← Chapters

မိုလင်မြို့၏ လျို့ဝှက်ဆန်းကြယ်သော ဧည့်သည်

Vol. 22 Ch. 319

မိုလင်မြို့၏ လျို့ဝှက်ဆန်းကြယ်သော ဧည့်သည်

Vol. 22 Ch. 319

သေသေချာချာ ပြင်ဆင်ထားသော မွေးနေ့ပွဲညတွင် အပြောင်းအလဲတစ်ခု ဖြစ်သွားခဲ့ သော်လည်း နောက်ရက်များ၌ ပထမဆုံးအတွေ့အကြုံ ခံစားခဲ့ရသော အမျိုးသမီး အရာရှိနှင့် သီဝရီအားကောင်းပြီး လက်တွေ့အားနည်းသည့် အမျိုးသားအရာရှိတို့သည် မခွဲနိုင် မခွာနိုင် ဖြစ်နေခဲ့ကြသည်။

သို့သော် ပျော်စရာနေ့ရက်များသည် အမြဲပင် တိုတောင်းလွန်းလှသည်။ နောက်ဆုံး၌ ခွဲခွာရန်အချိန် ကျ‌ရောက်လာပြန်သည်။

ခွဲခြားခြင်းသည် ပို၍နာကျင်ရလေလေ အဖိုးတန်လေလေပင် ဖြစ်နိုင်ပေသည်။

“ အားလုံး စိတ်အေးအေးထားပါ။ ကျုပ်ရဲ့ အစီအစဉ်ကို အောင်အောင်မြင်မြင်နဲ့ ခြေတစ်လှမ်း လှမ်းနိုင်တာနဲ့ အလယ်ပိုင်းမှာ အချိန်မရွေး ပြန်လာနိုင်မှာပါ။ ”

ချန်လွေ့က သူ့ကို လိုက်ပို့သော ပါ့ဂ်လီအိုနှင့် အခြားသူများကို လက်ဝှေ့ရမ်းလိုက်သည်။

“ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးမနေနဲ့။ ”

မြင်းစီးထားသော ရိုမန်က ချန်လွေ့အား အထင်သေးစွာ ကြည့်လိုက်သည်။

“ သူတို့က ငါ့ကို လိုက်ပို့တာ။ ”

ယခုတစ်ခေါက်တွင် ရိုမန်လည်း ထွက်သွားရန် ရည်ရွယ်ထားသည်။ သူ၏ပန်းတိုင်မှာ ကြယ်ကြွေတမန် မြို့တော်ဖြစ်သည်။ သူသည် အစ်ဇဘယ်လာအား သူ၏ဒေါ်လေး ဟုတ်မဟုတ် သိချင်နေသည်။ သို့သော် သူ၏အဓိကရည်ရွယ်ချက်မှာ ဘယ်ဖီဂေါ တော်ဝင်မိသားစု၏ အဆောင်ပစ္စည်းဖြစ်သော အရိပ်လေပြေ ဘွတ်ဖိနပ်၏တည်နေရာကို ရှာဖွေရန်ပင် ဖြစ်သည်။

‌‌ဒေလီယာ တောက်ပစွာပြုံးလိုက်ပြီး ရှားရှားပါးပါး ဆွဲဆောင်မှုတစ်ခုကို ပြသလိုက်သည်။ ၎င်းကိုမြင်သည့်အခါ ရိုမန် ကြက်သေသေသွား၏။

“ နောက်ဆုံးတော့ လွတ်လပ်ပြီ လို့ ရှင် စိတ်ထဲက အော်နေတာလား။ ”

ရိုမန် ခပ်မြန်မြန် ခေါင်းခါလိုက်သည်။

“ ငါတွေးနေတာက ဒီကိစ္စကို အမြန်ပြီးအောင် လုပ်ပြီးတော့ အချစ်လေး ‌ဒေလီယာဆီကို ပြန်လာဖို့ပါပဲ။ ”

အစ်ဇဘယ်လာသည် ဘရော့ခ် ပါဝင်ပတ်သက်နေသော လျို့ဝှက်အင်အားစုနှင့် သက်ဆိုင်နေသည့်အတွက် ရိုမန်၏ခရီးသည် မလွယ်ကူလှပေ။ ထိုအကြောင်းကြောင့် ဒေလီယာသည် ရိုမန်နှင့်အတူ မသွားခဲ့‌ပေ။ ၎င်းမှာ သူ၏တည်နေရာများ မပေါက်ကြား စေရန်ဖြစ်ပြီး ယာကော့ဗ်နှင့် ဘရော့ခ်တို့ကို မဆွဲဆောင်မိစေရန် ဖြစ်သည်။ ရိုမန်တွင် အငွေ့အသက်ကို ဖုံးကွယ်ပေးသော မိစ္ဆာမျက်ရည်ပြာရှိသည်။ ထို့ပြင် ရုပ်ဖျက်စွမ်းရည် အချို့လည်း ရှိသည်။ ထို့ကြောင့် ဘရော့ခ်သည်ပင် ရိုမန်ကို ဖောက်ထွင်းမြင်နိုင်မည် မဟုတ်ပေ။

“ ငါ့ကို ဖုံးကွယ်ဖို့ မကြိုးစားနဲ့။ ”

ဒေလီယာ သရော်ပြုံးပြုံးလိုက်သည်။

“ ဘယ်လိုပဲဖြစ်ဖြစ်ပါ။ ရှင့်ရဲ့ မိန်းမမြူဆွယ်တဲ့ အပေါစားအသက်ကို ထိန်းသိမ်း ထားပြီးတော့ ပြန်လာဖို့ မမေ့ပါနဲ့။ ”

သူတို့နှစ်ယောက်သည် အပေါ်ယံ၌ ပျော်ရွှင်နေကြသော ရန်သူများ ဖြစ်ကြပြီး အထူးသဖြင့် ပါးစပ်မလုံသောသူသည် ဒေလီယာအရှေ့၌ “အောက်ပုဂ္ဂိုလ်” ဖြစ်နေသော်လည်း သူတို့သည် အချင်းချင်းကို အသက်တမျှ သဘောထားကြသည်။ ၎င်းမှာ သေရေးရှင်ရေးကို အတူတူရင်ဆိုင်ပြီးနောက် အပြန်အလှန် နားလည်ခြင်း ဖြစ်ပေသည်။

ချန်လွေ့နှင့် အသီနာတို့သည်လည်း ထိုကဲ့သို့ အပြန်အလှန် နားလည်ကြသည်။ ထို့ကြောင့် ချန်လွေ့ အလွန်ပျော်ရွှင်နေသည်။ အခက်အခဲများအပြည့် ဖြစ်နေသော်လည်း ယခုဘဝတွင် ထိုကဲ့သို့သူမျိုးနှင့် တွေ့ဆုံရခြင်းသည် ထိုက်တန်ပေသည်။ သို့သော် အသီနာသည် ထိုအချိန်တွင် ခီရာအား နှုတ်ဆက်ရန် အချိန်ပေးခဲ့သည်။ ချန်လွေ့သည် ယခင်နေ့ရက်များ၌ အသီနာနှင့်အတူ ရှိနေခဲ့ရပြီး ခီရာနှင့်အတူနေရန် အချိန်မရခဲ့ပေ။ ၎င်းကို ကဝေမအစေခံက တောင်းဆိုထားခြင်းဖြစ်သော်လည်း အသီနာသည် ခီရာအတွက် မမျှတသလို ခံစားခဲ့ရသည်။

အမှန်တကယ်၌ ခီရာသည် ပါးနပ်နေခြင်း ဖြစ်သည်။ သူသည် အသီနာကဲ့သို့ “ပထမဆုံးမိန်းမ” နှင့် ကြုံတွေ့ရသည်မှာ ကံကောင်းလှသည်။ ယောက်ျားတစ်ယောက်ကို မျှဝေနေကြသော မိန်းမနှစ်ယောက်သည် တစ်စုံတစ်ခု၌ အပြိုင်အဆိုင် ဖြစ်လာမည်ကို ငြင်း၍ မရနိုင်ပေ။ သို့သော် အသီနာ၏ ရက်ရောမှုနှင့် ခင်မင်မှုတို့သည် ခီရာ၏ရင်ထဲ၌ စစ်မှန်သော နွေးထွေးမှုကို ခံစားရစေသည်။ ၎င်းကို အခြားဘုံလောကမှ သူ၏အမေ ဖရီယာ မြင်လျှင် ပြုံးနေလောက်ပေမည်။

“ သတိထားဦး။ ”

ခီရာ၏ဆွဲဆောင်မှုရှိသော မျက်လုံးများ တလက်လက် တောက်ပနေ၏။ အမှန်တကယ်၌ သူသည် ဤ “သခင်”ကို သိသည်မှာ သိပ်မကြာသေးပေ။ သို့သော်လည်း သူ၏နှလုံးသားကို အမှန်တကယ် ပေးအပ်ခဲ့ပြီးလေပြီ။

“ အင်း ”

ချန်လွေ့က ခီရာ၏နဖူးကို အသာလေး နမ်းရှိုက်လိုက်သည်။

“ ရှင်ပြန်လာတဲ့အခါ အဲဒါ ကို ဝတ်ထားလို့ရတယ်.....”

ထိုသို့ပြောနေရင်း ကဝေမ၏မျက်နှာပေါ်၌ ရှက်သွေးများ ဖြာသွားတော့သည်။ သူ၏ အသံသည် အလွန်ပင် တိုးညှင်းလှပြီး အသီနာနောက်သို့ ဆုတ်ခွာသွားတော့သည်။

အဲဒါ ဆိုသည်မှာ အမှောင်ဆန္ဒပင် ဖြစ်သည်။ ရှီလန်တောင်သို့သွားစဉ် ချန်လွေ့ကို ရှီရာက အ‌မှောင်ဆန္ဒ ပေးခဲ့ကြောင်း အသီနာထံမှ သိရသည့်အခါ ခီရာ အလွန် ထိတ်လန့်သွား ခဲ့ကြောင်း သတိရမိသွားသည်။

တစ်လျှောက်လုံး ခီရာသည် အထူးခန္ဓာအမျိုးအစားကြောင့် “လူသားသခင်”အား စရဲခြင်း ဖြစ်သည်။ မမျှော်လင့်ဘဲနှင့် တစ်ဖက်လူတွင် ၎င်းကို ချုပ်တည်းနိုင်သော “အန္တမ သတ်ဖြတ်သူ ” ရှိနှင့်နေပြီး ဖြစ်နေသည်။

အမှောင်ဆန္ဒသည် သန်းခေါင်နေအရှင်နှင့် လူစီဖာ၏ အကြိုက်ဆုံး ကိုယ်လုပ်တော် ဘယ်ဖီဂေါတို့က အစွမ်းထက်ဆုံးဖြစ်သော [ မိစ္ဆာမျက်လုံး ] စွမ်းအားနှင့် လူစီဖာ တော်ဝင်မိသားစု၏ သွေးတို့နှင့် ပြုလုပ်ထားသော လျို့ဝှက်လက်စွပ် ဖြစ်သည်။ ၎င်းတွင် မည်သည့် ဝါးမျိုခြင်းစွမ်းအားကိုမဆို ဖိနှိပ်နိုင်သော ထူးဆန်းသည့်စွမ်းအားတစ်မျိုး ရှိသည်။ ၎င်းသည် ခီရာ၏ ဝါးမျိုခြင်းခန္ဓာအမျိုးအစား၏ ရှားရှားပါးပါး ဝိပါက် တစ်ခုပင် ဖြစ်လေသည်။

ထိုလက်စွပ်ကို တော်ဝင်းမင်းသမီးရှီရာက ထိုလူသား ရှီလန်တောင်သို့ မိုင်းတွင်းအရာရှိ အနေဖြင့် သွားခဲ့စဉ်က တိတ်တဆိတ် ပေးထားခဲ့ခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ ခီရာ၏ ရံဖန်ရံခါ မြူဆယ်ခြင်းတို့သည် မီးနှင့်ကစားနေခြင်းပင်ဖြစ်ပြီး အချိန်မရွေး ဒုက္ခရောက် သွားနိုင်ခြင်းပင် ဖြစ်ည်။

သို့သော် ထိုမီးတောက်သည် အမှန်တကယ် မလောင်ကျွမ်းခဲ့ပေ။ သူက တကယ့်ကို တုံးအတာပဲ။ ပြီးတော့လည်း ဇွဲရှိတယ်။ ဒါမှမဟုတ် သူ့ကို စိတ်ရှည်တဲ့ ဝံပုလွေလို့ပဲ ပြောရမှာလား။ ဘယ်လိုပဲဖြစ်ဖြစ်ပါ။ ငါသူ့ကို သဘာကျတယ်။

ချန်လွေ့သည် မတုံးအပေ။ ထိုစကားထဲမှ အဓိပ္ပာယ်ကို သဘောပေါက်လိုက်ပြီး မျက်လုံးများ အရောင်တောက်သွား၏။ ခီရာ ပြောချင်သည်မှာ ရှင်းသည်။ ငါ ဘေးကင်းကင်းနဲ့ ပြန်လာရ၍ ဆုလာဒ်က သူကိုယ်တိုင်ပဲ။ ထိုကဲ့သို့ ဆုလာဒ်စနစ်သည် အမှန်တကယ် ဆွဲဆောင်မှု ရှိလှပေသည်။

ချန်လွေ့၏မျက်လုံးများ အသီနာပေါ်သို့ ရောက်ရှိလာသည်။ အသွင်ပြောင်းခြင်း ပြီးစီးသွားသော ဓားသမသည် ကောင်မလေးတစ်ယောက်မှ အမျိုးသမီးတစ်ယောက်အဖြစ် ပြောင်းလဲသွားပြီး ပို၍ရင့်ကျက်ကာ ဆွဲဆောင်မှု ရှိလာသည်။ သူက လမ်းလျှောက်လာပြီး အသီနာကို ပွေ့ဖက်လိုက်သည်။ ထို့နောက် ခီရာကို ဖက်သည်။

“ ကိုယ် ပြန်လာမှာကို စောင့်နေပေးပါ။ ”

ချန်လွေ့၏အသံသည် ခိုင်မာပြီး အားကောင်းနေသည်။

ပါ့ဂ်လီအို နှင့် ‌ဒေလီယာတို့ကို ခေါင်းညိတ်ပြပြီးနောက် ချန်လွေ့သည် ဝိုင်ဗန်ပေါ် တက်လိုက်သည်။ သူက ရိုမန်ကို နှုတ်ဆက်ရန်ပြင်လိုက်စဉ် ထိုသူက အရင်စပြောသည်။

“ ဟေ့။ ခေါင်းဆောင်။ ဒီတစ်ခေါက်ပြန်လာရင် နောက်ထပ် မိန်းမတစ်ယောက် ခေါ်လာဦးမှာလား။ ”

ချန်လွေ့က နှုတ်ဆက်မည်ကို ပြန်ရုတ်သိမ်းပြီး ပြုံးဖြီးဖြီးလုပ်ကာ ဒေလီယာကို ဖျပ်ခနဲ ကြည့်လိုက်သည်။

“ မြို့တော်မှာ မင်းရဲ့ အသိဟောင်းရှိတယ်လို့ ဒေလီယာကို ငါပြောပြလိုက်မယ်။ ”

“အား”

ရိုမန် ပြန်မပြောနိုင်ခင်မှာပင် ဝိုင်ဗန်ပျံသန်းသွားလိုက်ပြီး ချန်လွေ့၏ ရယ်သံရှည်ကြီး ထွက်လာတော့သည်။

“ သူက လုံးဝကို အရှုံးမခံချင်တာပဲ။ ”

ရိုမန်က ဒေလီယာ၏ အေးစက်သော မျက်လုံးများကို ခံစားလိုက်မိပြီး မြင်စီးကာ ထွက်ပြေးသွားလိုက်သည်။

“ သွားရအောင်။ သူပြန်လာမှ ဖြည်းဖြည်းချင်း သင်ခန်းစာပေးလိုက်။ ”

ပါ့ဂ်လီအို ပြုံးလိုက်ရင်း အဝေးတစ်နေရာကို ဖျပ်ခနဲကြည့်ပြီးနောက် ခေါင်းပြန်လှည့် လိုက်သည်။

အ‌‌ဝေးတစ်နေရာ တောင်ကုန်းပေါ်၌ အဲလစ်သည် မျက်လုံးပေါ်၌ လက်တင်ရင်း ပျံသန်းသွားသောပုံရိပ်ကို စိုက်ကြည့်နေလိုက်သည်။ အချိန်အတော်ကြာမှသာ သူ သတိ ပြန်ဝင်လာ၏။

“ သူ ထွက်သွားပြန်ပြီ..... ”

“ သူ ပြန်လာမှာပါ။ ”

အေးစက်စက် အသံတစ်သံ ထွက်လာသည်။ ၎င်းမှာ ရှီရာ ဖြစ်သည်။

ယခင်နေ့က ချန်လွေ့နှင့်အတူ ပျံသန်းခဲ့စဉ်တွင် ထိုလူသားက မိမိအား သူငယ်ချင်းကောင်း အဖြစ် အမြဲတမ်းဖြစ်ချင်ကြောင်း အရိပ်အမြွက်ပြောခဲ့သည်ကို အဲလစ်က မသိချင် ယောင်ဆောင်ခဲ့သည်။ သို့သော် သူ၏စိတ်ထဲ၌ သိနေ၏။ ငါက အသီနာထက် ဆိုးလို့လား။ ငါ့ရဲ့ စိတ်ပျက်စရာ ရင်သားကြောင့်လား။ ဒါမှမဟုတ်.......

ချန်လွေ့၏အမြင်၌ အဲလစ်သည် အသက်၁၄နှစ်သာ ရှိသေးသော ကောင်မလေး တစ်ယောက်သာ ဖြစ်သည်။ ၎င်းသည် သဘောကျခြင်းဟု ယူဆ၍ရသော ဆန့်ကျင်ဘက် လိင်အပေါ် သိချင်စိတ်ကြောင့်သာ ဖြစ်သည်။ ၎င်းသည် သေရေးရှင်ရေးကို အတူတူ ဖြတ်ကျော်ခဲ့သော အသီနာ၏ မမေ့နိုင်သည့် အချစ်နှင့် လုံးဝကွဲပြားပေသည်။

“ အစ်မ။ တစ်ယောက်ယောက်ရဲ့ သဘာကျတာက ဘယ်လိုမျိုးလဲ။ ”

ရှီရာ အနည်းငယ် စိတ်ပျံ့လွင့်သွားသည်။ တစ်ယောက်ယောက်ကို သဘောကျတာက သူက တစ်ခါတစ်ခါ စိတ်ရှုပ်စရာကောင်းပေမဲ့ တွေ့ချင်နေတာမျိုးလား။ ပြီးတော့ သူ့ကို မတွေ့ရရင် သူ့အကြောင်း တွေးနေမိတာမျိုးလား။

အဲလစ်သည် အစ်မဖြစ်သူ၏အဖြေကို တမင် “စောင့်ဆိုင်း”မနေဘဲ ရေရွတ်လိုက်ပြန်၏။

“ တစ်ယောက်ယောက်ကို ချစ်တာကရော။ ”

“ အဲလစ်။ နင် ဘာပေါက်ကရတွေ ပြောနေတာလဲ။ ”

ရှီရာ၏အသံ ပို၍အေးစက်သွားသည်။ အမှန်တကယ်၌ သူသည် စိတ်ထဲ၌ အဖြေရှိနေ သော်လည်း ပြောမပြနိုင်ခြင်း ဖြစ်သည်။

အရက်ကြိုက်သော မိတ်ဆွေတစ်ယောက်ပြောသည့် နာမည်ကျော် အဆိုအမိန့် (နဂါးဆောင်ပုဒ်) တစ်ခုကို တွေးမိသွားရင်း အဲလစ် ရုတ်တရက် လန်းဆန်းသွားခဲ့သည်။

“ ဟုတ်ပါပြီ။ သွားကြတာပေါ့။ အစ်မ။ ”

မိုလင်မြို့၌ -

ခါနီတာသည် အစီရင်ခံစာတစ်ခုကို ဖတ်ရင်း မျက်မှောင်ကြုတ်နေ၏။ ယခင်နေ့ရက်များ၌ ထိုအမူအရာသည် သူ၏မျက်နှာ၌ အသားကျနေခဲ့သည်။ ထိုစာထဲတွင် အခွန်ဘဏ္ဍာနှင့် ယခင်သုံးလက အသုံးစရိတ်တို့ ပါဝင်သည်။ ၎င်းသည် အမှန်တကယ် အတွင်းအကောင့် ဖြစ်ပြီး စုံစမ်းမှုများကို ရှောင်ရှားရန်အတွက် ဖန်တီးထားသည့်အရာ မဟုတ်ပေ။

အမှန်အတိုင်းပြောရလျှင် မိုလင်မြို့၌ စီးပွားရေးအခြေအနေသည် ဂျိုးဆက်ပ်၏ မော်ဒိုမြို့ထက် သာသော်လည်း စီးပွားရေး အရင်းအမြစ် နည်းပါးလှသည်။ စစ်ရေး အသုံးစရိတ်မှာလည်း ပို၍များပြားလာခဲ့သည်။ မူလက မြို့ငယ်လေး၏ စစ်ဘက်ဆိုင်ရာ အင်အားကို တင်းတင်းကြပ်ကြပ် ကန့်သတ်ထားခဲ့သည်။ သို့သော်လည်း ဂျိုးဆက်ပ် နှင့် ခါနီတာတို့တွင် ကိုယ်ပိုင်စစ်သားများ ရှိကြပြီး သာမန်အရေအတွက်ထက် များပြားလွန်းလှပေသည်။

လိပ်ပြာနီအရှင် ဂျို့ရှ်က ကောင်လေး နှစ်ယောက် အချင်းချင်း တိုက်ခိုက်နေကြသည်ကို သိသော်လည်း မျက်ကွယ်ပြုထားခဲ့သည်။ ထို့ပြင် သူသည် သတိလုံးဝ မလွတ်သေးပေ။ အရှင်သခင် တစ်ယောက် ဖြစ်သည့်အလျောက် သူ့၏လက်ထဲ၌ အစွမ်းပိုထက်သော တပ်ဖွဲ့များ ပိုရှိသည်။ သူ၏ သားများက မူမမှန်သောလုပ်ရပ်များ လုပ်လျှင်ပင် လုံးဝထိန်းချုပ်နိုင်နေသေးသည်။

ဧကရာဇ် နှင့် အိမ်ရှေ့မင်းသား ကဲ့သို့ပင် ဖြစ်သည်။ သူသည် အိမ်ရှေ့မင်းသားကို ကောင်းကောင်းမွန်မွန် ဖြစ်စေပြီး တိုင်းပြည်ကို ဆက်ခံစေချင်သည်။ အခြားတစ်ဖက်၌လည်း သူ၏သားများ ဩဇာ ကြီးမားလာခြင်းနှင့် သူ၏အာဏာကို လုယူရန် ပုန်ကန်မည်ကို သတိထားနေရသည်။

အာဏာ ပြိုင်ဆိုင်ရာ၌ အဖေမရှိ၊ သားမရှိ၊ ညီအစ်ကိုလည်း မရှိပေ။ ပြိုင်ဘက်သာ ရှိ၏။

အခွန်လိုငွေပြဿနာ ပိုမိုကြီးမားလာသော်လည်း ၎င်းကို ရပ်တန့်ရန် ခက်နေကြောင်း ခါနီတာ ခံစားနေရသည်။ သူ့အတွက် လက်လျှော့ရန် မဖြစ်နိုင်။ လက်ရှိတွင် သူသည် အံကြိတ်ကာ ရှေ့ဆက်သွားရတော့မည် ဖြစ်သည်။ သူနှင့် ဂျိုးဆက်ပ်ကြားတွင် ( ဂျို့ရှ်ကိုပါ ထပ်ပေါင်းလျှင် ) အဆုံးအထိ တောင့်ခံနိုင်သူသည် အောင်နိုင်သူ ဖြစ်ပေလိမ့်မည်။

သူ၏အဖေ ဂျို့ရှ်ကို ဖြုတ်ချရန်မှာ ရေရည် ပြဿနာ ဖြစ်သည်။ ထို့ကြောင့် သူသည် ၎င်းကို ယခု အများအပြား စဉ်းစားရန် မလိုအပ်ပေ။ ယခုအချိန် သူ၏ အဓိကပြိုင်ဘက်မှာ အစ်ကိုဖြစ်သူ ဂျိုးဆက်ပ်ပင် ဖြစ်သည်။

တိုက်ခိုက်ရေးတွင် ဂျိုးဆက်ပ်သည် နတ်ဆိုးဘုရင်အဆင့်သို့ အဆင့်တက်သွားသော်လည်း ခါနီတာသည် ကိုယ်ပိုင်စွမ်းအား၌ဖြစ်စေ၊ စစ်ရေး နှင့် စစ်ရေးပါရမီ၌ဖြစ်စေ အနိုင်ရရှိရန် အခွင့်အရေး များသည်။ သို့သော်လည်း ခါနီတာသည် ဘဏ္ဍာရေးအင်အား၌ အမှန်တကယ် နိမ့်ပါလှသည်။ ဂျိုးဆက်ပ်သည် အမှောင်လမြို့၌ ဘဏ္ဍာရေး အရာရှိအဖြစ် တာဝန်ယူထားပြီး မယ်လွန်မိသားစုနှင့် အခြားအင်အားစုများမှ အထောက်အပံ့ရရှိသည်။ ဂျိုးဆက်ပ်၏ အခြေခံ အုတ်မြစ်သည် သူ့ထက် သာလွန်သည်။ ထို့ကြောင့် ခါနီတာသည် ဘဏ္ဍာရေးပြဿနာကို ဖြေရှင်းရန် အမြန်လိုအပ်နေသည်။

လူတိုင်းတွင် အားသာချက်၊ အားနည်းချက် ကိုယ်စီ ရှိကြသည်။ ခါနီတာ၏ လေ့ကျင့်ရေး ပါရမီသည် ဂျိုးဆက်ပ်ထက် မြင့်မားကြီး စီးပွားရေး ပါရမီမှာ ပို၍နိမ့်ပါးသည်။ အရိပ်နက်အင်ပါယာ နှင့် အခြားနယ်မြေတို့၏ သူ၏ရင်းနှီးမှု အများစုမှ ကျရှုံးခဲ့ရသည်။ ထို့ပြင် မိုလင်မြို့၏ အခွန်နှုန်းကိုလည်း တိုး၍မရတော့ပေ။ ထို့ကြောင့် စီးပွားရေးပြဿနာ ပိုပိုပြီး ‌ဆိုးဝါးလာခဲ့သည်။ ထို့အတွက် ခါနီတာသည် သိပ်မကြာခင်က ဂျိုးဆက်ပ်အား အလွန်ရန်လိုနေခဲ့ခြင်း ဖြစ်သည်။ ဂျိုးဆက်ပ်သည် ပါးနပ်ပြီး ၎င်းကို သဘောပေါက်သည်။ ထို့ကြောင့် သူက ရှောင်တိမ်းကာ တိုက်ခိုက်ခဲ့သည်။ အပေါ်ယံ၌ ဂျိုးဆက်ပ်သည် အားနည်းသော်လည်း အမှန်တကယ်တွင် အချိန်ဆွဲနေခြင်း ဖြစ်သည်။ သူသည် ခါနီတာကို ဆွဲချရန်အတွက် တိုက်ပွဲပိုကြာအောင် တမင် ပြုလုပ်နေခြင်း ဖြစ်သည်။

ခါနီတာလည်း ၎င်းကို ကောင်းကောင်း သိသည်။သူသည် အကြံလုံးဝ မရှိသည့်အတွက် စိတ်ထဲ၌ စိုးရိမ်နေခဲ့သည်။ အကယ်၍ သူသာ ယခုအတိုင်း ဆက်သွားမည်ဆိုလျှင် စစ်ဘက်ဆိုင်ရာငွေကို ဖြတ်တောက်ပြီး ကိုယ့်ကိုယ်ကိုယ် အားနည်းစေရုံမှလွဲ၍ အခြားနည်းလမ်း မရှိတော့ပေ။ ကိုယ်ပိုင်စစ်သား တစ်ယောက်စီတိုင်းအတွက် ခါနီတာ အလွန်အားစိုက်ထုတ်ထားခဲ့ရပြီး လက်ရွေးစင်များထဲမှ လက်ရွေးစင်များ ဖြစ်ကြသည်။ သူ့ကို လက်လျှော့ရန် ပြောခြင်းကို အသားကို လှီးဖြတ်ခြင်းထက် ပို၍ နာကျင်ရပေသည်။ ထိုကဲ့သို့ ကိုယ့်ကိုယ်ကိုယ် အားနည်းစေခြင်းသည် အခြားတစ်ဖက်ကို အားတိုးစေခြင်းနှင့် ညီမျှပေသည်။ ထို့ပြင် ခဏတာ စိတ်သက်သာရာ ရခြင်းသည် အချိန်ကြာလာသည်နှင့်အမျှ အဆုံးမရှိ တိုးပွားလာသော နာကျင်ခံစားရမှုကို ယူဆောင်လာပေးနိုင်သည်။ ငါ့ရဲ့အရေးသာမှုတွ၊ အင်အားတွေ ရှုံးဆုံးသွားရင် ဂျိုးဆက်ပ်ကို ဘယ်လိုယှဉ်ရမှာလဲ။

ထိုအချိန်တွင် သက်တော်စောင့်တစ်ယောက်က သတင်းလာပို့သည်။

“ ဆာ-ဆမ်မြူရယ် ပြန်လာပြီ။ ပြီးတော့လည်း သူက လူတစ်ယောက် ခေါ်လာပြီးတော့ သခင်နဲ့ တွေ့ဖို့အတွက် အရေးကြီးကိစ္စတွေ ရှိတယ်လို့ ပြောတယ်။ ”

“ သူတို့ကို ပေးဝင်လိုက်။ ”

ခါနီနာက အစီရင်ခံစာကို လေဟာနယ်လက်စွပ်ထဲ၌ သိမ်းထားလိုက်သည်။ ထိုအချိန်အတွင်း ဆမ်မြူရယ်အပေါ် ခါနီတာ၏ အမျိုးမျိုး ဖြားယောင်းမှုကြောင့် စွမ်းအားကြီး လူသား လေ့ကျင့်ရေးသမားသည် တဖြည်းဖြည်းနဲ့ မာနကို ခဝါချလာသည်။ နှစ်ဖက်စလုံးက ပို၍ခိုင်မာသော ရင်းနှီးမှုတစ်ခုကို တည်ဆောက်နိုင်ခဲ့သည်။

လွန်ခဲ့သော သုံးလေးရက်က ခါနီတာ လုပ်ကြံခံခဲ့ရပြီး ဆမ်မြူရယ် အချိန်မီ ရောက်လာကာ လုပ်ကြံသူများကို သတ်ပစ်ခဲ့သည်။ ထို့နောက်တွင် ဆမ်မြူရယ်က မော်ဒိုမြို့မှ ဂျိုးဆက်ပ်၏ စပါးကျီကို တိတ်တိတ်လေး မီးရှို့ရန် ခါနီတာထံ ခွင့်တောင်းခဲ့သည်။ ဆမ်မြူရယ်သည် ဂျိုးဆက်ပ်ကို အမြဲထောက်ခံသော ဝါရင့် ဖရက်ဒီ ကိုပင် ပြင်းပြင်းထန်ထန် ဒဏ်ရာရစေခဲ့သည်။ ၎င်းသည် ယခုတွင် ခါနီတာအတွက် အနည်းငယ် ဖြေသိမ့်စရာဖြစ်ခဲ့သည်။

ဆမ်မြူရယ်က ခန်းမထဲသို့ လမ်းလျှောက်လာပြီး မျက်နှာကိုမမြင်ရသည့် ဝတ်ရုံနှင့် လူတစ်ယောက်ကို ခေါ်လာသည်။ ဆမ်မြူရယ်က ခါနီတာဘေးမှ အစောင့်များကို ကြည့်လိုက်သည်။ ခါနီတာ သဘောပေါက်သွားပြီး သူတိုကို နောက်ဆုတ်ခိုင်းလိုက်သည်။ ဆမ်မြူရယ် ပုန်ကန်မည် စိုးသည့်အတွက် ထိုလူအချို့ကို မရပ်တန့်နိုင်ပေ။ ထို့ပြင် ထိုနေရာသည် ခါနီတာ၏နေရာ ဖြစ်သည်။ သူ့တွင် အသက်ကယ်ပစ္စည်းများ ရှိနေလောက်ပေသည်။

“ မစ္စတာ ဆမ်မြူရယ် ”

ခါနီတာက လေးစားသမှုဖြင့် မတ်တပ်ရပ်လိုက်သည်။

“ ခင်ဗျားရဲ့ အောင်နိုင်တဲ့ အပြန်ခရီးအတွက် ဂုဏ်ပြုပါတယ်။ ဂျိုးဆက်ပ်က အခု ဒေါသူပုန်ထနေပြီလို့ မော်ဒိုမြို့ကနေ ကျုပ် သတင်း ရထားပြီးပြီ။ ”

“ ဒါက ပြဿနာ မဟုတ်ပါဘူး။ ”

ဆမ်မြူရယ်က အသာအယာ ခေါင်းရမ်းလိုက်သည်။

“ မစ္စတာ ခါနီတာ။ ဒီတစ်ခေါက် ကျုပ်က ခင်ဗျားနဲ့ မိတ်ဆက်ဖို့ လူတစ်ယောက် ခေါ်လာတယ်။ ”

ခါနီတာက ဝတ်ရုံနှင့်ယောက်ျားကို ဖျပ်ခနဲ ကြည့်ပြီးနောက် စိတ်ထဲ၌ အံ့အားသင့်သွားသည်။ ဆမ်မြူရယ်သည် အမြဲပင် မာနကြီးနေခဲ့သည်။ သို့သော် ထိုယောက်ျားကို ပြောဆိုသောအခါ၌ ထူးထူးခြားခြား လေးစားမှု ရှိနေ၏။ ထိုသူ၏ သရုပ်သည် အတော်လေး ထူးခြားပုံရသည်။

“ ဒါက ကျုပ်ရဲ့အစ်ကို ချာလီစ် ပါ။ ခမ့်လော့ မိသားစုရဲ့ ဆက်ခံသူ အစစ်အမှန်ပေါ့။ သူက သိပ်မကြာခင်တုန်းကပဲ နတ်ဆိုးဘုံကို ရောက်လာတာ။ ဒီတစ်ခေါက် သူရောက်လာတဲ့ ကိစ္စက တော်တော်လေး အရေးကြီးတယ်။ ”

ဆမ်မြူရယ်က လေးစားသည့် အမူအရာ ပြသလိုက်သည်။

“ အစ်ကို။ ဒါက နတ်ဆိုးဘုံမှာ ကျွန်တော် ဆုံတွေ့ခဲ့တဲ့ မိတ်ဆွေအသစ် ခါနီတာပါ။ သူက မိုလင်မြို့ကို အုပ်ချုပ်နေတယ်။ ”

အခုမှ နတ်‌ဆိုးဘုံကို ရောက်လာတဲ့ လူသား တစ်ယောက်လား။ ပြီးတော့လည်း သူက ဆမ်မြူရယ်ရဲ့ အစ်ကိုတဲ့လား။ ခါနီတာက ဆမ်မြူရယ်၏ စကားလုံးများနှင့် အသုံးအနှုန်းများကို သတိထားမိသည်။ သူ၏မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွား၏။ သူ့အစ်ကိုအပေါ် မာနကြီးတဲ့ ဆမ်မြူရယ်ရဲ့ လေးစားမှုက အတုအယောင် လုံးဝ မဟုတ်ဘူး။ ၎င်းသည် ဂျိုးဆက်ပ်အပေါ် ခါနီတာ ဆက်ခံသည့်ပုံစံနှင့် လုံးဝဆန့်ကျင်ဘက်ပင် ဖြစ်လေသည်။

လျို့ဝှက်ဆန်းကြယ်သော လူသားက ဝတ်ရုံကို ဖြည်းဖြည်းချင်း ချွတ်လိုက်သည်။ ထိုသူသည် သိပ်ပြီး အရပ်မမြင့်ပေ။ ဆံပင်ရွှေရောင်ရှိပြီး အသားဖြူဖြူ မျက်နှာကြမ်းကြမ်းနှင့် ရွှေရောင်မျက်ဆံများ ရှိသည်။ ထိုသူ၏ခန္ဓာကိုယ်မှ ထုတ်လွှတ်သော စွမ်းအားအငွေ့အသက်သည် ခါနီတာအား ကြက်သီးထသွားစေသည်။ ဒီလူသားက အတည်းဆုံး မဟာနတ်ဆိုးဘုရင်အဆင့်ပဲ။ ဆမ်မြူရယ်ရဲ့ အမူအရာကိုကြည့်ရတာ ချာလီစ်က သူ့ထက် ပိုပြီး အစွမ်းထက်တဲ့ပုံပဲ။ ဧကန္တ...သူက နတ်‌‌ဆိုး ဧကရာဇ်အဆင့် ရောက်သွားပြီလား။

“ မြို့ဝန်လား။ ”

ရွှေရောင်ဆံပင်နှင့် ယောက်ျားက မျက်မှောင်ကြုတ်လိုက်သည်။

“ ဆမ်မြူရယ်။ မင်းငါ့ကို အကြံပြုပေးတဲ့သူက တကယ်ကြီး မြို့ဝန်ပဲလား။ သူက အနည်းဆုံး အရှင်သခင်ဖြစ်မယ်လို့ ငါထင်ထားခဲ့တာ။ မင်း ဘာတွေလုပ်နေတာလဲ။ ”

ခါနီတာ၏စိတ်ထဲ၌ ချက်ချင်းပင် အတွေးပေါင်း မြောက်မြားစွာ ပြည့်နှက်သွားသည်။ ချာလီစ်၏ မယဉ်ကျေးသော မေးခွန်းကြောင့် ခါနီတာ ဒေါသမထွက်သွားဘဲ ပြုံးလိုက်သည်။

“ ကျုပ်ရဲ့အဖေ ဂျို့ရှ်က လိပ်ပြာနီနယ်မြေရဲ့ အရှင်သခင်ပဲ။ ပြီးတော့ သူက ကြယ်ကြွေတမန် အင်ပါယာရဲ့ အဓိကအရှင်သခင် လေးယောက်ထဲက တစ်‌ယောက်လည်း ဖြစ်တယ်။ ဒါပေမဲ့ သူက တံခါးပိတ်လေ့ကျင့်နေခဲ့တာ။ အဲဒါကြောင့် ဘယ်ဧည့်သည်ကိုမှ လက်ခံမှာ မဟုတ်ဘူး။ ဒါကြောင့် ဆာ-ဆမ်မြူရယ် ဒီကိုလာတာက အပါးနပ်ဆုံး ဆုံးဖြတ်ချက်တစ်ခုပါပဲ။ ”

ထိုလူသားနှစ်ယောက် မည်ကဲ့သို့ ကြိုတင် ကြံစည်ထားကြောင့် ခါနီတာ မသိပေ။ ချာလီစ်၏ အပြုအမူသည် တမင်တကာ ဟန်ဆောင်ထားခြင်း ဖြစ်နိုင်ပေသည်။ ခါနီတာသည် ဆမ်မြူရယ်အား နောက်ဆုတ်ရန် ရှင်းပြချက်တစ်ခုပေးပြီးနောက် စကားဝိုင်းကို ရင်းရင်းနှီးနှီး ရှေ့ဆက်တော့သည်။

ဆမ်မြူရယ်က ကျေးဇူးတင်စွာဖြင့် ခါနီတာအား ခေါင်းညိတ်ပြလိုက်သည်။ “ချာလီစ်” အနည်းငယ် စိတ်အေးသွားပြီး မေးသည်။

“ ဆာ-ခါနီတာက အရှင်သခင်တစ်ယောက်ရဲ့ သား ဖြစ်ပြီးတော့ ဆမ်မြူရယ်ရဲ့ မိတ်ဆွေဆိုတော့ အရှင်သခင်နဲ့ကျုပ် တွေ့ဆုံဖို့အတွက် စီစဉ်ဖို့ ကူညီပေးစေချင်ပါတယ်။ ”

လူသားများနှင့် နတ်ဆိုးတို့သည် မကျေချမ်းနိုင်သော ရန်သူများ ဖြစ်ကြသော်လည်း နတ်ဆိုးဘုံသို့ လူသားများလာပြီး လေ့ကျင့်ကြသည်မှာ မထူးဆန်းလှပေ။ သူတို့အများစုသည် နတ်ဆိုးဘုံ အင်အားစုများနှင့် ယာယီ ပူးပေါင်းထားခဲ့ကြသည်။ သို့သော် ပထမဆုံးတွေ့ဆုံစဉ်က ချာလီစ်သည် နတ်ဆိုးဘုံ အရှင်သခင်တစ်ယောက်နှင့် တွေ့ဆုံချင်ခဲ့သည်။ အခြေအနေသည် အနည်းငယ် မသင်္ကာစရာ ကောင်းလှသည်။ ထို့ပြင် ခုနက ဆမ်မြူရယ်ပြောခဲ့သော “အရေးကြီးကိစ္စ”သည် ခါနီတာကို သံသယများ ပြည့်နှက်နေစေ၏။

“ချာလီစ်” ရဲ့ တကယ့် ရည်ရွယ်ချက်က ဘာလဲ။

All Chapters