အရှင်မင်းသား အာသာလား
Vol. 21 Ch. 302
ဆမ်မြူရယ် သတိလက်လွတ်ဖြစ်သွားစဉ် ချုပ်နှောင်ခြင်းမှ လွတ်မြောက်သွားသော ချန်လွေ့သည် ဆမ်မြူရယ်အရှေ့၌ ပေါ်ထွက်လာပြီး မီးသင့်နဂါးစွမ်းအား ပါဝင်သော ထိန်းမနိုင်သိမ်းမနိုင် လက်သီးချက်ဖြင့် ဆမ်မြူရယ်၏ ဝမ်းဗိုက်ကို ထိုးလိုက်သည်။ဆမ်မြူရယ်သည် နာကျင်စွာဖြင့် ဝပ်တုပ်သွားသည်။ချန်လွေ့သည် ဆမ်မြူရယ်၏ မျက်နှာကို လက်ဝါးဖြင့်ကိုင်လိုက်သည်။ထိုနောက် [ အရုဏ်ဦးပစ်ချက် ] ၏ ဖျက်ဆီးမှုစွမ်းအား ထွက်လာတော့မည် ဖြစ်သည်။
ဆမ်မြူရယ်၏ တုံပြန်မှုသည် အတော်လေး ပို၍နှေးကွေးနေပုံရသည်။သူက မျက်နှာ အညှစ်ခံထားရလျက်ဖြင့် စကားအနည်းငယ်ကို မပီမပြင် ပြောလိုက်သည်။
“ နေဦး......ငါ အရှုူံးပေးတယ်။ ”
ပတ်ဝန်းကျင်သည် မူလ နေရာပြန့်အဖြစ် ပြန်ပြောင်းသွားသည်။ချန်လွေ့လည်း ဆုပ်ထားသောလက်ကို ဖြည်းဖြည်းချင်း လွှတ်လိုက်သည်။ဆမ်မြူရယ်က စိတ်သက်သာရာ ရသွားပြီး ပင့်သက်ရှိုက်လိုက်သည်။သို့သော်လည်း ချန်လွေ့သည် လက်ကို မရုပ်သိမ်းသေးပေ။သူ၏လက်ငါးချောင်းက ဆမ်မြူရယ်ကို ချိန်ရွယ်ထားပြီး အစွမ်းထက် ဖျက်ဆီးမှု စွမ်းအားသည် အသင့်ဖြစ်နေ၏။
“ မင်းမှာ အခု ရွေးစရာနှစ်ခုရှိတယ်။ငါ့ဆီမှာ အညံ့ခံမှာလား။သေမှာလား။ ”
ဆမ်မြူရယ်က ငါရဲ့ လူသားသရုပ်မှန်၊ စနိုးဒင်ရဲ့ ရုပ်သေးခန္ဓာကိုယ်နဲ့ ငါ့ရဲ့ [ အသက်အောင့် ] အစွမ်းကို သတိပြုမိမယ်။ဒီလိုလူမျိုးက ငါ့လက်ထဲမှာ ရှိနေရမယ်။
“ သေမလား၊ အညံ့ခံမလား မရွေးချယ်ခင် ကိစ္စတစ်ခုကို အရင်သိချင်တယ်။ ”
ဆမ်မြူရယ်က စိတ်အေးအေးထားလိုက်ပြီးနောက် သူ၏မျက်လုံးထဲတွင် ကြောက်ရွံမှု များများစားစား ရှိမနေတော့ပေ။
“ အရှင်မင်းသားက ဘယ်သူများလဲ။ ”
“ အရှင်မင်းသား ဟုတ်လား။ ”
ချန်လွေ့ အံ့အားသင့်သွားသည်။ ဆမ်မြူရယ်က လူမှားနေတာလား။
“ အရှင်မင်းသား။အရှင် ထပ်ပြီးဖုံးကွယ်ထားစရာ မလိုပါဘူး။ဒီတိုက်ပွဲနေရာလွတ်ထဲမှာ ကျွန်တော်မျိုးတို့နှစ်ယောက်ပဲ ရှိပါတယ်။ ”
ဆမ်မြူရယ်က အသာလေး ဦးညွှတ်လိုက်သည်။ကျင့်ဝတ်ထုံးတမ်းများသည် လောကနှစ်ခုလုံး၌ အတူတူ ဖြစ်ပုံရသည်။
“ အလင်းမှော်ပညာရဲ့ ထိခိုက်မှုက [ ကောင်းချီးအလင်း ခန္ဓာကိုယ် ] ရှိတဲ့သူအတွက် သိသိသာသာ အားနည်းသွားတယ်။ပြီးတော့ အလင်းဒြပ်စင် စွမ်းအားကိုလည်း အလိုအလျောက် စုပ်ယူတယ်။ [ ကောင်းချီးအလင်း ခန္ဓာကိုယ် ] က တော်တော်လေး ရှားပါးတယ်။မဟာသိဒ္ဓိအင်ပါယာရဲ့ အသန့်စင်ဆုံး တော်ဝင်သွေးရှိတဲ့သူတွေမှာပဲ အဲဒါကို တွေ့နိုင်တယ်။ကျွန်တော်မျိုး မေးချင်တာက အရှင်မင်းသားရဲ့ မိသားစုနာမည်ပါ။ရိုလန် လား။ဒါမှမဟုတ် ရှာဘာ့ထ် လား။ ”
“ အမှန်အတိုင်းပြောရရင် [ ကောင်းချီးအလင်း ခန္ဓာကိုယ် ] ဆိုတာကို အခုမှ ငါပထမဆုံး ကြားဖူးတာပဲ။ ”
ချန်လွေ့က မိမိ၏ ခေါင်းကို လက်ညှိးထိုးပြလိုက်သည်။
“ ငါက နတ်ဆိုးဘုံဆီကို လွန်ခဲ့တဲ့ တစ်နှစ်ကျော်တုန်းက မတော်တဆ ရောက်လာခဲ့တာ။ အဲဒီတုန်းက ငါတော်တော်လေး ခေါင်းထိသွားခဲ့တယ်။မှတ်ဉာဏ်တော်တော်များများက အပိုင်းပိုင်း ဖြစ်ကုန်တယ်။ငါ့နာမည်က အာသာ ဆိုတာကိုပဲ မှတ်မိတယ်။ငါ့ရဲ့မိသားစု နာမည်ကိုတော့ ငါလုံးဝ မသိဘူး။ ”
“ အာသာလား။အရှင်က မင်းသား အာသာလား။အရှင်က တကယ်ပဲ နတ်ဆိုးဘုံဆီကို ရောက်နေတာကိုး။ ”
ဆမ်မြူရယ် ရုတ်တရက်လန့်သွားပြီး ချန်လွေ့ကို အကြိမ်ကြိမ် ကြည့်လိုက်သည်။
“ မဟုတ်သေးဘူး။ကျွန်တော်မျိုး အရှင်မင်းသား အာသာကို သုံးလေးခေါက် တွေ့ဖူးတယ်။ သူက အရှင့်ထက် ပိုပြီးတော့ ရုပ်ရည်ချောမောတယ်။ ”
လက်ရှိတွင် ချန်လွေ့သည် ပြန်လည်မမွေးဖွားခင် မြေကမ္ဘာမှ မျက်နှာကို အသုံးပြုနေခဲ့ခြင်း ဖြစ်သည်။ဆမ်မြူရယ်၏ မှတ်ချက်က ချန်လွေ့၏ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားခြင်းကို ထိခိုက်သွားစေခဲ့သည်။သိုသော် ဆမ်မြူရယ်သည် အာသာ၏ အသိတစ်ယောက် ဖြစ်ပုံရသည်။ချန်လွေ့သည်လည်း ဤခန္ဓာကိုယ်အကြောင်းကို ပို၍သိချင်သည်။ထိုကြောင့် [ ရုပ်ဖျက်ခြင်း ] အစွမ်းကို ဖယ်ရှားပြီး အာသာ၏မျက်နှာအတိုင်း ပြန်ပြောင်းလိုက်သည်။
“ အမှန်ပဲ။တကယ့် အရှင်မင်းသား အာသာပဲ။ ”
ဆမ်မြူရယ် အလွန်စိတ်လှုပ်ရှားသွားပြီး ဒူးတစ်ဖက်ထောက်ကာ ရင်ဘတ်ပေါ်၌ ညာလက်ကို ဖိထားလိုက်သည်။
“ ကာလိုခမ့်လော့ရဲ့သား ဆမ်မြူရယ်က အရှင်မင်းသားကို အရိုအသေပေးပါတယ်။ ”
“ နေဦး။ ”
ချန်လွေ့ သတိထားနေဆဲပင် ဖြစ်သည်။
“ မင်း ပုံပြင်တွေ၊ လုပ်ဇာတ်တွေ မပြောခင် အရင်ဆုံး ရွေးချယ်မှုတစ်ခု လုပ်ရမယ်။ ”
ဆမ်မြူရယ်သည် တုံဆိုင်းမှုမရှိဘဲ လက်ဝါးကို ဖြတ်တောက်လိုက်ရာ သွေးများက မီးတောက်အသွင်သို့ ပြောင်းလဲသွားသည်။
“ ကျွန်တော်မျိုး ငွေသူရဲကောင်းစစ်သည် ဆမ်မြူရယ်ခမ့်လော့က အရှင်မင်းသား အာသာရိုလန် နောက်ကိုအမြဲတမ်းလိုက်မယ်လို အလင်းနဲ့သွေးနဲ့အတူ ကျိန်ဆိုပါတယ်။ သစ္စာဖောက်မယ်ဆိုရင် အစီရင်ခံအလင်းအောက်မှာ ပြာအဖြစ် ပျက်စီးပါစေသား။ ”
ချန်လွေ့သည် မည်သည့်ကျိန်ဆိုမှုကိုမျှ မလိုချင်ပေ။သူလိုချင်သည်မှာ ကျွန်-သခင် စာချုပ် ဖြစ်သည်။ထိုအချိန်၌ စူပါစနစ်တွင် အသိပေးချက်တစ်ခု ထွက်ပေါ်လာသည်။
“ အမည်မသိ စိတ်ဝိညာဉ် ကွင်းဆက်တစ်ခုတွေ့ရှိ။အညွှန်း - အဆင့် (ခ)။ ပယ်ဖျက်၍ရသည်။ဖြတ်တောက်၍ရသည်။လက်ခံမည်လား။ငြင်းပယ်မည်လား။ ”
ချန်လွေ့ လက်ခံလိုက်ရာ စိတ်ဝိညာဉ်ကွင်းဆက်ထဲ၌ စာကြောင်းအသစ်တစ်ခု ပေါ်ထွက်လာသည်။ အလင်း သွေးသစ္စာ။
ချိတ်ဆက်သူ - ဆမ်မြူရယ်ခမ့်လော။
အရည်အချင်းများ - သစ္စာရှိခြင်း နှင့် ဘယ်တော့မှ လက်မလျှော့။
ဒါက ငါထင်ထားတဲ့ ကျွန်-သခင် စာချုပ် မဟုတ်ပေမဲ့ အရည်အချင်းတွေကတော့ တော်တော်လေး ယုံကြည်စိတ်ချရတဲ့ပုံပဲ။ဒါပေမဲ့.....ဒါက နည်းနည်းတော့ အဆင်ပြေနေသလိုပဲ။ငါ့ရဲ့ သရုပ်မှန်ကို ဖော်ပြပြီးတော့ သူက ချက်ချင်း ခေါင်းငုံသွားတာလား။ရိုလန်ဆိုတဲ့ မိသားစုနာမည်က ဘာဖြစ်လိုလဲ။အဲဒါက လူသား တော်ဝင်မိသားစုလား။
“ ကြည့်ရတာ အရေးကြီးတဲ့ မှတ်ဉာဏ်တော်တော်များများကို ငါမေ့သွားတဲ့ပုံပဲ။ ”
စူပါစနစ် လိမ်လည်မည်မဟုတ်ကြောင်း ချန်လွေ့သိသည့်အတွက် ဖိနှိပ်သောအားများကို ချက်ချင်း ရုပ်သိမ်းလိုက်သည်။အမှန်တကယ်၌ ချန်လွေ့၏ လက်ရှိအခြေအနေဖြင့် [ မီးသင့်နဂါးဝင်စီးခြင်း ] ကို အသုံးပြုရသည်မှာ အတော်လေး ခက်ခဲလှသည်။သူ၏ နှလုံးသားသည် နက်နက်ရှိုင်းရှိုင်း နာကျင်နေပြီ ဖြစ်သည်။
“ အခု မင်းငါ့ကို အကုန်ပြောပြ။လူသားလောက အခြေအနေတွေ အပါအဝင် အကုန်လုံး ပြောပြ။ ”
“ ဟုတ်ကဲ့ပါ။အရှင် မင်းသား။ ”
ထိုဂုဏ်ပုဒ်သည် ချန်လွေ့အား ကိုးရိုးကားရား ဖြစ်စေသော်လည်း စိတ်ရှည်ရှည်နှင့် နားထောင်လိုက်သည်။
လူသားလောကတွင် နတ်သူငယ်၊လူပုနှင့် လူသား စသည့် သတ္တဝါအမျိုးမျိုး ပေါင်းစည်းနေထိုင်ကြသည်။လူသားအရေအတွက် အများဆုံးဖြစ်ပြီး ပိုင်နက်မှာလည်း အကျယ်ဆုံး ဖြစ်သည်။
လူသားလောကတွင် မြောက်မြားလှစွာသော နိုင်ငံငယ်များနှင့် အင်အားစုများစွာ ရှိနေသော်လည်း နတ်ဘုရားကျောင်းက အမှန်တကယ် အသိအမှတ် ပြုသည်မှာ ကျက်သရေပြာအင်ပါယာနှင့် လင်းလက်နဂါးအင်ပါယာတို့သာ ဖြစ်သည်။၎င်းတို့ကို မဟာသိဒ္ဓိ အင်ပါယာနှစ်ခုဟူ၍ သိကြသည်။
မဟာသိဒ္ဓိအင်ပါယာနှစ်ခု တည်ရှိနေသည်မှာ နှစ်ထောင်ပေါင်းများစွာ ရှိနေပြီဖြစ်သည်။လူသားတို့၏ သက်တမ်းတိုတောင်းမှုကိုစဉ်းစားလျှင် ၎င်းသည် အတော်လေးကြာသော အချိန်ဖြစ်သည်။အတက်အကျ၊ အနိမ့်အမြင့်များရှိသော်လည်း နတ်ဘုရားကျောင်း၏ ချိန်ညှိမှုကြောင့် မျှခြေတစ်ခုကို အမြဲပင် ထိန်းသိမ်းထားနိုင်ခဲ့သည်။
အလင်း နတ်ဘုရားကျောင်းသည် အလင်းနှင့် ဖွဲစည်းပုံစနစ်၏ အမြင့်ဆုံး သင်္ကေတ ဖြစ်သည်။၎င်းသည် အလင်းမှော်ပညာ၏ အရင်းအမြစ်လည်း ဖြစ်သည်။မဟာအင်ပါယာနှစ်ခုမှ ဧကရာဇ်များ၏ နန်းတက်ပွဲကို ဘုရားကျောင်း၏ အမြင့်ဆုံး စိတ်ဝိညာဉ်ခေါင်းဆောင် မဟာဘုန်းတော်ကြီးက ဦးဆောင်ရသည်။၎င်းသည် ချန်လွေ့သိခဲ့ဖူးသည် ဥရောပသမိုင်းမှ ပုပ်ရဟန်းမင်းနှင့် ဆင်တူသည်။
ရိုလန် ဆိုသည်မှာ လင်းလက်နဂါးအင်ပါယာ၏ အန္တိမ တော်ဝင်မိသားစုနာမည်ဖြစ်သည်။ အာသာ ရိုလန်သည် လင်းလက်နဂါး အင်ပါယာ၏ လက်ရှိ ဧကရာဇ် လက်စ်ရိုလန်၏ တတိယမြောက်သား ဖြစ်ပြီး လင်းလက်နဂါး အင်ပါယာ၏ အကြွယ်ဝဆုံးဖြစ်သော ရွှေရောင်နယ်မြေကို ပိုင်ဆိုင်သည်။
ချန်လွေ့သည် အာသာ၏ မှတ်ဉာဏ် အပိုင်းအစထဲမှ မိမိသည် အေးအေးဆေးဆေးနှင့် လူပေါ်ကြော့ နေနေသော တော်ဝင်မျိုးနွယ်တစ်ယောက် ဖြစ်ကြောင်းကိုသာ သိသည်။သူကိုယ်တိုင်သည် အစွမ်းအထက်ဆုံး လူသားအင်ပါယာ၏ မင်းသား ဖြစ်နေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။သူ့တွင် ကိုယ်ပိုင်နယ်မြေတစ်ခုပင် ရှိနေသည်။ အင်အားကြီးပြီးချမ်းသာတဲ့ ဒုတိယမျိုးဆက် စံပုံစံပဲ။
ထိုနောက် မေးခွန်းများ ထွက်လာသည်။ဒီလိုမျိုး အရေးကြီးတဲ့သူတစ်ယောက်က နတ်ဆိုးဘုံကို “ မတော်တဆ ” ရောက်သွားရတာလဲ။
ဆမ်မြူရယ် ပြောသည့်အတိုင်းဆိုလျှင် မင်းသား အာသာ ပျောက်ဆုံးသွားပြီးနောက်တွင် ဧကရာဇ် လက်စ်သည် လွန်စွာဒေါသထွက်သွားပြီး တိုင်းပြည်အနှံ လိုက်ရှာခိုင်းခဲ့သော်လည်း နောက်ဆုံး၌ မည်သည်ကိုမှ ရှာမတွေ့ခဲ့ပေ။အာသာသည် ကျက်သရေပြာအင်ပါယာမှ မင်းသမီး လန်းဘိစ် နှင့် စေ့စပ်ထားခဲ့သည်။ထိုအဖြစ်အပျက် ပြီးနောက်တွင် တိုင်းပြည်နှစ်ခုကြားရှိ လက်ထပ်ပွဲကို ခေတ္တရပ်ဆိုင်းလိုက်ရသည်။ကံကောင်းစွာပင် ဧကရာဇ် လက်စ်တွင် အထူးသွေးမျိုးဆက် အာရုံခံတစ်ခု ရှိပြီး အာသာ အသက်ရှင်နေသေးကြောင်း အမြဲသိနေသည့်အတွက် နယ်မြေမှာ နဂိုအတိုင်းရှိနေသည်။သိုသော်လည်း ၎င်းကို ဒုတိယမင်းသား ဂါဖီးရိုလန်က ထိန်းသိမ်းထားလိုက်သည်။
ဆမ်မြူရယ် အလွယ်တကူ အညံ့ခံခြင်း၏ အကြောင်းရင်းမှာ ရိုးရှင်းသည်။အာသာသည် မူလကတည်းက ခမ့်လောမိသားစု၏ ကျေးဇူးရှင်နှင့် တိုက်ရိုက်ခေါင်းဆောင် ဖြစ်သည်။ခမ့်လော့မိသားစုသည် ရွှေရောင်နယ်မြေရှိ အဓိကမိသားစု နှစ်ခုမှ တစ်ခုဖြစ်သည်။သူတိုသည် အင်ပါယာ၌ နာမည်ကျော်ကြားသော စီးပွားရေးမိသားစုဖြစ်ပြီး နယ်ပယ်အများအပြားတွင် ပါဝင်ပတ်သက်ခဲ့သည်။ခမ့်လော့မိသားစု ရှာဖွေခဲ့သော ကြွယ်ဝချမ်းသာမှုများသည် မနာလိုခြင်း၏ ပစ်မှတ် ဖြစ်လာခဲ့သည်။မမြင်နိုင်သော ကက်ဘေးတစ်ခုအတွင်း၌ အာသာ မကာကွယ်ပေးခဲ့လျှင် ဧကရာဇ် လက်စ်သည် ခမ့်လော့မိသားစုတစ်ခုလုံးကို သုတ်သင်ပစ်ခဲ့မည် ဖြစ်သည်။၎င်းအတွက် ကာလိုသည် အလွန်ကျေးဇူးတင်နေခဲ့ပြီး ရွှေရောင်နယ်မြေ၏ အခွန်စည်းကြပ် ဖြစ်လာခဲ့သည်။
ဆမ်မြူရယ်သည် မင်းသားကို သစ္စာခံပြီး နောက်လိုက်တစ်ယောက် ဖြစ်လာခဲ့သည်။၎င်းသည် ကျေးဇူးဆပ်ရန်အတွက်သာမဟုတ်ဘဲ ကြီးမားသော ဂုဏ်ယူစရာတစ်ခုလည်း ဖြစ်သည်။
အာသာ ပျောက်ကွယ်သွားပြီးနောက် ရှင်ဘုရင်၏ ကိုယ်စားလှယ် ဂါဖီးက နယ်မြေ၏ အရာရှိများကို အင်အာားလျှော့ချလိုက်သည်။ဂါဖီးကို အာခံခဲ့သော ကာလိုသည်လည်း ထိုထဲမှတစ်ယောက် ဖြစ်သည်။သူသည်လည်း အကျဉ်းကျ ခံရလုနီးပါး ဖြစ်သွားခဲ့သည်။သိုသော် ကာလိုသည် သေသေချာချာ ပြင်ဆင်ထားပြီး အချိန်မီ နောက်ဆုတ်ခဲ့သည်။မည်သို့ပင်ဆိုစေကာမူ ခမ့်လော့မိသားစုသည် ဖိနှိပ်မှု အဆင့်အမျိုးမျိုးကို ခံစားရပြီးနောက် ကြီးကြီးမားမား ရှုံးဆုံးမှုများ ဖြစ်ခဲ့ရသည်။
ဆမ်မြူရယ်သည် အင်ပါယာ ပါရမီရှင်များထဲမှ တစ်ယောက်ဖြစ်သည်။သူ၏ဆရာ ဂျွန်ဆန်သည် နာမည်ကြီး ဓားဆရာသခင် တစ်ယောက် ဖြစ်သည်။သူ မသေခင်တွင် တပည့်များကို စွမ်းအား လွှပြောင်းပေးခဲ့သည်။ထိုကြောင့် ဆမ်မြူရယ်သည် ဆရာသခင်အဆင့် ထိပ်သီးပိုင်းသို ရောက်ရှိသွားခဲ့ခြင်း ဖြစ်သည်။ဟိုရာဒရစ်သည်လည်း ဂျွန်ဆန်၏ အမွေအနှစ်တစ်ခု ဖြစ်သည်။
နတ်ဘုရားကျောင်းက ကျင်းပသော စီးချင်းထိုးပွဲ၌ ဆမ်မြူရယ်ကို ပေါလ်က အနိုင်ယူခဲ့သည်။ပေါ်လ်သည် အင်ပါယာ၏ ထိပ်တန်း ဓားသမားတစ်ယောက်ဖြစ်ပြီး ဆမ်မြူရယ်၏ အချစ်ပြိုင်ဘက်လည်း ဖြစ်သည်။ဆမ်မြူရယ်ချစ်သော အမျိုးသမီးကို သူ၏ဖခင်က ပေါလ်အား လက်ထပ်ရန် အမိန့်ပေးခဲ့သည်။ထိုကဲ့သို ဆိုးဝါးမှု အဆက်ဆက်များသည် ဆမ်မြူရယ်အား နလန်ပြန်မထူနိုင်အောင် ဖြစ်စေသည်။အရှက်ရခြင်းကို ရှင်းလင်းပြီး ချစ်သူကို ပြန်ရယူရန်အတွက် ဆမ်မြူရယ်သည် လျိုဝှက်ပညာရပ်ကိုသုံးပြီး နတ်ဆိုးဘုံသို ရောက်လာခဲ့သည်။သူတော်စင်အဆင့် မရောက်မချင်းပြန်မည်မဟုတ်ကြောင်း သစ္စာဆိုခဲ့သည်။
[ ကောင်းချီးအလင်း ခန္ဓာကိုယ် ] ကြောင့်သာ မဟုတ်လျှင် မိမိကို အနိုင်ယူခဲ့သူသည် နေ့တိုင်း စားသောက်ပျော်ပါးနေသော အရှင်မင်းသား ဖြစ်နေလိမ့်မည်ဟု ဆမ်မြူရယ် ယုံကြည်နိုင်မည် မဟုတ်ပေ။
သူက တစ်ချိန်လုံး စွမ်းအားဖုံးကွယ်ထားတာလား။ဒါမှမဟုတ် နတ်ဆိုးဘုံမှာ မယုံနိုင်စရာတွေနဲ့ ကြုံတွေ့ခဲ့တာလား။ဘယ်လိုပဲဖြစ်ဖြစီ ဒီတစ်ခေါက်က အရှင်မင်းသားအတွက် အဆိုးထဲက အကောင်းပဲ။သူက လင်းလက်နဂါးအင်ပါယာက ဘုရင်ရိုလန်ရဲ့ မျိုးဆက်အဖြစ် တကယ်ပဲ ထိုက်တန်တယ်။
ချန်လွေ့သည် “ အာသာ ” ၏ ဇစ်မြစ်အမှန်ကို သဘောပေါက်သွားတော့သည်။ဆမ်မြူရယ် ပြောသည့်အတိုင်းဆိုလျှင် အာသာ “ ပျောက်ဆုံးသွားခြင်း ” သည် အလွန်ပင် သံသယဖြစ်စရာ ကောင်းလှသည်။၎င်းသည် လျိုဝှက်ကြံစည်မှုတစ်ခု ဆိုသည်မှာ အသေအချာပင် ဖြစ်သည်။ကြံစည်သူမှာ တိုက်ရိုက်အကျိုးရှိသော ဂါဖီး သိုမဟုတ် အခြား မင်းသားများ ဖြစ်နိုင်သည်။၎င်းသည် အာသာ လက်ထပ်တော့မည့် ကျက်သရေပြာအင်ပါယာမှ မင်းသမီး လန်းဘိစ်နှင့်လည်း သက်ဆိုင်နေနိုင်သည်။ကံဆိုးစွာပင် မှတ်ဉာဏ်အတော် များများ ဆုံးရှုံးသွားခဲ့သည့်အတွက် ပြီးပြည့်စုံသော ဇာတ်ကွက်တစ်ခုအဖြစ် မချိတ်ဆက်နိုင်တော့ပေ။
ချန်လွေ့သည် နတ်ဆိုးဘုံသို ဆမ်မြူရယ် ရောက်လာပုံနှင့် ပြန်မည့်နည်းလမ်းကို စိတ်ဝင်စားနေသေးသည်။ဆမ်မြူရယ်၏ အဖြေအရ သူသည် တန်ဖိုးကြီးသည့်အရာတစ်ခုကို လေဟာနယ်မှော်ဆရာသခင် နတ်သူငယ် တစ်ယောက်အားပေးပြီး လေဟာနယ်ကို ဖောက်ထွင်းခိုင်းကာ လျိုဝှက်လမ်းကြောင်းမှတစ်ဆင့် နတ်ဆိုးဘုံသို ဝင်ရောက်လာခဲ့သည်။ထိုနည်းလမ်းသည် အလွန်အန္တရာယ်များလှသည်။ကျရှုံးသွားလျှင် လေဟာနယ်ထဲ ရောက်ရှိသွားမည်ဖြစ်ပြီး အနှောင့်အယှက်များထဲတွင် သေဆုံးသွားမည် ဖြစ်သည်။ပြန်လာမည့်နည်းလမ်းမှာ ခန္ဓာကိုယ်ထဲ၌ ထူးဆန်းသော “ မျိုးစေ့ ” ကို ထည့်သွင်းရန်အတွက် လျိုဝှက်နည်းလမ်းတစ်ခု အသုံးပြုခြင်း ဖြစ်သည်။၎င်းသည် တစ်ခါသုံး ကူးပြောင်းခြင်းနှင့် ညီမျှသည်။အသွားအပြန် ထပ်ကာထပ်ကာ ပြုလုပ်၍မရနိုင်ပေ။နတ်ဆိုးဘုံသို့ နောက်တစ်ခေါက် သွားချင်လျှင် အန္တရာယ်များသော လေဟာနယ်ကို ထပ်ပြီး အသုံးပြုရမည်ဖြစ်သည်။
ဆမ်မြူရယ် ပြောသည့်အတိုင်းဆိုလျှင် ထို “ မျိုးစေ့ ” ကို သူတော်စင်အဆင့် စွမ်းအားဖြင့်သာ အသက်သွင်း၍ရမည် ဖြစ်စည်။သိုမဟုတ်ပါက သူသည် နတ်ဆိုးဘုံ၌ တစ်သက်လုံး နေသွားရမည် ဖြစ်သည်။ထိုပြင် ပိုင်ရှင်သေသွားလျှင် “ မျိုးစေ့ ” ပျောက်ကွယ်သွားမည် မဟုတ်ပေ။ဆိုလိုသည်မှာ ၎င်းကို အခြားသူများ ယူသွား၍ရနိုင်ပေသည်။
ဆမ်မြူရယ်ကို ချန်လွေ့သတ်လိုက်လျှင် လူသားလောကသို့ ပြန်ရန် အခွင့်အရေးတစ်ခု ရနိုင်သည်။
“ ကံဆိုးချင်တော့ ကျွန်တော်မျိုးက နတ်ဆိုးဘုံမှာ ရှိနေတဲ့အတွက် အဖေ့ကို ဆက်သွယ်လို့မရဘူး။မဟုတ်ရင် အရှင်မင်းသား အန္တရာယ်ကင်းတဲ့ သတင်းက လူသားလောကကို ရောက်သွားပြီ။ဒါက အရှင်မင်းကြီး လက်စ်အပြင် လူအများအပြားကို စိတ်ဓာတ်တက်ကြွစေမှာပဲ။ ”
“ မဟုတ်ဘူး။ပထမဆုံး အနေနဲ့ မင်းလုပ်ရမှာက ဒါကို လျိုဝှက်ထားဖိုပဲ။မင်း သူတော်စင်အဆင့် ရောက်ပြီးတော့ လူသားလောကဆီ ပြန်ရောက်ရင်ပဲဖြစ်ဖြစ် ငါ့ခွင့်ပြုချက်မရှိဘဲတဲ့ ငါ့သတင်းတွေနဲ့ ငါ့သရုပ်မှန်ကို ဘယ်သူ့ကိုမှ ထုတ်မပြောရဘူး။ ”
ချန်လွေ့သည် တည်ကြည်သော မျက်နှာဖြင့် ပြောလိုက်သည်။
“ ငါကအခု ကိုယ်ကံကြမ္မာကို ထိန်းချုပ်နိုင်တဲ့အထိ အစွမ်းမထက်သေးဘူး။ငါ့ရဲ့စွမ်းအား လုံလောက်တဲ့ အခါကျရင် အဲဒီရန်သူတွေအရှေ့မှာ အနိုင်ယူမယ့် အမူအရာနဲ့ ပေါ်ထွက်လာမယ်။သူတိုရဲ့ ကြောက်လန့်နေတဲ့ အကြည့်အောက်မှာ ငါပိုင်ဆိုင်တာတွေအားလုံးကို ပြန်ယူမယ်။မင်းရောပဲ။နားလည်လား။ ”
“ နားလည်ပါပြီ။ ”
ဆမ်မြူရယ်၏ မျက်လုံးထဲ၌ လေးစားမှုနှင့် စိတ်အားထက်သန်မှုများ ပြသနေသည်။သူ ဒူးတစ်ဖက် ထောက်လိုက်သည်။
“ ကျွန်တော်မျိုး ဆမ်မြူရယ် ခမ့်လော့ကို အရှင့်သားရဲ့လက်ထဲက အထက်ဆုံးဓားအဖြစ် လမ်းတစ်လျှောက်က ဆူးငြှောင့်ခလုတ်တွေကို ရှင်းလင်းခွင့်ပေးပါ။ ”
သနားစရာ ဆမ်မြူရယ်လေး။“ အရှင်သား ” က ပြန်မသွားချင်တာကို သူ မသိဘူး။အဲဒီမင်းသားက ခမ်းနားကြီးကျယ်တဲ့ပုံပဲ။ဒါပေမဲ့ အဲဒါက တော်တော်လေးကို အန္တရာယ်များတယ်။နေ့တိုင်း လျိုဝှက်ကြံစည်မှုတွေနဲ့ အကောက်ကြံမှုတွေကို ရင်ဆိုင်ရမှာ။ငါ သတိမထားဘူးဆိုရင် နတ်ဆိုးဘုံထဲ ကျသွားသလို “ မတော်တဆမဖြစ်ရပ်တွေ ”ကို အချိန်မရွေး ကြုံတွေ့ရနိုင်တယ်။
နတ်ဆိုးဘုံက ပိုကောင်းတယ်။ဒီမှာ ရောင်းရင်းတွေနဲ့ ကောင်မလေးတွေလည်း ရှိတယ်။ငါ ဒီမှာပဲ တစ်သက်လုံး ဆက်နေပြီး ချစ်ရတဲ့ စုန်းမအချိုနဲ့ လက်ထပ်ပြီးတော့ နတ်ဆိုးတွေရဲ့ သမက်ပဲ လုပ်တော့မှာပေါ့။