← Chapters

ဖျက်ဆီးခြင်း

Vol. 22 Ch. 321

ဖျက်ဆီးခြင်း

Vol. 22 Ch. 321

ရွှေ့ပြောင်းခြင်း၊ ကူးပြောင်းခြင်းနှင့် စုဆောင်းခြင်းတို့ဖြင့် ခါနီတာ ခက်ခက်ခဲခဲကြိုးစားပြီး ၇သန်း ရရှိအောင် စုခဲ့သည်။

လေဟာနယ် လက်စွပ် ဒါဇင်ကျော်ခန့် အပြည့်ဖြစ်သွားသည်။

“ချာလီစ်” သည် ပြောထားသည့်အတိုင်းပင် အချိန်မှာ အလွန် အရေးကြီးနေ၏။ ပိုက်ဆံရပြီးနောက် သူသည် ခါနီတာ အရှေ့၌ပင် လျို့ဝှက်ရတာကို အသုံးပြုပြီး ထူးဆန်းသေ လေဟာနယ်တံခါးတစ်ခုကို ဖွင့်ကာ နတ်ဆိုးဘုံမှ ထွက်သွားလိုက်သည်။

ဆမ်မြူရယ်သည် ထွက်မသွားဘဲ နေရစ်ခဲ့သည့်အတွက် ခါနီတာ ပို၍ပင် စိတ်အေးသွားခဲ့သည်။

ခါနီတာသည် တမင်တကာပင် လူသား၏ အပေါင်ပစ္စည်း တစ်ခုနှစ်ခုကို ထုတ်ယူပြီး ယန္တရား ပညာရှင်များအား အကဲဖြတ်ခိုင်းသည်။ အမှန်တကယ်ပင် ၎င်းတို့သည် ဒဏ္ဍာရီလာ အဆင့် ပစ္စည်းကိရိယာများ ဖြစ်နေသည်။ တစ်စုံတစ်ခု ဖြစ်သွားလျှင် ထိုပစ္စည်းများ ရှိနေသည့်အတွက် သူအများကြီး ရှုံးဆုံးလိမ့်မည် မဟုတ်ပေ။

၇သန်းပေးပြီးနောက် နောက်ပိုင်းနေ့ရက်များသည် ကြပ်တည်းလှသည်။ ခါနီတာသည် ဆိုလိုနာ၏ အကြံပေးချက်အတိုင်း ဂျိုးဆက်ပ်၏ အင်အားစုအပေါ် ဖိအားပေးနေခဲ့သည်။ ထိုအလိမ်အညာ၏ သက်ရောက်မှုမှာ မဆိုးလှပေ။ ဂျိုးဆက်ပ်သည် အမှန်တကယ်ပင် ခါနီတာကို ရှောင်တိမ်းနေခဲ့သည်။ သူသည် မော်ဒိုမြို့ စပါးကျီ မီးလောင်သွားခြင်းနှင့်

ဝါရင့် ဖရက်ဒီအကြောင်း တစ်လုံးမှ မပြောခဲ့ပေ။ ဘာမျှ မဖြစ်ခဲ့သလိုမျိုးပင် ဖြစ်၏။ ဂျိုးဆက်ပ်သည် အန္တရာယ်မရှိကြောင်း ဟန်ဆောင်ရင်း ခါနီတာအား အလဲထိုး နေချင်ခဲ့သည်။

မိုလင်မြို့သည် အခွံလွတ်ဖြစ်နေကြောင်း ခါနီတာနှင့် လူအချို့သာ သိသည်။ ငွေကြေး ကုန်ခမ်းသွားနိုင်သည့်အတွက် ထိုကဲ့သို့ ဖိနှိပ်ခြင်းသည် ကြာကြာခံမည် မဟုတ်ပေ။ အဓိက သော့ချက်မှာ ချာလီစ် ကတိတည်မတည် အပေါ်၌ မူတည်လေသည်၊။

တစ်ခါတစ်ရံ၌ မျှော်လင့်တကြီး စောင့်ရလေလေ၊ ပို၍ နာကျင်ရလေလေပင် ဖြစ်သည်။ ဆမ်မြူရယ်နှင့်အတူ အခြေအနေကို ‌ဆွေးနွေးပြီးနောက် ခါနီတာ မနေနိင်ဘဲ မေးလိုက်မိသည်။

“ ခင်ဗျား လုံးဝ မစိုးရိမ်ဘူးလား။ ”

“ ချာလီစ်ကို စိုးရိမ်ရမှာလား။ ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ် စိုးရိမ်ရမှာလား။ ”

ဆမ်မြူရယ် ခေါင်းခါလိုက်သည်။

“ ကျုပ်ရဲ့အစ်ကိုကို အမြဲတမ်း လုံးဝ ယုံကြည်တယ်။ ”

ထိုကဲ့သို့ မတုံ့မဆိုင်း ယုံကြည်မှုမျိုးနှင့် စစ်မှန်သော လေးစားမှုတို့သည် ခါနီတာကို အနည်းငယ် မနာလို ဖြစ်စေသည်။ သူ၏ဘဝတွင် ထိုကဲ့သို့ အစ်ကိုမျိုး မရှိခဲ့ပေ။ သူ အရွယ်ရောက်လာကတည်းက သူနှင့် ဂျိုးဆက်ပ်တို့သည် မပြေနိုင်သော ရန်ဘက်များ ဖြစ်ကြသည်။

“ စိတ်အေးအေးထားပါ။ ”

ဆမ်မြူရယ်က အသာလေး ပြုံးလိုက်သည်။

“ ကျုပ်ရဲ့အစ်ကို ပြန်မလာရင် အဲဒါက ကတိမတည်တာ မဟုတ်ဘူး။ သေချာပေါက် ခက်ခဲနေလို့ပဲ။ အဲလိုဖြစ်လာမယ်ဆိုရင် ကျုပ် ထွက်ပြေးမှာ မဟုတ်ဘူး။ ဒီမှာ ဆက်နေပြီးတော့ ခင်ဗျားကို ကူညီပေးမှာပါ။ ”

“ ၇သန်း မပြောနဲ့။ အဲဒီထက် ဆယ်ဆ၊ အဆ၁၀၀ ဖြစ်ရင်တောင် ဆာ-ဆမ်မြူရယ်ဆီက အကူအညီရတာ ထိုက်တန်ပါတယ်။ ”

ခါနီတာ အလွန်ပျော်သွားသည်။ ယခုတွင် ဆမ်မြူရယ်သည် သူ၏အစွမ်းအထက်ဆုံး အင်အားစု ဖြစ်သည်။ အကယ်၍ ဆမ်မြူရယ်သာ သူ့ကို တစ်လျှောက်လုံး ကူညီမည် ဆိုလျှင် ထိုဒဏ္ဍာရီလာအဆင့် အပေါင်ပစ္စည်းများလည်း ရှိနေသည့်အတွက် အမှန်တကယ် ချာလီစ် ပြန်မလာသည့်တိုင် သူ့အတွက် အချီကြီးပွခြင်းပင် ဖြစ်သည်။

ဆမ်မြူရယ်၏ လုံးဝယုံကြည်ခြင်းမှာ အလင်းရောင် သွေးသစ္စာ‌ကြောင့်ဖြစ်ကြောင်း ခါနီတာ မသိပေ။ ထိုစဉ် ဆမ်မြူရယ် လုံးဝယုံကြည်သော “အစ်ကို”ဖြစ်သူသည် လူသား လောကသို့ လုံးဝ မသွားခဲ့ဘဲ ခါနီတာ၏ ထိန်းချုပ်မှုအောက်တွင်ရှိသော မိုလင်မြို့၌သာ ရှိနေ၏။ သို့သော်လည်း သူသည် တည်နေရာပြောင်းပြီး ဟိုတယ်တစ်ခုဆီသို့ သွားခဲ့သည်။

ချန်လွေ့သည် ဟိုတယ်ထဲ၌ အချိန်မဖြုန်းဘဲ စူပါစနစ်ထဲသို့ တစ်ခါတည်း ဝင်ရောက်သွားလိုက်သည်။ စစ်မှန်သောစွမ်းအားသည်မှာ အာမခံနိုင်ပေသည်။ သူ၏ ရန်သူများမှာ များပြားပြီး စွမ်းအားကြီးကြသည်။ ထိုရန်သူများနှင့် ယှဉ်နိုင်ရန် သို့မဟုတ် အနိုင်ရရှိနိုင်ရန်ပင် သူသည် အချိန်ယူပြီး လေ့ကျင့်ရမည် ဖြစ်သည်။

မယ်ဂရီဇ် အခြေအနေအကြောင်း အဓိကအရေးကြီးဆုံးမှာ “လောက” စွမ်းအားကို လေ့ကျင့်ရန် ဖြစသ်သည်။ ချန်လွေ့ ယခင်က စမ်းကြည့်ခဲ့ဖူးသည်။ “လောက” စွမ်းအားကို သိသိသာသာ တိုးတက်စေနိုင်သည်နှင့် ခွန်အား၊ စိတ်ဝိညာဉ်၊ အမြန်နှုန်း နှင့် အခြား နေရာများတွင် တဟုန်ထိုး တိုးတက်သွားမည် ဖြစ်သည်။ အကယ်၍ သူသာ “လောက”ကို မလေ့ကျင့်ဘဲ ကိုယ်ပိုင်စွမ်းရည်များကိုသာ တိုးတက်အောင် ပြုလုပ်မည်ဆိုလျှင် အခြေအနေ တစ်ခုအထိ ရောက်သည့်တိုင် အဆင့်တက်နိုင်မည် မဟုတ်ပေ။ “မယ်ဂရီဇ်” အခြေအနေကို လေ့ကျင့်ခြင်းသည်သာ တစ်ခုတည်းသော နည်းလမ်း ဖြစ်ပုံရသည်။

ချန်လွေ့သည် လေ့ကျင့်ရေးကွင်းသို့ ရောက်လာပြီး အချိန် ၁၀၀ဆ စည်းမျဉ်းကို ရွေးချယ် လိုက်သည်။ သူသည် တင်ပျဉ်ခွေထိုင်ကာ အာရုံစိုက်ပြီး တရားထိုင်နေလိုက်သည်။ သူ၏ ခန္ဓာကိုယ် ပတ်ပတ်လည်၌ ကြယ်များ ထွက်ပေါ်လာသည်။ ၎င်းမှာ[ ကြယ်စင်စု ပိုင်နက် ] ဖြစ်သည်။

လေ့ကျင့်ရေးကွင်းထဲ၌ အစွမ်းများသည် အချိန်အကန့်အသတ် မရှိပေ။ [ ကြယ်စင်စု ပိုင်နက် ] အလယ်တွင် ထိုင်နေသော ချန်လွေ့သည် ကြယ်များ၏ စွမ်းအားနှင့် စည်းချက်ကို တိတ်တိတ်ဆိတ်ဆိတ် ခံစားကြည့်နေလိုက်သည်။ သူသည် စူပါစနစ်ထဲ၌ နေအဖွဲ့အစည်း၏ အသိစိတ်နှင့် တိတ်တဆိတ် ယှဉ်တွဲကြည့်သည်။ သို့သော်လည်း စူပါစနစ်ထဲရှိ “စစ်မှန်သော” ကြယ်စင်စုနှင့်ယှဉ်လျှင် [ ကြယ်စင်စု ပိုင်နက် ] သည် အစစ်အမှန် ဝိညာဉ်မပါသော ခန္ဓာကိုယ်တစ်ခု ကဲ့သို့ပင် ဖြစ်သည်။ တစ်နည်းပြောရလျှင် ၎င်းမှာ အထူးစွမ်းအားအချို့ရှိသော ပုံရိပ်ယောင်တစ်ခုသာ ဖြစ်သည်။ စစ်မှန်သော အကောင်အထည် မရှိပေ။

[ ကြယ်နက် ပိုင်နက် ] ဖြစ်လာရန်အတွက် [ ကြယ်စင်စု ပိုင်နက် ] ထဲသို့ အသူရာထံမှ စိတ်ဝိညာဉ်အမှတ်အသားကို ပေါင်းစပ်ပြီးနောက်မှာပင် ထိုကွက်လပ်ခံစားချက် ရှိနေဆဲပင် ဖြစ်သည်။ တကယ် ဘာလိုအပ်နေတာလဲ။ စည်းမျဉ်းဆိုတာလား။ ဒါမှမဟုတ် စည်းချက်လား။ ဘယ်လိုပဲဖြစ်ဖြစ်ပါ....ငါ နားမလည်ဘူး။

လက်ရှိ [ ကြယ်စင်စု ပိုင်နက် ] သည် ပိုက်နက်-အတု ဟူ၍ ခေါ်၍ ရရုံသာ ရှိသည်။ နတ်ဆိုး ဧကရာဇ်တစ်ယောက်သာ သဘော‌‌ပေါက်နိုင်သော ပိုင်နက်-အတု ကို မဟာနတ်ဆိုးဘုရင် အဆင့်တစ်ယောက် အသုံးပြုနိုင်ခြင်းသည် အထင်ကြီးစရာ ကောင်းနေပြီ ဖြစ်သည်။ သို့သော်လည်း ချန်လွေ့သည် အနည်းငယ်မျှ ကျေနပ်စိတ် မရှိပေ။ အကြောင်းမှာ စူပါစနစ်ရှိသော သူသည် အစကတည်းမှ နတ်ဆိုးများနှင့် လူသားတို့နှင့် မတူညီသော လမ်းကြောင်းကို ယူထား၍ပင် ဖြစ်လေသည်။

မယ်ဂရီဇ် အခြေအနေရှိ လေ့ကျင့်ရေးသည် အမှန်တကယ် လောက သို့မဟုတ် စစ်မှန်သော ပိုင်နက်ကို ကိုယ်စားပြုသည်။ စစ်မှန်သော ပိုင်နက်၏ အမှန်တရားကို နားလည်ရန် တစ်ခုတည်းသော နည်းလမ်းမှာ “မယ်ဂရီဇ်” အခြေအနေမှ အဆင့်တက်ပြီး နောက်အခြေအနေ တစ်ခုသို့ တက်လှမ်းနိုင်မှပင် ဖြစ်သည်။

ယခုတွင် အလွန်ဝေးကွာနေသေးသည်။ ချန်လွေ့သည် ထိုအတွေးများကို ဘေးဖယ်ပြီး စတင် တရားရှုမှတ်တော့သည်။ တဖြည်းဖြည်းနှင့် [ ကြယ်စင်စု ပိုင်နက် ] တစ်ဝိုက်တွင် အနက်ရောင် မြူခိုး အမျှင်များ ထွက်ပေါ်လာပြီး ကြယ်စင်စုတစ်ခုလုံးကို ဖုံးလွှမ်းသွား တော့သည်။ [ ကြယ်စင်စု ပိုင်နက် ] လည်း မည်းမှောင်သွားပြီး ကြောက်မက်ဖွယ်ရာ ကောင်းသွားတော့သည်။

[ ကြယ်စင်စု ပိုင်နက် ] ပုံစံ မရှိတော့ပေ။ သို့သော်လည်း ချန်လွေ့သည် အလွန် တည်ငြိမ် နေပြီး အေးအေးဆေးဆေး ပြောလိုက်သည်။

“ မင်း ရောက်လာပြီပဲ။ ”

မြူခိုးနက်ထဲမှ စက်ဆုပ်စရာ ရယ်သံတစ်သံ ထွက်လာ၏။

“ ကြည့်ရတာ မင်းက ငါ့ကို တမင်လွှတ်ပေးလိုက်တဲ့ပုံပဲ။ ”

၎င်းမှာ အသူရာပင် ဖြစ်သည်။

အတွင်းနတ်ဆိုး တဖြစ်လဲ အသူရာသည် ချန်လွေ့၏ [ စိတ်သန့်စင်ခြင်း ] စမ်းသပ်ချက်မှ ခွဲထွက်လာသော ထူးဆန်းသာ အသိစိတ် ခန္ဓာကိုယ်တစ်ခု ဖြစ်သည်။ ၎င်းသည် [ စိတ်သန့်စင်ခြင်း ] ကို ဖြတ်ကျော်သွားနိုင်ပြီးတော့ ပျောက်ကွယ်သွားသင့်ပေသည်။ ၎င်းသည် မည်သည့်အတွက်ကြောင့် မပျောက်ကွယ်သွားကြောင်း မသိရပေ။ ထို့ပြင် ၎င်းသည် သီးခြားသက်ရှိတစ်ခု ဖြစ်သွားပုံရသည်။ အသူရာ၏စကားအရ ချန်လွေ့၏ နှလုံးသားထဲ၌ အမှောင်ထု ရှိနေသရွေ့ အသူရာ လုံးဝပျောက်ကွယ်သွားမည် မဟုတ်ပေ။

အသူရာ ပေါ်ထွက်လာမည်ကို ချန်လွေ့ မျှော်လင့်ထားပြီးသား ဖြစ်သည်။ အကြောင်းမှာ သူသည် စူပါစနစ်ထဲ မဝင်ခင် ဘုံဘုရင်သစ်သီးတစ်လုံး စားလိုက်သောကြောင့်ပင်။ ၎င်းသည် နောက်ဆုံးအလုံးဖြစ်ပြီး ဘုံဘုရင်သစ်သီး သက်တမ်း၏ နောက်ဆုံးနေ့ရက်လည်း ဖြစ်ပေသည်။

ဘုံဘုရင်သစ်သီး စုစုပေါင်း ၃လုံး ရှိခဲ့သည်။ ဘုံဘုရင်သစ်သီး၏ “ပုံရိပ်ယောင်”မှ ထုတ်လုပ်သော စိတ်ဝိညာဉ် အမှတ်အသားသည် နတ်ဆိုးဧကရာဇ်အဆင့် ပိုင်နက်-အတုပေါ်၌ အားတိုး သက်‌ရောက်မှုများ၊ လှုံ့ဆော်မှုများ ရှိသော်လည်း သက်တမ်းမှာ သုံးလသာခံသည်။ သလင်းကျောက်တောင်ကြား၌ ချန်လွေ့သည် ပထမဆုံးအလုံးကို စားခဲ့ပြီး အသူရာ၏ အမှောင်စွမ်းအားမှ စိတ်ဝိညာဉ်အမှတ်အသားကို ရရှိကာ [ ကြယ်နက် ပိုင်နက် ] ကို နားလည်သဘောပေါက်ရန်အတွက် [ ကြယ်စင်စု ပိုင်နက် ] နှင့် ပူးပေါင်း ခဲ့သည်။ သူသည် ဒုတိယတစ်လုံးကို အမှောင်လမြို့သို့ ပြန်လာပြီးနောက် စားခဲ့သည်။ ထိုအချိန်၌ အသူရာ ထပ်ပေါ်လာသည့်အခါ ချန်လွေ့ကို အံ့အားသင့်သွားစေခဲ့သည်။ သို့သော်လည်း ချန်လွေ့သည် အသူရာကို စိတ်စွမ်းအားဖြင့် အနိုင်ရရှိပြီးနောက် အမှောင်စွမ်းအား အမှတ်အသားကို ပိုမိုနက်ရှိုင်းစေခဲ့သည်။

ထိုအချိန်၌ ထိုစွမ်းအား၏ အမှတ်အသားသည်တွင် ပို၍နက်ရှိုင်းသော ဆန်းကြယ်မှု တစ်ခုရှိကြောင်း ချန်လွေ့ ရေး‌ရေးလေး ခံစားမိခဲ့သည်။

ထို့ကြောင့် အသူရာ ထွက်ပေါ်လာမည်ကို သိသော်လည်း ချန်လွေ့သည် ဘုံဘုရင်သစ်သီးကို တုံ့ဆိုင်းမှုမရှိဘဲ စားခဲ့ခြင်း ဖြစ်သည်။

အမှန်တကယ် အကျိုးအမြတ်များမှာ ပေးဆပ်ရမှုများ၊ အန္တရာယ်များနှင့် တွဲပါလာ တတ်သည်။ စိန်ခေါ်မှုများကို ကျော်လွှားပြီး နောက်မဆုတ်ခဲ့ခြင်းကြောင့် ချန်လွေ့သည် ယနေ့ကဲ့သို့ စွမ်းအား ရရှိလာခဲ့ခြင်းပင် ဖြစ်လေသည်။

“ မင်းက ငါ့ကို ပေါ်လာအောင် လုပ်တဲ့နည်းကို ကျွမ်းသွားတဲ့ပုံပဲ။ ”

အသူရာက အလောတကြီး မတိုက်ခိုက်ဘဲ ယုတ်မာသော အပြုံးဖြင့် မေးလိုက်သည်။

ချန်လွေ့က အသာလေး ပြောလိုက်သည်။

“ ငါမင်းကို မခေါ်ထုတ်ရင်‌တောင် မင်းက အနှေးနဲ့အမြန် ထွက်လာမှာပဲ။ ”

အသူရာ စဉ်းစားချင့်ချိန်လိုက်သည်။

“မင်းမှာ စွမ်းအားနောက် လိုက်ဖို့အတွက် အလားလာရှိတယ်။ ဉာဏ်ပညာရှိတယ်။ ဇွဲလုံ့လရှိတယ်။ ဆုံးဖြတ်ချက်ရှိတယ်။ ဘာလို့ ငါ့ရဲ့စွမ်းအားကို လက်မခံတာလဲ။ အမှောင်ထု တည်ရှိမှုကို ဖယ်ရှားဖို့ဆိုတဲ့ ရယ်စရာအကြောင်းပြချက်ကြောင့်လား။ ”

“ အမှောင်ထု တည်ရှိမှုကို ငါမငြင်းနိုင်ဘူး။ လောကထဲက ယင်နဲ့ယန် ပြောင်းလဲမှု တွေလိုပဲ။ အဲဒါတွေက ဆန့်ကျင်နေပြီး‌တော့ ဒီလောကရဲ့ အရင်းခံအဖြစ် တည်ရှိနေတယ်။ ဒါပေမဲ့ ငါ့မှာ ကိုယ်ပိုင်ဇွဲလုံ့လရှိတယ်။ တစ်ချို့အရာတွေအတွက် လက်လျှော့မှာ မဟုတ်ဘူး။ ငါက ငါ့နည်းလမ်းနဲ့ စွမ်းအားကို ရှာဖွေမှာ။ ပြီးတော့ ငါ့ရဲ့ဆုံးဖြတ်ချက် ကလည်း မင်းထက်ထားတာထက် ပိုသာတယ်။ ”

ချန်လွေ့ ရုတ်တရက် ပြုံးလိုက်သည်။

“ မင်းရဲ့စွမ်းအားကို လက်ခံဖို့ဆိုတာက ငါအခု အဲလိုမျိုးပဲ လုပ်နေတာ မဟုတ်လား။ ”

“ ခေါင်းမာချက်ပဲ။ ”

အသူရာ၏မျက်နှာ ပို၍ပင် ရက်စက်သွားပြီး‌နောက် သရော်ပြုံး ပြုံးလိုက်သည်။

“ ငါ့ကို ဓားသွေးကျောက်အနေနဲ့ သုံးချင်တာလား။ မင်းရဲ့ဓားက သုံးလေးချက်ထဲနဲ့ ကျိုးပဲ့သွားမှာ။ ”

“ ငါ ဒါမျိုးကြားရတာ ပထမဆုံးအကြိမ် မဟုတ်ဘူး။ ”

ချန်လွေ့ ပြန်စဉ်းစားကြည့်လိုက်သည်။

“ ဒါပေမဲ့ အမှန်တရားကတော့ ဒီဓားက ပိုပြီးတော့ ထက်လာတာပဲ။ ”

“ မင်းက တော်တော်လေး ယုံကြည်ချက် ရှိနေတဲ့ပုံပဲ။ ဟမ့်။ ငါက သဟဇာတ စည်းမျဉ်းကြောင့် မင်းထက်သာလွန်တဲ့ စွမ်းအားမျိုး မထုတ်နိုင်ဘူး ထင်မနေနဲ့။ မင်း တစ်ယောက်တည်းပဲ တိုးတက်နေတာ မဟုတ်ဘူး။ ”

အသူရာ၏ အမှောင်အငွေ့အသက် ဖြည်းဖြည်းချင်း ပြောင်းလဲသွားသည်။

“ ဒီအချိန်အတောအတွင်းမှာ ငါ့ခန္ဓာကိုယ်ထဲက ထူးဆန်းတဲ့စွမ်းအားတစ်ခုက ဖြည်းဖြည်းချင်း နလန်ပြန်ထူလာခဲ့တယ်။ အဲဒီစွမ်းအား ဘယ်ကလာလဲဆိုတာ ငါမသိဘူး။ ဒါပေမဲ့ အဲဒါက အနှိုင်းမဲ့စွမ်းအားဆိုတာတော့ သေချာတယ်။ အရင်တုန်းက အမှောင် စွမ်းအားက ဒါကို မယှဉ်နိုင်ဘူး။ ဒီတစ်ခေါက် မင်းက ငါ့ကို အရင်ခေါ်ထုတ်ခဲ့တယ်။ မင်းက သေလမ်းရှာနေတာပဲ။ ဒီနေ့ မင်းရဲ့အသိစိတ်နဲ့ မင်းရဲ့ တစ်ကိုယ်လုံးကို ငါ ဝါးမျိုပစ်မယ်။ ”

အနှိုင်းမဲ့စွမ်းအား တဲ့လား။ ချန်လွေ့ တည်တံ့သွားသည်။ အသူရာကို ကြည့်ရတာ ကြွားလုံးထုတ်နေတဲ့ပုံ မပေါ်ဘူး။ အမျိုးမျိုးသော အနုတ်လက္ခဏာ သက်‌ရောက်မှုများ ဖြစ်စေသည့် အမှောင်အငွေ့အသက်သည် တဖြည်းဖြည်း ပြောင်းလဲသွားကာ အငွေ့အသက် တစ်ခုတည်းအဖြစ် ‌ပေါင်းစပ်သွားခဲ့သည်။

ထိုအငွေ့အသက်သည် ကျယ်ပြောပြီး ခရီးရောက်သည်။ ၎င်းတွင် အလွန်ကြီးမားသော အငွေ့အသက်တစ်ခုနှင့် ပြည့်နှက်နေပြီး ရှေးခေတ်ကတည်းက တည်ရှိနေသကဲ့သို့ပင် ဖြစ်သည်။ ချန်လွေ့သည် ၎င်းကို တစ်ချက်ကြည့်ပြီးနောက် ခုခံမှုမရသော ခံစားချက်တစ်ခု ခံစားလိုက်ရသည်။

စည်းမျဉ်းတစ်ခုကြောင့် အသူရာပြသသော စွမ်းအားအဆင့်သည် ချန်လွေ့၏ “အစစ်အမှန် ခန္ဓာကိုယ်” ထက် မသာလွန်သော်လည်း ထိုစွမ်းအားအငွေ့အသက်တွင် ပါရှိသော “အရည်အသွေး”သည် ချန်လွေ့ထက် သာသည်။ ၎င်းသည် ချန်လွေ့ သိဖူးသမျှ စွမ်းအားများထက်ပင် သာလွန်သည်။ နတ်ဆိုးဘုံ၌ ဒုတိယအစွမ်းထက်ဆုံးဖြစ်သော ကတ်သရင်းသည်ပင် ၎င်းကို ယှဉ်၍မရနိုင်ပေ။

ဒါက ဘယ်လိုစွမ်းအားမျိုးလဲ။

ချန်လွေ့သည် ၎င်းကို စဉ်းစားချိန် မရပေ။ သူ ပင့်သက်ရှိုက်ပြီး စိတ်ထဲမှ ကြောက်စိတ်ကို ဖိနှိပ်လိုက်သည်။ သူ၏လက်များမှ အမှောင်ချီ ရောင်ခြည်များ ထွက်လာပြီး ပတ်ဝန်းကျင် ကြယ်စင်စုသည် ရုတ်တရက် ကျောက်မျက်ကဲ့သို့သော [ ကြယ်နက်ပိုက်နက် ] အဖြစ် ပြောင်းလဲသွားကာ သူ၏အတွေးနှင့်အတူ အလျင်အမြန် လှည့်ပတ်နေတော့သည်။

အသူရာ၏ မျက်နှာပေါ်၌ အပြုံးတစ်ခု ပေါ်ထွက်လာပြီး မလှုပ်ရှားခဲ့ပေ။ သူ၏ဖိအား ရုတ်တရက် တိုးမြင့်သွားခဲ့သည်။ [ ကြယ်နက်ပိုက်နက် ] ထဲရှိ ဂြိုလ်များ ‌ပေါက်ကွဲသွားပြီး [ ကြယ်စင်စု ပိုက်နက် ] တစ်ခုလုံး ချက်ချင်းပင် ပြိုလဲတော့မည့် လက္ခဏာများ ပြသလာသည်။

ချန်လွေ့ အလွန်ထိတ်လန့်သွားသည်။ အသိစိတ် စွမ်းအင်ဖြင့်သာ ဖွဲ့စည်းထားသော အစွမ်းဖြစ်သည့် [ ကြယ်နက်ပိုက်နက် ] သည် အမှန်တကယ်ပင် ထိုကြောက်မက်ဖွယ်ရာ အားကြောင့် ပြိုလဲသွားခဲ့သည်။

“မူမမှန်သော” အစွမ်းထက် စည်းမျဉ်းသည် “အသိစိတ်” အမျိုးအစားကို ကျော်လွန်သွားပြီဟု ပြော၍ရသည်။ ထိတွေ့လိုက်သည့်အခါ ချန်လွေံသည် ၎င်းကို မခံနိုင်ခဲ့ပေ။ လေ့ကျင့်ရေးကွင်း၌ အစွမ်းများသည် အချိန်အကန့်အသတ် မရှိသော်လည်း သူ၏အစွမ်းထက်ဆုံးသော [ ကြယ်နက်ပိုက်နက် ] သည် မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုကဲ့သို့ ဖြစ်သွားခဲ့သည်။ ငါ သိပ်မကြာခင်မှာပဲ သေချာပေါက် ရှုံးတော့မှာ။ အစကတော့ ငါက အသူရာရဲ့ စွမ်းအားကို သုံးပြီးတော့ ငါ့ကိုယ်ငါ တိုးတက်အောင် လုပ်ချင်ခဲ့တာ။ ဒီလို အန္တရာယ်မျိုး ကြုံရလိမ့်မယ်လို့ ငါလုံးဝ မထင်ထားခဲ့ဘူး။

ငါ့ရဲ့ အသိစိတ်နဲ့ ခန္ဓာကိုယ်ကို အသူရာက တကယ်ပဲ ဝါးမျိုတော့မှာလား။

[ ကြယ်နက်ပိုက်နက် ] ပြိုလဲတော့မည် အချိန်၌ ချန်လွေ့သည် လေ့ကျင့်ရေးကွင်းမှ ချက်ချင်းထွက်ပြီး စူပါစနစ်၏ [ နေပိုင်နက် ] ထဲတွင် ပေါ်ထွက်လာခဲ့သည်။

[ စိတ်သန့်စင်ခြင်း ] စမ်းသပ်မှု၌ အသူရာတွင် ထိုနေရာတွင် ရှုံးနိမ့်သွားခဲ့သည်။ ထို့ကြောင့် သူ၏မှတ်ဉာဏ် လတ်ဆတ် နေဆဲပင် ဖြစ်သည်။ လှောင်ပြုံးပြီး‌နောက် အသူရာသည် ခန္ဓာကိုယ် အငွေ့အသက်ကို အပြည့်အဝ လှုံ့ဆော်ပြီး စူပါစနစ်၏ နေအဖွဲ့အစည်းထဲသို့ ပျံ့နှံ့စေလိုက်သည်။

[ ကြယ်နက်ပိုက်နက် ] ၏ စွမ်းအားသည် စူပါစနစ်၏ စစ်မှန်သော “ပိုင်နက်”ထက် နိမ့်ကျသည်( ချန်လွေ့အထင်)။ ချန်လွေ့သည် ခုနက လေ့ကျင့်ရေးကွင်းထဲ၌ ထို အငွေ့အသက်ကြောင့် ကြောက်လန့်သွားခဲ့သည်။ ထို့ကြောင့် သူ၏တိုက်ခိုက်ချင်စိတ်သည် အောက်ဆုံးအထိ ရောက်ရှိနေသည်။ သူသည် ထပ်မံအကဲဖြတ်ရန် အချိန်မရှိခဲ့ပေ။ စူပါစနစ်ထဲရှိ နေအဖွဲ့အစည်းထဲ၌ ချန်လွေ့သည် ထိုအငွေ့အသက်၏ အစစ်အမှန် ခံစားချက်ကို ရရှိခဲ့သည်။ အမှန်တကယ်ပင် ရင်းနှီးမှု အရိပ်အယောင် ရှိနေ၏။

ဖျက်ဆီးခြင်း….

ထိုအငွေ့အသက်သည် ထူးထူးခြားခြား အစွမ်းမထက်လှသော်လည်း ပြိုင်ဘက်ကင်းသည့် သန့်စင်သော ဖျက်ဆီးခြင်းစွမ်းအား တစ်ခု ဖြစ်သည်။

လောက၌ နှစ်ထရီလီယံချီကြာအောင် အသက်ရှင်နေသော အမတ သက်ရှိများစွာ ရှိသည်။ သို့သော်လည်း ၎င်းတို့သည် ဖျက်ဆီးခြင်း အဆုံးသတ်မှ မလွတ်မြောက်နိုင်ကြပေ။ သေခြင်းတရားသည် မပြောင်းလဲသော အကြွင်းမဲ့ အမှန်တရားတစ်ခု ဖြစ်သည်။ ဖန်တီးခြင်းသည်လည်း ထိုကဲ့သို့ပင် ဖြစ်သည်။ သေခြင်း ရှင်ခြင်း သံသရာသည် မူလကတည်းက အရိုးရှင်းဆုံးနှင့် အလေးနက်ဆုံး ထာဝရ အမှန်တရား ဖြစ်သည်။

အသူရာ၏ ဖျက်ဆီးခြင်း အငွေ့အသက် လုံးဝပျောက်ကွယ်သွားသည့်အခါ စူပါစနစ်၏ နေအဖွဲ့အစည်း စတင်လှုပ်ရမ်းလာကာ အာကာသထဲ၌ ပြိုလဲတော့မည့် လက္ခဏာများ ပြသလာသည်။ ချန်လွေ့ ထိတ်လန့်သွား၏။ သူ ပထမဆုံး အလီယော့သ် အခြေအနေသို့ ရောက်ရှိခဲ့စဉ်က နတ်ဆိုးဘုရင်အဆင့် ကနဦးပိုင်းနှင့် ညီမျှခဲ့သည်။ နတ်ဆိုးအရှင်သခင် အဆင့် ဂလော်ဖင်းက နေအဖွဲ့အစည်းထဲသို့ အဆောင်ပစ္စည်း နတ်ဘုရး-ဝါးမျိုမျက်နှာဖုံးကို အသုံးချကာ ကျူးကျော်ခဲ့သည့်အတွက် နေအဖွဲ့အစည်း တုန်ခါသွား ခဲ့သည်။

ယခုတွင် ချန်လွေ့သည် မဟာနတ်ဆိုးဘုရင်အဆင့်သို့ ရောက်ရှိနေပြီး အသူရာသည် သူ့ထက်မြင့်သော အဆင့်ကို အသုံးပြု၍ မရပေ။ သို့သော် သူသည် စူပါစနစ်၏ နေအဖွဲ့အစည်းကို သက်ရောက်စေပြီး ဖျက်ဆီးနိုင်ခဲ့သည်။ ၎င်းသည် “သိသိသာသာ” ခြားနားချက်ပင် ဖြစ်လေသည်။

ချန်လွေ့၏ ဝိညာဉ်သည် နေအဖွဲ့အစည်းနှင့် ပေါင်းစပ်ထားသည့်အတွက် အပြင်းအထန် ထိခိုက်သွားခဲ့သည်။ သူသည် စိတ်မြန်ပြီး ချက်ချင်း တုံ့ပြန်လိုက်သည်။ နေအဖွဲ့အစည်း၏ အာကာသ စတင်ယိုယွင်းလာပြီး ဂြိုလ်များ ရုတ်တရက် ပျောက်ကွယ်သွားကာ ထူးဆန်းသော မဟာတွင်းနက်တစ်ခုကို ဖြစ်စေခဲ့သည်။

မဟာတွင်းနက်သည် အားကောင်းသော ဆွဲအားရှိသည့် အာကာသခန္ဓာတစ်မျိုး ဖြစ်သည်။ ၎င်းသည် စကြဝဠာထဲရှိ အဆုံးမရှိသော တွင်းပေါက်ဖြစ်၏။ ထိုထဲသို့ မည်သည့် အရာဝတ္ထုအဆို ကျရောက်သွားသည်နှင့် လွတ်မြောက်နိုင်တော့မည် မဟုတ်ပေ။ အလင်းသည်ပင် ခြွင်းချက် မဟုတ်ပေ။ထင်ထားသည့်အတိုင်းပင် ထိုဖျက်ဆီးခြင်း စွမ်းအား အမှန်တကယ် ပျောက်ကွယ်သွားပြီး မဟာတွင်းနက်သည်ပင် ထူးထူးဆန်းဆန်း စတင် တွန့်လိမ်လာခဲ့သည်။

သို့သော် ကြယ်တာရာဝါးမျိုခြင်း ပုံစံမှ ဆင့်ကဲပြောင်းလဲလာသော မဟာတွင်းနက်သည် ဖျက်ဆီးခြင်းစွမ်းအား တဖြည်းဖြည်း ဝါးမျိုနေသည်ဟု ချန်လွေ့ ခံစားမိနေသည်။ အသူရာ၏ အမူအရာလည်း ကြောက်ရွံ့စပြုလာသည်။

ကြယ်တာရာဝါးမျိုခြင်းမှ ဝါးမျိုလိုက်သောစွမ်းအင်ကို ကြယ်တာရာကူးပြောင်းခြင်းက စုပ်ယူပြီး အသုံးပြုရန် ကူးပြောင်း၍ရသည်။ ယခင်တစ်ခေါက်က ဂလော်ဖင်းကို ဝါးမျိုလိုကသော အသိစိတ်စွမ်းအားကဲ့သို့ပင် ဖြစ်သည်။ သို့သော်လည်း ယခုတစ်ခေါက် စုပ်ယူလိုက်သော စွမ်းအားသည် ကြယ်တာရာကူးပြောင်းခြင်း၌ မပေါ်ထွက်လာခဲ့ပေ။ ၎င်းကို စူပါစနစ်ကိုယ်တိုင်က စုပ်ယူလိုက်ပုံရသည်။

ကြယ်တာရာဝါးမျိုခြင်းကို အသုံးပြုနေစဉ် ချန်လွေ့သည် ရင်းနှီးသော ဖျက်ဆီးခြင်း စွမ်းအားကို ခံစားလိုက်ရပြီး ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားခဲ့သည်။

“ အသူရာ။ မင်း ဘယ်က လာလဲဆိုတာ ငါသိပြီ။ ”

အသူရာ ကိုယ်တိုင်က သူသည် မူလက ပျောက်ကွယ်သွားတော့မည့် စွမ်းအင်တစ်စသာ ဖြစ်ကြောင်း ပြောခဲ့သည်။ သူသည် ချန်လွေ့၏ အတွင်းလောကထဲရှိ အမှောင်ထုမှ အသိစိတ်နှင့် စွမ်းအားကို ရရှိခဲ့ပြီး အတွင်းနတ်ဆိုး ဆိုသည့်အရာ ဖြစ်လာခဲ့သည်။ [ စိတ်သန်စင်ခြင်း ] ပြီးစီးသွားသည့်အခါ အသူရာသည် မပျောက်ကွယ်သွားရုံသာမက ကိုယ်ပိုင်အသိစိတ်ပါ ရှိလာခဲ့ပြီး ပို၍ပို၍ အစွမ်းထက်လာခဲ့သည်။ သူသည် ယခုတွင် ထိုကဲ့သို့ ကြောက်မက်ဖွယ်ရာ စွမ်းအားကိုပင် ထုတ်လွှတ်နိုင်နေ၏။

သို့သော်လည်း အသူရာသည် သူမည်သည့်နေရာမှလာကြောင်း မသိပေ။

၎င်းမှာ လျို့ဝှက်ဆန်းကြယ်မှုတစ်ခုပင် ဖြစ်သည်။

ချန်လွေ့သည် မနေနိုင်တော့ဘဲ ထိုသို့ ပြောလိုက်မိသည်။ ၎င်းသည် မထိန်းထား နိုင်တော့သော အသူရာကို ထိတ်လန့်သွားစေသည်။

“ ငါက.... ”

ထိုအချိန် အာရုံလွင့်သွားစဉ် ကုန်ဆုံးနေသာ လက်ကျန်စွမ်းအားများ ရုတ်တရက် ဝါးမျို ခံလိုက်ရသည်။ အသူရာ စကားမပြောပြီးခင်မှာပင် ပျောက်ကွယ်သွားခဲ့သည်။ ထိုကဲ့သို့ တိုတောင်းပြီး သဲထိပ်ရင်ဖိုဖြစ်စေသော တိုက်ပွဲ နောက်ဆုံး၌ ပြီးစီးသွားလေပြီ။

အသူရာ ပျောက်ကွယ်သွားသော်လည်း နောက်တစ်ကြိမ်၌ ပြန်ပေါ်ထွက်လာဦးမည် ဖြစ်သည်။ ထိုနည်းတူစွာပင် သူသည် ထိုကြောက်မက်ဖွယ်ရာအားနှင့်အတူ ပြန်ရောက် လာမည် ဖြစ်ပေသည်။

မဟာတွင်းနက် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားပြီး နေအဖွဲ့အစည်းသည် မူလ အလှတရားနှင့် တောက်ပမှုများ ပြန်လည်ရရှိသွားသည်။ အပေါ်ယံ၌ ပုံမှန်အတိုင်းပင် ဖြစ်သည်။ သို့သော်လည် ချန်လွေ့သည် ထပ်တိုးလာသော လျို့ဝှက်ဆန်းကြယ်သည့် အငွေ့အသက်တစ်ခုကို ခံစားမိနေသည်။ ၎င်းသည် ဖျက်ဆီးခြင်း.....တစ်မျိုးမျိုး ဖြစ်ပုံရသည်။

အသူရာ၏ဇစ်မြစ်ကို ချန်လွေ့ ဖော်ထုတ်ခဲ့ခြင်းမှာ တိုက်ပွဲ နည်းဗျူဟာ မဟုတ်ဘဲ အမှန်တကယ် သတိရသွားသောကြောင့်ပင် ဖြစ်သည်။

အသူရာသည် ချန်လွေ့ တစ်နေရာ၌ ခံစားခဲ့ဖူးသော ရင်းနှီးသည့် ဖျက်ဆီးခြင်း အငွေ့အသက် တစ်ခုကို ထုတ်လွှတ်ခဲ့သည်။

အတိအကျပြောရလျှင် ၎င်းမှာ ပစ္စည်းတစ်ခု ဖြစ်သည်။

သေတ္တာတစ်လုံး။

‌ငွေသေတ္တာ။

All Chapters