လရောင်အောက်က စုံတွဲအက
Vol. 21 Ch. 313
နောက်တစ်နေ့၌ ယန်းကော်မြို့သူ/သားများသည် သတင်းကောင်းတစ်ခု၊ သတင်းဆိုး တစ်ခုနှင့် သတင်းကောင်းဖြစ်နိုင်သော သတင်းတစ်ခုတို့ကို ကြားသိခဲ့ရသည်။
သတင်းကောင်းမှာ ရက်စက်သော မြို့ဝန်သည် မသေမျိုးလက်ထဲ၌ မတော်တဆ သေဆုံး သွားခြင်း ဖြစ်သည်။ သတင်းဆိုးမှာ ရှေးစစ်မြေပြင်ကြောင့် ယန်းကော်မြို့သည် မသေမျိုး အငွေ့အသက်နှင့် ထူးဆန်းသော မသေမျိုးစွမ်းအားတို့၏ တိုက်စားခြင်းကို ခံလိုက်ရသည်။ ထို့ကြောင့် ယန်းကော်မြို့သည် ကျိန်စာသင့်နယ်မြေ ဖြစ်သွားပြီး နေထိုင်ရန်အတွက် မသင့်တော်တော့ပေ။
နောက်ဆုံးသတင်းမှာ အမှောင်လမြို့ကို အုပ်စိုးသူ တော်ဝင်မင်းသမီးက ကျိန်စာသင့် နယ်မြေ ပျံ့နှံ့ခြင်းမဖြစ်စေရန်အတွက် ယန်းကော်မြို့ကို ချိပ်ပိတ်ရန် အမိန့်ပေးခဲ့ခြင်း ဖြစ်သည်။ မြို့သူ/သားများသည် တောင်ပိုင်းမြို့ ဆိုတိုသို့ ပြောင်းရွှေ့နေထိုင်ရမည် ဖြစ်ပြီး အိမ်ထောင်စုတစ်ခုလုံးကို သင့်တော်သလို ပေးလျော်မည်။ မြို့သူ/သား အများအပြားသည် နေအိမ်များကို စွန့်ခွာရန် တွန့်ဆုတ်နေကြသော်လည်း ယန်းကော်မြို့သည် “သရဲခြောက်” သော ပြဿနာများ အမြဲရှိနေပြီး ယခုတွင် မသေမျိုး၏ ကျိန်စာတစ်ခုပင် ရှိလာသည့် အတွက် ထွက်သွားရန် ဆုံးဖြတ်ခဲ့ကြသည်။
မြို့ဝန် ရှိတ်ခ်သည် ပြင်းပြင်းထန်ထန် အပြစ်ဒဏ်ခံရမည် ဖြစ်သည်။ သူသည် စိုင်ဖူမိသားစု၏ ကျောထောက်နောက်ခံ ရရှိထားခြင်းကြောင့် အတွင်ရေးပြဿနာများကို ရှောင်ရှားရန်အတွက် မသေမျိုး ဘေးဒုက္ခကြောင့် “ တာဝန်ထမ်းဆောင်ရင်း သေဆုံးသွား သည်” ဟူ၍ သူတို့ပြုလုပ်ခဲ့ကြသည်။ အမှန်တကယ်၌ ချန်လွေ့သည် ရှိတ်ခ်အား ကိုင်တွယ်ရန်အတွက် ဂူရာဒန်ထံ ကတိမပေးခဲ့လျှင် သူသည် သေချာပေါက် အလောင်း ဖောက်ခွဲခြင်း၏ စမ်းသပ်ပစ္စည်း ဖြစ်လိမ့်မည် မဟုတ်ပေ။ ဂါ့စ်သည် ချန်လွေ့၏သတင်းကို ကြားပြီးနောက် သက်ဆိုင်ရာ လူအင်အားများပြင်ဆင်ကာ နတ်ဆိုးသားရဲများကို သယ်ယူ ပို့ဆောင်ပြီး လာရောက်ကူညီသည်။ ဂါ့စ်သည် ဆိုတိုမြို့၌ အခြေချမည့် ကိစ္စများကိုပင် ကြိုတင်ပြီးစီးအောင် ပြုလုပ်ထားခဲ့သည်။ အသီနာလည်း အခြေခံဥပဒေနှင့် လုံခြုံရေးကို ထိန်းသိမ်းရန် အတွက် အစောင့်များကို ထပ်ခေါ်လာခဲ့သည်။ပြောင်းရွှေ့နေထိုင်သည့် ကိစ္စကို သေသေချာချာ အစီအစဉ်တကျ ပြုလုပ်ခဲ့သည်။
ဂါ့စ်ဆီမှ သတင်းများအရ တော်ဝင်မင်းသမီးနှင့် အခြားသူများသည် မကြာခင်တွင် အမှောင်လမြို့သို့ ခီရာနှင့်အတူ ပြန်ရောက်လာမည် ဖြစ်သည်။ ခီရာအကြောင်း စဉ်းစား လိုက်မိသည့်အခါ ချန်လွေ့၏ မူရင်းချစ်ခင်စိတ်သည် ဝန်ထုတ်ဝန်ပိုးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။ အကြောင်းမှာ ဖရီယာ၏ကိစ္စသည် သူ၏နှလုံးသားကို ဖိနှိပ်နေ၍ ဖြစ်သည်။ ဘာတွေပဲဖြစ်ဖြစ် ခီရာကို နှစ်သိမ့်ဖို့ ငါ နည်းလမ်းတွေ စဉ်းစားထားရမယ်။
မြို့သူ/သားများ ယန်းကော်မြို့မှ ထွက်ခွာသွားပြီးသည့်အခါ ချန်လွေ့နှင့် ပါ့ဂ်လီအိုတို့သည် “ချိပ်ပိတ်”ရန်အတွက် စတင်အလုပ်လုပ် ကြတော့သည်။ အမှန်တကယ်၌ သူတို့သည် ယန်းကော်မြို့နှင့် အပြင်လူများကို ခြားထားရန် နဂါးထွင်းစာများ၊မှော်စက်ဝိုင်းများ ခင်းကျင်းနေခဲ့ခြင်း ဖြစ်သည်။ သူတို့သည် ဖျက်ဆီးခံလိုက်ရသော ယဇ်ပလ္လင်ကို ပြင်ဆင်ပြီး ဂူရာဒန်အား ဝိညာဉ်အမြုတေ ပိုမြန်မြန် ပြန်ကောင်းစေရန် ကူညီပေးခဲ့သည်။
ဂူရာဒန်ကိစ္စသည် အဆိပ်နဂါးနှင့် အခြားလျှို့ဝှက်ချက်များ ပါဝင်နေသည့်အတွက် ယခုအချိန်တွင် ရှီရာကို သတင်းပို့ရန် မသင့်တော်ပေ။ ထို့ကြောင့် ယန်းကော်မြို့မှ ကျောက်စိမ်း ရေခဲသလင်းကျောက်သည် သတင်းပိတ်ထားခံနေရဆဲပင် ဖြစ်သည်။ အနည်းဆုံး ဂူရာဒန် လုံးဝပြန်ကောင်းသွားသည်အထိ စောင့်ဆိုင်းရပေမည်။ ဂူရာဒန်ကို ချန်လွေ့ တောင်းဆိုသည်မှာ ရိုးရှင်းသည်။ ချန်လွေ့သည် သူ့ကို သာမန်နေ့ရက်များတွင် နှောင့်ယှက်မည် မဟုတ်ပေ။ ထို့ပြင် ချန်လွေ့သည် သူ၏သုတေသနများကို မြို့နှင့် ပြည်သူများ မထိခိုက်စေဘဲ ကူညီပေးမည် ဖြစ်သည်။ အလောင်းအောက်လမ်းပညာရှင်ကို လိုအပ်လျှင် သူ အစွမ်းကုန် လုပ်ဆောင်ပေးရမည် ဖြစ်သည်။
ရှေးစစ်မြေပြင်၏ မသေမျိုးစွမ်းအားကို အပြည့်အဝ အသုံးပြုနိုင်မည်ဆိုလျှင် ဂူရာဒန်သည် အမှောင်လ နယ်မြေတစ်ခုလုံး၏ စစ်အင်အားနှင့် ညီမျှသော အလွန်ကြီးမားလှသည့် မသေမျိုးစစ်တပ်တစ်ခုကို ဖန်တီးနိုင်မည်ဖြစ်သည်။မသေမျိုးစွမ်းအားအပြင် ၎င်းသည် အစွမ်းထက်သော လျို့ဝှက်လက်နက်တစ်ခု ဖြစ်လာမည်မှာ သေချာပေသည်။
ရုတ်တရက် ကိစ္စတစ်ခုကို ချန်လွေ့ တွေးလိုက်မိသည်။ ငါ့မှာ ရှီလန်တောင်က ပြိဿနဲ့ မယ်ဒူဆာတွေ ရှိတယ်။အနောက်ဘက်လမ်းကြောင်း ခံစစ်က တင် လက်အောက်မှာ။ မြေဒြပ်စင်စစ်တပ်၊ ဝတ်ရုံဂိုဏ်း၊ ပြီးတော့ ဂူရာဒန်ရဲ့ မသေမျိုးစစ်တပ်ကလည်း ငါ့ရဲ့ လက်အောက်မှာ ရှိနေတယ်။ ပါ့ဂ်လီအို၊ ရိုမန်၊ ဒေလီယာတို့ရဲ့ အကူအညီနဲ့ဆိုရင် ဒီအင်အားက နယ်မြေတစ်ခုကို အုပ်စိုးတဲ့သူတစ်ယောက်အတွက်တောင် တော်တော်လေး များလွန်းတယ်။ ငါ ရှီရာနေရာမှာ အစားထိုးပြီးတော့ အမှောင်လမြို့ကို အုပ်ချုပ်မယ် ဆိုရင် သိပ်ပြီးမခက်လောက်ဘူး မဟုတ်လား။
သို့သော်လည်း ချန်လွေ့သည် ထိုကဲ့သို့ ရူးမိုက်ပြီး ခက်ခဲပင်ပန်းသော ကိစ္စများကို မလုပ်ချင်ပေ။ သူသည် ရှီရာ၏ အလုပ်ကြိုးစားမှုနှင့်ဖိအားများကို ကြုံတွေ့ခဲ့ရသည်။ တစ်ခါတစ်ရံတွင် သွေးမထွက်သော စစ်မြေပြင်သည် အမှန်တကယ် သူသေကိုယ်သေ တိုက်ပွဲထက် ပို၍ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။ ဥပမာပြောရလျှင် ညီအစ်ကိုဟု ခေါ်သော ချော်ရည်ပြာနယ်မြေသည် ကျေးဇူးကန်းသူ ဖြစ်သည်။သူသည် လူကောင်း အဖြစ် သရုပ်ဆောင်နေသော်လည်း ရှီရာ၏နောက်ကျောကို ဓားနှင့်ထိုးခဲ့သည်။
ချန်လွေ့သည် အဆင့်အတန်းကို အမှန်တကယ် တပ်မက်သည်ဆိုလျှင် လူသားလောကသို့ ပြန်မည်ဖြစ်သည်။ ရွှေရောင်နယ်မြေသည် လင်းလက်နဂါးအင်ပါယာ၏ အကြွယ်ဝဆုံး နယ်မြေ ဖြစ်သည်။ တတိယမြောက်မင်းသား ဖြစ်သည့်အလျောက် သူသည် မွေးချင်း အားလုံးကို အနိုင်ယူပြီး ထီးနန်းကို ဆက်ခံနိုင်သော အရှင်သခင်တစ်ယောက် ဖြစ်သည်။ ယခုတွင် ချန်လွေ့သည် ရှီရာအတွက် အမှောင်ထဲ၌ ပုန်းနေပြီး တွက်ချက်ကာ ကြံစည်ရန် အတွက်သာ လုပ်နိုင်သည်။ ထို့ပြင် သူနှင့် တော်ဝင်မင်းသမီးအကြားတွင် မရှင်းမရှင်း တစ်ခုခု ရှိနေသည်.......
နေရာချရန် ကိစ္စများ စီမံပြီးနောက် ချန်လွေ့၊ အသီနာ နှင့် ပါ့ဂ်လီအိုတို့သည် အမှောင်လမြို့သို့ ပြန်လာခဲ့ကြသည်။ ဂါ့စ်က ရှီရာ ပြန်ရောက်နေပြီး နန်းတော် အနောက်ဘက် ပန်းခြံ၌ စောင့်နေကြာင်း ချန်လွေ့ကို ပြောခဲ့သည်။
ချန်လွေ့သည် အစေခံတစ်ယောက်အသွင် ပြောင်းပြီး ဂါ့စ်နှင့်အတူ နန်းတော်ထဲသို့ အတားအဆီးမရှိဘဲ ဝင်ရောက်သွားသည်။ ဂါ့စ်က ချန်လွေ့ကို အတွင်းဝင်း နောက်ဖေးသို့ ခေါ်သွားပြီးနောက် အရိုအသေပြုကာ ထွက်သွားလိုက်သည်။
ရှီရာသည် ပုံမှန်အတိုင်း အဖြူရောင် ဂါဝန်ရှည် ဝတ်ဆင်ထားသည်။ မရင်းနှီးသော ထိုမဟာနတ်ဆိုးကို ကြည့်ရင်း ရှီရာက အစပိုင်းတွင် အနည်းငယ် အံ့အားသင့်သွားသည်။ သို့သော်လည်း ချက်ချင်းပင် သဘောပေါက်သည့် အမူအရာ ပြလိုက်သည်။
“ ဒါက နတ်ဆိုးဘုံရဲ့ ပါရမီရှင် ယန္တရား ဆရာသခင်လား။ မဟာဆရာသခင်ရဲ့ သင်ကြားမှုက တကယ်ပဲ ဒီလိုမျိုး အံ့သြလောက်စရာ အသွင်ပြောင်းအစွမ်း ရှိနေတာပဲ။ ”
“ ဒါက ဆရာသခင်ရဲ့ မျက်နှာ မဟုတ်ပါဘူး....... ”
ချန်လွေ့သည် မဟာဆရာသခင်၏ အမွေအနှစ်ကို မရှင်းပြခဲ့ပေ။ သူ၏မူလ ရည်ရွယ်ချက်မှာ ၎င်းကို ဆင်ခြေအနေဖြင့် အသုံးပြုရန် ဖြစ်သည်။ ယခုတွင် ရှီရာက ထိုကဲ့သို့ စတင်ယူဆလိုက်သည့်အတွက် ချန်လွေ့အတွက် သက်သာသွားခဲ့သည်။ သူ၏ မျက်နှာသည် “ဆရာသခင်”၏ မျက်နှာသို့ ပြန်ပြောင်းသွားပြန်သည်။
“ ဒီမျက်နှာပါ။ ဒါပေမဲ့ ဒီဆရာသခင် ဘယ်ရောက်နေတာလဲဆိုတာကို အခုအထိ မသိရသေးပါဘူး။ သူက မတော်တဆ တစ်ခုခု ကြုံတွေ့ရဖို့များတယ်။ ”
ရှီရာ ခေါင်းညိတ်ပြီး ထိုအကြောင်းကို ထပ်မပြောတော့ပေ။ နတ်ဆိုးဘုံ၏ ပါရမီရှင် ဆရာသခင် အကြောင်းကိုလည်း မပြောတော့ဘဲ တစ်ခါတည်း ပြောလိုက်သည်။
“ ဒီတစ်ခေါက် ငှက်တောင်ဖြူနယ်မြေကို ငါသွားလည်တုန်းက အရှင် စီကာလီက ငါ့ကို မပြန်ခင် ခမ်းနားတဲ့ လက်ဆောင်တစ်ခု ပေးခဲ့တယ်။ သီးသန့်ပြင်ဆင်ထားတဲ့ သလင်းကျောက်တွေ၊ အရောင်စုံ ငှက်တောင်တွေ၊ ထိပ်တန်းအဆင့် ပိုးထည် စတာတွေပေါ့။ ပြီးတော့လည်း ဆောက်လုပ်ရေး ထူးချွန်တဲ့ နတ်ဆိုးလူပုနဲ့ နွားတစ်ပိုင်း လက်မှုပညာရှင်တစ်ခုလည်း ပါတယ်။ သူတို့က နန်းတော်ရဲ့ ပျက်စီးနေတာတွေကို ပြင်ဆင်ပေးချင်တယ်လို့ ပြောတယ်။ ”
ချန်လွေ့ ခေါင်းခါလိုက်သည်။
“ ဒီခမ်းနားတဲ့လက်ဆောင်က အမှောင်လနယ်မြေအတွက်အစား တော်ဝင်မင်းသမီး အတွက် လက်ဆောင်တစ်ခုနဲ့ ပိုတူတယ်။ဒီလိုမျိုးက အမှောင်လမြို့ရဲ့ လက်ရှိ စားစရာ ပြတ်လပ်မှုကို လျော့နည်းစေနိုင်မှာ မဟုတ်ဘူး။ အဲဒီ လက်မှုပညာရှင်တွေက အမှောင်လ နယ်မြေရဲ့ တင်းကြပ်နေတဲ့ စားစရာပြဿနာကို ပိုတိုးသွားစေနိုင်တယ်။ တကယ်လို့ အမှောင်လမြို့က အပေါ်ယံ ဒုက္ခခံစားနေရတာဆိုရင် စီကာလီရဲ့ အကွက်က အမှောင်လရဲ့ နောက်ဆုံးအခြေအနေကို စမ်းသပ်ဖို့ ဖြစ်နိုင်တယ်။ ဒီနောက်ကွယ်မှာ မြို့တော်ရဲ့ ဖိအား ဒါမှမဟုတ် ခွင့်ပြုချက်တစ်ခုခု ရှိနိုင်လောက်တယ်။ ”
နိုင်ငံရေး၌ မိတ်ဖက်ဆိုသည်မှာ အကျိုးအမြတ်များနှင့် ရည်ရွယ်ချက်အပေါ်၌သာ အများဆုံး အခြေခံထားကြသည်။ အကျိုးအမြတ် ပြောင်းလဲသွားလျှင် သို့မဟုတ် ရည်ရွယ်ချက် မဖြစ်မြောက်လျှင် ရုန်းထွက်ပြီး ရန်သူဖြစ်သွားသည်မှာ အံ့သြစရာ မဟုတ်ပေ။
ကြင်နာမှုနှင့် မှန်ကန်မှုကြောင့် အားနည်းသည့် အင်အားစုတစ်ခု ဖြစ်နေသော ရှီရာအား ကြံ့ကြံ့ခံ ထောက်ခံသော ဗိုလ်ချုပ် ဂျော့ချ်လိုမျိုးမှာ မရှိသလောက်ပင် ဖြစ်သည်။ အမှန်တကယ်၌ သူ၏ယောက္ခမသည်ပင် သွေးဆောင် ခံခဲ့ရကြောင်း ချန်လွေ့သိသည်။ ထို့ကြောင့် ဗိုလ်ချုပ် ဂျော့ချ်သည် ချန်လွေ့ကို ဤကဲ့သို့ မရေရာသော နေရာတွင် အတင်းမနေခိုင်းဘဲ ရှီရာအား ကူညီရန် တစ်ကြိမ်သာ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
အစွမ်းထက်ဆုံးသူ အုပ်စိုးမည် ဖြစ်သည်။ ၎င်းမှာ အရိုးရှင်းဆုံးနှင့် အမြင့်ဆုံး စည်းမျဉ်း ဖြစ်သည်။ အခြားသူများကို မှီခို၍မရဘဲ မိမိကိုယ်သာ မှီခိုရပေမည်။
၎င်းသည် တစ်ဦးတစ်ယောက်တည်း အတွက်သာမက နယ်မြေတစ်ခုလုံးအတွက်လည်း မှန်ကန်ပေသည်။
“ မင်းပြောတာ မှန်တယ်။ ”
ရှီရာ ခေါင်းညိတ်လိုက်သည်။
“ ဒါနဲ့ စီကာလီက ငါခေါ်သွားခဲ့တဲ့ ခီရာကို စိတ်ဝင်စားနေတဲ့ပုံပဲ။ ”
ချန်လွေ့ မျက်မှောင်ကြုတ်လိုက်သည်။ စီကာလီအပေါ် သူ၏အမြင် ပိုဆိုးသွား၏။ ရှီရာ ဆက်ပြောသည်။
“ ငါက ခီရာကို စီကာလီဆီ လက်ဆောင်အနေနဲ့ ပြန်ပေးခဲ့ရမှာ။ ဒါပေမဲ့ ပါရမီရှင် ဆရာသခင်တစ်ယောက် ပြန်လာတဲ့အခါ သူ့အစေခံကိုမတွေ့ရင် တိတ်တိတ်လေး အပြစ်တင်မှာကို စိုးရိမ်သွားတယ်။ အဲဒါကြောင့် မင်းသမီး လက်လီစတိုးဆိုင်က လက်ဆောင်တွေကိုပဲ ပေးခဲ့တယ်။ ”
ယခင်တစ်ခေါက် ဒီရော်က စိတ်ဝင်စားနေသည့်အတွက် ခီရာကို ကတ်စကာမိသားစုထံ ပို့လိုက်ကြောင်းကို ရှီရာ ချန်လွေ့ထံ ပြောခဲ့ရာ ချန်လွေ့ တိတ်တဆိတ် မကျေမနပ် ဖြစ်သွားကြောင်းကို ရှီရာ သတိထားမိခဲ့သည်။ ယခုတစ်ခေါက်တွင် သူသည် ယခင်ကဲ့သို့ အမှားမျိုး ထပ်လုပ်တော့မည် မဟုတ်ပေ။
“ ခီရာရဲ့ ကိစ္စတွေကို ကျုပ် သေချာသလောက် ရှင်းရှင်းလင်းလင်း သိထားပြီးပါပြီ။ ”
ချန်လွေ့ အသာလေး သက်ပြင်းချလိုက်၏။
“ သူက အခု ခြိမ်းခြောက်မှုတစ်ခု မဟုတ်တော့ပါဘူး။ မှော်-ဆန့်ကျင် လက်စွပ်ကိုလည်း ချွတ်လိုက်လို့ ရပါပြီ။ ”
“ သူက မင်းရဲ့ အစေခံပဲ။ မင်းကြိုက်သလို ဆုံးဖြတ်ပါ။ ”
ရှီရာ၏လေသံ ပုံမှန်အတိုင်းပင် ဖြစ်သည်။
ချန်လွေ့က ထိုကိစ္စကို ဆက်မပြောခဲ့ပေ။
“ ဒီတစ်ခေါက် ကျုပ်က မဟာဆရာသခင်ဆီကနေ အသွင်ပြောင်းပညာရပ် ရရှိခဲ့တယ်။ အဲဒီ အစီအစဉ်ရဲ့ အဓိကသော့ချက်အပိုင်းက ပြီးပြည့်စုံသွားပြီ။ လက်ရှိအခြေအနေမှာ အဲဒါကို အမြန်ဆုံး အကောင်အထည်ဖော်ရမယ်။ ကျုပ်တစ်ယောက်တည်းသွားဖို့ ရည်ရွယ်ထားတယ်။ ”
ရှီရာ သက်ပြင်းချလိုက်သည်။
“ ဒီအစီအစဉ်မှာ အကြီးမားဆုံး အကျိုးအမြတ်ရတဲ့ သူတစ်ယောက်အနေနဲ့ ငါ သူတော်ကောင်း ဟန်ဆောင်ပြီး မပြောချင်ဘူး။ ဒါပေမဲ့ ရှီလန်တောင်ကိစ္စပြီးတတည်းက မင်း တစ်ယောက်တည်း စွန့်စားခဲ့တယ်။ ဒါက ပညာရှိ(ပဏ္ဍိတ)တစ်ယောက် လုပ်သင့်တဲ့ အရာတွေ မဟုတ်ဘူး။ ”
“ ကျုပ်ကိုယ်ကျုပ် ပညာရှိတစ်ယောက်လို့ တစ်ခါမှ မပြောခဲ့ဘူး။ ကျုပ်လည်း သေရမှာကို ကြောက်တယ်။ ဒါပေမဲ့ ဒါက ကျုပ်တို့အစီအစဉ်ရဲ့ အရေးအကြီးဆုံး အပိုင်းပဲ။ ကျုပ်က လွဲပြီးတော့ ဒီနေရာအတွက် ဘယ်သူမှ အရည်အချင်း မပြည့်မီဘူး။ ပြီးတော့လည်း... ကျုပ် စိတ်ပိုင်းဖြတ်ပြီးသွားပြီ။ ”
ချန်လွေ့၏လေသံသည် အရှင်သခင် တစ်ယောက်ကဲ့သို့ ပြတ်ပြတ်သားသား ရှိနေသော်လည်း ၎င်းသည် ရှီရာကို မနှစ်မြို့ခြင်း မဖြစ်စေခဲ့ဘဲ ခရမ်းရောင်မျက်လုံးထဲမှ အေးစက်မှုကို စတင်အရည်ပျော်လာစေခဲ့သည်။
“ ဒါနဲ့..... ကျုပ်မှတ်မိပြီ။ ကျုပ်တို့ နောက်ဆုံးတစ်ခေါက် တွေ့ခဲ့တုန်းက ကတ်စတာမိသားစု ပြဿနာကို ကျုပ်ဖြေရှင်းပြီးရင် တောင်းဆိုချက် သေးသေးလေးကို ဖြည့်ဆည်းပေးမယ်လို့ တော်ဝင်မင်းသမီး ကတိပေးခဲ့တယ် မဟုတ်လား။ ”
အခြေအနေသည် အနည်းငယ် ကိုးယိုးကားယား ဖြစ်နေကြောင်း မြင်နေရသည့်အတွက် ချန်လွေ့၏လေသံ ပြောင်းသွားကာ သူ၏အကြည့်သည်လည်း ရွှတ်နောက်နောက် ဖြစ်သွားသည်။
ထိုကဲ့သို့အကြည့်သည် ရှီရာ၏နှလုံးသားကို ထူးထူးခြားခြား အနည်းငယ် ကြောက်လန့်သွားစေသည်။
“ အဲဒါကို.....နောက်မှ ပြောကြတာပေါ့။ ဆာ-ငြိမ်ဝပ်ပိပြားရေး အရာရှိ။ အခုက နောက်ကျ နေပြီ။ပြန်ပြီး အနားယူလိုက်ပါ။ ”
“ နောက်မှ ပြောမှာလား။ ”
ချန်လွေ့၏မျက်လုံးများ ကြီးကြီးမားမား မဲ့သွားပြီးနောက် ခေါင်းခါလိုက်သည်။
“ ကြာလွန်းတယ်။ အဲဒီအကြောင်းပြောရအောင်....အဲ..အရေးကြီးကိစ္စအကြောင်း အခုပြောရအောင်။ ကျုပ်က အန္တရာယ်အများဆုံးအလုပ်တစ်ခုကို သိပ်မကြာခင် လုပ်ရတော့မယ်။ အရှင်မက ကတိဖျက်မယ်ဆိုရင် ကျုပ်ရဲ့ စိတ်အားထက်သန်မှုကို ထိခိုက်စေလိမ့်မယ်။ ”
“ အတင့်ရဲလိုက်တာ။ ”
ရှီရာ၏လေသံ တင်းမာသွားပြီး သတ်ဖြတ်ချင်စိတ်များ ထွက်ပေါ်လာသည်။
“ မင်းက ငါ့ကို ခြိမ်းခြောက်ရဲတယ်ပေါ့။ ”
ထိုတုံ့ပြန်မှုသည် အနည်းငယ်ပြင်းထန်သော်လည်း ချန်လွေ့ကို မခြိမ်းခြောက်နိုင်တော့ပေ။ ချန်လွေ့ သက်ပြင်းချလိုက်သည်။
“ ကျုပ်ခရီးရဲ့ အန္တရာယ်ကို တော်ဝင်မင်းသမီး သိပါတယ်။ကျုပ် ပြန်လာနိုင်လောက်မှာ မဟုတ်ဘူး။ ကျုပ်ရဲ့ နောက်ဆုံးဆန္ဒကိုတောင် မဖြည့်ဆည်းပေးနိုင်ဘူးလား။ ”
“တော်တော့။”
ရှီရာသည် ထိုသူ၏ မဖြုံသောအကြည့်ကို ဒေါသတကြီး စိုက်ကြည့်လိုက်ပြီးနောက် အံကြိတ်ကာ ပြောလိုက်သည်။
“ ငါ အရင်ကတိပေးထားတဲ့ အက ကလွဲပြီးတော့ တခြားမဟုတ်တာတွေ တောင်းဆိုမယ် ဆိုရင် အခုက မင်းရဲ့နောက်ဆုံး အခိုက်အတန့် ဖြစ်သွားမယ်။ ”
ချန်လွေ့ အလွန် အံ့အားသင့်သွားသည်။
“ မဟုတ်တာတွေဆိုတာ ဘာကိုပြောတာလဲ။ ကဖို့ကိုပဲ ပြောတာလေ။ ဧကန္တ...... တော်ဝင် မင်းသမီး စဉ်းစားနေတာက...... ”
ရှီရာက မိမိသည် စကားလုံးထောင်ခြောက်ထဲ ရောက်သွားပြီဖြစ်ကြောင်း သိလိုက်သည်။ သူ ဒေါသပေါက်ကွဲမည် လုပ်လိုက်စဉ် ထိုသူ ရောက်လာပြီး ဖိတ်ခေါ်သည့် အမူအရာကို ယဉ်ယဉ်ကျေးကျေး ပြုလုပ်လိုက်သည်ကို တွေ့လိုက်ရသည်။ တစ်ချိန်တည်းမှာပင် နောက်ဘက်ပန်းခြံထဲ၌ သာယာသော အလိုအလျောက် ဂီတသံစဥ်တစ်ခု ထွက်ပေါ်လာသည်။
မသာကောင်။ သူက သီချင်းကိုတောင် ပြင်ဆင်ထားပြီးပြီ။ သူက တကယ့်ကို ပြင်ဆင်ပြီး ရောက်လာတာပဲ။
ရှီရာ၏အကြည့်က ထိုသူကို အပိုင်းပိုင်းဖြတ်တော့မည့်အချိန်၌ ချန်လွေ့၏ အမူအရာကို မြင်သည့်အခါ ရှီရာက လက်ကမ်းလိုက်မိသည်။
ထားလိုက်တော့။ ငါ့ကတိ ဖြည့်ဆည်းတာလို့ပဲ သဘောထားလိုက်မယ်။ လူစီဖာ တော်ဝင် မိသားစုဝင် တစ်ယောက်အနေနဲ့ ငါကဘာလို့ ကတိဖျက်ရမှာလဲ။
ကိုယ့်ကိုယ်ကိုယ် ဖျောင်းဖျခဲ့သော ရှီရာသည် ထိုသူအား [ မီးတောက်နက် ] ဖြင့် မရှို့ရန် စိတ်ထိန်းပြီး လက်ပေးကိုင်လိုက်သည်။ သူတို့၏လက်များ ထိသွားသည့်အခါ ဓာတ်လိုက် သွားသကဲ့သို့ ဖြစ်သွားသည်။ ကပွဲမှ အံ့သြဖွယ်ရာခံစားချက်တစ်ခု ပြန်လည်ထွက်ပေါ် လာသည်။ လက်ချောင်းထိပ်မှ ခံစားချက်သည် ရှီရာ၏နှလုံးသားထဲသို့ ရောက်ရှိသွားပြီး ထိုခံစားချက်ကြောင့် သူ၏တင်းမာနေသော နှလုံးသား ပျော့ပျောင်းသွားခဲ့သည်။ သူက လက်ကို ချန်လွေ့၏ပုခုံးအပေါ် တင်လိုက်သည့်အခါ ထိုသူ၏ ဝင်သက်ထွက်သက်နှင့် အတော်လေး နီးကပ်သွားသည်။ ယခင်ကကဲ့သို့ လူအုပ်ကြီးကြည့်နေသည့် ပြင်းထန်သော ခံစားချက်မျိုး ရှိမနေတော့ပေ။ ယနေ့တွင် ပန်းခြံထဲ၌ ရှီရာနှင့် ချန်လွေ့တို့ နှစ်ယောက်သာ ရှိနေကြသည်။
ပုံရိပ်နှစ်ခုသည် လရောင်အောက်၌ လှပသော ဂီတသံစဉ်နှင့်အတူ ကနေကြတော့သည်။
ရှီရာသည် ကပွဲပြီးကတည်းက အထူးသဖြင့် ဤစိတ်ဝင်စားစရာ ကကွက်နှင့်အတူ မည်သူနှင့်မျှ မကခဲ့ရပေ။ ချန်လွေ့၏ လှုပ်ရှားမှုများသည် ထင်ထားသည်ထက် စည်းကမ်း ရှိနေပြီး ရှီရာကို တဖြည်းဖြည်း သတိလက်လွတ် ဖြစ်သွားစေသည်။ တစ်စုံတစ်ယောက် ထံမှ အဲလစ် သင်ထားခဲ့သော စကာလုံးကို အသုံးပြုမည်ဆိုလျှင် ၎င်းကို လူကြီးလူကောင်း အမူအကျင့်ဟု ခေါ်ဆိုနိုင်ပေသည်။
ရှီရာ မသိသည်မှာ ထိုလူကြီးလူကောင်းသည် ပို၍စိတ်ရှည်သော ဝံပုလွေတစ်ကောင် ဖြစ်နေခြင်းပင်။
သို့သော်လည်း အမြဲ အလုပ်များနေသော ရှီရာအတွက် ၎င်းသည် စိတ်ဖြေဖျောက်ရန် ရှားရှားပါးပါး အခွင့်အရေး တစ်ရပ်ပင် ဖြစ်သည်။ ရှီရာ၏ခြေလှမ်းများ ပို၍ပေါ့ပါးသွားကာ ကြာရှည်ပျောက်ဆုံးနေသော ပျော်ရွှင်မှုကို စတင်ခံစားနေတော့သည်။ သူသည် ချန်လွေ့ နှင့် ပို၍ပို၍ စည်းချက်ကိုက်လာလေသည်။
ချန်လွေ့သည်လည်း ရေခဲတုံး မင်းသမီးလေးနှင့်အတူ နီးနီးကပ်ကပ် ကရခြင်းကို ခံစားနေ၏။ ရှီရာ၏ ဖြူဖွေးသော ကျောက်စိမ်းကဲ့သို့ အရေပြားကို သေသေချာချာ မြင်နေရပြီး လန်းဆန်းသော ရနံ့တစ်ခုကိုလည်း ချန်လွေ့က နှာခေါင်းထဲ၌ ယဲ့ယဲ့လေး ရနေသည်။အမှောင်မြို့တစ်ခုလုံး၌ သို့မဟုတ် နတ်ဆိုးဘုံတစ်ခုလုံးမှာပင် ချန်လွေ့သည် ရှီရာနှင့် “အနီးကပ်” နေရသော ပထမဆုံးယောကျ်ားပင် ဖြစ်သည်။ ထို့ပြင် ရှီရာကလည်း “လိုလိုလားလား” ပင် ဖြစ်သည်.......။ အကယ်၍ မြို့တော်မှ တော်ဝင်မျိုးနွယ်များက ထိုမြင်ကွင်းကို မြင်သွားခဲ့လျှင် ပါးစပ်အဟောင်းသား ဖြစ်သွားကြပေလိမ့်မည်။
“ ဟမ့် ”
ရှီရာက ချန်လွေ့မျက်နှာပေါ်မှ အပြုံးကိုကြည့်လိုက်သည်။ ဘယ်လိုပဲကြည့်ကြည့် ဒီမျက်နှာကို ငါ ထိုးချင်နေရောပဲ။
“ ဘာရယ်စရာ ရှိလို့လဲ။ ”
“တော်ဝင်မင်းသမီးက ကတိတည်တယ်ဆိုတာကို တွေးနေတာပါ။သူက တကယ့်ကို ကျုပ်ရဲ့ အရှင်မ ပဲ။ ”
“ မသာကောင် ”
“ အရှင်မ ” ဟူသောစကားလုံးကို ကြားလိုက်ရသည့်အခါ ရှီရာ၏မျက်နှာပေါ်၌ အနည်းငယ် ပူလောင်သွားခဲ့သည်။
“ တော်ဝင်မင်းသမီး လက်တုံ့ပြန်ချင်တယ် ဆိုရင်တောင် အနာဂတ်မှာ ကျုပ်မှာ ရှာတွေဖို့ ခက်မှာ စိုးမိတယ်။ ”
ရှီရာ ပေါက်ကွဲပြီး အခြေအနေကို ပျက်ယွင်းအောင် ပြုလုပ်မည် စိုးသည့်အတွက် ချန်လွေ့ စကားထပ်ပြောလိုက်သည်။
“ ကျုပ် နောက်တစ်ကြိမ် ပြန်လာပြီးတော့ တော်ဝင်မင်းသမီးရဲ့ အပြစ်ဒဏ်ကို ခံရဖို့အတွက် အသက်ဆက်ရှင်ဖို့ မျှော်လင့်ပါတယ်။ ”
ရှီရာ၏မျက်လုံးများ အနည်းငယ် မှုန်မှိုင်းသွားသည်။
“ တကယ်တော့..... ဒီတစ်ခေါက် မင်း ပြန်လာစရာ မလိုပါဘူး။ ”
ချန်လွေ့ အသာလေး ပြုံးလိုက်သည်။
“ ကျုပ်အထင်ကတော့ လူတချို့နဲ့ ကိစ္စတချို့က အခြားအရာတွေထက်ကို ပိုပြီးတော့ အရေးကြီးတယ်။ ”
ရှီရာက ချန်လွေ့၏မျက်လုံးကို စိုက်ကြည့်လိုက်သည်။
“ မင်းရဲ့အကျိုးပြုမှုအတွက် လိုချင်တဲ့အရာကို ရနိုင်မှာ မဟုတ်ဘူး။ အဲဒီအချိန်ကျရင် မင်းအတွက် နောင်တရဖို့ နောက်ကျသွားမှာ စိုးရတယ်။ ”
“ ဘာလို့ နောင်တ ရရမှာလဲ။ ဘဝမှာ အမြဲတမ်း တွေ့ဆုံမှုအနည်းငယ် ရှိတယ်။ ရူးမိုက်မိုက် အမှားအနည်းငယ်လည်း ရှိတယ်လို့ စာအုပ်တစ်အုပ်မှာ ဖတ်ဖူးတယ်။ ဒါပေမဲ့ အရေးကြီးဆုံး ကတော့ တွေ့ဆုံဖူးတယ်။ကြုံတွေ့ဖူးတယ်။ရူးမိုက်ဖူးတာပဲလေ။ ”
ချန်လွေ့သည် အကြည့်မလွှဲဘဲ ပြုံးပြကာ ကိုင်ထားသောလက်ကို မြှောက်ပြလိုက်သည်။
“ပြီးတော့ ကျုပ်လိုချင်တာကို အခုရပြီးပြီ မဟုတ်လား။ ”
ရှီရာသည် ချန်လွေ့၏အပြုံးကိုကြည့်ရင်း ရုတ်တရက် နှလုံးခုန် မြန်သွားသည်။ သူတို့နှစ်ယောက်သည် အချိန်အတော်ကြာသည်အထိ သီချင်းထဲ၌ ငြိမ်သက်စွာ ကနေပြီး စကားမပြောခဲ့ကြပေ။ အချို့အရာများသည် စကားဖြင့် ဖော်ပြစရာ မလိုသော်လည်း နှစ်ဖက်စလုံးက ခံစားမိနိုင်ပေသည်။
“.......” “ ဘာလို့ သီချင်းက ထပ်ကာထပ်ကာ လာနေရတာလဲ။ မင်းရဲ့ မှော်ဇာတ်ဝင် အသုံးအဆောင် အဲဒါက........”
“ အမ်း.....ဒါက နည်းနည်းပိုရှည်တဲ့ သီချင်းတစ်ပုဒ်ပါ။ ပြီးတော့မှာပါ.....”
“ မပြီးတော့ဘူး။မသာကောင်။ ငါတို့ ကတာ ဘယ်နှစ်ခေါက် ရှိနေပြီလဲ။ ”
“ အမ်း...... ပြီးခါနီးပြီ ထင်တယ်...... ”
“ သုံးနာရီတောင် ပြည့်တော့တယ်။တော်ပြီ။မင်းရဲ့ လှည့်ကွက်ကို အခုပဲ အဆုံးသတ်လိုက် သင့်ပြီ။ ”
“.......”