မွေးနေ့
Vol. 22 Ch. 318
နောက်ဆုံး၌ ချန်လွေ့သည် သူ၏တာဝန်ကို ခက်ခက်ခဲခဲနှင့် ပြီးမြောက်သွားတော့သည်။ သူ တော်တော်လေး ပင်ပန်းသွားခဲ့သည်။ တစ်ခါတစ်ရံ၌ အဲလစ်ကို ရင်ဆိုင်ရခြင်းသည် နတ်ဆိုးဘုံ၏ ထိပ်တန်းပဏ္ဍိတကို ရင်ဆိုင်ရသည်ထက် ပို၍ခက်ခဲလှပေသည်။
မဆုံးမရှိ ပေါ်ထွက်လာသော တစ်မူထူးခြားသည့် အသေးစိတ်များကြောင်း ချန်လွေ့ အလွန် ပင်ပန်းခဲ့သော်လည်း လိုလီလေး၏မျက်နှာပေါ်မှ စစ်မှန်ပြီး ပျော်ရွှင်သော အပြုံးကို မြင်ရခြင်းသည် အတော်လေး ထိုက်တန်လှပေသည်။ ဤကဲ့သို့ အပြုံးမျိုးကို ပြန်မြင်ရရန်အတွက် အချိန် အတော်ကြာဦးမည် ဖြစ်သည်။
ထွက်မသွားခင်အချိန်သည် အမြဲပင် မြန်ဆန်လှသည်။ မူလက အပေါ်ယံ၌ တိတ်ဆိတ်နေသော ငြိမ်ဝပ်ပိပြားရေးအရာရှိ အိမ်သည် ယနေ့ညတွင် အလွန်လှုပ်ရှားနေ၏။ ဝင်းထဲ၌ ချန်လွေ့၊ ပါ့ဂ်လီအို၊ ရိုမန်၊ ဒေလီယာ၊ ခီရာ နှင့် အဲလစ်တို့ အတူတူ စုဝေးလိုက်ကြသည်။ ဒိုဒိုနှင့် မြင်းနက်လေးတို့လည်း ထိုနေရာ၌ ရှိကြသည်။ သို့သော် ယနေ့ည အဓိကဇာတ်ဆောင်မှု အသီနာပင် ဖြစ်၏။
“ အသီနာနဲ့အတူတူ ခွက်တိုက်လိုက်ရအောင်။ ”
လိုလီလေးက ခွက်ကို မြင့်မြင့်မြှောက်လိုက်သည်။
အားလုံး မတ်တပ်ရပ်ပြီး ခွက်များကို အသီနာထံသို့ မြှောက်လိုက်သည်။ အရပ်အမြင့်ကြောင့် လိုလီလေးသည် ခွက်မြှောက်ရန် လက်တစ်ဖက်သာ ရှိသည်။ သို့သော်လည်း ထိုကောင်မလေးသည် ချက်ချင်းပင် ခွေးခြေပေါ်၌ မတ်တပ်ရပ်လိုက်ရာ အခြားသူများထက် အနည်းငယ် ပိုမြင့်သွားသည်။ မည်သူမှ သူ့ကို အပြစ်မတင်သလို ချန်လွေ့ကလည်း သူအရက်သောက်သည်ကို မတားဆီးပေ။ အကြောင်းမှာ ယနေ့သည် အသီနာ၏မွေးနေ့ ဖြစ်သောကြောင့်ပင်။
ဝင်းထဲ၌ စားစရာမျိုးစုံ၏ ရနံ့များဖြင့် ပြည့်နှက်သွားသည်။ ကျောက်မီးသွေးပေါ်သို့ အကင်မှဆီများ ကျနေသော တရှဲရှဲ အသံများသည် သူတို့ကို သွားရည်ကျစေ၏။ အချို့ကိုမူ သံပြားပေါ်၌ တိုက်ရိုက်တင်ထားသည်။ အသားအပြင် ဟင်းသီးဟင်းရွက်နှင့် ငါးများလည်း ရှိသည်။ “တက်ပါယာကီ”ဟု ချန်လွေ့ခေါ်သော အစားအစာသည် နတ်ဆိုးဘုံ၌ ပထမဆုံး “ပေါ်ထွက်” လာခဲ့ပြီး လူအများ၏ ချီးမွမ်းခြင်းကို ခံရသည်။ အကင်သည် ယနေ့ စားကောင်းသောက်ဖွယ်များမှ တစ်ခုသာ ဖြစ်သည်။ ထိုညစာအတွက် ချန်လွေ့သည် နှစ်ရက်ကြာ အထူးပြင်ဆင်ခဲ့ခြင်း ဖြစ်သည်။
ပတ်ဝန်းကျင်သည် လူများကို လေ့ကျင့်ရန် အကောင်းဆုံး ဖြစ်သည်။ အမှန်တကယ်၌ သူသည် မိမိကိုယ်သာ ဂရုစိုက်နိုင်သော အိုတာခု တစ်ယောက် ဖြစ်ပြီး ချက်နိုင်ပြုတ်နိုင်ရုံသာ ဖြစ်သည်။ နတ်ဆိုးဘုံသို့ ရောက်လာပြီးနောက် သူသည် “ သွေးခြင်း ” ဖြစ်ရပ်များကို ကြုံတွေ့ခဲ့ရပြီး စစ်သည်များ၊ ယန္တရားဆရာသခင် နှင့်မှော်ပညာရှင် အပြင် ခေါင်ဆောင်ခြင်းသည်လည်း သူ၏ “ကျွမ်းကျင်မှု” တစ်ခုအဖြစ် သတ်မှတ်နိုင်ခဲ့သည်။
ရယ်သံများနှင့် မြူးကြွသော အခြေအနေသည် ချန်လွေ့အား ကောလိပ်တက်စဉ်က အနီးအနား စားသောက်ဆိုင် အသေးလေးတစ်ခုအတွင်း၌ သူငယ်ချင်း လေးငါးယောက်နှင့်အတူ မွေးနေ့ပွဲ ကျင်းပခဲ့သည်ကို သတိရသွားစေသည်။ ဘီယာ သုံးလေးပုလင်း၊ အစားပြေစားစရာအချို့နှင့် အကင် အချို့တို့သည် တန်ဖိုးကြီးသော စားသောက်ပွဲ တစ်ခု ဖြစ်သည်။ ထိုစဉ်က အနီးကပ်ရင်းနှီးသော တစ်ကိုယ်တည်း “ အခြောက်သူငယ်ချင်းများ ” သုံးလေးယောက် ရှိသော်လည်း ယခုတွင် သူ၏ လက်ဝါးထဲရှိလက်သည် အလွန်နူးညံ့ပြီး “အစစ်အမှန်” ဖြစ်သည်။ ၎င်းသည် သူ၏ဘဝထဲရှိ အရေးအကြီးဆုံး အမျိုးသမီးဖြစ်ပြီး အစားထိုး၍ မရနိုင်ပေ။ အရိပ်နက်အင်ပါယာမှ ထိပ်တန်း မိန်းမလှ သို့မဟုတ် သူ၏ဘေးမှ ဆွဲဆောင်မှုရှိသော ကဝေမသည်ပင် အစားမထိုးနိုင်ပေ။
အသီနာလည်း မှော်ဆရာခံတပ်၌ မိမိ၏ မွေးနေ့ပွဲကို အဖေဖြစ်သူကျင်းပပေးခဲ့သော မြင်ကွင်းတစ်ခုကို သတိရသွားသည်။ ကွာခြားချက်မှာ ထိုအချိန်၌ အဒေါ်အချို့နှင့် သူ၏အဖေရှိပြီး ယခုတွင် သူအလေးစားရဆုံးနှင့်အချစ်ဆုံးယောက်ျား အနီးအနားတွင် မရှိသော်လည်း သူနှင့်အတူ စစ်မှန်သော မိတ်ဆွေများ ရှိနေခြင်းဖြစ်သည်။ အရေးကြီးဆုံးမှာ သူ ပင် ဖြစ်သည်။ ( သူ့ကို ကျွန်မဆီ ခေါ်ဆောင်လာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ နတ်ဆိုးဘုရားသခင်။ )
“ အသီနာ။ ကိတ်မုန့်ခွဲတော့လေ။ ”
အဲလစ်၏အသံက ချန်လွေ့နှင့် အသီနာတို့၏ လွမ်းဆွတ်မှုများကို နှောင့်ယှက်ခဲ့သည်။ လိုလီလေးသည် ပစ်စလက်ခက် လုပ်နေခဲ့သော်လည်း အလယ်မှ သုံးလွှာ ကိတ်မုန့်ကြီးအပေါ် တပ်မက်မှုကို လက်မလျှော့နိုင်သေးပေ။ ထိုအချိန်၌ အဲလစ်သည် “ အချိုပွဲများများစားရင် ဝလာမယ် ” ဟု တစ်စုံတစ်ယောက် သတိပေးခဲ့သည်ကို မေ့လျော့သွားခဲ့သည်။
ချန်လွေ့က ကိတ်မုန့်ပေါ်မှ ဖယောင်းတိုင် အတိုင်(၂၀)ကို မီးထွန်းညှိလိုက်သည်။ ထိုအချိန်၌ ဖယောင်းတိုင်း၏ အလင်းရောင်သည် ကောင်းကင်ပေါ်ရှိ ခရမ်းရောင် လနှစ်စင်းထက် မမှိန်နေပေ။
အသီနာသည် ပတ်ပတ်လည်မှ သူငယ်ချင်းများကို ဖျပ်ခနဲကြည့်ပြီးနောက် ချန်လွေ့ကို ကြည့်လိုက်သည်။ သူ၏မျက်လုံးထဲ၌ သလင်းကျောက် အရောင်များ လက်လက်သွားပြီး ဖယောင်းတိုင်ကို အသာလေး မှုတ်သည်။ ထို့နောက် မျက်လုံးမှိတ်ကာ ဆုတောင်းလိုက်တော့သည်။
ထို“စည်းမျဉ်း”ကို အဲလစ်၏ “မွေးနေ့အတု”၌ အားလုံး သိခဲ့ပြီးဖြစ်သည်။ အသီနာ မျက်လုံး ဖွင့်လိုက်သည့်အခါ အဲလစ် မနေနိုင်တော့ပဲ မေးလိုက်သည်။
“ အသီနာ။ နင် ဘာဆုတောင်းလိုက်လဲ။ ”
အဲလစ်သည် မိမိသည် အနည်းငယ် လောသွားကြောင်း သိလိုက်သည်။ ဥပမာပြောရလျှင် ယခင်တစ်ခေါက်က သူသည် တိတ်တိတ်လေး ဆုတောင်းခဲ့ခြင်း ဖြစ်သည်။ အသီနာ၏ ဆုတောင်းသည် ထိုသူနှင့် သက်ဆိုင်နေရပေမည်။
“ ငါဆုတောင်းတာက အားလုံးနဲ့ အမြဲတမ်း အတူတူ ရှိနေနိုင်ဖို့ပဲ။ ”
အသီနာဆိုတာ ဒါပဲ။
ဒေလီယာက ရိုမန်ကို ကြည့်လိုက်ပြီး အချင်းချင်း ပြုံးကာ လက်ကိုအသာလေး ဆုပ်ကိုင်ထားလိုက်ကြသည်။ ယခုတစ်ခေါက်တွင် တစ်ချိန်တည်း၌ နတ်ဆိုး ဘုရားသခင်သည် ဘယ်မျက်လုံးရော ညာမျက်လုံးကိုပါ ဖွင့်လှစ်ခဲ့လေပြီ။
ပါ့ဂ်လီအို၏ ဝိုင်ခွက် အနည်းငယ် ရပ်တန့်သွားပြီးနောက် ခေါင်းခါကာ သောက်လိုက်ပြန်သည်။ ၎င်းသည် ဝိုင်တူတူပင် ဖြစ်သည်။ သို့သော်လည်း ထိုတစ်ခွက်သည် ထူးထူးခြားခြား နွေးထွေးနေ၏။
“ အသီနာ ”
အဲလစ်က သူ၏အချစ်ဆုံးသူငယ်ချင်းကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ပြီး မျက်ရည်များ စီးကျလာတော့သည်။
ခီရာလည်း အလွန်အံ့အားသင့်သွားသည်။သို့သော် သူသည် “အားလုံး” နှင့် တဖြည်းဖြည်း အတူတူ ဖြစ်လာသည်ကို စိတ်သက်သာရာ ရသွားသည်။ ( အမေ။ ဒါကိုမြင်ရဲ့လား။ )
ချန်လွေ့လည်း သူချစ်ရသော အမျိုးသမီးအား နက်နက်ရှိုင်းရှိုင်း မြတ်နိုးသော မျက်လုံးများဖြင့် ကြည့်ကာ ပြုံးလိုက်သည်။
“ ဒီဆုတောင်း ပြည့်မှာပါ။ စိတ်ချထားလိုက်။ ”
ပါတီပွဲ ပြီးသွားသောအခါ ညနက်နေပြီ ဖြစ်သည်။ လူအုပ်ကြီးသည် တစ်ညလုံး ပါတီပွဲမကျင်းပခဲ့ဘဲ နားလည်သည့် အမူအရာဖြင့် အသီနာနှင့် ချန်လွေ့တို့အတွက် အချိန် ချန်ထားပေးခဲ့သည်။
ချန်လွေ့က အသီနာ၏လက်ကိုကိုင်ပြီး အပေါ်ထပ်သို့ လမ်းလျှောက်သွားသည်။ ထိုကဲ့သို့ လက်ကိုင်ခြင်းသည် သူတိုနှစ်ယောက်အတွက် ပုံမှန်ဖြစ်နေပြီ ဖြစ်သော်လည်း အသီနာသည် ပထမဆုံး အကြိမ်ကဲ့သို့ပင် ရှက်သွေးဖြာနေ၏။
ပထမဆုံးအကြိမ်သည် မိုးသစ်တောမည်း၌ မိစ္ဆာသစ်သီး သွားယူစဉ်က ဖြစ်သည်။ ထိုအချိန်က ချန်လွေ့သည် အသီနာ၏လက်ကိုကိုင်ပြိး အန္တရာယ်ရှိသော နဂါးထွင်းစာများကို တစ်ခုပြီးတစ်ခု ဖြတ်ကျော်ခဲ့သည်။ ထိုလက်သည် အလွန်နွေးထွေးပြီး စိတ်ချရစေ၏။
အသီနာ အတွေးထဲ နစ်မြောနေစဉ် အခန်းထဲသို့ ရောက်နေပြီဖြစ်သည်။ ချန်လွေ့က အပြင်မှ အသံလုံ မှော်စက်ဝိုင်းကာ အသက်သွင်းကာ တံခါးသေချာပိတ်နေသည်ကို ကြည့်ရင်း အသီနာ၏ မျက်နှာ ရုတ်တရက် နီမြန်းသွား၏။ ဒီလူက ဒါအတွက် တော်တော်ကြာကြာ ပြင်ဆင်ထားတဲ့ပုံပဲ။
ချန်လွေ့သည် ဤနေ့ရက်ကို အချိန်အတော်ကြာ စောင့်ဆိုင်းခဲ့ရလေသည်။
ချန်လွေ့သည် အရာအားလုံးကို အလှဆင်ပြီးနောက် ဘေးဖက်မှ ကြောင်တောင်တောင် ဖြစ်နေသော အသီနာကို လှည့်ကြည့်လိုက်သည်။ သူ အသာလေးပြုံးပြီး ရောက်လာ၏။ အသီနာ ခေါင်းငုံ့နေပြီး ချန်လွေ့ကို မမော့ကြည့်ရဲပေ။
အမှန်တကယ်၌ သူတို့နှစ်ယောက်လုံးသည် ထိုအခိုက်အတန့်ကို စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း အမှန်တကယ် ရောက်ရှိလာသည့်အခါ အသီနာ စိုးရိမ်နေဆဲပင် ဖြစ်သည်။ ချန်လွေ့က အသီနာကို ချီမပြီး အိပ်ယာပေါ် တင်လိုက်သောအခိုက်တွင် အသီနာ၏ခန္ဓာကိုယ်သည် တင်းမာနေခဲ့သည်။
“ မကြောက်ပါနဲ့။ မင်းရဲ့ဖိနပ်ကို ငါ အရင် ချွတ်ပေးမယ်။ ”
“ ငါ့...ငါ့ ဘာသာ လုပ်လိုက်မယ်။ ”
အသီနာက ကြောက်လန့်တကြား ဆတ်ခနဲ လှုပ်ရှားလိုက်ရာ သားရေဘွတ်ဖိနပ်တစ်ဖက် ပြင်းပြင်းထန်ထန် လွင့်ထွက်သွားပြီး မျက်နှာချင်းဆိုင်နံရံမှ မှော်မီးအိမ်ကို ထိသွားသည်။ နတ်ဆိုးဘုရင်အဆင့် ထိပ်သီးပိုင်းအပြင် တစ်ဝက်-ဒဏ္ဍာရီလာအဆင့် ဘွတ်ဖိနပ်လည်း ဖြစ်သောကြောင့် မှော်မီးအိမ်သည် ချက်ချင်းပင် ကွဲကြေသွားတော့သည်။
“ အား.... တောင်းပန်ပါတယ်... ”
အသီနာကဲ့သို့ အစွမ်းမထက်စဉ်က အသီနာကို နမ်းလိုက်သောအခါ အသီနာ ရှက်သွားပြီး မိမိအား နံရံနှင့် ဝင်ဆောင့်ခဲ့သည်ကို ချန်လွေ့ သတိရသွားသည်။ ရလာဒ်အနေဖြင့် ခီရာက စလီကို ခေါ်ပြီး နံရံကို ပြန်ပြင်ခိုင်းရာ အသီနာ ရှက်သွားခဲ့သည်။
အသီနာ၏မျက်နှာ နီရဲသွားပြန်၏။ သို့သော်လည်း ၎င်းသည် အတော်လေး ချစ်စရာကောင်းလှသည်။
“ ဟုတ်ပြီ။ နားထောင်။ ”
ချန်လွေ့က အိပ်ယာပေါ် လှဲချပြီး အသီနာအား အတင်းပွေ့ဖက်လိုက်သည်။
“ ဒီလိုကိစ္စမျိုးက အစီအစဉ်တစ်ခု မဟုတ်ဘူးလို့ ကိုယ်ထင်တယ်။ အမ်း။ ကိုယ်ပြောချင်တာက ဒါက ပြီးမြောက်ရမယ့် တာဝန်တစ်ခု မဟုတ်ဘူး။ ကိုယ်တို့ တစ်ခုခု လုပ်စရာ မလိုပါဘူး။ အခု ကိုယ်က မင်းနဲ့ စကားပြောချင်ရုံပါ။ ”
သို့သော်လည်း ထိုကဲ့သို့စကားနှင့် အဓိပ္ပာယ်တူသော စကားများ ရှိနေပုံရသည်။ ဥပမာ “ ဘော်လီကိုချွတ်လိုက်၊ ကိုယ်က ကြည့်ချင်ရုံပါ ” ၊ “ ကိုယ်က အပြင်မှာပဲ ထားချင်တာပါ၊ အထဲမှာ မဟုတ်ဘူး ” စသဖြင့်.....
ချန်လွေ့က တိုးတိုးလေး နောက်ထပ်တစ်ခွန်း ထပ်ပြောသည်။
“ နောက်သုံးလေးရက်နေရင် ကိုယ် အမှောင်လမြို့ကနေ ထွက်သွားမယ်။ ပြီးရင် မင်းရဲ့ အသံကို ကြားရဖို့ တော်တော်လေး ခက်လိမ့်မယ်။ ”
အသီနာ၏ ခန္ဓာကိုယ် တဖြည်းဖြည်း ပြေလျော့သွား၏။ ဟုတ်တယ်။ သူက မကြာခင် ထွက်သွားတော့မှာပဲ။ သူ့ရဲ့စွမ်းအား ပိုကြီးလာလေလေ ငါတို့ အတူတူနေရမယ့်အချိန် ပိုနည်းလာလေလေပဲ။ သူ စွမ်းအားမရှိ အားနည်းတဲ့လူသားတစ်ယောက် ဖြစ်ခဲ့တုန်းက ငါ့ကို နေ့တိုင်း အဖော်ပြုပေးနိုင်ခဲ့တယ်။ အဲဒီတုန်းက သူငါ့ကိုပြောဖူးတဲ့ မယုံနိုင်စရာ ဇာတ်လမ်းတွေကို ငါ မှတ်မိနေတုန်းပဲ။ ငါက ငါ့အဖေပြောခဲ့တဲ့ စွမ်းအားကြီးလေလေ တာဝန်ပိုကြီးလေလေ ဆိုတာလား။
“ ဒီတစ်ခေါက် ဘယ်လောက်ကြာမှာလဲ။ ”
အသီနာက ချန်လွေ့၏ရင်ဘတ်ပေါ် ခေါင်းမှီထားရင်း မေးသည်။
“ ကိုယ်လည်း မသိဘူး။ ”
ချန်လွေ့က အသီနာ၏ ဆံနွယ်များကို ပွတ်သပ်နေလိုက်သည်။
“ ဒီခြေလှမ်းက တော်တော် အရေးကြီးတယ်။ တကယ်လို့ ထီးနန်းကို ရယူဖို့အတွက် အိုဆိုင်ဒန်ကို တော်ဝင်မင်းသမီး အနိုင်ယူချင်တယ်ဆိုရင် ဒါကို စစ်တပ်ကနေ ခွဲခြားလို့ မရဘူး။ ဒီခြေလှမ်းသာ အောင်မြင်မယ်ဆိုရင် အိုဆိုင်ဒန်၏ အထောက်အပံ့ နဲ့ အာဏာကို လျော့ကျစေနိုင်မယ်။ ဒီအချိန်အတိုင်းအတာက အမှောင်လမြို့အတွက် တော်တော်လေး အဖိုးတန်တယ်။ ငါတို့ အင်အားပြန်ဖြည့်တင်းဖို့အတွက် အချိန်လိုတယ်။ အချိန် အတိုင်းအတာ တစ်ခုအထိပဲ ဆွဲဆန့်ထားလို့ ရမှာ။ ရန်သူရဲ့ဆုံးရှုံးမှုက ငါတိုအတွက် အကျိုးအမြတ်ပဲ။ တော်ဝင်မင်းသမီးနဲ့ အိုဆိုင်ဒန်တို့ အချင်းချင်း တိုက်ခိုက်တဲ့အခါ အနိုင်ရနိုင်ချေ ပိုများနိုင်တယ်။ ဒါပေမဲ့ အစီအစဉ်က အပြောင်းအလဲ အတိုင်း လုံးဝမလိုက်နိုင်ဘူး။ အဲဒါကြောင့် နောက်ဆုံးရလာဒ်ကို ငါ အာမ မခံပေးနိုင်ဘူး။ ”
“ နင်က တကယ် မယုံနိုင်စရာပဲ။ ”
အသီနာ၏မျက်လုံးထဲ၌ အားကျခြင်းများ ပြသနေသည်။
“ အစကတော့ အမှောင်လမြို့က အန္တရာယ်များပြီးတော့ မျှော်လင့်ချက်မဲ့တဲ့ အခြေအနေ ဖြစ်နေခဲ့တာ။ နင့်ရဲ့ကြိုးစားမှုနဲ့ အစီအစဉ်နဲ့ဆိုရင် အနည်းဆုံးသော တော်ဝင်မင်းသမီးမှာ အိုဆိုင်ဒန်ကို ယှဉ်နိုင်မယ့်အင်အား ရှိလာမယ်။ ဒါကြောင့် ငါ့အဖေက နင့်ကို လုံးဝချီးကျူးနေတာကိုး။ ”
ချန်လွေ့ ပြုံးလိုက်သည်။
“ ဒါပေါ့။ ကိုယ့်ကို ဘယ်သူထင်လို့လဲ။ ကိုယ့်မှာ အစွမ်းအစမရှိရင် မင်းအဖေက ကိုယ့်ကို အပိုင်းပိုင်း လုပ်လိုက်တာကြာပြီ။ ဘယ်လိုလုပ် သူ့ရဲ့ ချစ်သမီးလေးကို ကိုယ် ဒီလိုမျိုး ဖက်ထားလို့ရမှာလဲ။ ”
“ ဒါက အပြောချိုပြီး ဉာဏ်များတာပဲ။ ”
အသီနာ၏ နှလုံးသားထဲ၌ တည်ငြိမ်သွား၏။
“ နင်က တော်ဝင်မင်းသမီးရဲ့ ကိစ္စအတွက် အားကြိုးမာန်တက် ဆောင်ရွက်ခဲ့တယ်။ ငါ့ကို မှန်မှန်ပြော။ နင်နဲ့သူနဲ့က ဘယ်လို ပတ်သက်လဲ။ ”
“ လုပ်ပြန်ပြီ။ ကိုယ်နဲ့သူက အရှင်သခင် နဲ့ လက်အောက်ခံ ဆက်ဆံရေးပါပဲ။ မင်း ဘာတွေ ထင်နေလို့လဲ။ ”
ချန်လွေ့က တိတ်တိတ်လေး စကားတစ်ခွန်း ထပ်ပြောလိုက်သည်။ အများဆုံး သူ့ရဲ့လက်ကိုကိုင်၊ သူ့ပုခုံးကိုဖက်ပြီးတော့ ကနေခဲ့ရုံပါပဲ။
ကရုံပါပဲ။ ဒါပေမဲ့ ဒီကိစ္စကို လူသိသွားရင် အမှောင်လမြို့က လူတွေအားလုံးက ငါ့ရဲ့ ရဲတင်းမှုကို သေချာပေါက် ကိုးကွယ်ကြလိမ့်မယ်။
“ ဟွန့်။ ငါ့ကို ငတုံးလို ဆက်ဆံမနေနဲ့။ ”
အသီနာက မကျေမနပ် နှာမှုတ်လိုက်သည်။
“ ဒါပေမဲ့ ငါပြောခဲ့ပြီးပြီ။ တကယ်လို့ နင့်မှာ တော်ဝင်မင်းသမီးကို ဆွဲဆောင်နိုင်တဲ့စွမ်းရည် ရှိမယ်ဆိုရင် ငါစိတ်မရှိပါဘူး။ ”
မင်း စိတ်မရှိရင် ဘာလို့ “စုံစမ်း” ရတာလဲ။ ချန်လွေ့ ခေါင်းခါသည်။
“ အများကြီး အတွေးမလွန်ပါနဲ့။ ငါ့ရဲ့အကြံအစည် အောင်မြင်ရင် သူက အင်ပါယာရဲ့ ဧကရီ ဖြစ်မှာပဲ။ ငါ သေကြောင်းမကြံချင်ဘူး။ ငါ့ရဲ့အသက်လေးကို အမျိုးသမီး ဗိုလ်ချုပ်လောင်းနဲ့ ရင်းရင်းနှီးနှီး နေဖို့အတွက် ချန်ထားတာ ပိုကောင်းမယ်။ ”
“ ဘယ်သူက ရှင့် အမျိုးသမီး ဗိုလ်ချုပ်လောင်းလဲ။ ”
အသီနာက သူ၏ရင်ဘတ်ပေါ်၌ ညစ်ညစ်ပတ်ပတ် လုပ်နေသော လက်ဆိုးကြီးကို ဆုပ်ကိုင်လိုက်သည်။
“ နင် သိပ်မကြာခင်တုန်းက နင့်ရဲ့အစေခံကို စွဲလမ်းသွားခဲ့တယ် မဟုတ်လား။ ”
“…”
ချန်လွေ့ ဆွံ့အသွားခဲ့သည်။ ယခင်နေ့ရက်များ၌ မြူဆွယ်သော သဘာဝ ပြန်လည်ရရှိသွားသော ခီရာသည် ချန်လွေ့အား ခဏခဏ ညုတုတု ကြည့်နေခဲ့သည်။ ၎င်းသည် တရားမဝင်သော ဖောက်ပြန်မှုတစ်ခု ကဲ့သို့ပင် ဖြစ်သည်။ သို့သော်လည်း ယခင်က ခီရာကို ပြန်ခေါ်ရန် ပြောခဲ့သည်မှာ အသီနာကိုယ်တိုင်ပင် ဖြစ်လေသည်....
အမှန်တကယ်၌ ခီရာနှင့် အသီနာတို့၏ ပတ်သက်မှုမှာ အတော်လေး ကောင်းလှသည်။ အစေခံ၏ ဇာတ်ဆောင်မင်းသမီး ဦးဆောင်မှုနောက်သို့ လိုက်သော အမူအရာသည် မူလက မခံမရပ်နိုင်ဖြစ်နေသော ဒေလီယာ၏ ထင်မြင်ချက်ကို တိုးတက်သွားစေခဲ့သည်။
အသီနာက ချန်လွေ့က မော့ကြည့်ပြီး ရုတ်တရက် ပြုံးလိုက်သည်။
“ ဒါက အသီနာ ငါ့ကို သင်ထားပေးတာပဲ။ ငါနင့်ကို ရိုမန်လိုမျိုး မြာပွေတဲ့သူတစ်ယောက် မဖြစ်အောင်လို့ သတိပေးထားရမယ်။ ”
ချန်လွေ့ တိတ်တဆိတ် ရှက်သွား၏။ ယခုတွင် ရိုမန်သည် နတ်ဆိုးဘုရားသခင်၏ ညာမျက်လုံးဖြင့် အနီးကပ်စောင့်ကြည့်ခံနေရသည့်အတွက် “ သစ္စာရှိ ” နေဟန်တူသည်။
“ တကယ်တော့ နင်ငါ့အပေါ် ကောင်းမယ်ဆိုရင် ကျန်တာကို ငါ ဂရုမစိုက်ပါဘူး။ ”
ထိုသို့ပြောနေစဉ် အသီနာသည် ဆုပ်ထားသော လက်များကို လွှတ်လိုက်သည်။ ထိုလုပ်ရပ်၏ အကျိုးဆက်ကြောင့် ရင်ဘတ်၏ အစိုင်အခဲသည် တစ်စုံတစ်ယောက်၏ ဆုပ်ကိုင်ခြင်းကို ခံခဲ့ရသည်။ ထို့ပြင် လက်တစ်ဖက်တည်းဖြင့် မလုံလောက်ပေ။
ချန်လွေ့၏ လက်ချောင်းထိပ်များက ထို ဆူဖြိုးနေသော အစိုင်အခဲ၏ထိပ်ကို လိမ်လှည့်လိုက်ရာ ရှက်နေသော အမျိုးသမီး ဗိုလ်ချုပ်လောင်းက အသာလေး ပင့်သက်ရှိုက်လိုက်၏။ ထိုကဲ့သို့ အခွင့်ရေး ယူခံရသည်မှာ ပထမဆုံးအကြိမ် မဟုတ်သော်လည်း အသီနာ၏ ခန္ဓာကိုယ်တစ်ခုလုံး လှုံ့ဆော်ခံလိုက်ရပြီး အားပျော့သွားခဲ့သည်။ သူ၏စိတ်ထဲ၌ ချစ်စိတ်မွှန်လာပြီး တစ်ကိုယ်လုံး ပူလောင်လာတော့သည်။
“ မင်း အသွင်ပြောင်းပြလို့ ရမလား။ ”
“ မသာ.... ဒါက မကောင်းတဲ့စိတ် တစ်မျိုးမျိုးလား။ ”
“ အသီနာရဲ့ ပုံစံအားလုံးက ကိုယ့်အပိုင်ပဲ။ ”
( ဉာဏ်များလျက် စကားပြောင်းလိုက် )
“ ဒုတ်.... ”
( ဟုတ်ပါပြီ )
ချန်လွေ့ လှည့်ပြီး အသီနာကို ဖိလိုက်သည်။ ခဏအကြာတွင် မျက်လုံးများ ဝေဝါးသွားသော ဓားသမသည် အဝတ်အစားများ မရှိတော့ပေ။ ထို့အပြင် ထိုယောက်ျားသည် အချိန်အတော်ကြာ အောင့်ထားခဲ့ရသည်။ ထိုစဉ်က အသံတိတ်ညစိမ့်မြေ၌ ခရစ္စတီးနားနှင့်ကိစ္စမှလွဲ၍ ယခုတစ်ခေါက်သည် တရားဝင် ဒုတိယအကြိမ်သာ ဖြစ်သည်။ အသီနာနှင့် ခီရာတို့ထံမှ အခြား “ဖြေရှင်းနည်းများ” မှာတော့ မပါဝင်ပေ။
“ ၁၂ နာရီ ကျော်နေနေပြီ။ ဒါက မင်းကို သက်ရောက်မှု ရှိစေမှာလား။ ”
ချန်လွေ့က မရေမရာနှင့် မေးသည်။ သူ၏ စကားလုံးများ မပြတ်မသား ဖြစ်နေရခြင်းမှာ သူ အလုပ်များနေ၍ပင် ဖြစ်သည်။
“ အင်း ”
အသီနာ နှုတ်ခမ်းကိုက်ပြီး နှာခေါင်းမှတစ်ဆင့် ပြန်ဖြေလိုက်သည်။ သူက ချန်လွေ့၏ ခေါင်းကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားပြီး ပြင်းထန်သော လှုံ့ဆော်မှုလှိုင်းများကို အောင့်ခံကာ ခန္ဓာကိုယ် အနည်းငယ် တုန်ခါသွား၏။
အသီနာ အသက်၂၀ ပြည့်သည်နှင့် ဝေးလ်စ် မိသားစု၏ “ အလိုအလျောက် အဆင့်တက်ခြင်း ” သန္ဓေပြောင်း သွေးမျိုးဆက် အသက်ဝင်မည် ဖြစ်သည်။ တစ်စုံတစ်ခု အတွက်ကိုမူ....... အဆင့်ဆက်ပြီးသည်အထိ စောင့်ဆိုင်းစရာ မလိုအပ်ပေ။
“……………”
“…”
“ နေဦး။ နင်ရဲ့ ခီရာက တကယ်ပဲ မလုပ်..... ”
( မင်းပဲ စိတ်မရှိဘူးလို့ ပြောခဲ့တယ်မလား။ )
“ ခီရာက မင်းကို မကျော်ဘူးလို့ ပြောတယ်.... ”
ထိုစကားသည် စိတ်ရှုပ်ထွေးနေပြီး အပြင်းအထန် ချစ်စိတ်ပြင်းပြနေသာ အမျိုးသမီး၏ နောက်ဆုံး ခုခံမှုကို စွန့်လွှတ်စေလိုက်ပြီး အခန်းထဲ၌ ပြင်းထန်သော ပင့်သက်ရှိုက်မှုများနှင့် ဆွဲဆောင်မှုရှိသော ခပ်တိုးတိုး ညည်းသံများသာ ကျန်ရှိတော့သည်။
နောက်တစ်နေ့ နေ့လယ်၌ မွေးနေ့ပွဲ ပြီးနောက် အပေါ်ထပ်တက်သွားသော စုံတွဲနှစ်ယောက်သည် ခြံဝင်းထဲသို့ မရောက်လာသေးပေ။
“ တကယ်ကြီးလား။ ကြမ်းလှချည်လား။ ”
ရိုမန် အနည်းငယ် အံ့အားသင့်သွား၏။
“ မနာလိုတာလား။ မင်းမှာ အစွမ်းအစရှိရင် မဟာ နဂါးတစ်ကောင်နဲ့ သဟဇီဝစာချုပ် သွားချုပ်လိုက်လေ။ ”
ပါ့ဂ်လီအိုက ဂုဏ်ယူစွာဖြင့် ပြောသည်။
ဒေလီယာ မျက်မှောင်ကြုတ်လိုက်သည်။ ဒါက ဒေလီယာရဲ့ ပထမဆုံးအကြိမ်ပဲ။ ချန်လွေ့က အမြတ်တနိုး ထားရကောင်းမှန်း မသိဘူး။
ညရောက်လာသောအခါ ချန်လွေ့သည် ပင်ပန်းနေသော မျက်နှာဖြင့် ဆင်းလာခဲ့သည်။
“ ဆာ-ခေါင်းဆောင်။ ခင်ဗျားက အစွမ်းထက် လွန်းတယ်။ တစ်ခါတည်းနဲ့ တစ်နေ့လုံးပဲ။ ”
ရိုမန် လျှောက်လာပြီး ချန်လွေ့အား အားကျသော မျက်လုံးများဖြင့် ကြည့်နေလိုက်သည်။
“ ဒါက နဂါးစွမ်းအားထက်ကို ကျော်လွန်နေပြီ။ လျို့ဝှက်ပညာရပ် တစ်ခုခု ရှိရမယ်။ ကျုပ်ကို သင်ပေးပါ။ ဆာ-ခေါင်းဆောင်။ ”
“ ချီးကို လျို့ဝှက်ပညာရပ်လား။ အသီနာက မနေ့ညတုန်းက သူ့အလိုလို အဆင့်တက်သွားတာ။ ငါက သူ့ရဲ့စွမ်းအား တည်ငြိမ်အောင်လို့ ကူညီပေးနေခဲ့ရတာ။ ”
ချန်လွေ့က ဒေါသဖြင့် ပြန်ဖြေသည်။ အပေါ်တက်ကာ အသီနာဆီ သွားလည်ချင်သော ဒေလီယာအား ချန်လွေ့ပြောလိုက်သည်။
“ သူ့ကို မနှောင့်ယှက်နဲ့ဦး။ သူက အခု အိပ်မောကျနေတယ်။ သူနိုးလာရင် မဟာနတ်ဆိုးဘုရင်အဆင့် စွမ်းအားကို အပြည့်အဝ အသားကျလောက်ပြီ။ ”
အမှန်အတိုင်းပြောရလျှင် “ကပ်ဘေး” ဖြစ်စေခဲ့သည်မှာ ချန်လွေ့ပင် ဖြစ်သည်။ သူတို့နှစ်ယောက်သည် အလွန်ပင် ငြိမ်သက်ပြီး လုံးဝလိုက်ဖက်ညီကာ ခန္ဓာကိုယ်နှင့်စိတ်တို့သည်လည်း တက်ကြွနေခဲ့သည်။ သို့သော် အသီနာက တစ်စုံတစ်ယောက်၏ အဆက်မပြတ် တောင်းဆိုမှုကြောင့် တိုက်ပွဲအသွင် ပြောင်းလိုက်သည့်အခါ “ ကာမဂုဏ်အာရုံ နှစ်လိုဖွယ် ” ဖြစ်လွန်း၍ ဖြစ်ပေမည်၊ မမျှော်လင့်ထားသော အဆင့်တက်ခြင်း လက္ခဏာများ ထွက်ပေါ်လာ၏။
ပုံမှန်အားဖြင့် အဆင့်တက်ခြင်းသည် ထိပ်သီး အခြေအနေ၌သာ ဖြစ်ပွားလေ့ရှိသည်။ သို့သော် ထိုအချိန်၌အသီနာ၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေမှာ “ နိမ့်ပါး ” သည့်အတွက် ချန်လွေ့ လျစ်လျူရှု မရဲပေ။ သူသည် အသီနာသည် အဆင့်တက်ရန် သေသေချာချာ ကူညီပေးခဲ့သည်။ နောက်ဆုံး၌ အသီနာသည် အဆင့်တက်ခြင်းပြီးဆုံးပြီး မဟာနတ်ဆိုးဘုရင်အဆင့်သို့ လုံးဝရောက်ရှိသွားတော့သည်။
“ လက်စသတ်တော့ ခေါင်းဆောင်က တော်တော် သနားစရာ ကောင်းတာပဲ။ ဖားနဲ့ သားပိုက်ကောင်တို့ မိန်းမလှတွေနဲ့ ချိန်းတွေ့နဲ့ ပုံပြင်တစ်ပုဒ်ကိုတောင် သတိရသွားတယ်။ ”
“ အဲဒီအကြောင်း ငါ့ကိုပြောပြဦး။ ”
ပါ့ဂ်လီအိုသည် အဝေးမှနေ၍ အသစ်အသစ်များကို တစ်ချိန်လုံး ခိုးနားထောင်နေခဲ့ပြီး ချက်ချင်းပင် မေးမြန်းလိုက်သည်။
“ ဖား နဲ့ သားပိုက်ကောင်တို့က မိန်းမလှ တစ်ယောက်စီနဲ့ ချိန်းတွေ့ခဲ့တယ်။ သားပိုက်ကောင်က သူ့ကိစ္စသူ အမြန်ပြီးသွားခဲ့တယ်။ ပြီးတော့ ဘေးက ဖားအခန်းထဲကနေ တစ်၊နှစ်၊သုံး၊ဟေး...တစ်၊နှစ်၊သုံး၊ဟေး ဆိုတဲ့အသံကို တစ်ညလုံးကြားခဲ့တယ်။ နောက်တော့ သားပိုက်ကောင်က သူ မနာလိုဖြစ်တဲ့အကြောင်း ပြောပြတယ်။ ဒါပေမဲ့ ဖားပြန်ဖြေလိုက်တာကတော့ “ လခွီး.....ငါ တစ်ညလုံး ကုတင်ပေါ်ကို မခုန်တက်နိုင်ခဲ့ဘူး ” တဲ့။ ”
“ လစ်လိုက်တော့။ ”
မည်သူမှမပြောခင် ဒေလီယာ၏အသံ ထွက်လာတော့သည်။