ပျံသန်းခြင်း။ အမှောင်လမြို့ပေါ်က လိုလီတစ်ယောက်
Vol. 22 Ch. 317
စကိုင်း(ဖွန်ဆက်) နှင့် ကြုံတွေ့ခဲ့ခြင်းကြောင့် ချန်လွေ့သည် ဆိုးယုတ်သော နည်းလမ်းများကို အသုံးပြုသော နတ်ဆိုးဘုံ၏ထိပ်တန်း ယန္တရား ဆရာသခင်ကို သံသယ ဝင်သွားခဲ့သည်။ နိတ်၏ တပည့် ဟောဖို့ဒ်သည် သလင်းကျောက်တောင်ကြားရှိ ပဋိပက္ခ ပြီးနောက်တွင် ပျောက်ဆုံးနေခဲ့သည်။ သို့သော် ဟောဖို့ဒ်နှင့် သလင်းကျောက် တောင်ကြားတို့၏ ပတ်သက်မှုမှာ အလုပ်ခန့်ခြင်း ကဲ့သို့ ရိုးရှင်းလိမ့်မည် မဟုတ်ပေ။ နိတ်၏ နည်းလမ်းများနှင့် သူ၏နောက်ကွယ်မှ ကြီးမားသော အင်အားစုကို ဆက်စပ်စဉ်းစားကြည့်ရာ နိတ်သည် ထိုလျို့ဝှက်ဆန်းကြယ်သော အင်အားစု၏ အဖွဲ့ဝင် တစ်ယောက်ဖြစ်ကြောင်း သံသယဝင်ရန် ချန်လွေ့တွင် အကြောင်းပြချက်များ ရှိနေခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ ချန်လွေ့၏ ကိုယ်ပိုင်စွမ်းအားနှင့် လက်ထဲရှိ စွမ်းအားတို့မှာ မလုံလောက်သေးပေ။ သူသည် ထိုအင်အားစုနှင့် မယှဉ်နိုင်သေးပေ။ ထို့ကြောင့် သူသည် ယခုအချိန်၌ သည်းခံ၍သာရမည် ဖြစ်သည်။
ထိုအင်အားစုပြဿနာသည် ဝေးလံပြီး အမှောင်လ ပြဿနာမှာ နီးနီးလေးပင် ဖြစ်သည်။ ၎င်းသည် ချက်ချင်း စိုးရိမ်စရာ ဟုတ်မဟုတ်ပင် ကွာသည်။ ချက်ချင်းလှုပ်ရှားရန် အရေးကြီးသော်လည်း သုံးလေးရက်ကြာလျှင် အသီနာ၏ အသက်၂၀ပြည့် မွေးနေ့ရောက်မည် ဖြစ်သောကြောင့် ချန်လွေ့သည် နောက်ထပ် နှစ်ရက်ကျော် ထပ်စောင့်ရဦးမည် ဖြစ်ပေသည်။
အသီနာက ထိုအကြောင်းကို ချန်လွေ့အား ပုံမှန်ပင် သတိပေးခဲ့သည်။ အမှန်တကယ် ချန်လွေ့သည် ၎င်းကို စိတ်ထဲ၌ အမြဲမှတ်ထားခဲ့သည်။ အသီနာက ချန်လွေ့၏မျက်နှာပေါ်ရှိ “ ကိုယ်နားလည်ပါတယ် ” ဟူသော အမူအရာကို မြင်သည့်အခါ ရှက်သွေးဖြာသွားခဲ့သည်။
အမှန်တကယ်တွင် ချန်လွေ့သည် ထိုနေ့ကို အမြဲ မှတ်မိနေခဲ့သည်။
အဲလစ်လည်း အသီနာ၏မွေးနေ့ကို မှတ်မိခဲ့ပြီး အောင်ပွဲခံရန် ကြိုတင်ထုတ်ပြောခဲ့သည်။ လိုလီလေး၏ရည်ရွယ်ချက်မှာ ယခင်တစ်ခေါက်က ခီရာ ယူလာခဲ့သော အရသာရှိသည့် ကိတ်မုန့် ဖြစ်နိုင်သော်လည်း သူငယ်ချင်းဖြစ်သူ၏ မွေးနေ့ကို သတိရခြင်းမှာ ကောင်းလှပေသည်။
အသီနာက ၎င်းကြောင့် ရင်ထဲထိသွားခဲ့သည်။ ယခင်တစ်ခေါက် ခီရာက ကိတ်မုန့်ယူလာခဲ့စဉ် ချန်လွေ့သည် အပြင်မှ ပြန်ရောက်လာပြီဖြစ်ကြောင်း လိုလီလေး သိသွားခဲ့သည်။ ကံဆိုးစွာပင် သူသည် ငှက်တောင်ဖြူနယ်မြေသို့ သွားခဲ့ရပြီး ချန်လွေ့ပြန်လာစဉ် မတွေ့ခဲ့ရပေ။ ယခုတစ်ခေါက်တွင် အသီနာ စိတ်ကောင်းနေချိန်၌ အဲလစ်သည် အခွင့်ကောင်းယူကာ တောင်းဆိုချက်တစ်ခု ပြုလုပ်ခဲ့သည်။
ရှီလန်တောင်သို့သွားရန် ချန်လွေ့ကို အသီနာ အဖော်ပြုခဲ့သောအခါ အဲလစ်သည် ဝိုင်ဗန် စီးရခြင်းကို မနာလိုဖြစ်နေခဲ့သည်။ အဲလစ်၏ တောင်းဆိုချက်မှာ ဝိုင်ဗန်တစ်ခေါက်စီးပြီး နဂါးနိုင်သူရဲကောင်း ဖြစ်ရခြင်း၏ ခံစားချက်ကို ခံစားရရန် ဖြစ်သည်။
ယခင်က ချန်လွေ့သည် မလိုအပ်သော ပြဿနာများ မဖြစ်စေချင်သည့်အတွက် စွမ်းအားမပြည့်မီကြောင်း ဆင်ခြေပေးကာ လက်ရှိတွင် ဝိုင်ဗန်၏အဆိပ်ကို လုံးဝပယ်ဖျက်နိုင်ရန် ဖြေဆေးမရှိကြောင်း ပြောခဲ့သည်။ ထို့ကြောင့် အဲလစ်သည် ၎င်းကိုစီးနင်းရန်အတွက် အမြင့်ဆင့်နတ်ဆိုးသို့ ရောက်ရှိရပေမည်။ နဂါးနိုင် သူရဲကောင်းများသည် အဆိပ်များနှင့် နေ့စဉ်ထိတွေ့နေရသည့်အတွက် ရုပ်ပျက်နိုင်ကြောင်း စသဖြင့် ပြောခဲ့သည်။ ထိုပြဿနာသည် လိုလီလေးကို အချိန်အတော်ကြာ ကြောက်လန့်စေခဲ့သည်။
သို့သော် အချိန်ကြာလာသည်နှင့်အမျှ ချန်လွေ့ ကိုယ်တိုင်ပင် အချိန်ဆွဲခဲ့သော ဆင်ခြေကို မေ့တော့မလို ဖြစ်သွားခဲ့သည်။ သို့သော် လိုလီလေးက ၎င်းကို အမြဲပင် မှတ်မိနေသည်။ နောက်ဆုံး၌ “ဖြေဆေး”ကို အောင်အောင်မြင်မြင် ဖော်ထုတ်နိုင်ခဲ့ပြီဖြစ်ကြောင်း အသီနာထံမှ အဲလစ် သတင်းရရှိသွားခဲ့သည်။
အမှန်တွင် အသီနာသည် မိမိကဲ့သို့ပင် အဲလစ်သည်လည်း အဆိပ်နဂါး၏ဦးချိုထိပ်တွင် နှစ်ရာနှင့်ချီမှ စုစည်းရရှိသော ကျောက်စိမ်းပုလဲ အမြုတေကို စားသုံးခဲ့ကြောင်း ချန်လွေ့ထံမှ ကြားခဲ့ရသည်။ ၎င်းတွင် ပြင်းထန်သော ထာဝရ အဆိပ်-ဆန့်ကျင် စွမ်းရည် ရှိသည်။ ဝိုင်ဗန်အဆိပ်သည် သူ့ကို လုံးဝ ထိခိုက်နိုင်တော့မည်မဟုတ်ပေ။ ထို့ပြင် ချန်လွေ့သည် မိမိနိုးထလာကြောင်းကို အဲလစ်အား မဖုံးကွယ်ထားခဲ့ပေ။ အဲလစ်ကလည်း ချန်လွေ့၏ လျို့ဝှက်ချက်များကို ဖုံးကွယ်ပေးထားသည်။ သူ့ကို တစ်ခေါက် “ပျံသန်း”ရန်အတွက် ခေါ်သွားရသည်မှာ ပြဿနာ မဟုတ်လောက်ပေ။
“ တိုက်ပွဲဘောလုံး အဖွဲ့ဝင်တွေအတွက် နောက်ဆုံး လူရွေးဖို့အတွက် စစ်တန်းလျားကို ဒီနေ့ သွားရမှာမလို့ ငါ မလိုက်တော့ဘူး။ ”
အသီနာက လိုလီလေးနှင့် ချန်လွေ့တို့အရှေ့၌ ရက်ရက်ရောရော ပြောခဲ့သည်။
“ အဲလစ်။ ငါ ချန်လွေ့ကို နင့်ဆီ တစ်ရက် ငှားလိုက်မယ်။ ”
ငှားတယ် ဟုတ်လား။ ချန်လွေ့၏ အမူအရာ ကြက်သေသေသွား၏။ ရည်းစားဆိုတာက ဒီလိုမျိုး လွယ်လွယ်လေး ပေးပစ်လို့ မရဘူးလေ။
အဲလစ်၏ မျက်လုံးဝိုင်းဝိုင်းများ အရောင်လက်သွားသည်။ အသီနာ မလိုက်ဘူးလား။ ဒါဆို ငါနဲ့ချန်လွေ့.... နှစ်ယောက်တည်းပေါ့။ ဒါက ငါ့အတွက် အခွင့်အရေးတွေ ဖန်တီးပေးနေတာလား။
..... အသီနာ၊ နင်က တကယ့်ကို ကောင်း..ကောင်း. ကောင်းတဲ့ သူငယ်ချင်းတစ်ယောက်ပဲ။ ပစ္စည်းကောင်းကို အချင်းချင်း မျှဝေပေးတယ်။
“ ဒီနေ့ အဲလစ်ကို ပျော်အောင် လုပ်ပေးလိုက်။ ”
အသီနာက ထိုသို့ပြောပြီး ချန်လွေ့ကို “ လုပ်ကိုလုပ်ရမယ် ” ဟူသော အကြည့်ကြည့်ပြီး စစ်တန်းလျားဘက်သို့ ဦးတည်သွားတော့သည်။
ထိုလီလိုလေး၏ ပျော်ရွှင်မှုသည် အခြားသူများ၏ နာကျင်မှုပေါ်၌ တည်ဆောက်ထားခြင်း ဖြစ်နိုင်ပေသည်။ “ပစ္စည်းကောင်း” အဖြစ်သို့ လျော့ကျသွားသော တစ်စုံတစ်ယောက်သည် လိုလီလေး မျက်လုံးအရောင်တောက်သွားသည်ကို မြင်သွားပြီး အသိလစ်အောင် ခေါင်းရိုက်ရန် အထူးတလည် အသုံးပြုသော တုတ်ချောင်းအကြောင်း တွေးမိသွားကာ ရုတ်တရက် ကြက်သီး တဖြန်းဖြန်း ထသွားတော့သည်။
ဒီနေ့ကို အဲလစ်က စီစဉ်မယ်ဆိုရင်တော့ ဝိုင်ဗန်ကို သူ အမှောင်လမြို့ပေါ် နိမ့်နိမ့်လေး ပျံမှာ စိုးရိမ်ရတယ်။ ဒါက တော်တော်ဆိုးတဲ့ စမ်းသပ်မှုပဲ။ ချန်လွေ့က ဝိုင်ဗန်သည် မိုးသစ်တောမည်းတွင်ရှိပြီး ဆင့်ခေါ်ရန် နေ့တစ်ဝက်ကြာမည် ဖြစ်ကြောင်း ဆင်ခြေပေးခဲ့သည်။ သူက အဲလစ်ကိုခေါ်ပြီး မြို့အနှံ့လျှောက်သွားခဲ့သည်။ အဲလစ် မဆန့်ကျင်ရန် အတွက်လည်း တစ်ခုခု ဝယ်သွားပေးခဲ့သည်။ ယနေ့တွင် အဲလစ်သည် ထူးထူးခြား စိတ်ရှည်နေသည်။ သူက အလွန်ပင် ရိုသေကျိုးနွံနေ၏။ သူ၏မျက်နှာသည် အမြဲပင် ပြုံးနေပြီး ကန့်ကွက်သည့် အရိပ်အယောင် အနည်းငယ်ပင် မရှိချေ။
ထိုအချိန်တွင် ချန်လွေ့သည် ပုံရိပ်ယောင်လေလား ဟူ၍ ထင်မိလုမတတ် ဖြစ်သွားသည်။ ဒီစကားနားထောင်တဲ့ ချစ်စရာ လိုလီလေးက တကယ်ကြီး အဲဒီ ထူးဆန်းတဲ့ စိတ်နှလုံးမကောင်းတဲ့ လောဘကြီးတဲ့ လိုလီလေးလား။ ဒီရက်ပိုင်း မင်းသမီး လက်လီစတိုးမှာ လေ့ကျင့်ပြီးသွားတော့ သူ့ရဲ့ ပုံမှန်ပုံစံအတိုင်း ပြန်ဖြစ်သွားတာလား။
တစ်စုံတစ်ယောက်၏ မန္တရားကြောင့် မဟာနတ်ဆိုးဘုရားသခင်သည် နောက်ဆုံး၌ အနန္တတန်ခိုးရှိသော ဘယ်မျက်လုံးကို ဖွင့်ခဲ့လေပြီ။
သို့ရာတွင် စိတ်ကူးနှင့် လက်တွေ့ကြားတွင် လုံးဝ ကွဲပြားမှုတစ်ခု ရှိနေသည်။ စိတ်နှလုံးမကောင်းသည့် လိုလီလေး၏ အစွယ်များ ထွက်ပေါ်လာပြီး အချို့ ထူးထူးဆန်းဆန်း အကြံအစည်များသည် ချန်လွေ့ကို ချက်ချင်းပင် ထွက်ပြေးချင်စိတ် ဖြစ်စေသည်။ အရိုးရှင်းဆုံးကိစ္စ၌ အဲလစ်သည် ချန်လွေ့အား [ အသွင်ပြောင်း ] အစွမ်းသုံးပြီး ငြိမ်ဝပ်ပိပြားရေးအရာရှိ မျက်နှာကိုဖုံးကွယ်ကာ မင်းသမီး သရုပ်နှင့် လိုက်ဖက်သော အမျိုးပုံစံပြောင်းရန် “ ပါးပါးနပ်နပ် ” အကြံပြုသည်။ ထို့နောက်တွင် အဲလစ်က “အလွန်ကြင်နာစွာဖြင့်” ချန်လွေ့အား အမျိုးသမီအတွင်းခံ ရွေးရန် ခေါ်သွားတော့သည်....
ရက်စက်သော အမှန်တရားကို လုံးဝသဘောပေါက်သည့်အတွက် ချန်လွေ့သည် လူများ ပိတ်ပိတ်တိုးနေသာ အမှောင်လမြို့ထဲ၌ လိုလီလေးနှင့်အတူ လျှောက်သွားခြင်းသည် မည်မျှ ပညာမဲ့ကြောင်း သဘောပေါက်သွား၏။ သူသည် ချက်ချင်းပင် အဲလစ်ကို အမှောင်လမြို့မှ ခေါ်ထုတ်သွားပြီး ချို၃ချောင်း ကြံ့နှင့်အတူ ဆင်ခြေဖုံးဒေသ နေရာတစ်ခုသို့ ရောက်ရှိလာခဲ့သည်။
လိုလီလေးကို “အကြံကောင်း” အသစ်တစ်ခု ရရှိစေရန် မစောင့်ဘဲ ချန်လွေ့က ဝိုင်ဗန်တစ်ကောင်ကို တိတ်တိတ်လေး ဆင့်ခေါ်ခဲ့သည်။ သူသည် အကြံအစည် အကောင်အထည်ဖော်ရန် လိပ်ပြာနီ နယ်မြေသို့ သွားရမည် ဖြစ်သောကြောင့် ထိုဝိုင်ဗန်ကို လွန်ခဲ့သော သုံးလေးရက်က ပြင်ဆင်ထားခြင်း ဖြစ်သည်။ သူသည် အဲလစ်၏ “တိုက်ခိုက်မှု”ကို သည်းမခံနိုင်တော့သည့်အထိ ထိုဝိုင်ဗန်ကို ကြိုတင် ထုတ်ပြလိုက်ရခြင်း ဖြစ်သည်။
အသီပြောသည့်အတိုင်းဆိုလျှင် အဲလစ်၏ သားရဲ ထိန်းကျောင်းစွမ်းရည်မှာ အလွန်ဆိုးဝါးလှသည်။ ထို့ကြောင့် ဝိုင်ဗန်နှင့် တစ်ကိုယ်တည်း ပျံသန်းရန်မှာ အလွန်ပင် အန္တရာယ်များလှသည်။ [ သရုပ်ခွဲမျက်လုံး ] အဆက်အသွယ် ရှိသော်လည်း စိုးရိမ်သည့်အတွက် ချန်လွေ့သည် အဲလစ်နှင့်အတူ ဝိုင်ဗန်ပေါ်သို့ တက်လိုက်သည်။
ဝိုင်ဗန်တွင် ကုန်းနှီးကဲ့သို့သော အကာအကွယ် တန်ဆာပလာများ မရှိရုံသာမက ချိန်းကြိုးများဖြင့် ချုပ်နှောင်ထားခြင်း မရှိပေ။ အသီနာ ပျံသန်းသည် မြင်ဖူးပြီး ချန်လွေ့အပေါ်လည်း ယုံကြည်သည့် အတွက် အဲလစ်သည် ကြောက်စရာ လေသားရဲနတ်ဆိုးကို မြင်သည့်အခါ ကြောက်ရွံ့မနေဘဲ စိတ်လှုပ်ရှားနေခဲ့လေသည်။
ချန်လွေ့၏ “သားရဲထိန်းကျောင်းစွမ်းရည်” သည် အဲလစ်ကို စိတ်မပျက်စေခဲ့ပေ။ ဝိုင်ဗန်သည် အသာအယာ ခါးကိုင်းပြီး သူတို့နှစ်ယောက်ကို ကျောပေါ်သို့ တက်စီးရန် ခွင့်ပြုလိုက်သည်။ ချန်လွေ့ ညွှန်ကြားသည့်အတိုင်းပင် အဲလစ်သည် ဝိုင်ဗန်နောက်မှ ထိုးထွက်နေသောအရိုးကို ဆုပ်ကိုင်ထားလိုက်သည်။ ဝိုင်ဗန်သည် ဂရစ်ဖင်းကဲ့သို့ ပြေးသွားရန် မလိုပေ။ ၎င်း၏အားကြီးသော ခြေထောက်ဖြင့် ကန်ပြီးနောက် တောင်ပံခတ်ကာ လေထဲသို့ တစ်ခါတည်း ပျံတော့သည်။
စတင်ထွက်ခွာစဉ်က ဆွဲအားဗဟို မတည်ငြိမ်မှုမှ လွဲ၍ လေထဲသို့ ဝိုင်ဗန် ပျံသန်းခြင်းသည် ပို၍တည်ငြိမ်လှသည်။ အဲလစ်၏ အလယ်ဆင့်နတ်ဆိုး ကနဦးပိုင်း စွမ်းအားသည် ၎င်းကို ထိန်းချုပ်ရန်အတွက် လုံလောက်ပေသည်။
စတင်ထွက်ခွာစဉ်က အဲလစ် အနည်းငယ် ကြောက်နေသော်လည်း ယခုတွင် သူလုံးဝ စိတ်အေးလက်အေး ဖြစ်သွားခဲ့သည်။ ဒီဝိုင်ဗန်က အကြီးကြီးပဲ။ အရင်တစ်ခါ အသီနာနဲ့ ချန်လွေ့တို့ ရှီလန်တောင်ကို သွားခဲ့တဲ့အငယ်ကောင်တွေ မဟုတ်ဘူး။ ဒါက အမြင့်ဆင့်နတ်ဆိုးစွမ်းအားရှိတဲ့ အရွယ်ရောက်ပြီး ဝိုင်ဗန်ပဲ ဖြစ်မယ်။ ထိုသို့တွေးပြီးနောက် အဲလစ်သည် စိတ်မလှုပ်ရှားဘဲ မနေနိုင်တော့ပေ။
အမှန်တွင် လိုလီလေး အထင်မှားနေခြင်း ဖြစ်သည်။ ထိုဝိုင်ဗန်၏ စွမ်းအားအစစ်အမှန်မှာ နတ်ဆိုးဘုရင်အဆင့် နှောင်းပိုင်း ဖြစ်သည်။ ၎င်း၏ သက်လုံနှင့် ပျံသန်းစွမ်းရည်မှာ အလွန်ပင် ထူးချွန်လှသည်။ ၎င်းသည် ချန်လွေ့အား အသံတိတ်ည စိမ့်မြေမှ အမှောင်လနယ်မြေသို့ ခေါ်ဆောင်လာပေးခဲ့သည်။ ၎င်းကို စီးတော်ယာဉ်အိုအဖြစ် သတ်မှတ်၍ရနိုင်ပေသည်။
ချန်လွေ့၏ ညွှန်ကြားမှုအောက်တွင် ဝိုင်ဗန်သည် အဲလစ်၏ ညံ့ဖျင်းသော သားရဲထိန်းကျောင်း စွမ်းရည်အတိုင်း အနိမ့်အမြင့် ဦးတည်ဘက် အမျိုးမျိုး ပြောင်းလဲတော့သည်။ လိုလီလေးသည် အလွန်အမင်း စိတ်လှုပ်ရှားနေခဲ့သည်။ ကောင်းကင်ထဲ၌သာမဟုတ်လျှင် သူသည် ပျော်ရွှင်စွာဖြင့် ထခုန်နေမည်မှာ သေချာသည်။
“ ဘယ်ဘက်ကို ယိမ်း။ နောက်ထပ် ဘယ်ပြန်သွား။ ကြယ်အမြောက်ကို ပစ်တော့။ ”
လိုလီလေးသည် သတ္တိရှိရှိရပ်နေသော်လည်း ခန္ဓာကိုယ်ကို တည်ငြိမ်စေရန်အတွက် ထိုးထွက်နေသောအရိုးကို ကိုင်ထားဆဲပင် ဖြစ်သည်။ သူသည် လက်ထဲ၌ စွမ်းအားအနည်းငယ်ထုတ်ပြီး အနက်ရောင် မီးဘောလုံးငယ်တစ်ခုကို ရှေ့သို့ ပစ်လွှတ်လိုက်သည်။ ထိုမီးဘောလုံးငယ်လေး၏ စွမ်းအားမှာ မပြောပလောက်သော်လည်း ထိုထဲရှိ လျို့ဝှက်ဆန်းကြယ်သော ဥပဒေသည် ချန်လွေ့ပင် လျစ်လျူရှုနိုင်သောအရာမျိုး မဟုတ်ပေ။ ၎င်းမှာ လူစီဖာတော်ဝင်မိသားစု၏ သွေးမျိုးဆက်ပါရမီ ဖြစ်သော [ မီးတောက်နက် ] ပင် ဖြစ်၏။
[ မီးတောက်နက် ] သည် မီးဒြပ်စင်စွမ်းအားတစ်ခု လုံးဝမဟုတ်သလို အမှောင်ဒြပ်စင်စွမ်းအားလည်း မဟုတ်ပေ။ ၎င်းသည် တစ်ခုတည်းသော ဖျက်ဆီးခြင်း ဥပဒေ ဖြစ်သည်။ ၎င်းသည် အရာအားလုံးကို လျစ်လျူရှုနိုင်သော ဖျက်ဆီးမှု ဖြစ်သည်။ ၎င်း၏ ဂုဏ်သတ္တိများမှာ နိဗ္ဗာန်မီးတောက်နှင့် လုံးဝ ဆန့်ကျင်ဘက်ပင် ဖြစ်လေသည်။
“ လျှပ်စစ်သံလိုက် ဒိုင်းကာကို ဖွင့်လိုက်။ ”
“ အာကာသခုန်လွှားဖို့ ပြင်တော့။ ”
လိုလီလေးသည် ယခင်တစ်ခေါက် ချန်လွေ့ ပြောခဲ့ဖူးသော ဇာတ်လမ်းထဲရှိ ဇာတ်ကောင်နေရာတွင် လုံးဝ စိတ်နစ်ဝင်နေပြီ ဖြစ်သည်။ ကံကောင်းစွာပင် ချန်လွေ့သည် နံနက်ခင်းအစောပိုင်း၌ အဲလစ်အား စည်းကမ်းများအကြောင်း ပြောပြပြီးပြီ ဖြစ်သည်။ သူတို့သည် အမှောင်လမြို့နားသို့ ကပ်၍မရပေ။ သို့မဟုတ်ပါက အဲလစ်သည် လန်ဒန်မြို့ပေါ်က သိမ်းငှက်များထဲမှ ဧည်သည့်ကြယ်တစ်ပွင့်...အဲ..အမ်း.... အမှောင်လမြို့ ပေါ်က လိုလီလေးတစ်ယောက် ဖြစ်သွားပေမည်။
အာကာသ ခံတပ် နေရာ သရုပ်ဆောင်ပြီး ပျင်းလာသည့်အခါ လိုလီလေး၏ ခေါင်းပေါ်၌ အမွေးပွ အနက်ရောင်နားရွက်တစ်စုံ ရုတ်တရက်ဖြစ်သွားသည်။ ထူးဆန်းသော ကြောင်နားရွက်များ မည်သည့်နေရာကမှန်းမသိ ထွက်လာခြင်း ဖြစ်သည်။ သူ၏ လည်ပင်း၌လည်း ခေါင်းလောင်း အသေးလေး တစ်ခု ချိတ်ဆွဲထားပြီး လေတိုက်သည့်အခါတိုင်း တချွမ်ချွမ် အသံများ ထွက်နေတော့သည်။
“ ညောင် ”
လိုလီလေးက ကျီစယ်သည့်သဘောဖြင့် အော်ခေါ်လိုက်သည်။ ချန်လွေ့သည် အဲလစ်၏ စကတ်နောက်တွင် မမြင်ရသော အမြီးတစ်ချောင်း တလှုပ်လှုပ်ဖြစ်နေသည်ကို မြင်နေရဟန်တူသည်။ သို့သော်လည်း ၎င်းသည် နတ်ဆိုးမလေး၏ အမြီး မဟုတ်ဘဲ.... ကြောင်အမြီးနှင့် တူနေသည်။
နေပါဦး။ ဒါက ကြောင်.... ကြောင်နားရွက်နဲ့ လိုလီလေးလား။
ချန်လွေ့ အံ့အားသင့်သွား၏။ လိုလီလေးက နတ်ဆိုးဘုံမှာ အနုပညာ “အမျိုးအစား” အသစ်တစ်ခုကို ဖန်တီးတော့မှာလား။
ထိုအချိန်၌ လိုလီလေးသည် ကောင်းကင်ကို လက်ညှိုးထိုးလိုက်သည်။ သူ၏တင်ပါးနောက်မှ မမြင်ရသော အမြီးသေးသေးလေး လှုပ်ရမ်းသွားပြီး လေတိုက်နှုန်းကို ဆန့်ကျင်သော မာနကြီးသည့် အသံတစ်သံ ပြုလုပ်လိုက်သည်။ ၎င်းသည် အတော်လေး လွှမ်းမိုးနိုင်ပုံရသည်။
“ ကြောင်တွေကို လူသားတွေ ထပ်ပြီးတော့ မတားဆီးနိုင်တော့ဘူး။ ”
( ချန်လွေ့ : ....... )
ဒါက လိုလီလေးက တကယ်ပျော်နေတဲ့ ပုံစံပဲ ဖြစ်မယ်။ ပိုက်ဆံပဲစိတ်ရှိတဲ့ ပုံစံက သူ့အစ်မ ရှီရာနဲ့ ပိုတူတယ်။ တစ်နေ့လုံး စီးပွားရေး စီမံရတော့ သူ့အတွက် ခက်ခဲမှာ အမှန်ပဲ။ ဘယ်လိုပဲဖြစ်ဖြစ် သူက အရွယ်မရောက်သေးတဲ့ ကလေးလေး တစ်ယောက်ပဲပေ။
အသီနာပြောတဲ့အတိုင်း ဒီနေ့ အဲလစ်ကို တကယ်ပျော်အောင် လုပ်ပေးရမယ်။
အချိန်အတော်ကြာ မပင်မပန်း ကစားပြီးနောက် လိုလီလေးသည် တစ်ယောက်တည်း ကစားရသည်ကို စိတ်ကုန်လာဟန်တူသည်။ သူသည် လက်နှစ်ဖက်ကို ဆန့်တန်းပြီး လက်ဝါးကပ်တိုင်ပုံစံ ပြုလုပ်လိုက်သည်။
“ ဂျက် ”
ချန်လွေ့ မတုံ့ပြန်ခဲ့ပေ။ ဒီနာမည်နဲ့လူ ရှိလို့လား။ ဝိုင်ဗန်ရဲ့နာမည်က ဒီနာမည်တော့ မဟုတ်လောက်ဘူး မလား။
“ ဂျက်။ မြန်မြန်လုပ်။ ”
“ အဲလစ်။ ငါ့ကိုခေါ်တာလား။ ”
“ ငါ့ကို အဲလစ်လို့ မခေါ်နဲ့။ ငါ့နာမည်က ရို့စ်။ အခု နားလည်ပြီလား။ ”
လိုလီလေးသည် မျှော်လင့်နေပုံပေါ်သော်လည်း ကံဆိုးစွာပင် ချန်လွေ့သည် နောက်ဘက်မှ မမြင်ရပေ။
ချန်လွေ့ ဇဝေဇဝါ ဖြစ်သွားသည်။
“ ရို့စ် ဟုတ်လား။ ”
“ ဂျက် နဲ့ ရို့စ် လေ။ နင် မမှတ်မိတော့ဘူးလား။ နင်ပြောတဲ့ တိုက်တန်းနစ် ဇာတ်လမ်းထဲကလေ။ ”
တိုက်တန်းနစ်လား။ ချန်လွေ့ ရုတ်တရက် သဘောပေါက်သွားပြီး ပြောစရာစကား မဲ့သွား၏။ သူခိုးနဲ့ မွစာကြဲအသားလား။ အဲဒီဇာတ်လမ်း ပြောတုန်းက ငါဒီလို အသံထွက်ခဲ့တယ်ဆိုတာ သေချာလို့လာား။
ကူကယ်ရာမဲ့ဖြစ်နေပြီးနောက် ချန်လွေ့သည် လိုလီလေး၏ လက်နှစ်ဖက်ကို ကိုင်ထားပေးလိုက်သည်။ သို့သော်လည်း မည်ကဲ့သို့ပင် ကြည့်စေကာမူ ၎င်းသည် အတုအပပြုလုပ်ခြင်းသာ ဖြစ်၏။ သင်္ဘောနှင့် နတ်ဆိုးသားရဲတို့၏ ကွာခြားချက်ကို လျစ်လျူရှုလိုက်မည်ဆိုလျှင် လူနှစ်ယောက်၏ အရပ်အမြင့်မှာ အတော်လေး ကွာခြားလှသည်။
သို့သော်လည်း အဲလစ်က ၎င်းကို ဂရုမစိုက်ပေ။ အချိန်အတော်ကြာ “ပျံသန်း”ပြီးနောက် အဲလစ်က ကျောမှီလိုက်သည်။ ချန်လွေ့လည်း အဲလစ် ပြုတ်ကျမည်စိုးသည့်အတွက် ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင် အမြန်ပြုလုပ်လိုက်သည်။ သို့သော်လည်း နာမည်ဆိုးဖြင့် ကျော်ကြားသော လိုလီလေးသည် နောက်သို့လှည့်ပြီး ချန်လွေ့၏ မျက်နှာကို “အလိုက်သင့်” နမ်းချင်နေဟန်တူသည်။ ကံကောင်းစွာဖြင့် အရပ်အမြင့် ကွာခြားခြင်းကြောင့် လိုလီလေးသည် ခြေဖျားထောက်ရင်း မရပ်နိုင်သည့်အတွက် သူ၏ကြိုးပမ်းမှု ကျရှုံးခဲ့ရလေသည်။
ချန်လွေ့သည် ၎င်းကို မမြင်ဟန်ဆောင်ခဲ့သော်လည်း သူ၏စွပ်ကျယ်တွင် ချွေးများစိုနေ၏။ အရင်တစ်ခေါက်က သူနည်းနည်း သိမ်မွေ့တယ်။ ငါ့ကို ချောင်းရိုက်ပြီး နမ်းခဲ့တယ်။ ဒီတစ်ခေါက် သူက တော်တော်လေး ရဲနေတယ်။ သူက တကယ့်ကို အတွင်းကျကျ သရုပ်ဆောင်နေတာပဲ။
အဲလစ်၏ ပထမဆုံးအစီအစဉ် အလုပ်မဖြစ်ခဲ့ပေ။ ထို့ကြောင့် နောက်အစီအစဉ်တစ်ခု ထပ်လုပ်သည်။ အဲလစ်က “ ပင်ပန်းနေပြီ ” ဟု အော်ဟစ်လိုက်ပြီး နောက်သို့ လဲကျသွားခဲ့သည်။ ချန်လွေ့သည် ပြင်ဆင်ထားပြီး ဖြစ်သည့်အတွက် အဲလစ်၏ ပုခုံးကို လက်ဖြင့် အသာအယာ ထောက်ပေးလိုက်သည်။ တစ်ဖက်က တမင်တကာ ရှောင်နေသည်ကို လိုလီလေး ခံစားမိလိုက်သည့်အတွက် မကျေမနပ်ဖြင့် နှုတ်ခမ်းစူလိုက်သည်။
“ မင်း ပင်ပန်းနေပြီဆိုရင် အောက်ကို ပြန်ဆင်းကြတာပေါ့။ ”
ချန်လွေ့ ပြောလိုက်သည်။ ဝိုင်ဗန်လည်း စတင် အရှိန်လျှော့ပြီး ဖြည်းဖြည်းချင်း ဆင်းသက်သွား၏။
ထိုလုပ်ရပ်က အဲလစ်ကို ပို၍ပင် စိတ်ဆိုးသွားစေသည်။ သူ၏ မတရားခံရသော မျက်နှာသည် ငိုတော့မလို ဖြစ်နေသည်။ လိုလီလေး၏ သရုပ်ဆောင်စွမ်းရည်ကို ထိပ်တန်းဖြစ်ကြောင်း ချန်လွေ့ သိသည်။ သို့သော်လည်း သူသည် ယနေ့တွင် အဲလစ်ကို သည်းခံရမည် ဖြစ်သည်။
လိုလီလေး စိတ်ဓာတ်ကျနေစဉ် နှာခေါင်းမှ ရုတ်တရက် သွားရည်ယိုစရာ အနံ့တစ်ခု ရသွားပြီး သူ၏အရှေ့ ပန်းကန်ပြားပေါ်မှ ကိတ်မုန့် အသေးလေးတစ်ခုကို မြင်လိုက်ရသည်။ မဟုတ်ဘူး။ ဒါက ကိတ်မုန့် မဟုတ်နိုင်ဘူး။ ဒါက ပိုပြီးမာတယ်။ သလင်းကျောက်လိုမျိုးပဲ။ ပြီးတော့လည်း ပိုနူးညံ့တယ်။ ပိုချစ်စရာကောင်းတယ်။ အနံ့ကလည်း တော်တော်လေး ထူးခြားတယ်။
လိုလီလေး၏ မျက်လုံးများသည် ၎င်းကို ခဏတာ စိုက်ကြည့်လိုက်သည်။ သူသည် သနားစရာပုံ ဟန်ဆောင်ရန် မေ့လျော့သွားပြီး တိတ်တိတ်လေး တံတွေးမျိုချလိုက်သည်။
“ ဒါက ဘာလဲ။ ”
“ ဒါကို ပူတင်းလို့ ခေါ်တယ်။ ”
ချန်လွေ့၏လက်ထဲ၌ ဇွန်းအသေးလေး တစ်ချောင်း ရှိနေပြီး အဲလစ်ကို ကမ်းပေးလိုက်သည်။
“ မနေ့က ဒါကို အောင်အောင်မြင်မြင် လုပ်နိုင်ခဲ့တယ်။ မင်းက ဒါကို ပထမဆုံး စားရတာ။ အသီနာတောင် မစားရသေးဘူး။ ”
ထိုစကားသည် လိုလီလေး၏မျက်လုံးများကို အရောင်လက်သွားစေ၏။ ဇွန်းကို ကိုင်ထားရင်း နူးညံ့လှသော ပူတင်းကိုကြည့်ကာ စားရန် တွန့်ဆုတ်နေခဲ့သည်။ အချိန်အတော်ကြာပြီးနောက် သူသည် ပါးစပ်ထဲသို့ အနည်းငယ် ခပ်ထည့်ကာ အရသာ ခံလိုက်သည်။ ထို့နောက် သူထပ်ပြီး အောင့်မထားနိုင်တော့။ ပူတင်းတစ်ခုလုံး လျှပ်တစ်ပြက်အတွင်း ကုန်သွားတော့သည်။
တစ်နေ့လုံးနီးပါး ကစားပြီးနောက် အဲလစ် ဗိုက်ဆာနေခဲ့ခြင်းဖြစ်သည်။ ထိုပူတင်းက သူ့၏စားချင်စိတ်ကို ပို၍တိုးစေချင်ခဲ့သည်။ စားပြီးနောက်တွင် မဝသေးကြောင်း သူ ခံစားလိုက်ရသည်။
“ ငါ့ကို နှစ်ခုထပ်ပေး။ ဒါဆိုရင် ခုနက ငါတို့ပျံနေတုန်း နင်ငါ့ကိုဖက်ပြီး အသားယူတဲ့ မယဉ်မကျေး လုပ်ရပ်ကို ခွင့်လွှတ်ပေးမယ်။ ”
ချန်လွေ့ ချက်ချင်းပင် မျက်လုံး လည်လိုက်သည်။ မင်းက “တိုက်တန်းနစ်” ပုံစံ ကစားချင်နေတဲ့သူဆိုတာ အသိသာကြီး။....မင်းက နတ်ဆိုး ဆိုရင်တောင်မှ အမှန်တရားကို ဒီလိုမျိုး လိမ်လည်လို့ မရဘူးလေ။
“ မပေးဘူးဆိုရင် နင်ငါ့ကို ကိုင်ခဲ့တယ်လို့ အစ်မနဲ့ အသီနာကို ပြောလိုက်မယ်.... ”
“ မလုပ်နဲ့။ ” ( မျက်ရည်မထွက်ဘဲ ငိုနေ )
“…” ( လိုလီလေး အေးဆေး ဝါးစားနေ )
“ ငါ ကိတ်မုန့်၊ အကင် နဲ့ ဟော့ပေါ့တွေ စားချင်တယ်။ အဲလိုကြည့်မနေနဲ့။ လူသားအစ်ကို။ နင် နည်းလမ်းတစ်ခု ရအောင်ရှာမယ်ဆိုတာ သိတယ်.... ”
“……”
“…”
( အဲလစ် အတွက် ပျော်စရာနေ့တစ်နေ့ )
( ချန်လွေ့ အတွက် စိတ်ပျက်စရာနေ့တစ်နေ့ )