ပဲလို့ လူသားမိတ်ဆွေက ပြောတယ်။ စိတ်ချပါ။ ဒီမှာ လီဆာ လုံခြုံမှာပါ။ ”

အဲဒက်စ်က အိမ်ကိုကြည့်ပြီး အနည်းငယ် ဝမ်းနည်းသွားကာ ထွက်သွားတော့သည်။

အခန်းထဲသို့ ချန်လွေ့ လမ်းလျှောက်သွားလိုက်ရာ လီဆာက မျက်ရည်များကို အလျင်အမြန် သုတ်လိုက်သည်။သူက မျက်နှာဖုံးဝတ်ထားသော လျို့ဝှက်ဆန်းကြယ်သည့်သူကို ကြည့်လိုက်သည်။ ချန်လွေ့ တိုးတိုးလေး ပြောသည်။

“ မင်း သူ့ကို တကယ်ပဲ ဒီလောက်တောင် မုန်းတာလား။ ”

“ ဒါက ကျွန်မကိစ္စပါ။ ”

လီဆာက အေးစက်စက်နှင့် ပြောသည်။

“ ဒီကိုခေါ်လာလို့ ကျွန်မကို အမိန့်ပေးလို့ရမယ် မထင်နေနဲ့။ ရှင်က အဲဒက်စ်ရဲ့ လက်ရှိတန်ဖိုးကို အသုံးချချင်တဲ့ အဲဒီလူတွေလိုပဲ။ တကယ်တော့ သူက ရက်စက်တဲ့သူပဲ။ သူ့ကို ဘယ်လိုပဲ ခြိမ်းခြောက်ပါစေ အသုံးဝင်မှာ မဟုတ်ဘူး။ ”

“ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးမနေနဲ့။ကောင်မ။ ”

လီဆာ၏စကားက ချန်လွေ့ကို အနည်းငယ် အံ့အားသင့်စေခဲ့သည်။

“ ငါ့ကိုယ်ငါ မိတ်ဆက်မယ်။ ငါ့နာမည်က အက်ဂ်ယော။ အမှောင်လမြို့ရဲ့ အင်အားအကြီးဆုံး တပ်ဖွဲ့ခေါင်းဆောင်။ မင်းအခု ဒီကိုရောက်နေတာက လူကြီးတစ်ယောက်ရဲ့ လုပ်ရပ်ကောင်း တစ်ခုကြောင့်ပဲ။ မင်းဒီ‌နေရာမှာ အလကား စားသောက်လို့ မရဘူး။ အစားအစာနဲ့ လုံခြုံရေးအတွငါ မင်း ကိုယ်တိုင် အလုပ်လုပ်ရမယ်။ ”

“ အလုပ် ဟုတ်လား။ ”

လီဆာက ထေ့လုံးဖြင့် ပြောလိုက်သည်။

“ အဲဒါက ရှင့်ကို တိုက်ရိုက်ပြုစုတာလား။ ဒါမှမဟုတ် ခေါင်းဆောင်က ထိန်းချုပ်တဲ့ ပြည့်တန်ဆာတစ်ယောက် ဖြစ်လာမှာလား။ အဲဒီ ငတုံးအဲဒက်စ်က တန်ဖိုးနည်းနည်း ရှိပေမဲ့ ကျွန်မက ဒီအဆင့်အထိ နိမ့်ကျသွားမယ်လို့ မထင်ဘူး။ ”

“ မင်းက အတွေ့အကြုံ အများကြီး ရှိတဲ့ပုံပဲ။ ”

ချန်လွေ့ ခေါင်းညိတ်သည်။

“ ငါက နေရာတချို့မှာ အတွေ့အကြုံရှိတဲ့ အမျိုးသမီးတစ်ယောက်ကို လိုအပ်နေတာ။ ”

လီဆာ ကြက်သေသေနေစဉ် ဆာ-အက်ဂ်ယောက ဆက်ပြောသည်။

“ မင်းသိထားရမှာ ဝတ်ရုံဂိုဏ်းက မင်းသိတဲ့ တခြားအင်အားစုတွေနဲ့ မတူဘူး။ငါ့မှာ “ဝတ်ရုံ” မှော်စတိုးဆိုင် တစ်ခု ရှိတယ်။ မင်းဒီမှာ ဘာမှမလုပ်ဘဲနဲ့ အဲဒက်စ်နဲ့ ပတ်သက်မှုကို အမှီပြုပြီးတော့ တစ်ခုခုရချင်တာ မဟုတ်ဘူးဆိုရင် ငါ့ကို သက်သေပြ။ ”

ယခုတစ်ခေါက် လီဆာ အံ့အားသင့်ရမည့် အလှည့် ဖြစ်သွားသည်။ ခေါင်းဆောင်သည် နောက်နေပုံမရချေ။ လီဆာကလည်း နှုတ်ဖြင့် အရှုံးမခံနိုင်ပေ။

“ ကျွန်မ ရှင့်ကို သက်သေပြမှာပါ။ဆာ-ခေါင်းဆောင်။ ”

All Chapters