ပင်လယ်သေရဲ့ ရတနာမြေပုံလား
Vol. 22 Ch. 324
ဂျိုးဆက်ပ်၏ အမြင်၌ “ချာလီစ်”သည် စိတ်ဓာတ်ကြံ့ခိုင်ပြီး ပြတ်သားသည်။ မိသားစုအတွက် သေပင်သေရဲသည်။ ထိုလူလိမ်များနှင့် ယှဉ်၍မရပေ။ ခါနီတာ၏ အစောပိုင်း “စမ်းသပ်ချက်” နှင့် ဓားစာခံအဖြစ် ဆမ်မြူရယ်လည်း ရှိသည့်အပြင် သူတို့နှစ်ဦးသည်လည်း ညီတူမျှတူစာချုပ် ချုပ်ဆိုထားကြသည်။ ထိုအကြောင်းကြောင်း ဂျို့ရှ်သည် စာချုပ်အသစ် ချုပ်ဆိုရန်အတွက် ကျွန်-သခင်စာချုပ်ကို ပယ်ဖျက်ရန် အစေခံကို ချက်ချင်း သတ်ပစ်ခဲ့ခြင်း ဖြစ်ပေသည်။
ထိုစာချုပ်နှင့်ဆိုလျှင် နှစ်ဖက်စလုံးသည် နှစ်ပေါင်း ၁၀၀အတွင်း ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်သည်။ အကယ်၍ “ချာလီစ်”သာ စာချုပ်အတိုင်း မပေးလျှင် စည်းမျဉ်းနှင့်အညီ ပြင်းပြင်းထန်ထန် အပြစ်ပေးခံရပေမည်။
ထို့ကြောင့် ဂျို့ရှ်သည် ငွေများကို ယုံကြည်ချက်ရှိရှိ ထောက်ပံ့ပေးခဲ့သည်။ အရှင်သခင် တစ်ယောက်အနေဖြင့် သူသည် လိပ်ပြာနီနယ်မြေကို နှစ်ပေါင်းများစွာ ထိန်းချုပ်ခဲ့သည်။ သူ၏ စုဆောင်းမှုများကို ခါနီတာ လုံးဝယှဉ်၍မရနိုင်ပေ။ ပိုင်ဆိုင်မှုများ ရောင်းချစရာမလိုအပ်ဘဲ ဂျို့ရှ်သည် ချန်လွေ့ အရှေ့မှာပင် သလင်းကျောက်နက်ဒင်္ဂါး ၅၀ ကို အလွယ်တကူ ပြင်ဆင်ခဲ့သည်။
ထိုကဲ့သို့ များပြာလှသော အရောင်လက်လက် ဒင်္ဂါးများကိုကြည့်ရင်း ချန်လွေ့ကို ဂျို့ရှ်အား အတွေ့အကြုံရှိသူများသည် တစ်ခါတစ်ရံတွင် အမှားလုပ်ရန်လွယ်ကူကြောင်း ပြောချင်ခဲ့သည်။ သူသည် နောက်ပိုင်းတွင် ၎င်းကိုအသုံးပြုပြီး ဂျို့ရှ်ကို သင်ခန်းစာ ပေးမည်ဖြစ်သည်။
ခါနီတာသည် အပို ၅သန်းယူပြီး ရှယ်ယာထဲ၌ ဆက်လက် ပါဝင်ခဲ့သည်။ ချန်လွေ့က “အကျိုးအမြတ် ” ပို၍မဆုံးရှုံးစေရန်အတွက် သန်း၅၀သာ တောင်းဆိုသော်လည်း ခါနီတာ၏ ထပ်တလဲလဲ ဆောင်းဆိုချက်ကြောင့် အင်တင်တင်ဖြင့် သဘောတူလိုက်ရသည်။ ယခုတစ်ခေါက်တွင် ချန်လွေ့သည် လစဉ်လျော့ငွေများနှင့်အတူ ၅၅သန်းကို ယူသွားခဲ့သည်။ ပထမပိုင်းတွင် သန်း၂၀ ပြန်အမ်းရမည်။ ဒုတိယပိုင်းတွင် သန်း၄၀ ပြန်အမ်းရမည်။ တတိယပိုင်းတွင် ၃၃.၅သန်း ပြန်အမ်းရမည်။ စုစုပေါင်း သလင်းကျောက်နက်ဒင်္ဂါး ၉၃ .၅ သန်း ဖြစ်ပေသည်။
ပိုက်ဆံရရှိပြီးနောက် ချန်လွေ့သည် “လူသားလောက ” သို့သွားမည့်တံခါးကို ဂျို့ရှ်အရှေ့၌ပင် “ပစ္စည်းများ” နှင့်အတူ ဖွင့်ခဲ့သည်။ သူသည် အထဲ ဝင်သွားပြီး ပျောက်ကွယ်သွားသည်။
ဂျို့ရှ် အနီးကပ် ကြည့်နေခဲ့သည်။ လူသား ဆင့်ခေါ်ခဲ့တဲ့ ဒီလေဟာနယ် တံခါးက ငါတို့နှစ်ယောက် တိုက်ခိုက်နေတုန်း ဆင့်ခေါ်ခဲ့တဲ့ဟာပဲ။ ဒါက တော်တော်လေး လျို့ဝှက်ဆန်းကြယ်တယ်။ ခုနက ဒီလူသား ထွက်ပြေးဖို့ အခွင့်အရေးကို လက်လွတ်ခဲ့တယ်။ ဒီလိုစိတ်ရင်း နဲ့ စာချုပ်နဲ့ဆိုရင် ပြဿနာ မရှိလောက်တော့ဘူး။ အခုတော့ ငါ စိတ်အေးလက်အေးနဲ့ ဖြည်းဖြည်းချင်း စောင့်လို့ရပြီ။
ချန်လွေ့သည် [ ကြယ်တာရာဂိတ် ] မှတစ်ဆင့် မိုလင်မြို့သို့ ပြန်သွားခဲ့သည်။ ဂျို့ရှ်၏ ဖိအားကြောင့် သေရေးရှင်းရေး အခြေအနေ၌ ချန်လွေ့သည် ဖျက်ဆီးခြင်းစွမ်းအား အသုံးပြုပုံကို အနည်းငယ် ပို၍နားလည်သွားပုံရသည်။ သူသည် ၎င်းကို ပို၍ သဘောပေါက်ရန်အတွက် တိတ်ဆိတ်သော နေရာတစ်ခုကို အမြန်ရှာရန် လိုအပ်နေခဲ့သည်။
သူသည် ချောင်ကျသော ဟိုတယ်ဆီ ပြန်သွားပြီး လေ့ကျင့်ချင်ခဲ့သည်။ သို့သော်လည်း ဟိုတယ်တွင် ဧည့်သည်များ ပိုများနေသည်ကို တွေ့လိုက်ရသည်။ ယခင်နေ့များ၌ ချန်လွေ့သည် အခန်းတစ်ခန်း ငှားပြီး အချိန်တိုင်း လေ့ကျင့်နေခဲ့သည်။ သူသည် အသံလုံနည်းလမ်းများကိုပင် ပြင်ဆင်ပြီး အပြင်သိပ်မထွက်ခဲ့ပေ။ ခါနီတာကို ရှာရန်အတွက် ဟိုတယ်မှ နံနက်ပိုင်း ထွက်သွားသည့်အခါ သူသည် လူစည်နေသော မြင်ကွင်းကို သတိထားမိခဲ့သော်လည်း ထိုအချိန်က အရေးကြီးကိစ္စ ရှိနေသည့်အတွက် မမေးဖြစ်ခဲ့ပေ။ ယခုတွင် သူသည် လေ့ကျင့်နေစဉ်အတွင်း မလိုလားအပ်သော အနှောင့်အယှက်များ မဖြစ်စေချင်သည့်အတွက် ၎င်းကို သိချင်နေခဲ့သည်။
“ နောက်၂ရက်ကျရင် လိပ်ပြာနီနယ်မြေမှာ ၃နှစ်တစ်ကြိမ်ကျင်းပတဲ့ ကုန်စည်ပြပွဲ ရှိတယ်။ ”
ဟိုတယ်၏ ကဝေမ စားပွဲထိုးမလေးက ထို မဟာနတ်ဆိုးကို မျက်လုံးမှိတ်ပြပြီးနောက် ဗီသဏ္ဍာန် လည်ပင်းမှ ပေါ်နေသော အမြောင်းနက်နက်ကို အမှတ်တမဲ့ ပြသလိုက်သည်။ သို့သော်လည်း သူသည် မသင့်တော်သောသူထံသို့ ပြသမိသွားခြင်းသာ ဖြစ်သည်။ ထိုမဟာနတ်ဆိုးသည် ၎င်းကို ကြည့်ပင်မကြည့်ချေ။
“ ကုန်စည်ပြပွဲလား။ အခုမှ ကြားဖူးတာ။ ငါ့ကို အဲဒီအကြောင်း ပြောပြ။ ”
အခန်းထဲမှာ နေ့တိုင်းအောင်းနေတဲ့ ဒီထူးဆန်းတဲ့ မဟာနတ်ဆိုးက ဘာအချစ်ဇာတ်လမ်းမှ မရှိဘူး။ သူက တစ်ခုခု ဖြစ်နေတာများလား။ ကဝေမသည် အကြံဆိုးဖြင့် စဉ်းစားလိုက်သော်လည်း ထိုအမြင့်ဆင့်နတ်ဆိုးကို အလွယ်တကူ အာမခံရဲသည့် အတွက် အပြုံးလေးဖြင့် ရှင်းပြလိုက်သည်။
လိပ်ပြာနီနယ်မြေ၏ ကုန်စည်ပြပွဲသည် သမိုင်းကြောင်း ရှည်သည်။ ၎င်းကို သုံးနှစ်တစ်ကြိမ် ကျင်းပသည်။ ထိုနောတွင် အထူးထုတ်ကုန်များ၊ ကုန်ကြမ်းများ၊ ပစ္စည်းကိရိယာများနှင့် အခြားအမျိုးအစားများအပါအဝင် လူသုံးကုန်ပစ္စည်းများကို လဲလှယ်၍ရသည်။ ကုန်သွယ်၍ရသည်။ ၎င်းသည် အကြိမ်တိုင်း အပြင်လူအများအပြားကို ဆွဲဆောင်နိုင်သည်။ ၎င်းကို မူလက လိပ်ပြာနီမြို့တွင် ကျင်းပသည်။ ခါနီတာ၏ ကြိုးပမ်းအားထုတ်မှုကြောင့် ၎င်းကို မိုလင်မြို့တွင် ကျင်းပနေခဲ့သည်မှာ အနှစ်၂၀ ကျော်ပြီ ဖြစ်သည်။
၎င်းသည် ဂျို့ရှ်၏ တန်ဖိုးထားရဆုံး သားအငယ်ဆုံးအပေါ် ဂရုစိုက်ခြင်းဟု ယူဆ၍ရသည်။ ၎င်းသည်လည်း စီးပွားရေးအင်အားကောင်းသော ဂျိုးဆက်ပ်အတွက်လည်း မျှခြေညီစေသော နည်းလမ်းတစ်ခု ဖြစ်သည်။
ကုန်စည်ပြပွဲသည် ဗဟိုကချုပ်ကိုင်သော လူသုံးကုန်ပစ္စည်းများ ပြသထားခြင်း ဖြစ်သည်။ ၎င်းသည် နတ်ဆိုးဘုံ၌ အတော်လေး ခမ်းနားကြီးကျယ်သော ကုန်သွယ်မှုပုံစံတစ်ခု ဖြစ်သည်။ နတ်ဆိုးဘုံသည် လေလံခန်းမ မရှိသလို လေလံပြပွဲများလည်း မရှိပေ။ ချန်လွေ့သည် အမှောင်လမြို့၌ လေလံခန်းမ တည်ထောင်ရန် ပြင်ဆင်ထားသည်မှာ ကြာပြီဖြစ်သည်။ ပြင်ဆင်မှုများ အားလုံး ပြီးစီးသွားပြီး အချိန်ကောင်းကိုသာ စောင့်ဆိုင်းနေခြင်း ဖြစ်၏။
ကိစ္စတစ်ခုကို ချန်လွေ့ တွေးမိခဲ့သည်။ ယခင်တစ်ခေါက်က သူသည် သလင်းကျောက်တောင်ကြား၌ ပစ္စည်းကောင် အများအပြားကို လိမ်ယူခဲ့သည်။ ဒုတိယ “မိုးခြိမ်းသံ” အတွက် ကုန်ကြမ်းများစွာ ရှားပါးသော ကုန်ကြမ်းနှစ်မျိုးမှလွဲ၍ ပြည့်စုံသွားပြီ ဖြစ်သည်။ သူသည် ဖြည့်စွက်ကုန်ကြမ်း အမြောက်အမြား လိုအပ်နေသော ကြေးခွံချပ်ကာ တစ်ခုကိုလည်း ပြုလုပ်ရန် ရည်ရွယ်ထားခဲ့သည်။ သူက ကုန်စည်ပြပွဲ၌ ၎င်းတို့အားလုံးကို ရနိုင် မရနိုင် သိချင်ခဲ့သည်။ ယခင်က သူသည် အရိပ်နက် အင်ပါယာ၏ ယန္တရားအစည်းအရုံးဆီသွားပြီး ဆရာသခင်၏ “ အကျိုးအမြတ်များ ” ကို လက်ခံလိမ့်မည်။ သို့မဟုတ် နောက်ဆုံးဖြေရှင်းပြီးသော မှော်စက်ဝိုင်းကိုသုံးပြီး အမှတ်ရယူကာ လဲလှယ်နိုင်ပေသည်။ သို့သော်လည်း “ ဆရာသခင် အာသာ ” သည် ယခုတွင် “ ပျောက်ဆုံး ” နေသည်။ ထို့ကြောင့် ပြန်ပေါ်ထွက်လာရန် မသင့်တော်သေးပေ။
ထိုကြေးခွံချပ်ကာမှာ ဂျို့ရှ်နှင့် ရင်ဆိုင်ပြီးနောက် ထွက်ပေါ်လာသော အကြံဖြစ်သည်။ အဓိက ကုန်ကြမ်းမှာ သလင်းကျောက်နဂါး ယာကော့ဗ်မှ အကောင်းဆုံး သလင်းကျောက်နဂါး ကြေးခွံများ ဖြစ်သည်။ယာကော့ဗ်သည် ထိုအချိန်က ချန်လွေ့ကို လိုလိုလားလား ပေးခဲ့သည်။ တကယ်၍ ယာကော့ဗ်သာ ယခုအချိန် ၎င်းကိုတွေးမိလျှင် ဒေါသူပုန် ထပေလိမ့်မည်။ သို့သော်လည်း ရှေးမှော်စာ ကျောက်ပြားများနှင့် ပြန်လည်ရှင်သန်ခြင်းရေစင်နှင့်ယှဉ်လျှင် သလင်းကျောက်နဂါး ကြေးခွံသည် ဘာမျှမဟုတ်ပေ။
သလင်းကျောက်နဂါးတွင် မှော်စွမ်းအား အားလုံးကို ခုခံနိုင်သော ထူးခြားသည့် ပါရမီတစ်ခု ရှိသည်။ ထိုချပ်ကာ၏ သဘာဝမှာ မှော်ဒြပ်စင်များ၏ စွမ်းအားကို ကြီးကြီးမားမား လျော့ကျစေခြင်း ဖြစ်သည်။ တကယ်၍ သူသာ ၎င်းကို အောင်အောင်မြင်မြင် ပြုလုပ်နိုင်သွားလျှင် [ မှော်-ဆန့်ကျင် ] နှင့် [ ထိခိုက်မှုစုပ်ယူခြင်း ] ဖြင့် ဂျို့ရှ်ကဲ့သို့သော မှော်ပညာရှင်များကို ရင်ဆိုင်ရာတွင် အနိုင်ရရှိနိုင်ချေ ကြီးကြီးမားမား တိုးသွားလိမ့်ပေမည်။
ကုန်စည်ပြပွဲသည် နောက်၂ရက်တွင် စမည် ဖြစ်သည်။ ယခုတွင် သူသည် ထိုဖျက်ဆီးခြင်း အငွေ့အသက် စွမ်းအားကို သဘောပေါက်စေရန်အတွက် အဖိုးတန်ဉာဏ်ကွန့်မြူးမှုများကို အရယူရန် ပိုကောင်းပေမည်။ မနှောင့်ယှက်ရန် ညွှန်ကြားပြီးနောက် ချန်လွေ့သည် အခန်းထဲသို့ တည့်တည့်သွားပြီး တမင်မြူဆွယ်နေသော စားပွဲထိုးမလေးကို လျစ်လျူရှုထားလိုက်ရာ ကဝေမက စိတ်ထဲ၌ “အသုံးမကျတဲ့သူ” ဟူ၍ ကြိမ်းမောင်းလိုက်တော့သည်။
၂ရက်ကြာပြီးနောက် ချန်လွေ့သည် အခန်းထဲမှ ထွက်လာပြီး အားအင်တက်ကြွနေပုံပေါ်သည်။ ဖိအားသည် တစ်ခါတစ်ရံ၌ အကောင်းဆုံး စိတ်ဓာတ်လှုံ့ဆော်ခြင်းပင် ဖြစ်သည်။ ဖျက်ဆီးခြင်း စွမ်းအားအပေါ် သဘောပေါက်မှု ထပ်မံ တိုးတက်လာသည့်အတွက် ယခုတစ်ကြိမ် သူ၏ နားလည်သဘောပေါက်မှုများမှာ မနည်းလှပေ။
ကုန်စည်ပြပွဲကြောင့် မိုလင်မြို့တွင် လူအသွားအလာ ရုတ်တရက် ထိုးသွားပြီး လမ်းများလည်း စည်းကားသွားခဲ့သည်။ ချန်လွေ့သည် ကုန်စည်ပြပွဲသို့ ရောက်လာသည်။ ၎င်းသည် အတော်လေး ကျယ်ဝန်းသော နေရာပြန့်တစ်ခု ဖြစ်သည်။ အဝေးမှကြည့်လျှင် လူအပြည့် ဖြစ်နေသည်။ အဝင်အထွက်အတွက် အပေါက် ၄ခု ရှိသည်။ ဝင်ပေါက်နှင့်ထွက်ပေါက်များကို စောင့်ကြပ်နေသော တပ်သားများ ရှိကြသည်။ အတွင်းထဲ၌ အခြေခံဥပဒေကို ထိန်းသိမရန်အတွက် ကင်းလှည့်အစောင့်များလည်း ရှိနေသည်။
ထိုအခြေအနေသည် ကမ္ဘာပေါ်ရှိ ချန်လွေ့၏ မွေးရပ်မြေနှင့် အနည်းငယ် ဆင်တူသည်။ ကုန်စည်ပြပွဲကို နှစ်စဉ် အားကစားကွင်းတွင် ကျင်းပသည်။ ကုန်သည်များမှာ နိုင်ငံခြား ပျံကျဈေးသည်များဖြစ်ကြသည်။ သို့သော်လည်း ရောင်းချသောပစ္စည်း အများစုမှာ အတုများ ဖြစ်ကြသည်။ တစ်ခါက ချန်လွေ့သည် အဘိုးဖြစ်သူအား “မွန်ဂိုလီးယား စာမရီသားရေဖိနပ်” တစ်စုံ ဝယ်ပေးခဲ့သည်။ သို့သော် ဖိနပ်ခုံသည် နှစ်လ မပြည့်ခင်မှာပင် ပျက်သွားခဲ့သည်။
ကုန်စည်ပြပွဲသို့ ချန်လွေ့ရောက်သွားသောအခါ ပျံကျဈေးသည်များ အများအပြား ရှိနေသည်။ အချို့မှာ အသံကျယ်ကျယ်နှင့် ရောင်းနေကြသည်။အချို့မှာ ဆိုင်းဘုတ်များ ချိတ်ထားပြီး ရောင်းချမည့်ပစ္စည်းများ၊ လဲလှယ်မည့်ပစ္စည်းများကို ကြော်ငြာထားခဲ့သည်။
လမ်းခဏလျှောက်ပြီးနောက် ချန်လွေ့သည် လူတစ်ယောက်ကို ပြဿနာရှာနေသော သူခိုးနှစ်ယောက် ကြောက်လန့်စေရန် ဖိအားအနည်းငယ် ထုတ်လိုက်သည်။ သူသည် ခြောက်ကပ်သော ဆိုင်ခန်းတစ်ခုအရှေ့၌ ရပ်လိုက်သည်။ ထိုနေရာပိုင်ရှင်မှာ အမှောင်နတ်ဆိုးလူပု ဖြစ်သည်။ ပစ္စည်း အများအပြားရှိနေသည်။အချို့မှာ သမိုင်းဆိုင်ရာ ရှေးဟောင်းပစ္စည်းများ ဖြစ်ကြသည်။ ချန်လွေ့သည် ထိုရှေးဟောင်းပစ္စည်းများကို စိတ်ဝင်စားမှု မရှိပေ။ သူသည် ကြေးခွံချပ်ကာ ပြုလုပ်ရန်လိုအပ်သော ကော်အဖြစ် ရောစပ်နိုင်ရန် စွယ်တော်အစေး တစ်ပုလင်းကို စိတ်ဝင်စားနေခဲ့သည်။
“ ဆာက တကယ့်ကို မြင်တတ်တာပဲ။ ဒီစွယ်တော်အစေးက အကောင်းဆုံး စွယ်တော်ပင်ကနေ ထုတ်ထားတာပါ။ အဲဒါက အနှစ်၅၀ သက်တမ်း ရှိတယ်။ ဒါက သလင်းကျောက်နက်ဒင်္ဂါး ၃ပြားပဲ ကျပါတယ်။ ”
စွယ်တော်ပင် သက်တမ်းပိုကြာလေလေ အစေးဓာတ် ပိုကောင်းလေလေပင် ဖြစ်သည်။ ချန်လွေ့ အသုံးပြုရန်အတွက် အနှစ်၅၀ သည် လုံလောက်၏။ သို့သော်လည်း ထိုအမှောင်နတ်ဆိုးလူပု ကမ်းလှမ်းသော ဈေးနှုန်းမှာ အတော်လေး များသည်။ သလင်းကျောက်နက်ဒင်္ဂါး ၃ပြားသည် ချန်လွေ့အတွက် ဘာမျှမဟုတ်သော်လည်း ယခင်လောက၌ ဂေါ်ဖီထုပ်တစ်ခုအတွက် ဈေးဆစ်ခဲ့သော နေ့ရက်များကို သတိရမိသွားသည်။ ထို့ကြောင့် သူ ခေါင်းခါလိုက်သည်။
“ သလင်းကျောက်နက်ဒင်္ဂါး ၃ပြားက များလွန်းတယ်။ အများဆုံး ၁ပြားပဲ ပေးနိုင်တယ်။ ”
အမှောင်နတ်ဆိုးလူပု ရုတ်တရက် မျက်လုံး ပြူးသွားသည်။
“ ဆာ။ ဒီဈေးက နည်းလွန်းတယ်။ ခရမ်းသလင်းကျောက်ဒင်္ဂါး ၁၀ပြားလောက်ပဲ ကျုပ် လျှော့ပေးနိုင်မယ်။ ဒါက ပုံမှန်ဖောက်သည်တွေအတွက် ဈေးနှုန်း ဖြစ်နေပါပြီ။ ”
“ သလင်းကျောက်နက်ဒင်္ဂါး ၃ပြားဆိုရင် အဲဒီ စိတ်ဝိညာဉ်နက်မြွေရဲ့ အရွတ်လည်း ပါသင့်တယ်။ ”
“ ဒါက ပြီးပြည့်စုံတဲ့ ရှားပါးမြွေအရွတ်ပဲ။ ဟိုက်ဒြာ ထက်တောင် အကြမ်းခံတယ်။ နှစ်ခုလုံး လိုချင်ရင် လျှော့ပေးမယ်။ စုစုပေါင်း သလင်းကျောက်နက်ဒင်္ဂါး ၇ ပြား။ ဒီထက် မလျှော့နိုင်တော့ဘူး။ ”
“ သလင်းကျောက်နက်ဒင်္ဂါး ၄ပြားပဲ ရမယ်။ မင်း ဒါတွေကို မရောင်းချင်လည်း ရတယ်။ ငါ တခြားနေရာတွေဆီ သွားလိုက်မယ်။ ”
ထိုသို့ပြောပြီးနောက် ချန်လွေ့ ထွက်သွားရန် ပြင်လိုက်သည်။
“ နေပါဦး။ ဆာ။ ကျုပ် ရောင်းပါ့မယ်။ ”
အမှောင်နတ်ဆိုးလူပု သက်ပြင်းချလိုက်သည်။
“ ဆာက အတော်ဆုံး အမှောင်နတ်ဆိုးလူပု ထက်ကို ပိုပြီးတော့ တော်ပါတယ်။ ”
ချန်လွေ့သည် သလင်းကျောက်နက်ဒင်္ဂါး ၄ပြား ထုတ်လိုက်ရာ အမှောင်နတ်ဆိုးလူပု၏ တလက်လက်ဖြစ်နေသော မျက်လုံးများကို တွေ့လိုက်သွားပြီး မိမိ ပိုပေးလိုက်မိကြောင်း သိသွားခဲ့သည်။ အမှန်တကယ်၌ သူ၏ ဈေးစစ် အရည်အချင်းမှာ မမြင့်သေးပေ။ အမှန်တကယ် ကျွမ်းကျင်သူမှာ သူ၏တက္ကသိုလ် အတန်းဖော်၏ ကောင်မလေးပင် ဖြစ်သည်။ သူသာ လောက ကူးပြောင်းလာခဲ့လျှင် ၎င်းတို့ကို အများဆုံး သလင်းကျောက်နက်ဒင်္ဂါး ၂ပြားတည်းဖြင့် ဝယ်ယူနိုင်လောက်သည်။
သို့သော်လည်း သလင်းကျောက်နက်ဒင်္ဂါး ၄ပြား မပြောနှင့် အနောက်တွင် သုည လေးလုံးငါးလုံး ထပ်ထည့်လိုက်သည့်တိုင် ကိစ္စအကြီးကြီး မဟုတ်ပေ။ သိုလှောင်ဂိုဒေါင်သည် အမျိုးအစားခွဲခြားနိုင်ပြီး တူညီသောပစ္စည်းများကို “ဖိနှိပ်” နိုင်သည်။ ထို့ပြင် ကြယ်လေးပွင့် ဂိုဒေါင်မှာ အတော်လေး ကျယ်ဝန်းလှပြီး အဆိပ်နဂါး၏ရတနာများ၊ သလင်းကျောက်နဂါး၏ သလင်းကျောက်မိုင်းတွင်း၊ ဂျို့ရှ် နှင့် သူ့သားတို့၏ “ အရင်းအနှီးများ ” ကို သိုလှောင်ထားသော်လည်း တစ်ဝက်လွတ်နေသေးသည်။
အကယ်၍ ယခုတွင် သူထွက်ပြေးသွားလျှင် နှစ်ပေါင်း ရာထောင်ချီ ပြဿနာမရှိဘဲ လွတ်လွတ်လပ်လပ် ပျော်ပါး၍ရသည်။ သို့သော်လည်း သူ၏ရည်ရွယ်ချက်မှာ ထိုထက် သာလွန်တယ်။ ယခုအချိန်၌ သူပါဝင်မည်ဆိုလျှင် ကစားပွဲ အကြီးကြီး၌ ပါဝင်ရပေမည်။
“ ဆာ။ ဘာလိုသေးလဲ။ တချို့ပစ္စည်းကောင်းတွေက ထုတ်ပြဖို့ မသင့်တော်ဘူး.... ”
အမြတ်ကြီးစားသူသည် စိတ်ဝိညာဉ်နက် မြွေအရွတ်နှင့် စွယ်တော်အစေးတို့ဖြင့် အချီကြီး ပွသွားပြီ ဖြစ်သည်။ သို့သော်လည်း သူသည် ချန်လွေ့အား အဖိုးတန်သော ရှေးဟောင်းပစ္စည်းအချို့ကို အကြံပြုခဲ့သည်။ ဥပမာ ဧကရာဇ်အချို့ အသုံးပြုခဲ့သော အသုံးအဆောင်များ စသဖြင့်။ သို့သော်လည်း ချန်လွေ့ အမှန်တကယ် စိတ်မဝင်စားသောကြောင့် ထလိုက်သည်။
“ နေပါဦး။ ဆာ။ ”
အမှောင်နတ်ဆိုးလူပုသည် ရှားပါးလှသော ဈေးဝယ်သူကို မထွက်သွားစေချင်ပေ။ သူသည် လျို့ဝှက်ဆန်းကြယ်သောပုံစံ ပြသလိုက်ပြီး ပတ်ပတ်လည် သေချာကြည့်ကာ အထဲတွင် သစ်ကြားသီးအရွယ် အလုံး၃လုံးရှိသော သေတ္တာတစ်လုံးကို အိတ်ကပ်ထဲမှ ဆွဲထုတ်လိုက်သည်။
“ ဒါတွေကို ပေါက်ကွဲဗုံး လို့ ခေါ်တယ်။ ဒါတွေကို အပျက်အစီးတစ်ခုမှာ တွေ့ခဲ့တဲ့ ရှေးဟောင်း ပစ္စည်းလို့ ပြောကြတယ်။ အဝါရောင် သလင်းကျောက်ကို စွမ်းအားနဲ့ အသက်သွင်းလိုက်မယ်ဆိုရင် ကြောက်စရာကောင်းတဲ့ ပေါက်ကွဲမှုတစ်ခု ဖြစ်သွားမယ်။ ကျုပ်ကို ဒါတွေ ရောင်းခဲ့တဲ့သူက ဒါကို တစ်ခေါက်စမ်းကြည့်ပြီးပြီ။ ဒါက မြေကြီးကိုပါ ပေါက်ကွဲထွက်စေနိုင်ပြီးတော့ ဆယ်မီတာလောက် ကျယ်တဲ့တွင်းကြီးကို ဖြစ်စေခဲ့တယ်။ ဒါက သာမန် မှော်ပညာထက် အစွမ်းပိုထက်တယ်။ ဗုံး၃လုံးကို သလင်းကျောက်နက်ဒင်္ဂါး ၁၀ ပြားပါပဲ။ ”
လက်ပစ်ဗုံးရဲ့ အဆင့်မြင့်ဗားရှင်းလား။ ဒါပေမဲ့ ဒီလောကမှာ ဒါက သိပ်ပြီး အကျိုးမရှိဘူး။ တကယ့် အစွမ်းထက်တဲ့သူတစ်ယောက်က စွမ်းအင်ဗုံး ဒါမှမဟုတ် မှော်စွမ်းအားတစ်ခုနဲ့ပဲ ဒီထက် ပိုအစွမ်းထက်အောင် လုပ်နိုင်တယ်။ အဝါရောင် သလင်းကျောက်များအား အသက်မသွင်းစေရန် အမှောင်နတ်ဆိုးလူပု ထပ်ကာထပ်ကာ သတိပေးနေသည့်အတွက် ချန်လွေ့ကို တစ်ခုကို ကောက်ယူပြီး ကြည့်လိုက်သည်။ ရုတ်တရက် သူ၏အကြည့် စူးစိုက်သွားခဲ့သည်။
ထို “ပေါက်ကွဲဗုံး” အပေါ်တွင် မရေတွက်နိုင်သော ထွင်းစာ အသေးလေးများ ထွင်းထားခဲ့ပြီး ၎င်းတို့မှာ နဂါးထွင်းစာများ ဖြစ်ကြသည်။
ထိုထွင်းစာ၏ သက်ရောက်မှုမှာ ဆပွား-ဖိနှိပ်ခြင်း ဖြစ်နေသည်။ တစ်နည်းအားဖြင့် ပြောရလျှင် “ ဆယ်မီတာကျယ်သော တွင်း ” သည် ထွင်းစာ၏ အပြင်းအထန် ဖိနှိပ်ပြီးမှဖြစ်လာသော သက်ရောက်မှု ဖြစ်သည်။
၎င်းသည် ပေါက်ကွဲဗုံး မဟုတ်ပေ။ ထွင်းစာပေါ်မှ နာမည်အရဆိုလျှင် ၎င်းကို “ဇီရေး” ဟူ၍ ခေါ်သင့်သည်။ အကယ်၍ စွမ်းအားအားလုံးကို ထွင်းစား၏ စကားစပ်အတိုင်း အသက်သွင်းနိုင်လျှင် စွမ်းအားသည် ဆယ်ဆခန့် ပိုတိုးသွားနိုင်ပေသည်။
ဘယ်နဂါးမိသားစုက ပျင်းနေတုန်း ဒီလို ကြောက်စရာကောင်းတဲ့ပစ္စည်းကို လုပ်ခဲ့တာလဲ ငါမသိဘူး။ ဒီလိုဘာမှမသိတဲ့သူတွေက ဗုံးတွေ ဘယ်လောက်တောင် ဖြုန်းတီးခဲ့တာလဲဆိုတာလည်း မသိဘူး။ ဒါပေမဲ့ ဒီပစ္စည်းကို ကောင်းကောင်း အသုံးချမယ်ဆိုရင် အသက်ကယ် ရတနာ ဖြစ်လာနိုင်တယ်။
ချန်လွေ့၏ မျက်လုံးများသည် သေတ္တာအောက်တွင် ခေါက်ထားသော သားရေစာလိပ် တစ်လိပ်ဆီ ရောက်ရှိသွားခဲ့ပြန်သည်။ အတော်လေး နွမ်းလျနေပုံရသည်။ ဖွင့်ကြည့်လိုက်သည့်အခါ သူ၏ အကြည့်တွင် အံ့အားသင့်မှု ဖျပ်ခနဲ ဖြစ်သွားသည်။ သို့သော်လည်း ၎င်းကို နေရာတွင် ပြန်ထားလိုက်သည်။ အမှောင်နတ်ဆိုးလူပုက အလျင်အမြန် မိတ်ဆက်ပေးလိုက်သည်။
“ ဒီရတနာမြေပုံကို ကျုပ်ရဲ့ဘိုးဘေးတွေ လက်ဆင့်ကမ်းပေးခဲ့တာ။ ဒီထဲမှာ ပင်လယ်သေရဲ့ လျို့ဝှက်ရတနာတွေကို မှတ်တမ်းတင်ထားတယ်လို့ ပြောကြတယ်။ ဒီလျို့ဝှက်ရတနာကို လွန်ခဲ့တဲ့ နှစ်ပေါင်းသိန်းနဲ့ချီတုန်းက နတ်ဆိုးဘုံရဲ့ နာမည်ကြီး အမှောင်နဂါးဧကရာဇ် ချန်ထားခဲ့တာ။ မရေမတွက်နိုင်တဲ့ ရတနာတွေ အဆောင်ပစ္စည်းတွေ ရှိတယ်.... ”
ချန်လွေ့က သဘောမကျသည့် အမူအရာ ပြသလိုက်သည်။
“ ဒါက မပြည့်စုံတဲ့ မြေပုံတစ်ခုပဲ။ မင်းပြောတာ အမှန်ဆိုရင်တော့ ဒါကိုကြည့်မယ်ဆိုရင် ပြီးပြည့်စုံဖို့အတွက် အနည်းဆုံး ၅ပိုင်း ၆ပိုင်းလောက် လိုသေးတယ်။ မင်းဒါကို ပြည့်စုံအောင် လုပ်နိုင်ရင် အခြားသူတွေကို ဟန်ဆောင်လို့ ရချင်ရမှာ။ ”
အမှောင်နတ်ဆိုးလူပုက ကိုးရိုးကားရား ပြုံးလိုက်သည်။
“ ဒါက မှန်ပါတယ်။ ဒါပေမဲ့ ကျုပ်မှာ ပြီးပြည့်စုံတဲ့ဟာရှိရင် ဒီကိုလာပြီး ဆိုင်ခန်းဖွင့်ဖို့ လိုသေးလို့လား။ ”
ချန်လွေ့ ခေါင်းညိတ်လိုက်သည်။
“ နောက်ထပ် ပေါက်ကွဲဗုံးတွေ ရှိသေးလား။ ”
“ ကျုပ် ဒါကိုရတုန်းက ၃လုံးပဲ ကျန်တော့တာ။ ”
“ ကောင်းပြီ။ ကျုပ် ပေါက်ကွဲဗုံး ၃လုံးရယ်၊ ဒီသေတ္တာနဲ့ အောက်က မပြည့်စုံတဲ့မြေပုံကို လိုချင်တယ်။ စုစုပေါင်း သလင်းကျောက်နက်ဒင်္ဂါး ၃ပြားပေးမယ်။ ”
အမှောင် နတ်ဆိုးလူပု စိုးရိမ်သွားခဲ့သည်။ သူက သေတ္တာကို ဆွဲယူလိုက်သည်။
“ လုံးဝမရဘူး။ ဒီပစ္စည်းတွေစုဆောင်းဖို့အတွက် ကျုပ်က သလင်းကျောက်နက်ဒင်္ဂါး ၃ပြားကျော် ပေးခဲ့ရတာ။ ဘိုးဘေးရတနာမြေပုံတောင် မပါသေးဘူး။ ခင်ဗျား ဒါကို တကယ်လိုချင်တယ်ဆိုရင် သလင်းကျောက်နက်ဒင်္ဂါး ၁၀ ပြားပေး။ ဒီထက် လုံးဝလျော့လို့ မရဘူး။ ”
ထိုနတ်ဆိုးလူပုက ဈေးအဆမတန် တောင်းဆိုသည်ကို မြင်သည့်အခါ ချန်လွေ့ သရော်ပြုံး ပြုံးလိုက်သည်။
“ ဒီလိုမျိုး အဂ္ဂိရတ်ပစ္စည်းမျိုးက မတည်ငြိမ်ဘူး။ ဒါကို အသက်မသွင်းရင်တောင် ပေါက်ကွဲထွက် သွားနိုင်တယ်။ ပြဿနာ တစ်ခုခုဖြစ်သွားရင် ပေါက်ကွဲမှုကြောင့် ကုန်စည်ပြပွဲတစ်ခုလုံး ဖရိုဖရဲ ဖြစ်သွားလိမ့်မယ်။ မင်းက ဒီလိုမျိုး အန္တရာယ်များတဲ့ပစ္စည်းတွေကို ရောင်းနေတာပဲ။ ငါအော်လိုက်တာနဲ့ မင်းကို ကင်းလှည့်အစောင့်တွေ ချက်ချင်း လာဖမ်းကြမှာ။ ”
ထိုသို့ပြောပြီး ချန်လွေ့သည် သူတို့ဘက် လမ်းလျှောက်လာသော အစောင့်များကို ဖျပ်ခနဲ ကြည့်လိုက်သည်။ အမှောင်နတ်ဆိုးလူပု ထိတ်လန့်သွားပြီး သေတ္တာကို အမြန် လုယူသည်။ သို့သော်လည်း မအောင်မြင်ခဲ့ပေ။
အမြတ်ကြီးစားသူ စိတ်ဓာတ်ကျသွားပုံရသည်။
“ ဆာ။ ဒါဆိုလည်း သလင်းကျောက်နက်ဒင်္ဂါး ၃ပြားပေါ့။ ကျုပ်တော်တော် ကံဆိုးတာပဲ။ ကျုပ် ကုန်စည်ပြပွဲတက်တာ ၁၀ နှစ်ကျော်ပြီ။ ဆာ့လိုမျိုး ဈေးဝယ်သူကို အခုမှ တွေ့ဖူးတယ်။ ”
“ ဟန်ဆောင် မနေနဲ့တော့။ မင်း ပိုက်ဆံမရှုံးတာ ငါသိတယ်။ ”
ချန်လွေ့က သေတ္တာကို ခံစားချက်မဲ့စွာ ပိတ်ပြီးနောက် ထိုနေရာမှ ထွက်သွားလိုက်သော်လည်း သူ၏စိတ်ထဲ၌ အလွန်ပျော်ရွှင်နေ၏။ ဒီတစ်ခေါက် ငါ အများကြီး ရလိုက်တယ်။ “ဇီရေး” ၃လုံးရဲ့ ထွင်းစာ ကန့်သတ်မှုတွေကို ဖယ်ရှားနိုင်တာနဲ့ စွမ်းအားက တော်တော်လေး မယုံနိုင်စရာကောင်းမှာပဲ။ နတ်ဆိုးဧကရာဇ် ဒါမှမဟုတ် နတ်ဆိုးအရှင်သခင်အဆင့်တောင် ဒါကို ကြောက်ရမှာ။
ထို့အပြင် မပြီးပြည့်စုံသော မြေပုံမှာလည်း အံ့အားသင့်စရာတစ်ခုပင် ဖြစ်သည်။ အကြောင်းမှာ သူ့တွင် ထိုကဲ့သို့မြေပုံ နှစ်ပိုင်းရှိပြီး ဖြစ်သောကြောင့်ပင်။ တစ်ခုကို မိုးသစ်တောမည်းမှာ ဒိုဒိုဆီကနေ ငါရထားခဲ့တာ။ အဲဒါက နဂါး တစ်ကောင် သေပြီးကျန်ခဲ့တဲ့ဟာ။ နောက်တစ်ခုကတော့ မြင်းနက်လေးနဲ့တွေ့တုန်းက ခါနီတာ လက်ဆောင်ပေးခဲ့တာ။ ဒါပါဆိုရင် ၃ပိုင်းပေါ့။
ပင်လယ်သေသည် နတ်ဆိုးဘုံ၏ မြောက်ဘက် အစွန်ဆုံး၌ တည်ရှိသည်။ ၎င်းသည် အန္တရာယ်များသော နာမည်ကြီး နေရာတစ်ခု ဖြစ်သည်။ပင်လယ်သည် ကျယ်ပြောပြီး အန္တရာယ်ရှိသည်။ အမှောင်နဂါး ဧကရာဇ်၏ ရတနာများမှာ အမှန် ဟုတ်မဟုတ် ချန်လွေ့ သေချာမသိသေးပေ။ သို့သော်လည်း သူ ယခုရရှိသော မြေပုံသည် အလယ်ပိုင်း ဖြစ်ဟန်တူသည်။ သိုလှောင်ဂိုဒေါင်ထဲ၌ ထိုသုံးပိုင်းကို ဆက်ကြည့်လိုက်သည့်အခါ ၎င်းတို့အားလုံး တစ်ခုတည်းဖြစ်သွားပြီး စပ်ကြောင်းများပင် မရှိတော့ပေ။ ၎င်း၏ အရွယ်အစားအရ ပြီးပြည့်စုံရန် နှစ်ပိုင်း ကျန်နေသေးပုံရသည်။ သို့သော်လည်း ချန်လွေ့သည် ယခုတွင် ၎င်းကို အာရုံစိုက်ရန် အင်အားမရှိပေ။ ထို့ပြင် တမင်ရှာနေလျှင် မပေါ်ထွက်လာသော အရာအချို့ ရှိတတ်သည်။ သို့သော်လည်း ကံကောင်းလျှင် ၎င်းသည် ကိုယ့်အရှေ့၌ အလိုလို ပျော်ထွက်လာတတ်ပေသည်။
ချန်လွေ့သည် ကုန်စည်ပြပွဲကို ပတ်ကြည့်ပြီးနောက် ကုန်ကြမ်းအချို့ ဝယ်ယူကာ ဟိုတယ်ဆီ ပြန်သွားလိုက်သည်။ “ မိုးခြိမ်းသံ ” အတွက် လိုအပ်သော ကုန်ကြမ်းများမှာ အလွန်ရှားပါးပြီး ကုန်စည်ပြပွဲ၌ မတွေ့နိုင်ပေ။ သို့သော်လည်း ကြေးခွံချပ်ကာအတွက် ကုန်ကြမ်းများမှာတော့ ပြီးပြည့်စုံသွားလေပြီ။ ချန်လွေ့သည် တစ်ရက်ရက်တွင် ၎င်းကို စတင်မပြုလုပ်ခင် ဒီဇိုင်းဆွဲရန်သာ လိုအပ်သည်။
နောက်ထပ်မှာ.....လေ့ကျင့်ရန်ပင် ဖြစ်သည်။
လေ့ကျင့်မယ်။စားမယ်။အိပ်မယ်။လေ့ကျင့်မယ်.....
ထိုသံသရာသည် ပျင်းစရာကောင်းပြီး ငြီးငွေ့ဖွယ်ကောင်းသော်လည်း ချန်လွေ့ကို ၎င်းကို လက်လျှော့ရန် လုံးဝမရည်ရွယ်ထားပေ။
ဂျို့ရှ် ပြောသည်မှာ မှန်ပေသည်။ မစိုက်ပျိုးလျှင် မရိတ်သိမ်းရပေ။ အထူးသဖြင့် စွမ်းအား၌ ဖြစ်သည်။ ၎င်းကို ရရှိရန်အတွက် ချန်လွေ့သည် အခြားသူများ မလုပ်နိုင်သော အရာများကို လုပ်ဆောင်နိုင်စွမ်း ရှိရပေမည်။
အနာမခံရင် အသာမခံရဘူး။ ဒါက ဘယ်လောကမှာမဆို မှန်တယ်။