အသီနာ၏ တောင်းဆိုချက်
Vol. 21 Ch. 306
လနှစ်စင်း၏ အလင်းရောင်သည် တိတ်ဆိတ်စွာ ခရမ်းရောင် ပြောင်းသွားသည်။မှုန်မှိင်းနေပုံရသော ငြိမ်ဝပ်ပိပြားရေး အရာရှိအိမ်သည် အပြင်လူများမသိသော ပွက်ပွက်ညံသံများ ပြည့်နှက်သွားပြီး အလွန်သက်ဝင်သွားတော့သည်။
“ ခေါင်းဆောင်။ဆာ-ဦးလေး။မင်းက တော်တော်လေး အရှက်မဲ့တာပဲ။ငါတို့က ဒီမှာ မင်းရဲ့အလောင်းကို စောင့်ကြပ်နေရတယ်။ဒါပေမဲ့ မင်းကတော့ အဲဒီလိုနေရာကောင်းမှာ ထိပ်တန်းဝိုင်တွေနဲ့ မိန်းမလှတွေကို ခံစားနေခဲ့တယ်။ ”
ရိုမန်သည် သလင်းကျောက်တောင်ကြားမှ ချန်လွေ့ ယူလာခဲ့သော ဝိုင်ကို အရှက်မဲ့စွာသောက်ပြီး အချိုကို သိုလှောင်လက်စွပ်ထဲ ထည့်လိုက်သည်။သူသည် ဆက်လက်၍ ငြီးငြူနေသေးသည်။သူသည် အသေအချာပင် ပါးစပ်ညစ်ပတ်နေသော ခိုးစားထားသည့် ကလေးတစ်ယောက်ကဲ့သိုပင် ဖြစ်နေသည်။
“ မင်း တကယ်ပဲ ယာကော့ဗ်နဲ့ တွေ့ခဲ့တာလား။ ”
ပါ့ဂ်လီအို၏အမူအရာ လေးနက်သွားသည်။ထိုနောက် ချက်ချင်းပင် သူ၏ဗီဇကို ပြသလိုက်သည်။
“ သူ့ရဲ့ရတနာတွေကို မင်းရခဲ့တာလား။အသက် မျှဝေတဲ့ လုပ်ဖော်ကိုင်ဖက်အနေနဲ့ ခိုးရာပါပစ္စည်းတွေရဲ့ဝေစုကို တောင်းဖိုအတွက် ငါ့မှာ အခွင့်အရေး ရှိတယ်။မဖုံးကွယ်ချင်နဲ့။မင်း လောဘကြီးပြီးတော့ ဉာဏ်များတာကို ငါကောင်းကောင်းသိတယ်။ ”
ချန်လွေ့သည် ဇာတ်လမ်းကို တစ်ဝက်သာ ပြောရသေးသည်။သို့သော်လည်း ထိုသူနှစ်ယောက်၏ နှောင့်ယှက်ခြင်းကို သုံးလေးကြိမ် ခံခဲ့ရသည်။သူ အတော်လေး ပြောစရာစကား မဲ့သွား၏။
ချန်လွေ့ကို ပို၍ပင် ပြောစရာမဲ့သွားစေသည်မှာ ဒိုဒိုပင် ဖြစ်သည်။သူသည် လုံးဝ နားမထောင်နေဘဲ ချန်လွေ့အသွင်ပြောင်းကို လက်ထဲ၌ ပန်းသီးတစ်လုံး ကိုင်ထားသည်။သူသည် လက်တစ်ဖက်ကို မြင်းနက်လေး အရှေ့၌ ဝှေ့ရမ်းနေပြီး အခြားလက်တစ်ဖက်ကို သူ၏ပါးစပ်ထဲ သိပ်ထည့်ထားကာ ဗလုံးဗထွေးနှင့် ပြောလိုက်သည်။
“ သစ်သီးလေး......သစ်သီးလေး... ”
ချန်လွေ့က မြင်းနက်လေးကို သစ်သီးဖြင့် စနောက်ခဲ့သည်ကို မြင်တွေ့ခဲ့စဉ်က ဒိုဒိုသည် လူသစ်လေးကို စိတ်ဝင်စားနေခဲ့သည်။မမျှော်လင့်ဘဲနှင့် ချွဲကျိကောင်သည် မြင်းနက်လေး၏အသံကို နားလည်နေသည်။ကံကောင်းစွာပင် မြင်းသည် လုံးဝ ဂရုမစိုက်ပေ။၎င်း စိတ်ရှုပ်လာသည့်အခါ ထိုအတုကိုယ်ပွားအပေါ်၌ [ အထိတ်တလန့် ] ကို အသုံးပြုလိုက်သည်။
ပါ့ဂ်လီအို၏ အမူအရာသည် မုန်းတီးနေခြင်းမှ ကြံရာမရသော ပုံစံသို့ ပြောင်းလဲသွားသည်။
“ ဘဏ္ဍာရေး စီမံမှုအတွေ့အကြုံရင့်ကျက်တဲ့ တော်ဝင်နဂါး ဆရာသခင် ပါ့ဂ်လီအိုဆိုတဲ့ငါက မသုံးတော့တဲ့ ကြွယ်ဝချမ်းသာမှုတွေကို လုယက်......မစုဆောင်းရတာ ကြာပြီ။အရင်တစ်ခါတုန်းက ငါအပြင်ထွက်သွားကြည့်သေးတယ်။ဒါပေမဲ့ ဒီနေရာစုတ်က တကယ့်ကို ခေါင်ပါးတယ်။ရတနာပစ္စည်းကောင်းကောင်း မရှိဘူး။အဆောင်ပစ္စည်းဆို ပြောမနေနဲ့။ဧရာမနဂါးက ရတနာပုံကြီးထဲမှာ မအိပ်နိုင်ဘူး။အဲဒီ ကွပ်လပ်ဖြစ်နေတဲ့ ခံစားချက်က အဆုံးမဲ့အရှက်ရစေတာပဲ။ ”
သူ့မှာ ကွက်လပ်ဖြစ်နေတဲ့ ခံစားချက် ရှိတာလား။ ချန်လွေ့သည် ချက်ချင်းပင် စိတ်ဓာတ်ကျသွားသည်။ ပါ့ဂ်လိုအိုက လမ်းကြောင်းကို လေ့လာဖို့နဲ့ ဖြစ်နိုင်ချေရှိတဲ့ ပစ်မှတ်တွေကို သွားစုံစမ်းခဲ့တယ်။အိမ်နီးချင်တွေကို ထိခိုက်အောင် ဘာမှမလုပ်ရဘူး ဆိုတာကို သူ နားမလည်ဘူးလား။အမှောင်လမြို့က ဆင်းရဲလို တော်သေးတာပေါ့။ဒီနဂါးကို စိတ်ဝင်စားစေနိုင်တဲ့ ရတနာတွေ မရှိဘူး။
ချန်လွေ့သည် သလင်းကျောက်နဂါး အိပ်နေစဉ်က ခိုးယူခဲ့သော ရွှေသလင်းကျောက် ကုတင်ကို တစ်ခါတည်း ထုတ်ပြီး နဂါးဆီသို လွှင့်ပစ်လိုက်သည်။ပါ့ဂ်လီအိုသည် ၎င်းကို ဖမ်းပြီး ရတနာကျွမ်းကျင် မျက်လုံးများဖြင့် သေသေချာချာ ကြည့်လိုက်သည်။နောက်ဆုံး၌ သူသည် ပါးစပ် နားရွက်ချိတ်အောင် ပြုံးဖြီးဖြီးလုပ်ရင်း လူအားလုံးအရှေ့တွင် ကုတင်ပေါ် အိပ်ချလိုက်ကာ ကျေနပ်သည့် အမူအရာ ပြသလိုက်သည်။နဂါးဂုဏ်သိက္ခာ နှင့် အမူအကျင့်များကိုမူ လူသားလောကစုတ်ထဲသို လွှင့်ပစ်လိုက်တော့သည်။
ငါက ဘယ်လိုလုပ် ဒီလိုမယုံကြည်ရတဲ့ အစေခံတစ်ယောက်နဲ့ လူထူးဆန်းနှစ်ယောက်ကို သိသွားခဲ့တာလဲ။ဒေလီယာနဲ့ အသီနာတိုက နားထောင်တတ်တဲ့သူတွေမို့လို့ တော်သေးတယ်။ ထိုအကြောင်း စဉ်းစားနေဆဲမှာပင် ဒေလီယာသည် မိမိကို မျှော်လင့်တကြီးဖြင့် ကြည့်နေကြောင်း မြင်လိုက်ရသည်။ထိုနောက် ဒေလီယာက ကိုယ့်ကိုယ်ကိုယ် လက်ညှိးထိုးပြလိုက်သည်။
ငါတိုမှာ ချစ်စရာကောင်းတဲ့ သာမန်အဖွဲဝင် တစ်ယောက်ရှိတာ ရှားတယ်။သူက ဒီမရိုးဖြောင့်တဲ့ ကောင်နှစ်ကောင်ရဲ့ လွှမ်းမိုးမှုကို ဆိုးဆိုးဝါးဝါး ခံလိုက်ရတာပဲ။ ချန်လွေ့သည် ဆာဘရီနာထံမှ လုယက်ထားသော အလွန်အမင်း ပါးလွှာသည့် လက်အိတ်တစ်စုံကို အင်တင်တင်နှင့် ထုတ်ပေးလိုက်သည်။၎င်းတိုသည် ခုခံမှုမြင့်မားစေပြီး ရေဒြပ်စင်စွမ်းအားကို တိုးမြှင့်ပေးသည်။
၎င်းတိုကို ဒေလီယာ ပျော်ရွှင်စွာဖြင့် လက်ခံသည်ကိုကြည့်ရင်း ချန်လွေ့ တိတ်တဆိတ် သက်ပြင်းချလိုက်သည်။ ငါက တော်တော် သနားစရာကောင်းတာပဲ။
အသီနာသည် ၎င်းတိုအားလုံးကို ပြုံးရင်း ကြည့်နေလိုက်သည်။သူသည် ချန်လွေ့ကိုင်ထားသော လက်ကို လုံးဝမရုပ်သိမ်းခဲ့ပေ။
ချန်လွေ့၏ ဇာတ်လမ်း ဆက်ပြန်သည်။၎င်းသည် သဲထိတ်ရင်ဖိုအပိုင်းသို့ ရောက်လာသောအခါ နှောင့်ယှက်ရသည်ကို ကြိုက်သောသူနှစ်ယောက်သည်ပင် တိတ်ဆိတ်နေ၏။
ပါ့ဂ်လီအိုသည် ရွှေသလင်းကျောက်ကုတင်မှထပြီး စိတ်ဝင်တစား မေးလိုက်သည်။
“ အဲဒီ ဧကရီကတ်သရင်းက နတ်ဆိုးအရှင်သခင် ထိပ်သီးပိုင်း မဟာမိတ်နှစ်ယောက်နဲ့အတူ ပူးပေါင်းထားတဲ့ ယာကော့ဗ်ကိုတောင် တစ်ယောက်တည်း အနိုင်ယူခဲ့တာလား။ ”
ချန်လွေ့သည် ဇာတ်လမ်းတစ်ခုလုံးကို မပြောပြဘဲ ဇာတ်ကွက်ကို အနည်းငယ် ပြောင်းလဲခဲ့သည်။မဟာကတ်သရင်း ကိုယ်တိုင်ရောက်လာပြီး သူက မြေပေါ်၌ လှဲနေပြီး သေဟန်ဆောင်ကာ ၎င်းတို့အားလုံးကို မြင်တွေ့ခဲ့ကြောင်း ပြောခဲ့သည်။
“ ဟုတ်တယ်။မာနူဆိုတဲ့သူလည်း သေနေလောက်ပြီ။ယာကော့ဗ်နဲ့ အဇ်ဂါလောတို မြန်မြန် ထွက်မပြေးရင် သေချာပေါက် ထိခိုက်မှုတွေ ပိုဖြစ်မှာပဲ။ ”
ယခုအချိန်၌ ပါ့ဂ်လီအိုသည် လေးလေးနက်နက် ဖြစ်နေခဲ့သည်။ နတ်ဆိုးအရှင်သခင်များကြားက စွမ်းအားခြားနားမှုက တော်တော်လေး ကြီးမားတယ်။ယာကော့ဗ်ရဲ့ စွမ်းအားကို ငါ သေချာသိတယ်။ကတ်သရင်းမှာ ဒီလိုစွမ်းအားမျိုးတောင် ရှိနေတယ်။ငါက အထွတ်အထိပ် အခြေအနေကို ပြန်ရောက်သွားရင်တောင် သူရဲ့ပြိုင်ဘက် မဟုတ်နိုင်လောက်ဘူး။ပြီးတော့လည်း အခုကငါ့ကို ချိပ်ပိတ်နဲ့ ကန့်သတ်ထားတာ။ငါက အခု နတ်ဆိုးဧကရာဇ်အဆင့် ထိပ်သီးပိုင်းပဲ ရှိသေးတယ်။ရှေးမှော်စာ ကျောက်ပြား၆ခု ပေါ်မှာလည်း ဘာသဲလွန်စကိုမှ ငါမတွေ့ဘူး။ကြည့်ရတာ ငါ့ရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်က နတ်မိမယ်နဂါး ဇိုလာကို ရှာတွေ့ဖိုပဲ ထင်တယ်။ဘယ်လိုပဲဖြစ်ဖြစ်ပါ။အဲဒီအချိန်ကျရင် ကြည့်တာပေါ့။ဒီ ရွှေသလင်းကျောက်ကုတင်ပေါ်မှာ အိပ်ရတာကလည်း သလင်းကျောက်နက်ဒင်္ဂါးပုံကြီးပေါ်မှာ အိပ်ရတာထက် မဆိုးပါဘူး။အနည်းဆုံးတော့ ဒီညကျရင် ငါ အိပ်မက်ကောင်းကောင်း မက်မှာပဲ။
ချန်လွေ့က လီဗျာသန်တော်ဝင်မိသားစု၏ အကြီးမားဆုံး အဆောင်ပစ္စည်းဖြစ်သော နတ်ဆိုးဒိုင်းကို “ ခန္ဓာကိုယ် ” မှ ထုတ်လိုက်သည်ကို တွေ့သည့်အခါ ဒေလီယာ အံ့အားသင့်သွားသည်။ထိုကဲ့သို့ “ပေါင်းစပ်ခြင်း” အခြေအနေသည် အဆောင်ပစ္စည်း၏ အမြင့်ဆုံး အသိအမှတ်ပြုခြင်းကို ကိုယ်စားပြုသည်။သူ့ကို ပို၍အံ့အားသင့်သွားစေသည်မှာ သူသည် မူလက နတ်ဆိုးဒိုင်း၏ အသိအမှတ်ပြုခြင်းကို ခံခဲ့ရသော်လည်း ယခုတွင် ထိုထူးဆန်းသော ဆက်နွှယ်မှုကို မခံစားမိတော့ခြင်းပင် ဖြစ်သည်။ထိုသိုဆိုလျှင် ထင်ယောင်မှား နတ်ဆိုးဒိုင်းကာကို နတ်ဆိုးဒိုင်းကာဖြင့် ပေါင်းစပ်၍ မရတော့ပေ။
ချန်လွေ့ အံ့အားသင့်သွားပြန်သည်။ စူပါစနစ်ရဲ့ [ အထူးစိစစ်မှု ] က “ ထိန်းချုပ်မှု လုယက် ” တဲ့ လုပ်ဆောင်ချက် ရှိတာလား။လုံးဝဖြေရှင်းပြီးတဲ့ နတ်ဘုရား-ဝါးမျို မျက်နှာဖုံးကိုတောင် ချွတ်လို မရသေးဘူး။ဒါက.....ပစ္စည်းကိရိယာ ပေါင်းစပ်တာပဲလေ။ဟူး......
မူလက ချန်လွေ့သည် ဘရော့ခ်ကို အကောက်ကြံရန်အတွက် နတ်ဆိုးဒိုင်းကို ခွဲခြမ်းလေ့လာခဲ့သည်။တိုက်ပွဲအတွင်း၌လည်း နတ်ဆိုးဒိုင်းသည် ချန်လွေ့၏အသက်ကို ကယ်တင်ပေးခဲ့သည်။သိုသော် ၎င်းကြောင့် မူလဆက်ခံသူ ဒေလီယာသည် ၎င်းအပေါ် ထိန်းချုပ်နိုင်မှု မရှိတော့ပေ။ချန်လွေ့ နောင်တ ရမိသွားသည်။
ဒေလီယာသည် ချန်လွေ့၏ အတွေးများကို မြင်သွားပြီ အသာအယာပြုံးပြကာ ကိစ္စမရှိကြောင်း ဖော်ပြခဲ့သည်။ထင်ယောင်မှားဒိုင်းကာဖြင့် သူသည်ဘရော့ခ်၏ [ ဝိညာဉ်လက်ထိပ် ] ကို ခုခံနိုင်ဆဲပင် ဖြစ်သည်။အခြားသူများကလည်း ၎င်းသည် ရှေး မဟာဆရာသခင်၏ ထူးဆန်းသောစွမ်းအားကြောင့် ဖြစ်လိမ့်မည်ဟု ယူဆခဲ့ကြသည်။သို့မဟုတ်ပါက လူသားတစ်ယောက်သည် မည်သည့်အတွက်ကြောင့် အဆောင်ပစ္စည်း ၇ မျိုးနှင့် ပေါင်းစပ်နိုင်မည်နည်း။အမှန်တကယ်၌ ချန်လွေ့တွင် နတ်ဆိုးဒိုင်းထက် ပိုရှိနေသည်။သူ့တွင် နတ်ဘုရား-ဝါးမျို မျက်နှာဖုံးကဲ့သို့ ပြီးပြည့်စုံသော အဆောင်ပစ္စည်းတစ်ခု ရှိသည်။သိုသော်လည်း စွမ်းအားအရဆိုလျှင် အားနည်းနေပုံရသည်။
ရိုမန်လည်း စိတ်မရှိပေ။အရေးကြီးကိစ္စနှင့် ပတ်သက်လျှင် သူသည် ခေါင်းမာခြင်းနှင့် စနောက်မှုများကို ဘေးဖယ်ထားပြီး စိတ်ရှင်းလင်းနေခဲ့သည်။သူနှင့် ဒေလီယာတို၏အသက်ကို ချန်လွေ့က ကယ်တင်ထားခဲ့သည်။ယခုတွင် ဒေလီယာနှင့်အတူ နေနေရခြင်းသည်လည်း ချန်လွေ့၏ ကျေးဇူးကြောင့်ပင် ဖြစ်သည်။နတ်ဆိုးဒိုင်းကို မပြောနှင့်။ဘယ်ဖီဂေါ တော်ဝင်မိသားစု၏ အဆောင်ပစ္စည်းဖြစ်သော အရိပ်လေပြေ ဘွတ်ဖိနပ် ဆိုလျှင်ပင် ကိစ္စမရှိပေ။
တိတ်ဆိတ်သော ညတစ်ည ဖြစ်သည်။
“ ငါတို သဟဇာတစာချုပ် ချုပ်ကြမလား။ ”
အသီနာသည် အခန်းထဲ၌ ချန်လွေ့၏ လက်မောင်းပေါ်တွင် လှဲလျောင်းနေရင်း ရုတ်တရက် ပြောလိုက်သည်။
“ နင်က စာချုပ်တစ်ခုထက် ပိုချုပ်လိုရတယ်ဆိုတာ ငါသိတယ်။ ”
အသီနာ ခေါင်းမော့ပြီး ချန်လွေ့ကို တည်တည်ကြည်ကြည်နှင့် ကြည့်လိုက်သည်။
“ သဟဇာတစာချုပ် ဘယ်လိုချုပ်ရမလဲဆိုတာ ငါမသိပေမဲ့ ပါ့ဂ်လီအိုကို ကူညီခိုင်းလို့ရတယ်။ ”
အသီနာ နောက်နေခြင်းမဟုတ်ကြောင်း ချန်လွေ့ သတိထားမိပြီး အံ့အားသင့်စွာဖြင့် မေးလိုက်သည်။
“ မင်း ဘာလို့ ဒီလိုအကြံ ရလာတာလဲ။ ”
“ လွန်ခဲ့တဲ့ သုံးနှစ်တုန်းက ရိုမန်နဲ့ဒေလီယာတိုက အသံတိတ်ညစိမ့်မြေဆီကို အတူတူ စွန့်စားခန်း ထွက်ကြပြီးတော့ သေမလိုဖြစ်သွားခဲ့တယ်။နောက်သုံးနှစ်ကြာတော့ ဒေလီယာက အသံတိတ်ညစိမ့်မြေဆီကို ထပ်သွားခဲ့တယ်။ရိုမန်ကလည်း သူ့ကို အဖော်လိုက်သွားပေးခဲ့တယ်။ငါကရော။နင်က အသံတိတ်ညစိမ့်မြေနဲ့ အရိပ်နက်အင်ပါယာမှာ အသက်ရင်းပြီး လှုပ်ရှားနေတဲအချိန် ငါကတော့ ဒီလိုမျိုး အန္တရာယ်ကင်းတဲ့နေရာမှာ တစ်ယောက်တည်း နေနေရတယ်။ ”
“ ငါက အလှပန်းအိုး မဟုတ်ဘူး။ငါ့မှာ ချစ်ရတဲ့သူနဲ့အတူ အန္တရာယ်ကို ရင်ဆိုင်ဖို သတ္တိရှိတယ်။စွမ်းရည် ရှိတယ်။ ”
အသီနာ၏မျက်လုံးများ နီရဲနေ၏။
“ နင်ကငါ့ကို ကာကွယ်ပေးနေတယ်ဆိုတာ ငါနားလည် ပါတယ်။ဒေလီယာကို ရိုမန် ချန်ထားခဲ့သလိုမျိုးပဲ။သူက ဒေလီယာကို ကာကွယ်ပေးနေတာ။ဒါပေမဲ့ ဒေလီယာ ပျော်လို့လား။ ”
ချန်လွေ့ ထိတ်လန့်သွားသည်။ရှီလန်တောင်မှ မြေအောက်လောက တိုက်ပွဲပြီးကတည်းက ချန်လွေ့သည် အသီနာအား ထပ်ပြီး အန္တရာယ်များနှင့် မကြုံတွေ့စေချင်တော့ပေ။ သို့သော်လည်း သူသည် အသီနာဘက်မှ မတွေးကြည့်ခဲ့ရပေ။
“ ဒါက ပြောရင် နည်းနည်း တစ်ကိုယ်ကောင်း ဆန်တယ်ဆိုတာ ငါသိပါတယ်။နင့်ရဲ့ ဉာဏ်ပညာက တကယ့်ကို မယုံနိုင်စရာပဲ။ငါ့အဖေက နင့်ရဲ့ အစီအစဉ်တွေနဲ့ တွက်ချက်မှုတွေကို အံ့ဩသွားတယ်။ငါက နင့်အစီအစဉ်ကို ဖျက်ဆီးပြီးတော့ နင့်အတွက် ဝန်ထုတ်ဝန်ပိုးဖြစ်စေမှာ မဟုတ်ဘူး။ ”
အသီနာ၏ မျက်လုံးထဲ၌ မျက်ရည်များ စိုလာ၏။
“ ငါက နင်နဲ့ အသက်ချင်း ချိတ်ဆက်ချင်ရုံပါ။နင့်ဘေးမှာ ငါမရှိနိုင်ရင်တောင် ငါနင်နဲ့အတူ သေခြင်း ရှင်ခြင်းကို ရင်ဆိုင်ချင်တယ်။ ”
ချန်လွေ့သည် သူ၏အရှေ့မှ ချစ်ရသော အမျိုးသမီးကို စိုက်ကြည့်နေလိုက်သည်။အသီနာ သည် မျက်ရည်များပြည့်နေသော်လည်း ကြံ့ကြံ့ခံနေဆဲပင် ဖြစ်သည်။
ချန်လွေ့သည် ဂလောဖင်းနှင့် ရင်ဆိုင်စဉ်က မြင်ကွင်းများကို သတိရသွားသည်။ အသီနာသည် နတ်ဆိုးအသွင်ပြောင်းပြီး အသက်မီးတောက်ကို တစ်ကိုယ်လုံး လောင်ကျွမ်းစေခဲ့သည်။
“ ဒါပေမဲ့ ငါနင့်ကို ချစ်နေတုန်းပဲ။ကြိုက်တာမဟုတ်ဘူး။ချစ်တာ။ ”
“ နင်ပြောတဲ့ ပုံပြင်ထဲကလိုမျိုး ငါတို့တွေ ငရဲတစ်ခုခုမှာ ပြန်တွေ့ရနိုင်လောက်တယ်။ဘယ်လိုပံဖြစ်ဖြစ်ပါ။ငါ့ကို မမေ့လိုက်နဲ့။ ”
ထိုကဲ့သို အတူတူနေ အတူတူသေမည့် စိတ်ခံစားချက်သည် သူတို၏ဝိညာဉ်ထဲ၌ လွှမ်းမိုးနေလေပြီ။သေခါနီး နောက်ဆုံးအခိုက်အတန့်တွင်ပင် ၎င်းသည် ပျောက်ကွယ်သွားမည် မဟုတ်ပေ။
ချန်လွေ့၏မျက်လုံးများ အနည်းငယ် စိုစွတ်သွားသည်။သူသည် အသီနာ၏ မျက်နှာကို ကိုင်ပြီး အနီရောင်သလင်းကျောက် မျက်လုံးများအား လောကရှိ အဖိုးတန်ဆုံး ကျောက်မက်သဖွယ် တယုတယ ကြည့်နေလိုက်သည်။
“ အသီနာ။ကိုယ့်မှာ အိမ်မရှိရင်၊ကားမရှိရင်၊ပိုက်ဆံမရှိရင် ကိုယ့်အကြည့်ကို လက်ခံဦးမှာလား။ ”
“ လက်ခံမှာပေါ့။ ”
အသီနာက ထူးဆန်းသလို ခံစားရလိုက်ပြီး ပြန်ဖြေသည်။ အိမ်မရှိဘူးဆိုရင် ငါတို့အတူတူ ဆောက်လိုရတာပဲ မဟုတ်လား။ရှီလန်တောင် ရွက်စိမ်း တောအုပ်ထဲက နွေးထွေးတဲ့ သစ်သားအိမ်ငယ်လေးလိုလေ။အဲဒါက ရိုးရှင်းပေမဲ့ ငါနေဖူးတဲ့ အိမ်အကျယ်ကြီးတွေ၊ဇိမ်ခံအိမ်တွေထက် ပိုပြီးတော့ နွေးထွေးတယ်။ကား......အဲဒါက ဇိမ်ခံလှည်းလား။အဲဒါက ကြွားဖို့အပြင် ဘာလုပ်လို့ရလိုလဲ။ပိုက်ဆံကတော့..... သုံးဖို့ လုံလောက်ရင်ရပြီ။အထူး ဇိမ်ခံပစ္စည်းတွေ မလိုပါဘူး။တစ်ခါတစ်လေ သူ ငါ့ကို သာမန်အဝတ်အစားတွေ ဝယ်ပေးရုံပဲ။အဲဒါဆို ငါ့အတွက် ပျော်ရွှင်ဖို့ လုံလောက်တယ်။
“ ကိုယ့်မှာ စွမ်းအား မရှိရင်ကော။ ”
အသီနာ ရှက်သွား၏။
“ တကယ်တော့........နင်က မိုးသစ်တောမည်းမှာ ငါ့ရဲ့နှလုံးသားကို ခိုးယူသွားခဲ့တာ။အဲဒီတုန်းကဆိုရင် နင်က စွမ်းအားမဲ့တဲ့ လူသားတစ်ယောက်ပဲ။အနည်းဆုံးတော့ နင်ငါ့ကို ပြခဲ့တာ အဲလိုပဲ။ ”
ချန်လွေ့က မတ်မတ်နေပြီး အသီနာကို လေးလေးနက်နက် ပြောလိုက်သည်။
“ ဒါဆို နောက်ဆုံးမေးခွန်း။မစ်-အသီနာ။ဆင်းရဲရင်ပဲဖြစ်ဖြစ်၊ဖျားနာရင်ပဲဖြစ်၊သေရင်ပဲဖြစ်ဖြစ် ဒီလူနဲ့ တစ်သက်လုံးနေဖို့ ဆန္ဒရှိလား။ ”
အသီနာ ရုတ်တရက် သဘောပေါက်သွားသည်။သူ့ကို ကိုင်ထားသောလက်သည် စိုးရိမ်မှုကြောင့် စတင်တုန်ခါလာ၏။အသီနာက ခိုင်ခိုင်မာမာ ပြောလိုက်သည်။
“ အင်း။ဆင်းရဲရင်ပဲဖြစ်ဖြစ်၊ဖျားနာရင်ပဲဖြစ်၊သေရင်ပဲဖြစ်ဖြစ် အတူတူနေဖို့ ဆန္ဒရှိတယ်။ ”
ချန်လွေ့ ရင်ဘတ်ထဲ နွေးထွေးသွား၏။ရုတ်တရက် သူ ဒူးတစ်ဖက်ထောက်ပြီး အသီနာ၏ ဘယ်လက် လက်သန်းကြွယ်တွင် မှော်လက်စွပ်တစ်ကွင်း ဝတ်ပေးလိုက်သည်။
“ ဒါက ရှေးထုံးစံပဲ။ဆိုလိုတာက..... အနာဂတ်မှာ မင်း နောက်ဆုတ်ချင်ရင်တောင် ကိုယ်မင်းကို အရှက်မရှိ ပြန်လုယူမှာပဲ။ဒါက ရုတ်တရက် ဖြစ်သွားပေမဲ့ ကိုယ်ကိုယ်တိုင်လုပ်ထားတဲ့ ဒီမှော်လက်စွပ်ကို ကြိုတင် ကတိအနေနဲ့ လက်ခံပေးပါ။အနာဂတ်မှာ အချိန်ကျလာရင် တစ်သက်လုံး အမှတ်ရစေမဲ့ ကြီးကျယ်ခမ်းနားတဲ့ အခမ်းအနားတစ်ခု ကျင်းပကြမယ်။ ”
ပြီးနောက်တွင် ချန်လွေ့ ထပ်ပြောသည်။
“ ဒါက အနက်ရှိင်းဆုံး ချည်နှောင်မှုနဲ့ အကောင်းဆုံး သဟဇာတစာချုပ်ပဲ။ ”
အသီနာ၏ နှလုံးသားထဲ၌ ကြီးမားသော ပျော်ရွှင်မှုနှင့် အံ့အားသင့်မှုများ ချင်ချင်းပင် ပြည့်နှက်သွားသည်။သူ၏ ပါးပြင်ပေါ်၌ မျက်ရည်များ စီးကျလာပြန်သည်။ယခုအချိန်တွင် ၎င်းသည် ချိုမြန်သော အရာသာ ရှိနေ၏။သူတို့၏ နှုတ်လမ်းနှင့် လျှာတို့သည် သူတို၏ နှလုံးသားနှစ်စုံကဲ့သို့ပင် တင်းတင်းကြပ်ကြပ် လိမ်ယှက်သွားတော့သည်။
တယုတယ နမ်းရှိက်ပြီးနောက် စုံတွဲနှစ်ဦး၏ ခံစားချက်များသည် ထိန်းချုပ်မရလုနီးပါး ဖြစ်သွားခဲ့သည်။သို့သော် ချန်လွေ့သည် နောက်ဆုံး၌ စိတ်ထိန်းလိုက်နိုင်သည်။အသီနာ၏ အသက်၂၀ပြည့် မွေးနေ့ မရောက်သေးပေ။ချန်လွေ့သည် မိမိ၏ စိတ်လိုက်မာန်ပါလုပ်ရပ်ကြောင့် မဟာနတ်ဆိုးဘုရင်အဆင့်သို အသီနာ အဆင့်တက်နိုင်မည့် အကောင်းဆုံး အခွင့်အရေးကို မဖျက်ဆီးနိုင်ပေ။
ခဏတာ စိတ်ကို အေးအေးထားပြီးနောက် အသီနာ၏ အသံတိုးတိုး ထွက်လာသည်။
“ ဒီတစ်ခေါက် အရိပ်နက်အင်ပါယာဆီ သွားခဲ့တုန်းက......နင်သူနဲ့ တွေ့ခဲ့လား။ ”
“ ကိုယ် သူနဲ့ တစ်ခါပဲ တွေ့ခဲ့တယ်။ ”
ချန်လွေ့သည် ခရစ္စတီးနား၏ သရုပ်မှန်ကို မထုတ်ပြောချင်ခဲ့ပေ။သူသည် ခရစ္စတီးနားအား သလင်းကျောက်တောင်ကြားသို့ မသွားခင် နန်းတော်၌သာ ဆုံတွေ့ခဲ့ကြောင်း ပြောလိုက်သည်။
“ အိုး ”
အသီနာ ဆက်မမေးတော့ပေ။သူသည် ပုံမှန်အတိုင်း မေးလိုက်သကဲ့သိုပင် ဖြစ်သည်။ထိုကြောင့် အဖြေတစ်ခုရလျှင် လုံလောက်လေပြီ။သိုသော် ချန်လွေ့သည် အသီနာ၏စကားထဲ၌ “မကျေနပ်ချက်”ကို ကြားနေရသေးသည်။ ဒီမင်းသမီးက မနာလိုမဖြစ်တော့ဘူးလို ကတိပေးခဲ့ဖူးတာ ငါမှတ်မိတယ်။သူက ခရစ္စတီးနား၊မင်းသမီးလေးနဲ့ ခီရာတိုကို လက်ခံပေးမယ်လို သဘောတူခဲ့တယ်။ဒါပေမဲ့ အခုတော့......
“ သိပ်ပြီး စဉ်းစားမနေပါနဲ့။ ”
ချန်လွေ့ ခေါင်းခါပြီး ပြောသည်။
“ တကယ်တော့ ကိုယ်နဲ့သူက ..... တစ်ခုခု ဖြစ်လာဖို့အတွက် ခက်ခဲတယ်။ ”
ခုနက ခရစ္စတီးနားအကြောင်း ပြောစဉ်က အသီနာ မနာလိုဖြစ်ခဲ့သည်။သို့သော် ယခုတွင် ရုတ်တရက် အပြစ်ရှိသလို ဖြစ်သွားသည်။သူက မိမိသည် အမြင်ကျဉ်းကာ သဝန်တိုတတ်သည့် မိန်းမတစ်ယောက်ဖြစ်ကြောင်း ခံစားလိုက်ရသည်။မည်သိုပင် ဆိုစေကာမူ ကိုယ့်စည်းကမ်းနှင့်ကိုယ်နေသော သူ၏အဖေ၌ပင် မိန်းမ ၁၂ယောက် ရှိသည်။၎င်းနှင့် ယှဉ်လျှင် ချန်လွေ့၌ အတော်လေးနည်းသည်။အသီနာက ချက်ချင်း ထပ်ပြောလိုက်သည်။
“ ဒါနဲ့ ခီရာက.....တော်တော်လေး သနားစရာ ကောင်းတယ်။ငှက်တောင်ဖြူနယ်မြေကနေ တော်ဝင်မင်းသမီးနဲ့ ခီရာတို ပြန်လာတဲ့အခါကျရင် ခီရာကို ဒီမှာ လာနေခိုင်းလိုက်။ ”
ချန်လွေ့က အသီနာကို တအံ့တဩနှင့် ကြည့်လိုက်ပြီး အသီနာကို ရထားပြီးသည့်တိုင် အခြား မိန်းမများကို “ မြူဆွယ် ”ခဲ့သော မိမိကိုယ်ကို အပြစ်ရှိသလို ခံစားသွားရသည်။သိုသော် ယခုတွင် ခီရာကို စွန့်ပစ်ရန် မဖြစ်နိုင်တော့ပေ။ကံကောင်းစွာပင် ခီရာသည် အသီနာ၏ လက်ခံနိုင်သော “အတွင်း” အမှုထမ်းထဲတွင် ပါဝင်သည်။၎င်းမှာ နတ်ဆိုးဘုံ၏ သဘာဝပတ်ဝန်းကျင် ကျေးဇူးကြောင့်ပင် ဖြစ်လေသည်။
ချန်လွေ့သည် ပါးနပ်သည့်အတွက် ထိုကိစ္စကို အများကြီး မပြောခဲ့ပေ။သူသည် စကားလမ်းကြောင်း ပြောင်းရန်အတွက် မေးခွန်းတစ်ခု မေးလိုက်သည်။
“ ငှက်တောင်ဖြူနယ်မြေက ဘာဖြစ်တာလဲ။ ”
အသီနာ၏အဖြေသည် ချန်လွေ့ကို မျက်မှောင်ကြုတ်သွားစေသည်။အမှောင်လ၊ လိပ်ပြာနီ၊ ငှက်တောင်ဖြူနှင့် ချော်ရည်ပြာတိုသည် ကြယ်ကြွေတမန်အင်ပါယာ၏ အဓိကနယ်မြေ လေးခု ဖြစ်သည်။ငှက်တောင်ဖြူအရှင် စီကာလီသည် တော်ဝင်မင်းသမီးကို ပိုးပန်းနေသူ တစ်ယောက် ဖြစ်သည်။သူသည် အမှောင်လ၏ အကြီးမားဆုံး ထောက်ခံသူ အရှင်တစ်ယောက်လည်း ဖြစ်သည်။ယခုတစ်ကြိမ်တွင် သူသည် တော်ဝင်မင်းသမီးအား တရားဝင်လာလည်ရန်အတွက် ဖိတ်ကြားခဲ့သည်။ရည်ရွယ်ချက်မှာ မြို့တော်ကို ငှက်တောင်ဖြူနယ်မြေ၏ အပြုအမူအကြောင်း ပြသရန်နှင့် မြို့တော်၏ အပြစ်ဒဏ်အတွက် အကူအညီတချို့ ပေးရန် ဖြစ်သည်။
ချန်လွေ့သည် ငှက်တောင်ဖြူနယ်မြေအကြောင်း သိသော်လည်း အုပ်ချုပ်သူ စီကာလီက ရှီရာကို ပိုးပန်းသူဖြစ်ကြောင်း မသိခဲ့ပေ။ချန်လွေ့နှင့် ရှီရာ တို့သည် ဝေဝါးသော ဆက်ခံရေးရှိနေပြီး ကလူကျီစယ်သော ခံစားချက်သို ယိမ်းယိုင်နေ၏။ထိုကြောင့် ၎င်းကို ကြားသည့်အခါ ချန်လွေ့သည် အနည်းငယ် မသက်မသာ ခံစားသွားရသည်။
အသီနာသည် ချန်လွေ့နှင့် ရှီရာတိုကြားရှိ ပက်သတ်မှုကို အမြဲပင် အထင်လွဲနေခဲ့သည်။သိုသော် ထိုအချိန်၌ ချန်လွေ့၏ခံစားချက် အနည်းငယ် လှုပ်ရှားသွားသည်ကို သူ သတိမထားမိခဲ့ပေ။သူက သက်ပြင်းချလိုက်သည်။
“ တော်ဝင်မင်းသမီးက ခီရာကိစ္စကို မသိဘူး။နယ်မြေမှာ မကောင်းတာတွေ မလုပ်နိုင်အောင်လို ရှီရာက ခီရာကို ငှက်တောင်ဖြူနယ်မြေဆီ အထူးတလှည် ခေါ်သွားခဲ့တယ်။နယ်မြေကကိစ္စတွေကို ဂါ့စ်၊စိုင်ဖူမိသားစုက ဖို့ဒ်နဲ့ ကျွန်မတိုက ကိုင်တွယ်နေတယ်။ရှင့်ရဲ့နည်းလမ်းက တကယ်ကို အကျိုးရှိတယ်။အစောင့်တွေကို အထူးလေ့ကျင့်ပြီးတော့ သူတိုတွေက သူခိုးဓားပြ တော်တော်များများကို ရှင်းလင်းပြီးသွားပြီ။ခန့်အပ်မှုတွေကလည်း အဆင်ပြေတယ်။ဒါပေမဲ့.....တချို အင်အားတွေ ပိုလျှံနေတဲ့သူတွေက ခဏခဏ ပြဿနာရှာတာပဲ။သိပ်မကြာခင်တုန်းကဆိုရင် သူတို့က အင်ပါယာ အစောင့်တွေနဲ့တောင် ပြဿနာတက်ခဲ့တယ်။ ”
ယနေ့ အသီရာပြန်လာစဉ်က ပင်ပန်နွမ်းနယ်နေခြင်းကို ချန်လွေ့ သတိထားမိခဲ့သည်။သူသည် အသီနာအတွက် စိတ်မကောင်းဖြစ်သွားပြီး တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်သည်။
“ မင်းကို အလုပ် အများကြီး လုပ်စေမိတဲ့အတွက် တောင်းပန်ပါတယ်။ ”
အသီနာ ခေါင်းခါသည်။
“ ငါနင့်ကို ကူညီပေးနိုင်လို့ ပျော်ပါတယ်။ပြီးတော့လည်း ငါက ငယ်ငယ်ကတည်းက စစ်တန်းလျားမှာပဲ ကြီးပြင်းလာခဲ့တာ။ဒီလို ပတ်ဝန်းကျင်မျိုးကို ငါသဘောကျတယ်။ ”
“ အင်အားတွေ ပိုလျှံနေတာလား။ ”
ချန်လွေ့ ခဏစဉ်းစားလိုက်သည်။
“ စိတ်ချပါ။ငါ အဖြေတစ်ခု ရှာပေးမယ်။ ”
“ အင်း.... ”
အသီနာသည် ချန်လွေ့၏ ရင်ဘတ်ပေါ်သို သက်တောင့်သက်သာ ရွေ့သွားလိုက်သည်။အသေးအဖွဲ ပြဿနာများ အများအပြား ရှိနေသည်။သိုသော် မိမိ၏လူ ပြန်လာသည်နှင့် အသီနာအတွက် ကျောထောက်နောက်ခံတစ်ခု ရှိသွားသကဲ့သို ဖြစ်သွားသည်။ရှုပ်ထွေးသောကိစ္စများ ရှင်းလင်းသွားတော့လေ၏။