အပျက်အစီးများ
Vol. 22 Ch. 330
ဆက်လက်၍ ချန်လွေ့သည် အစ်ဇဘယ်လာအား စိတ်ရှည်ရှည်နှင့် တက်တက်ကြွကြွ အဖော်ပြုပြီး ပရောပရည် စကားဝိုင်းကို ဆက်ပြောတော့သည်။ ပုံမှန်ဟု ထင်ရသော စကားများမှာ ပို၍ပင် သတိထားနေရသည်
ဒီမိန်းမက ကိုင်တွယ်ရမလွယ်ဘူး။ ပြီးတော့ ဆာဘရီနာထက် ပိုပြီး ကြောက်စရာ ကောင်းတယ်။ ငါ သတိမထားဘူးဆိုရင် ဟာကွက်တွေ ပေါ်သွားနိုင်တယ်။
မြင်းလှည်းသည် လမ်းဆုံတစ်နေရာ၌ ရပ်တန့်သွားပြီး အမာခံဝတ်စုံ ဝတ်ဆင်ထားသော အစ်ဇဘယ်လာသည် ရဲရင့်ပုံရနေ၏။ သူက မြင်းလှည်းသမား ဂျာဒယ်အား လှည်းကို ဆွဲနေသာ မြင်းသုံးကောင်ကို ခွဲခိုင်းသည်။ သူက မြင်းတစ်ကောင်ကိုစီးပြီး သစ်ကိုင်းမြို့ဆီ သွားလိုက်ကာ ကျန်မြင်းနှစ်ကောင်အား ချန်လွေ့နှင့် ဂျာဒယ်တို့အတွက် ထရီဗာတီ အပျက်အစီးသို့သွားရန် ချန်ထားပေးခဲ့သည်။
ချန်လွေ့သည် မှော်မြင်းကို ထိန်းချုပ်ပြီး ဂျာဒယ်နောက် လိုက်သွားသည်။ ထိုမှော်မြင်းများမှာ သန္ဓေပြောင်းများဖြစ်ကြပြီး အလွန်လျင်မြန်လှသည်။ သို့သော် သုံးလေးနာရီကြာ ပြေးပြီးသည့်တိုင် ခရီးပန်းတိုင်ကို မရောက်သေးပေ။ ထို့ပြင် လမ်းအခြေအနေမှာလည်း ပိုပိုပြီး ကြမ်းတမ်းလာခဲ့သည်။
ရှေ့တွင် အနက်ရောင်သစ်ပင်များ လွှမ်းမိုးထားသော သစ်တောတစ်ခုရှိနေပြီး ကြောက်လန့် နေကြဟန်တူသော မှော်မြင်းများ ရပ်တန့်သွားကြပြီး ရှေ့ဆက် မသွားကြ တော့ပေ။ ချန်လွေ့သည် မှော်မြင်းများ ကြောက်လန့်နေသည်ကို [ သရုပ်ခွဲမျက်လုံး ] မှ ခံစားလိုက်မိသည်။ ထိုအန္တရာယ်နယ်မြေထဲတွင် အစွမ်းထက် နတ်ဆိုးသားရဲများ ရှိနေပုံရသည်။
ဂျာဒယ်က မှော်မြေပုံတစ်ခုထုတ်ပြီး ချန်လွေ့ကို ပေးကာ ပြောလိုက်သည်။
“ ဆာ။ ထရီဗန်တီ အပျက်အစီးကို သွားဖို့အတွက် ဝင်ပေါက်က သစ်တောနက် အလယ်မှာပဲ။ ကျုပ်က အားနည်းတယ်။ ပြီးတော့ ဒီကိုပို့ဖို့ပဲ ကျုပ်ကို အမိန့်ပေးထားတာ။ ဒါကြောင့် ကျုပ်ဝင်မှာ မဟုတ်ဘူး။ ”
ဂျာဒယ်သည် အတော်လေး ပါးနပ်ပုံရသော ခန္ဓာကိုယ်ကြံ့ခိုင်သည့် နတ်ဆိုးတစ်ယောက် ဖြစ်သည်။ ချန်လွေ့က ထိုသူကို အစ်ဇဘယ်လာ သတ်ပစ်ခိုင်းသည်မှာ မရိုးရှင်းနိုင်ကြောင်း ခံစားမိသည်။ သူက အမြင့်ဆင့်နတ်ဆိုးစွမ်းအားသာရှိသော ထိုမဟာနတ်ဆိုးကို ရုပ်သေး ပြုလုပ်ပြီး သတင်းအချက်အလက်များ ရယူသင့် မယူသင့် စဉ်းစားတွေးဆနေခဲ့သည်။ သို့သော်လည်း နောက်ဆုံး၌ ချန်လွေ့သည် ထိုအကြံကို လက်လျှော့လိုက်သည်။ အစ်ဇဘယ်လာတွင် အခြားစောင့်ကြည့်ရေးနည်းလမ်းများ ရှိနိုင်သည်။ အကယ်၍ နတ်ဘုရား-ဝါးမျိုမျက်နှာဖုံးသာ ပေါ်သွားခဲ့လျှင် ပြဿနာ တက်နိုင်ပေသည်။
“ ကောင်းပြီလေ။ မင်း စိတ်အေးအေးနဲ့ သွားလို့ရပြီ။ ”
ချန်လွေ့က ဂျာဒယ်ကို ခေါင်းညိတ်ပြလိုက်ည်။ ၎င်းသည် ဂျာဒယ်ဘဝ၌ နောက်ဆုံး ကြားခဲ့ရသောစကား ဖြစ်သွားခဲ့သည်။
ဤကဲ့သို့ ညစ်ညမ်းသောလောက၌ တစ်ခါတစ်ရံတွင် မိမိမပိုင်ဆိုင်သော အရောင်များ စွန်းထင်းလာမည်ကို ရှောင်လွဲ၍မရနိုင်ပေ။ ထိန်းသိမ်းထား၍ ရနိုင်သည်မှာ အရောင်များအောက်ရှိ စိတ်နှလုံး၏ မူရင်းအရောင်ကိုပင် ဖြစ်သည်။
အစိတ်အပိုင်း အသေးလေးပင် ဖြစ်ပေါစေ၊ ၎င်းသည် အလွန်အဖိုးတန်လှ၏။
ချန်လွေ့တွင် အချိန်သိပ်မရှိပေ။ ထို့ကြောင့် မြေပုံမှ အမှတ်အသားအတိုင်း တောအုပ်ထဲ တည့်တည့် လမ်းလျှောက်သွားလိုက်သည်။ တောအုပ်သည် အလွန်ကျယ်ဝန်းပြီး စိမ်းလမ်း စိုပြည်သော အရွက်များရှိသည့် သစ်ပင်မြင့်မြင့်များသည် ကြီးမားသော ထီးများကဲ့သို့ပင် ဖြစ်နေပြီး လနှစ်စင်း၏အရောင်ကို မှေးမှိန်စေကာ ထပ်နေသောသစ်ကိုင်များကြားသို့ မဖောက်ထွင်းနိုင် ဖြစ်နေစေသည်။ အလင်းစက် အပိုင်းအစများကိုသာ မြင်နိုင်ပြီး အတော်လေး ကြက်သီးထစရာကောင်းလှသည်။
ချန်လွေ့သည် စွမ်းအား အတော်အတန်ရှိသော်လည်း ထိုကဲ့သို့ ဘာမျှမသိသေးသော တောအုပ်ထဲ၌ စိတ်အေးလက်အေး မနေရဲပေ။ [ သရုပ်ခွဲမျက်လုံး ] ၏ လုပ်ဆောင်ချက်ကို အမှီပြုပြီး ချန်လွေ့သည် လမ်းတစ်လျှောက် အစွမ်းထက်သော နတ်ဆိုးသားရဲအချို့ကို ရှောင်ရှားခဲ့သည်။ သူသည် တောအုပ်အလယ်သို့ရောက်ရန်အတွက် အမြန်ဆုံးသော လမ်းကြောင်း တည့်တည့်ကို အသုံးပြုလိုက်သည်။
၂နာရီ ကြာပြီးနောက် ချန်လွေ့သည် မြေပုံပေါ်ရှိ တောအုပ်အလယ်နေရာကို ချဉ်းကပ်လာခဲ့သည်။
ရှေ့မှ သိပ်သည်းသော တောအုပ်နှင့်ယှဉ်လျှင် ထိုနေရာ၌ သစ်ပင်အနည်းငယ်သာ ရှိသည်။ အိုဟောင်းနေပြီဖြစ်သည့် ကျိုးပဲ့နေသော အုတ်ကြွပ်ပြားအချို့နှင့် ပျက်စီးယိုယွင်းနေသော နံရံများကို မြင်တွေ့နိုင်ပေသည်။ ရှေ့ဆက်သွားလေလေ စွန့်ပစ်ခံထားရသော အဆောက်အအုံများကို မြင်ရလေလေပင် ဖြစ်သည်။ ၎င်းသည် အစ်ဇဘယ်လာ ပြောသည့် ထရီဗန်တီ ဖြစ်ရပေမည်။
ကျန်ရစ်ခဲ့သော အပျက်အစီးများနှင့် အကြွင်းအကျန်များ၏ အရွယ်အစာအရ တစ်ချိန်က ခမ်းနားထည်ဝါခဲ့ကြောင်း မြင်နိုင်ပေသည်။ မည်သည့်မျိုးနွယ်စုက ဤအပျက်အစီးကို ချန်ရစ်ခဲ့ကြောင်း မသိရပေ။
လုံးဝ တိတ်ဆိတ်ပြီး ထူးဆန်းနေ၏။ ၎င်းမှာ ထရီဗန်တီအတွက် ချန်လွေ့၏ ခံစားချက် ဖြစ်သည်။ အပျက်အစီးတစ်ခုလုံးထဲတွင် မည်သည့်နတ်ဆိုးသားရဲများ၊ တိရစ္ဆာန်များ ရှိမနေကြပေ။ သေခြင်းတရားနှင့် စိတ်ဓာတ်ကျခြင်း အငွေ့အသက်များသာ ရှိသည်။ ချန်လွေ့သည် မြေပုံပေါ်၌ မှတ်သားထားသော သုံးမီတာ အမြင့်ရှိသည့် မြေအောက် ဝင်ပေါက် ဂိတ်တံခါးကို ရှာတွေ့သွားခဲ့သည်။ ကျန်ရှိနေသာ ကျောက်ဂိတ်တံခါး တစ်တက်တွင် သင်္ကေတအချို့ ရှိနေသည်။ အသိသာဆုံးမှာ မျက်လုံးတစ်ဝက် ဖြစ်နေဟန်တူသော ဧရာမ တိုတမ်ပင် ဖြစ်သည်။ အကယ်၍ အခြားတစ်ပိုင်းသာ ရှိနေသေးလျှင် ထိုဧရာမ မျက်လုံးကြီးသည် တစ်ခုတည်း ဖြစ်သွားမည်လား။
ဒါက ဘာကို ဆိုလိုတာလဲ။
ချန်လွေ့ ပင့်သက်ရှိုက်ပြီး အထဲဝင်သွားလိုက်သည်။
မြေအောက်သို့သွားရာလမ်းကြောင်းသည် အလွန်ရှည်လျားသော်လည် ကံကောင်းစွာပင် ၎င်းသည် တစ်ခါတစ်ရံ၌ မှော်အလင်းအရင်းအမြစ်များ အာနိသင်ရှိနေသေးသော နေရာများကို ဖြတ်သွားတတ်သည်။ သို့သော်လည်း ရေးရေးလေးသာ မြင်နိုင်ပေသည်။ ထိုမြင်နိုင်ခြင်းသည် ရှီလန်တောင်နှင့် အသံတိတ်ညစိမ့်မြေထက် ပို၍ဆိုးဝါးသည်။ အချိန်အများစု၌ ချန်လွေ့သည် အမှောင်ထဲတွင် လမ်းလျှောက်နေရပြီး အမှောင်ထဲ၌ မသိရှိသော အန္တရာယ်အပေါ် ကြောက်ရွံ့မှုသည် အခြေအနေကို ပို၍ဆိုးဝါးစေသည်။
ကံကောင်းစွာပင် ချန်လွေ့၏ လက်ရှိစွမ်းအားဖြင့် လုံးဝမှောင်မိုက်နေသော နေရာ ဖြစ်သည့်တိုင် အကွာအဝေးတစ်ခုအထိ မြင်နိုင်သေးသည်။ အလင်းလက်စွပ်နှင့် မှော်သံလိုက်အိမ်မြောင်တို့၏ အကူအညီဖြင့် ချန်လွေ့သည် အရှေ့သို့ ဂရုတစိုက် လျှောက်လာခဲ့သည်။
ထိုမြေအောက်အပျက်အစီး၏ အရွယ်အစားမှာ မြေပေါ်တွင် ကျန်ရှိနေသော အဆောက်အဆုံ နေရာထက် အမှန်တကယ်ပင် ပိုမိုကြီးမားလှသည်။ ၎င်းသည် အသံတိတ်ည စိမ့်မြေမှ ပါ့ဂ်လီအို၏ မြေအောက်လိုဏ်ဂူနှင့် ဆင်တူပေသည်။ တစ်ခါတစ်ရံ၌ ကျိုးပဲ့နေသော အရိုးများကို မြင်တွေ့နိုင်သည်။ သို့သော်လည်း ထိုအရိုးများမှာ ဆွေးမြေ့နေပြီဖြစ်သောကြောင့် လွန်ခဲ့သော အချိန်များက ဖြစ်နိုင်ပေသည်။ ၎င်းသည် အစ်ဇဘယ်လာပြောသည့်လူ မဟုတ်ပေ။
ထိုအချိန်၌ ချန်လွေ့၏ [ သရုပ်ခွဲမျက်လုံး ] ထဲ၌ သတိပေးချက်တစ်ခု ရုတ်တရက် ပေါ်ထွက်လာသည်။ တစ်ချိန်တည်းမှာပင် မှော်သံလိုက်အိမ်မြှောင်၏ ပုံရိပ်လည်း ရုတ်တရက် ယိုယွင်းသွားခဲ့သည်။ အားတစ်စုံတစ်ရာ၏ နှောင့်ယှက်မှုကြောင့် ၎င်း၏ ပုံရိပ် ပျောက်ကွယ်သွားခြင်း ဖြစ်နိုင်ပေသည်။
မျိုးနွယ် - မိစ္ဆာမျက်လုံး
စွမ်းအား အကဲဖြတ်မှု - [ C ]
ခန္ဓာအမျိုးအစား - [ C ]
ခွန်အား - [ E+ ]
စိတ်ဝိညာဉ်- [ C+ ]
မြန်ဆန်မှု - [ E+ ]
နတ်ဆိုးမျက်လုံးဟုသိကြသော မိစ္ဆာမျက်လုံးသည် အစွမ်းထက်သော နတ်ဆိုးဘုံ သတ္တဝါ တစ်မျိုး ဖြစ်သည်။ နာမည်အတိုင်းပင် ၎င်း၏အဓိကအစိတ်အပိုင်းမှာ ဧရာမျက်လုံးကြီးပင် ဖြစ်ပြီး ခေါင်းတစ်ခုလုံးကို နေရာယူထားလုနီးပါး ဖြစ်နေခဲ့သည်။ ၎င်း၏ ခြေလက်များမှာ လက်တံများဖြစ်ကြသည်။ ထိုသတ္တဝါသည် သိပ်မမြန်လှသော်လည်း နိမ့်နိမ့်လေး ပျံနိုင်သည်။ ကြောက်စရာအကောင်းဆုံးမှာ ၎င်း၏စိတ်ဝိညာဉ် စွမ်းအားပင် ဖြစ်သည်။ ၎င်းသည် ဒြပ်စင်များကို မှော်ရောင်ခြည်အဖြစ် တိုက်ခိုက်နိုင်ရုံသာမက အမျိုးမျိုးသော အပျက်သဘော သက်ရောက်မှုများလည်း ပူးတွဲပါနေသည်။ ထို့ပြင် ၎င်းသည် ရန်သူ၏ ခုခံမှုကို အတိုင်းအတာတစ်ခုအထိ ဆန့်ကျင်နိုင်သော ဖောက်ထွင်းစွမ်းအား ပါရမီတစ်မျိုး ဖြစ်သည်။
တစ်နည်းပြောရလျှင် ခုခံမှုမည်မျှပင် ကောင်းမွန်စေကာမူ မိစ္ဆာမျက်လုံး၏ တိုက်ခိုက်မှုကို လုံးလုံး ခုခံနိုင်မည် မဟုတ်ပေ။
ထိုမြေအောက် အပျက်အစီးထဲ၌ မိစ္ဆာမျက်လုံးကောင် တစ်ကောင် အမှန်တကယ်ရှိနေပြီး နတ်ဆိုးဘုရင်အဆင့်ပင် ဖြစ်သည်။ ချန်လွေ့ အနည်းငယ် အံ့အားသင့်သွားသည့်အခါ လေပေါ်ပျံဝဲနေသော ဝေဝါးဝါးပုံရိပ်တစ်ခုက အရှေ့တွင် ထွက်ပေါ်လာသည်။ ထို့နောက်တွင် အစိမ်းဖျော့ရောင်ခြည်တစ်ခုက လျှပ်စီးကဲ့သို့ အမြန်ထွက်လာပြီး သူ၏ ခန္ဓာကိုယ်ကို ဖြတ်သန်းသွားခဲ့သည်။ ၎င်းသည် နောက်မှကျောက်တုံးကို ထိသွားရာ ကျောက်တုံးသည် ရုတ်တရက် ကွဲကြေသွားသည်။ ကွဲကြေသွားသော ကျောက်တုံးများမှာ အမှန်တကယ်ပင် အလျင်အမြန် တိုက်စားခံနေရပြီး အရည်ပျော်ကျသွားခဲ့သည်။
အဆိပ်ရောင်ခြည်တွေ။
ချန်လွေ့သည် နီးနီးကပ်ကပ် အချိန်၌ တယ်လီပို့အစွမ်း အသုံးပြုခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ထိုရောင်ခြည်သည် သူ၏ကိုယ်ရိပ်ကိုသာ ဖြတ်သန်းသွားခဲ့သည်။ ချန်လွေ့သည် အဆိပ်ပြင်းထန်ခြင်းကို မကြောက်သော်လည်း ထိုတိုက်ခိုက်မှုသည် ဖျက်ဆီးခြင်းစွမ်းအားနှင့် [ ဖောက်ထွင်းခြင်း ] စွမ်းအားတို့ ပါရှိသော ရောင်ခြည် သေနတ်ပုံစံမျိုးကို အခြေခံထားခြင်း ဖြစ်သည်။ မဟာနတ်ဆိုးဘုရင်အဆင့်ရှိသော ချန်လွေ့ သည်ပင် ၎င်းကို ထိပ်တိုက် မရင်ဆိုင်ရဲပေ။
ရောင်ခြည်တိုက်ခိုက်မှုကို ရှောင်တိမ်းနေရင်း ချန်လွေ့သည် [ သရုပ်ခွဲမျက်လုံး ] မှတစ်ဆင့် ရင်းရင်းနှီးနှီး စကားပြောလိုက်သည်။ မိစ္ဆာမျက်လုံး၏ အဖြေမှာ ရိုးရှင်းပေသည်။ ပိုပြီးအစွမ်းထက်တဲ့ အဆိပ်ရောင်ခြည်။
ချန်လွေ့သည် မိစ္ဆာမျက်လုံးမှ ပြင်းထန်သော ရန်လိုစိတ်နှင့် သတ်ဖြတ်ချင်စိတ်ကို ခံစားလိုက်မိသည်။ ပြန်လည်တိုက်ခိုက်ရန် ချန်လွေ့ တွေးနေစဉ် [ သရုပ်ခွဲမျက်လုံး ] မှ နောက်ဘက်တွင် စွမ်းအားအကဲဖြတ်မှု - B+ ၊ ခန္ဓာအမျိုးအစား - B ၊ ခွန်အား -C+ ၊ စိတ်ဝိညာဉ်- A ၊ မြန်ဆန်မှု - B ရှိသော သန္ဓေပြောင်း မိစ္ဆာမျက်လုံးတစ်ကောင် ရှိကြောင်း ပေါ်ထွက်လာသည်။
မဟာနတ်ဆိုးဘုရင်ဆင့် မိစ္ဆာမျက်လုံးပဲ။ ချန်လွေ့ တုံ့ပြန်ရန် အချိန်မရနိုင်ခင်မှာပင် ခေါင်းကို ဓားထက်ထက်ဖြင့် အထိုးခံလိုက်ရသကဲ့သို့ပင် ဦးနှောက်ထဲ၌ ပြင်းပြင်းထန်ထန် နာကျင်မှုတစ်ခု ခံစားလိုက်ရသည်။ ၎င်းသည် လုံးဝမခံမရပ်နိုင်အောင်ပင်ဖြစ်နေပြီး ချန်လွေ့သည် အော်ဟစ်ညည်းညူလိုက်မိသည်။
ဒါက မြင်ရတဲ့ ရောင်ခြည်တိုက်ခိုက်မှု မဟုတ်တော့ဘူး။ မမြင်နိုင်တဲ့ စိတ်ဝိညာဉ်လှိုင်းပဲ။
မိစ္ဆာမျက်လုံး၏ စိတ်ဝိညာဉ်စွမ်းအားသည် အလွန်အမင်း ကြောက်မက်ဖွယ်ရာ ကောင်းလှသည်။ ၎င်း၏စွမ်းအားသည် အသေအချာပင် မဟာနတ်ဆိုးဘုရင်အဆင့် ထိပ်သီးပိုင်းဖြစ်သော်လည်း စိတ်ဝိညာဉ်စွမ်းအားမှာ နတ်ဆိုးဧကရာဇ်အဆင့် ကနဦးပိုင်းသို့ ရောက်ရှိနေပြီဖြစ်သည်။ [ ဖောက်ထွင်းခြင်း ] ပါရမီ ရုတ်တရက် အသုံးပြုလိုက်ခြင်းသည် သတိလက်လွတ်ဖြစ်သွားသော ချန်လွေ့ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရစေခဲ့သည်။ ကံကောင်းစွာပင် [ မှော်-ဆန့်ကျင် ] ၏ အလိုအလျောက် လက္ခဏာသည် အချိန်မီ အစွမ်းပြလာခဲ့သည်။ သို့မဟုတ်ပါက ထိုရုတ်တရက် တိုက်ခိုက်မှုသည် ချန်လွေ့ကို သတိလစ်သွားစေနိုင်ပေသည်။
ချန်လွေ့သည် နာကျင်စွာဖြင့် အံကြိတ်ရင်း ရှေ့မှ နတ်ဆိုးဧကရာဇ်အဆင့်ရှိသော မိစ္ဆာမျက်လုံးနှင့် ဝေးဝေးနေလိုက်သည်။ ထို့နောက် [ သရုပ်ခွဲမျက်လုံး ] မှ ဖော်ပြချက်သည် သူ့ကို ကြက်သီးထသွားစေသည်။ မိစ္ဆာမျက်လုံး နောက်ထပ်နှစ်ကောင် ရှိနေပြီး သူတို့သည် ချန်လွေ့၏ အဝင်လမ်းကိုပင် ပိတ်ဆို့ထားကြသည်။
အမှောင်ထုသည် မိစ္ဆာမျက်လုံးအပေါ်၌ သက်ရောက်မှု မရှိပေ။ အမှန်တွင် ၎င်းသည် သူတို့အတွက် အကောင်းဆုံး အမဲလိုက်ရာနေရာ ဖြစ်သည်။ မိစ္ဆာမျက်လုံးသည် နတ်ဆိုးသားရဲတို့၏ ဝိညာဉ်များကို ဝါးမျိုသော ပုံမှန်အမဲလိုက်နည်းလမ်းများကို သုံးပြီး သက်ရောက်မှုဆင်တူသော အထူး အပင်အဆီအနှစ်များကို စုပ်ယူခြင်းဖြင့် ရရှိသော စိတ်ဝိညာဉ် “စားစရာ”ကို ကြိုက်သည်။ ထို့ကြောင့်ပင် မြေအောက်နှင့် ထရီဗန်တီ နေရာ တစ်ခုလုံးတွင် သက်ရှိများမရှိကြခြင်း ဖြစ်သည်။
ချန်လွေ့သည် အဝင်ပေါက်ရှိ ထူးဆန်းသော သင်္ကေတကို ရုတ်တရက် တွေးမိလိုက်ပြီး နောက်ဆုံးတွင် သဘောပေါက်သွားသည်။ ဒီမြေအောက်အပျက်အစီးက မိစ္ဆာမျက်လုံး အသိုက်ပဲ။
တစ္ဆေမျက်လုံး၏ ပိုက်နက်အသိသညာသည် အလွန်အားကောင်းပြီး မတူညီသော မျိုးစိတ်များမှ ရန်လိုစိတ်များကို ခွဲခြားနိုင်သည်။ သူတို့၏အရှေ့မှ “ကျူးကျော်သူ”သည် သူတို့၏မျက်လုံးထဲ၌ အသေအချာပင် သားကောင် ဖြစ်နေလေပြီ။ အကယ်၍ ချန်လွေ့က ဆက်သွယ်စကားပြောရန် ကြိုးစားလျှင်ပင် အသုံးဝင်မည် မဟုတ်ပေ။ သားရဲ တစ်ကောင်အနေနဲ့ “အစာ”ကို ဘာလို့ ရင်းရင်းနှီးနှီး ဆက်ဆံရမှာလဲ။
ချန်လွေ့သည် ချက်ချင်းပင် မတုံ့ဆိုင်းနေဘဲ တယ်လီပို့ခုန်လိုက်ကာ မိစ္ဆာမျက်လုံးများ၏ ရောင်ခြည်တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်သည်။ သူ၏ပုခုံးသည် မီးတောက် ရောင်ခြည်ဖြင့် ရှပ်ထိသွားရာ ကြောက်မက်ဖွယ်ရာ အပူရောင်ခြည်သည် သူ၏မှော်ချပ်ကာကို ဖောက်ထွင်းသွားပြီး အရေပြားကို ချက်ချင်း လောင်ကျွမ်းသွားစေ၏။ ကံကောင်းစွာပင် သူ၏အထူးခန္ဓာ ဂုဏ်သတ္တိသုံးခုဖြစ်သော [ နက္ခတ်သဏ္ဍာန် ] ၊ [ ထိခိုက်မှုစုပ်ယူခြင်း ] နှင့် [ အသစ်ပြန်ဖြစ်ခြင်း ] တို့ကြောင့် သူ၏ဒဏ်ရာများ အလျင်အမြန် ပြန်ကောင်းလာခဲ့သည်။
ထိုကဲ့သို့ ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုမျိုးသည် သည်းခံ၍ရသေးသည်။ သို့သော် ချန်လွေ့၏ အကြီးမားဆုံး အကြောက်တရားမှာ မဟာနတ်ဆိုးဘုရင်အဆင့် ထိပ်သီးပိုင်းဖြစ်သော မိစ္ဆာမျက်လုံး၏ စိတ်ဝိညာဉ်စွမ်းအားလှိုင်းဖြစ်သည်။ ခုနက မနှစ်မြို့စရာခံစားချက် မပျောက်ကွယ်သွားသေးပေ။ ကံကောင်းစွာပင် စူပါစနစ်သည် သူ၏ဦးနှောက်ထဲ ကျူးကျော်ပြီး အဆက်မပြတ် တိုက်ခိုက်နေသော နောက်ဆက်တွဲလှိုင်းကို စုပ်ယူပေးခဲ့သည်။ သို့မဟုတ်ပါက ယခုတွင် ချန်လွေ့သည် ထွက်ပြေးစရာစွမ်းအား ရှိတော့မည် မဟုတ်ပေ။
မိစ္ဆာမျက်လုံးသည် အထူး စိတ်ဝိညာဉ် တိုက်ခိုက်ရေးပါရမီ ရှိရုံသာမက ပို၍ ကြောက်စရာ ကောင်းသည်မှာ သူတို့သည် အဆက်အသွယ် သတ္တဝါများ ဖြစ်ကြခြင်းပင် ဖြစ်သည်။ နတ်ဆိုး ဧကရာဇ်အဆင့် မိစ္ဆာမျက်လုံးဘုရင်ကို မိစ္ဆာမျက်လုံးအုပ်စိုးသူ ဟူ၍လည်း သိကြသည်။ ပုံမှန်အားဖြင့်ပြောရလျှင် ၎င်းသည် မိစ္ဆာမျက်လုံး၏ အထက် အကန့်အသတ် ဖြစ်သည်။ သို့သော် သီးခြားသန္ဓေပြောင်းများသည် ပိုမြင့်သောအဆင့်သို့ ရောက်ရှိနိုင်သည်။ ကြောက်မက်ဖွယ်ရာ စိတ်ဝိညာဉ်စွမ်းအားကြောင့် နတ်ဆိုးဧကရာဇ် အဆင့် ပုဂ္ဂိုလ်တစ်ယောက်သည်ပင် သူတို့ကို အလွယ်တကူ ရန်စရဲမယ် မဟုတ်ပေ။
ဒါက အစ်ဇဘယ်လာပြောတဲ့ “အန္တရာယ် နည်းနည်းလေး” ရှိတာလား။
မြေအောက်တွင် မိစ္ဆာမျက်လုံးများ ပို၍ရှိနိုင်ပြီး ပို၍လည်း အစွမ်းထက်နိုင်သည်။ အကယ်၍ အသိုက်တစ်ခုလုံး ထွက်လာမည်ဆိုလျှင် ချန်လွေ့ ယှဉ်နိုင်မည် မဟုတ်ပေ။ ထို့အပြင် ချန်လွေ့ ဤနေရာသို့ ရောက်လာရခြင်းမှာ မိစ္ဆာမျက်လုံးများကို ဖျက်ဆီးရန် မဟုတ်ဘဲ တစ်စုံတစ်ယောက်ကို လာရှာခြင်းသာ ဖြစ်သည်။
၎င်းကိုတွေးပြီးနောက် ချန်လွေ့သည် မလိုအပ်သော စိတ်ဝိညာဉ်အဆက်အသွယ်ကို ဖယ်ရှားကာ မိစ္ဆာမျက်လုံး၏ တိုက်ခိုက်မှုကို ဂရုတစိုက် ရှောင်တိမ်းနေလိုက်သည်။ ဧရာမနွယ်ပင်များ မြေပေါ်တွင် ရုတ်တရက် ထွက်ပေါ်လာပြီး မိစ္ဆာမျက်လုံးဆီသို့ လိမ့်သွားခဲ့သည်။
ချန်လွေ့သည် ရှောင်တိမ်းနေစဉ်အတွင်း အစားကြူးနွယ်ပင် မျိုးစေ့များကို တိတ်တဆိတ် ပျိုးထားခဲ့ခြင်း ဖြစ်သည်။ ထိုနွယ်ပင်များသည် မိစ္ဆာမျက်လုံးကို အနိုင်မယူနိုင်သည်မှာ သေချာသည်။ သို့သော်လည်း သူတို့ကို ထိထိရောက်ရောက် ထိန်းထားနိုင်ပေမည်။ မိစ္ဆာမျက်လုံးများက နွယ်ပင်များကို ဖြေရှင်းနေစဉ် ချန်လွေ့သည် ရှေ့သို့ ထွက်ပြေးသွားလိုက်သည်။ မိစ္ဆာမျက်လုံးများ၏ စိတ်ဝိညာဉ်မျက်လုံးများသည် ကြောက်မက်ဖွယ်ရာကောင်းသော်လည်း အမြန်နှုန်းတွင် အတော်လေး အားနည်းသည်။ ချန်လွေ့သည် အရှိန်ကုန်တင်ပြီး ထိုကြောက်စရာသတ္တဝါများထံမှ အလျင်အမြန် ထွက်ပြေးလာလိုက်သည်။
အစားကြူးနွယ်ပင်များကို ဖျက်ဆီးနေသော မိစ္ဆာမျက်လုံးများက ကျူးကျော်သူ ထွက်ပြေးနေကြောင်း အာရုံခံမိသည့်အခါ ဒေါသတကြီး ရှူးရှူးရှဲရှဲ အသံ ပြုလိုက်သည်။
ထို “ရှူးရှူးရှဲရှဲ”အသံသည် အသံလှိုင်းနှင့် ဆင်တူသော စိတ်ဝိညာဉ်စွမ်းအင်တစ်မျိုးဖြစ်ပြီး သက်ရောက်နိုင်သော အဝန်းအဝိုင်းမှာလည်း အတော်လေး ကျယ်ဝန်းသည်။ အထူးသဖြင့် မိစ္ဆာမျက်လုံးများ၏ “အသံလှိုင်းများ”သည် တစ်ခုနှင့်တစ်ခု ချိတ်ဆက်သွားကြပြီး လှိုင်းသက်ရောက်မှု တိုးမြင့်သွားခဲ့သည်။ ချန်လွေ့သည် မိစ္ဆာမျက်လုံးများနှင့် အလှမ်းဝေးနေပြီ ဖြစ်သော်လည်း အစွမ်းထက်လှိုင်းများကို ခံစားနေရသေးသည်။ ထိုစိတ်ဝိညာဉ်လှိုင်းများတွင် ကြမ်းတမ်းခြင်း၊ ရက်စက်ခြင်း၊ ရူးသွပ်ခြင်း စသော ကြောက်မက်ဖွယ်ရာခံစားချက် အမျိုးစုံ ပါဝင်နေသည်။
ပို၍ကြောက်မက်ဖွယ်ရာကောင်းသည်မှာ ထိုကဲ့သို့ ဆင်တူသော လှိုင်းများကိုလည်း အနီးအနား၌ ကြားနေရခြင်းပင် ဖြစ်သည်။ ၎င်းသည် မိစ္ဆာမျက်လုံးမှ ပဲ့တင်ထပ်နေခြင်းကဲ့သို့ ဖြစ်နေပြီး လှိုင်းများမှာ ပို၍ပို၍ စွမ်းအားကြီးလာသည်။ လှိုင်းများ ထုတ်လွှတ်သော မိစ္ဆာမျက်လုံးများ၏ အရေအတွက်ကို မသိရပေ။ လှိုင်းများသည် အချင်းချင်း ယှက်နွှယ်သွားပြီး ပို၍အားကောင်းသော ပဲ့တင်ထပ်မှုများ ဖြစ်ပေါ်လာကာ ကြီးမားလှသော စိတ်ဝိညာဉ်ကွန်ရက်အဖြစ် ဖွဲ့စည်းသွားတော့သည်။
မရေမတွက်နိုင်သည့် မမြင်နိုင်သောလက်များက နေရာအနှံ့မှ ထွက်ပေါ်လာပြီး ချန်လွေ့၏ အသိစိတ်ကို စုတ်ဖြဲနေခဲ့သည်။ ထိုအချိန်၌ ချန်လွေ့၏ အာရုံ ၅ပါးစလုံး လုပ်ဆောင်မှု ရပ်တန့်လုမတတ် ဖြစ်သွားပြီး စိတ်နှလုံးထဲသို့ အမျိုးမျိုးသော အပျက်သဘော ခံစားချက်များ ဝင်ရောက်လာသည်။ သူ၏ရင်ဘတ်သည် ဆို့နင့်နေပြီး ခံစားချက်များမှာလည်း အထူးသဖြင့် မတည်မငြိမ်ဖြစ်ကာ ကသိကအောက် ဖြစ်နေတော့သည်။
မိစ္ဆာမျက်လုံးများတွင် ထိုကဲ့သို့ အကြီးအကျယ် စုပေါင်းတိုက်ခိုက်မှုမျိုး ရှိနေမည်ဟု ချန်လွေ့ မထင်မှတ်ထားခဲ့ပေ။ သူ၏စိတ်သည် စိတ်သန့်စင်ခြင်း အချိန်က အလွန်ခိုင်မာရန် အတွက် အသူရာနှင့် “လေ့ကျင့်”ထားခဲ့သည်။ ထို့ပြင် စူပါစနစ်၏ အပျက်သဘော စွမ်းအင်ကို အလိုအလျောက် စုပ်ယူခြင်းလည်း ရှိနေသည်။ ထို့ကြောင့် ထိုစိတ်ဝိညာဉ်လှိုင်း များသည် အစွမ်းထက်သော်လည်း ချန်လွေ့၏ စိတ်စွမ်းအားကို မလှုပ်ခါနိုင်ခဲ့ပေ။
သို့သော်လည်း ထိုလှိုင်းများသည် နာရီဝက်ကျော်သည်အထိ မပျောက်ကွယ်သွားဘဲ အဆုံးမရှိသကဲ့သို့ ဖြစ်နေသည်။ မိစ္ဆာမျက်လုံးများ၏ စိတ်ဝိညာဉ်စွမ်းအား ကြောက်စရာ ကောင်းမှုမှာ သိသာလှပေသည်။
ဒါကြောင့် အစ်ဇဘယ်လာက အဲဒီလူက သေပြီလား၊ ရူးပြီလား ဆိုတာကို သိချင်တယ်လို့ ပြောခဲ့တာကိုး။ အကယ်၍ ချန်လွေ့နှင့် အဆင့်ချင်းတူသောသူ တစ်ယောက်သာဆိုလျှင် ထိုကဲ့သို့ ကြောက်စရာကောင်းပြီး ဆိုးဝါးလှသော ပတ်ဝန်းကျင်၌ အချိန်အအတော်ကြာ နေခဲ့ရလျှင် အသက်ရှင်သည့်တိုင် ရူးသွပ်သွားပေလိမ့်သည်။
ထိုမိန်းမသည် ယခင်တစ်ခေါက်က ချန်လွေ့ထံသို့ သေစေနိုင်သော မိစ္ဆာအဆိပ်ကို ခံစားချက်မဲ့စွာ ထည့်သွင်းပျိုးထောင်ခဲ့သည်။ ချန်လွေ့သည် မိစ္ဆာထောင်ခြောက်ပန်း၏ ရက်စက်မှုကို ကြုံတွေ့ခံစားခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း လက်ရှိအစီအစဉ်သည် အစ်ဇဘယ်လာကို ကျော်ဖြတ်ရမည်ဖြစ်သည်။ ယခုတွင် သူသည် ဤနေရာသို့ ရောက်လာပြီ ဖြစ်သည့်အတွက် အနည်းဆုံး အလောင်းကို ပြန်ယူသွားရပေမည်။
ချန်လွေ့သည် ထိုစိတ်ဝိညာဉ်လှိုင်း၏ လွှမ်းမိုးမှုကို ခုခံပြီး ရှေ့သို့ ဂရုတစိုက် ဆက်သွားသည်။ မိစ္ဆာမျက်လုံး၏စွမ်းအားကြောင့် မှော်သံလိုက်အိမ်မြှောင်သည် အလုပ်မလုပ်တော့ပေ။ မိစ္ဆာမျက်လုံး၏ အာရုံစိုက်မှုကို မခံရစေရန်အတွက် ချန်လွေ့သည် အလင်းလက်စွပ်ကို မသုံးရဲပေ။ ကံကောင်းစွာပင် [ သရုပ်ခွဲမျက်လုံး] က ဤကဲ့သို့ မြင်နိုင်စွမ်းနိမ့်ကျပြီး ပြင်းထန်သော အကြားအာရုံ နှောင့်ယှက်မှုများရှိသည့် အလေးမသာသော အခြေအနေ၌ အရေးကြီးနေရာမှ ပါဝင်နေသည်။
အချိန်အတော်ကြာ သတိထား လမ်းလျှောက်ပြီးနောက် ပြင်းထန်သော စိတ်ဝိညာဉ်သည် နောက်ဆုံး၌ တဖြည်းဖြည်း အားနည်းလာသည်။ အကြားအာရုံ ပြန်လည်ရရှိသွားသော ချန်လွေ့သည် ရုတ်တရက် ထူးဆန်းသောအသံတစ်သံ ကြားလိုက်ရသည်။
ဒါက မိစ္ဆာမျက်လုံး အသံနဲ့ မတူဘူး။ လူအသံနဲ့ တူတယ်။ သူက အစ်ဇဘယ်လာကို အာခံခဲ့တဲ့သူ ဖြစ်နိုင်တယ်။
ဒီလူ အသက်ရှင်နေဦးမယ်လို့ မမျှော်လင့်ထားခဲ့ဘူး။ ချန်လွေ့ အမြန် အရှိန်တင်လိုက်ရာ အသံသည် ပိုပို၍ နီးကပ်လာသည်။ ၎င်းမှာ အမှန်တကယ်ပင် စိတ်ကယောင်ချောက်ချား ဖြစ်နေသော အက်ကွဲကွဲ လူအသံ ဖြစ်နေသည်။
ချန်လွေ့သည် ထိုအသံထဲ၌ ရင်းနှီးသော ခံစားချက်တစ်ခုကို ခံစားလိုက်ရပြီး ရုတ်တရက် မျက်နှာ အမူအရာ ကြီးကြီးမားမား ပြောင်းလဲသွားခဲ့သည်။ အဲဒါ ရိုမန်ပဲ။
အစ်ဇဘယ်လာကို ရန်စခဲ့ပြီး ထိုကြောက်မက်ဖွယ်ရာ မိစ္ဆာမျက်လုံးအသိုက်သို့သွားရန် လှည့်စားခံခဲ့ရသူမှာ အမှောင်လမြို့သို့ လုံးဝပြန်မလာခဲ့သော ရိုမန်ပင် ဖြစ်နေသည်။