← Chapters

လက်အောက်ခံ

Vol. 21 Ch. 312

လက်အောက်ခံ

Vol. 21 Ch. 312

“ မင်းဖန်တီးထားတဲ့ ဇာတ်လမ်းက ဆွဲဆောင်မှုရှိတယ်ဆိုတာ ငါဝန်ခံရမယ်။ဒါပေမဲ့ ဒါက ငါ့ကို ယုံကြည်စေဖို့အတွက် မလုံလောက်ဘူး။ ”

ဂူရာဒန် စိတ်ပြောင်းသွားပြီး သရော်ပြုံးပြုံးလိုက်သည်။

“ ပျောက်ဆုံးသွားတဲ့ စာပေထဲကနေ မင်း အဲဒီ ရှေးမှော်ပညာနှစ်ခုကို တွေ့ခဲ့တယ်လို့ ပြောရင် ငါမင်းကို ယုံချင်ယုံဦးမယ်။ဒါပေမဲ့ ရှေးမဟာဆရာသခင်ကနေ အမွေအနှစ် ဆက်ခံတာက ရယ်စရာကောင်းတယ် မထင်ဘူးလား။ ”

“ ငါပြောပြီးပြီလေ။သူ့ကို သတ်လိုက်တော့။ဒီလို မသိနားမလည်တဲ့ အရိုးခြောက်နဲ့ ဘာလို့ စကားများနေဦးမှာလဲ။ ”

“ စိတ်ရှည်ရှည်ထားပါ။လုပ်ဖော်ကိုင်ဖက်။ ”

ချန်လွေ့က အသာလေး ပြုံးလိုက်သည်။

“ ကျုပ်က ရှေးမသေမျိုးမှော်ပညာရဲ့ ဂုဏ်ကျက်သရေကို ပြန်အသက်သွင်းနိုင်မယ့် လူတစ်ယောက်ကို တွေ့ချင်ရုံပါ။သူ့ကို နောက်ဆုံး ဆုံးဖြတ်ချက် ချဖို့အတွက် အချိန်ပေးလိုက်ပါ။ ”

လုပ်ဖော်ကိုင်ဖက်တဲ့လား။ ပါ့ဂ်လီအို၏ အပြုအမူနှင့် ချန်လွေ့၏ စကားတို့သည် ဂူရာဒန်ကို တိတ်တဆိတ် တုန်လှုန်သွားစေသည်။ လက်စသတ်တော့ ဒီကောင်က နဂါးနိုင်သူရဲကောင်း ဖြစ်နေတာကိုး။ ဒါပေမဲ့ သူတို့နှစ်ယောက်ရဲ့ စွမ်းအားခြားနားချက်က တော်တော်လေး ကြီးမားတယ်။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ နဂါးရဲ့ လေသံကို ကြည့်ရတာ ရှေးမဟာဆရာသခင် ကိစ္စက လိမ်ညာနေတာ ဟုတ်မယ် မထင်ဘူး.......

“ ခင်ဗျားရဲ့ ဖီလက္ထရီ ဘယ်လို ထိခိုက်သွားတာလဲဆိုတာ သိလား။ ”

ချန်လွေ့သည် အခြေအနေကို မြန်ဆန်အောင် ပြုလုပ်ရန် ရည်ရွယ်လိုက်သည်။ သူက ဆေးရည်မည်း တစ်ပုလင်းထုတ်ပြီး အဆို့ကို ဖွင့်လိုက်သည်။

“ ဒါမှမဟုတ် ဒီလိုပြောမယ်။ပြန်လည်ရှင်သန်ခြင်း ‌ရေစင်ကနေ လုပ်ထားတဲ့ ဆေးရည်က ဘာလဲဆိုတာ ခင်ဗျားသိလာ။ ”

ဆေးရည်မည်း၏ အငွေ့အသက်သည် ဂူရာဒန်ကို တုန်လှုပ်သွားစေသည်။ ဟုတ်တယ်။ ဒါက အဲဒီကြောက်စရာ ဆေးရည်ပဲ။ အဲဒီတုန်းက ငါ့ရဲ့ ဝိညာဉ်အမြုတေက မယုံကြည်နိုင်စရာ အစွမ်းတွေကြောင့် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားခဲ့တယ်။ နေပါဦး။ ခုနကဟာက ပြန်လည်ရှင်သန်ခြင်းရေစင်ပဲ။ ဒါဆိုရင်.........

“ ပြန်လည်ရှင်သန်ခြင်း ဆေးရည် ”

ဂူရာဒန် လွှတ်ခနဲ ပြောလိုက်ပြီး စိတ်ထဲ၌ ထိတ်လန့်သွားခဲ့သည်။

နောက်ဆုံး၌ သူသည် ကြာရှည်တည်ရှိနေသော သံသယကို အတည်ပြနိုင်ခဲ့သည်။ ဘယ်လို ဆေးရည်မျိုးက ငါ့ရဲ့ ဖီလက္ထရီထဲက ဝိညာဉ်အမြုတေကို ပြင်းပြင်းထန်ထန် ထိခိုက်အောင် လုပ်နိုင်မှာလဲ။ ဒါက တကယ်ကြီးကို ပျောက်ဆုံးနေတာ နှစ်၇၀၀၀ကျော်နေတဲ့ ဆေးရည်မည်းပဲ။ အသံတိတ်ည စိမ့်မြေမှာရှိနေတဲ့ နှစ်၂၀၀၀နဲ့ ပေါင်းလိုက်မယ်ဆိုရင် နှစ်တစ်သောင်းနီးပါး ဖြစ်နေပြီ။

ပြီးတော့လည်း လွန်ခဲ့တဲ့ နှစ်ပေါင်း ၉၀၀၀ ကျော်က နာမည်ကြီး ဆေးဖော်ပညာ မဟာဆရာသခင် ရိုဆန်ဘာ့ဂျ်တောင် ထာဝရဆေးရည်အတွဲထိပဲ ရောက်ခဲ့တယ်လို့ ပြောကြတယ်။ဆေးဖော်ပညာရဲ့ အမြင့်ဆုံး အောင်မြင်မှုကို ကိုယ်စားပြုတဲ့ ပြန်လည် ရှင်သန်ခြင်း ဆေးရည်က အခု ရန်သူရဲ့ လက်ထဲမှာ ရှိနေတယ်။

ရှေးမဟာဆရာသခင်၏ အမွေအနှစ်မှလွဲ၍ အလောင်း အောက်လမ်းပညာရှင်သည် ပို၍ အကြောင်းအကျိုး ဆီလျော်သော ဖြေရှင်းချက်တစ်ခုကို ရှာမတွေ့နိုင်ခဲ့ပေ။

ဒီကောင် ဆေးဖော်ပညာမှာ သူ့ရဲ့အောင်မြင်မှုတွေကို ထုတ်ဖော်လိုက်တာနဲ့ နတ်ဆိုဘုံ တစ်ခုလုံး တုန်လှုပ်သွားပြီးတော့ နာမည်အကျော်ကြားဆုံး မဟာဆရာသခင်အဆင့် တစ်ယောက်ဖြစ်သွားမှာပဲ။

ဂူရာဒန်သည် နတ်ဆိုးဘုံတစ်ခုလုံး လှုပ်ခါသွားစေသော ချန်လွေ့၏ အခြားသရုပ်တစ်ခု ဖြစ်သည့် သုံးသွယ်-အထူးပြု ယန္တရားဆရာသခင်ကို မသိခဲ့ပေ။

ချန်လွေ့အပေါ် ဂူရာဒန်၏အကြည့် အနည်းငယ် ပြောင်းလဲသွားသည်။ နတ်ဆိုးဘုံရဲ့ နှစ် တစ်သောင်းအတွင်း ဆေးဖော်ပညာမှာ ပထမဆုံး မဟာဆရာသခင်က ရှေး မဟာ ဆရာသခင်ရဲ့ အမွေအနှစ်ကို ရသွားခဲ့တယ်။ ဒါကြောင့် သူ့ကို အစွမ်းထက်တဲ့နဂါးက လုပ်ဖော်ကိုင်ဖက်အဖြစ် အသိအမှတ်ပြုတာကိုး။ ဒါဆို ရှေး မသေမျိုး မှော်ဒြပ်စင်လည်း အမှန်ပဲ ဖြစ်နေမလား။ ဒါဆိုရင်.......

ရှေး မသေမျိုး မှော်ပညာရဲ့ ဂုဏ်ကျက်သရေကို ပြန်အသက်သွင်းဖို့ သူပြောတာက အလိမ်အညာ မဟုတ်နိုင်ဘူး။

ဂူရာဒန်က သူ၏စိတ်ထဲ၌ ပြင်းပြသောစိတ်တစ်ခုကို ခံစားလိုက်ရပြီး သေချင်စိတ်များ တစ်ဝက်ခန့် လျော့ကျသွားသည်။ တကယ်လို့ ငါက ရှေး မသေမျိုးမှော်ဒြပ်စင်ကို ဆက်ခံ နိုင်ပြီးတော့ ပိုပြီးတော့မြင့်အောင် ဖွံ့ဖြိုးနိုင်မယ်ဆိုရင် ပထမဆုံးသော မသေမျိုး မှော်ပညာရှင်တစ်ယောက် ဖြစ်လာမှာပဲ။

ခဏတာ တိတ်ဆိတ်နေပြီးနောက် ဂူရာဒန်က ရွေးချယ်မှုတစ်ခု ပြုလုပ်လိုက်သည်။ ယခုတွင် သူသည် လမ်းဆုံးသို့ ရောက်နေပြီဖြစ်သည့်အတွက် ကိုယ့်ကိုယ်ကိုယ် မဖောက်ခွဲ သည့်တိုင် အတူတူ သေနိုင်မည် မဟုတ်ပေ။အလကားသက်က် သေရခြင်းသာ ဖြစ်နိုင် ပေမည်။ ထို့ပြင် ‌ရှေး မသေမျိုးမှော်ဒြပ်စင်သည် သူ့အတွက် အလွန် ဆွဲဆောင်မှု ရှိနေ၏။

“ အစွမ်းထက်နဂါး။ကျုပ် ခင်ဗျားနဲ့ စာချုပ် ချုပ်နိုင်တယ်။ ”

ဂူရာဒန် ရေရွတ်လိုက်သည်။

“ ကျွန်-သခင် စာ‌ချုပ်တော့ မဟုတ်ဘူး။ ညီတူမျှတူ စာချုပ်ပဲ။ ဒီကောင် ပြောတဲ့ အတိုင်းဆိုရင် ကျုပ်တို့ ပူးပေါင်းလို့ ရနိုင်တယ်။ ”

“ ဆုတောင်းလေ။ ”

ပါ့ဂ်လီအိုက အေးစက်စက်နှင့် နှာမှုတ်လိုက်ပြီး သတ်ဖြတ်ချင်စိတ် ထုတ်လွှတ်လိုက်သည်။

“ အရိုးခြောက်။မင်းက အခုအခြေအနေနဲ့ “ညီတူမျှတူ” အကြောင်းပြောဖို့ အရည်အသွေး မရှိဘူး။ငါ့ လုပ်ဖော်ကိုင်ဖက်ကြောင့်သာ မဟုတ်ရင် ငါမင်းကို ဖျက်ဆီးပစ်လိုက်ပြီ။ ငါ့လို ဆရာသခင်က ခေါင်းမာတဲ့ကောင်ကို အမုန်းဆုံးပဲ။ မင်းက ဒီလောက် ပေကပ်ကပ် နိုင်တယ် ဆိုတော့လည်း....... ”

သူ၏အသံ ဆုံးသွားသည်နှင့် အဆိပ်နဂါး၏ ပိုင်နက်ထဲမှစွမ်းအားသည် ရုတ်တရက် နှစ်ဆတိုးသွားသည်။ ဖိနှိပ်သည့်စွမ်းအားသည် အလောင်းအောက်လမ်းပညာရှင်၏ ခုခံမှု စက်ဝိုင်းကို သေးသထက် သေးလာစေသည်။အမှန်တွင် ပါ့ဂ်လီအိုသည်လည်း ဉာဏ်များသူ တစ်ယောက်ဖြစ်သည်။ ချန်လွေ့တွင် အခြားအကြံများရှိကြောင် သိသည့်အတွက် သူ၏ ကြမ်းတမ်းသော အမူအကျင့်သည် လူဆိုးအဖြစ် ဟန်ဆောင်ပြီး ချန်လွေ့နှင့် ပူးပေါင်း နေခြင်းသာ ဖြစ်သည်။

အကယ်၍ သေရန်ရွေးချယ်ထားသော ယခင်က အလောင်း‌အောက်လမ်းပညာရှင်သာ ဆိုလျှင် ဖီလက္ထရီတစ်လုံးကို ဖောက်ခွဲပစ်နိုင်ချေ များသည်။ သို့သော်လည်း ချန်လွေ့၏ ဆွဲဆောင်ခြင်းနှင့် ပါ့ဂ်လီအို၏ ခြိမ်းခြောက်ခြင်းတို့ကြောင့် ဂူရာဒန်၏ နှလုံးသားထဲ၌ အသက်ဆက်ရှင်ရန် အကြံသည် ပို၍လွှမ်းမိုးသွားခဲ့သည်။ ယခင်ကဲ့သို့ သေချင်နေခြင်း စိတ်ဓာတ်မျိုး ပြန်ပြောင်းရန် ခက်ခဲသွားလေပြီ။ ဂူရာဒန် အမြန်ပြောလိုက်သည်။

“ လက်အောက်ခံစာချုပ်။ဒါက နောက်ဆုံးပဲ။ကျုပ်ရဲ့အသက်က နဂါးထက် ပိုရှည်တယ်။ ကျုပ်က မသေမျိုး‌ မှော်ပညာ လေ့လာနေရင်း အချိန်တွေ အဆုံးမရှိ ဖြတ်သန်းရတယ်။ ကျုပ် ဘာမတော်တဆမှုမှ မဖြစ်ချင်ဘူး။ ”

လက်အောက်ခံစာချုပ်သည် အဆင့်မြင့် စာချုပ်တစ်ခုဖြစ်ပြီး တူညီမျှတူ စာချုပ်ထက် တစ်ဆင့်နိမ့်သည်။ ၎င်းသည် အုပ်ချုပ်သူနှင့် ဝန်ကြီးများအကြားရှိ တင်းကြပ်သော ဆက်ဆံရေးနှင့် ညီမျှသည်။ အကယ်၍ နှစ်ဦးနှစ်ဖက် စာချုပ်ချုပ်လျှင် လက်အောက်ခံ ဂူရာဒန်သည် ကိုယ်ပိုင်စိတ်ဆန္ဒ ရှိနေဦးမည် ဖြစ်သည်။ သို့သော်လည်း သူသည် နာခံရမည် ဖြစ်ပြီး သစ္စာဖောက်၍ မရနိုင်ပေ။ထို့ပြင် ပါ့ဂ်လီအိုသည် ဂူရာဒန်၏ သေခြင်းရှင်ခြင်းကို မထိန်းချုပ်နိုင်ပေ။ ပါ့ဂ်လီအို သေဆုံးသွားလျှင် စာချုပ် ပျက်ပျယ်သွားမည် ဖြစ်သည်။ ၎င်းသည် သခင်က ကျွန်၏အသက်ကို ထိန်းချုပ်နိုင်ပြီး သခင်သေသွားလျှင် ကျွန်ပါ သေသွားမည့် ကျွန်-သခင်စာချုပ်ကဲ့သို့ မဟုတ်ပေ။

ပါ့ဂ်လီအိုက နက်နက်ရှိုင်းရှိုင်း စဉ်းစားလိုက်သည်။ သူက ချန်လွေ့၏အကြည့်ကို ကြည့်ပြီး ပြန်ဖြေသည်။

“ ကောင်းပြီလေ။မင်းက ငါနဲ့စာချုပ် ချုပ်ရမှာ မဟုတ်ဘူး။ သူနဲ့ ချုပ်ရမှာ။ ”

“ သူနဲ့လား။ ”

ဂူရာဒန် အံ့အားသင့်သွားသည်။ တကယ်လို့ ငါက အစွမ်းထက်နဂါးနဲ့ လက်အောက်ခံ စာချုပ် ချုပ်မယ်ဆိုရင် လက်ခံနိုင်သေးတယ်။ ဒါပေမဲ့ ဒီကောင်က မဟာနတ်ဆိုးဘုရင် အဆင့်ပဲ ရှိသေးတယ်။ ဒါနဲ့ အရင်တစ်ခေါက်တုန်းက သူက နတ်ဆိုးဘုရင်အဆင့်ပဲ ရှိသေးတာ......

ဂူရာဒန်က ၎င်းကို ရေးရေးလေး သတိရလိုက်သည်။ အရင်တစ်ခေါက်တုန်းက ဒီ‌ကောင် နတ်ဆိုးဘုရင်အဆင့် ထပ်သီးပိုင်းတောင် မရောက်သေးဘူး။ သူက မဟာနတ်ဆိုးဘုရင် အဆင့်ကို ဘယ်လိုမြန်မြန် ရောက်သွားတာလဲ။ ကြားထဲက အချိန်က ........

“ ဟုတ်တယ်။ကျုပ်နဲ့ပဲ။ ”

ဂူရာဒန် တုံ့ဆိုင်းနေရသည့် အကြောင်းရင်းကို ချန်လွေ့သိသည်။

“ ကျုပ်က ရှေးမဟာဆရာသခင်ရဲ့ ဆက်ခံသူပဲ။ပြီးတော့လည်း ကျုပ်က နတ်ဆိုးဘုံ တစ်ခုလုံးမှာ ရှေး မသေမျိုး မှော်ဒြပ်စင်အကြောင်းကို သိတဲ့ တစ်ယောက်တည်းသော သူပဲ။တကယ်တော့ ဒါက ခင်ဗျားအတွက်လည်း အကျိုးရှိတယ်။ ကျုပ်ရဲ့ အသက်က နဂါးတွေလောက်လည်း မရှည်ဘူး။ ကျုပ်က အသက်ကြီးပြီး သေသွားရင်တောင် ခင်ဗျားရဲ့ စာချုပ်သက်တမ်းက နှစ်ရာချီလောက်ပဲ ရှိမယ်။ ”

ဂူရာဒန်က ၎င်းကို အမြန်စဉ်းစားလိုက်သည်။ သူပြောတာ မှန်တယ်။ ငါ နဂါးနဲ့ စာချူပ် ချုပ်မယ်ဆိုရင် နှစ်ပေါင်း ထောင်သောင်းချီ အနိမ့်ကျဘဝမှာ နေနေရမယ်။ ဒီ “နတ်ဆိုး ”နဲ့ ငါ စာချုပ်ချုပ်မယ်ဆိုရင် အချိန်က သေချာပေါက် တိုတောင်းသွားမှာပဲ။ ပြီးတော့လည်း ဒီကောင်က ရှေးမဟာဆရာသခင်ရဲ့ အမွေအနှစ်ကို ဆက်ခံထားတာ။ အနည်းဆုံးတော့ သူက ဆေးဖော်ပညာမှာ ဆရာသခင် တစ်ပါးပဲ။ သူ့ရဲ့ အလားအလာက တော်တော် ကြောက်ဖို့ကောင်းတယ်။ လအနည်းငယ်အတွင်းမှာ သူက နတ်ဆိုးဘုရင်အဆင့်ကနေ မဟာနတ်ဆိုးဘုရင်အထိ တဟုန်ထိုး တိုးတက်သွားခဲ့တယ်။ သူက အနာဂတ်မှာ နတ်ဆိုး ဧကရာဇ်တစ်ယောက် ဖြစ်လာနိုင်ချေ များတယ်။ ဒါဆိုရင် အရှက်ရစရာလို့ ယူဆလို့ မရတော့ဘူး။ ငါ့ရဲ့ လက်ရှိအခြေအနေ အရတော့ ဒီလူနဲ့ စာချုပ်ချုပ်တာက အသင့်တော်ဆုံး ဖြစ်မယ်။

နောက်ဆုံး၌ ဂူရာဒန်သည် စိတ်ပိုင်းဖြတ်ပြီး ချန်လွေ့နှင့် လက်အောက်ခံ စာချုပ် ချုပ်ဆို လိုက်သည်။ သနားစရာ အလောင်း အောက်လမ်းပညာရှင်သည် အလိမ်ခံခဲ့ရကြောင်း မသိခဲ့ပေ။ သဟဇီဝစာချုပ်ကြောင့် သာမန်အခြေအနေ၌ ထိုလက်အောက်ခံစာချုပ် ကြာချိန်သည် အနည်းဆုံး နှစ်ထောင်သောင်းချီမည် ဖြစ်သည်။

သို့သော်လည်း ချန်လွေ့သည် နှစ်ပေါင်း ထောင်သောင်းချီအထိ အစီအစဉ် မဆွဲထားပေ။ နောက်လာမည့်ကိစ္စများကို ရောက်လာမှသာ ဖြေရှင်းပေမည်။

စာချုပ်ချုပ်သည့် သတ်မှတ်ချက်တစ်ခုအဖြစ် အလောင်းအောက်လမ်းပညာရှင်က ယန်းကော်မြို့ကို ကိုယ်ပိုင် စမ်းသပ်ဌာနအဖြစ် ပြောင်းလဲရန် တောင်းဆိုခဲ့သည်။ ၎င်းသည် အစွမ်းထက်သော အသေဝိညာဉ်နှင့် အလောင်းများရှိသည့် ရှေးစစ်မြေပြင်တစ်ခု ဖြစ်ခဲ့သည်။ ချန်လွေ့ ရင်ဆိုင်ခဲ့ရသော အထိတ်တလန့် သူရဲကောင်းစစ်သည်မှာ ရှားပါးသော အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်၏ အလောင်းမှ အသွင်ပြောင်းထားခြင်း ဖြစ်သည်။ မူလက ဂူရာဒန်တွင် ထိုကဲ့သို့ ထိပ်တန်းအဆင့် အထိတ်တလန့် သူရဲကောင်း စစ်သည်နှစ်ယောက်ရှိသည်။ ‌အနောက်ပိုင်းရှိ ယဇ်ပလ္လင်ကို စောင့်ကြပ်နေသည့် တစ်ယောက််ကို ပါ့ဂ်လီအို သတ်ပစ်လိုက်ခြင်း ဖြစ်သည်။

ချန်လွေ့ အချိန်အတော်ကြာ စဉ်းစားပြီး အသီနာနှင့် ဆွေးနွေးပြီးသည့်အခါ သဘောတူ လိုက်သည်။ မူလက ယန်းကော်မြို့သည် နိမ့်ကျပြီး ခေါင်ပါးသော မြို့လေးတစ်ခုသာ ဖြစ်သည်။ ချန်လွေ့နှင့်ရှီရာတို့သည် နယ်မြေအတွင်းရှိ မြို့ငယ်များကို ပြန်လည် တည်ဆောက်ရန် စီစဉ်ထားပြီး ဖြစ်သည်။ ယန်းကော်မြို့သည် အစီအစဉ်ထဲ၌ ပေါင်းစပ် ရမည့် နေရာများထဲမှတစ်ခု ဖြစ်သည်။ ထိုလိုအပ်ချက်သည် ခက်ခဲပုံပေါ်သော်လည်း အမှန်တကယ်၌ အခက်အခဲနည်းနည်းဖြင့် အခြေအနေကို ရှေ့သို့တွန်းပို့ရန် ပြုလုပ်ခြင်းသာ ဖြစ်ပေသည်။

စာချုပ် ချုပ်ပြီးနောက် စူပါစနစ်၏ စိတ်ဝိညာဉ်ကွင်းဆက်တွင် လက်အောက်ခံစာချုပ် တစ်ခု ထပ်တိုးလာသည်။ ထိုစာချုပ်သည် ဆမ်မြူရယ်၏ အလင်း သွေးသစ္စာနှင့် ဆင်တူပြီး ပယ်ဖျက်၍ရသည်။ဖြတ်တောက်၍ရပေသည်။

ယခုတွင် လက်အောက်ခံ အခြေအနေကို ဆုံးဖြတ်ပြီးပြီ ဖြစ်သည့်အတွက် ချန်လွေ့သည် ဂူရာဒန်ကို စိတ်မသက်မသာဖြစ်အောင် မလုပ်တော့ပေ။ သူ၏မှတ်ဉာဏ်ထဲရှိ ဒီယာဘလို(၂) ထဲမှ အောက်လမ်းပညာရှင်၏ စွမ်းရည်စနစ်များကို ပြောပြလိုက်သည်။

၎င်းသည် သူအကြိုက်ဆုံး ဂိမ်းတစ်ခုဖြစ်သည့်အတွက် အချက်အလက်များကို ‌ရေးရေးလေး သတိရခဲ့သည်။ အချို့ကို သင့်တော်သလို ပြုပြင်ခဲ့သည်။ ဥပမာပြောရလျှင် ဆင့်ခေါ်ခြင်းနှင့် အသွင်ပြောင်းခြင်း အခန်းကဏ္ဍတွင် အရိုး‌ခြောက်စစ်သား၊ ဖုတ်‌ကောင်၊ တစ္ဆေ၊ အရိုးခြောက် မှော်ပညာရှင်၊ အထိတ်တလန့် သူရဲကောင်းစစ်သည် စသည်တို့ ပါဝင်ကြသည်။ ထို့နောက် ခွန်အားနှင့်မှော်သူရဲကောင်းများမှ တစ္ဆေနဂါးကိုလည်း ထည့်လိုက်သည်။ သွေးစုပ်ဖုတ်ကောင်၊ ကျောက်ဘီလူးနှင့် အခြားဆင်တူသည့် သတ္တဝါများကိုမူ အကြောင်းအချို့ကြောင့် ချန်ရစ်ထားခဲ့သည်။

ကျိန်စာ အခန်းကဏ္ဍမှ အချို့အရာများမှာ အမှောင်မှော်ပညာနှင့် ထပ်နေသည့်အတွက် ချန်လွေ့သည် ရွေးချယ်ပြီး အတိုးအလျှော့ ပြုလုပ်ခဲ့သည်။ အရိုးနှင့်အဆိပ် အခန်းကဏ္ဍ၌ [အရိုးချပ်ကာ] ၊ [အရိုးအကျဉ်းထောင်] ၊ [အဆိပ်ဖောက်ခွဲခြင်း] နှင့် [အလောင်း ဖောက်ခွဲခြင်း] တို့ကို အသေးစိတ် ရှင်းပြခဲ့သည်။

ထိုကဲ့သို့ ပြီးပြည့်စုံသော မှော်စနစ်သည် ဂူရာဒန်ကို အတွေးအမြင်အသစ်များ ရရှိစေ ခဲ့သည်။ အချို့မှော်အစွမ်းနှင့် တိုက်ခိုက်မှုပုံစံများသည် တရားလွန် ဖြစ်သော်လည်း အချို့ကို အချိန်အကြာကြီး စဉ်းစားပြီးမှသာ သဘောပေါက်မည် ဖြစ်သည်။ ထိုစဉ် အချို့ကို တိုးမြှင့်ပြီး ဆန်းသစ်၍ရသည်။ အလောင်းအောက်လမ်းပညာရှင်၏ မျက်လုံးထဲမှ အနီရောင်အလင်းနှစ်ခု လင်းလက်နေ၏။ လက်အောက်ခံစာချုပ် အတင်းချုပ်ခဲ့ရသည့် အတွက် ဒေါသထွက်နေသော သူ၏နှလုံးသားကို ချက်ချင်း ဘေးဖယ်ထား လိုက်သည်။ သူသည် ချက်ချင်း စမ်းသပ်မှု စတင်ချင်နေပြီ ဖြစ်သည်။

သို့သော်လည်း လက်ရှိ အရေးကြီးဆုံးအရာမှာ ဖီလက္ထရီထဲရှိ ‘ဝိညာဉ်အမြုတေကို ပြန်ကောင်းမွန်စေရန် ဖြစ်သည်။

ပိုင်နက် ပျောက်ကွယ်သွားပြီးနောက် မြို့ထဲရှိမြူများ ဖြည်းဖြည်းချင်း ပျောက်ကွယ် သွားတော့သည်။ သလိလစ်နေသော လူများလည်း နိုးလာကြပြီး ပုံမှန်အတိုင်း ပြန်ဖြစ် သွားကြပြန်သည်။

သို့သော်လည်း အချို့အရာများကို သေသေချာချာ ရှင်းလင်းရန် လိုအပ်ပေသည်။

မြို့ဝန်စံအိမ်ထဲ၌ မြို့ဝန် ရှိတ်ခ်သည် ကြမ်းပြင်ပေါ် ထိုင်နေ၏။ သူသည် ဆိုးဆိုးဝါးဝါး တုန်လှုပ်နေပြီး အဝတ်များလည်း ချွေးများ ရွှဲနစ်နေ၏။

ရှိတ်ခ် အရှေ့တွင် ဝတ်ရုံနှင့် မျက်လုံးများ အနီရောင် တောက်နေသော အရိုး‌ခြောက် တစ်ယောက် ရှိနေသည်။ သူ၏အေးစက်စက် အသံတွင် ကြက်သီးထစရာ ပျော်ရွှင်သော အရိပ်အယောင်တစ်ခု ပေါ်လွင်နေသည်။

“ ဒီ လတ်ဆတ်တဲ့ ခန္ဓာကိုယ်က အဆီများပြီးတော့ တော်တော်လေး ကောင်းတယ်။ [ အလောင်းဖောက်ခွဲခြင်း ] ကို လေ့လာဖို့အတွက် စမ်းသပ်ပစ္စည်းလုပ်လို့ ကောင်းမှာပဲ။ ”

ရှိတ်ခ်က မသေမျိုး မှော်ပညာရှင်များ၏ ဒဏ္ဍာရီလာ ကြောက်မက်ဖွယ်ကောင်းသော စမ်းသပ်မှုအကြောင်း တွေးမိသွားသည့်အခါ ကတုန်ကယင်နှင့် အသီနာဆီသို့ တွားသွား လိုက်သည်။

“ မဒမ် အသီနာ။ ကျုပ် အားလုံးပြောပြပါ့မယ်။တောင်းပန်ပါတယ်။ စိုင်ဖူမိသားစုအတွက် ကျုပ်ကို ဒီ ဆာ-မသေမျိုး မှော်ပညာရှင်ရဲ့ စမ်းသပ်ပစ္စည်းဖြစ်အောင် မလုပ်ပါနဲ့။ ”

အသီနာ ရွံရှာသွားပြီး ချန်လွေ့က ရှေ့တက်ကာ အသီနာအရှေ့၌ ကွယ်ထားလိုက်ရင်း‌ အော်ပြောလိုက်သည်။

“ မြန်မြန်ပြော။မြို့သူ/သားတွေနဲ့ ဆီမန် ပျောက်ဆုံးသွားတဲ့ အကြောင်းရင်း အမှန်က ဘာလဲ။ ”

ရှိတ်ခ်သည် ခေါင်းငုံ့နေပြီး မျက်လုံးကို ကစားနေ၏။သေချာသည်မှာ သူသည် အကြံတစ်ခု စဉ်းစားနေခြင်း ဖြစ်သည်။ ဂူရာဒန်၏အသံ ထွက်လာပြန်သည်။

“ ဒီဝက်တုတ်ကြီးက ခေါင်းမာတဲ့သူဆိုတာ အသိအသာကြီးပဲ။ ဆက်မေးစရာ မလိုဘူး။ ကျုပ် သူ့ရဲ့ ဝိညာဉ်ကို ဆွဲထုတ်လိုက်မယ်။ ပြီးရင် အဖြေကိုသိပြီ။ ”

ဘယ်သူက ခေါင်းမာတဲ့သူလဲ။ ရှိတ်ခ်သည် ဝိညာဉ်ဆွဲထုတ်ခြင်းကို ကြားလိုက်ရသည့်အခါ သေးထွက်လုမတတ် ဖြစ်သွားခဲ့သည်။ သူ မည်သို့ ဆက်ပြီး လိမ်ညာဝံ့မည်နည်း။ သူက ချက်ချင်းပင် အားလုံးကို ဖွင့်ပြောလိုက်သည်။

ယခင်နှစ်များအတွင်း၌ ရှိတ်ခ်သည် စိုင်ဖူမိသားစု နောက်ခံကို အမှီပြုပြီး ရာဇဝတ် ဘက်တော်သား မြို့စောင့်တပ်ခေါင်းဆောင် ဆီမန်နှင့်အတူ ယန်းကော်မြို့ကို ဆိုးဝါးပြီး ကြမ်းတမ်းသော နည်းလမ်းများဖြင့် အုပ်စိုးခဲ့သည်။ ထိုကဲ့သို့ ချောင်ကျသောနေရာ၌ သူသည် ဧကရာဇ်တစ်ယောက် ကဲ့သို့ပင် ဖြစ်သည်။

လွန်ခဲ့သောနှစ်အနည်းငယ်က မြို့သူ/သားအချို့သည် ကျောက်တောင် အနောက်ဘက်၌ သလင်းကျောက်စိမ်း မိုင်းတွင်းတစ်ခုကို မတော်တဆ ရှာတွေ့သွားခဲ့သည်။ ရှိတ်ခ်က ၎င်းကို ရှားပါး မှော်ကုန်ကြမ်း ကျောက်စိမ်းရေခဲသလင်းကျောက်ဟု သတ်မှတ်ခဲ့သည်။ စူးစမ်းရှာဖွေပြီးနောက် ကျောက်တောင်တွင် ကျောက်စိမ်းရေခဲသလင်းကျောက်များ ကြွယ်ဝကြောင်း တွေ့ရှိသွားခဲ့သည်။ ထိုကဲ့သို့ကြီးမားသော ကြွယ်ဝချမ်းသာမှုကို မောင်ပိုင်စီးချင်သည့်အတွက် ရှိတ်ခ်သည် ထိုကိစ္စကို အမှောင်လမြို့ထံ သတင်းမပို့ဘဲ သတ္တုတွင်းများ ပထမဆုံး ရှာတွေ့ခဲ့သူအားလုံးကို သတ်ပစ်ကာ သတင်းပိတ်ခဲ့သည်။

သို့သော်လည်း ထိုအဖြစ်အပျက်ကို မြို့စောင့်တပ်ခေါင်း‌ဆောင် ဆာမန်က တွေ့ရှိသွား ခဲ့သည်။ ရှိတ်ခ်သည်လည်း ထိုကဲ့သို့ ကြွယ်ဝချမ်းသာမှုကို တစ်ယောက်တည်း မပိုင်ဆိုင် နိုင်ကြောင်း သိသည်။ ထို့ကြောင့် ဆာမန်ကို သူနှင့် ပူးပေါင်းခိုင်းလိုက်သည်။ အနည်းငယ် အမှားလုပ်မိသူများ၊ သို့မဟုတ် မည်သည့်ပြစ်မှုကိုမှ မကျူးလွန်ခဲ့သူများကိုပင် အကျဉ်းချ ခဲ့ပြီး ဆာမန်က အမျိုးမျိုးသော အကြောင်းပြချက်များဖြင့် ထိန်းချုပ်ထားခဲ့သည်။ သူတို့သည် ကျောက်တောင်သို့သွားပြီး မိုင်းတူးရန် ရက်စက်သောနည်းများဖြင့် ဖိအားပေး ခံရသည်။ ရရှိလာသော သတ္တုရိုင်းများကို မဟာနယ်မြေနှစ်ခုဖြစ်သော ချော်ရည်ပြာနှင့် လိပ်ပြာနီတို့ထံ လမ်းကြောင်းအမျိုးမျိုးမှတစ်ဆင့် ရောင်းချကြသည်။ ယခင်နှစ်များ၌ အသက်မည်မျှ ဆုံးရှုံးခဲ့ရကြောင်း မည်သူမှ မသိပေ။ ပို့ဆောင်လိုက်သော ကျောက်စိမ်း ရေခဲသလင်းကျောာက်များမှ ရရှိသည့် သူတို့နှစ်ယောက်၏ အိတ်ကပ်ထဲရှိ သလင်း ကျောက်နက်တိုင်းတွင် သွေးများနှင့် အော်သံများ စွန်းထင်းနေကြသည်။

ကျောက်တိုင်ရှိ မိုင်းတွင်းအကြောင်းကို ဖုံးကွယ်ရန်အတွက် သူတို့နှစ်ယောက်သည် ကျောက်‌တောင်၌ မသေမျိုးများ ထွက်ပေါ်လာကြောင်း အကြောင်းပြချက်တစ်ခု ဖန်တီးခဲ့သည်။ သူတို့သည် ကောလာဟလများ ဖြန့်ပြီး မည်သူမှ မလာရဲအောင် “သရဲခြောက်သောမြေ” ဟူ၍ ဖန်တီးလိုက်သည်။

ငါးစာတိုင်းကို ဟပ်သောငါးသည် အဖမ်းခံရပေလိမ့်မည်။ မမျှော်လင့်ဘဲနှင့်ဘဲနှင့် အမှန်တကယ်ပင် ကျောက်တောင်တွင် အစွမ်းထက် မသေမျိုးတစ်ယောက် ထွက်ပေါ် လာသည်။ ၎င်းသည် သူတို့နှစ်ယောက်၏ ရေရှည် ဘဏ္ဍာရေးစီမံကိန်းကို အနှောင့်အယှက် ဖြစ်သွားစေပြီး ဖြေရှင်းနည်း ရှာမရတော့ပေ။

ထိုအချိန်က အသီနာသည် ငြိမ်ဝပ်ပိပြားရေး အရာရှိအဖြစ် တာဝန်ယူခဲ့ပြီး ကာကွယ်ရေး တပ်ဖွဲ့များကို သေသေချာချာ ပြန်လည်တည်ဆောက်ခဲ့သည်။ဆာမန်သည် အမှောင်လမှ ခေါ်ယူခြင်းကို ခံလိုက်ရသည်။ သူက အမှောင်လသို့သွားလျှင် ကျောက်စိမ်း ရေခဲသလင်းကျောက်ကို အနာဂတ်၌ ရှိတ်ခ်က လက်ဝါးကြီးအုပ်သွားလိမ့်မည်ဟု စိတ်ထဲ တွေးနေ ခဲ့သည်။ ထို့ကြောင့် လျော်ကြေးအဖြစ် ငွေ‌အမြောက်အမြားပေးရန် တောင်းဆိုခဲ့သည်။ သို့သော်လည်း ရှိတ်ခ်သည် ထိုပမာဏအထိပေးချင်စိတ် မရှိပေ။ ထို့ပြင် ဆာမန်က မိမိကို အကြိမ်ကြိမ် ငွေညစ်ပြီး တိုက်ရိုက်သတင်းပို့ရန်ကို ရှိတ်ခ် စိုးရိမ်နေခဲ့သည်။ ထို့ကြောင့် သူသည် ဆာမန်ကို အဆိပ်ခတ်ပြီး သတ်လိုက်သည်။ ထို့နောက် ဆီမန်ပျောက်ရှုံးသွားကြောင်း အပြင်လူများကို ကြေညာပြီး မသေမျိုး မှော်ပညာရှင်ကို အပြစ်ဖို့လိုက်သည်။

ရှိတ်ခ်သည် ကျောက်စိမ်း ရေခဲသလင်းကျောက်ကို လက်မလွှတ်နိုင်ပေ။သူသည် လူအများအပြား လွှတ်ခဲ့သော်လည်း မသေမျိုးကို မဖျက်ဆီးနိုင်ခဲ့ပေ။ နောက်မှသာ သူသည် အမှောင်လမြို့သို့ သတင်းပို့ခဲ့သည်။ သူက အမှောင်လမြို့ အင်အားကို အသုံးချပြီး မသေမျိုးကို ရှင်းလင်းချင်ခဲ့သည်။ သို့မှသာ သူသည် ရတနာမိုင်းတွင်းကို ထိန်းချုပ်နိုင်မည် ဖြစ်သည်။

“ ဒုန်း ”

အမှန်တရားကို နားထောင်ပြီးနောက် အသီနာသည် ‌ဒေါသကို ထိန်းမထားနိုင်တော့ဘဲ ကျောက်စားပွဲနက်ကို ထုရိုက်လိုက်သည်။ ခိုင်မာသော ကျောက်စားပွဲကြီးသည် ရုတ်တရက် ကွဲကြေသွားတော့သည်။ ၎င်းကိုမြင်လိုက်ရာ ရှိတ်ခ်သည် လွန်စွာ ကြောက်ရွံ့ တုန်လှုပ်သွား၏။

“ မဒမ် အသီနာ။ သူက အမှန်ကို ပြောပြီးပြီဆိုတော့ သူက [ အလောင်းဖောက်ခွဲခြင်း ] အတွက် စမ်းသပ်ပစ္စည်းလုပ်စရာ မလိုတော့ဘူး။ ”

ချန်လွေ့က ဂူရာဒန်ဆီ လမ်းလျှောက်သွားပြီး ကပ်ဘေးဆိုးကြီးမှ လွတ်မြောက်သွားပြီဟု ထင်နေသော ရှိတ်ခ်ကို ကြည့်ရင်း ရုတ်တရက် ပြုံးလိုက်သည်။

“ ဒါပေမဲ့ မစ္စတာ ဂူရာဒန်။ ဒီဝက်တုတ်ကြီးက ဖုတ်ကောင် ဖြိုခွဲခြင်းအတွက် အသင့်တော်ဆုံး စမ်းသပ်ပစ္စည်းလို့ မထင်ဘူးလား။ ”

ဂူရာဒန် ခေါင်းညိတ်ပြီး ဆိုးယုတ်စွာ ပြုံးလိုက်သည်။ သူ၏မျက်လုံးထဲ၌ အနီရောင် အလင်းများ ဖျပ်ခနဲ လက်သွား၏။ ရှိတ်ခ်သည် ဖုတ်ကောင် ဖြိုခွဲခြင်းဟူသော စကားလုံးကြောင့် ကြောက်လန့်တကြား အော်ဟစ်ပြီး သတိလစ်ကာ သေဆုံးသွား တော့သည်။

All Chapters