← Chapters

မိုးကြိုးတောင်ကြားမှ မြင်းနက်လေး

Vol. 21 Ch. 303

မိုးကြိုးတောင်ကြားမှ မြင်းနက်လေး

Vol. 21 Ch. 303

လျို့ဝှက်အကျဉ်းထောင်သည် မူလက လျို့ဝှက်စစ်တန်းလျားတစ်ခု ဖြစ်သည်။မိုလင်မြို့ ကျယ်ပြန့်လာခြင်းကြောင့် ၎င်းသည် စစ်တန်းလျားအဖြစ် မသင့်တော်တော့ဘဲ အကျ‌ဉ်းထောင်အဖြစ် ပြုပြင်ပြောင်းလဲလိုက်ရသည်။ထိုနောက်တွင် လျို့ဝှက် စစ်တန်းလျားကို မြို့အနောက်ဘက် ဆင်ခြေဖုံးဆီသို ရွှေ့ပြောင်းလိုက်သည်။

ခါနီတာသည် မိုလင်မြို့အတွက် နှစ်ပေါင်းများစွာ အပတ်တကုတ် ကြိုးစားခဲ့သည်။သူ၏လက်ထဲရှိ လျို့ဝှက်စစ်တပ်အင်အားသည် အလွန်အားကောင်းလှသည်။ဂျိုးဆက်ပ်သည်လည်း ထိုကဲ့သို့ပင် ဖြစ်နိုင်သည်။ညီအစ်ကို နှစ်ယောက်ကြားတွင် ရေရည်တိုက်ပွဲတစ်ခု ရှိနေပြီး အင်အားကြီးစစ်တပ်တစ်ခုသည် ကုန်ကျစရိတ်မြင့်မားခြင်းနှင့် တိုက်ရိုက် အချိုးကျနေသည်။ဂျိုးဆက်ပ်နှင့် တိုက်ခိုက်သော ပြင်းထန်သည့် တိုက်ပွဲများအပြင် ခါနီတာသည် ယခင်နှစ်များတွင် အဆုံးမသတ်နိုင်သည့်လက္ခဏာများ ပြသနေခဲ့သည်။သူသည် ဟာကွက်များကို ဖြည့်တင်းရန်အတွက် ငွေအမြောက်အမြား အရေးတကြီး လိုအပ်နေသည်။မိုလင်မြို့၏ အခွန်နှုန်းကို သုံးလေးဆ တိုးမြှင့်ခဲ့သော်လည်း သူ၏ဘဏ္ဍာရေးမှာ နိမ့်ကျနေဆဲပင် ဖြစ်သည်။

ယခု မိုးကြိုးတောင်ကြားသို့ ခါနီတာ သွားရခြင်းမှာ နတ်မိစ္ဆာသားရဲကို ဖမ်းဆီးရန်အတွက် ဖြစ်သည်။၎င်းမှာ အဓိကအားဖြင့် ဖခင်ဖြစ်သူ ဂျိုရှ်၏ မွေးနေ့ လက်အောင်အတွက် ဖြစ်သည်။သူသည် ဖခင်ဖြစ်သူကို ကျေနပ်စေနိုင်လျှင် ဘဏ္ဍာရေး အထောက်အပံ့ တောင်းဆို၍ ရနိုင်သည်။ဤသိုမဟုတ်လျှင် ထိုကဲ့သို ရှားပါးသော နတ်ဆိုးသားရဲတစ်ကောင်က မည်သူက အလကား ပေးပစ်လိမ့်မည်နည်း။

မိုးကြိုးတောင်ကြားသည် အလွန်ကျယ်လှပြီး နောက်ဆုံး၌ ခါနီတာသည် ခက်ခက်ခဲခဲနှင့် သဲလွန်စ အချို ရရှိသွားခဲ့သည်။ရုတ်တရက် ခါနီတာသည် အသစ်ခန့်ထားသော လူသား ဆမ်မြူရယ်က အရေးတကြီး သတင်းပိုစရာရှိကြောင်း ပြောထားသော စနိုးဒင်၏ မှော်သတင်းကို ရရှိခဲ့သည်။

“ ဆာ-ဆမ်မြူရယ်။ဘာဖြစ်တာလဲ။ ”

မဟာနတ်ဆိုးဘုရင် စွမ်းအားသည် ခါနီတာ လက်အောက်၌ အမြင့်ဆုံး တိုက်ခိုက်ရေးစွမ်းအား ဖြစ်သည်။နှစ်ဖက်စလုံးသည် အချင်းချင်း အသုံးပြုနေကြသော်လည်း ထိုလူသား၏ ရည်ရွယ်ချက်မှာ အဆင့်တက်ရန်သာ ဖြစ်သည့်အတွက် ခါနီတာသည် ဆမ်မြူရယ်အား အတော်လေး ယုံကြည်သည်။သူ့တွင် အခြား အကြံအစည်များ မရှိပေ။အကယ်၍ သူ့ကို ကောင်းကောင်း အသုံးချနိုင်လျှင် ခါနီတာ၏လက်အောက်ရှိ အထက်ဆုံးလက်နက်တစ်ခု ဖြစ်လာနိုင်ပေသည်။

“ ဆာ-ခါနီတာ။ ခင်ဗျားက ကျုပ်ကို ပြဿနာထဲ ဆွဲသွင်းလိုက်တာပဲ။ ”

ဆမ်မြူရယ် ခေါင်းခါလိုက်သည်။

“ လျို့ဝှက်အကျဉ်းထောင်ကို စောင့်ကြပ်ရတာက လွယ်တဲ့ကိစ္စ မဟုတ်ဘူး။ ”

ခါနီတာ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

“ အကျဉ်းထောင်ထဲမှာ ဘာဖြစ်တာလဲ။ ”

“ တော်တော်ဒုက္ခပေးတဲ့ ကူးစက်ရောဂါတစ်ခုပဲ။အဲဒါ ကူးစက်ခံရလျှင် ရောဂါဆိုးတွေဖြစ်လာတယ်။ပြီးတော့လည်း အဲဒါက တော်တော်မြန်မြန် ပျံ့နှံနေတယ်။ ”

ဆမ်မြူရယ်က အလေးအနက် ပြောသည်။

“ ဒါကို မထိန်းချုပ်ဘူးဆိုရင် မိုလင်တစ်မြို့လုံး ကူးစက်ခံရပြီးတော့ အသေကောင်မြို့ကြီး ဖြစ်သွားလိမ့်မယ်။ ”

ခါနီတာ အလွန်ထိတ်လန့်သွားခဲ့သည်။မိုလင်မြို့သည် သူ၏အခြေစိုက်စခန်း ဖြစ်သည်။အကယ်၍ ကူးစက်ရောဂါ ပျံ့နှံသွားမည်ဆိုလျှင် နှစ်ပေါင်းများစွာ သူ အပတ်တကုတ် ကြိုးစားခဲ့သော အခြေခံအုတ်မြစ် ပျက်စီးသွားမည် ဖြစ်သည်။

“ ကူးစက်ရောဂါ အရင်းအမြစ်က သိပ်မကြာခင်က အကျဉ်းထောင်ထဲရောက်လာတဲ့ အမှောင်နတ်သူငယ် အမျိုးသမီးပဲ။သူ့အကျဉ်းခန်း အနီးအနားက ရောဂါသည်တွေနဲ့ ထောင်သားတွေ ကူးစက်ခံရကုန်ပြီ။ကျုပ်က အဲဒါကို အလင်းမှော်ပညာနဲ့ ယာယီ ဖိနှိပ်ထားလိုရတယ်။ဒါပေမဲ့ နတ်ဆိုးဘုံမှာ အလင်းဒြပ်စင်က စွမ်းအားအပြည့်အဝ မပြသနိုင်ဘူး။အဲဒါကို လုံးဝ ကင်းစင်အောင် လုပ်လိုမရဘူး။ ”

“ တောက်ကွာ။ ”

ခါနီတာသည် သေချာ ပြင်ဆင်ထားသော ထောင်ခြောက်တစ်ခုထဲ ကျသွားသကဲ့သို့ ခံစားလိုက်ရသည်။ လက်စသတ်တော့ အဲဒီ အမှောင်နတ်သူငယ် အမျိုးသမီးက ဂျိုးဆက်ပ်ရဲ့ အဆိပ်အကြံအစည် ဖြစ်နေတာကိုး။ရည်ရွယ်ချက်က မိုလင်မြို့ကို သတ်ပစ်ဖို့အတွက်ပဲ။

ဆမ်မြူရယ်က ပြောသည်။

“ တစ်ခုတည်းသော ဖြေရှင်းနည်းက ဒီမိန်းမနဲ့ ကူးစက်ခံရတဲ့သူတွေအားလုံးကို သတ်ပစ်ဖိုပဲ။ပြီးရင် စနိုးဒင်ကို ဆေးပင်အချို သွားစုဆောင်းခိုင်းမယ်။နောက်ဆုံးမှာတော့ [ ဖယ်ရှားပစ်ခြင်း ] ကို သုံးပြီးတော့ နောက်ထပ်မကူးစက်စေဖိုအတွက် သူတို့အလောင်းထဲက ကူးစက်ရောဂါကို လုံးဝအမြစ်ဖြတ်သုတ်သင်ရမယ်။ ”

ခါနီတာ ပျော်ရွှင်သွားသည်။

“ ကောင်းတယ်။ဆာ-ဆမ်မြူရယ်။ကျုပ် ခင်ဗျားကို အားလုံး လွှထားလိုက်ပြီ။ခင်ဗျား အင်အားစုအားလုံးကို ရွှေ့ပြောင်းလိုရတယ်။စနိုးဒင်က ခင်ဗျားကို အပြည့်အဝ ထောက်ပံ့ပေးလိမ့်မယ်။ ”

ဆမ်မြူရယ် ခေါင်းညိတ်ပြီး မှော်အဆက်အသွယ်ကို ပိတ်လိုက်သည်။ခါနီတာ သက်ပြင်း ချလိုက်သည်။ ဂျိုးဆက်ပ်မှာ ဒီလိုမျိုး ရက်စက်တဲ့ ထောင်ခြောက်တစ်ခု ရှိနေမယ်လို မထင်ထားခဲ့ဘူး။ငါက ကူးစက်မှု အရင်းအမြစ်ဖြစ်တဲ့ အမှောင်နတ်သူငယ် အမျိုးသမီးကို ဂျိုးဆက်ပ်ဆီကနေ “စတင်ပြီး” ပြန်ပေးဆွဲခဲ့သေးတယ်။ဒီ‌‌ဆုံးရှုံးမှုကို ငါတိတ်တိတ်လေးပဲ ငြိမ်ခံနေရမှာပဲ။

အလင်းမှော်ပညာ ကျွမ်းကျင်တဲ့ လူသား ဆမ်မြူရယ် ရှိနေလို တော်သေးတာပေါ့။ဒီတစ်ခေါက် ငါတကယ် ကံကောင်းသွားတယ်။ကြည့်ရတာ နောက်ပိုင်းကျရင် ဒီလိုထောင်ခြောက်မျိုးကို ငါ ပို၍သတိထားဖို လိုလိမ့်မယ်။

ဦးနှောက်ဆဲလ်များ အလကား ဖြုန်းတီးခဲ့သော ခါနီတာက ထိုကူးစက်ရောဂါသည် အကျဉ်းသားနှစ်ယောက်ကို ခေါ်ထုတ်သွားရန်အတွက် ချန်လွေ့၏ နည်းဗျူဟာဖြစ်ကြောင်းကို လုံးဝတွေးမိလိမ့်မည် မဟုတ်ပေ။ထိုကဲ့သို ဇဝေဇဝါဖြစ်မှုကို ဂျိုးဆက်ပ်အပေါ် အပြစ်တင်ရပေမည်။

ခါနီတာ စဉ်းစားနေစဉ် လက်ထောက် ဖွန်တိုင်က ရုတ်တရက် သတင်းပိုလာသည်။

“ ဆာ-ခါနီတာ။ဆာ-ဆိုလာနာက အချက်ပြတစ်ခု လွှတ်လိုက်တယ်။သူက နတ်မိစ္ဆာသားရဲရဲ့ သဲလွန်စကို တွေ့သွားပြီ။ ”

ခါနီတာ လန်းဆန်းသွားသည်။သူသည် ဖွန်တိန်နောက်သို့ အလျင်အမြန် လိုက်သည်။ရှေ့ဘက် တောင်ကြားမှ အနက်ရောင်ပုံရိပ်တစ်ခု အလျင်အမြန်ပြေးလာသည်ကို အဝေးမှ သူတွေ့လိုက်ရသည်။

အနက်ရောင်ပုံရိပ်သည် မြင်းတစ်ကောင် ဖြစ်သည်။သိုသော် ၎င်း၏ပုံရိပ်နှင့် အငွေ့အသက်မှာ အလွန်ပင် သာမန်ဖြစ်နေသည်။ခါနီတာ မျက်မှောင်ကြုတ်လိုက်သည်။ ဒါက သာမန် မှော်မြင်းနက် တစ်ကောင်ပဲ မဟုတ်လား။

အဝေးတစ်နေရာမှ ခွေးဟောင်သံများကို ကြားနေရသည်။၎င်းသည် ကျယ်လောင်သော စူးစူးရှရှ အသံတစ်ခုနှင့် ရောထွေးနေ၏။

“ ဆာ-ခါနီတာ။အဲဒါကို တားလိုက်။ ”

မြင်းနက်သည် အကောင်မကြီးကြောင်း ခါနီတာ သတိထားမိသည်။၎င်း၏ခန္ဓာကိုယ်ပေါ်၌ ဒဏ်ရာအများအပြားရှိသော်လည်း အမြန်နှုန်းမှာ မယုံနိုင်စရာကောင်းလှသည်။၎င်းသည် ကြမ်းတမ်းသော တောင်တက်လမ်းကိုပင် ချောချောမွေ့မွေ့ ကဆုန်ပေါက်ပြေးသွားခဲ့သည်။ခါနီတာ မစဉ်းစားတော့ဘဲ ချက်ချင်း ပြေးတက်ပြီး အလျင်အမြန်ပင် မန္တန်ရွတ်လိုက်ရာ မြေပြင်မှ ရွှံ့ဗွက်များ အေးခဲသွားကာ ရေခဲပြင်ကျယ်ကြီး ဖြစ်သွားတော့သည်။ဖွန်တိုင်သည် သူ၏ အနောက် သစ်တောထဲမှ အမြန်ပြေးလာသည်။သူသည် ကြိုတင်ပြင်ဆင်ထားသော ကွင်းဆက် မှော်ထောင်ခြောက်များကို တစ်ခုပြီးတစ်ခု အသက်သွင်းလိုက်သည်။

မြေပြင်မှရေခဲသည် မြင်းနက်၏ အမြန်နှုန်းကို နှေးသွားစေသည်။ထိုအချိန်၌ မြင်းနက်လေး၏ မျက်လုံးများ အနီရောင်တောက်သွားပြီး ရုတ်တရက် အရှိန်တိုးသွားကာ အသွင်အပြင်လည်း ပြောင်းလဲသွားသည်။၎င်း၏ခေါင်းပေါ်၌ ချိုတစ်ချောင်း ထွက်ပေါ်လာကာ လည်ဆံနှင့်အမြီးတိုသည်လည်း နီရဲရဲ အရောင်များ ဖြစ်သွားသည်။

ဒါက တကယ် နတ်မိစ္ဆာသားရဲပဲ။ပြီးတော့လည်း ဒါက အသွင်ပြောင်းနိုင်တယ်။ဒါက သန္ဓေပြောင်းသွေးမျိုးဆက်တွေထဲမှာ အကောင်းဆုံး ဖြစ်ရမယ်။

ခါနီတာ၏ မျက်လုံးများ တောက်ပသွားပြီး သူ၏လက်ကို ပို၍လျင်မြန်အောင် လှုပ်ရှားနေသည်။သူ၏မှော်စွမ်းအားကို အဆုံးစွန်အထိ ထုတ်လွှတ်ပြီးပြီ ဖြစ်သည်။သူသည် ထိုနတ်မိစ္ဆာသားရဲဆီသိုသွားပြီး ဆိုလာနာ ရောက်လာချိန်နှင့် နောက်မှ မှော်စက်ဝိုင်းများနှင့် ထောင်ခြောက်များ အပြည့်အဝ အသက်ဝင်ခြင်းကို စောင့်နေသည်။

နတ်မိစ္ဆာသားရဲ တစ်ချက်ဟီလိုက်ရာ ၎င်း၏ခွာများ ရုတ်တရက် မီးတောက်သွားကာ ၎င်း၏ ခြေထောက်အောက်မှ ရေခဲများ ရုတ်တရက် အရည်ပျော်သွားသည်။နတ်မိစ္ဆာသားရဲသည် အနှောင့်အယှက်များကို ဖယ်ရှားပြီး အရှိန်တင်လိုက်ပြန်သည်။

ကံကောင်းစွာပင် ဖွန်တိန်သည် တောအုပ်ထဲမှ မှော်ထောင်ခြောက်များအားလုံးကို အသက်သွင်းပြီးပြီ ဖြစ်သည်။ခါနီတာ၏ ရေခဲချွန်များ၊လေဓားသွားနှင့် အခြားနည်းလမ်းများ၏ တရစပ် ဖိအားအောက်တွင် နတ်မိစ္ဆာသားရဲသည် တောအုပ်ဘက်သို ထွက်ပြေးသွားခဲ့သည်။ထောင်ခြောက်ထဲကျပြီဟု ခါနီတာ ထင်လိုက်စဉ် နတ်မိစ္ဆာသားရဲသည် လမ်းကြောင်းပြောင်းလိုက်သည်။၎င်းသည် ထိုမှော်တိုက်ခိုက်မှုများကို ဂရုမစိုက်တော့ဘဲ ခါနီတာဆီသို့ တည့်တည့် ပြေးသွားလိုက်တော့သည်။

လေဓားသွားသည် နတ်မိစ္ဆာသားရဲ၏ ‌အရေပြားကို ထိခိုက်စေပြီး သွေးများ မြေပေါ်သို ဖိတ်စင်သွားသည်။သွေးစက်များမှာ အမှန်တကယ်ပင် လောင်ကျွမ်းနေသည်။သိုသော်လည်း နတ်မိစ္ဆာသားရဲသည် မဆင်မခြင် ပြေးနေဆဲပင် ဖြစ်သည်။ခါနီတာသည် နတ်ဆိုးဘုရင်အဆင့် အလတ်ပိုင်း ဖြစ်သည်။သူသည် ထိုနတ်မိစ္ဆာသားရဲထံမှ အန္တရာယ်ရှိသော အငွေ့အသက်တစ်ခုကို ခံစားလိုက်ရသည်။၎င်း၏စွမ်းအားသည် သူ့ထက် မြင့်နိုင်သည်။ထိုကြောင့် သူသည် ထိပ်တိုက် မရင်ဆိုင်ရဲဘဲ အလျင်အမြန် ရှောင်တိမ်းလိုက်သည်။

သူ အသက်မရှူနိုင်သေးခင်မှာပဲ နတ်မိစ္ဆာသားရဲ၏ မျက်လုံးထဲ၌ အနီရောင် အမုန်းတရားတစ်ခု လက်ခနဲ ဖြစ်သွားပြီး လျှပ်စီးကြောင်းတစ်ခု ထွက်ပေါ်လာသည်။ခါနီတာက အကာကွယ် မှော်မန္တန် မရွတ်ပြီးသေးခင်မှာပင် မိုးကြိုးပစ်ခံလိုက်ရသည်။လေမှော်ပညာကို နှစ်ပေါင်းများစွာ လေ့ကျင့်ထားပြီး လေဒြပ်စင်ခုခံမှု အတိုင်းအတာတစ်ခုအထိသာ ရှိ‌မနေခဲ့လျှင် ခါနီတာသည် နတ်မိစ္ဆာသားရဲ၏ လျှပ်စီးတိုက်ခိုက်မှုကို ခံနိုင်မည်မဟုတ်ပေ။ခါနီတာ ချက်ချင်းပင် မြေပေါ်လဲကျသွားသည်။သူ၏ နာကျင်နေသော ခန္ဓာကိုယ်ပေါ်တွင် လျှပ်စီးပွင့်များ ဖြစ်ပေါ်နေပြီး သွက်ချာပါဒ ဖြစ်သွား၏။

မူလက ခါနီတာသည် နတ်မိစ္ဆာသားရဲအား ထောင်ခြောက်ဆီသို့ တွန်းပို့ချင်ခဲ့သည်။မမျှော်လင့်ဘဲနှင့် နတ်မိစ္ဆာသားရဲ၏ ဉာဏ်ပညာသည် အတော်လေးမြင့်မားနေပြီး အလွန်လည်း ကြမ်းကြုတ်လှသည်။ခါနီတာ တစ်ခဏသာ သတိလွတ်သွားခဲ့ရာ မိုးကြိုးပစ်ခံလိုက်ရသည်။ရုတ်တရက် သူ မလှုပ်ရှားနိုင်တော့ပေ။နတ်မိစ္ဆာသားရဲ ချဉ်းကပ်လာသည်ကို မြင်သည့်အခါ သူသည် စိတ်ထဲ၌ အော်ဟစ်လိုက်မိတော့သည်။

ထိုအချိန်တွင် ခွေးဟောင်သံများ ပိုပို၍ နီးကပ်လာသည်။၎င်းအပေါ်သို့ အရိပ်နက်များ သုံးလေးခု ဘွားခနဲ ပေါ်ထွက်လာသည်။၎င်းတို့မှာ ရက်စက်ကြမ်းကြုတ်သော ဆဲဘရတ်စ်များ ဖြစ်ကြသည်။နတ်မိစ္ဆာသားရဲက ဆဲဘရတ်စ်များကို မကြောက်ပေ။သိုသော် ၎င်းသည် ဆိုလာနာကြောင့် အတော်များများ ထိခိုက်ထားသည့်အတွက် ဆက်မနေရဲတော့ပေ။၎င်းသည် ခါနီတာကို လက်လျှော့လိုက်ပြီး ဝေးဝေးပြေးသွားတော့သည်။

မိုးကြိုးတောင်ကြား၌ ခါနီတာ အရှုးနှင့် ရင်ဆိုင်နေရစဉ် မိုလင်မြို့မှ “ ကူးစက်ရောဂါ အရင်းအမြစ် ” အမှောင်နတ်သူငယ် အမျိုးသမီးနှင့် “ ကူးစက်ခံရသော ” တိုင်ခီတို့ကို တိတ်တဆိတ် လွှတ်ပေးလိုက်သည်။

ထိုအမှောင်နတ်သူငယ် အမျိုးသမီး၏နာမည်မှာ လီဆာ ဖြစ်သည်။သူသည် အတော်လေးလှပပြီး အဲဒက်စ်နှင့် ရုပ်ဆင်သည်။သူသည် အလွန်စိတ်ဓာတ်ကျနေပုံရသည်။သူသည် အဲဒက်စ်၏ ညီမဟုတ်မဟုတ် မသေချာသေးပေ။သူ အဲဒက်စ်နှင့်တွေ့သည့်အခါ အဖြေကို တွေ့ရမည် ဖြစ်သည်။တွန့်၏အစ်ကို တိုင်ခီ၏ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ အခြေအနေမှာ အတော်လေး ထူးခြားသည်။သူ့ကို အကျ‌ဉ်းထောင်ထဲမှ ခေါ်ထုတ်သွားသည့်အခါ မြေပေါ်တွင် ဒူးလေးနှင့်ဆင်တူသော ပုံကြမ်းအမျိုးမျိုးကို အမှန်တကယ် ရွေးဆွဲခဲ့သည်။အမှန်တကယ်ပင် သူသည် “ အလုပ်ကောင်းကောင်းကို ဂရုစိုက်မစိုက်သော ” သူပင် ဖြစ်လေသည်။သူသည် အကျဉ်းကျခံနေရသော်လည်း ထိုအရာများနှင့်ကစားချင်စိတ် ရှိနေသေးသည်။

အဝတ်အစားပြင်ဆင်ပြီးနောက် စနိုးဒင်သည် လီ‌ဆာနှင့် တိုင်ခီတို့အပြင် လူငယ်နှစ်ယောက်ကို အမှောင်လမြို့ ဟိုတယ်ဆီသို ခေါ်သွားသည်။သူသည် အရိပ်နက်အင်ပါယာ လမ်းကြောင်းအတိုင်း ဆမ်မြို့မှ အရိပ်နက်အင်ပါယာမြို့တော်သိုသွားပြီး လိုင်ရာမြို့သို့ သွားလိုက်သည်။လိုင်ရာမြို့မှတစ်ဆင့် အမှောင်လမြို့ အနောက်ပိုင်းသို့ သူတို့ရောက်သွားသည့်အခါ စနိုးဒင်သည် ရှီလန်တောင်မှ တင်ကို ထိုလူများ လွှဲပေးမည်ဖြစ်သည်။၎င်းသည် ချန်လွေ့၏ အစီအစဉ်ဖြစ်သည်။သူတိုသည် ကွေ့ပတ်သွားခဲ့သော်လည်း စနိုးဒင်သည် ခါနီတာ၏ အယုံကြည်ရဆုံး လူယုံဖြစ်သည်။သူ့ကို ဂျိုးဆက်ပ်ဘက်မှ လူတော်တော်များများက သိကြသည်။အကယ်၍ သူတို့သာ မော်‌ဒိုမြို့လမ်းကြောင်းအတိုင်းသွားလျှင် လူသိသွားနိုင်ပေသည်။ထို့ကြောင့် ထိုလမ်းအတိုင်း သူတိုသွားခဲ့ခြင်း ဖြစ်သည်။ထိုပြင် ၎င်းသည် အတော်လေး ဘေးကင်းပြီး တင်အတွက် လူများကို ယာယီကိုင်တွယ်ရန် သင့်တော်ပေသည်။

ဆမ်မြူရယ်သည် လျိုဝှက်အကျဉ်းထောင်၌သာ ခါနီတာ၏ ထောင်ကြပ်အဖြစ် ကျန်ရှိနေခဲ့သည်။ဆမ်မြူရယ်နှင့် တွေ့ဆုံခြင်းသည် ချန်လွေ့အတွက် အကြီးမားဆုံး ရရှိမှုပင်ဖြစ်သည်။သူသည် သူ၏ “ဘဝသမိုင်းကြောင်း”ကို သိခဲ့ရုံသာမက မဟာနတ်ဆိုးဘုရင်အဆင့် နောက်လိုက်တစ်ယောက်ကိုလည်း လက်ခံရရှိခဲ့သည်။အရေးကြီးဆုံးမှာ ဆမ်မြူရယ် ပေါ်ထွက်လာခြင်းသည် ချန်လွေ့၏ အကြီးမားဆုံးအကြံအစည်အတွက် အလိုအပ်ဆုံး အထောက်အပံ့ ပေးနိုင်ခဲ့ခြင်း ဖြစ်သည်။သူ၏ နောက်ထပ် အရေးကြီးသောလှုပ်ရှားမှုကို ယခုတွင် အမှန်တကယ် ဆောင်ရွက်၍ရလေပြီ။

ထိုလုပ်ရပ်သည် မိုလင်မြို့တွင် စတင်မည်ဖြစ်သည်။

ယခုတွင် ချန်လွေ့အတွက် အရေးကြီးဆုံးမှာ အမှောင်လသို့ ပြန်လာရန်ဖြစ်သည်။သူသည် စနိုးဒင်၊တိုင်ခီနှင့် အခြားသူများနှင့်အတူ ထွက်မသွားခဲ့ဘဲ မိုးကြိုးတောင်ကြားသို သွားခဲ့သည်။နတ်မိစ္ဆာသားရဲသည် ပစ္စည်းကောင်းတစ်ခုပင် ဖြစ်သည်။အကယ်၍ ၎င်းကို သူမရနိုင်လျှင် ခါနီတာကိုလည်း ရခွင့်မပေးနိုင်ပေ။

သူ၏ နောက်ဆုံး ပြီးပြည့်စုံသော အကြံအစည်တွင် ခါနီတာသည် အခွန်ငွေလိုအပ်မှုကို ထိန်းသိမ်းရန်အတွက် ငွေကြေးအမြောက်အမြား လိုအပ်နေပြီး စီးပွားရေးကပ်ဘေးကို ဖြေလျှော့ရန် နတ်မိစ္ဆာသားရဲကို ရယူချင်နေသည်။

နတ်မိစ္ဆာသားရဲက ၎င်းသည် နှစ်ဖက်စလုံး၏ ပစ်မှတ်ဖြစ်သွားကြောင်းကို မသိခဲ့ပေ။၎င်းသည် အသည်းအသန် ပြေးလွှားနေပြီး ခန္ဓာကိုယ်ပေါ်၌ ဒဏ်ရာအများအပြား ရှိနေသည်။၎င်း၏ အထူးခန္ဓာအမျိုးအစားကြောင့် မိုးကြိုးတောင်ကြားရှိ ရှားပါး ကိုရိုသစ်သီးကို လိုအပ်နေသည်။၎င်းသည် သူ၏ သက်လုံကို ဖြည့်တင်းပေရုံနိုင်သာမက မှော်စွမ်းအားနှင့် ဒဏ်ရာများကိုလည်း ပြန်ကောင်းစေနိုင်သည်။

နောက်ဆုံး၌ စမ်းချောင်းဘေး ကျောက်‌တောင်တစ်ခုပေါ်တွင် မောပန်းနေသော နတ်မိစ္ဆာသားရဲက ကိုရိုသစ်သီး တစ်တွဲကို ရှာတွေ့သွားသည်။နွယ်ပင်မှ နီဖျော့ဖျော့ သစ်သီးများ တွဲလောင်းကျနေပြီး အထူးကောင်းမွန်သော ကျောက်မြက်တစ်ခု ကဲ့သိုပင် ဖြစ်နေသည်။

“ သစ်သီးလေး ”

နတ်မိစ္ဆာသားရဲက စိတ်လှုပ်တရှားနှင့် ကိုရိုသစ်သီးဆီသို့ လမ်းလျှောက်လာသည်။

စမ်းချောင်းကို ဖြတ်သန်းပြီးနောက် နတ်မိစ္ဆာသားရဲ ရုတ်တရက် ရပ်တန့်သွားသည်။ကျောက်တောင်ပေါ်တွင် တစ်စုံတစ်ယောက် သမ်းဝေနေ၏။

ရန်သူပဲ။သူဘယ်တုန်းက ရောက်လာတာလဲ။

သူက အစွမ်းထက်တဲ့ ရန်သူပဲ ဖြစ်ရမယ်။

နတ်မိစ္ဆာသားရဲ၏မျက်လုံးများ အနီရောင် တောက်သွားသည်။ရက်ပေါင်းအတော်တော်များများ ပြေးလွှားနေရသည့်အတွက် ၎င်း၏ရုပ်ပိုင်းဆိုင်ရာနှင့် မှော်စွမ်းအားတိုသည် ကုန်ခမ်းလုနီးပါး ဖြစ်နေခဲ့သည်။သိုသော် သူ၏မျက်လုံးထဲရှိ မုန်တီးမှုမှာ ပို၍ပို၍ ပြင်းထန်လာသည်။နတ်မိစ္ဆာသားရဲ၏ သဘာဝအလျောက် ရက်စက်ကြမ်းကြုတ်မှုအရ သေရမည်ဆိုသည့်တိုင် ထိုရန်သူများထံ အညံ့ခံမည် မဟုတ်ပေ။

ထူးဆန်းစွာပင် မြေပေါ်တွင် ထိုင်နေသော ထိုလူသည် မတိုက်ခိုက်ဘဲ အကြောဆန့်ကာ မတ်တပ်ရပ်လိုက်ပြီး ကိုယ့်ကိုယ်ကိုယ် စကားအနည်းငယ် တီးတိုးပြောနေခဲ့သည်။သူသည် အမှန်တကယ်ပင် ကိုရိုသစ်သီးဆီသို လမ်းလျှောက်သွားပြီး ခူးယူလိုက်သည်။နတ်မိစ္ဆာသားရဲ တုန်လှုပ်သွား၏။၎င်းသည် လက်ကျန်စွမ်းအားများကို ဖြည်းဖြည်းချင်း စုစည်းကာ နှာမှုတ်ပြီး နောက်ဆုံးတိုက်ခိုက်ရန် ပြင်ဆင်နေတော့သည်။

“ မြင်းနက်လေး။ဘာဖြစ်လိုလဲ။ ”

နတ်မိစ္ဆာသားရဲ၏ ခေါင်းထဲသို ရန်သူ၏အသံ ရုတ်တရက် ရောက်ရှိလာသည်။၎င်းသည် ယခုတွင် နတ်မိစ္ဆာသားရဲပုံစံ မဟုတ်။ထိုကြောင့် သာမန် မှော်မြင်းနက်တစ်ကောင်နှင့် တူနေသည်။

နတ်မိစ္ဆာသားရဲက ထိုသူသည် မိမိနှင့် တိုက်ရိုက် ဆက်သွယ်စကားပြောနိုင်မည်ဟု မထင်ထားခဲ့ပေ။၎င်းသည် သတိထားပြီး နောက်ဆုတ်သွားသည်။ထိုလူသည် ကိုရိုသစ်သီးကို မြှောက်ပြပြီး ပြုံးကာ ပြောသည်။

“ မင်းက ဒီသစ်သီးကို စားချင်တာလား။ ”

“ သ‌စ်သီးလေး ”

နတ်မိစ္ဆာသားရဲ ပင့်သက်ရှိက်ပြီး ထိုလူ၏လက်ထဲမှ သစ်သီးကို အနီးကပ် စိုက်ကြည့်နေသည်။

“ အစကတော့ ငါစားချင်နေတာ.....။ထားလိုက်ပါ။ရော့။ ”

ထိုလူက အမှန်တကယ်ပင် သစ်သီးကို ပစ်ပေးသည်။နတ်မိစ္ဆာသားရဲက ခုန်လွှားပြီး မြန်ဆန်သော ငရဲခွေးတစ်ကောင်ကဲ့သိုပင် သစ်သီးကို လေထဲ၌ ကိုက်ဖမ်းလိုက်သည်။

နတ်မိစ္ဆာသားရဲ၏ အသိဉာဏ်သည် မနိမ့်ကျပေ။၎င်းသည် စားနေသော်လည်း တစ်ဖက်လူကို အမြဲပင် သတိထားနေသည်။သိုရာတွင် စားပြီးသွားသော်လည်း ထိုလူ မလှုပ်ရှားသေးပေ။နတ်မိစ္ဆာသားရဲ၏ ရန်လိုမှု အနည်းငယ် လျော့ကျသွား၏။၎င်းသည် သစ်သီးကို ဝါးမျိုပြီး စမ်းရေအချို သောက်လိုက်သည်။၎င်း ထွက်သွားတော့မည် ပြင်လိုက်စဉ် ထိုလူ၏အသံကို ၎င်း၏ခေါင်းထဲ၌ ကြားလိုက်ရပြန်သည်။

“ မြင်းနက်လေး။သစ်သီးကြိုက်တာလား။ငါ့မှာ နည်းနည်းရှိတယ်။စားချင်လား။ ”

နတ်မိစ္ဆာသားရဲ၏နှာခေါင်း ရုတ်တရက် ရှုတွသွားသည်။၎င်း၏မျက်လုံးများသည် ချန်လွေ့၏လက်ထဲရှိ သစ်သီးပေါ်ရောက်သွားပြီး အကြည့်မလွှနိုင်တော့ပေ။ထိုသစ်သီးမှ ထုတ်လွှတ်နေသော စွမ်းအားအငွေ့အသက်သည် ကိုရိုသစ်သီးထက် အဆပေါင်းများစွာ ပြင်းထန်သည်။၎င်းသည် မိုးကြိုးတောင်ကြား၌ အချိန်အတော်ကြာအောင် နေခဲ့ဖူးသော်လည်း ထိုသစ်သီးကို ယခုမှ ပထမဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်သည်။

“ သစ်သီလေး ”

အားအင်ဖြည့်တင်းရန်အတွက်ဖြစ်စေ၊ ဝမ်းဗိုက်ပြည့်ရန်အတွက်ဖြစ်‌စေ၊ ကိုရိုသစ်သီးမှာ လုံးဝ မလုံလောက်ပေ။နတ်မိစ္ဆာသားရဲသည် ထိုလူ၏ လက်ထဲမှ သစ်သီးကိုကြည့်ရင်း သွားရည်ယိုလာခဲ့သည်။ ဒီလူ့မှာ မကောင်းတဲ့ ရည်ရွယ်ချက်တွေ မရှိလောက်ဘူး။ဒါပေမဲ့ သူက လွယ်လွယ်နဲ့ သွားရှုပ်လိုရတဲ့သူလည်း ဟုတ်မယ်မထင်ဘူး။အဲဒါကို အတင်းလုယူဖို ခက်ခဲလောက်တယ်။

“ မြင်းနက်လေး။ရော့။ ”

ထိုလူ ပြုံးပြီး သစ်သီးကို ပစ်ပေးလိုက်သည်။နတ်မိစ္ဆာသားရဲသည် ၎င်းကို လေထဲ၌ ဖမ်းမကိုက်တော့ဘဲ မြေပေါ်သိုပြုတ်ကျကာ ကွဲသွားစေလိုက်သည်။သိုသော်လည်း ၎င်းသည် ဆွဲဆောင်နေသည့် ရနံ့ကို တောင့်မခံထားနိုင်ပေ။နောက်ဆုံး၌ သုံးလေးကိုက် ကိုက်ပြီးနောက်တွင် ၎င်းသည် မထိန်းနိုင်တော့ဘဲ အကုန်စားပစ်လိုက်တော့သည်။

နတ်မိစ္ဆာသားရဲ ခေါင်းမော့လိုက်သည်နှင့် မူလက ကျောက်တောင်ပေါ်တွင် ရှိနေသောသူသည် ၎င်း၏အရှေ့၌ ပေါ်ထွက်လာသည်။နတ်မိစ္ဆာသားရဲ ထိတ်လန့်သွားပြီး တုံပြန်ရန်ပြင်လိုက်စဉ် ထိုလူက နောက်ထပ်သစ်သီးတစ်လုံး ကမ်းပေးလိုက်သည်။

“ ကွဲသွားရင် အရသာမကောင်းတော့ဘူး။ရော့။ ”

သစ်သီး၏ရနံ့နှင့် ၎င်း၏အသိစိတ်ထဲ၌ ခံစားရသော ကြင်နာမှုတိုသည် နတ်မိစ္ဆာမျက်လုံး၏ တုံဆိုင်းမှုကို ပျောက်ကွယ်သွားစေပြီး ထိုလူ၏ လက်ထဲမှ သစ်သီးများကို စားနေလိုက်သည်။၎င်းသည် တစ်ခါတည်း သုံးလေးလုံး စားခဲ့သည်။ထိုလူအပေါ် ၎င်း၏အမြင်ကောင်းမှုသည် အဆုံးစွန်ထိ တိုးမြင့်သွားခဲ့သည်။၎င်းသည် ထိုလူ၏ အသာအယာ ထိတွေ့မှုကိုပင် မခုခံခဲ့ပေ။

“ မြင်းနက်လေး။မင်း ဘယ်လို ဒဏ်ရာရသွားတာလဲ။ငါမင်းကို ကုပေးမယ်။ ”

ထိုလူက ပုလင်းတစ်လုံးထုတ်ပြီး ၎င်း၏ဒဏ်ရာပေါ် လောင်းချလိုက်သည်။အေးပြီး သက်တောင့်သက်သာဖြစ်သော ခံစားချက်တစ်ခု ဖြစ်လာကာ ဒဏ်ရာပြန်ကောင်းနှုန်းမှာလည်း သိသိသာသာ မြန်ဆန်လာခဲ့သည်။

နတ်မိစ္ဆာသားရဲသည် နှာမှုတ်ပြီး ထိုလူကို ရင်းရင်းနှီးနှီး ပွတ်သပ်လိုက်သည်။ ဒီလူက အစွမ်းထက်ပေမဲ့ ရန်သူမဟုတ်ဘူး။ပြီးတော့လည်း သူက တကယ့် လူကောင်းတစ်ယောက်ပဲ။

ထိုလူမှာ ချန်လွေ့ပင် ဖြစ်၏။သူသည် မိုးကြိုးတောင်ကြားသို့လာရန်အတွက် အချိန်တစ်ရက် ကြာသွားခဲ့သည်။ရည်ရွယ်ချက်မှာ နတ်မိစ္ဆာသားရဲကိုတွေ့ရန် ဖြစ်သည်။တိုက်ဆိုင်စွာပင် သူသည် မြင်းနက်လေးနှင့် ဆုံတွေ့ခဲ့သည်။အစက ၎င်းကို ချန်လွေ့ အာရုံမစိုက်ခဲ့ပေ။[ သရုပ်ခွဲမျက်လုံး ] က သက်ဆိုင်ရာ အချက်အလက်များ ပြသသည့် အခါမှသာ ချန်လွေ့ အာရုံစိုက်လာခဲ့သည်။

မျိုးနွယ် - နတ်မိစ္ဆာသားရဲ (သန္ဓေပြောင်း)။

စွမ်းအားအကဲဖြတ်မှု - [ C+ ]

ခန္ဓာအမျိုးအစား - [ C + ]

ခွန်အား - [ C ]

စိတ်ဝိညာဉ် - [ C+ ]

မြန်ဆန်မှု - [ B- ]

[ သရုပ်ခွဲမျက်လုံး ] က နတ်မိစ္ဆာသားရဲ၏ စွမ်းအားကို နတ်ဆိုးဘုရင်အဆင့် ထိပ်သီးပိုင်းဟု ပြသပြီး ၎င်း၏မြန်ဆန်မှုသည် မဟာနတ်ဆိုးဘုရင်အဆင့်သို ရောက်ရှိနေသည်။သိုသော် အပေါ်ယံတွင် ၎င်းပြသသော အငွေ့အသက်သည် အလယ်ဆင့် နတ်ဆိုးသာဖြစ်သည်။ထိုနတ်မိစ္ဆာသားရဲ၏ သန္ဓေပြောင်း သွေးမျိုးဆက်အစွမ်းတစ်ခုသည် အငွေ့အသက်ကို ဖုံးကွယ်နိုင်ခြင်း ဖြစ်ပုံရသည်။

[ အသက်အောင့် ] နဲ့ [ ရုပ်ဖျက်ခြင်း ] ကို တတ်တဲ့ နတ်ဆိုးသားရဲတစ်ကောင်လား။

All Chapters