ဂျို့ရှ်
Vol. 22 Ch. 322
လွန်ခဲ့သော နှစ်ပေါင်း၂၀၀၀ခန့်က အဆိပ်နဂါး ပါ့ဂ်လီအိုနှင့် နတ်မိမယ်နဂါး ဇိုလာတို့ ပူးပေါင်းပြီး သလင်းကျောက်နဂါး ယာကော့ဗ် နှင့် နဂါးပြာ ရာနိုင်းရီတို့ကို တိုက်ခိုက် အနိုင်ယူကာ ငွေသေတ္တာကို ရရှိခဲ့သည်။ ထို့နောက်တွင် ပါ့ဂ်လီအို လောဘ တက်သွားပြီး ဇိုလာအား အကွက်ဆင်ကာ ရတနာကို ယူပြီး ထွက်ပြေးသွားသည်။ ထို့နောက် လျို့ဝှက်ဆန်းကြယ်သော ပုဂ္ဂိုလ်တစ်ယောက်၏ ချိပ်ပိတ်ခြင်းကို ခံခဲ့ရသည်။
နတ်ဆိုးအရှင်သခင်အဆင့် သို့မဟုတ် ထိုထက်မြင့်သူများကြားရှိ တိုက်ပွဲ အရင်းမြစ်မှာ လျို့ဝှက်ဆန်းကြယ်သော ငွေသေတ္တာပင် ဖြစ်လေသည်။
ချန်လွေ့သည် အသံတိတ်ညစိမ့်မြေ၌ ထိုသေတ္တာကို နှစ်ကြိမ်ဖွင့်ခဲ့သည်။ ၎င်းကို ဖွင့်လိုက်သည့်အခါ နတ်ဆိုးဘုံရှိ တော်ဝင်မိသားစုများ၏စွမ်းအားများ ဖိနှိပ်ခံခဲ့ရပြီး အသက်စွမ်းအင် ဝါးမျိုခံခဲ့ရသည်။ အရေးကြီးဆုံးမှာ ထိုငွေသေတ္တာအား ချန်လွေ့ ပထမဆုံး ဖွင့်ခဲ့စဉ်က စကြဝဠာထဲရှိ မူလအကျဆုံး စည်းမျဉ်းစွမ်းအား ဖြစ်ဟန်တူသည့် ကျယ်ပြောလှသော ဖျက်ဆီးခြင်းစွမ်းအား တစ်ပိုင်းတစ်စကို ခံစားမိခဲ့ခြင်းပင် ဖြစ်သည်။
အသူရာ အငွေ့အသက်၏ သန့်စင်မှုနှင့် အဆင့်တို့သည် ငွေသေတ္တာ၌ ခံစားရသည့် ကျယ်ပြောလှသာစွမ်းအားထက် များစွာအားနည်းသော်လည်း ၎င်းတို့နှစ်ခုသည် အရင်းအမြစ် တစ်နေရာတည်းမှ ဖြစ်နိုင်ပေသည်။
အသူရာသည် ငွေသေတ္တာအား ချန်လွေ့မထိခဲ့စဉ်က အလီယော့သ် အခြေအနေ၏ အတွင်းနတ်ဆိုးသာ ဖြစ်ပုံရသည်။ ဤကဲ့သို့ အတွင်းနတ်ဆိုး၌ အလီယော့သ် အခြေအနေထက် များစွာသာလွန်သော ဇစ်မြစ်စွမ်းအားများ ရှိနေရခြင်းမှာ အကြောင်းရင်း တစ်ခုသာ ရှိလေ၏။ အသံတိတ်ညစိမ့်မြေ၌ ငွေသေတ္တာကို ချန်လွေ့ ဖွင့်ခဲ့စဉ်က လွတ်ထွက်လာသော ထူးဆန်းသော စွမ်းအင် တစ်ပိုင်းတစ်စသည် သူ၏အသိစိတ်ထဲ ကျူးကျော်ဝင်ရောက်ကာ အတွင်းနတ်ဆိုးနှင့် ပူးပေါင်းပြီး ပြောင်းလဲမှုတစ်ခု သို့မဟုတ် ဆင့်ကဲပြောင်းလဲခြင်း ဖြစ်သွားရခြင်း ဖြစ်ပေမည်။ ၎င်းသည် ယခုအချိန်အထိတိုင် ဆက်လက်တည်ရှိနေခဲ့သည်။
လျို့ဝှက်ဆန်းကြယ်သော ငွေသေတ္တာသည် ရှီလန်တောင် မြေအောက်ရှိ စွမ်းအင်ရေစင်ထဲ၌ မြှုပ်ထားဆဲပင် ဖြစ်သည်။ သို့သော်လည်း ထိုအကြီးမားဆုံး လျို့ဝှက်ချက်ကို နားလည်ရန်အတွက် အနည်းဆုံး နတ်ဆိုးအရှင်သခင်အဆင့် ရောက်ရန် လိုအပ်ကြောင်း ပါ့ဂ်လီအို အကြိမ်ကြိမ် သတိပေးခဲ့သည်။ ထိုမတိုင်ခင် ချန်လွေ့သည် မဆင်မခြင် ပြုလုပ်၍မရနိုင်ပေ။
ချန်လွေ့သည် စူပါစနစ်ထဲမှထွက်ပြီး စိတ်ဝိညာဉ် ဖြည့်တင်းရန် ဆေးရည်တစ်ပုလင်း သောက်လိုက်သည်။ သူသည် လေ့ကျင့်ရေးကွင်းထဲ၌ အချိန်အကြာကြီး မနေခဲ့ရပေ။ သူသည် အသူရာနှင့် အချိန်တိုလေးသာ တိုက်ခိုက်ခဲ့ရသည်။ သို့သော်လည်း ၎င်းသည် ရက်၁၀၀ ဆက်တိုက် လေ့ကျင့်ရသည်ထက် ပို၍ပင်ပန်းလေသည်။
အံ့အားသင့်စွာပင် ဘုံဘုရင်သစ်သီး၏ အံ့သြဖွယ်သက်ရောက်မှုကြောင့် အသူရာ ထုတ်လွှတ်ခဲ့သော ဖျက်ဆီးခြင်း အငွေ့အသက် တစ်ပိုင်းတစ်စသည် စိတ်ဝိညာဉ် အမှတ်အသား၌ အမှန်တကယ် ကျန်ရစ်ခဲ့သည်။ တစ်နည်းအားဖြင့် ပြောရလျှင် ထိုကဲ့သို့ အငွေ့အသက်သည် ချန်လွေ့၏မှတ်ဉာဏ်ထဲ ရောက်ရှိနေပြီ ဖြစ်သည်။ ၎င်း၏ လျို့ဝှက် ဆန်းကြယ်မှုကိုသာ သူနားလည်နိုင်မည်ဆိုလျှင် အစွမ်းထက်ဆုံး ဇစ်မြစ်စွမ်းအားကို ရရှိနိုင်မည် ဖြစ်ပေသည်။
သို့သော်လည်း ထိုကဲ့သို့ အငွေ့အသက်သည် ရှေးကျပြီး လေးနက်သည်။ ၎င်းသည် ရိုးရှင်းသော ဖျက်ဆီးမှုတစ်ခု ဖြစ်ပုံရသော်လည်း နားလည်ရန် အလွန်ခက်ခဲလှသည်။ ကံကောင်းစွာပင် ၎င်းသည် စိတ်ဝိညာဉ် အမှတ်အထားထဲ၌ ကျန်ရှိနေပြီ ဖြစ်သည်။ ချန်လွေ့ လိုချင်သည့်အခါတိုင်း အချိန်မရွေး ၎င်းကို တွေးဆဆင်ခြင်နိုင်ပေမည်။ ၎င်းသည် မဟာအခွင့်အရေးတစ်ခုဖြစ်ပြီး အနာဂတ်၌ အသူရာအား အမှန်တကယ် အနိုင်ယူရန် တစ်ခုတည်းသောနည်းလမ်း ဖြစ်ပေသည်။
မျက်စိတစ်မှိတ်အတွင်း ၁၀ရက် ကုန်ဆုံးသွားခဲ့သည်။ “ချာလီစ်”သည် နောက်ဆုံးတွင် စောင့်မျှော်နေသာ ခါနီတာအရှေ့၌ ပေါ်ထွက်လာခဲ့သည်။ လေဟာနယ် “ခရီးသွားခြင်း” ကြောင့် လူသား၏မျက်နှာ အနည်းငယ် ပင်ပန်းနေသော်လည်း သူ၏မျက်လုံးများ အရောင်တောက်နေဆဲပင် ဖြစ်သည်။ ခါနီတာအတွက် စိတ်အအေးရဆုံးမှာ လူသားသည် ကတိပေးထားသည့်အတိုင်း ၃သန်းနီးပါး ယူလာသည့်အတွက်ကြောင့်ပင် ဖြစ်သည်။
၃သန်းရသွားသော ခါနီတာသည် ပို၍ပင် စိတ်အေးသွား၏။ “ချာလီစ်”က အာလုံး အစီအစဉ်အတိုင်း ချောချာမွေ့မွေ့ဖြစ်နေကြောင်းပြောပြီး ပထမဆုံး ဝင်ငွေကို အောင်အောင်မြင်မြင် ရခဲ့ပြီဖြစ်ကြောင်း ပြောသည်။ သို့သော်လည်း အချိန်သည် အဖိုးတန် သည့်အတွက် ဤနေရာတွင် နေနေ၍မရပေ။ သူသည် ဆမ်မြူရယ်အား အနည်းငယ် အားပေးပြီးနောက် အလောတကြီး ထွက်သွားပြန်သည်။
နောက်၁၀ရက်ကြာပြီးနောက်တွင် တက်ကြွနေသော ချာလီစ်က နောက်ထပ် ၅သန်းဖြင့် ရောက်လာသည်။ ခါနီတာအတွက် ၎င်းသည် အကျိုးအမြတ်များသော စီးပွားရေးတစ်ခု ဖြစ်သည်။ သူသည် အနည်းဆုံး ၁သန်းခန့် အကျိုးအမြတ် ရသွားလေပြီ။ စွန့်စားရာ ကျသော်လည်း သူသည် အပေါင်ပစ္စည်းများအား လူသားထံ ပြန်ပေးခဲ့သည်။
ခါနီတာ၏ နှစ်၁၀၀ကျော် အတွေ့အကြုံ၌ ထိုကဲ့သို့ ငွေပဏာမ အများအပြားကို ပထမဆုံး အကြိမ် အလွယ်တကူ ရရှိခဲ့ခြင်းပင် ဖြစ်သည်။ ထို့ပြင် ၎င်းမှာလည်း အစသာ ဖြစ်၏။
လူသားပြောသည့်အတိုင်းပင် သလင်းကျောက်နက်ဒင်္ဂါးရှိ အမှောင်ဒြပ်စင် အငွေ့အသက် ကွယ်ပျောက်သွားသည်။ သို့သော် ပိုက်ဆံမှာ အစစ်အမှန်ဖြစ်ပြီး ပုံမှန်အတိုင်းပင် လည်ပတ်၍ရသည်။ ထို့ကြောင့် ယခင်က ခါနီတာ၏သံသယအချို့ ပျောက်ကွယ် သွားလေသည်။
“ ပထမအဆင့်တော့ အောင်မြင်သွားပြီ။ ရင်းနှီးထားတဲ့ စီမံကိန်းတွေကို တစ်ခုပြီးတစ်ခု လည်ပတ်စေဖို့အတွက် အရင်းအနှီးများများ လိုအပ်မယ်။ ခင်ဗျားလို အမြင်ကျယ်တဲ့ ပူးပေါင်းဆောင်ရွက်သူတစ်ယောက်က အချိန်တိုအတွင်း ကြီးမားတဲ့ ဝင်ငွေကြောင့် လက်လွှတ်မှာ မဟုတ်ဘူးဆိုတာ ကျုပ် ယုံကြည်တယ်။ တတိယပိုင်းအတွက် အမြတ်အစွန်း လိုချင်တယ်ဆိုရင် ငွေစီးဆင်းမှု အဆက်မပြတ် ရှိရမယ်။ ဒုတိယအဆင့်မှာ ငွေက သန်း၅၀ လိုနေတုန်းပဲ။ အမြတ်အစွန်းနှုန်းကတော့ ၇၀% ပေါ့။ အဲဒါက တတိယပိုင်းအတွက်ပဲ။ စီးပွားရေးသမား အတွက် အချိန်က ငွေပဲ။ ဒီငွေကို အမြန်ရနိုင်ပါစေလို့ ကျုပ် မျှော်လင့်ပါတယ်။ ”
“ သန်း၅၀ လား။ ”
ခါနီတာ လန့်သွားခဲ့သည်။ ဒီလောက်ငွေပမာဏက ငါ့ရဲ့စွမ်းဆောင်ရည်ထက် ကျော်လွန် နေတယ်။ ငါတစ်ယောက်တည်း မထောက်ပံ့နိုင်လောက်ဘူး ထင်တယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ။ အမြတ်အစွန်း ၁သန်း ရှိနေတယ်။ နောက်ထပ် ၆သန်း ရောက်လာဖို့ ရှိနေဦးမှာ။ တကယ်လို့ အခုငါ “ချာလီစ်”ကို အဖေနဲ့ မိတ်ဆက်ပေးလိုက်မယ်ဆိုရင် ငါတို့လည်း အကျိုးအမြတ် အတူတူ ရနိုင်သလို ငါလည်း အကျိုးပြုမှု ကြီးကြီးမားမား ရရှိနိုင်တယ်။
“ တိုက်တိုက်ဆိုင်ဆိုင်ပဲ ကျုပ်ရဲ့အဖေက လွန်ခဲ့တဲ့ သုံးလေးရက်တုန်းက လေ့ကျင့်ရေး ပြီးဆုံးသွားခဲ့တာ။ ကျုပ် ခင်ဗျားကို လိပ်ပြာနီမြို့ဆီ ခေါ်သွားပြီးတာ့ အဖေ့အရှေ့မှာ အာမ ခံပေးမယ်။ ဒါပေမဲ့ တတိယပိုင်းရဲ့ ၉သန်းကိုတော့ ကျုပ်ရဲ့ ဒုတိယမြောက် ရင်းနှီးငွေ ထဲကို ထည့်လိုက်သင့်တယ်။ ”
ခါနီတာသည် ကောင်းကောင်း တွက်ချက်ထားခဲ့သည်။ သူသည် အရင်းကို ပြန်ရရှိခဲ့ပြီး အကျိုးအမြတ် အနည်းငယ် ရရှိခဲ့သည်။ ကျန်သည့်ငွေများကို ငွေထပ်ရှာရန်အတွက် အသုံးပြုလျှင် အရဲစွန့်စရာ မရှိတော့ပေ။ လူသားက သူ့ကို အကူအညီတောင်းနေသည့် အတွက် ၎င်းသည် သတ်မှတ်ချက်ကို တိုးမြှင့်ရန် အခွင့်အရေးတစ်ရပ်ပင် ဖြစ်သည်။
ချန်လွေ့က ခိုင်ခိုင်မာမာ ပြန်ဖြေသည်။
“ ဒီလို မရပါဘူး။ ခင်ဗျားရဲ့ ပထမဆုံးရင်းနှီးမြှုပ်နှံမှုကို အလေးထားတဲ့အနေနဲ့ ကျုပ်က ကနဦး အကျိုးအမြတ်တွေအားလုံး ခင်ဗျားကို ပေးခဲ့တာ။ ကျန်တဲ့ ၆သန်းကို နောက်ထပ် သုံးလစောင့်ပြီးမှရမှာ။ ဒီသလင်းကျောက်နက်ဒင်္ဂါး သန်း၅၀ က အတိအကျ ဖြစ်ရမှာ။ နည်းနည်းမှ လျှော့သွားလို့ မဖြစ်ဘူး။ ”
“ အကျိုးအမြတ်မရှိရင် မက်လုံးမရှိရင် ဘာမှလုပ်ချင်စိတ်မရှိဘူး ဆိုတဲ့ စကားတစ်ခွန်း ရှိတာပဲ။ ကျုပ်က စီးပွားရေးသမားတွေ အများကြီးနဲ့ ဆက်ဆံခဲ့ဖူးတယ်။ ခင်ဗျားလည်း အကျိုးအမြတ်မရင် မလုပ်ဘူးဆိုတာ ကျုပ် ယုံကြည်တယ်။ ဒီငွေက အရေးအကြီးဆုံး ယုံကြည်မှုကို ရရှိနိုင်မှာ။ ခင်ဗျား ဒါကို ကျုပ်ထက် ပိုသိမှာပါ။ ပြီးတော့လည်း ၆သန်း ဆိုတာက ခင်ဗျားရဲ့ မဟာအစီအစဉ်ရဲ့ အစိတ်ပိုင်းတစ်ခုလေးပါပဲ။ ”
ချန်လွေ့ ခဏစဉ်းစားလိုက်ပြီးနောက် သန်း၅၀ထက် နည်း၍မရကြောင်း ထပ်မံ ပြောခဲ့သည်။ သို့သော်လည်း သူက ၆သန်းကို တတိယပိုင်းတွင် အတိုး၂၀% ဖြင့် ခါနီတာထံ ပြန်ပေးမည်ဖြစ်ကြောင်း ကတိပေးခဲ့သည်။ ခါနီတာသည် တစ်ဖက်လူ၏ နောက်ဆုံး ငွေရေးကြေးရေးစံနှုန်းကို စမ်းသပ်နေခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် အမှန်တကယ်ပင် စီးပွားရေးအကြီးကြီး ဖြစ်ပုံရသည်။ သူသည် နောက်ထပ် ၁.၂သန်း ရရှိခဲ့သည်။ ထို့ကြောင့် နောက်ဆုံး၌ ခါနီတာသည် ခိုင်ခိုင်မာမာနှင့် ခေါင်းညိတ်လိုက်တော့သည်။
ထို့နောက် ခါနီတာနှင့် ချန်လွေ့တို့သည် သန္ဓေပြောင်း ဂရစ်ဖင်းကိုစီးပြီး လိပ်ပြာနီမြို့သို့ အမြန်ဆုံး ရောက်ရှိလာခဲ့သည်။
လိပ်ပြာနီမြို့သည် အမှောင်လမြို့ထက် အနည်းငယ်သေးသော်လည်း အမှောင်လမြို့သည် လွန်ခဲ့သော နှစ်ရာချီအကြာက အကြွယ်ဝဆုံးအချိန်မှ ကျန်ရစ်ခဲ့သော အခွံလွတ်တစ်ခုသာ ဖြစ်သေည်။ မိသားစုအများအပြား မရှိသလို စွမ်းအားအစစ်အမှန်ရှိသော အဆောက်အအုံ များလည်း မရှိပေ။ လိပ်ပြာနီမြို့သည် ပို၍ကြွယ်ဝသည်။ သို့သော်လည်း အရိပ်နက် မြို့တော်နှင့်ယှဉ်လျှင် ၎င်းကို အနည်းငယ် ဆွဲဆောင်မှုရှိသော အလယ်အလတ် မြို့တစ်မြို့ ဟူ၍သာ သတ်မှတ်နိုင်ပေသည်။
အမှောင်လမြို့နှင့် ဆန့်ကျင်ဘက်ပင်ဖြစ်ပြီး လိပ်ပြာနီမြို့သည် မြေဆီကြွယ်ဝပြီး အစားအစာ ပေါ်များကာ အရင်းအမြစ်အဖြစ် မှော်ကျောက်တုံး မိုင်းတွင်းများလည်း ရှိသည်။ ကြယ်ကြွေတမန်အင်ပါယာ၏ အကြွယ်ဝဆုံးနယ်မြေတစ်ခု ဖြစ်သည့်အလျောက် လိပ်ပြာနီအရှင် နေရာသည် သေချာပေါက် အကျိုးအမြတ်ရှိလှသည်။
အယ်ဗင် မိသားစုသည် လိပ်ပြာနီနယ်မြေ၌ ရှိနေသည်မှာ နှစ်ထောင်ချီနေပြီး ခိုင်မာသော အခြေခံ ရှိသည်။ အမှောင်လနယ်မြေသို့ ယာယီ “ပို့ဆောင်”ခံရသော အိမ်ရှေ့မင်းသား ဂါရမ်း၏ မျိုးဆက်များသည် သူတို့ကို လုံးဝမယှဉ်နိုင်ပေ။ အထူးသဖြင့် လက်ရှိ လိပ်ပြာနီ အရှင် ဂျို့ရှ်သည် သန်းခေါင်နေအရှင် သေဆုံးချိန်၌ ဘုရင်ခံအိုဆိုင်ဒန်ကို ထောက်ပံ့ရန် မှန်ကန်သော ဆုံးဖြတ်ချက်ကို လုံးဝချနိုင်ခဲ့သည်။ ထို့ကြောင့် လိပ်ပြာနီနယ်မြေ၏ တိုးတက်နှုန်းမှာ ချောချောမွေ့မွေ့ ဖြစ်နေခဲ့သည်။
လိပ်ပြာနီနယ်မြေကို ထိန်းချုပ်ပြီး စောင့်ကြည့်ရန် ဘုရင်ခံ အိုဆိုင်ဒန် ခိုင်းစေခဲ့သော နယ်ရုပ်ဖြစ်သည့်အလျောက် ဂျို့ရှ်သည် တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်ခဲ့သည်။ နှစ်ပေါင်းများစွာကြာအောင် မင်းသားဂါရမ်း သို့မဟုတ် ရှီရာ မည်ကဲ့သို့ပင် ကြိုးပမ်းစေကာမူ အမှောင်လနယ်မြေ၏ ဆိုးဝါးလှသော အခြေအနေကို ပြောင်းလဲရန် မဖြစ်နိုင်ခဲ့ပေ။
သိပ်မကြာခင်က ရှီလန်တောင်တွင် ပြဿနာအချို့ ဖြစ်ပွားခဲ့သော်လည်း အမှောင်လမြို့၏ အသက်သွေးကြော နှစ်ခုဖြစ်သည့် စီးပွားရေးနှးင့် အစားအစာတို့မှာ လိပ်ပြာနီနယ်မြေ၏ လက်ထဲ၌ ရှိနေဆဲပင် ဖြစ်သည်။ သူသည် တစ်ဖက်လူ၏ လည်မျိုကို ကိုင်ထားပြီး သတ်ပစ်ရန် အိုဆိုင်ဒန် အမိန့်ပေးမည်ကိုသာ စောင့်ဆိုင်းနေ၏။
ခါနီတာသည် ချန်လွေ့ကို ဦးဆောင်ပြီး အရှင်သခင်၏ စံအိမ်သို့ တစ်ခါတည်း ခေါ်သွားသည်။ သူသည် ဖခင်ဖြစ်သူ ဂျို့ရှ်နှင့် တွေ့ဆုံရန် တိုက်ရိုက် တောင်းဆိုခဲ့သည်။ သိပ်မကြာခင်၌ ချန်လွေ့၏ အမှောင်လနယ်မြေ၏ အကြီးမားဆုံး အိမ်နီးချင်းနှင့် ရန်သူကို ဆုံတွေ့ခဲ့လေသည်။
ဂျို့ရှ်၏ အသွင်အပြင်သည် သက်လက်ပိုင်း လူကြီးပုံံစံဖြစ်ပြီး ရက်စက်သာ မျက်နှာရှိသည်။ သူ၏မျက်လုံးများမှာ ဓားကဲ့သို့ ထက်မြက်ပြီး ဒေါသမထွက်ဘဲနှင့် ခြိမ်းခြောက်သော အငွေ့အသက်များ ထွက်နေသည်။
မျိုးနွယ် - မဟာနတ်ဆိုး(သန္ဓေပြောင်း)။
စွမ်းအားအကဲဖြတ်မှု - A-
ခန္ဓာအမျိုးအစား - B+
ခွန်အား - B
စိတ်ဝိညာဉ် - A-
မြန်ဆန်မှု - B+
ဂျို့ရှ်၏ လူသားအသွင်သည် နတ်ဆိုးဧကရာဇ်အဆင့် ကနဦးပိုင်း ဖြစ်နေသည်။ အသီနာ ပြောသည့်အတိုင်ဆိုလျှင် မဟာနတ်ဆိုး မိသားစုသည် လေ့ကျင့်ရေးမှတစ်ဆင့် စွမ်းအား ရရှိမှုကို ထိန်းသိမ်းပြီး ကုန်ဆုံးမှုကို လျော့ကျစေရန်အတွက် လူသားအသွင်ကို ထိန်းသိမ်း ထားခြင် ဖြစ်သည်။ တိုက်ပွဲအသွင်သို့ ပြောင်းလိုက်သည်နှင့် တိုက်ခိုက်ရေးစွမ်းအား အဆများစွာ တိုးမြင့်သွားမည် ဖြစ်သည်။ အဆင့်မြင့်လေလေ ပို၍တိုးမြင့်လေလေပင် ဖြစ်သည်။
အကယ်၍ အသီနာသည် ပါ့ဂ်လီအို၏ အလားတူ တိုက်ခိုက်ရေးအစွမ်းများကိုသာ အသုံးမပြုလျှင် သူ၏လူသားအသွင်သည် အမြင့်ဆင့်နတ်ဆိုး ထိပ်သီးပိုင်းသာ ဖြစ်သည်။ သို့သော် အသွင်ပြောင်းလိုက်သည်နှင့် သူသည် မဟာနတ်ဆိုးဘုရင်အဆင့် ကနဦးပိုင်းသို့ ရောက်ရှိသွားမည် ဖြစ်သည်။ နတ်ဆိုးဘုရင်နှင့် မဟာနတ်ဆိုးဘုရင်အကြားတွင် စကားလုံး တစ်လုံးသာ ခြားနားသော်လည်း စွမ်းအား ၁၀ဆခန့် ပို၍ခြားနားပေသည်။
လိပ်ပြာနီနယ်မြသို့ မလာခင်က ချန်လွေ့သည် အသီနာ၏ အသွင်ပြောင်းပြီး “တိုက်ခိုက်ရေးစွမ်းအား”ကို ကြုံတွေ့ခဲ့ရပြီးဖြစ်သည်။ ၎င်းမှာ အခြား “စစ်မြေပြင်”၌ ဖြစ်ပေသည်။
ထို့ကြောင့် ဂျို့ရှ်က တိုက်ခိုက်ရေးအသွင် ပြောင်းလိုက်လျှင် နတ်ဆိုးဧကရာဇ်အဆင့် အလတ်ပိုင်းသို့ ရောက်ရှိသွားပေမည်။ ထိုစဉ်က ချန်လွေ့သည် နတ်ဆိုးဧကရာဇ်အဆင့် ဆာဘရီအား တိုက်ခိုက်ရေးစွမ်းအား အောက်ဆုံးအထိ ရောက်နေစဉ် သတ်ပစ်ခဲ့ပြီး ရှုံးလုမတတ် ဖြစ်သွားခဲ့သည်။ ယခုတွင် သူသည် နတ်ဆိုးဧကရာဇ်အဆင့်နှင့် ပိုင်နက်-အတုကို မြဲမြဲမြံမြံ ဆုပ်ကိုင်ထားသော ပုဂ္ဂိုလ်ကို ရင်ဆိုင်ရပေတော့မည်။ ချန်လွေ့၏ လက်ရှိစွမ်းအားသည် သလင်းကျောက်တောင်ကြား၌ ရှိစဉ်ကထက် အများအပြား တိုးတက်လာခဲ့သော်လည်း ထိပ်တိုက်ရင်ဆိုင်ရာ၌ အနိုင်ရရှိနိုင်ချေ မရှိသေးပေ။
၎င်းသည် စွမ်းအားအဆင့် ကြီးကြီးမားမား ခြားနားခြင်းကြောင့်သာမက အလတ်လွှာ နှင့် အထက်လွှာ၏ “အရည်အသွေး” ကြားရှိ ကြီးမားလှသော ခြားနားချက်ကြောင့်လည်း ဖြစ်ပေသည်။
ဖခင်ဖြစ်သူ ဂျို့ရှ်နှင့် ရင်ဆိုင်ရသည့်အခါ ခါနီတာသည် ပုံမှန်အတိုင်း ယုံကြည်ချက်ရှိရှိ စကားပြောမနေခဲ့ပေ။ သို့သော်လည်း သူသည် လေးစားမှုနှင့် ကြောက်ရွံ့မှုကို အတော်လေး ပြသခဲ့သည်။ အစေခံများကို သွားခိုင်းရန် တောင်းဆိုပြီးနောက် ခါနီတာ အရိုအသေပြုပြီး ချန်လွေ့၏ “သရုပ်” နှင့် ရည်ရွယ်ချက်ကို ပြောပြခဲ့သည်။
ဂျို့ရှ် အနည်းငယ် အံ့အားသင့်သွားပုံရသည်။ နားထောင်နေရင်း သူ၏မျက်လုံးများ လက်ခနဲ ဖြစ်သွားပြီး ချန်လွေ့ကို ဖောက်ထွင်းမြင်ရသကဲ့သို့ပင် စစ်ဆေးကြည့်လိုက်သည်။
ခါနီတာက အတွေ့အကြုံများကိုသာ အသေးစိတ် ဖော်ပြခဲ့ပြီး သူ၏ရည်ရွယ်ချက်ကို မဖော်ပြခဲ့ပေ။ အကြောင်းမှာ သူ၏အဖေ ဂျို့ရှ်သည် အမြဲပင် သံသယရှိပြီး ကိုယ်တိုင် ဆုံးဖြတ်တတ်သောကြောင့်ပင် ဖြစ်သည်။ အကယ်၍ သူသာ အလွန်အကျွံ ရှင်းပြခဲ့လျှင် မလိုအပ်သော သံသယများ ဖြစ်သွားစေနိုင်သည်။
ဂျို့ရှ်ကို ၎င်းကို စတင်စဉ်းစားနေလိုက်သည်။ သူ၏မျက်လုံးများကမူ ချန်လွေ့ထံမှ လုံးဝ မခွာခဲ့ပေ။ မမြင်နိုင်သော ဖိအားသည် ချန်လွေ့ကို လွှမ်းမိုးသွားခဲ့သည်။ မာနူ နှင့် ယာကော့ဗ်တို့၏ နတ်ဆိုးအရှင်သခင် အဆင့်များကို ကြုံတွေ့ခဲ့ပြီးပြီ ဖြစ်သည့်အတွက် ထိုဖိအားသည် ချန်လွေ့အတွက် ဘာမှမဟုတ်ပေ။ ထို့ပြင် သူသည် [ စိတ်သန့်စင်ခြင်း ] ထဲရှိ အသူရာကို ရင်ဆိုင်ရာ၌ ကြောက်စရာမြင်ကွင်းများကို ကြုံတွေ့ခဲ့ရပြီးပြီ ဖြစ်သည်။ ထို့ကြောင့် ချန်လွေ့ တည်ငြိမ်နေပြီး အလျင်မလိုခဲ့ပေ။
“ မစိုက်ပျိုးရန် မရိတ်သိမ်းရဘူး ဆိုတဲ့ ရှေးစကားတစ်ခွန်း နတ်ဆိုးတွေမှာ ရှိတယ်။ ”
ဂျို့ရှ် အနည်းငယ် မျက်မှောင်ကြုတ်ပြီး ခါနီတာကို ကြည့်လိုက်ကာ အေးစက်စက် ပြောသည်။
“ မင်းကို ငါ စိတ်ပျက်သွားပြီ။ မင်းက လူသားတစ်ယောက်ရဲ့ လှည့်ကွက်သေးသေးလေးကို အမှန်တကယ် ယုံကြည်ခဲ့တယ်။ သလင်းကျောက်နက် ၁သန်းလောက်လေးနဲ့ မင်းရဲ့ ပုံမှန် တည်ငြိမ်နေတဲ့စိတ် ပျောက်ဆုံးသွားတာလား။ ဒီလှည့်ကွက်လေးကိုတောင် မင်း မမြင်နိုင်ဘူးလာ။ မြို့ထောင့်က မှင်စာတစ်ကောင်ကို သွားရှာကြည့်။ သူ့လှည့်ကွက်က ဒီကောင်ထက် ပိုသာတယ်။ ”
ခါနီတာ ချွေးများ ရွှဲစိုနေပြီး ခေါင်းငုံ့ထားကာ မရှင်းပြရဲတော့ပေ။
ချန်လွေ့သည် ဂျို့ရှ်၏ တုံ့ပြန်မှုအတွက် ပြင်ဆင်ထားပြီးပြီ ဖြစ်သည်။ မည်သို့ပင် ဆိုစေကာမူ သူသည် နှစ်ရာပေါင်းများစွာ အသက်ရှင်ခဲ့ပြီးသူ တစ်ယောက် ဖြစ်သည်။ သူ၏စိတ်သည် သေချာပေါက် ရိုးရှင်းလိမ့်မည် မဟုတ်ပေ။ သို့မဟုတ်ပါက သူသည် အမှောင်လနယ်မြေ၏ အသက်သွေးကြောများကို နှစ်ပေါင်းများစွာကြာအောင် လက်ထဲ ဆုပ်ကိုင်ထားနိုင်မည် မဟုတ်ပေ။
“ ကျုပ် ခင်ဗျားကို စိတ်ပျက်သွားပြီ။ ဆာ-ခါနီတာ။ ”
ချန်လွေ့ သက်ပြင်းချလိုက်သည်။
“ ခင်ဗျားက ခင်ဗျားရဲ့အဖေ ဘယ်လောက် ပညာရှိကြောင်း ပြောနေခဲ့တယ်။ ဒါပေမဲ့ တကယ်တမ်းတွေ့ရတော့ ဒီလိုမျိုးဖြစ်နေမယ် မထင်ထားခဲ့ဘူး။ ဒီတွေ့ဆုံမှုက မအောင်မြင်ခဲ့ဘူးလို့ ကျုပ် ဝန်ခံရမယ်။ ကျုပ် အမြန်ဆုံး ပိုပြီး ယုံကြည်ရတဲ့ လုပ်ဖော်ကိုင်ဖက် တစ်ယောက်ပြောင်းရတော့မယ်။ ”
“ မင်းရဲ့ အကြီးမားဆုံး မအောင်မြင်မှုက ဂျို့ရှ်အယ်ဗင် ဆိုတဲ့ငါ့ကို လိမ်လည်ဖို့ ရွေးချယ်ခဲ့ တာပဲ။ ”
ဂျို့ရှ် ဖြည်းဖြည်းချင်း မတ်တပ်ရပ်လိုက်သည်။ သူ၏မျက်လုံး ထဲရှိ သတ်ဖြတ်ချင်စိတ်များ ပို၍ပြင်းထန်လာခဲ့သည်။
“ မင်းမှာ လုပ်ဖော်ကိုင်ဖက် ဆိုတာ ပြောင်းခွင့် မရှိတော့ဘူး။ မင်းရဲ့ခေါင်းက ငါ့ရဲ့ ဝိုင်ထည့်စရာ ဖြစ်လာရမယ်။ ”
ပြင်းထန်သော ဒြပ်စင်စွမ်းအားသည် လှိုင်းလုံးကြီးကဲ့သို့ပင် ဖြစ်နေပြီး ချန်လွေ့အား ချက်ခင်းပင် ဝါးမျိုလိုက်သည်။ နတ်ဆိုးဧကရာဇ်အဆင့် စွမ်းအားသည် ပေါ့သေးသေး မဟုတ်ပေ။ သူ၏စွမ်းအားကို ဖိနှိပ်ထားသောသော်လည်း ခန်းမတစ်ခုလုံး စတင်တုန်ခါ လာသည်။ ခါနီတာ၏မျက်နှာ ဖြူဖျော့သွား၏။ ငါက ဒီတစ်ခေါက် အကျိုးပြုမှု အကြီးကြီး ရအောင် လုပ်ချင်ခဲ့တာ။ ဒါပေမဲ့ ဒီလိုဖြစ်သွားမယ်လို့ ငါလုံးဝ မထင်ထားခဲ့ဘူး။
“ အမြင်ကျဉ်းတဲ့ နတ်ဆိုးတွေပဲ။ ”
ဖိအားပြင်းထန်သော်လည်း ချန်လွေ့သည် ခိုင်မာသောအမူအရာ ပြသခဲ့သည်။ ပင်လယ် လှိုင်းကြမ်း၌ လေ့ကျင့်ထားသူ ဖြစ်သည့်အလျောက် ထိုကဲ့သို့ “လှိုင်းလုံးကြီး” ဖိအားမျိုးမှာ ရင်ဆိုင်ရလွယ်ကူပေသည်။ သူသည် ခန္ဓာကိုယ်ထဲမှ စွမ်းအားကို အနည်းငယ်သာ ပြောင်းလဲလိုက်ပြီးနောက် ဂျို့ရှ်ထံမှ ဖိအားသည် အနိမ့်ဆုံးအဆင့်အထိ လျော့ကျ သွားခဲ့သည်။ သို့သော်လည်း နတ်ဆိုးဧကရာဇ်အဆင့် စွမ်းအားသည် သူ့ကို အစွမ်းကုန် အားထုတ်ရစေသည်။
ခါနီတာ၏မျက်လုံးထဲတွင် - ဒီလူသားက ငါ့အဖေရဲ့ နတ်ဆိုးဧကရာဇ်အဆင့် အဟုန်ကိုတောင် ယှဉ်နိုင်တယ်။ ဒါကြောင့် သူ့ကို ဆမ်မြူရယ်က တော်တော်လေး လေးစားတာကိုး။
“ လူသားလောကရဲ့ ကြွယ်ဝချမ်းသာမှုတွေကို ခင်ဗျား မြင်ဖူးလား။ သိဒ္ဓိအင်ပါယာရဲ့ ထိပ်တန်းစီးပွားရေး မိသားစုက ဘာကို ကိုယ်စားပြုလဲဆိုတာ ခင်ဗျားသိလား။ တစ်ရက်တည်း အလုပ်လုပ်ရုံနဲ့ ကျုပ်တို့က ခင်ဗျားတို့ရဲ့ နယ်မြေအသေးလေးတွကို ဝယ်လို့တောင် ရတယ်။ ”
ချန်လွေ့၏ ခန္ဓာကိုယ်မှ အငွေ့အသက်တစ်မျိုး ထုတ်လွှတ်လိုက်သည်။ ၎င်းသည် ဂျို့ရှ်၏ ဧရာမလှိုင်းနှင့် မယှဉ်နိုင်သော်လည်း သန့်စင်လုနီးပါးဖြစ်သော အနှိုင်းမဲ့ဖျက်ဆီးခြင်း စွမ်းအားသည် ဂျို့ရှ်ကို ထိတ်လန့်သွားစေသည်။ ဒီလူသားရဲ့ စွမ်းအားက မြင်ရတဲ့အတိုင်း နတ်ဆိုးဘုရင်အဆင့် ကနဦးပိုင်း မဟုတ်လား။ သူက နတ်ဆိုးဧကရာဇ် များလား။
“ ၁သန်းဖြစ်ဖြစ် ၁၀သန်းဖြစ်ဖြစ် အသာထား။ သန်း၁၀၀၀၊ သန်း၁၀၀၀ ဆိုရင်တော့ ကျုပ်ရဲ့ ခမ့်လော့မိသားစုက တုံ့ဆိုင်းမှာ မဟုတ်ဘူး။ ”
ချန်လွေ့၏လေသံသည် အတော်လေး ကြီးကြီးမားမား စော်ကားခံလိုက်ရသကဲ့သို့ ဖြစ်သွားသည်။
“ ကျုပ်က တန်ပြန်အင်အားစု ပြင်ဆင်ဖို့အတွက် အသက်သွင်းပြီး ပြန်လည်ပတ်စေဖို့ ငွေတွေ အရေးတကြီး လိုနေတာ မဟုတ်ရင် ကျုပ်လို ခမ့်လော့မိသားစုရဲ့ အကြီးအကဲ အလောင်းအလျာက ဒီလောက်ပိုက်ဆံနည်းနည်းလေးအတွက် အသက်စွန့်ပြီးတော့ နတ်ဆိုးဘုံကို လာရမှာလဲ။ ”
ဂျို့ရှ် သရော်ပြုံး ပြုံးလိုက်သည်။
“ မင်းရဲ့ အကြောင်းပြချက်က ဘယ်လောက်ပဲ စိတ်ဝင်စားစရာ ကောင်းပါစေ၊ အသုံးမဝင်ဘူး။ လူသားနဲ့ နတ်ဆိုးတွေက နဂိုကတည်းက မပြေနိုင်တဲ့ ရန်သူတွေပဲ။ မင်းက ဒီကိုလာဖို့အတွက် သတ္တိရှိမှတော့ သေဖို့အတွက် ပြင်ဆင်ထားသင့်တယ်။ ”
“ အခုက နောက်နှစ်၂၀၀အကြာ သန့်စင်ခြင်းစစ်ပွဲ ဖြစ်ရင်တော့ ကျုပ် ဒီကိုလာရတဲ့ ရည်ရွယ်ချက်က အလိမ်အညာ ဖြစ်ရင်ဖြစ်မယ်။ ဖျက်ဆီးဖို့အတွက် ဖြစ်ရင်ဖြစ်မယ်။ ဒါပေမဲ့ အခုအချိန် ဒီစကားက ရယ်စရာကောင်းတယ် မထင်ဘူးလား။ ကျုပ် သိရသလောက် ဆိုရင် ခင်ဗျားတို့အင်ပါယာရဲ့ ဘုရင်ခံမှာလည်း ယုံကြည်ရတဲ့ လူသား မိတ်ဆွေတစ်ယောက် ရှိတဲ့ပုံပဲ။ ”
“ မင်းပြောတာ မှန်တော့ရော ဘာဖြစ်လဲ။ နတ်ဆိုးဘုံရဲ့စည်းမျဉ်းက အစွမ်းဆုံးသူသာ အရှင်သခင်ပဲ။ ငါ မင်းကို သတ်ဖို့အတွက် ဘာမှရှင်းပြစရာ မလိုဘူး။ ”
ဂျို့ရှ်၏အကြည့် ပို၍အေးစက်သွားပြီး ခန္ဓာကိုယ်မှ အပြာဖျော့ မီးတောက်များ လင်းလာ၏။ အခန်းထဲရှိ အပူချိန်သည် အနိမ့်ဆုံးအထိ ရုတ်တရက် ကျဆင်းသွားပြီးနောက် အားနည်းသော ခါနီတာသည် စတင်တုန်လှုပ်လာသည်။
“ ခင်ဗျား ကျုပ်ကို မသတ်နိုင်ပါဘူး။ နတ်ဆိုး။ ”
ချန်လွေ့ သက်ပြင်းချလိုက်သည်။
“ ပြီးတော့လည်း အကျိုးအမြတ်တွေ ဘယ်လောက်တောင် ခင်ဗျား လက်လွှတ်လိုက်တာလဲဆိုတာ ခင်ဗျားမသိဘူး။ အဲဒီအချိန် ကျုပ် လက်စားမချေရင်တောင် ခင်ဗျား နောင်တ ရနေလိမ့်မယ်။ ”
ဂျို့ရှ် မလှုပ်မယှက် ရှိနေသည်။ သူက လက်ညှိုးကို မြှောက်လိုက်ရာ လက်ချောင်းထိပ်မှ အမှတ်အသားတစ်ခုက အပြာရောင်အလင်းများ ထွက်လာပြီးနောက် အခန်းတစ်ခုလုံးတွင် သလင်းကျောက်အလင်းများ လင်းလက်သွား၏။ ထိုကဲ့သို့ လှပပုံရသော သလင်းကျောက် အလင်းရောင်များတွင် အလွန်အမင်း အန္တရာယ်ရှိသော အငွေ့အသက်များနှင့် ပြည့်နှက်နေသည်။
ခါနီတာက သူ့အဖေ၏ သတ်ဖြတ်ချင်စိတ်သည် ဖြီးလုံး လုံးဝ မဟုတ်ကြောင်း မြင်နေရသည်။