ခီရာ
Vol. 21 Ch. 314
ယခုတစ်ခေါက်တွင် အဲလစ်သည် အစ်မဖြစ်သူနှင့်အတူ ငှက်တောင်ဖြူနယ်မြေသို့ သွားရောက်ခဲ့သည်။ လိုလီလေးသည် စီးပွားရေးပညာရှင် တစ်ယောက်ကဲ့သို့ပင် ဖြစ်နေပြီး ငှက်တောင်ဖြူနယ်မြေမှ အထူးထုတ်ကုန် တော်တော်များများကို ဝယ်ယူခဲ့သည်။ သူသည် ၎င်းတို့အားလုံးကို ငှက်တောင်ဖြူနယ်မြေ အုပ်စိုးသူ၏ လက်ဆောင်များနှင့် အတူ အမှောင်လသို့ ယူဆောင်လာခဲ့ကာ မင်းသမီး လက်လီစတိုး နာမည်အောက်တွင် ရောင်းချ ခဲ့သည်။ အတော်လေး စျေးကြီးလှသော်လည်း ဝယ်ယူသူ အများအပြားကို ဆွဲဆောင်နိုင် ခဲ့သည်။
ထို့အပြင် အရိပ်နက်အင်ပါယာ၏ ထိပ်တန်းစီးပွားရေး မိသားစုဖြစ်သော ကတ်စတာ မိသားစုကလည်း လူလွှတ်ပြီး အရိပ်နက်အင်ပါယာမြို့တော်၌ မင်းသမီးလက်လီစတိုး ဆိုင်ခွဲဖွင့်လှစ်ရန်အတွက် လာရောက် ဆွေးနွေးခဲ့သည်။ ကတ်စတာမိသားစု၏ သြဇာနှင့် အတူ ဖက်ရှင်ကျပြီး တန်ဖိုးကြီးသည်ဟု သတ်မှတ်ထားကြသော မင်းသမီး လက်လီစတိုး ကုန်ပစ္စည်းများသည် အရိပ်နက်အင်ပါယာ၌ နာမည်ကျော်သွားနိုင်လောက်ပေသည်။ ၎င်းသည် နှစ်ဖက်ကြားရှိ စီးပွားရေးပူးပေါင်းမှု ပထမအဆင့်သာ ဖြစ်၏။
ပြန်ရောက်လာသည်နှင့် အဲလစ်သည် အလုပ်များနေခဲ့သည်။ မင်းသမီးလက်လီစတိုး၌ နာမည်အကြီးဆုံးနှင့် ထိရောက်မှုအရှိဆုံး စာရေးဖြစ်သူ ခီရာမှာလည်း အလုပ်အများဆုံးသူ ဖြစ်နေသည်။
“ ခီရာ။ နင် မပင်ပန်းဘူးလား။ ”
မင်းသမီး လက်လီစတိုး ဒုတိယထပ်မှ ဧည့်သည်များ ထွက်သွားပြီးနောက် ရှားရှားပါးပါး ခဏနားနေချိန်တွင် အဲလစ်က တက်ကြွနေသာ ကဝေမအား ထူးထူးဆန်းဆန်း ကြည့်နေလိုက်သည်။
“ အခုနောက်ပိုင်း နင်က တော်တော်လေး တက်ကြွနေသလိုပဲ။ အကုန်လုပ်ဖို့ စိတ်အား ထက်သန်နေတယ်။ နင်က.....အရင်နဲ့ မတူတော့သလိုမျိုးပဲ။ ”
“ မဟုတ်ပါဘူး။ ”
[ ဝိညာဉ်လက်ထိပ် ] ပျောက်ကွယ်သွားခြင်းကြောင့်ဟု ခီရာပြောလိမ့်မည် မဟုတ်ပေ။ သူက ရယ်ပြီးပြောသည်။
“ ငါလည်း အားတင်းပြီး လုပ်နေတာပါ။ တကယ်တော့ တော်တော်လေး ပင်ပန်းနေပြီ။ ဒီည မင်းသမီးလေးနဲ့ ညစျေး လိုက်နိုင်လောက်တော့မှာ မဟုတ်ဘူး။ ”
“ ငါလည်း ပင်ပန်းတယ်။ ငှက်တောင်ဖြူနယ်မြေကနေ ပြန်လာကတည်းက တစ်ရက်မှ မနားဘဲ အလုပ်လုပ်နေရတာ။ ”
အဲလစ် အကြောဆန့်လိုက်သည်။
“ အရင်တစ်ခေါက်က လှပပြီး အရသာရှိတဲ့ ကိတ်မုန့်ကို ငါတကယ် သတိရမိတယ်။ အခု အဲဒါကို စားရရင် ဘယ်လောက်ကောင်းလိုက်မလဲ။ ”
ကိတ်မုန့်အကြောင်းပြောနေရင်း ခီရာ ညင်သာစွာ ပြုံးလိုက်သည်။
“ ကံဆိုးချင်တော့ ဆာ-ချန်လွေ့က မနိုးလာသေးဘူး။ မဟုတ်ရင် မင်းသမီးလေး ဖြစ်ချင်တာက ပြဿနာ ရှိမှာမဟုတ်ဘူး။ သူ မြန်မြန် နေကောင်းပါစေလို့ မျှော်လင့် ပါတယ်။ ”
အဲဒီလူသားက အရင်တစ်ခေါက်တုန်းက ငါ့မွေးနေ့ကိုတောင် မှတ်မိခဲ့တယ်။ သူက နည်းနည်း ရူးကြောင်ကြောင်နိုင်ပေမဲ့ ရှားရှားပါးပါး ကြင်နာတတ်တဲ့ သူတစ်ယောက်ပါပဲ။ မစ်-အသီနာရဲ့အကြိုက်က တော်တော်လေး ကောင်းတယ်။ အဲဒီလူသား မြန်မြန် နေပြန်ကောင်းလာပါစေလို့ မျှော်လင့်တာပဲ။
ဒါနဲ့ ဒီလူသားရဲ့ အရင်နာမည်က အာသာ ထင်တယ်။ ဒါပေမဲ့ သူက “ဆရာသခင် အာသာ” နဲ့ လုံးဝယှဉ်လို့မရဘူး......
ချန်လွေ့ နိုးနေကြောင်း အဲလစ် သိသော်လည်း မပြောပြခဲ့ပေ။ သို့သော်လည်း ကိတ်မုန့် အကြောင်း စဉ်းစားသည့်အခါ သူသည် သွားရည်များ ကျနေခဲ့သည်။ ယခုအချိန်တွင် ချန်လွေ့သည် အစ်မဖြစ်သူ၏ အမိန့်အတိုင်း အရေးကြီးကိစ္စများ လုပ်နေလောက်သည်။ ထို့ကြောင့် အဲလစ်သည် တောင့်တမှုကိုသာ ချုပ်တည်းထားရတော့သည်။
“ ဟုတ်ပြီ။ အားလုံးပဲ။ ဒီအရောင်တောက်တောက် သလင်းကျောက်နက် ဒင်္ဂါးပြားတွေ အတွက် အလုပ်ကြိုးစားလိုက်ကြရအောင်။ ဒီလ သတ်မှတ်ထားတာ ပြည့်ရင် လစာ နှစ်ဆရမယ်။ ”
အရောင်တောက်တောက် သလင်းကျောက်နက်များအကြောင်း ပြောနေရင်း လိုလီလေးက လက်သီးဆုပ်လိုက်ကာ မျက်လုံးထဲမှ နဂါးကဲ့သို့ အလင်းရောင်ထွက်လာပြီး အစွမ်းထက် အရှိန်အဝါတစ်ခု ထုတ်လွှတ်နေတော့သည်။၎င်းသည် မင်းသမီး လက်လီးစတိုးဆိုင်ရှိ အလုပ်သမားများအားလုံးကို လွှမ်းမိုးသွားပြီး ချက်ချင်းပင် စိတ်အားတက်ကြွစေခဲ့သည်။
ထိုအချိန်၌ အမှောင်နတ်သူငယ် ကောင်လေးတစ်ယောက်က အပေါ်ထပ် တက်လာပြီး အပေါ်ထပ်မှ လူအားလုံးကိုကြည့်ကာ ခီရာထံသို့ ချဉ်းကပ်လာလိုက်သည်။
“ အစ်မက မစ်-ခီရာ လား။ တစ်ယောက်ယောက်က စာတစ်စောင် ပေးခိုင်းလိုက်တယ်။ ”
“ မကြည့်ဘဲနဲ့တောင် အဲဒါက ရည်းစားစာဆိုတာ ပြောနိုင်တယ်။ ”
လိုလီလေး၏ အရောင်လက်နေသော မျက်လုံးထဲ၌ မနာလိုမှု အနည်းငယ် ရှိနေသည်။ အမှန်တကယ်၌ အဲလစ်၏အသွင်အပြင်နှင့် မင်းသမီးလေးဟူသော ဂုဏ်ပုဒ်ကပင် ပိုးပန်းသူ အများအပြား ရှိစေနိုင်သည်။ သို့သော်လည်း သူ့တွင် “ ကာကွယ်လွန်းသော ” အစ်မတစ်ယောက် ရှိနေသည်။ မကောင်းသော အကြံအစည်းရှိသူများသည် အစောပိုင်း ကာလထဲ၌ ရှင်းလင်းခံခဲ့ရသည်။ ဂျိုးဆက်ပ်သည်ပင် အဲလစ်ကို စိတ်ဝင်စားကြောင်း မပြသရဲပေ။
ခီရာ ရှက်ရှက်နှင့် ပြုံးလိုက်သည်။ သူသည် ထိုကဲ့သို့စာများကို အများအပြား ရရှိခဲ့ဖူးသည်။ သို့သော် ထိုစာကိုဖွင့်ပြီး ဖတ်ကြည့်လိုက်သည့်အခါ သူ၏အကြည့် ရုတ်တရက် ပြောင်းလဲ သွားတော့သည်။
“ မင်းသမီးလေး။ ငါ့မှာ အရေးကြီး ကိစ္စတစ်ခုရှိနေလို့....အပြင် ခဏသွားချင်တယ်။ ရမလား။ ”
လိုလီလေးက ခီရာ၏မျက်လုံးထဲရှိ ထူးဆန်းသော အမူအရာကို ကြည့်ပြီး တအံ့တသြ ပြောလိုက်သည်။
“ ခီရာ။နင်ကို့ တစ်ယောက်ယောက်က လှည့်စားလိုက်တာတော့ မဟုတ်ပါဘူးနော်။ ”
ခီရာ၏မျက်နှာသည် ချက်ချင်းပင် နီးမြန်းသွားပြီး ခေါင်းခါလိုက်သည်။
“ မဟုတ်ပါဘူး။ သာမန်မိတ်ဆွေ တစ်ယောက်ပါ။ လုပ်ပါနော်။ မင်းသမီးလေး။ ”
“ မိတ်ဆွေလား။ ”
လိုလီလေး သံသယဝင်သွားသည်။ သူခဏ စဉ်းစားပြီးနောက် သဘောတူလိုက်သည်။
“ ငါတို့ ခဏနေ ပိတ်တော့မှာပဲလေ။ သွားလို့ရပါတယ်။ နောက်မှ နန်းတော်မှ တွေ့ကြ တာပေါ့။ နင် ပြန်လာတဲ့အခါကျရင် တောင်ဘက်လမ်းက အသား ပန်ကိတ်နှစ်ခု ဝယ်လာဖို့ မမေ့နဲ့ဦး။ ဒါနဲ့ အရင်က တန်သင်္ဘောသီးကို ငါသုံးလို့ကုန်သွားပြီ။ ငါ့ကို တစ်ခု ဝယ်ပေးဦး....။ နင်သိပါတယ်။ဟိုတစ်ခါ နင်ပြောခဲ့တဲ့ဟာလေ.... ”
၎င်းသည် မိမိတစ်ခါက ပြောခဲ့သော ရင်သားကြီးထွား ဖော်မြူလာဖြစ်ကြောင်း ခီရာ သိလိုက်သည်။ သူက ပြုံးပြီး ခေါင်းညိတ်ပြသည်။ သူ ထွက်သွားမည် ပြင်လိုက်စဉ် လိုလီလေးက ရုတ်တရက် မျက်လုံးမှိတ်ပြပြီး စာအုပ်တစ်အုပ် ပစ်ပေးလိုက်သည်။
“ ခီရာ။ ဒါက နင် ကိုးကားဖို့အတွက်။ သတိထားဦးနော်။ ”
ခီရာက စာအုပ်ကို တစ်ချက်ကြည့်လိုက်သည်။ ပုံမှန်အားဖြင့် အဆိပ်ရှိသော ကဝေမပင် အနည်းငယ် ရှက်သွားမိသည်။ စာအုပ်နာမည်မှာ အောက်ပါအတိုင်း ဖြစ်သည်။
“ ဘေးနားက ဝံပုလွေကို သတိထား။ မိန်းမနဲ့ ယောက်ျားကြားက ရင်းနှီးမှုက တစ်ညလုံး ရှင်သန်နိုင်မှာ မဟုတ်ဘူး ”
ခီရာသည် မင်းသမီးလက်လီစတိုးမှ အလျင်အမြန် ထွက်သွားပြီး အနောက်ဘက်လမ်းသို့ တစ်ခါတည်း သွားလိုက်သည်။ ထိုအချိန်၌ ကောင်းကင်သည် တဖြည်းဖြည်း မည်းမှောင် သွားခဲ့သည်။ ၁၄လမ်းဆုံတွင် မျက်လုံးကန်းနေသူအချို့က ကဝေမ၏ ထူးခြားသော အလှအပကိုမြင်ပြီး နောက်လိုက်လာကြသည်။ သူတို့ ခီရာနောက်လိုက်ရင်း စွန့်ပစ်ခံ ထားရသောအိမ်နေရာသို့ ရောက်သောအခါ ကြောက်မက်ဖွယ်ရာ အငွေ့အသက်တစခုဖြင့် လွှမ်းမိုးခံလိုက်ရသည်။ အလယ်ဆင့်နတ်ဆိုးများသာ ဖြစ်ကြသော ထိုလူမိုက်များလည်း လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားကြပြီး တစ်ယောက်မှ ခီရာအနား မကပ်ရဲတော့ပေ။
ချန်လွေ့သည် အရှိန်အဝါအနည်းငယ် ထုတ်လွှတ်လိုက်ပြီး ထိုလူမိုက်များကို ခြောက်လွှတ်လိုက်ခြင်း ဖြစ်သည်။ သူ့မျက်လုံးများက ရှေ့မှ ခီရာဆီသို့ ရောက်ရှိသွား၏။ ခီရာသည် ညှို့ဓာတ်ပြင်းသော မိန်းမလှတစ်ယောက် ဖြစ်နေဆဲပင် ဖြစ်သည်။ အတော်လေး တင်းကြပ်သော အစေခံဝတ်စုံက သူက ကောက်ကြောင်းလှပသော အစိတ်အပိုင်းများကို ရစ်ပတ်ထားပြီး ရင်သပ်ရှုမောဖွယ်ရာ အလှတရားကို ထုတ်လွှတ်ပေး နေသည်။
အရိပ်နက်အင်ပါယာရှိ အချိန်နှင့်ယှဉ်လျှင် ခီရာသည် ပို၍ညှို့ဓာတ်နည်းပါးပြီး ပိုမို ကျက်သရေ ရှိနေသည်။ သူသည် အဆင့်တစ်ဆင့် မြင့်သွားသကဲ့သို့ ဖြစ်သွားသည်။ သူ၏ မျက်လုံးများသည်လည်း ဆွဲဆောင်မှုရှိသော ရောင်ခြည်များ ဖြာထွက်နေ၏။
“ ဆရာသခင် ”
ချန်လွေ့၏မျက်နှာသည် ဝတ်ရုံဖြင့် ဖုံးကွယ်ထားသော်လည်း ခီရာသည် မိမိနှင့် ရင်းရင်းနှီးနှီး “ထိတွေ့”ဖူးသောသူကို တစ်ချက်ကြည့်ရုံဖြင့် မှတ်မိသည်။ သူသည် ခီရာ မွေးဖွားလာကတည်းက ပထမဆုံးသောသူလည်း ဖြစ်သည်။ ခီရာ အလွန်စိတ်လှုပ်ရှား သွားပြီး ရှေ့သို့ လမ်းလျှောက်သွားလိုက်သည်။
ခီရာ၏ဆွဲဆောင်မှုရှိသော မျက်နှာပေါ်မှ အံ့အားသင့်မှုကို တွေ့ရှိရသည့်အခါ ချန်လွေ့က ဆင်တူသော အခြားမျက်နှာတစ်ခုကို သတိရသွားပြီး စိတ်မကောင်း ဖြစ်သွားသည်။ သူ ဝတ်ရုံ ချွတ်လိုက်ကာ “ ဆရာသခင် အာသာ ”၏ မျက်နှာကို အသုံးပြုလိုက်သည်။
ခီရာ၏မျက်လုံးထဲ၌ ထိုမဟာနတ်ဆိုးသည် မည်သည့် ခန့်ညားသော မျက်နှာမဆိုထက် သာလွန်နေသော်လည်း ထိုသူ၏တည်ကြည်သောအကြည့်က ခီရာကို နိမိတ် တစ်ခုခု ခံစားမိစေသည်။
“ တောင်းပန်ပါတယ်။ ”
ချန်လွေ့သည် ခီရာ၏မျက်လုံးကို တည့်တည့် မကြည့်ရဲပေ။ သူ အသာလေး ခေါင်းငုံ့ လိုက်သည်။
“ မင်းရဲ့အမေ ဖရီယာ.......”
ခီရာ ထိတ်လန့်သွားပြီး နှလုံးသား တင်းကြပ်သွား၏။ ထို့နောက် ချန်လွေ့ဆက်ပြော သည်ကို သူကြားလိုက်ရသည်။
“ သူ....ဆုံးသွားပြီ။ ”
ခုနက ခီရာ တစ်စုံတ်စခုကို ခံစားခဲ့ရသည်။ ယခုတွင် သူစိုးရိမ်နေသည့်အရာ အမှန်တကယ် ဖြစ်သွားခဲ့လေပြီ။ သူ ဖြေမဆည်နိုင်ခဲ့ပေ။ သူ၏မျက်နှာ ရုတ်တရက် ဖြူဖျော့သွားပြီး ရုတ်တရက် သတင်းဆိုးကို လက်မခံနိုင်ခဲ့ပေ။ သူ တုန်လှုပ်နေပြီး မတ်မတ်ပင် မရပ်နိုင် တော့ချေ။
ခီရာအတွက် ဘဝတွင် “အဖေ”ဆိုသည့် အရာ မရှိခဲ့ပေ။ အဇ်ဂါလောဆိုသည်မှာ အေးစက်ပြီးရက်စက်သော သခင်တစ်ယောက်သာ ဖြစ်သည်။ သူဖြစ်လာခြင်းမှာ စိတ်ဆန္ဒ အချို့ကို ထုတ်လွှတ်ပြီးနောက် မတော်တဆ ဖြစ်ပေါ်လာသော ရလာဒ်တစ်ခုသာ ဖြစ်၏။ သူ၏အမေသည်ပင် အဇ်ဂါလော၏မျက်လုံးထဲ၌ အသုံးချစရာ တစ်ခုသာ ဖြစ်သည်။ သူ၏ အထူးခန္ဓာအမျိုးအစားကြောင့်သာ မဟုတ်လျှင် ခီရာသည် အနိမ့်ကျဆုံး ယောက်ျားများအတွက် စိတ်ဆန္ဒဖြေဖျောက်စရာတစ်ခု ဖြစ်သွားပေလိမ့်မည်။
အဇ်ဂါလော၏ ပထမဆုံးမိန်းမ ဆာဘရီနာသည်လည်း ရက်စက်သော သခင်မ တစ်ယောက် ဖြစ်သည်။ [ ဝိညာဉ်လက်ထိပ် ]၏ ထိန်းချုပ်မှုအောက်တွင် ခီရာတို့ သားအမိသည် အဆုံးမရှိသော အိပ်မက်ဆိုးထဲ၌ ပိတ်မိနေပြီး လူမဆန်သော နှိပ်စက်မှုများကို သည်းခံခဲ့ရသည်။ သူတို့၏ အသက်ရှင်ရန် တစ်ခုတည်းသော မျှော်လင့်ချက်မှာ တစ်ယောက်ချင်းစီ အသက်ရှင်ရန်အတွက်သာ ဖြစ်လေသည်။
ခီရာကို နှစ်ပေါင်းများစွာ ဒုက္ခပေးပြီး စိတ်ဒဏ်ရာရစေခဲ့သော [ ဝိညာဉ်လက်ထိပ် ] သည် ယခုတွင် ပျောက်ကွယ်သွားပြီ ဖြစ်သည်။ ၎င်းသည် သူ့ကို ဘဝတွင် မျှော်လင့်ချက် အစစ်အမှန်ကို မျှော်လင့်နိုင်စေသည်။ သို့သော်လည်း သူ၏အမေ ဖရီယာသည် သူနှင့်အတူ ထိုမျှော်လင့်ချက်ကို မမျှဝေနိုင်တော့ပေ။
ချန်လွေ့သည် ခီရာ၏ တုန်ခါနေသာ ခန္ဓာကိုယ်ကို အသာအယာ ပွေ့ဖက်လိုက်သည်။ ခီရာသည် ရေနစ်နေသောသူတစ်ယောက် ဝါးတုတ်ကို ကိုင်ထားလိုက်ရသကဲ့သိုပင် ချန်လွေ့၏ပုခုံးပေါ်မှီကာ ငိုကြွေးတော့သည်။
ကောင်းကင်ပေါ်မှ လနှစ်စင်းသည် တဖြည်းဖြည်းနှင့် တိမ်နက်များ၏ ဖုံးလွှမ်းခြင်းကို ခံခဲ့ရပြီး မိန်းမလှတစ်ယောက် ပျောက်ကွယ်သွားခြင်းကို ကြေကွဲ ဝမ်းနည်းနေသကဲ့သိုပင် ဖြစ်နေသည်။
“ တောင်းပန်ပါတယ်။ငါ အကောင်းဆုံး ကြိုးစားခဲ့ပါတယ်။ ”
ချန်လွေ့ သက်ပြင်းပြီး အငိုတိတ်သွားသောကြောင့် အေးချမ်းသွားသော ခီရာကိုကျောကို အသာအယာ ပွတ်သပ်လိုက်သည်။
ခီရာက မျက်ရည်များစိုနေသော ချန်လွေ့၏ ပုခုံးပေါ်မှီကာ ခေါင်းညိတ်သည်။ ထိုပုခုံးပေါ်၌ သူ ငိုသည်မှာ ပထမဆုံးအကြိမ် မဟုတ်ပေ။၎င်းသည် အတော်လေး စိတ်သက်သာ ရာရစေ၏။
“ ကျွန်မသိပါတယ်။မဒမ်-ဆာဘရီနာ....သူ.... ”
“ မင်း သူ့ကို မဒမ်လို ထပ်ပြီးတော့ ခေါ်စရာ မလိုတော့ဘူး။ ”
ဆာဘရီနာတိုသားအမိသည် ခီရာ၏နှလုံးသားထဲ၌ နက်ရှိင်းသော စိတ်ဒဏ်ရာတစ်ခု ဖြစ်စေခဲ့ကြောင်း ချန်လွေ့ သိသည်။ ထိုကြောင့် သူက ချက်ချင်းပင်ခိုင်မာသော အမူအရာ တစ်ခု ပြသလိုက်သည်။
“ သူရယ်၊ ဖာတီလုရယ် ပြီးတော့ အဲဒီ အီဇိုလာ..... သူတိုကို မင်းအမေရဲ့ ဈာပနပစ္စည်းတွေလို သဘောထားလိုက်။ ”
ခီရာ ထိတ်လန့်သွားပုံရသည်။ သူသည် ဆာဘရီနာနှင့် အီဇိုလာတိုကို သိသည်။သူတို နှစ်ယောက်လုံးသည် အဇ်ဂါလော၏ မိန်းမများ ဖြစ်ကြသည်။ သူတိုသည် အဆင့်အတန်း မြင့်ပြီး အစွမ်းထက်ကြသည်။အထူးသဖြင့် နတ်ဆိုးဧကရာဇ်အဆင့် ရောက်ရှိသွားသော ဆာဘရီနာ ဖြစ်သည်။ ယခု သူတိုအားလုံး အမှန်တကယ် သေသွားကြလေပြီ။
“ ဆရာသခင်။ ရှင့်ရဲ့ စွမ်းအားက နတ်ဆိုးဧကရာဇ်...... ”
“ မဟုတ်ပါဘူး။ ”
ချန်လွေ့ ခေါင်းခါသည်။
“ ငါက နတ်ဆိုးဧကရာဇ်အဆင့် ရောက်ဖို အများကြီး လိုသေးတယ်။ ငါ သူတို့ နှစ်ယောက်ကို အကွက်ဆင်ပြီးတော့ သတ်ပစ်ခဲ့တာ။ ဆာဘရီနာက တော်တော်လေး စွမ်းအားကြီးတယ်။ သူက နတ်ဆိုးဧကရာဇ်အဆင့် ရောက်နေပြီလေ။ ငါ့ရဲ့ အကြံအစဉ် ကျရှုံးသွားတော့မလိုပဲ။ ”
မဟာနတ်ဆိုးဘုရင်အဆင့်က နတ်ဆိုးဧကရာဇ်အဆင့်ကို သတ်လိုက်တယ်။ ခီရာသည် ထိုအယူအဆကို သဘောပေါက်သည်။ချန်လွေ့က “ ကျရှုံးတော့မလိုပဲ ” ဟုပြော သော်လည်း [ ဝိညာဉ်လက်ထိပ် ] ပယ်ဖျက်စေရန်အတွက် ဆာဘရီနာကိုသတ်ရန် ထိုသူမည်မျှ စွန့်စားခဲ့ရကြောင်းကို ခီရာ မှန်းဆကြည့်နိုင်သည်။
ခီရာ ရင်ထဲထိသွားပြီး ရုတ်တရက် ကြောက်မက်ဖွယ်ရာတစ်ခုခုကို တွေးမိသွားကာ အလန့်တကြား ပြောလိုက်သည်။
“ ရှင် သူတိုကို သတ်လိုက်တယ်ဆိုတော့ အဇ်ဂါလောက ရှင့်ကို အလွှတ်ပေးမှာ မဟုတ်ဘူး။ သူက နတ်ဆိုးအရှင်သခင်အဆင့်ပဲ။ ဒီနေရာက အန္တရာယ် ရှိလောက်တယ်။ ရှင် အန္တရာယ်ကင်းတဲ့ နေရာတစ်ခုဆီ အမြန်ထွက်ပြေးတာ ပိုကောင်းမယ်။ ”
“ စိတ်အေးအေးထားပါ။ အဇ်ဂါလောက အခု နတ်ဆိုးအရှင်သခင် တစ်ယောက်ကြောင့် ဒဏ်ရာအပြင်းအထန် ရထားတယ်။ အဲဒါကြောင့် သူက ကိုယ့်ကိုယ်ကိုယ် ဂရုစိုက် နေရတယ်။ တကယ်တော့ ငါက ဆာဘရီနာနဲ့ အီဇိုလာကိုပဲ သတ်ပစ်ခဲ့တာ။ ငါက ဖာတီလုကို ထိန်းချုပ်ပြီးတော့ မင်းရဲ့အမေနဲ့ ထွက်ပြေးခိုင်းခဲ့တာ။ ဒါပေမဲ့ သူ့ကို အဇ်ဂါလော ဖမ်းမိသွားတယ်။ ဖာတီလုကို သူ့ရဲ့အဖေက ကိုယ်တိုင် သတ်ပစ်ခဲ့တယ်။ ”
“ အဇ်ဂါလောဆိုတာ အဲဒါပဲ။ သူ့မျက်လုံးထဲမှာ သမီးဆိုတာက အချိန်မရွေး စွန့်ပစ်နိုင်တဲ့ ပစ္စည်း တစ်ခုပဲ။ ဖာတီလုအတွက်လည်း အဲလိုဖြစ်မယ်လို့ ကျွန်မ မထင်ထားခဲ့ဘူး။ ”
ခီရာက ခါးသက်သက်နှင့် ပြုံးလိုက်သည်။
“ ဒါဆို အမေကလည်း...... ”
“ သူ့ကို သတ်ပစ်ခဲ့တာက တခြားနတ်ဆိုး အရှင်သခင် တစ်ယောက်ပဲ။ ”
ချန်လွေ့က လက်သီးဆုပ်ပြီး မြည်တမ်းလိုက်သည်။
“ ငါလည်း သူ့ကို သွယ်ဝိုက်ပြီး သတ်ပစ်ခဲ့တဲ့သူပဲ။ ငါ့ရဲ့အစီအစဉ် မမှားခဲ့ဘူးဆိုရင်.......”
“ မဟုတ်ဘူး။ ”
ခီရာက ချန်လွေ့၏နှုတ်ခမ်းကို ညင်ညင်သာသာ ဖုံးအုပ်လိုက်သည်။ သူ၏မျက်လုံးထဲ၌ နက်ရှိုင်းသော ချစ်ခင်မှုနှင့် ကျေးဇူးတင်စိတ်များ ပြသနေ၏။
“ ရှင်က ကျွန်မအတွက် လုံလုံလောက်လောက် လုပ်ပေးခဲ့ပါပြီ။ ရှင် အများကြီး မပြောခဲ့ပေမဲ့ အသက်စွန့်ပြီး ကြိုးစားခဲ့တယ်ဆိုတာ ကျွန်မ သိတယ်။ ”
ချန်လွေ့က ခီရာ၏လက်ကို ကိုင်လိုက်သည်။
“ ငါအရင်က ပြောသလိုပဲ။ ငါက မင်းကို လမ်းကြုံ ကူညီပေးရုံပါ။ အစကတည်းက ငါ့မှာ အကြံအစည် ရှိပြီးသား။ ”
“ ကျွန်မလည်း ပြောခဲ့ပါတယ်။ ”
ခီရာ၏ခေါင်းက ချန်လွေ့ပုခုံးပေါ် ထပ်ပြီး မှီလိုက်ပြန်သည်။
“ ကျွန်မက နိမ့်ကျတဲ့ အစေခံတစ်ယောက်ဆိုတာကို ရှင် စိတ်မရှိဘူးဆိုရင် ကျွန်မကို မောင်းထုတ်ရင်တောင် ထွက်သွားမှာ မဟုတ်ဘူး။ ”
“ ဘယ်လို ရူးကြောင်ကြောင်စကားတွေ ပြောနေတာလဲ။ ”
ချန်လွေ့က ခီရာ၏လက်ကောက်ဝတ်သို့ တစ်စုံတစ်ခု အသာအယာ ဝတ်ပေးလိုက်သည်။
“ ဒါက မင်းအတွက် လက်ဆောင်။ ”
ခီရာ ငုံ့ကြည့်လိုက်ရာ ထူးဆန်းသော အဆင်တန်ဆာကြိုးတစ်ခုကို မြင်လိုက်ရသည်။ ၎င်းသည် အနီရောင်ဖြစ်ပြီး လက်ရာလည်း အလွန်ကောင်းမွန်လှသည်။ ထိုကဲ့သို့ အသေးစိတ်သော အလှတရားမှတစ်ဆင့် ထူးဆန်းသော စွမ်းအင်လှိုင်းများ ထုတ်လွှတ် နေသည်။ ခီရာ တအံ့တသြ ပြောလိုက်သည်။
“ ဒါက....”
“ ဒါက ငါ့ရဲ့ ပထမဆုံး ဒဏ္ဍရီလာအဆင့် တဒင်္ဂအလှတရား ပဲ။ ”
ချန်လွေ့က ခီရာ၏ဆံပင်ကို အသာအယာ ပွတ်သပ်လိုက်သည်။
“ မသေမျိုးအရာတွေနဲ့ယှဉ်ရင် ငါတို့ရဲ့ အသက်တွေက တဒင်္ဂပဲ။ ဒါပေမဲ့ အဲဒီ အခိုက်အတန့်မှာ အချိန်ကို ရပ်တန့်နိုင်တဲ့ အလှတရားတစ်ခု ရှိတယ်။ အိပ်မက်ဆိုးပြီးရင် နိုးထလာတာ ရှိတယ်။ အနာဂတ်ကျရင် မင်းရဲ့အပြုံးမှာ နာကျင်မှုနဲ့ ဝမ်းနည်းမှု ထပ်မရှိတော့ဘဲနဲ့ ပျော်ရွှင်မှု အစစ်အမှန်တွေပဲ ရှိနေဖို့ မျှော်လင့်တယ်။ အဲဒါက မင်းဘဝရဲ့ စစ်မှန်တဲ့ အလှတရားပဲ။ ပြီးတော့လည်း မင်း ဒါကို ဝတ်ထားစရာ မလိုတော့ဘူး။ ”
“ ချွမ်း ”
ခီရာ၏လက်ထဲရှိ မှော်-ဆန့်ကျင် လက်စွပ် ကျိုးပဲ့သွားပြီး အစိတ်စိတ် ကွဲကြေသွားကာ မြေပေါ်သို့ ပြုတ်ကျသွားရင်း ကြည်လင်ပြတ်သားသော အသံတစ်သံ ထွက်ပေါ်လာာ၏။
ကဝေမ၏ လှပသော မျက်လုံးများသည် အံ့အားသင့်မှု၊ ပျော်ရွှင်မှုများနှင့် ရောယှက်သွားပြီး အမြင်လည်း ပိုပိုပြီး ဝေဝါးလာခဲ့ကာ စိတ်လှုပ်ရှားသော မျက်ရည်များ မြေပေါ်သို့ ကျဆင်းလာတော့သည်။
ထိုသူအရှေ့၏ ခီရာ၏ အချုပ်အနှောင်အားလုံး လေထဲသို့ ပျောက်ကွယ်သွားသည်။ သို့သော်လည်း သူ၏နှလုံးသားထဲ၌ သေသည်အထိ မပြတ်သွားမည့် ချိတ်ဆက်မှုတစ်ခု ရှိနေသည်။ ငါ သိပ်ကို ပျော်နေတယ်။ အမေသာသိရင် သူ့သမီးအတွက် ပျော်နေမှာပဲနော်။
ပျော်ပျော်ရွှင်ရွှင် နေတာက ငါ့အမေအတွက် အကောင်းဆုံး နှစ်သိမ့်ပေးတာပဲ။
“ ဆရာသခင်။ ကျွန်မ ဒါကို အမြဲတမ်း ဝတ်ထားလို့ ရမလား။ ”
“ ရတာပေါ့။ မင်းဆန္ဒရှိရင် ဒါကို ဖန်တီးထားတဲ့သူကိုပါ ထာဝရ ယူလို့ရတယ်။ ”
ချန်လွေ့က ခီရာ၏နဖူးကို နမ်းရှိုက်လိုက်သည်။
“ ဒါပေမဲ့ အရင်ဆုံး လူလိမ်တစ်ယောက် ဖွင့်ပြောတာကို မင်း အရင်ဆုံး နားထောင်ရမယ်။ ဘာလို့လဲဆိုတော့ ငါ့မှာ မင်းကို ဖုံးကွယ်ထားတာတွေ အများကြီး ရှိလို့ပဲ။ ဥပမာပြောရရင် ငါ့မှာ မိန်းမတစ်ယောက်ရှိတယ်...... ”
ခီရာ အနည်းငယ် တုန်လှုပ်သွားပြီးနောက် တိုးတိုးလေး ပြောလိုက်သည်။
“ ကျွန်မရဲ့ အဆင့်အတန်းက နိမ့်ကျတယ်ဆိုတာ ခီရာသိပါတယ်။ ပြီးတော့ ကျွန်မရဲ့ ခန္ဓာအမျိုးအစားက ထူးခြားတယ်။ အဲဒါကြောင့် ကျွန်မဘာမှ မမျှော်လင့်ရဲပါဘူး။ ဆရသခင်ရဲ့အနားမှ အစေခံ တစ်ယောက်အနေနဲ့ နေဖိုပဲ မျှော်လင့်တာပါ။မဒမ် အတွက်ကတော့.....ကျွန်မ သူ့ကို အကောင်းဆုံး အလုပ်အကျွေးပြုမှာပါ။ ”
ထိုသို့ ပြောလိုက်သော်လည်း ခီရာသည် စိတ်ထဲ၌ မသက်မသာ ခံစားနေရဆဲပင် ဖြစ်သည်။ သူက “ဆရာသခင်”၌ မိန်းမတစ်ယောက်ရှိသည်ကို မအံ့သြပေ။ မဟာနတ်ဆိုးများသည် မိန်းမပွေသူများအဖြစ် နာမည်ကြီးကြပြီး ထိုကဲ့သို့ စွမ်းဆောင်မှု ရှိသော ယောက်ျားကို သဘောကျသော မိန်းမအများအပြား ရှိမည်ဟု ခီရာထင်သည်။ သူသည် အမေဖြစ်သူ ဖရီယာ ခံစားခဲ့ရသည်ကိုကို စိုးရိမ်နေခြင်း ဖြစ်သည်။ အကယ်၌ ငါက ရက်စက်တဲ့ ပထမဆုံးမိန်းမနဲ့ ကြုံတွေ့ခဲ့ရင်......မဟုတ်ဘူး။ ဒီလူက အဇ်ဂါလောလိုမျိုး မဟုတ်ဘူး။ ငါ သူ့နားမှာ နေချင်တယ်။သူက ငါပထမဆုံး အတူတူနေချင်တဲ့ ယောက်ျားတစ်ယောက်ပဲ။ ဘယ်လောက်ပဲ ခက်ခဲခက်ခဲ ငါလက်လျှော့မှာ မဟုတ်ဘူး။
ခီရာ စိတ်ပိုင်းဖြတ်ပြီးနောက် “ ဆရာသခင် ” က စကားတစ်ခွန်း ထပ်ပြောသည်။
“ အတိအကျပြောရရင် သူက ငါ့ဇနီးလောင်းပေါ့။ စိတ်မပူပါနဲ့။ မင်း...သူ့ကို သိပါတယ်။ ”
“ ကျွန်မက သူ့ကို သိတယ်လား......”
ထိုအချိန်၌ ခီရာ အမှန်တကယ် အံ့အားသင့်သွားခဲ့သည်။
“ တကယ်တော့ မင်းနဲ့ငါနဲ့က...... အရိပ်နက်အင်ပါယာကို မသွားခင်တုန်းက သိကြပြီးပြီ။ ငါ့တို့က မိတ်ဆွေဟောင်းတွေပဲ။ ”
“ အား ”
ခီရာ ပို၍ပင် ကြက်သေသေသွား၏။
“ မင်းအခု မြင်နေရတာက ငါ့ရဲ့မျက်နှာ အမှန် မဟုတ်ဘူး။ဒါက အထူး မွေးရာပါစွမ်းရည် ပဲ။ ဒီနေရမှာ ရှင်းပြဖို့ မသင့်တော်ဘူး။ မင်းငါနဲ့ တစ်နေရာကို လိုက်လာခဲ့ရင် သဘောပေါက်သွားမှဦပါ။ အဲဒီနေရာက အနာဂတ်မှာ မင်းရဲ့ တကယ့်အိမ် ဖြစ်လာ လိမ့်မယ်။ ”
ခီရာသည် ချန်လွေ့နှင့်အတူ အရှေ့မြောက်ဘက်ရှိ ချောင်ကျသော နေရာသို့ လိုက်သွားသည်။ ထိုအိမ်သည် ခီရာနှင့် အတော်လေး ရင်းနှီးနေ၏။ ထိုနေရာမှ ထွက်သွား ပြီးနောက် သူ့ကို မင်းသမီးလေးက ဆိုင်တွင်ခေါ်ထားပြီးနောက် နန်းတော်ထဲတွင် နေနေခဲ့ရသည်။
“ နေရာဟောင်းသို့ ပြန်လာလည်ရင်း ” ခီရာ၏ ခေါင်းထဲ၌ မယုံကြည်နိုင်စရာ မှန်းဆချက် တစ်ခု ထွက်ပေါ်လာသည်။ သူလှည့်ကြည့်လိုက်ရာ မူလမျက်နှာပုံစံ ပြန်ပြောင်းထားသော ကြင်နာတတ်သူ ဟု သူခေါ်ရမည့် မိတ်ဆွေဟောင်းကို တွေ့လိုက်ရသည်။
ကဝေမ၏မျက်နှာအမူအရာသည် အတော်လေး မယုံကြည်နိုင်ဖြစ်သွားပြီး နောက်ဆုံး၌ ထူးဆန်းသော ညှို့ဓာတ်အဖြစ် ပြန်ပြောင်းသွားခဲ့သည်။
“ ရှင်က တကယ့်ကို တော်တော်လေးတော်တဲ့ လူလိမ်တစ်ယောက်ပဲ။ မဟုတ်ဘူးလား။ ကျွန်မရဲ့.....သခင်.... ”
အိုး။ဘုရားသခင်။ ညှို့အားပြင်းပြီး ဆွဲဆောင်မှုအားကောင်းတဲ့ နတ်ဆိုးမလေး ပြန်လာပြီ။