ရယ်သံများကြားထဲ၌ ပြုပြင်ပြောင်းလဲထားသော နတ်ဆိုးဘုံဗားရှင်း ဘောလုံး
Vol. 21 Ch. 307
စစ်တန်းလျား ပြဿနာ အများစုမှာ အမျိုးသား ဟော်မုန်း ထုတ်ခြင်း များပြား၍ အားအင်ပိုလျှံနေသောသူများကြောင့် ဖြစ်သည်။ဆက်ဆံရေး အမြဲတင်းမာနေသော အင်ပါယာ အစောင့်များနှင့်လည်း ပြဿနာ အမျိုးမျိုး တက်ခဲ့သည်။သူတို့သည် အကြိမ်တိုင်း ဒဏ်ရာများဖြင့် အဆုံးသတ်ခဲ့သည်။ခါဂူရွန်၊အသီနာ နှင့် အရတ်စ်တို့တွင် ဂုဏ်ဩဇာ အတော်အတန် ရှိနေသေးသည့်အတွက် သေဆုံးသည်အထိ မဖြစ်သေးပေ။
စွမ်းအင် နှင့် ကြံ့ခိုင်ခြင်းတိုသည် သတ္တိ တစ်မျိူးပင် ဖြစ်သည်။၎င်းကို အသုံးချ၍ရသော်လည်း မတားဆီးနိုင်ပေ။နတ်ဆိုးများသည် ပင်ကိုအားဖြင့် ရန်လိုကြသည်။အကယ်၍ သူတို့ကို သေသည်အထိ လည်ပင်းညှစ်သတ်နိုင်လျှင် သူတိုကို နတ်ဆိုးဟု ခေါ်နိုင်တော့မည် မဟုတ်ပေ။ချန်လွေ့၏ နည်းလမ်းမှာ သူ ယခင်ကဖတ်ခဲ့ဖူးသော ဝတ္ထု “ယှဉ်ပြိုင်အားကစားများ”မှ ကိုးကားထားခြင်း ဖြစ်သည်။
အသင်းအဖွဲ့ အားကစားတွင် ဘောလုံးထက် ဆွဲဆောင်မှုရှိသောအရာ မရှိပေ။၎င်းသည် တစ်ကမ္ဘာလုံးရှိ နာမည်အကြီးဆုံး အားကစား ဖြစ်သည်။ထိပ်တိုက်ရင်ဆိုင်ခြင်းနှင့် သတင်းအဖွဲ့စိတ်ဓာတ်ကို ဤလောက၌ အသိအမှတ်ပြုလိမ့်မည်ဟု ချန်လွေ့ ယုံကြည်နေသည်။
ထို့နောက် နှစ်ရက်ကြာသောအခါ -
မြို့ဂိတ်တံခါးကို စောင့်ကြပ်ပြီး ကင်းလှည့်နေရသော အဖွဲမှလွဲ၍ ကျန်အစောင့်များအားလုံးသည် စစ်တန်းလျားတွင် စုဝေးနေကြသည်။
စစ်တန်လျား၌ ငြိမ်ဝပ်ပိပြားရေး အရာရှိကိုယ်စားလှယ် အသီနာနှင့် နည်းပြခေါင်းဆောင် အရတ်စ်တို့သည် စင်ပေါ်၌ ရပ်နေကြ၏။ပြင်းပြင်းထန်ထန် လေ့ကျင့်ရေးကာလ ပြီးစီးပြီးနောက်တွင် မြို့စောင့်တပ်သားများသည် အန္တိမထိန်းချုပ်သူနှစ်ယောက်ထံ လုံးဝအညံ့ခံလိုက်ကြသည်။သူတို၏မျက်လုံးထဲ၌ ရိုသေလေးစားမှုများ ပြည့်နှက်နေ၏။
အသီနာက ပြောသည်။
“ လွန်ခဲ့တဲ့ ၃ရက်တုန်းက အင်ပါယာအစောင့်တွေနဲ့ ပြဿနာတက်ခဲ့တဲ့သူတွေ ရှေ့ထွက်ခဲ့။ ”
ထိုသူများသည် တုံ့ဆိုင်းမနေကြဘဲ လူစုထဲမှ ထွက်လာခဲ့ကြသည်။အသီနာ၏ စူးရှသော မျက်လုံးများသည် ထိုသူများကို အကြမ်းဖျဉ်းကြည့်လိုက်သည်။သူတိုသည် လိပ်ပြာမလုံဘဲ ခေါင်းငုံကာ ဦးညွှတ်နေသည်။
“ မင်းတိုတွေ ကိုယ့်အမှားကိုယ် သိကြလား။ ”
ထိုသူများသည် ဒုက္ခရောက်ပြီဖြစ်ကြောင်း သိကြသည်။ထိုကြောင့် သူတိုအားလုံးသည် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားခဲ့ပြီး “ သိပါတယ် ” ဟူ၍ သံပြိုင် ပြန်ဖြေလိုက်သည်။
အသီနာက နွားတစ်ပိုင်း တစ်ယောက်ကို လက်ညှိးထိုးလိုက်သည်။
“ မင်း ပြော။အမှားအကြီးဆုံးက ဘာလဲ။ ”
“ ဟုတ်ကဲ့။ ”
နွားတစ်ပိုင်း ပြန်ဖြေသည်။
“ ကျုပ်တို့တွေ အင်ပါယာအစောင့်တွေကို မတိုက်ခိုက်သင့်ပါဘူး။ဒါက မဒမ် အသီနာရဲ့ စည်းကမ်းကို ချိုးဖောက်ရာကျပါတယ်။ ”
အသီနာက မတ်မတ်ရပ်နေကြသော အစောင့်များကို ကြည့်လိုက်သည်။
“ ငါ့ကိုပြော။သူပြောတာ မှန်လား။ ”
အားလုံး “ ဟုတ်ကဲ့ ”ဟု တစ်ပြိုင်နက်တည်း ဖြေလိုက်သည့်အခါ အသီနာက “ မဟုတ်ဘူး ” ဟု အော်ပြောသည်။
“ သူတိုရဲ့ အမှားအကြီးဆုံးက ငါ့ရဲ့စည်းကမ်းတွေကို ချိုးဖောက်တာမဟုတ်လား။၁၅ယောက်က အင်ပါယာအစောင့် ၁၀ယောက်ကို အနိုင်မယူနိုင်တာပဲ။ဒါက ငါတို မြို့စောင့်တပ်တွေအတွက် အရှက်ရစရာ တစ်ခုပဲ။အားလုံးပြောစမ်း။သူတိုကို အပြစ်ပေးသင့်လား။ ”
အသီနာ၏စကားကြောင့် မြို့စောင့်တပ်သားများ အချင်းချင်း ကြည့်လိုက်ကြသည်။ထိုနောက် သူတို့၏ မျက်နှာပေါ်၌ ထူးဆန်းသော စိတ်လှုပ်ရှားမှု အရိပ်အယောင်တစ်ခု ရှိနေသည်။ရှေ့ထွက်နေသော သူများပင် ခြွင်းချက်မဟုတ်ပေ။သူတိုအားလုံး သံပြိုင်အော်ပြောလိုက်ကြသည်။
“ အပြစ်ပေးသင့်ပါတယ်။ ”
အမှန်တကယ်၌ အစောင့်များ၏ တိုးတက်နှုန်းသည် အလွန်မြန်ဆန်လှသည်။ထိုတိုက်ခိုက်မှုတွင် နှစ်ဖက်စလုံး ဒဏ်ရာရသွားခဲ့ကြသည်။ယခင်အချိန်ကဆိုလျှင် အင်ပါယာအစောင့်များကို အယောက်၅၀ဖြင့်ပင် တိုက်ခိုက်နိုင်မည် မဟုတ်ပေ။
“ ပြန်ခွင့်ပြုပြီးရင် အားလုံး စစ်တရားသူကြီးဆီသွားပြီး ကြိမ်ဒဏ် ၂၀ ခံရမယ်။ ”
အသီနာ မေးလိုက်ပြန်သည်။
“ အားလုံး ပြော။ငါတိုရဲ့ဂုဏ်သိက္ခာကို ပြန်ရယူသင့်လား။ ”
စစ်ပေါ်မှ လူပေါင်း၂ထောင်ကျော်၏အသံသည် တစ်ပြိုင်နက်တည်း ထွက်လာ၏။
“ ရယူသင့်ပါတယ်။ ”
“ မြို့စောင့်တပ်ဖွဲနဲ့ အင်ပါယာအစောင့်တွေက တော်ဝင်မင်းသမီးထက်ထဲက အထက်မြက်ဆုံး ကောက်ရိတ်ဓားနဲ့ အနီးကပ်ဆုံးရဲဘော်ရဲဘက် တွေပဲ။ကောက်ရိတ်ဓားတွေက ရန်သူတွေနဲ့ သွေးတွေနဲ့ပဲ စွန်းနေသင့်တယ်။အချင်းချင်းနဲ့ သွေးမစွန်းသင့်ဘူး။ ”
အသီနာ၏လေသံ ပြောင်းလဲသွား၏။
“ ဒါပေမဲ့ နတ်ဆိုးဘုံက အစွမ်းပိုထက်တဲ့သူကို အရေးပေးတယ်။ငါတို့ အစောင့်တွေထဲမှာ အသန်မာဆုံးက ရှင်ကျန်တယ်ဆိုတဲ့ ယှဉ်ပြိုင်မှု တစ်ခုရှိတယ်။ခေါင်းဆောင်က စစ်သားတွေကို အနိုင်မယူနိုင်ရင် သူက သာမန်စစ်သား ပြန်ဖြစ်သွားမယ်။မှော်အဆက်အသွယ်အနေတစ်ဆင့် တော်ဝင်မင်းသမီးရဲ့ ခွင့်ပြုချက်ကို ငါရထားပြီးပြီ။ငါတို့တွေ အင်ပါယာအစောင့်တွေနဲ့ စစ်ပြိုင်ပွဲတစ်ခု ယှဉ်ပြိုင်ပြီးတော့ အနိုင်အရှုး ဆုံးဖြတ်မယ်။အမှောင်လမြို့/သားတွေ အရှေ့မှာ အင်ပါယာအစောင့်တွေကို မင်းတို့တွေ သင်ခန်းစာကောင်းကောင်း ပေးချင်ကြလား။အနာဂတ်မှာ မင်းတို့တွေ သူတို့ရဲ့အပေါ် ရောက်ချင်ကြလား။ ”
စစ်ပြိုင်ပွဲတဲ့လား။ ၎င်းသည် အစောင့်များ၏ စိတ်ဓာတ်ကို လှုဆော်ပေးခဲ့သည်။သူတို၏ မျက်နှာပေါ်၌ စိတ်လှုပ်ရှားမှုများ ပြသနေသည်။သူတိုသည် ကျယ်လောင်စွာ တစ်ပြိုင်နက်တည်း ပြန်ဖြေလိုက်သည်။
“ ဟုတ်ကဲ့။ ”
အသီနာ ခေါင်းညိတ်လိုက်သည်။
“ ပြီးရင် နည်းပြအရတ်စ်က ဒီစစ်ပြိုင်ပွဲရဲ့ စည်းမျဉ်းတွေကို အသေးစိတ် ရှင်းပြလိမ့်မယ်။ ”
အရတ်စ်က အသီနာကို ဦးညွှတ်ပြီး ရှေ့တက်ကာ ထူးခြားဆန်းပြားသော အလုံးတစ်လုံးကို ယူထုတ်ပြီးနောက် စတင်ရှင်းပြတော့သည်။ကိစ္စအသစ် တစ်ခုကို လက်ခံရသည်မှာ မလွယ်ကူပေ။အရတ်စ် အများကြီးပြောခဲ့သော်လည်း စင်အောက်မှ အစောင့်များ အတော်လေး နားမလည်သေးပေ။ ဒီဘောလုံးကို ခြေထောက်ရယ် ခေါင်းရယ်နဲ့ပဲ ထိလို့ ကန်လို့ရတာလား။ပြီးတော့ ဒါက ပြိုင်ဘက် သေတ္တာထဲကို ရောက်အောင် လုပ်ရဦးမှာလား။
သီဝရီ များလွန်းလျှင် အသုံးမဝင်ပေ။အကောင်းဆုံး နည်းလမ်းမှာ လေ့ကျင့်ရန် ဖြစ်သည်။အရတ်စ်သည် စစ်သား၂၂ယောက်ကိုရွေးပြီး စတင် သရုပ်ပြတော့သည်။
ထိုနောက် မတော်တဆမှုများ ခဏခဏ စတင်ဖြစ်ပျက်လာတော့သည်။
အားလုံးသည် အသင်းမခွဲခြားပဲ ဘောလုံးကို အတူတူလိုက်ကြသည်။ဂိုးသမားများပင် ခြွင်းချက် မဟုတ်ပေ.....
လက်သီး၊လက်သည်း၊ချိုနှင့် သွားများကိုပါ အသုံးပြုကြသည်။သို့သော် ခြေထောက်မပါ.....
ဂိုးသမားသည် အားအင် ပိုလျှံနေမှုကြောင့် ဘောလုံးကို ပြိုင်ဘက် ဂိုးသမားဆီသို မီတာ၁၀၀ အကာအဝေးမှ တစ်ခါတည်း ကန်ထည့်လိုက်သည်။တစ်ဖက်ဂိုးသမားကလည်း ဘောလုံးကို ဖမ်းပြီး ပြန်ပစ်ထည့်သည်။အလယ်မှ ကစားသမားများသည် လေထဲမှ ဘောလုံးကိုသာ စိုက်ကြည့်နေရသည်။သူတို့၏ခေါင်းများသည် ဘယ်ပြန်ညာပြန် အကြိမ်ကြိမ် ရမ်းနေကြတော့သည်.....
နောက်ဆုံး၌ သနားစရာ ဘောလုံးလေးသည် ပြင်းထန်သော နှိပ်စက်မှုကို မခံနိုင်တော့ဘဲ နေရာတွင်ပင် ပေါက်ကွဲထွက်သွား၏....
ပထမဆုံး ဘောလုံး စမ်းသပ်မှု လုံးဝ ကျရှုံးသွားခဲ့သည်။လုံးလုံးလျားလျား အတုခိုးခြင်းသည် အလုပ်ဖြစ်ပုံမရချေ။၎င်းကို ဒေသအခြေအနေများနှင့်အတူ တိုးမြှင့်ရပေမည်။၎င်းသည် နတ်ဆိုးဘုံအတွက် ထူးခြားသောအရာ တစ်ခုခု ဖြစ်ရပေမည်။
၎င်းကိုစဉ်းစားပြီးနောက် ချန်လွေ့သည် ဘောလုံးကို တိုးမြှင့်ခဲ့သည်။သူသည် ဘောလုံး၏ ဆန့်ကျုံ့သတ္တိကို လျှော့ချပြီး အလေးချိန်နှင့် စွမ်းအားအသုံးချမှု တိုးစေသည့် မှော်စက်ဝိုင်းတစ်ခု မှတ်သားခဲ့သည်။ဘောလုံးကို ကန်နိုင်ရန်အတွက် ခွန်အားအတော်အတန် အသုံးပြုရတော့မည် ဖြစ်သည်။
ရက်အနည်းငယ် ကြာပြီးနောက်ဆုံး၌ အနည်းငယ် ဖြစ်နိုင်ချေ ရှိသွားဟန်တူသည်။သိုသော်လည်း ပုံမှန်အတိုင်းပင် မတော်တဆမှုများ ရှိနေသေး၏။
မတော်တဆ ခေါင်းတိုက်မှုတစ်ခုက ဘောလုံးကို ထိုးဖောက်သွားပြီး ချွန်ထက်သော ချိုပေါ်တွင် ကျန်နေခဲ့သည်။နွားတစ်ပိုင်းသည် နုံအသည်။သူက လက်နှင့်ခေါင်းကို အသုံးပြုခြင်းသည် အပြစ်ဒဏ် မဟုတ်ဟု ထင်သည့်အတွက် ဘောလုံးကို ချိုဖြင့် ထိုးဖောက်ပြီး သောင်းကျန်းပြေးသွားတော့သည်။သူသည် ဂိုးသမားအပါအဝင် တားဆီးနေသောသူများကို တွန်းထုတ်ပြီးနောက်တွင် ဂိုးပေါက်ထဲသို “ပစ်ဝင်”ကာ ဂိုးရရှိသွားတော့သည်....
ပြိုင်ဖက်နွားတစ်ပိုင်းကလည်း ထိုနည်းအတိုင်း လိုက်လုပ်သည်။ရလာဒ်အနေဖြင့် ၎င်းသည် ရတ်ဘဂီကစားပွဲ အဖြစ်သို ပြောင်းလဲသွားတော့သည်။ဘောလုံးကို ထိုးဖောက်ထားသော နွားတစ်ပိုင်းသည် ဂိုးဆီသို့ ပြေးလာ၏။သူ၏နောက်တွင် လူအုပ်ကြီးက သူ၏လက်၊ခြေထောက်နှင့် ဘောင်းဘီများကို ဆွဲထားကြသည်။ နောက်ဆုံး၌ ထိုနွားတစ်ပိုင်းသည် ဂိုးထဲသို့ ဖင်ပြောင်ဖြင့် ပြေးဝင်သွားတော့သည်....
ဤသိုဖြင့် ထူးဆန်းပြီး ပေါ့ပြက်ပြက် တိုက်ကွဲနည်းဗျူဟာများ အဆုံးမဲ့ ပေါ်ထွက်လာတော့သည်။ဥပမာ ဘောလုံးပွဲစတင်ချိန်၌ အားကောင်းသော ယောက်ျားတစ်စုသည် စက်ဝိုင်းပုံစံဝိုင်းပြီး ဘောလုံးကို အလယ်တွင်ထားကာ ကာကွယ်ထားလိုက်ကြသည်။ရှေ့တက်လာသူ မည်သူမဆို ကန်ထုတ်ခံရသည်။နောက်ဆုံး၌ ထိုစက်ဝိုင်းလူအုပ်ကြီးသည် တစ်ဖက်ဂိုးထဲသို အတားအဆီးမရှိဘဲ ဝင်ရောက်သွားတော့သည်.....
ရွံစရာကောင်တစ်ကောင်သည် ဘောလုံးကို သူ၏ပါရမီဖြင့် ဝါးမျိုခဲ့သည်။အခြားသူများ သတိမထားမိဘဲ ဘောလုံးကို ရှာဖွေနေစဉ် သူသည် ပြိုင်ဘက်၏ဂိုးပေါက်ဆီ အမြန်ပြေးသွားပြီး အန်ထုတ်လိုက်သည်။ဆွဲထုတ်ခြင်း မဟုတ်၍ တော်ပေသေးသည်......
ဂိုးသမားလည်း လှည့်ကွက် မရှိသည်မဟုတ်ပေ။ပြိုင်ဘက်အသင်းသားက သူ့ဆီ ပြေးလာသည့်အခါ သူသည် ရိုးရိုးရှင်းရှင်းကို ဂိုးတိုင်ကို တင်းတင်း ဆွဲချလိုက်ရာ ဂိုးတစ်ခုလုံး မြေကြီးထဲ မြုပ်ဝင်သွားတော့သည်။ဂိုးပေါက်ပင် ပျောက်သွားခဲ့သည်။ ကဲ။မင်းဘယ်လို ဂိုးသွင်းမလဲ ကြည့်ရတာပေါ့။
နောက်ဆုံး၌ ဘေးဖက်မှကြည့်နေသော ချန်လွေ့သည် ထိန်းမထားနိုင်တော့ဘဲ ခွက်ထိုးခွက်လှန် ရယ်လိုက်တော့သည်။သူသည် ထိုဘောလုံးကို ဆက်လက်၍ တိုးမြှင့်ရဦးမည် ဖြစ်သည်....
အကြိမ်များစွာ ပြန်လည်ဖန်တီးပြီးနောက် နတ်ဆိုးဘုံ၏ ပထမမျိုးဆက်ဖြစ်သော ရင်ဖိုစရာ ဘောလုံး တရားဝင် ဖြစ်ပေါ်လာတော့သည်။
ထိုဘောလုံးကို ချန်လွေ့သည် စူပါစနစ်၏ သန့်စင်ခြင်း လုပ်ဆောင်ချက်နှင့် ယန္တရားပညာရပ်များဖြင့် ဖန်တီးပြုလုပ်ထားခြင်း ဖြစ်သည်။အသွင်အပြင်၊ ကျုံနိုင်ဆံ့နိုင်သတ္တိ နှင့် ကြံ့ခိုင်မှုမှာ ထူးခြားလှပြီး ဆရာသခင်အဆင့် လက်ရာဟု သတ်မှတ်နိုင်သည်။
ထိုဘောလုံးသည် စွမ်းအားကို စုပ်ယူနိုင်ပြီး ကန်ရန် အတော်လေး အားထုတ်ရသည်။ဂိုးစည်းကို ဖြတ်သွားလျှင် မီးတောက်ကဲ့သို့ အလင်းရောင် ထွက်ပေါ်လာပြီး ဂိုးဝင်ကြောင်း ကိုယ်စားပြုသည်။
ကွင်းကိုလည်း ချဲ့ထွင်လိုက်ပြီး မြေဆွဲအား အထိုက်အလျောက် တိုးမြင့်ရန်အတွက် ရိုးရှင်းသော မှော်စက်ဝိုင်းတစ်ခု ထပ်ထည့်လိုက်သည်။ဂိုးတိုင်ကိုလည်း ပြုပြင်မွမ်းမံခဲ့သည်။
ထိုနောက်တွင် ပြဿနာများ ကြုံတွေ့နေရသေးသော်လည်း သူတိုသည် တစ်ခါတစ်ခု ဖြေရှင်းခဲ့သည်။မြို့စောင့်တပ်သားများလည်း စည်းမျဉ်းများနှင့် လိုက်လျောညီထွေဖြစ်သွားပြီး တဖြည်းဖြည်း ထိုမာန်ပါသော တိုက်ပွဲဘောလုံး အားကစားကို နှစ်ခြိုက်လာကြတော့သည်။
မြို့စောင့်တပ်သားများသာမက အင်ပါယာ အစောင့်များကလည်း တပ်မှူး ခါဂူရွန်၏ ဦးဆောင်မှုအောက်တွင် ထိုအားကစားကို စတင်ကစားကြည့်လာသည်။
ချန်လွေ့၏ အကြံပြုချက်ဖြင့် မြို့စောင့်တပ်နှင့် အင်ပါယာအစောင့်တို့သည် ပြိုင်ပွဲ၌ အများပြည်သူ မသိသော ပြိုင်ပွဲတစ်ခု ယှဉ်ပြိုင်ကြသည်။ပရိသတ်များမှာ ဂါ့စ်၊အသီနာ၊ခါဂူရွန်နှင့် နှစ်ဖက်စလုံးမှ စစ်သားအချို့သာ ဖြစ်၏။
သူတိုသည် ထိုအားကစားမျိုးနှင့် မထိတွေ့ရသည်မှာ အချိန်အတော်ကြာပြီ ဖြစ်သည့်အတွက် စိတ်လှုပ်ရှားစရာ မြင်ကွင်းများအပြင် ပြိုင်ပွဲအတွင်း၌ ရယ်စရာ အမျိုးမျိုးလည်း ဖြစ်ပျက်ခဲ့သည်။နောက်ဆုံး၌ သူတိုသည် စည်းကမ်းကို လိုက်နာပြီး အဆုံးအထိ ကစားခဲ့သည်။မြို့စောင့်တပ်ဖွဲက ၁၀ဂိုး ၆ဂိုးဖြင့် အနိုင်ရရှိ သွားခဲ့ကြသည်။ဂုဏ်ယူနေကြပုံရသော မြို့စောင့်တပ်သားများသည် ခေါင်းမြင့်မြင့် မော့ထားနေကြသည်။ထိုအချိန်၌ ဂါ့စ်သည် အခွင့်ကောင်းယူပြီး တော်ဝင်မင်းသမီးကို ကိုယ်စားပြုကာ နောက်တစ်လအကြာ၌ ပြိုင်ကွင်းတွင် ပြိုင်ပွဲတစ်ခု ကျင်းပမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ထိုအချိန်တွင် ပရိသတ်ပေါင်း ထောင်သောင်းနှင့်ချီ လာရောက် ကြည့်ရှုကြမည်ဖြစ်သည်။အနိုင်ရရှိသော အသင်းသည် အရည်အသွေးမြင့် ချပ်ဝပ်တန်ဆာ အစုံ၅၀ ရရှိပေမည်။
ယုံကြည်ချက် အပြည့်ဖြစ်နေသော မြို့စောင့်တပ်သားများနှင့် အရှုးကို လက်မခံချင်သော အင်ပါယာအစောင့်တိုက ထိုသတင်းကို ကြားသည့်အခါ စိတ်အားတက်ကြွသွားတော့သည်။သူတိုသည် အမှောင်လ ပရိသတ်များအရှေ့၌ သူတို့အချင်းချင်း ယှဉ်ပြိုင်တိုက်ခိုက်ပြီး ဂုဏ်သိက္ခာကိုပြသရန် ဆုံးဖြတ်လိုက်ကြသည်။
စစ်တန်းလျားသို့ ပြန်လာကြသော မြို့စောင့်တပ်သားများသည် ထူးထူးခြားခြား စိတ်လှုပ်ရှား နေကြသည်။ကစားသမားများသည် သူရဲကောင်းကဲ့သို့ ကြိုဆိုခံရပြီး စိတ်ဓာတ်များ တဟုန်ထိုး မြင့်မားသွားခဲ့သည်။လူအများအပြားသည် ထိုအားကစားတွင် ယှဉ်ပြိုင်ရန်အတွက် တက်တက်ကြွကြွ လေ့လာ လာကြသည်။ကျန်ဝန်းလှသော စစ်တန်းလျားကိုပင် ဘောလုံးကွင်း သုံးကွင်းအဖြစ် ပိုင်းခြားလိုက်သော်လည်း အစောင့်များ၏ လိုအပ်ချက်များနှင့် တိုးပွားလာသော စိတ်အားတက်ကြွများအတွက် မလုံလောက်ခဲ့ပေ။
ထိုအားကစားသည် စစ်တပ်လေ့ကျင့်ရေးကို လုံးဝ အစားထိုးသွားမည် မဟုတ်ပေ။ချန်လွေ့၏ အကြံပြုချက်ဖြင့် အသီနာသည် သာမန်ရက်များ၌ လေ့ကျင့်ရေး အစီအစဉ်များကို ချိန်ညှိခဲ့သည်။စွမ်းဆောင်ရည် ကောင်းမွန်သောသူများနှင့် တိုးတက်မှု အမြန်ဆုံးသူများသည် ဘောလုံးပွဲ လှုပ်ရှားမှု၌ ဦးစားပေး ပါဝင်ရမည် ဖြစ်သည်။
ထူးချွန်သော စွမ်းဆောင်သူများသည် မြို့စောင့်တပ် ကိုယ်စားလှယ်များအဖြစ် နောက်တစ်လ ပြိုင်ပွဲတွင် ယှဉ်ပြိုင်ရပေမည်။ရလာဒ်အနေဖြင့် တပ်သားများ ပို၍စိတ်အားတက် သွားကြပြီး ထူးထူးခြားခြား ရလာဒ်များ ထွက်ပေါ်လာခဲ့သည်။
အရတ်စ် ထိန်းချုပ်သော ပြိုင်ကွင်းသည် နံပါတ်(၆၄) “ အက်ဂ်ယော ” ၏ သူရဲကောင်းလုပ်ရပ်များ ပြီးကတည်းက တိတ်ဆိတ်နေခဲ့သည်။ချန်လွေ့သည် “ တိုက်ပွဲဘောလုံး ” ကို ခဲတစ်လုံးဖြင့် ငှက်တစ်ယောက်ပစ်ရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။၎င်းမှာ အစောင့်များအကြားရှိ ပြဿနာများကို ဖြေရှင်းရန်အပြင် အနာဂတ်၌ ပြိုင်ကွင်း၏ အဓိက အကျိုးအမြတ် စီမံကိန်းအတွက်လည်း ဖြစ်သည်။
ဂါ့စ်သည် ချန်လွေ့၏ ဦးနှောက်ကို အလွန်လေးစားသွားခဲ့သည်။လေ့ကျင့်ရေးဘက်မှကြည့်လျှင် ထိုအားကစားတွင် ခွန်အား၊အမြန်နှုန်း၊ သက်လုံနှင့် မြေဆွဲအားထိန်းညှိခြင်း လေ့ကျင့်ရေးများ ပါဝင်သည်။ပို၍အရေးကြီးသည်မှာ ၎င်းသည် အသင်းအဖွဲ့စိတ်ဓာတ်ကို တည်ဆောက်ပေးသည်။ဖျော်ဖြေရေးဘက်မှ ကြည့်လျှင် ၎င်းသည် ဝါသနာရှင် အများအပြားကို ဆွဲဆောင်နိုင်သော စိတ်လှုပ်ရှားဖွယ် တိုက်ပွဲတစ်ခု ဖြစ်သည်။စီးပွားရေး အကျိုးအမြတ်ဘက်မှာကြည့်လျှင် ၎င်းသည် စီးပွားရေးကို တိုးမြှင့်နိုင်ပြီး အကျိုးအမြတ် ကြီးကြီးမားမား ယူဆောင်လာနိုင်သည်။ထိုအပြင် ထိုကဲ့သို့ လှုပ်ရှားမှုသည် မြို့သူ/သားအားလုံးကို ရေရှည်တွင် အတုလိုက်ခိုး စေနိုင်သည်။၎င်းသည် အမှောင်လ၏ တိုက်ခိုက်ရေးအင်အားနှင့် စည်းလုံးမှုကို တိုးမြင့်နိုင်ပြီး တော်ဝင်မင်းသမီး၏ အုပ်ချုပ်မှုနှင့်လည်း ပို၍ အဆင်ပြေစေသည်။
အမှောင်လကို ရောက်လာပြီးကတည်းက ဒီလူသားက ဆန်းသစ်တီထွင်မှု အများကြီး မိတ်ဆက်ပေးခဲ့တယ်။ပြီးတေ့ အဲဒါတွေကလည်း မယုံနိုင်စရာတွေပဲ။ဒီတစ်ခေါက် သူက အံ့ဩဖွယ်ရာ “တိုက်ပွဲဘောလုံး”ကို ဖန်တီးခဲ့တယ်။ ဂါ့စ်က ချန်လွေ့ကဲ့သို လူတော်သည် ရန်သူမဟုတ်ဘဲ မိမိတိုဘက်တွင် ရှိနေခြင်းကို ကံကောင်းသည်ဟု ခံစားလိုက်ရသည်။ပါရမီရှင်ဂုဏ်ပုဒ်များ ရပြီးသော်လည်း အမှောင်လနယ်မြေသို ပြန်လာသည့် ချန်လွေ့ကိုလည်း အကြီးအကဲဂါ့စ် ကျေးဇူးတင်နေခဲ့သည်။ တော်ဝင်မင်းသမီးက ဘာလို့ လက်ထပ်ဖို့ကို မစဉ်းစားတာပါလိမ့်။
ပြိုင်ကွင်း စမ်းသပ်ချက် အောင်မြင်ပြီးသည့်အခါ နောက်ဆက်တွဲအလုပ်ကို ဂါ့စ်နှင့် အရတ်စ်တိုထံ တာဝန်ပေးလိုက်သည်။ချန်လွေ့သည် ထိုကိစ္စကို အာရုံမစိုက်ခဲ့ပေ။မည်သိုပင် ဖြစ်စေကာမူ သူ၏ တကယ့်အစီအစဉ်နှင့်ယှဉ်လျှင် ၎င်းသည် ကြားကာလ ဖြစ်စဉ်တစ်ခုသာ ဖြစ်၏။
မိုလင်မြို့သို အမြန်မသွားခင် ချန်လွေ့သည် ရှီရာနှင့် မျက်နှာချင်းဆိုင်တွေ့ပြီး အရေးကြီးသော ကိစ္စအချို့ကို ရှင်းပြရမည် ဖြစ်သည်။အစီအစဉ်အတွင်း ပူးပေါင်းဆောင်ရွက်မှုတွင် ပြောင်းလဲမှုတချို့ ရှိလာနိုင်သည်။ထိုပြင် သူသည် ခီရာကိုလည်း ဖရီယာအကြောင်း ပြောပြရဦးမည် ဖြစ်သည်။
ထိုအချိန်၌ အမှောင်လ တောင်ဘက် ယန်းကော်မြို့မှ မမျှော်လင့်ထားသော သတင်းတစ်ခု ထွက်ပေါ်လာသည်။ယန်းကော်မြို့ ဂူသင်္ချိုင်းတွင် ထူးဆန်းသော တစ်စုံတစ်ခု ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။