← Chapters

မဟာမိတ်၏ ဆုံးဖြတ်ချက်

Vol. 22 Ch. 325

မဟာမိတ်၏ ဆုံးဖြတ်ချက်

Vol. 22 Ch. 325

အမှောင်လမြို့ ပြိုင်ကွင်း၌ -

ရှေးဟောင်းပြိုင်ကွင်းသည် အရောင်တောက်ပနေပြီး ယခင်က ကျိုးပဲ့နေသော အစိတ်အပိုင်းများကိုလည်း ပြန်လည်ပြင်ဆင်ထားပြီး ဖြစ်သည်။ ထိုထဲတွင် ပရိတ်သတ်များ ပြည့်နှက်နေ၏။ အမြင့်ဆင့်နတ်ဆိုးများဖြစ်ကြသော အရတ်စ်နှင့် အက်ဂ်ယောတို့၏ အစွမ်းထက်ဆုံး တိုက်ပွဲ၌ပင် ပရိတ်သတ်များ ဤမျှလောက် မများပေ။

လွန်ခဲ့သော နှစ်ပေါင်း၄၀၀ ခန့်က အမှောင်လမြို့တိုက်ပွဲ ပြီးကတည်းက ပြိုင်ကွင်းတွင် ပထမဆုံးအကြိမ်အဖြစ် ပြည့်နှက်သွားခဲ့သည်။ ထိုကဲ့သို့ စည်ကားနေသော မြင်ကွင်းသည် အချိန်က ကြယ်ကြွေတမန် အင်ပါယာ၏ အကြွယ်ဝဆုံးနှင့် အကြီးမားဆုံး နယ်မြေအဖြစ် နလန်ပြန်တော့မည့် လက္ခဏာများလား။

ပြိုင်ပွဲသည် ယခင်ကကဲ့သို့ တစ်ယောက်ချင်း မဟုတ်တော့ဘဲ အဖွဲ့လိုက်ကစားရသော တိုက်ပွဲဘောလုံး ကစားခြင်း ဖြစ်သွားသည်။

လွန်ခဲ့သော နှစ်လခန့်က အင်ပါယာအစောင့်နှင့် မြို့စောင့်တပ်များအကြား အလွတ်တမ်း ပြိုင်ပွဲတစ်ခု ကျင်းပခဲ့သည်။ ထိုအချိန်မှစ၍ အမှောင်လ မြို့/သားများသည် ထိုကဲ့သို့ စိတ်လှုပ်ရှားစရာကောင်းသော အားကစားကို ချစ်မြတ်နိုးသွားခဲ့ကြသည်။ တိုက်ပွဲဘောလုံးတွင် အသင်းလိုက် စိတ်ဓာတ်၊ တစ်ကိုယ်တည်း ဂုဏ်သိက္ခာနှင့် အမျိုးမျိုးသော ထည်ဝါမှုများ ရှိနေလေသည်။

ထိုပြိုင်ပွဲတွင် အနှိမ်ခံ မြို့စောင့်တပ်ဖွဲ့အသင်းက အင်ပါယာအစောင့်တပ်ဖွဲ့ကို အမှန်တကယ်ပင် တစ်ဂိုးတည်းဖြင့် အနိုင်ယူနိုင်ခဲ့ပြီး အရည်အသွေးမြင့် ချပ်ကာ အစုံ၅၀ ဆုရရှိခဲ့သည်။ ထိုအချိန်မှစ၍ ပြိုင်ကွင်းတွင် ကစားပွဲကို တစ်ပတ်တစ်ကြိမ် ကျင်းပခဲ့သည်။ နှစ်ဖက်စလုံးသည် ရှုံးလိုက်နိုင်လိုက်ပင် ဖြစ်သည်။ ကစားပွဲတိုင်းတွင် ရုံအပြည့် ဖြစ်နေခဲ့သည်။ တိုက်ပွဲဘောလုံးသည် အမှောင်လ တစ်မြို့လုံးတွင် နာမည်ကျော်သွားသည်။ တော်ဝင်မင်းသမီး ရှီရာသည် မြို့အစွန်အဖျားမှ လူမနေသော နေရာများကို အသုံးချကာ မြို့သူ/သားများ အခမဲ့အသုံးပြုနိုင်သော အခြေခံ မှော်စက်ဝိုင်းများ ပါရှိသည့် ရိုးရိုးရှင်းရှင်း ကွင်းပြင်များကို တည်ဆောက်ခဲ့သည်။

‌

ကစားသမား ၁၁ယောက် ပြိုင်ပွဲအပြင် တိုက်ပွဲဘောလုံးကို ၃ယောက် သို့မဟုတ် ၅ယောက် ပြိုင်ပွဲအဖြစ် ပြုလုပ်၍လည်းရသည်။ ခဏအတွင်းမှာပင် ၎င်းသည် အမှောင်လ နယ်မြေတွင် နာမည်အကြီးဆုံး အားကစားတစ်ခု ဖြစ်သွားခဲ့သည်။ ပြိုင်ပွဲအသုံးပြုရန် အတွက် ရန်ပွဲများပင် ဖြစ်လာခဲ့သည်။ ထို့ကြောင့် ရှီရာသည် မြို့စောင့်တပ်သားများကို စေလွှတ်ပြီး ကြားဝင်ဖြေရှင်းခိုင်းရသည်။ တစ်ခါတစ်ရံတွင် တိုက်ပွဲဘောလုံးများပင် လမ်းမများထဲ၌ပင် မြင်တွေ့ရလေသည်။

မင်းသမီးလက်လီစတိုးနှင့် ဝတ်ရုံဂိုဏ်း၏ မှော်စတိုးတို့သည်လည်း အမျိုးမျိုးသော တိုက်ပွဲဘောလုံး၏ သာမန်ဗားရှင်း နှင့် အလွန်ကောင်းမွန်သော ဗာရှင်းတို့ကို ရောင်းချကြသည်။ ဈေးနှုန်းသင့်‌တင့်သော ပြိုင်ပွဲအထူးထုတ်များနှင့် နာမည်ကြီးဗာရှင်းများလည်း ရှိသည်။ ထို့ကြောင့် ၎င်းတို့သည် အမြန်ရောင်းကုန်သွားခဲ့သည်။ တိုက်ပွဲဘောလုံးသည် သင်ယူရ လွယ်ကူသော်လည်း ကျွမ်းကျင်ရန် ခက်ခဲသည်။ အဓိကအကြောင်းရင်းမှာ ဘောလုံးသည် စွမ်းအားကို စုပ်ယူပြီး ၎င်းကိုကန်ရန် အလွန်အမင်း ခက်ခဲလှသည့် အတွက်ကြောင့်ပင် ဖြစ်သည်။ ၎င်းသည် အမှောင်လ မြို့သူ/သားတို့၏ တိုက်ခိုက်ရေးစွမ်းအားနှင့် ခန္ဓာကိုယ်ကို လေ့ကျင့်ပေးလုနီးပါး ဖြစ်ခဲ့သည်။

မြို့စောင့်တပ်ဖွဲ့၏ အမှောင်နတ်သူငယ် တိုက်စစ်မှူးက ရှေ့မှ အသင်းဖော်၏ ခေါင်းတိုက်ချက်ကို ရယူပြီးနောက် ဘောလုံးကို ခြေထောက်ဖြင့် တော့ကာ လေထဲသို့ ကန်တင်လိုက်သည်။ လေထဲတွင် တစ်ပတ်လှည့်ပြီးနောက် သူသည် လှပသော စက်ဘီးကန်ချက်ဖြင့် ဂိုးပေါက် ညာဘက်ထိပ်သို့ ကန်သွင်းလိုက်သည်။ အင်ပါယာအစောင့်၏ မဟာနတ်‌ဆိုး ဂိုးသမားသည် အနည်းငယ် နှေးသွားသော်လည်း သူ၏ထူးချွန်သော အရည်အချင်းကို အချိန်မီ ပြသခဲ့သည်။ သူသည် ဘောလုံး အရှေ့သို့ တယ်လီပို့ခုန်ပြီး အချိန်မီတွင် အဝေးသို့ ပုတ်ထုတ်နိုင်ခဲ့သည်။

ဂိုးပေါက်မှ ကွေ့သွားသော ဘောလုံးကိုကြည့်ရင်း ပွဲကြည့်စင်မှ ဝမ်းနည်းသောအသံများ ထွက်လာသည်။ အထူးသဖြင့် မြို့စောင့်တပ်များ အနိုင်ရရန် လောင်းထားသူများမှ ဖြစ်သည်။ သူသည် လက်မှတ်များကို ကျစ်ကျစ်ဆုပ်ထားခဲ့ကြပြီး ဘောလုံးကို ဂိုးထဲသို့ ရောက်အောင်လုပ်ရန် စိတ်ကူးနေခဲ့ကြသည်။ ထိုအချိန်၌ မြို့စောင့်တပ်၏ ရှေ့တန်းမှ နွားတစ်ပိုင်းသည် အသင်းသား မဟာနတ်ဆိုး၏ ခြေထောက်နှစ်ဖက်ကို ကိုင်ထားပြီး အားကုန် ပစ်ထည့်လိုက်သည်။ မဟာနတ်‌ဆိုးသည် နွားတစ်ပိုင်းကြောင့် ခပ်မြင့်မြင့်သို့ ခုန်နိုင်သွားပြီး ၃မီတာ ကျော်သွားခဲ့သည်။ ကွင်းထဲရှိ မြေဆွဲအား မှော်စက်ဝိုင်းကြောင့်သာ မဟုတ်လျှင် သူသည် ထိုထက်မြင့်မြင့် ခုန်နိုင်မည် ဖြစ်သည်။ မဟာနတ်ဆိုးသည် လေထဲ၌ပင် ခြေထောက်ဖြင့် ဝိုက်ကန်လိုက်ရာ အမြင့်သို့ လွင့်လာသော တိုက်ပွဲဘောလုံးကို တည့်တည့် ထိသွားခဲ့သည်။

တိုက်ပွဲဘောလုံးသည် မျဉ်းဖြောင့်အတိုင်း လွင့်ထွက်သွားပြီး ဂိုးပေါက်ဆီသို့ ကြယ်တံခွန်သဖွယ် အရှိန်အဟုန်ဖြင့် ရောက်ရှိလာသည်။ ပြိုင်ဘက် ဂိုးသမားသည် တယ်လီပို့ခုန်ပြီးသွားသည့်အတွက်ပြန်အသုံးပြုနိုင်ရင် အချိန်ခဏ စောင့်ရဦးမည် ဖြစ်သည်။ သူသည် ဘောလုံးကို ဖမ်းရန် အကောင်းဆုံး ကြိုးစားခဲ့သော်လည်း ခြေတစ်လှမ်း နောက်ကျသွားခဲ့သည်။ ဂိုးသည် ထိုကဲ့သို့ အားပြင်းလှသောကန်ချက်ကြောင့် ပေါက်ထွက်သွားခဲ့သည်။ ဂိုးစည်းကို တိုက်ပွဲဘောလုံး ဖြတ်သန်းသွားသည့်အခါ ၎င်းသည် မီးတောက်ကဲ့သို့ လောင်ကျွမ်းနေပြီး တလက်လက် တောက်ပနေတော့သည်။ ဆိုလိုသည်မှာ မြို့စောင့်တပ်ဖွဲ့သည် ၅ဂိုး ၄ဂိုးဖြင့် ဦးဆောင်နိုင်နေပြီ ဖြစ်သည်။

ထိုဂိုးသည် ပရိသတ်များကို စိတ်လှုပ်ရှားသွား‌စေခဲ့သည်။ လက်ခုပ်သံများ၊ သက်ပြင်းချသံများ၊ အားပေးသံများနှင့် ဆဲဆိုသံများပင် ရောထွေးနေခဲ့သည်။ ပြိုင်ကွင်းတစ်ခုလုံး အရူးအမူး ဖြစ်သွားတော့သည်။

အရေးကြီးပုဂ္ဂိလ်စားပွဲ၌ ဂျိုးဆက်ပ်သည် ၎င်းတို့ အားလုံးကိုကြည့်နေပြီး မျက်မှောင်ကြုတ်လိုက်သည်။ တိုက်ပွဲဘောလုံးက တကယ့်ကို ဒုက္ခပေးတဲ့ အရာပဲ။ ဒါက ဒီလိုမျိုး အရူးအမူး ဖြစ်စေတယ်။ ဒီနေ့ မြို့စောင့်တပ်ရဲ့ စွမ်းဆောင်ရည်ကို ကြည့်ရတာ အရင်ကနဲ့ မတူတော့ဘူး။ သူတို့ရဲ့ တိုက်ခိုက်ရေး စွမ်းအားက အသီနာရဲ့ လေ့ကျင့်ရေးအောက်မှာ ကြီးကြီးမားမား တိုးတက်သွားခဲ့တယ်။ မော်ဒိုမြို့မှာ ခါနီတာနဲ့ တိုက်ခိုက်နေတုန်း အမှောင်လနယ်မြေရဲ့ အပြောင်းအလဲတွေ တော်တော်လေး ကြီးမားခဲ့တဲ့ပုံပဲ။ တိုက်ပွဲစွမ်းအားတင် မဟုတ်ဘူး။ စီးပွားရေးအင်အားလည်း အလျင်အမြန် တိုးတက်လာနေတယ်။ ဒါက အမှောင်လနယ်မြေကို အားနည်းစေပြီး ထိန်းချုပ်ရမယ့် တာဝန်ရှိတဲ့ လိပ်ပြာနီနယ်မြေအတွက် ပြဿနာကြီးတစ်ရပ်ပဲ။

ပြီးတော့ အရိပ်နက်အင်ပါယာက ကတ်စတာ မိသားစုရဲ့ ကြားဝင်မှုကြောင့် အစက တစ်မြို့လုံးကို အသေအလဲ ဖြစ်သွားစေမဲ့ ကြယ်ကြွေတမန် အင်ပါယာရဲ့ အစားအစာ အရေးယူမှုက အမှောင်လနယ်မြေအပေါ် သက်ရောက်မှုနည်းနည်းပဲ ရှိနေခဲ့တယ်။ ကတ်စတာ မိသားစုက အရိပ်နက် အင်ပါယာရဲ့ ထိပ်တန်း စီးပွားရေးမိသားစုပဲ။ ဒါကြောင့် ဒီလုပ်ရပ်ကို အရိပ်နက်အင်ပါယာရဲ့ ဧကရီ ကတ်သရင်းက အတည်ပြုပေးထားတာ ဖြစ်ဖို့များမယ်။ အပေါ်ယံမှာတော့ ကတ်သရင်းထက် အင်အားနည်းတဲ့ ဘုရင်ခံ အိုဆိုင်ဒန်က ဒီကိစ္စကို တကယ် ဘာမှမလုပ်နိုင်ဘူး။

ဒါပေမဲ့ အမှောင်လမြို့က ကျတ်တီးမြေ ဖြစ်နေတယ်ဆိုတော့ အစားအစာ မှီခိုမှုကို အမှန်တကယ် ဖယ်ရှားပစ်ဖို့ မဖြစ်နိုင်ဘူး။ပြီးတော့လည်း ရှီရာရဲ့ ဉာဏ်ပညာနဲ့ ပါရမီနဲ့ဆိုရင် အရိပ်နက်အင်ပါယာရဲ့ ကုန်သွယ်မှု ဒါမှမဟုတ် “ အထောက်အပံ့ပေးမှု ” မှာ ရည်ရွယ်ချက်တစ်ခုခု ရှိမယ်ဆိုတာ သိမှာပဲ။ ဒါက အခြေအနေအရ လုပ်ရတာ ဖြစ်နိုင်တယ်.....

ထိုအကြောင်းကို စဉ်းစားနေရင်း ဂျိုးဆက်ပ်၏ နားထဲသို့ အသံတိုးတိုး တစ်သံ ရုတ်တရက် ရောက်ရှိလာသည်။

“ မိတ်ဆွေ။ ခင်ဗျားကြည့်ရတာ တစ်ခုခုကြောင့် ပြဿနာ တက်နေတဲ့ပုံပဲ။ ”

မကြားရသည်မှာကြာပြီဖြစ်သော ရင်းနှီးသည့် အသံသည် ဂျိုးဆက်ပ်ကို အနည်းငယ် တုန်လှုပ်သွားစေသည်။ သူ၏မျက်လုံးများ အလန့်တကြားနှင့် အရောင်လက်သွားပြီး လှည့်ပတ်ကြည့်သည်။ သို့သော် ဝတ်ရုံနှင့် ပုံရိပ်တစ်ခုကို ရှာမတွေ့ခဲ့ပေ။

ဂျိုးဆက်ပ် ခဏစဉ်းစားပြီးနောက် ကစားပွဲကို ဆက်မကြည့်တော့ဘဲ ထကာ ထွက်သွားသည်။

ဆူညံသော ပြိုင်ကွင်းမှ ထွက်လာပြီးနောက်တွင် ဂျိုးဆက်ပ်သည် လမ်းကွေ့ပြီး လူပါးသော လမ်းကြားတစ်ခုဆီသို့ သွားခဲ့သည်။ သူသည် နောက်ဘက်၌ မည်သည်ကိုမှ မခံစားရပေ။ သို့သော်လည်း လရောင်အောက်၌ သူ၏ နောက်တွင် အရိပ်တစ်ခု ရှိနေသည်ကို သေသေချာချာ မြင်နေရသည်။ ပုံရိပ်ယောင်လား။ ဒါမှမဟုတ်......

သတိမပေးဘဲ လှည့်ကြည့်လိုက်ရာ ဂျိုးဆက်ပ်သည် မိမိနောက်ဘက်တွင် ဝတ်ရုံနှင့် လူတစ်ယောက်ကို မြင်လိုက်ရသည်။ ဂျိုးဆက်ပ်သည် ခြေထောက်ကိုတော့ပြီး လေထဲသို့ ခုန်တက်လိုက်သည်။ သူ၏လက်သီးထဲတွင် နီရဲရဲ မီးတောက်တစ်ခု တောက်လောင် သွားပြီး ထိုပုံရိပ်ဆီသို့ လျှပ်စီးသဖွယ် ပြေးဝင်သွားတော့သည်။

ထိုအနက်ရောင်အရိပ်သည် အရှောင်တိမ်းသလို အရှုံးလည်းမပေးဘဲ ဂျိုးဆက်ပ်၏ လက်သီးဆီသို့ လက်ချောင်းတစ်ချောင်း ဆန့်တန်းလိုက်သည်။ ဂျိုးဆက်ပ်သည် ခဏတာ ထိတ်လန့်သွားပြီး တိုက်ပွဲအသွင် ရုတ်တရက် ပြောင်းလိုက်သည်။ သူ၏တစ်ကိုယ်လုံး မီးတောက်များ ဖုံးလွှမ်းသွားပြီး လက်သီးစွမ်းအားမှာလည်း ရုတ်တရက် နှစ်ဆတိုး သွားခဲ့လေသည်။

ဂျိုးဆက်ပ်၏ ပြောင်းလဲမှုများကို ရင်ဆိုင်ရသည့်အခါ အနက်ရောင်ပုံရိပ် မတုံ့ပြန်ခဲ့ပေ။ သူသည် ဂျိုးဆက်ပ်ကို လက်ညှိုးသာ ထိုးလိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် လက်သီးနှင့် လက်ညှိုး ထိတွေ့သွားပြီး ပုံရိပ်တစ်ခုက ရုတ်တရက် လွင့်စင်သွားကာ နောက်သို့ အနည်းငယ် ဆုတ်ခွာသွားရသည်။ အံ့အားသင့်စွာပင် ၎င်းမှာ ဂျိုးဆက်ပ် ဖြစ်နေသည်။

ဂျိုးဆက်ပ်၏ မျက်နှာသည် မယုံကြည်နိုင်လောက်အောင် ထိတ်လန့်သွားသည်။ ငါက တိုက်ပွဲအသွင် ပြောင်းပြီးတော့ အားကုန် ပစ်ထိုးခဲ့တယ်။ ဒါပေမဲ့ သူ့ရဲ့ လက်ချောင်းတစ်ချောင်း စွမ်းအားတည်းနဲ့ ငါနောက်ကို ဆုတ်သွားခဲ့ရတယ်။

ဂျိုးဆက်ပ်၏ လက်သီးသည် ဝတ်ရုံနှင့်လူကို သတ်ပစ်ရန် မရည်ရွယ်ထားပေ။ သူသည် စွမ်းအားကို စမ်းသပ်ပြီး ပြသရန် ရည်ရွယ်ထားခဲ့သည်။ သို့သော်လည်း မမျှော်လင့်ဘဲနှင့် ပြိုင်ဘက်ဖြစ်သူကြောင့် ထိတ်အံ့အားသင့်သွားခဲ့သည်။

“ မင်းက ဘယ်သူလဲ။ ”

ဂျိုးဆက်ပ်က သတိထားသည့်ပုံစံ လုပ်လိုက်သည်။ ဒီလူရဲ့ခွန်အားက ငါထင်ထား တာထက်ကို ပိုနေတယ်။ ဒီလို တိတ်ဆိတ်တဲ့နေရာမှာ သူက မကောင်းတဲ့ ရည်ရွယ်ချက်တစ်ခုခု ရှိရင် ငါတော့ အန္တရာယ် ကျရောက်နေလောက်ပြီ။

“ မိတ်ဆွေ။ကျုပ်ကို မေ့သွားပြီလား။ ”

ဝတ်ရုံထဲမှ ရင်းနှီးသော အသံတစ်သံ ထွက်လာသည်။

“ ဒါက တကယ့်ကို ဝမ်းနည်းစရာပဲ။ ”

“ အက်ဂ်ယော ”

ဂျိုးဆက်ပ် ထိတ်လန့်သွားသည်။ တကယ် သူပဲကိုး။ ဒါပေမဲ့ ဒီ ဘယ်ဇီဘတ် တော်ဝင်မိသားစုက အရင်တုန်းက ငါနဲ့အတူတူ နတ်ဆိုးဘုရင်အဆင့်ပဲ။ ဒါပေမဲ့ အခုတော့ .....

“ နတ်ဆိုးဘုရင်အဆင့် ထိပ်သီးပိုင်း။ ခင်ဗျားက တကယ့်ကို အပိုင်းအသေး တိုးတက်သွားတာပဲ။ ”

ဝတ်ရုံနှင့်လူက ချီးမွမ်းလိုက်သည်။

“ မိစ္ဆာသစ်သီးရဲ့အစွမ်းက မဆိုးတဲ့ပုံပဲ။ ဒါပေမဲ့ သူ့ရဲ့အာနိသင်က အဆင့်ကြီးကို ဖြတ်ကျော်တဲ့အခါ ပိုပြီးတော့ အရေးကြီးတယ်။ အနာဂတ်မှာ ခင်ဗျား ပိုပြီးအဆင့်တက်မယ်လို့ ကျုပ်ယုံကြည်တယ်။ ”

ထိုချီးမွမ်းခြင်းသည် ဂျိုးဆက်ပ်အတွက် ထေ့လုံးတစ်ခုကဲ့သို့ပင် ဖြစ်သည်။ သို့သော်လည်း တစ်ဖက်လူက အမြန်ပြန်စဉ်းစားလိုက်သည်။

“ ကျုပ်ရဲ့ နိုးထခြင်းကနေ အလွယ်တကူ စွမ်းအားသုံးလို့ရတဲ့စွမ်းအားနှင့်ယှဉ်ရင် ခင်ဗျားရဲ့ တိုးတက်နှုန်းက တော်တော်လေးမြန်တယ်။ ”

သိပ်မကြာခင် ဂျိုးဆက်ပ်သည် တည်ငြိမ်မှု ပြန်လည်ရရှိလာပြီး အကျင့်အတိုင်း ပြောလိုက်သည်။

“ ခင်ဗျားရဲ့ နိုးထစွမ်းအားက မဟာနတ်ဆိုးသခင်အဆင့် ရောက်နေပြီ ထင်တယ်။ ဒါက တကယ့်ကိုဂုဏ်ယူရ ထိုက်တန်တာပဲ။ ”

“ ပိုမြင့်တဲ့အဆင့်ကို ရောက်သွားတော့ နိုးထဖို့အတွက် ပိုခက်ခဲလာတယ်။ ကျုပ်က အခုဆိုရင် နတ်ဆိုးဧကရာဇ်အဆင့်မှာ တစ်နေပြီ။ ”

ချန်လွေ့ သက်ပြင်းချပြီး စကားလမ်းကြောင်း ပြောင်းလိုက်သည်။

“ ခင်ဗျားက မော်ဒိုမြို့မှာ တစ်ချိန်လုံး အလုပ်များနေခဲ့တာ။ ခင်ဗျား အမှောင်မြို့‌ဆီ ပြန်မလာတာ ကြာပြီ မဟုတ်လား။ အမှောင်လမြို့ရဲ့ ပြောင်းလဲမှုတွေကို ခင်ဗျား ဘယ်လိုထင်လဲ။ ကျုပ်က လှည့်ကွက် နည်းနည်း သုံးထားတယ်။ တစ်ယောက်ယောက် ဖြတ်သွားရင်တော့ ကျုပ်တို့ ပြောတာကို ကြရမှာမဟုတ်ဘူး။ ”

“အက်ဂ်ယော”၏ အဆင့်သည် မဟာနတ်ဆိုးဘုရင်အဆင့် ရောက်ရှိသွားပြီး နတ်ဆိုးဧကရာဇ်အဆင့် ချိပ်ပိတ်ကို ထိနေပြီဖြစ်ကြောင်း ဂျိုးဆက်ပ် ကြားလိုက်ရသည်။ အကယ်၍ သူသာ နတ်ဆိုးဧကရာဇ်အဆင့်သို့ ရောက်ရှိသွားလျှင် စစ်မှန်သော အစွမ်းထက်ပုဂ္ဂိုလ်များအဖြစ်သို့ တက်လှမ်းသွားခြင်းနှင့် ညီမျှပေသည်။ ဂျိုးဆက်ပ်၏ အဖေသည် ယခုတွင် နတ်ဆိုးဧကရာဇ်အဆင့်သာ ဖြစ်သည်။ ကြည့်ရတာ ငါက တကယ်ကောင်းတဲ့ မဟာမိတ် တစ်ယောက်ကို ရှာတွေ့သွားတဲ့ပုံပဲ။ အက်ဂ်ယောကို ကောင်းကောင်း အသုံးချလို့ရတယ်။

သို့သော်လည်း ဂျိုးဆက်ပ်က မိမိအခြေအနေသည် အက်ဂ်ယောထက် တစ်ဆင့်နိမ့်‌သွကြောင်း သိသည်။ အကယ်၍ အက်ဂ်ယောသာ နတ်ဆိုးဧကရာဇ်အဆင့်သို့ ရောက်ရှိသွားလျှင် သူ့ကဲ့သို့ အားနည်းသော မဟာမိတ်ကို အသိအမှတ် ပြုတော့မည် မဟုတ်ပေ။ ထို့ကြောင့် သူသည် မိမိကိုယ်ကို အက်ဂ်ယောအတွက် အသုံးဝင်အောင် ပြုလုပ်ပြီး ပို၍အကျိုးအမြတ်ရရှိအောင် ပြုလုပ်ရပေမည်။

“ တိုက်ခိုက်ရေးစွမ်းအားပဲဖြစ်ဖြစ်၊ စီးပွားရေးပဲ ဖြစ်ဖြစ် အမှောင်လနယ်မြေရဲ့ တိုးတက်နှုန်းက တော်တော်လေး မြန်ဆန်နေတယ်။ ကံကောင်းတာကတော့ ကျတ်တီးမြေ ပြဿနာကို မဖြေရှင်းနိုင်သေးဘူး။ မဟုတ်ရင် ကျုပ်အဖေရဲ့ လိပ်ပြာနီနယ်မြေတောင် ဒါကို ထိန်းချုပ်နိုင်တော့မှာ မဟုတ်ဘူး။ ”

ဂျိုးဆက်ပ် သံသယဝင်လာသည်။

“ ကျုပ် သိရသလောက်ဆိုရင် အမှောင်လမြို့၌ အကျော်ကြားဆုံး ညဈေးက ဝတ်ရုံဂိုဏ်းကြောင့် ဖြစ်လာခဲ့တာပဲ။ မိတ်ဆွေ။ ခင်ဗျားရဲ့ အကြံအစည်က ဘာလဲဆိုတာ မေးလို့ရမလား။ ကျုပ်တို့ရဲ့ အကြံအစည်တွေ အချင်းချင်း ရိုက်ခတ်မှု မဖြစ်စေချင်ဘူး။ ”

“ ကျုပ် ပြောခဲ့ဖူးပါတယ်။ ပထမအဆင့်က အမှောင်လနယ်မြေကို ရယူဖို့ပဲ။ ကျုပ်ကလည်း ကျုပ်ရဲ့ဇစ်မြစ်ကို ကျတ်တီးပြီး ပျက်စီးနေတဲ့ နေရာကနေ စတင်တင်ချင်ဘူး။ ပိုပြီးအစွမ်းထက်လေလေ၊ ပိုပြီးကြွယ်ဝလေလေ၊ ကျုပ်အတွက် ပိုကောင်းလေလေပဲ။ ”

ချန်လွေ့၏အသံတွင် ယုံကြည်ချက်များ ပြည့်နှက်နေသည်။

“ မင်းသမီးလက်လီစတိုးနဲ့ ည‌ဈေးရဲ့ ပိုင်ဆိုင်မှုက တော်ဝင်မင်းသမီးရဲ့ လက်ထဲမှာ ရှိနေသေးပေမဲ့ အချိန်ကျလာရင်တော့ သူရဲ့လက်ထဲက အရင်းအမြစ်တွေအားလုံးကို ရယူနိုင်မယ်ဆိုတာ ကျုပ် အပြည့်အဝ ယုံကြည်တယ်။ မာနကြီးတဲ့ တော်ဝင်မင်းသမီး‌ရော အပါအဝင်ပေါ့။ ”

“ ဒါပေမဲ့ အပြင်လူတွေအတွက် ကျုပ်ရဲ့ သရုပ်က ဝတ်ရုံဂိုဏ်းခေါင်းဆောင် ဖြစ်နေတယ်။ အခုအချိန်မှာတော့ ကျုပ်ကိုယ်ကျုပ် အလွယ်တကူ ဖော်ထုတ်မှာ မဟုတ်ဘူး။ ဒါတွေအားလုံးကို အပေါ်ယံလုပ်ပေးနိုင်တဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ယောက် ကျုပ်လိုချင်နေတယ်။ မိတ်ဆွေ။ ခင်ဗျားက အသင့်တော်ဆုံးပဲလို့ ကျုပ်ထင်တယ်။ ”

ပြောရေးဆိုခွင့်ရှိသူလား။ ဂျိုးဆက်ပ် မျက်လုံးများ အရောင်တောက်သွားသော်လည်း တစ်ဖက်လူ၏ နောက်ထပ်စကားက သူ၏နှလုံးသားကို မြန်ဆန်သွားစေသည်။

“ ဒါပေမဲ့ အဲဒီမတိုင်ခင်တော့ ကျုပ် ခင်ဗျားကို အရေးကြီးသတင်း ပြောစရာ ရှိတယ်။ ကျုပ်ရဲ့ မဟာမိတ်နဲ့ လိပ်ပြာနီနယ်မြေကို ထိန်းချုပ်မယ့်အလောင်းအလျာ တစ်ယောက်အနေနဲ့ အခု ခင်ဗျားရဲ့အရှေ့မှာ အကြီးမားဆုံး အခက်အခဲတွေထဲကတစ်ခု ရှိနေပြီ။ ဒီပြဿနာကို ခင်ဗျား မဖြေရှင်းဘူးဆိုရင်.....ခါနီတာနဲ့ ယှဉ်ပြိုင်မှုမှာ ခင်ဗျား လုံးဝရှုံးနိမ့်သွားမှာ စိုးရတယ်။ ”

“ သိပ်မကြာခင်တုန်းက ခါနီတာ ဟိတ်ဟန်များနေတာ မဟုတ်လား။ ခင်ဗျားကတော့ ရှောင်တိမ်းတဲ့ နည်းဗျူဟာတွေကို ထပ်ကာထပ်ကာ သုံးပြီးတော့ စပါးကျီမီးလောင်တာကိုတောင် သည်းခံခဲ့တယ်။ ဒါရဲ့ရည်ရွယ်ချက်က စီးပွားရေး အင်အားကို သုံးပြီးတော့ ပြိုင်ဘက်ကို တစ်လှမ်းချင်း အနိုင်ယူဖို့ မဟုတ်လား။ ”

ချန်လွေ့သည် မူမမှန်ပြောင်းလဲနေသော ဂျိုးဆက်ပ်၏မျက်နှာကိုကြည့်ရင်း ယုံကြည်ချက်ဖြင့် ပြောလိုက်သည်။

“ ကျုပ်ရဲ့ သတင်းပေးစွမ်းရည်ကို မေးခွန်း မထုတ်နဲ့။ ရပ်ကြည့်နေတဲ့သူ တစ်ယောက်အနေနဲ့ ကျုပ်က အခြေအနေထဲမှာ နစ်မြုပ်နေတဲ့ ခင်ဗျားတို့ နှစ်ယောက်ထက် ပိုမြင်တယ်။ ကျုပ် တဲ့တိုးပဲ ပြောတော့မယ်။ မိတ်ဆွေ။ ခင်ဗျားရဲ့ အကြီးမားဆုံး ကပ်ဘေးကြီး ရောက်လာနေပြီ။ ”

ဂျိုးဆက်ပ် တိတ်တဆိတ် တုန်လှုပ်သွားပြီးနောက် မေးလိုက်သည်။

“ ကျုပ်က အချိန်ဆွဲတဲ့ နည်းဗျူဟာကို သုံးခဲ့တာ ဝန်ခံပါတယ်။ ဒါပေမဲ့ အကြီးမားဆုံး ကပ်ဘေးကြီး ဆိုတာက နည်းနည်းတော့ မလွန်ဘူးလား။ ”

“ လုံးဝမလွန်ဘူး။ ”

ချန်လွေ့၏အသံ တည်ကြည်သွားသည်။

“ ဒီကိစ္စက နတ်ဆိုးဘုံကို ရောက်လာတဲ့ လူသား တစ်ယောက်ကြောင့်ပဲ။အဲဒီလူသားက ခါနီတာ အတွက် အဖိုးတန်တဲ့ အခွင့်အရေးတစ်ခု ယူလာပေးတယ်။ အဲဒီကနေ သူက တည်ငြိမ်တဲ့ ဝင်ငွေတွေ ရနေခဲ့တယ်။ ကျုပ်ရဲ့ သတင်းပေး စီစစ်ချက်အရဆိုရင် ခါနီတာရဲ့ဝင်ငွေက ပထမလမှာပင် သလင်းကျောက်နက်ဒင်္ဂါး ၁သန်း ထက်ကျော်ပြီး ရနေပြီ။ ဒါက အစပိုင်းပဲ ရှိသေးတယ်။ နောက်ပိုင်း ဆပွား တိုးလာမှာ။ ဒီအတိုင်းသာ ဆက်သွားရင်တော့ အကျိုးဆက်တွေကို ခင်ဗျားက ကျုပ်ထက် ပိုသိမှာပါ။ ”

“ တစ်လကို ၁ သန်း။ ပြီးတော့ နောက်ပိုင်း ဆပွား တိုးလာဦးမှာ။ ဟုတ်လား။ ”

ထိုအပိုင်းတွင် ဂျိုးဆက်ပ်သည် ပို၍အလေးထားသည့်အတွက်ကြောင့် သူ၏မျက်နှာ ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။ အမှန်တကယ်၌ ဂျိုးဆက်ပ်သည် ခါနီတာ၏ လက်တလော လှုပ်ရှားမှုများကို မသင်္ကာ ဖြစ်နေခဲ့ပြီး သဲလွန်စလည်း အများအပြား ရှိနေသည်။ “အက်ဂ်ယော” ၏ သတင်းအချက်သည် အမှားမဟုတ်နိုင်ပေ။ ၎င်းသည် သူ၏စိတ်ထဲ၌ မှန်းဆခဲ့သော ထိတ်လန့်ဖွယ် အချက်ကို အတည်ပြုပေးနိုင်ခဲ့သည်။

တစ်ဖက်လူ ပြောသည်မှာ မှန်သည်။ အကယ်၍ ဤအတိုင်းသာ ဆက်ဖြစ်မည်ဆိုလျှင် သူ၏ အကြီးမားဆုံး ဘဏ္ဍာရေးအသာစီးရမှုက ခါနီတာကို ရင်ဆိုင်ရာ၌ အသုံးမဝင် ဖြစ်သွားပေလိမ့်မည်။ ၎င်းသည် အရှင်သခင်ရာထူးအတွက် ခါနီတာနှင့်အတူ ယှဉ်ပြိုင်မည့်စွမ်းရည် ဆုံးရှုံးသွားသည်နှင့် တူညီလုနီးပါးပင် ဖြစ်လေသည်။

ဂျိုးဆက်ပ်က မိမိကိုယ်ကို စိတ်ထိန်းပြီး မေးလိုက်သည်။

“ အဲဒီလူသားရဲ့ ဇစ်မြစ်က ဘာလဲ။ သူက ဘာလို့ ခါနီတာကို ကူညီပေးတာလဲ။ ”

“ ကျုပ်လည်း သေချာမသိဘူး။ အဲဒါက ရိုးရိုး ကူညီတာ မဟုတ်ဘဲနဲ့ နှစ်ဦးနှစ်ဖက် အကျိုးရှိတဲ့ ကုန်သွယ်တဲ့သဘောပဲ။ အဆိုးဆုံးကတော့ ဒီကိစ္စကို ကျုပ်အတည်ပြုပြီးတဲ့အချိန်မှာ ခါနီတာက အဲဒီလူသားကို လိပ်ပြာနီမြို့ဆီ ခေါ်သွားခဲ့တာပဲ။ ပြီးတော့လည်း သူက ခင်ဗျားအဖေရဲ့ ထောက်ခံမှုကိုလည်း ရသွားတဲ့ပုံပဲ။ ခင်ဗျားရဲ့အဖေက ဒီလုပ်ငန်းမှာ အကျိုးအမြတ်ရခဲ့တယ်ဆိုတာ ကျုပ် သံသယမရှိဘူး။ ခင်ဗျားရဲ့ လက်ရှိအခြေအနေက တော်တော်လေး အန္တရာယ်များတယ်။ ”

ထိုသတင်းသည် လက်သီးပြင်းပြင်းများ တရစပ် အထိုးခံရသကဲ့သို့ ဖြစ်သွားပြီး ဂျိုးဆက်ပ်ကို ထုံထိုင်း တွေဝေသွားစေခဲ့သည်။ သူ၏ဉာဏ်ပညာဖြင့်ဆိုလျှင် သူသည် ၎င်းကို လုံးဝသိလိမ့်မည်မဟုတ်ဘဲ ဒုက္ခရောက်မှသာ သိပေမည်။ အမှန်တကယ်တွင် ယခုအခြေအနေသည် အတော်လေး အရေးကြီးနေ၏။ မမျှော်လင့်ထားဘဲနှင့် ခါနီတာသည် ငွေအရင်းအမြစ် အကြီးကြီးကို ရရှိခဲ့ပြီး ဂျို့ရှ်နှင့်အတူ မျှဝေခဲ့သေးသည်။ အကျိုးအမြတ်၌ဖြစ်စေ၊ အကျိုးပြုမှု၌ဖြစ်စေ၊ ၎င်းသည် သူ့ကို ချောက်ကမ်းပါး အစွန်းသို့ တွန်းပို့လုနီးပါး ဖြစ်နေခဲ့သည်။

“ အဲဒီလူသားက နတ်ဆိုးဘုံနဲ့ လူသားလောကကို ခေါက်တုံ့ခေါက်ပြန် သွားနိုင်တဲ့ စွမ်းရှည်ရှိပုံပဲ။ ကျုပ် သူ့ကို တိတ်တိတ်လေး ချဉ်းကပ်ခဲ့ဖူးတယ်။ ဒါပေမဲ့ ကံဆိုးချင်တော့ ကျုပ်ရဲ့လက်ရှိ အဆင့်အတန်းနဲ့ အခြေအနေအရ သူ့ရဲ့ ယုံကြည်မှုကို မရခဲ့ဘူး။ သတင်းတွေလည်း မရခဲ့ဘူး။ ပြီးတော့လည်း အဲဒီလူသားရဲ့စွမ်းအားကြောင့် ကျုပ် သိပ်ပြီး စိတ်လိုက်မာန်ပါ မလုပ်ရဲခဲ့ဘူး။ သူက နတ်ဆိုး ဧကရာဇ်အဆင့် ရောက်နေလောက်တယ်။ ”

နတ်ဆိုးဧကရာဇ်အဆင့်။ ၎င်းသည် ဂျိုးဆက်ပ်တွင် ရှိခဲ့သော လုပ်ကြံမည့်အတွေးအချို့ကို ပျက်ပြားသွားစေခဲ့သည်။ ထို့ပြင် သူ၏စိတ်ထဲ၌လည်း သေမလောက် ဖြစ်နေ၏။

“ အခုလက်ရှိမှာ ဒီလိုဘေးကျပ်နံကျပ် အခြေအနေကို ဖယ်ရှားဖို့အတွက် နည်းလမ်းတစ်ခုပဲ ရှိတော့တယ်လို့ ကျုပ်ထင်တယ်။ ”

“ ဘာနည်းလဲ။ ကျုပ်ကို ပြောပြပါ။ ”

“မဟာမိတ်”၏ စကားများသည် ဂျိုးဆက်ပ်အား မျှော်လင့်ချက်အနည်းငယ် ဖြစ်စေခဲ့သည်။

“ လိပ်ပြာနီအရှင်က လူသားလောကရဲ့ သူလျှို တစ်ယောက်နဲ့ ပူးပေါင်းနေတာ။ မြို့တော်က ဒီအကြောင်း သိသွားမယ်ဆိုရင် ဒါက လျစ်လျူရှုလို့မရတဲ့ ပြစ်မှုတစ်ခုပဲ။ ”

ဝတ်ရုံနောက်မှ ရယ်သံသည် ယုတ်မာလှ၏။

“ ပြစ်မှုကို သေသေချာချာ ရှင်းပြနိုင်ရင်တောင် အကျိုးအမြတ်တွေကိုတော့ ဂျို့ရှ်နဲ့ ခါနီတာတို့ပဲ ခံစားရတော့မှာ မဟုတ်ဘူး။ ဝိုင်တစ်ပုလင်းကို လူနှစ်ယောက်မျှသောက်ရင် တစ်ယောက်နှစ်ခွက် သောက်လို့ရမယ်။ အယောက်၂၀ မျှသောက်ရင်တော့ တစ်ယောက်ကို ခွက်သေးသေးတစ်ခွက်စီတောင် သောက်ရမှာ မဟုတ်ဘူး။ ပြီးတော့လည်း ဘုရင်ခံ အိုဆိုင်ဒန်က အများဆုံးသောက်မှာပဲ။ ခင်ဗျားတို့က ခွက်သေးသေးတောင် ရမှာမဟုတ်ဘူး။ ဒါက ခင်ဗျားနဲ့ မမျှဝေရင်တောင် ကောင်းမွန်တဲ့ အရည်အသွေးတစ်ခုပဲ။တကယ်လို့ ခင်ဗျားက မင်းသား အိုဆိုင်ဒန်ရဲ့ အသိအမှတ်ပြုတာနဲ့ ထောက်ပံ့မှုကို ရနိုင်မယ်ဆိုရင် ပြီးတော့ ခင်ဗျားက လိပ်ပြာနီနယ်မြေအရှင်ရဲ့ သားအကြီးဆုံးလည်း ဖြစ်တဲ့အတွက်ကြောင့် အနာဂတ်မှာ......။ ဘယ်လိုပဲဖြစ်ဖြစ်ပါ။ လိပ်ပြာနီနယ်မြေကို ခင်ဗျား ထိန်းချုပ်နိုင်ရင် ကျုပ်အစီအစဉ်အတွက်လည်း အကျိုးရှိပါတယ်။ ”

ဂျိုးဆက်ပ်၏ မျက်လုံးများ တောက်ပရင်း တောက်ပသွားပြီး နောက်ဆုံးတွင် စိတ်ထဲ၌ ဆုံးဖြတ်ချက်တစ်ခု ချလိုက်တော့သည်။

All Chapters