← Chapters

အဆိပ်နဂါး နှင့် အလောင်း အောက်လမ်းပညာရှင်

Vol. 21 Ch. 310

အဆိပ်နဂါး နှင့် အလောင်း အောက်လမ်းပညာရှင်

Vol. 21 Ch. 310

ထိုစိတ်ပုံရိပ်၏ စွမ်းအားသည် မဟာနတ်ဆိုးဘုရင် အဆင့်သာ ဖြစ်သော်လည်း အထိတ်တလန့် သူရဲကောင်းစစ်သည်နှင့် ပူးပေါင်းလိုက်လျှင် ချန်လွေ့အတွက် အနိုင်ရရန် ခက်ခဲသွားပေမည်။ထိုအပြင် ဂူရာဒန်၏ စွမ်းအား အစစ်အမှန်မှာ နတ်ဆိုးဧကရာဇ်အဆင့် ဖြစ်သည်။၎င်းသည် ယခုတွင် ချန်လွေ့ ရင်ဆိုင်နိုင်သည့်အရာ မဟုတ်ပေ။

သို့သော် ချန်လွေ့သည် လက်ရှိတွင် ဂူရာဒန် မမှတ်မိသော သူစိမ်းမျက်နှာတစ်ခုကို အသုံးပြုနေခြင်း ဖြစ်သည်။

ချန်လွေ့ စဉ်းစားပြီး အရိုအသေပေးကာ ပြန်ဖြေလိုက်သည်။

“ မသေမျိုးမှော်ပညာရှင် ဆရာသခင် ခင်ဗျား။ကျုပ်က အမှောင်လမြို့ကနေ ယန်းကော်မြို့ဆီ အမြန်လာပြီးတော့ လူပျောက်ဆုံးနေတာကို လာစုံစမ်းတဲ့သူ တစ်ယောက်ပါ။ဂူသင်္ချိုင်းက အလောင်းတွေက ဆရာသခင် အသုံးပြုဖို လုံလောက်မယ် ထင်ပါတယ်။ဘာလို့ မြို့သူ/သားတွေကို ပြန်ပေးဆွဲဖို့ လိုသေးတာလဲ။ ”

“ စုံစမ်းတဲ့သူလား။ ”

ဂူရာဒန်က ရန်သူသည် မဟာနတ်ဆိုး ဘုရင်အဆင့် ဖြစ်ကြောင်း ခံစားမိလိုက်သည်။စိတ်ပုံရိပ်နှင့် အထိတ်တလန့် သူရဲကောင်းစစ်သည်ဖြင့်ပင် ထိုရန်သူကို အလွယ်တကူ အနိုင်ယူနိုင်ပေသည်။သူ ချက်ချင်းပင် သရော်ပြုံးပြုံးလိုက်သည်။

“ ဟမ့်။ငါက ဂူသင်္ချိုင်းက အလောင်းတွေကိုပဲ ငှားယူခဲ့တာ။အသက်ရှိတဲ့သူတွေကိုတော့ မင်းလိုမျိုး ကိုယ့်ဘာသာလာတဲ့သူတွေအပြင် အားလုံးကို မသေမျိုးအဖြစ် ပြောင်းလဲဖို့ မစီစဉ်ထားဘူး။ဒါပေမဲ့ ငါ့စမ်းသပ်မှု အောင်မြင်သွားရင်တော့ တစ်မြို့လုံး ဒါမှမဟုတ် နယ်မြေတစ်ခုလုံးကို မသေမျိုး နိဗ္ဗာန်ဘုံတစ်ခုအဖြစ် ပြောင်းလဲချင် ပြောင်းလဲမှာ။ ”

ချန်လွေ့ မျက်မှောင်ကြုတ်လိုက်သည်။ဤ‌အခြေအနေ၌ ဂူရာဒန်သည် လိမ်ညာရန် မလိုအပ်ပေ။ ဒါဆို မြို့စောင့်တပ် ခေါင်းဆောင် ဆာမန်အပါအပြင် ပျောက်သွားတဲ့သူတွေက ဘာဖြစ်သွားကြတာလဲ။

ဂူရာဒန် စကားပြောမည် ပြင်လိုက်စဉ် တစ်ခုခုကို ရုတ်တရက် အာရုံခံမိသွားပြီး မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားကာ အော်ပြောသည်။

“ အနောက်ဘက်က ယဇ်ပလ္လင်ကို တစ်ယောက်ယောက် ဖျက်ဆီးလိုက်ပြီ။သေစမ်းကွာ။ ”

ချန်လွေ့၏ မျက်လုံးများ လင်းလက်သွား၏။ အဆိပ်နဂါး အောင်မြင်သွားပြီ ထင်တယ်။

“ အဲဒါ မင်းရဲ့အဖော် ဖြစ်ရမယ်။မင်းက ငါ့ရဲ့ အရေးကြီးဆုံး ဖီလက္ထရီ ပြန်ကောင်းအောင်လုပ်တဲ့ အစီအစဉ်ကို ဖျက်ဆီးရဲတယ်ပေါ့။ငါမင်းကို အစိတ်စိတ်အမွှာမွှာဖြစ်အောင် ဆွဲဖြဲပစ်မယ်။ ”

ဂူရာဒန်က ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး မြေပြင်ကို လက်ညှိးထိုးလိုက်ရာ ကြောက်မက်ဖွယ်ရာ လက်မောင်းများ အများအပြား ထွက်ပေါ်လာတော့သည်။၎င်းတိုသည် ချန်လွေ့နှင့် မြင်းနက်လေးတို့ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ကြသည်။

ချန်လွေ့သည် ထိုပညာရပ်ကို သလင်းကျောက်တောင်ကြား အသေတိုက်ပွဲ၌ ကြုံတွေ့ခဲ့ဖူးသည်။သူ အံ့အားသင့်သွားသော်လည်း ကြောက်မနေပေ။မြင်းနက်လေးသည် အလွန်ကြောက်လန့်နေဟန် တူသည်။၎င်းသည် ပါရမီများ ထုတ်လွှတ်လိုက်သော်လည်း မရုန်းထွက်နိုင်ပေ။

ဂူရာဒန်၏ စကားများမှ ချန်လွေ့သည် သဲလွန်စအချို့ ကြားသိခဲ့ရသည်။ လက်စသတ်တော့ အလောင်း အောက်လမ်းပညာရှင်က အရင်တစ်ခေါက် ပြန်လည်ရှင်သန်ခြင်းဆေးရည်နဲ့ အပက်ခံရပြီးတော့ ငါထင်ထားတာထက် ပိုပြီးတော့ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရနေခဲ့တာပဲ။ဖီလက္ထရီထဲက သူ့ရဲ့ ဝိညာဉ် အမြုတေ ကိုတောင် သက်ရောက်သွားခဲ့တယ်။

ဒါဆိုရင် ‌ယန်းကော်မြို့မှာ ဂူရာဒန် ကိစ္စတွေ အများကြီး လုပ်နေတာက ရှေးစစ်မြေပြင်ရဲ့ သေခြင်းနဲ့ ဝိညာဉ်စွမ်းအားကို သုံးပြီးတော့ ဖီလက္ထရီကို ပြန်ပြင်ဆင်ဖို့ ဖြစ်နိုင်တယ်။ဒါပေမဲ့ သူက ဆန့်ကျင်ဘက်သူတွေကြားမှာ ရှောင်လွှဲလို့မရတဲ့ ရိုက်ခတ်မှုတစ်ခု ရှိနေမယ်လို ထင်ထားမှာ မဟုတ်ဘူး။သူက ရန်သူဟောင်းနဲ့ ထပ်ပြီး တွေ့ဆုံခဲ့တယ်။

အလောင်း အောက်လမ်းပညာရှင်က အံကြိတ်ပြီး ပြောသည်။

“ မဟုတ်ဘူး။ငါမင်းကို ဒီအတိုင်း သွားခွင့်မပေးနိုင်ဘူး။ငါမင်းရဲ့ ခန္ဓာကိုယ်ကို အဆိုးရွားဆုံး အရိုးခြောက်ဖြစ်အောင် လုပ်ပစ်မယ်။ပြီးရင် မင်းရဲ့ ဝိညာဉ်ကို ဆွဲထုတ်ပြီးတော့ ငရဲမီးထဲမှာ ထာဝရ နှိပ်စက်မယ်။နောက်ပြီးရင် ဒီမြို့စုတ်က လူတွေအားလုံးကလည်း ငါ့အစီအစဉ်ကို ဖျက်ဆီးတဲ့အတွက် ဈာပနပစ္စည်းတွေ ဖြစ်လာရမယ်။ ”

ဂူရာဒန် ရေရွတ်လိုက်သည်။တောင်ထဲ၌ လေများ ရုတ်တရက် အေးစက်သွား၏။သူ၏ခန္ဓာကိုယ်မှ အလင်းရောင်ဖျော့ဖျော့နှင့် ရောနှောနေသော မြူမည်း အများအပြား ထွက်လာပြီး ကောင်းကင်ပေါ်သို့ မြင့်တက်သွားကာ တိမ်တိုက်နက်တစ်ခု ဖြစ်တည်သွားခဲ့သည်။လရောင်ပင် မှိန်သွား၏။ထိုတိမ်နက်တွင် ဆိုးယုတ်ပြီး ကြောက်စရာကောင်းသော ကြီးမားလှသည့် စွမ်းအားများ ပြည့်နှက်နေသည်။

“ ဒါက အမှောင်မှော်ပညာနဲ့ မသေမျိုး မှော်ပညာကို ပေါင်းစပ်ပြီးတော့ ငါဖန်တီးထားတဲ့ အစွမ်းထက်ဆုံး သေခြင်းမန္တန် [ ငရဲနက် ] ပဲ။ ဒါက အဝန်းအဝိုင်းမှာရှိ သက်ရှိအားလုံးရဲ့ အသက်စွမ်းအင်ကို ဝါးမျိုပြီးတော့ မသေမျိုးဖြစ်အောင် လုပ်နိုင်တယ်။မဟာနတ်ဆိုးဘုရင်အဆင့် ဆိုရင်တောင် အသက်ရှင် လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။ဒီလူတွေ ဘယ်လိုမျိုး အလောင်းခြောက်တွေ ဖြစ်သွားမလဲဆိုတာ မင်းရဲ့ကြောက်နေတဲ့ မျက်လုံးတွေဖွင့်ပြီး ကြည့်စေချင်တယ်။ပြီးရင် ငါမင်းကို နောက်ဆုံးမှာ ဖြည်းဖြည်းချင်း ရောနှောဖော်စပ်မယ်။ ”

ဂူရာဒန်က လက်ကို ကောင်းကင်ပေါ်သို့ မြှောက်လိုက်ရာ တိမ်နက်များသည် ယန်းကော်မြို့ဆီသို့ တဖြည်းဖြည်း ရွေ့သွားသည်။ထိုအချိန်၌ သူ အသံတစ်သံ ကြားလိုက်သည်။

“ ဂူရာဒန် ”

နာမည်အမှန် အ‌ခေါ်ခံလိုက်ရသည့်အခါ ဂူရာဒန် ရုတ်တရက် ကြက်သေသေသွား၏။ရန်သူ၏ မျက်နှာပေါ်တွင် ထူးဆန်သော မျက်နှာဖုံးတစ်ခု ရုတ်တရက် ပေါ်ထွက်လာသည်။ဂူရာဒန်သည် မယုံကြည်နိုင်စရာ တစ်ခုခုကို တွေ့သွားပုံ ရသည်။သူ၏လက်များ တုန်ခါလာပြီး ဒေါသတကြီးနှင့် တအံ့တဩ ပြောလိုက်သည်။

“ မင်း..... ”

ထိုစကား ထွက်လာသည်နှင့် လေထဲ၌ ရွေ့လျားနေသော တိမ်နက်များသည် ပြင်းထန်သော ဆွဲဆောင်မှုအားတစ်ခုနှင့် ကြုံတွေ့ရသလိုဖြစ်သွားပြီး အမြန်ပြန်ရောက်လာ၏။ကြီးမားသော စိတ်ဝိညာဉ်နှင့် မှော်စွမ်းအားတိုသည် ‌ဒီရေကဲ့သို့ပင် မျက်နှာဖုံးထဲသို့ စီးဝင်နေသည်။၎င်းတို့သည် ချက်ချင်းပင် ပို၍ပို၍ပါးသွားပြီး အစအနမကျန် ပျောက်ကွယ်သွားတော့သည်။

မျက်နှာဖုံး ပျောက်ကွယ်သွားပြန်ပြီး ဂူရာဒန်နှင့် ရင်းနှီးသော မျက်နှာတစ်ခု ပေါ်လွင်လာသည်။ချန်လွေ့ ပြုံးပြီးပြောသည်။

“ ဆာ-အလောင်း အောက်လမ်းပညာရှင်။အတိအကျ ပြောရရင် သူ့ရဲစိတ်ပုံရိပ်ပေါ့။မတွေ့ရတာ ကြာပြီနော်။ ”

“ မင်းပဲ။ ”

ဂူရာဒန် ကျယ်လောင်စွာ အော်လိုက်သည်။သူ၏ အမုန်းတရားသည် ချက်ချင်းပင် အဆုံးစွန်အထိ တိုးမြင့်သွားသည်။ထိုမျက်နှာကို သူ လုံးဝ မေ့နိုင်မည် မဟုတ်ပေ။ အသံတိတ်ညစိမ့်မြေမှာ ဒီကောင်က ငါ့ရဲ့ပြီးပြည့်စုံတဲ့ အစီအစဉ်ကို ထပ်ကာထပ်ကာ ဖျက်ဆီးခဲ့တယ်။နောက်ဆုံးမှာ သူက ငါ့ရတနာတွေ အကုန်ယူသွားခဲ့တယ်။ဖီလက္ထရီကိုတောင် ဒီကောင် ယူသွားတော့မလိုပဲ။

ငါ ဒီလိုမျိုး ရှေးစစ်မြေပြင် အပျက်အစီး‌ဆီ လာပြီးတော့ ယဇ်ပလ္လင်တစ်ခု တည်ဆောက်ဖို့အတွက် ကြိုးစားရတဲ့ ရည်ရွယ်ချက်က ထိခိုက်သွားတဲ့ ဝိညာဉ်အမြုတေကို ပြန်ကောင်းအောင် လုပ်ဖို့ပဲ။အဲလိုဖြစ်ရတာ ဒီကောင့်ကြောင့်ပဲ။

သူ၏ မုန်းတီးမှု အဟောင်းနှင့်အသစ် ပေါင်းစပ်သွားခဲ့သည်။ဂူရာဒန်၏ မျက်လုံးထဲ၌ ပြင်းထန်သော အနီရောင်အလင်းများ တောက်ပနေသည်။သို့သော် သူ မလှုပ်ရှားရဲပေ။အကြောင်းမှာ ရန်သူ၏ ခန္ဓာကိုယ်မှ ထွက်လာသော မီးတောက်နက်များကြောင့်ပင် ဖြစ်သည်။

အသံတိတ်ညစိမ့်မြေ၌ သူသည် ထိုမီးတောက် စွမ်းအားမှ တော်တော်များများ ခံစားခဲ့ရသည်။၎င်းသည် မသေမျိုးစွမ်းအား၏ ဝိပါက် ဖြစ်သည်။ထိုအပြင် [ ငရဲနက် ] သည် ခုနက သူ့စိတ်ပုံရိပ်၏ စိတ်ဝိညာဉ်နှင့် မှော်စွမ်းအားကို ကုန်ခမ်းလုနီးပါး ဖြစ်သွားစေခဲ့သည်။၎င်းကို လုံးဝ ဝါးမျိုလိုက်လျှင် ဂူရာဒန်သည် ထိုအချိန်၌ မည်သည့်မှော်အစွမ်းမျှ သုံးနိုင်တော့မည် မဟုတ်ပေ။

“ သူ့ကို သတ်ပစ်။ ”

ဂူရာဒန်က အထိတ်တလန့် သူရဲကောင်းစစ်သည်ကို အမိန့်တစ်ခု ပေးခဲ့သည်။၎င်းသည် ချန်လွေ့ကို ဓားဖြင့် ချက်ချင်း ခုတ်ပိုင်းတော့သည်။ချန်လွေ့၏ လက်များ အဖြူရောင်အလင်း တောက်ပသွား၏။သူသည် အထိတ်တလန့် သူရဲကောင်းစစ်သည် ဆီသို့ ကြီးမားသော အလင်းလုံးတစ်လုံး ပစ်လွှတ်လိုက်သည်။၎င်းသည် အလင်းဖြူလုံး၏ ဖျက်ဆီးမှုစွမ်းအားကို အာရုံခံမိသော်လည်း မရှောင်တိမ်းနိုင်ခဲ့ပေ။၎င်း၏ဓား အနီရောင် လက်သွားပြီးနောက် အလင်းဖြူလုံးကို ဓားဖြင့် အလျားလိုက် ကာကွယ်ခဲ့သည်။၎င်း၏ခန္ဓာကိုယ်သည် [ အရုဏ်ဦးပစ်ချက် ] ၏ ကြီးမားသော ဖိအားကြောင့် နောက်ဆုတ်သွားရပြီး မြေပြင်ပေါ်၌ မယုံနိုင်စရာ အကြောင်းတစ်ကြောင်း ကျန်ရစ်ခဲ့သည်။

[ အရုဏ်ဦးပစ်ချက် ] ကို အထိတ်တလန့် သူရဲကောင်းစစ်သည် ခုခံနေရင်း ချန်လွေ့ ခုန်လွှားလိုက်သည်။သူသည် နိဗ္ဗာန်မီးတောက် လောင်ကျွမ်းနေသော လက်သီးဖြင့် အလောင်း အောက်လမ်းပညာရှင်ကို ထိုးသည်။အလောင်း အောက်လမ်းပညာရှင်သည် မှော်ပညာမသုံးနိုင်ခဲ့သော်လည်း သူ၏စိတ်ဝိညာဉ် ဝါးမျိုခြင်းစွမ်းအား ရှိနေသေးသည်။သို့သော် ရန်သူ၏ ထူးခြားဆန်းဖြားသော စွမ်းအားတစ်ခု ရှိနေသည်။ချန်လွေ့တွင် ကြောက်မက်ဖွယ်ရာ အနက်ရောင်မီးတောက် မရှိသည့်တိုင် ဂူရာဒန်သည် ဝါးမျိုခြင်းအစွမ်းကို မထုတ်ရဲပေ။သူသည် ယခင်တစ်ခေါက်က ရန်သူ၏ အသိစိတ်ပိုင်နက်ထဲ၌ ပိတ်လှောင်ခံရလုနီးပါး ဖြစ်ခဲ့သည်ကို မှတ်မိသည်။

အလောင်း အောက်လမ်းပညာရှင်ကို လက်သီးကို တိုက်ခိုက် မရင်ဆိုင်ရဲသည့်အတွက် ချင်ချင်း နောက်ဆုတ်လိုက်သည်။သို့သော်လည်း အခွင့်သာမှုအားလုံး ဆုံးရှုးနေသော မှော်ပညာရှင်သည် မည်သို့ ချန်လွေ့၏ပြိုင်ဘက် ဖြစ်မည်နည်း။ရုတ်တရက် ဂူရာဒန်သည် အနောက်ဘက်မှ အန္တရာယ်ရှိသော အငွေ့အသက်တစ်ခုကို အာရုံခံလိုက်မိသည်။သူလှည့်ကြည့်လိုက်ည့်အခါ တစ်ဖက်လူသည် သူ၏နောက်တွင် ရောက်နေပြီး လက်သီးတစ်ချက်က သူ၏ခန္ဓာကိုယ်ကို ဖောက်ဝင်နေသည်။အလောင်း အောက်လမ်းပညာရှင် အသွင်သည် မူလက မည်သည့် ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများကိုမဆို မကြောက်သော်လည်း မီးတောက်နက်သည် လုံးဝဝိပါက် ဖြစ်သည်။မိုးခြိမ်းသံ၏ မသေမျိုးအပေါ် ထိခိုက်မှု နှစ်ဆတိုးခြင်းနှင့် ပေါင်းလိုက်သည့်အခါ ထိုလက်သီးချက်သည် ထိုစိတ်ပုံရိပ်ကို ကြီးကြီးမားမား ထိခိုက်စေခဲ့သည်။ချန်လွေ့သည် ဂူရာဒန်ကို အသက်ရှူခွင့် မပေးခဲ့ဘဲ ဆက်လက်တိုက်ခိုက်ပြန်သည်။မီးတောက်နက်ဖြင့် အထိုးခံရသော အလောင်း အောက်လမ်းပညာရှင်သည် ဆိုးဆိုးဝါးဝါး အော်ဟစ်နေတော့သည်။

အထိတ်တလန့် သူရဲကောင်းစစ်သည်က [ အရုဏ်ဦးပစ်ချက် ] ကို နှစ်ပိုင်းပိုင်းရန်အတွက် ဓားပညာကို သုံးရန် ရုန်းကန်နေရချိန် အလောင်း အောက်လမ်းပညာရှင်၏ ခန္ဓာကိုယ်သည် သေစေနိုင်သော မီးတောက်များ ဖုံးလွှမ်းနေ၏။

“ ငါ့ရဲ့စိတ်ပုံရိပ်ကို ဖျက်ဆီးတာက ငါ့ရဲ့ တကယ့်ခန္ဓာကိုယ်ကို တားဆီးနိုင်မယ်လို ထင်မနေနဲ့။ငါ တစ်မြို့လုံးကို...... ”

ချန်လွေ့ အံ့အားသင့်သွားသည်။လက်ရှိ ဂူရာဒန်သည် ရတနာကို တပ်မက်သော အလောင်း အောက်လမ်းပညာရှင် မဟုတ်တော့ပေ။အသံတိတ်ညစိမ့်မြေမှ လွတ်မြောက်လာပြီးနောက် သူသည် ကြောက်မက်ဖွယ်ရာ နည်းလမ်းများကို ပြန်ရရှိခြင်း သို့မဟုတ် ပိုင်ဆိုင်ခြင်းများ ဖြစ်နေနိုင်သည်။ချန်လွေ့သည် စိတ်ပုံရိပ်၏ [ ငရဲနက် ] ကို ဝါးမျိုခဲ့သော်လည်း အလောင်းအောက်လမ်း ပညာရှင်၏ ခန္ဓာကိုယ်အစစ်က ယခင်တစ်ခေါက် ရတနာသို့က်ထဲ၌ အသည်းအသန်ထုတ်လွှတ်ခဲ့သော ပိုင်နက်ကို မယှဉ်နိုင်သေးပေ။နတ်ဆိုး ဧကရာဇ်အဆင့် တကယ့်ခန္ဓာကိုယ်၌ အတော်လေး ကြောက်စရာစွမ်းအားများ ရှိနေနိုင်သည်။

စိတ်ပုံရိပ် မကွယ်ပျောက်သွားခင် ပြောခဲ့သော စကားများအရ ဂူရာဒန်၏ တကယ့်ခန္ဓာကိုယ်သည် ယန်းကော်မြို့ အနီး၌ပင် ရှိနိုင်ချေများသည်။ သူက မြို့ထဲမှာတောင် ရှိနေနိုင်တယ်။အသီနာနဲ့ ဒို‌ဒိုက မြို့ထဲမှာ။ဂါ့ဂ်လီအို ပြန်ရောက်မရောက် ငါမသိဘူး။ဘယ်လိုပဲဖြစ်ဖြစ် ငါဒီမှာ ဆက်နေလို့ မဖြစ်တော့ဘူး။အသီနာဆီ အမြန်ပြန်မှ ဖြစ်မယ်။

ချန်လွေ့သည် ၎င်းကို စဉ်းစညးပြီးနောက် အထိတ်တလန့် သူရဲကောင်းစစ်သည်ဆီသို့ အဆက်မပြတ် [ အရုဏ်ဦးပစ်ချက် ] ပစ်လွှတ်လိုက်သည်။အထိတ်တလန့် သူရဲကောင်းစစ်သည်က လက်ဖြင့်ကာပြီး ‌ရှောင်တိမ်းစဉ် ချန်လွေ့သည် မြင်းနက်လေးနှင့် တိုက်ခိုက်နေသော တစ္ဆေမြင်းဆီသို့ ပြေးသွားသည်။ချန်လွေ့ လက်ဝှေ့ရမ်းပြီး တစ္ဆေမြင်းကို မထိခင်မှာပင် ထက်လှသော ချီစွမ်းအင်သည် အလင်းမြန်နှုန်းနှင့်အတူ လေထဲ၌ပင် ပိုင်းမိသွားသည်။တစ္ဆေမြင်း ညည်းလိုက်ပြီး ရှေ့ခြေသည် ထက်မြက်သောဓားဖြင့် အဖြတ်ခံလိုက်ရသကဲ့သို့ ဖြစ်သွားသည်။ချန်လွေ့သည် ဆက်တိုက်ချင်စိတ် မရှိတော့ပေ။သူသည် မြင်းနက်လေးကိုစီးပြီး အရှိန်ကုန် ပြန်ပြေးသွားတော့သည်။

အထိတ်တလန့် သူရဲကောင်းစစ်သည် သည် ယခုအချိန်၌ [ အရုဏ်ဦးပစ်ချက် ] ကို ‌ရင်ဆိုင်ရာတွင် အတွေ့အကြုံ ပိုရှိသွားသည်။၎င်းသည် ဓားအားကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုပြီး ထိုကြောက်စရာ စွမ်းအားကို ဖယ်ရှားခဲ့သည်။၎င်းက တစ္ဆေမင်းသည် ထော့နဲ့နဲ့ဖြစ်နေပြီး မတည်မငြိမ် ရပ်နေသည်ကို မြင်လိုက်ရသည်။ထိုစဉ် ရန်သူသည် တောင်အောက်သို့ အရှိန်ကုန် ပြေးဆင်းသွားနေသည်။အနက်ရောင် ချပ်ကာခေါင်းစွပ်ထဲရှိ အနီရောင်အလင်းနှစ်ခု တောက်ပသွားပြီး ဓားရှည်ဖြင့် မြေကြီးကိုထိုးကာ ရန်သူ၏ သူရဲဘောကြောင်သော ထွက်ပြေးခြင်းအပေါ် ဒေါသပုံချလိုက်သည်။

ချန်လွေ့သည် အထိတ်တလန့် သူရဲကောင်းစစ်သည်၏ အတွေးများကို စဉ်းစားချင်စိတ် မရှိပေ။၎င်း၏ ဓားရေးနှင့် ခွန်အားသည် အစွမ်းထက်လှသည်။၎င်းမှာ အချိန်တိုအတွင်း ရရှိနိုင်သော အောင်နိုင်မှုတစ်ခု လုံးဝမဟုတ်ပေ။ယန်းကော်မြို့ အခြေအနေသည် အတော်လေး အရေးကြီးနေသည့်အတွက် ချန်လွေ့သည် ဤနေရာ၌ အချိန်နှင့် အင်အား ဖြုန်းတီးနေ၍ မရပေ။သူချက်ချင်း ပြန်သွားရမည် ဖြစ်သည်။

နတ်မိစ္ဆာသားရဲ၏ အရှိန်ကုန် အမြန်နှုန်းသည် အလွန်ပင် အထင်ကြီးစရာကောင်းသည်။ချန်လွေ့၏ တိုက်ခိုက်မှုနှင့်အတူ သူသည် လမ်းတစ်လျှောက်ရှိ အရိုးခြောက်အုံလိုက်ကြီးကို သစ်ပစ်ခဲ့ပြီး သစ်တောထဲသို့ အပြေးသွားခဲ့သည်။အဝေးမှကြည့်လျှင် ယန်းကော်တစ်မြို့လုံးသည် နက်မှောင် မှုန်မှိင်းသည့် မြူတစ်ခုဖြင့် ဖုံးလွှမ်းနေသည်ကို မြင်နိုင်ပေသည်။၎င်းသည် ထူးထူးခြားခြား ညှို့ဓာတ်ရှိပြီး လျိုဝှက်ဆန်းကြယ်လှသည်။

ချန်လွေ့ အလွန်တုန်လှုပ်သွားသည်။အသိဉာဏ်ရှိသော မြင်းနက်လေးသည် ချန်လွေ့ စိုးရိမ်နေသည်ကို သဘောပေါက်သည်။၎င်း၏ခွာ၌ မီးတောက်များ ထွက်ပေါ်လာပြီး အရှိန်တိုးလာပြန်သည်။၎င်းသည် အမှောင်ထု အသူရာချောက်ဆီသို့ လောင်ကျွမ်းနေသော လျှပ်စီး မီးတောက်တစ်ခု ကဲ့သို့ပင် ဖြစ်သည်။

သူတိုသည် မြူမည်းသို့ ချဉ်းကပ်လာ၏။ထိုမြူများသည် စိတ်ညှိနိုင်သည့် အစွမ်းရှိပုံရသည်။မြင်းနက်လေးနှင့် ချန်လွေ့တိုသည် သက်ရောက် မခံရဘဲ တည့်တည့် အပြေးသွားလိုက်ကြသည်။မြို့၏ မြင်ကွင်းသည် ချန်လွေ့၏နှလုံးသားကို နစ်မွန်း သွား‌စေသည်။တစ်မြို့လုံး အသက်မဲ့နေ၏။ခွေးဟောင်သံတစ်သံပင် မရှိချေ။အစောင့်များနှင့် ကင်းသမားများသည် မြေပေါ်တွင် လဲကျနေကြသည်။လမ်းပေါ်၌လည်း လဲကျနေသူများ ရှိနေသည်။ထိုသူများသည် အသက်ရှူနေသေးဟန် တူသည်။သူတိုသည် မြူမည်း၏ သက်ရောက်မှုကို ခံရပြီး သတိလစ်နေခြင်းသာ ဖြစ်သည်။

ငါ ခြေတစ်လှမ်း နောက်ကျသွားပြီလား။ ချန်လွေ့ စိုးရိမ်လာပြီး မြင်းနက်လေးကိုစီးကာ ခံတပ်သို့ သွားတော့သည်။

နတ်ဘုရား-ဝါးမျို မျက်နှာဖုံး၏ ဝါးမျိုခြင်း စွမ်းအားကို ကျောက်နက်တောင်တွင် တစ်ကြိမ် အသုံးပြုပြီးပြီ ဖြစ်သည့်အတွက် နောက်ထပ် ၇ရက် ကြာပြီးမှသာ ထပ်သုံး၍ရမည် ဖြစ်သည်။လက်ရှိတွင် ချန်လွေ့သည် နိဗ္ဗာန်မီးတောက်နှင့် [ မီးသင့်နဂါး ဝင်စီးခြင်း ] တိုကို အသုံးပြုပြီး အချိန်ဆွဲရုံသာ လုပ်နိုင်ပေမည်။ပါ့ဂ်လီအို ပြန်လာသည်အထ် အချိန်ဆွဲနိုင်မနိုင် ချန်လွေ့ မသေချာပေ။

သူမရောက်ခင်တွင် ရှေ့မှ ပြင်းထန်သော စွမ်းအား အတက်အကျများကို ခံစားလိုက်ရသည်။ခဏတွင် ၎င်းသည် ကြောက်မက်ဖွယ်ရာ သေခြင်း အငွေ့အသက်ဖြစ်သည်။နောက်ခဏတွင် ညှိဓာတ်နှင့် လျိုဝှက်ဆန်းကြယ်သော စွမ်းအားက အစားထိုးသွားသည်။ထိုစွမ်းအားက ချန်လွေ့၏ စိုးရိမ်နေသော နှလုံးသားကို ဖြေသိမ့်ပေးခဲ့သည်။ အဲဒါက ပါ့ဂ်လီအိုပဲ။

ခံတပ်အရှေ့တွင် ရပ်နေသော ပုံရိပ်သုံးခုမှလွဲ၍ မည်သူမှ မရှိပေ။

အသီနာသည် မီးတောက်များ လောင်ကျွမ်းနေသော တိုက်ခိုက်ရေးအသွင်သို့ ပြောင်းလဲထားသည်။ချန်လွေ့ မကြာခင်က ပေးထားခဲ့သော [ ရဲရဲတောက်မျက်လုံး ] သည် အသီနာ၏ လက်ထဲ၌ ရှိနေသည်။ဒိုဒိုသည် အသီနာ၏ပုခုံးတွင် ရှိနေပြီး သွားဖြဲပြနေ၏။၎င်းသည် ကြမ်းတမ်းဟန် တူသော်လည်း တစ်နည်းတစ်ဖုံ ဟန်ထုတ်နေပုံရသည်။

အကြီးမားဆုံး တိုက်ခိုက်မှုမှာ နှစ်ယောက်ကြားတွင် ဖြစ်သည်။လေထဲ ရပ်တန့်နေသော ဝတ်ရုံနက်သည် ဂူရာဒန်၏ ခန္ဓာကိုယ် ဖြစ်သည်။မျက်နှာချင်းဆိုင်ဘက်ရှိ ဝတ်ရုံဝတ်ထားသော ဆံပင်အနက်နှင့် ခပ်တောင့်တောင့် ယောက်ျား တစ်ယောက်မှာ ပါ့ဂ်လီအို ဖြစ်သည်။ယခုတွင် လွန်ခဲ့သော နှစ်ပေါင်း၂၀၀၀ကျော်က “ မိတ်ဆွေဟောင်းများ” လည်း ဆုံတွေ့ကြပြီ ဖြစ်သည်။

ယခင်က ဂူရာဒန်သည် ပါ့ဂ်လီအို၏ ရုတ်ခြည်း သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ဂူရာဒန်က ၎င်းသည် ဧရာမ နဂါးတစ်ကောင် ဖြစ်ကြောင်းကိုသာ မှတ်မိသည်။သို့သော် ထိုလူသားခန္ဓာကို သူမမြင်ဖူးသေးပေ။ထိုကြောင့် ပါ့ဂ်လီအိုကို မမှတ်မိခြင်း ဖြစ်သည်။ဂူရာဒန်၏လက်ထဲတွင် အလွန်ကြီးမားသော သွေးနီ ကောက်ရိတ်ဓားတစ်လက် ထွက်ပေါ်လာပြီး ပါ့ဂ်လီအိုကို ခုတ်ပိုင်းသည်။ပါ့ဂ်လီအို၏ပုံရိပ်သည် အရှိန်မြန် ကောက်ရိတ်ဓား အရှေ့၌ ရုတ်တရက် ပေါ်ထွက်လာပြီး လက်ညှိးဖြင့် ထိလိုက်သည်။အစွမ်းထက်ဆုံး ပစ်မှတ်တစ်ခုတည်း အမှောင်မှော်ပညာ [ အမှောင်လ သွေးကောက်ရိတ်ဓား ] စွမ်းအားမပြနိုင်ခင်မှာပင် သာမန်မျက်စိဖြင့် မြင်နိုင်သော အမြန်နှုန်းဖြင့် တိုက်စားခံလိုက်ရသည်။မျက်စိတစ်မှိတ်အတွင်းမှာပင် အမှုန်များသည် အစအနမကျန်ဘဲ ပျောက်ကွယ်သွားခဲ့သည်။တစ်ချိန်တည်းမှာပင် အဆိပ်နဂါးသည် မူရင်းနေရာသို့ ပြန်ရောက်သွားသည်။သူ ဘာမျှ မလုပ်ခဲ့သလိုပင် ဖြစ်သည်။

“ ဒါက ဘာစွမ်းအားလဲ။အဆိပ်လား။မှော်ဒြပ်စင်တွေရဲ့ ဖွဲစည်းထားတဲ့ စွမ်းအင်ခန္ဓာကိုယ်တောင် တိုက်စားခံရတယ်။ ”

ဂူရာဒန် အံ့အားသင့်သွားသည်။သူသည် မှော်ပညာကို ထိုကဲ့သို့ အက်ကွဲအောင် ပြုလုပ်နိုင်သူကို တစ်ခါမျှ မတွေ့ဖူးပေ။ထိုပြင် ထိုကြောက်စရာ စွမ်းအားသည် အတော်လေး ထူးဆန်းသည်။ ဒီလူ၏ စွမ်းအားက တွေးမတတ်နိုင်အောင်ပဲ။ငါ့ရဲ့ အထိတ်အထိပ် အခြေအနေမှာတောင် သူ့ကို ယှဉ်နိုင်လောက်မှာ မဟုတ်ဘူး။ဒီလို အစွမ်းထက် ပုဂ္ဂိုလ်မျိုးက နယ်မြေတစ်ခုမှာတောင် တော်တော်လေး ရှားပါးတယ်။သူက ဘာလို ဒီလိုမျိုး ချောင်ကျတဲ့မြို့ဆီကို လာရတာလဲ။

ပါ့ဂ်လီအိုက အထင်သေးလျက် ပြောလိုက်သည်။

“ အပိုတွေ ပြောမနေနဲ့။ငါမကြိုက်ဆုံးက အရိုးခြောက်တွေပဲ။ ”

ဂူရာဒန် ညည်းညူလိုက်သည်။

“ တစ်မြို့လုံးကို ငါ့ပိုင်နက်ရဲ့ [ သေခြင်းအရိပ် ]က ဖုံးလွှမ်းထားတယ်။တစ်မြို့လုံးက အသက်စွမ်းအင်အားလုံးကို စွမ်းအားအရင်းအမြစ်အနေနဲ့ စုပ်ယူနိုင်တယ်။မင်းငါ့ကို အနိုင်ယူနိုင်မှာ မဟုတ်ဘူး။ ”

အဆိပ်နဂါး ဘာမှမပြောသော်လည်း အခြားအသံ တစ်သံ ထွက်လာသည်။

“ ဂူရာဒန်။ကျုပ် ခင်ဗျားရဲ့ စိတ်ဝိညာဉ်စွမ်းအား အများစုကို ဝါးမျိုခဲ့ပြီးပြီ။ခင်ဗျား အခု သေကြောင်း ကြံစည်ရဲတယ်ပေါ့။ဒီတစ်ခေါက်တော့ ခင်ဗျား ထွက်ပြေးနိုင်တော့မှာ မဟုတ်ဘူး။ ”

ချန်လွေ့၏အသံကို ကြားလိုက်ရသည်နှင့် အသီနာ ချက်ချင်း ပျော်ရွှင်သွားခဲ့သည်။သူသည် အနက်ရောင်မီးတောက်များ လောင်ကျွမ်းနေ‌သည့် ပုံရိပ်တစ်ခုကို မြင်လိုက်သည်။သူ၏နောက်တွင် မြင်းတစ်ကောင်က လိုက်နေ၏။မီးတောက်သည် သေခြင်းစွမ်းအား၏ ဝိပါက် ဖြစ်ပုံရသည်။အနီးအနားရှိ မြူမည်းများသည် ရေခဲနှင့်နှင်းကဲ့သို့ပင် အရည်ပျော်ကျသွားပြီး မပိတ်နိုင်တော့ပေ။

ထိုရင်းနှီးသောပုံရိပ်သည် အလောင်း အောက်လမ်းပညာရှင်ကို ပြင်းပြင်းထန်ထန် မုန်းတီးစိတ် ပေါ်ထွက်လာစေသည်။သူက အံကြိတ်ပြီး ပြောလိုက်သည်။

“ ငါ့ရဲ့ အထိတ်တလန့် သူရဲကောင်းစစ်သည် ဘယ်မှာလဲ။ ”

“ ခင်ဗျား ကိုယ့်ကိုယ်ကိုယ် စိုးရိမ်တာ ပိုကောင်းမယ်။ ”

ချန်လွေ့က ယုံကြည့်ချက်ရှိရှိ ပြုံးပြသည်။

“ ဒီတစ်ခေါက်တော့ အရင်ကလိုမျိုး ခင်ဗျား ကံကောင်းတော့မှာ မဟုတ်ဘူး။ ”

အရင်ကအကြောင်း ပြောလိုက်သည့်အခါ အလောင်း အောက်လမ်းပညာရှင်၏ ခန္ဓာကိုယ်မှ အမှောင်စွမ်းအားများ ဒေါသကြောင့် လှိမ့်တက်လာကြသည်။

“ ရတနာတွေ ပေး။ငါမင်းကို မြန်မြန် သတ်ပေးမယ်။မဟုတ်ရင်တော့ ဒီလူရဲ့ အကာအကွယ် ရှိရင်တောင် [ သေခြင်းအရိပ် ] စွမ်းအား ကနေ မင်း လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။ ”

“ရတနာ”အကြောင်း ကြားလိုက်သည်နှင့် ပါ့ဂ်လီအို ချက်ချင်းပင် စိတ်ဝင်စားသွားသည်။သူ၏ မျက်လုံးများက ချန်လွေ့ကို စိုက်ကြည့်လိုက်၏။ ဒီဉာဏ်များပြီးတော့ လောဘကြီးတဲ့လူသားက တကယ်ကြီး နောက်ထပ်ရတနာတွေ ရခဲ့တာပဲ။သူက ငါ့လို ဆရာသခင် ပါ့ဂ်လီအိုဆီကနေတောင် ဖုံးကွယ်ထားချင်နေသေးတယ်။

ချန်လွေ့သည် အဆိပ်နဂါး၏ စိတ်နေ သဘောထားကို ကောင်းကောင်းသိသည်။တစ်ချက်ကြည့်ရုံဖြင့် အဆိပ်နဂါး စဉ်းစားနေသည်ကို သူ သိသွားခဲ့သည်။သူက တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။

“ ဒီအရိုးခြောက်က အသံတိတ်ညစိမ့်မြေက ရတနာတွေကို ပြောနေတာ။ခင်ဗျားအခု သဘောပေါက်ပြီလား။ ”

ပါ့ဂ်လီအို ရုတ်တရက် သဘောပေါက်သွားသည်။ ရတနာနဲ့ အလောင်း အောက်လမ်းပညာရှင်။ဪ။ဒီလိုကိုး။

ထိုစဉ် ဂူရာဒန်က ဘေးဖက်မှ ခြိမ်းခြောက်နေဆဲပင် ဖြစ်သည်။

“ ငါမင်းကို သုံးစက္ကန့် စဉ်းစားခွင့်ပေးမယ်။ငါ့ရဲ့ ရတနာတွေ ပြန်ပေး။ ”

ထိုသို့ပြောပြီးသည်နှင့် အလောင်း အောက်လမ်း ပညာရှင်သည် ပြင်းထန်သော သတ်ဖြတ်ချင်စိတ်တစ်ခုကို ခံစားလိုက်ရသည်။၎င်းသည် ထိုလျိုဝှက်ဆန်းကြယ်သူမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ထိုသူက အံကြိတ်ပြီး မေးလိုက်သည်။

“ မင်းရဲ့ “ရတနာ”တွေ ဟုတ်လား။ ”

All Chapters