← Chapters

ငြိမ်ဝပ်ပိပြားရေး အရာရှိ၏ ခြံဝင်း

Vol. 21 Ch. 305

ငြိမ်ဝပ်ပိပြားရေး အရာရှိ၏ ခြံဝင်း

Vol. 21 Ch. 305

ချန်လွေ့သည် လီဗျာသန် တော်ဝင်မိသားစု၏ အာဏာလုယက်မှုအကြောင်း ဘာကိုမျှ မသိပေ။ထိုအချိန်၌ သူသည် မြင်းနက်လေးကိုစီးရင်း မော်ဒိုမြို့မှ ထွက်သွားသည်။ခဏ အကြာတွင် သူသည် ဆေးရည်ပညာရှင်ဟူသော ဂုဏ်ပုဒ်နှင့် မြင်းနက်လေး၏ အသွင်အပြင်၊အငွေ့အသက်နှင့်အတူ နယ်စပ်ကို ချောချောမွေ့မွေ့ ဖြတ်သန်းနိုင်ခဲ့ပြီး အမှောင်လပိုင်နက်သို့ ဝင်ရောက်လာခဲ့သည်။

အရိပ်နက်အင်ပါယာ၌ ပြောင်းလဲမှု အများအပြားနှင့် စွန့်စားခန်းများ ပြီးပြီးနောက်တွင် အသီနာအပေါ် ချန်လွေ့၏ သတိရစိတ်များ ပိုပိုပြင်းထန်လာသည်။အသီနာကိုသာမက ခီရာ၊ရှီရာ၊အဲလစ်၊ပါ့ဂ်လီအိုနှင့် အခြားသူများကိုလည်း သတိရနေသည်။

နတ်မိစ္ဆာသားရဲသည် မြန်ဆန်လှသည်။သုံးရက်ကြာပြီးနောက် မြင်းနက်လေး၏ပုံရိပ်သည် အမှောင်လ အရှေ့ဘက်ဂိတ်တံခါး၌ ပေါ်ထွက်လာသည်။အလင်းရောင် သိပ်မရှိသော ညနေခင်းမှာပင် ချန်လွေ့သည် မြို့စောင့်များ၏ အသွင်အပြင်နှင့် အမူအကျင့်များ သိသိသာသာ ပြောင်းလဲသွားကြောင်းကို မြင်နေရသည်။ထိုလေ့ကျင့်ရေး အတောအတွင်း စုစုပေါင်း အရည်အသွေးများ တဟုန်ထိုး တိုးတက်လာခဲ့ပုံရသည်။

လမ်းတစ်လျှောက် စျေးဆိုင်များသည်လည်း ညစျေးစတင်ရန်အတွက် အလျင်အမြန် ပြင်ဆင်နေကြသည်။ဝတ်ရုံဂိုဏ်းဦးဆောင်၍ ညစျေးဖွင့်ပြီးကတည်းက အမှောင်လမြို့မှ လူတိုင်း၏ တညီတညွတ်တည်း ချီးမွမ်းမှုကို ရရှိခဲ့သည်။၎င်းသည် ညပိုင်းထွက်ရသည်ကို နှစ်ခြိုက်သော နတ်ဆိုးများအတွက် အကြိုက်ဆုံးနေရာတစ်ခု ဖြစ်လာခဲ့သည်။၎င်းသည် စီးပွားရေးနှင့် သုံးစွဲမှုများကိုလည်း အကျိုးရှိရှိ မြှင့်တင်ပေးခဲ့သည်။

လက်ရှိတွင် ညစျေးကို အနောက်တောင်ပိုင်းနှင့် အ‌ရှေ့တောင်ပိုင်းဟူ၍ နှစ်ပိုင်း ပိုင်းထားသည်။အနောက်တောင်ပိုင်းကို ကုန်သည်အသေးများနှင့် လက်ပွေ့ရောင်းသူများ လွှမ်းမိုးထားပြီး အရှေ့တောင်ပိုင်းသည် အလယ်အလတ်နှင့် အကြီးစား ကုန်သည်များ အတွက် ဆုံမှတ် ရောင်းဝယ်ရေးနေရာ ဖြစ်သည်။တစ်ခုစီတွင် ကိုယ်ပိုင်လက္ခဏာများ ရှိကြသည်။အုပ်ချုပ်သူဖြစ်သော ဝတ်ရုံဂိုဏ်းသည်လည်း ဘဏ္ဍာရေး အမြောက်အမြား တိုးပွားလာခဲ့သည်။ဟော့ပေါ့ စားသောက်ဆိုင်သည် နာမည်ကြီးနေဆဲပင် ဖြစ်သည်။ ၎င်းကို ဆိုင်ခွဲသုံးခုဖွင့်ထားပြီး အမှောင်လ၏ “ အထူးဟင်းပွဲ ” ဖြစ်လာခဲ့သည်။

စီးပွားရေးသမားများသည်လည်း လူသားလောက၌သာ ရရှိနိုင်သော ကဏ္ဍအသစ် တစ်ခု ဖွင့်လှစ်ခဲ့သည်။သူတို့သည် လွတ်လွတ်လပ်လပ် လည်ပတ်နိုင်ရန်အတွက် အခွန်နှင့် ဝတ်ရုံဂိုဏ်း၏ ကာကွယ်ကြေးသာ ပေးရသည်။သူတို့သည် ယခင်ကဲ့သို့ အမျိုးမျိုးသော “ဆိုင်ရာပိုင်ရာကြေး” နှင့် ငွေညစ်မှုများကို စိုးရိမ်စရာ မလိုအပ်တော့‌ပေ။ထို့ကြောင့် သူတို့၏ စိတ်အားထက်သန်မှု ပိုမိုတိုးတက်လာခဲ့သည်။

ချန်လွေ့သည် အရိပ်နက်အင်ပါယာ၏ အထူးထုတ်ကုန်များကို ရောင်းချသော ဆိုင်အသစ် တစ်ဆိုင်ကိုလည်း တွေ့သွားခဲ့သည်။ဆယ်လင်းသည် ကတ်စတာမိသားစု၏ ဆက်ခံသူ ဖြစ်လာပြီးနောက် ခရော့ လွှဲပေးသော အာဏာကို ဖြည်းဖြည်းချင်း လက်လွှဲယူခဲ့သည်။ သူ၏ ဦးဆောင်မှုအောက်တွင် ကတ်စတာမိသားစု၏ လှုပ်ရှားမှုများ စတင်လာခဲ့သည်။ အမှောင်လ နှင့် အရိပ်နက် အင်ပါယာကြားရှိ ကုန်သွယ်ရေး ပထမအဆင့်ကို အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ခဲ့လေပြီ။

ကတ်စတာမိသားစုဖြင့် အမှောင်လက အရိပ်နက်အင်ပါယာမှ အစားအစာ ဝယ်ယူခြင်းသည် အလွန်ချောမွေ့သွားခဲ့သည်။အကောင်းဘက်မှကြည့်လျှင် ရှီရာသည် မြို့တော်၏ အစားအစာ အရေးယူမှုကို ဖြေရှင်းနိုင်ပြီ ဖြစ်သည်။

သို့သော် အစားအစာ အရေးယူခြင်းသည် မြို့တော်၏ နည်းလမ်းတစ်ခုသာ ဖြစ်သည်။ သူတို့သာ အနိမ့်မှ ခုခံနေဦးမည်ဆိုလျှင် ထိုကဲ့သို့ တစ်ဆင့်ချင်း ဖိနှိပ်မှုအောက်တွင် အမှောင်လမြို့ လုံးဝကွဲကြေကာ အစိတ်စိတ် အမွှာမွှာ ဖြစ်သွားပေမည်။ထို့ကြောင့် သူတို့သည် တန်ပြန် တိုက်ခိုက်ရန် နည်းလမ်းများ ရှာရပေမည်။

မိုလင်မြို့မှ ကိစ္စများဖြစ်ပြီးနောက်တွင် အရေးအကြီးဆုံး အစီအစဉ်ကို အကောင်အထည် ဖော်ရန် တဖြည်းဖြည်း နီးကပ်လာပြီဖြစ်သည်။အစီအစဉ် တစ်ခုလုံး အောင်မြင်သွားလျှင် ရှီရာသည် တစ်ဆင့်ချင်း ဧကရီ ဖြစ်သွားပေမည်။သူသည် ကြယ်ကြွေတမန် အင်ပါယာကို လွှမ်းမိုးနိုင်ပြီး အခြားအင်ပါယာနှစ်ခုနှင့် တန်းတူ ရပ်တည်နိုင်မည် ဖြစ်သည်။

ပြဿနာမှာ နောက်နှစ်ပေါင်းနှစ်ရာတွင် နတ်ဆိုးဘုံနှင့် လူသားဘုံတို့ ဧရာမ စစ်ပွဲကြီး ဖြစ်လာနိုင်ပြီး ကြယ်ကြွေတမန် အင်ပါယာလည်း သေချာပေါက် ဝင်ပါမည် ဖြစ်သည်။ မည်သည့်ဘက်က အနိုင်ရစေကာမူ လူသားဖြစ်သော ချန်လွေ့အတွက် အထူးသဖြင့် “လူသား သိဒ္ဓိအင်ပါယာ၏ မင်းသား”လည်း ဖြစ်သည့်အတွက် မည်သည်ကမှ ရလာဒ်ကောင်း မဟုတ်ပေ။ထို့ပြင် ချန်လွေ့၏သက်တမ်းသည် အနည်းဆုံး နှစ်ပေါင်း ထောင်သောင်းချီ ဖြစ်သည်။ထို့ကြောင့် ထိုကဲ့သို့ စိတ်ရှုပ်စရာများ ဆက်လက် ဖြစ်ပွား လာနိုင်ပေသည်.......

၎င်းကိုစဉ်းစားနေရင်း ချန်လွေ့ခေါင်းကိုက်သွား၏။ ဒါပေမဲ့ အချိန်ကျရင် အားလုံး အဆင်ပြေသွားမှာပါ။ဘယ်လိုပဲဖြစ်ဖြစ် နှစ်ပေါင်းနှစ်ရာ ကျန်နေသေးတာပဲ။နောက်မှ ငါစဉ်းစားလိုက်တော့မယ်။

ချန်လွေ့သည် မြင်းနက်လေးအား ငြိမ်ဝပ်ပိပြားရေး အရာရှိအိမ်သို့ တစ်ခါတည်း သွားခိုင်းလိုက်သည်။

လူသားအရာရှိ သတိလစ်နေသည်မှာ အချိန်အတော်ကြာနေပြီး ဧည့်သည်များ နည်းသထက် နည်းလာခဲ့သည်။အရာရှိချစ်သူ အသီနာကို ငြိမ်ဝပ်ပိပြားရေးအရာရှိ ကိုယ်စားလှယ်အဖြစ် ခန့်အပ်လိုက်ရာ နတ်ဆိုးအများအပြားက နေမကောင်းသော “လူသား”ဆီသို့ ရုတ်တရက် လာလည်ကြတော့သည်။သို့သော်လည်း သူတို့အားလုံးကို အသီနာက ငြင်းပယ်ခဲ့သည်။တစ်စုံတစ်ယောက်၏ အပြုအမူသည် လူမှုအခြေအနေပေါ် မူတည်၍ ပြောင်းလဲမှုရှိသည်။၎င်းသည် လောက၏ ကြောင်သူတော် သဘောတရားပင် ဖြစ်သည်။ မည်သည့်နေရာ၌မဆို ထိုကဲ့သို့ပင် ဖြစ်သည်။

အရာရှိအိမ်သည် မသေးလှသော်လည်း နေရာသည် အတော်လေး ခေါင်သည်။ အမှောင်လမှ လူများက ထိုမှုန်မှိုင်းသော အိမ်တွင် မည်သည့်အစောင့်များ၊အစေခံများ မရှိကြောင်းသိသည်။မကောင်းသော အကြံအစည် ရှိသူများသည် အိမ်ထဲသို့ ဖောက်ဝင်ရန် ကြိုးစားကြသည်။သို့သော်လည်း လေထဲသို့ ပျောက်ကွယ်သွားရသည်။ထိုနေရာတွင် မင်းသမီးရှီရာ လက်အောက်ရှိ အကြီးအကဲ ဂါ့စ်၏ အစွမ်းထက် မှော်စက်ဝိုင်းများ ပြည့်နှက်နေသည်ဟု ပြောစမှတ်ပြုကြသည်။ထိုနေရာသို့ မဒမ်-အသီနာ၏ ခွင့်ပြုချက် မရှိဘဲ မည်သူမှ မဝင်ရဲကြပေ။အမှန်တကယ်၌ ထိုမှော်စက်ဝိုင်းများကို ပြုလုပ်ထားသူနှင့် ယှဉ်လျှင် ဆာ-ဂါ့စ်ကို ပုရွက်ဆိတ်အနေဖြင့်သာ သတ်မှတ်နိုင်ပေသည်။

ချန်လွေ့သည် အိမ်ထဲသို့ အလွယ်တကူ ဝင်ရောက်သွားခဲ့သည်။သူသည် နှစ်ခါလှည့်ပြီး ခြံဝင်းထဲသို့ အလွယ်လေး ရောက်လာသည်။အခြားသူ တစ်ယောက်သာဆိုလျှင် နဂါးထွင်းစာ သို့မဟုတ် အစောင့်အရှောက် နွယ်ပင်များ၏ “ရင်းနှီးသော ထိတွေ့မှု”ကို ခြေလှမ်းသုံးလှမ်းအတွင်း ခံစားရပေလိမ့်သည်။

ခြံဝင်းထဲ ဝင်သွားပြီးနောက် ချန်လွေ့သည် ဒေလီယာနှင့် စကားပြောရင်း တောင်းတောင်းပန်ပန်နှင့် ပြုံးနေသော ရိုမန်ကို တွေ့လိုက်ရသည်။တစ်ဖက်တွင် ဒိုဒိုနှင့် ပါ့ဂ်လီအိုတို့ ရှိနေကြပြီး ကျေနပ်အားရနေကြသည်။သို့သော် အသီနာကိုမူ ချန်လွေ့ မတွေ့ခဲ့ရပေ။

သူတို့သည် မျှော်လင့်ထားသော အသီနာမဟုတ်ဘဲ “မဟာနတ်ဆိုး” တစ်ယောက်က မြင်းတစ်ကောင်ဖြင့် ရောက်လာကြောင်း‌ တွေ့လိုက်ရာ အားလုံး အံ့အားသင့်သွားကြသည်။

ပါ့ဂ်လီအိုက အမြန်ဆုံး တုံ့ပြန်လိုက်သည်။သူက ပြုံးဖြီးဖြီးလုပ်ရင်း ခွက်ကို မြှောက်ပြလိုက်သည်။ချွဲကျိကောင်ကလည်း အလျင်အမြန်ပင် ဝိုင်ခွက်ကို အပြည့် ဖြည့်ပေးလိုက်သည်။

“ဘယ်သူ ပြန်ရောက်လာလဲ ကြည့်ပါဦး။”

ရိုမန်လည်း တုံ့ပြန်လိုက်သည်။ချန်လွေ့ မျက်နှာ မပြောင်းလဲသေးခင်မှာပင် ရိုမန်က ကောက်ကျစ်သောအပြုံးဖြင့် လမ်းလျှောက်လာသည်။

“ နတ်ဆိုးဘုံကို တုန်လှုပ်သွားစေတဲ့ သုံးသွယ်-အထူးပြု ယန္တရာဆရာသခင်လား။ချီးကွာ။ မင်းက ဒီလောကဆီကို နတ်ဆိုးဘုရားသခင် လွှင့်ပစ်လိုက်တဲ့ တရားမဝင်သားများလား။ ”

ပါ့ဂ်လီအိုလည်း ထိုကဲ့သို့ပင် ခံစားရခဲ့သည်။သို့သော်လည်း ချန်လွေ့နှင့် ပထမဆုံး တွေ့ခဲ့ရသောသူ ဖြစ်သည့်အလျောက် သူသည် “ ကြိုးစားလေ့ကျင့် ” ခဲ့ရသည်။သူသည် ၎င်းကို ပိုမိုကျင့်သားရနေပြီ ဖြစ်သည်။ရိုမန် အပိုလုပ်နေခြင်းသည် ယခင်က ပါ့ဂ်လီအို ကဲ့သို့ပင် ဖြစ်နေသည်။ ပါ့ဂ်လီအိုသည် ထိုနေရာ၌ပင် လေးလေးနက်နက် ပြုံးနေပြီး နဂါးတစ်ကောင်၏ အမူအကျင့်ကို ပြသနေလိုက်သည်။

“ ငါဘာလို့ အချဉ်နံ့ ရနေတာလဲ။ဘယ်တုန်းက ပျင်းရိခြင်း တော်ဝင်မိသားစုနဲ့ မနာလိုခြင်းက တွဲသွားရတာလဲ။ ”

ချန်လွေ့က မူလမျက်နှာအတိုင်း ပြန်ပြောင်းလိုက်သည်။

“ ဒေလီယာ။ဒီကောင်က ဘယ်ဖီဂေါ တော်ဝင်မိသားစုထဲကို ခိုးဝင်လာတဲ့ မနာလိုခြင်း တော်ဝင်မိသားစုရဲ့ သူလျှိုမဟုတ်ဘူးဆိုတာ သေချာရဲ့လား။ ”

“ သေချာပါတယ်။ခေါင်းဆောင်။ ”

အသံတိတ်ညစိမ့်မြေသို့ စုပေါင်းသွားခဲ့ခြင်း ပြီးစီးသွားသည်မှာ အတော်ကြာပြီ ဖြစ်သော်လည်း ဒေလီယာသည် ချန်လွေ့အား ခေါင်းဆောင်ဟု ခေါ်ရခြင်းကို အကျင့်ဖြစ်နေတုန်းပင် ဖြစ်သည်။သူက လေးလေးနက်နက် ပြန်ဖြေလိုက်သည်။သူ၏ မျက်လုံးများထဲ၌ ခပ်နောက်နောက် အရိပ်အယောင်များလည်း ရှိနေသည်။

“ ဒီလိုမျိုး ငတုံးတစ်ယောက်က............”

ဒေလီယာ မပြောပြီးသေးခင်မှာပင် ရိုမန်က ဝမ်းနည်းစွာ ပြောသည်။

“ ဒါပေမဲ့ ငါကလည်း မနာလိုခြင်း တော်ဝင်မိသားစုရဲ့ သမက်လေ...... ”

“ ဟွန့်။အရှက်မရှိတဲ့သူ။ ”

ဒေလီယာ ရှက်သွားပြီးနောက် ပါ့ဂ်လီအိုဘက်သို့ လှည့်ကာ ပြောလိုက်သည်။

“ ဒိုဒို ”

သခင် ပြ‌န်ရောက်လာကြောင်း သိသော်လည်း ဒိုဒိုသည် စကားဝိုင်းထဲသို့ ချက်ချင်း မဝင်ရောက်နိုင်ခဲ့ပေ။ဒေလီယာ ခေါ်သည်ကို ကြားလိုက်သည်နှင့် သူသည် ချက်ချင်းပင် ရိုမန်အသွင်ပြောင်းပြီး ကြွားလုံးထုတ်လိုက်သည်။

“ ဒါက တော်တော် မတရားတာပဲ။ ”

ရိုမန်အသွင် ပြောင်းထားသော ဒိုဒိုက အခွင့်အရေးယူပြီး ဝိုင်တစ်ငုံ သောက်လိုက်ကာ ကောင်းကင်ကို မော့ကြည့်လိုက်သည်။

“ နတ်ဆိုးဘုရားသခင်။အသင့်ရဲ့ မိန်းမအားလုံးကို ဖမ်းစားနိုင်တဲ့ အနန္တ ဘယ်မျက်လုံးကို ဖွင့်ပြီးတော့ အသင့်ရဲ့ ယုံကြည်သူကို ကောင်းချီးပေးတော်မူပါ။မိန်းမလှလေး တစ်ယောက်နဲ့ ပရောပရည်လုပ်တာကို ‌‌‌ဒေလီယာ မိသွားခဲ့တယ်။မဖြစ်ဘူး။ငါ သစ်ပင် တစ်ပင်တည်းမှာ အချိတ်မခံနိုင်ဘူး။သစ်တောတစ်တောလုံး လိုချင်တယ်။ ”

“ ရှင် သစ်တောတစ်တောလုံး သွားရှာတာ ပိုကောင်းမယ်။ကျွန်မရဲ့ သစ်ပင်က ရှင့်ကို မကြိုဆိုဘူး။ ”

‌‌ဒေလီယာက ကြက်သေသေနေသော ရိုမန်ကို ကိုးရိုးကားရားနှင့် ကြည့်လိုက်သည်။ထို့နောက် ခေါင်းခေါက်လိုက်သည်။

“ အားလုံး ပြီးသွားပြီလို့ မပြောနဲ့။ ရှင့်ရဲ့ အတွေ့အကြုံတွေ အရဆိုရင် မိန်းမတွေက ရန်ငြိုးထား တတ်တာကို ရှင်သိသင့်တယ်။ ”

“ ဒါက တကယ်ကို မတရားဘူး။ ”

ချန်လွေ့သည် ရုတ်တရက် သဘောပေါက်သွားသကဲ့သို့ ဖြစ်သွားသည်။

“ ‌‌ဒေလီယာ။စိတ်မပူနဲ့။ခေါင်းဆောင် တစ်ယောက်အနေနဲ့ မင်းရဲ့ ရွေးချယ်မှုကို ငါ အပြည့်အဝ ‌ထောက်ခံတယ်။ ”

“ မင်းက တော်တော် ရက်စက်တာပဲ။ ”

ရိုမန်က ‌ဒေါသကိုဖော်ပြရန်အတွက် ရှေ့တက်ပြီး ခုန်အုပ်ရန် ပြင်လိုက်သည်။ ထိုလုပ်ဆောင်ချက်သည် ချန်လွေ့နောက်မှ မြင်းနက်လေးကို အထင်လွဲသွားစေပြီး သတိဖြစ်သွားဟန်တူသည်။

ရန်သူ၏စွမ်းအားကို ခံစားမိသည့်အတွက် မြင်းနက်လေးသည် ချက်ချင်းပင် နတ်မိစ္ဆာသားရဲအသွင် ပြောင်းလိုက်သည်။၎င်း၏ခေါင်းပေါ်မှ ချိုတစ်‌ချောင်း အရောင် လက်သွားပြီး သန္ဓေပြောင်း လျှပ်စီးပါရမီ ပေါက်ကွဲထွက်သွားသည်။ထို အသွင်ပြောင်းလဲခြင်းသည် လူတိုင်း၏အာရုံကို ဖမ်းစားသွားခဲ့သည်။ရိုမန်သည် အော်ဟစ်ပြီး ဘယ်ဖီဂေါ တော်ဝင်မိသားစု၏ [ လျှပ်တပြက် ] ပါရမီကို သုံးလိုက်သည်။ သူသည် အမှန်တကယ်ပင် လျှပ်စီးကို ရှောင်တိမ်းလိုက်နိုင်သည်။

ရိုမန်၏ အမြန်နှုန်းသည် အလင်းထက် မြန်သွားခြင်း မဟုတ်ပေ။ ထိုကဲ့သို့ ရှောင်တိမ်းခြင်းသည် ပျော့ပျောင်းသော တုံ့ပြန်မှုတစ်မျိုးသာ ဖြစ်သည်။[ လျှပ်တပြက် ] ပါရမီဖြင့် သူသည် ထူးခြားဆန်းပြားသော လျှပ်စီးကို ချက်ချင်း ရှောင်တိမ်းနိုင် လိုက်သည်။ ရိုမန်၏စွမ်းအားသည် ယခင်ကထက် တဟုန်ထိုး တိုးတက်သွားကြောင်းကို [သရုပ်ခွဲမျက်လုံး] မပါဘဲဖြင့်ပင် မြင်နိုင်လေသည်။သူသည် မဟာနတ်ဆိုးအဆင့်သို့ ရောက်ရှိသွားလောက်ပြီ ဖြစ်သည်။

မြင်းနက်လေးသည် ဆက်လက် မတိုက်ခိုက်ခဲ့ပေ။ချန်လွေ့သည် ၎င်းကို စိတ်ထဲမှတစ်ဆင့် သူတို့အားလုံးသည် မိတ်ဆွေများဖြစ်ကြောင်း ပြောလိုက်၍ ဖြစ်သည်။အရေးကြီးဆုံးမှာ မြင်းနက်လေးသည် ယခုအချိန်တွင် ရိုမန်၏ပြိုင်ဘက် မဟုတ်သေး၍ ဖြစ်သည်။အကယ်၍ ၎င်းသည် မဟာနတ်ဆိုးအဆင့် ရောက်ရှိသွားလျှင် သစ်တောအသည်းစွဲအား မိုးကြိုးနှင့် ရေချိုးခိုင်းလိုက်ပေမည်။

“ နတ်မိစ္ဆာသားရဲ ”

ဒေလီယာ အံ့အားသင့်သွားသည်။ နတ်မိစ္ဆာသားရဲရဲ့ စွမ်းအားအပြင်ကို သူ့ရဲ့ အပြုအမူက တော်တော်လေး ကြမ်းကြုတ်တယ်။ဒါက ယဉ်အောင်လုပ်ရတာ အခက်ခက်ဆုံးဖြစ်တဲ့ နတ်ဆိုးသားရဲတွေထဲက တစ်ကောင်ပဲ။ဒီ နတ်မိစ္ဆာစားရဲက လျှပ်စီး ထုတ်နိုင်ပြီးတော့ အသွင်လည်း ပြောင်းနိုင်တယ်။ဒါက သေချာပေါက် ရှားပါးတဲ့ သန္ဓေပြောင်းသွေးမျိုးဆက် တစ်ခုပဲ။

အံ့သြစရာကောင်းတာက ချန်လွေ့အရှေ့မှာဆို သူက ငရဲခွေးတစ်ကောင်လိုပဲ ငြိမ်ငြိမ်လေး နေနေတယ်။ချန်လွေ့ သစ်သီးပစ်ပေးလိုက်တော့ နတ်မိစ္ဆာသားရဲက မြင်းနက်အသွင် ပြောင်းပြီးတော့ လေထဲမှာ ခုန်ဖမ်းလိုက်တယ်။ဒါက မြင်းလား။ဒါမှမဟုတ် ခွေးလား။

ရိုမန်သည် ချန်လွေ့ကို လက်ညှိုးထိုးလိုက်သည်။ ထို့နောက် ရန်လိုနေသေးသော နတ်မိစ္ဆာ သားရဲကို လက်ညှိုးထိုးလိုက်သည်။သူသည် ခဏတာမျှ ပြောစရာစကားမဲ့သွားသည်။ မနာလိုခြင်း။၎င်းသည် မနာလိုခြင်းသက်သက်သာ ဖြစ်သည်။ ဒါက တော်တော်လေးကို မတရားဘူး။ခေါင်းဆောင်က မကောင်းတဲ့ မန္တန်တွေကို သိထားတာပဲ ဖြစ်ရမယ်။သူက ငါ့ရဲ့ ကံကောင်းမှုတွေ အားလုံးကို လုယူသွားခဲ့တယ်။

ချန်လွေ့သည် ထိုသူနှင့် ငြင်းခုံရန် ပျင်းရိနေခဲ့သည်။သူသည် မြှောက်ပင့်နေသော ဒိုဒို ကိုလည်း မကြည့်နေခဲ့ပေ။သူသည် နောက်ဘက်ကိုသာ အာရုံစိုက်နေခဲ့သည်။နောက်ထပ် လူတစ်ယောက်က ရင်းနှီးသော ခြေလှမ်းများဖြင့် လမ်းလျှောက်လာသည်။ လှည့်မကြည့်ဘဲနှင့်ပင် မည်သူဖြစ်ကြောင်း ချန်လွေ့ သိနေခဲ့သည်။

ထိုသူလည်း ချန်လွေ့ကို သိနေသကဲ့သို့ပင် ဖြစ်သည်။သူသည် နတ်ဆုံးဘုံ၌ အလှပဆုံး မဟုတ်သော်လည်း ချန်လွေ့၏ နှလုံးသားထဲ၌ အလှပဆုံးပင် ဖြစ်သည်။

အနည်းငယ် ပင်ပန်းနေသည့် လှပသော အနီ‌ရောင် မျက်ဝန်းတစ်စုံက ချန်လွေ့၏ ကျောဘက်ကို တွေ့လိုက်ရသည့်အခါ ချက်ချင်းပင် အံ့အားသင့်ခြင်းနှင့် ပျော်ရွှင်မှုတို့ဖြင့် အရောင်လက်သွားခဲ့သည်။သူသည် ချန်လွေ့နှင့် အကြည့်ချင်း ဆုံသွားခဲ့သည်။

သူက ခပ်သွက်သွက် လမ်းလျှောက်လာသည်။ သူသည် ခြံဝင်းထဲမှ မိတ်ဆွေများ၏ အကြည့်များနှင့် မြင်းနက်လေး၏ သတိရှိနေသာ မျက်လုံးများကို ဂရုမစိုက်တော့ပေ။ သူသည် ချန်လွေ့ဆီလာပြီး ပွေ့ဖက်လိုက်သည်။တစ်ချိန်တည်းမှာပင် ချန်လွေ့ကလည်း သူ့ကို ပွေ့ဖက်လိုက်သည်။

“ အသီနာ။ကိုယ် ပြန်လာပြီ။ ”

“ အင်း....”

၎င်းတို့သည် ရိုးရှင်းသော စကားလုံးများသာ ဖြစ်သော်လည်း ပျော်ရွှင်မှုများ အပြည့်ဖြစ်နေ၏။

ထိုခံစားချက်သည် မြင်းနက်လေးကိုပါ လွှမ်းမိုးသွားပြီး ၎င်းသည် ရန်လိုမှုများကို တိတ်တဆိတ် ဖယ်ရှားလိုက်သည်။

ထိုနှစ်ယောက်သည် တစ်ယောက်စီ၏ နှလုံးခုန်သံနှင့် အနွေးဓာတ်များကို ခံစားနေသည်။ သူတို့သည် ခွဲခွာပြီးနောက် လွမ်းဆွတ်သော အတွေးများကို တိတ်တဆိတ် ဖလှယ်နေကြသည်။သူတို့သည် အချိန်ကိုပင် မေ့လုနီးပါး ဖြစ်သွားခဲ့သည်။ထို့နောက်....

“ ‌ဒေလီယာ။ကိုယ် ပြန်လာပြီ။ ”

“ ထွက်သွား။”

“......”

All Chapters