← Chapters

အစေခံ၏ မြူဆွယ်ခြင်း

Vol. 22 Ch. 326

အစေခံ၏ မြူဆွယ်ခြင်း

Vol. 22 Ch. 326

လေထဲ၌ -

လှပသော ပုံရိပ်တစ်ခုက ပျံသန်းနေသော ဝိုင်ဗန်၏ ကျောပေါ်တွင်ရပ်နေပြီး မျက်လုံးပိတ် လက်နှစ်ဖက်ဆန့်ထားကာ လေတိုက်သည်ကို ခံစားနေဟန်တူသည်။

ခီရာသည် လေနှင့်မီး ဒြပ်စင် အထူးပြုသော နတ်ဆိုးဘုရင်အဆင့် မှော်ပညာရှင် ဖြစ်သည်။ ထို့ကြောင့် သူ ဟန်ချက်မညီဘဲ ပြုတ်ကျခဲ့သည်တိုင် ပျံသန်းအစွမ်းများ သို့မဟုတ် [ ငှက်တောင်ကြွေ ] ကို အသုံးပြု၍ ရသည်။ ၎င်းကို သိသော်လည်း ချန်လွေ့သည် ခီရာ၏ခါးကို သေသေချာချာ ပွေ့ဖက်ထားပေးသည်။

ထိုသို့ ဂရုတစိုက် ပြုလုပ်ခြင်းတွင် ကွယ်ဝှက်ထားသော ရည်ရွယ်ချက်များ ရှိမရှိကို မည်သူမျှ မသိကြပေ။

အမှန်တကယ်၌ အမှောင်လမြို့သို့ ချန်လွေ့ ပြန်လာရခြင်း၏ အဓိကရည်ရွယ်ချက်မှာ အစီအစဉ် အစိတ်အပိုင်းတစ်ခုကို ပြီးမြောက်စေရန်အတွက် ဂျိုးဆက်ပ်ကို အသုံးချရန် ဖြစ်သည်။ ထို့အပြင် သူသည် သူနှင့် လက်ထပ်ပြီးခါစသာဖြစ်သော အသီနာနှင့်လည်း နီးနီးကပ်ကပ် နေချင်၏။ သို့သော်လည်း အသီနာက “ ထိုနေ့ရက်များတွင် သူ၏ခန္ဓာကိုယ် အဆင်မပြေကြောင်း ” ပြောခဲ့သည်။ စိုနေသော စောင်တစ်ထည်ကို ချန်လွေ့ဆီ ပစ်ထည့်လိုက်ရာ ချန်လွေ့၏ စိတ်အား တက်ကြွမှုများ တစ်ဝက်ခန့် လျော့ကျသွားသည်။ ထို့နောက်တွင် ချန်လွေ့က ရှီလန်တောင်သို့ သွားမည်ဟု ပြောသည့်အခါ အသီနာသည် “ ခီရာကိုခေါ်သွားရန် ” အမှုမဲ့အမှတ်မဲ့ အကြံပြုခဲ့သည်။

အသီနာသည် ထိုအခွင့်အရေးကိုယူပြီး မိမိနှင့် ခီရာကို တွဲပေးနေကြောင်း ချန်လွေ့ ရေးရေးလေး သဘောပေါက်လိုက်သည်။ သဝန်တိုစိတ်ကို မဖုံးကွယ်နိုင်ဘဲ အပြင်ဘက်၌ ရက်ရောနေသော အသီနာကို ကြည့်ရင်း ချန်လွေ့သည် အသီနာကို ပွေ့ဖက်ကာ နှစ်သိမ့်ပေးလိုက်သည်။

သဝန်တိုတတ်တဲ့ မိန်းကလေးကို မိန်းကလေးလို့ သတ်မှတ်လို့ ရဦးမှာလား။ မိန်းကလေး တစ်ယောက်က ဘယ်လောက်ပဲ ရက်ရောပါစေ၊ မိန်းကလေး တစ်ယောက်ပါပဲ။

သဝန်တိုတယ်ဆိုတာ ဂရုစိုက်တာပဲ။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ။ အသီနာရဲ့စေတနာကို ငါ အလကား မလုပ်သင့်ဘူး။

ထို့ကြောင့် ခီရာသည် နေမကောင်းကြောင်း အကြောင်းပြချက်ဖြင့် သုံးလေးရက် ခွင့်ယူခဲ့သည်။ အဲလစ်သည် လက်အောက်ငယ်သားများအတွက် စဉ်းစားပေးသည့်အတွက် ချက်ချင်းပင် သဘောတူလိုက်သည်။ အရေးကြီးဆုံးမှာ ချန်လွေ့ ပြန်ရောက်လာပြီ ဖြစ်ကြောင်း လိုလီလေး မသိသေးခြင်းပင် ဖြစ်သည်။ သို့မဟုတ်ပါက ထိုခရီးတွင် လူပိုတစ်ယောက် ပါလာမည်မှာ သေချာသည်။

“ သခင်။ သခင့်ရဲ့ လက်တွေက....တော်တော် ဆိုးနေတယ်နော်။ ”

အစေခံ ဝတ်စုံအောက်ရှိ ခီရာ၏ တင်ပါးမှ အမြီးအသေးလေးသည် ရုတ်တရက်ပင် ချန်လွေ့၏ လက်နှင့် ထိသွားခဲ့သည်။ ခီရာ၏ ခါးကို ကိုင်ထားသောလက်သည် အောက်သို့ မသိလိုက်ဘဲနှင့် ဆင်းလာခြင်း ဖြစ်သည်။

“ အင်း။ငါ သတိလွတ်သွားတယ်။ ”

ချန်လွေ့ ပြုံးဖြီးဖြီး လုပ်လိုက်သည်။ ငါက တကယ်သတိလွတ်သွားတာ။ ဒါပေမဲ့ ဒါကလည်း အဆင်ပြေတာပဲ။

သူတို့နှစ်ယောက်သည် အတော်လေး အစွမ်းထက်လှသည်။ သူသည် အမြင့်တွင် ပျံသန်းနေကြသော်လည်း ပြောစကားများ ရှင်းလင်းနေဆဲပင် ဖြစ်ပြီး လေသက်ရောက်မှု လုံးဝမရှိပေ။

“ သခင် မတ်တပ်ရပ်လို့ရမလား။ ”

ခီရာက လက်နှစ်ဖက်ကို ဆန့်တန်းလိုက်သည်။

“ မင်းသမီးလေးက ခီရာ့ကို ပြောတယ်။ အရင်တစ်ခေါက် သူ့ကို သခင် ပျံဖို့ခေါ်သွားတုန်းက တိုက်တင်းနစ် ပုံစံအတိုင်း ရင်းရင်းနှီးနှီး ကစားပေးခဲ့တယ်တဲ့။ ခီရာလည်း အဲဒီ‘ရို့စ်’ ဖြစ်ချင်တယ်။ ”

တိုက်တင်းနစ် နှင့် ရို့စ် အကြောင်းကို ခီရာ ပြောလိုက်သည့်အခါ ချန်လွေ့ ပြောစရာမဲ့သွားခဲ့သည်။ ကြည့်ရတာ လိုလီလေးက ခီရာအရှေ့မှာ တမင် ကြွားခဲ့တဲ့ပုံပဲ။ “ ရင်းရင်းနှီးနှီး ” ဆိုတဲ့စကားလုံးက သူပုံကြီးချဲ့လိုက်တာ ဖြစ်ဖို့များတယ်။

သို့ရာတွင် ချန်လွေ့သည် ခီရာ၏ တောင်းဆိုချက်များကို သေချာပေါက် ငြင်းဆန်မည် မဟုတ်ပေ။ သူ မတ်တပ်ရပ်ပြီး ခီရာ၏ ပုခုံးကို အကွာအဝေး တစ်ခုထားပြီး ထိန်းထားပေးလိုက်သည်။ သူ တိုးတိုးလေး ရယ်ပြီး ပြောလိုက်သည်။

“ အဲဒီနေ့တုန်းက ခီရာ ဒီလိုမျိုး ကစားခဲ့တာ.... ”

“ ဒါဆို ဒီနေ့ ငါ့ရဲ့ခီရာနဲ့ဆိုတော့..... ”

ထိုသို့ပြောပြီး ချန်လွေ့သည် အနားကပ်လိုက်ကာ ကဝေမ၏ ခါးကို ပွေ့ဖက်လိုက်သည်။

“ ဒါက တကယ့် ရင်းနှီးမှုပဲ။ ”

“ သက်သက်ကြီး ရှင်းပြစရာ မလိုပါဘူး။ ”

ခီရာ တခစ်ခစ် ရယ်လိုက်သည်။

“ ရှင်းပြတာက ဖုံးကွယ်ဖို့အတွက်ပဲ ဆိုတဲ့ စကားတစ်ခွန်းရှိတာပဲ‌လေ။ တကယ်တော့ မင်းသမီးလေး သခင့်ကို တော်တော်လေး သဘောကျနေတယ်ဆိုတာ ကျွန်မ သိနေတယ်။ ”

“ သူက ငယ်ငယ်လေးပဲ ရှိသေးတယ်။ သူ ဘာမှ နားမလည်သေးပါဘူး။ သူက လျှောက်လုပ်နေတာ။ ”

ချန်လွေ့၏မျက်နှာ ရုတ်တရက် ခါးသက်သွား၏။

“ မင်းသမီးလေးက မငယ်တော့ပါဘူး။ သူ့ရဲ့ အသက်နဲ့ဆိုရင် လက်ထပ်လို့ရနေပြီ။ ”

ခီရာက ချန်လွေ့ကို အသာလေး မှီလိုက်သည်။

“ မင်းသမီးလေးက လူကောင်းတစ်ယောက်ပဲ။ သူက ဒီနှစ်တွေမှာ ခီရာကို ကောင်းကောင်း ဆက်ဆံခဲ့တယ်။ ဟုတ်ပါပြီ။ ဒီအကြောင်း ထပ်မပြောကြရအောင်။ ဂျက်။ ”

“ ဂျက် ဆိုတာကြီးကို မပြောပါနဲ့လား။ ”

ချန်လွေ့ မျက်လုံးလည်လိုက်သော်လည်း ခီရာ၏ ခါးကို ဖက်ထားဆဲပင် ဖြစ်သည်။ အမြင့်မှ လေသည် အေးစက်ပြီး တဖြူးဖြူ တိုက်ခတ်နေ၏။ ထို့ပြင် အချင်းချင်းနီးကပ်နေသူ နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက်၏ နွေးထွေးမှုနှင့် နှလုံးခုန်သံကိုပင် ခံစားနေရသည်။

ခီရာ နောက်လှည့်လိုက်ရာ ချန်လွေ့သည် လိုလီလေးနှင့် ရှိနေစဉ်ကကဲ့သို့ မရှောင်ခဲ့ပေ။ သူ ‌ရှေ့ဆက်ပြီး ကဝေမ၏ ဆွဲဆောင်မှုရှိသော အနီရောင် နှုတ်ခမ်းနှင့် တွေ့ဆုံလိုက်သည်။ ခဏလေးပင်ဖြစ်သော်လည်း ခီရာ၏ခန္ဓာကိုယ် နီရဲရဲ ဖြစ်သွားခဲ့သည်။

ခဏကြာ ပျံသန်းပြီးနောက် ခီရာသည် ချန်လွေ့၏ လက်မောင်းထဲသို့ အသာလေး မှီလိုက်သည်။ အစေခံမလေးကို မပြုတ်ကျစေရန်အတွက် မသမာသော သခင်၏လက်သည် အစေခံမလေး၏ ရင်သားကို တာဝန်သိစွာ “ကာကွယ်” ပေးခဲ့သည်။ အစေခံမလေး၏မျက်နှာ ရုတ်တရက် နီမြန်းသွားသော်လည်း မခုခံဘဲ တခစ်ခစ် ရယ်လိုက်သည်။ ဝိုင်ဗန်ကျော်ပေါ်၌ စီးနင်းနေပြီး ထိုကဲ့သို့ အမြင့်ရောက်နေသည့်အတွက် သူတို့ရှေ့ဆက်ရန် မသင့်တော်ပေ။ သို့သော်လည်း အခွင့်အရေးကို အသုံးချရန်မှာ သေချာပေါက် အရေးကြီးပေသည်။

“ နောက်ကျနေပြီ။ ဒီည ရှေ့က ရွက်စိမ်းတောမှာ နားကြရအောင်။ ”

ချန်လွေ့သည် ဝိုင်ဗန်အား အရှိန်လျှော့ခိုင်းပြီး အိမ်ငယ်လေးတစ်လုံးအရှေ့၌ ဆင်းသက်လိုက်သည်။

ခီရာ၏အမူအရာ ထူးဆန်းသွားသည်။

“ ဒီလိုခေါင်တဲ့တောအုပ်မှာ တစ်ယောက်ယောက် နေတာလား။ ကျွန်မတို့ ဘာလို့ ဒီအိမ်အရှေ့မှာ ဆင်းရတာလဲ။ ”

ချန်လွေ့သည် သစ်သားအိမ်ငယ်လေးကိုကြည့်ရင်း နှလုံးသားထဲ၌ နွေးထွေးမှုများ ပြည့်နှက်သွားခဲ့သည်။

“ ဒါက အရင်တုန်းက ရှီလန်တောင်ဆီ လာတုန်း အသီနာနဲ့ငါ ဆောက်လုပ်ထားတဲ့ အိမ်ငယ်လေးပဲ။ အဲဒီအချိန်တုန်းကဆိုရင် သူက ငါ့စွမ်းအားကို မသိသေးဘူး။ သူက ငါ့ကို စွမ်းအားမဲ့တဲ့ သာမန်လူသား တစ်ယောက်လိုပဲ ဆက်ဆံခဲ့တယ်။ ”

ခီရာ ချန်လွေ့၏မျက်နှာပေါ်မှ ကြင်နာမှုကို ကြည့်ရင်း မျက်လုံးထဲ၌ မနာလိုစိတ် အနည်းငယ် လက်ခနဲ ဖြစ်သွားကာ နှုတ်ခမ်းကို အသာလေး ကိုက်လိုက်သည်။

“ သခင်က အသီနာ့ကို တကယ်ချစ်တာပဲ။ ကျွန်မ ....မနာလို ဖြစ်မိတယ်။ ”

“ ရှီလန်တောင်နဲ့ သူနဲ့ငါ ဘာဖြစ်ခဲ့တာလဲဆိုတာ မင်းမသိပါဘူး။ ”

ချန်လွေ့ ခေါင်းခါလိုက်သည်။

“ အိုး။ ငါတို့ ‌ဒီနေ့ပျံတာ တော်တော်ကြာနေပြီ။ မင်း ဗိုက်ဆာနေမှာပဲ။ တစ်ခုခု အရင်စားရအောင်။ ”

“ အင်း.... ”

ချန်လွေ့သည် မိမိနှင့် အသီနာတို့ ပိုင်‌ဆိုင်သော အခန်းငယ်လေးထဲသို့ မဝင်ဘဲ တဲအိမ်တစ်လုံးကို ထုတ်လိုက်သည်။

ချန်လွေ့နှင့် ခရစ္စတီးနားတို့ အသံတိတ်ည စိမ့်မြေတွင် ရှိနေခဲ့စဉ်က ခရစ္စတီနား၏ မှော်တဲအိမ်ကို ချန်လွေ့ အထင်ကြီးသွားခဲ့သည်။ ထို့နောက် သုံးသွယ်-အထူးပြု ဆရာသခင် ဖြစ်သွားပြီးသည့်အခါ ချန်လွေ့သည် ယန္တရားအစည်းအရုံးမှ ရရှိထားသော အဖိုးတန်မှတ်စုများကို အသုံးချကာ ထိုကဲ့သို့ နေရာလွတ်အသေးလေး ပြုလုပ်နည်းကို ကျွမ်းကျင်သွားခဲ့သည်။ နောက်ပိုင်း သလင်းကျောက် တောင်ကြားတွင် ချန်လွေ့သည် ထိုရှားပါးသေား “အခမဲ့” အရင်းအမြစ်များကိုသုံးပြီး အတော်လေး ကြိုးစားအားထုတ်ကာ တဲအိမ်တစ်လုံး ပြုလုပ်ခဲ့သည်။ ထိုတဲအိမ်၏ လုပ်ဆောင်ချက်မှာ ပို၍ပြည့်စုံပြီး အတွင်း နေရာလွတ်လည်း ပိုကျယ်သည်။ စားပွဲ၊ ကုလားထိုင်နှင့် အိပ်ယာများ အသင့်ရှိနေပြီး အပြင်ဘက်ကို သေသေချာချာ မြင်ရသည်။ ထို့ပြင် အသံလုံ၊ ကိုယ်ယောင်ဖျောက်၊ မှော်စက်ဝိုင်း သတိပေး အစရှိသော သက်ရောက်မှုများလည်း ရှိသည်။ ၎င်းကို အပြင်တွင်အိမ်ရန် အကောင်းဆုံး အသုံးအဆောင်ပစ္စည်းတစ်ခုအဖြစ် သတ်မှတ်၍ ရနိုင်ပေသည်။

ခီရာက သိချင်စိတ်ဖြင့် တဲထဲဝင်သွားပြီး အထဲမှ အခြေအနေကို ကြည့်လိုက်ရာ အံ့အားသင့် သွားခဲ့သည်။ ချန်လွေ့သည် မျက်လှည့်ကဲ့သို့ပင် ခီရာသဘောကျသော အစားအစာနှင့် ဖျော်ရည်များကို စားပွဲပေါ်၌ ပြုလုပ်ထားပေးသည်။ ၎င်းတို့သည် အလွန်ပင် လတ်ဆတ်ပုံရသည်။ ၎င်းမှာ သိုလှောင် ဂိုဒေါင်၏ အံ့ဩဖွယ်လုပ်ဆောင်ချက်ကြောင့်ပင် ဖြစ်လေသည်။

စိတ်ကူးယဉ်ဆန်ဆန် ဖယောင်းတိုင်မီး ညစာ စားပြီးနောက်တွင် ချန်လွေ့သည် ခီရာအား ကော်ဇောပေါ်သို့ ပွေ့ချီသွားခဲ့သည်။ သူက တဲအိမ်၏ စောင့်ကြည့်ခြင်း လုပ်ဆောင်ချက်ကို ဖွင့်လိုက်သည့်အခါ တဲထိပ်သည် ဖောက်ထွင်းမြင်ရသကဲ့သို့ ဖြစ်သွားကာ အထဲမှနေ၍ ကောင်းကင်ကို တိုက်ရိုက် ကြည့်နိုင်သွားသည်။

“ လှလိုက်တာ။ ”

ခီရာသည် ချန်လွေ့၏ လက်မောင်းထဲတွင် သက်တောင့်သက်သာ လှဲလျောင်းရင်း လနှင့်ကြယ်များကို ကြည့်နေလိုက်သည်။

“ ဒါက မွေးကတည်းက ခီရာမြင်ဖူးတဲ့ အလှဆုံး ညမြင်ကွင်းပဲ။ ”

“ မပြောမစောနဲ့ဦး။ ”

ခီရာသည် ကဝေမ၏ ဆံနွယ်ကို မြတ်နိုးစွာ ပွတ်သပ်လိုက်သည်။

“ အနာဂတ်မှာ အလှတရားတွေ ပိုပြီးတော့ ရှိလာမှာပါ။ ”

“ သိပါတယ်။ ခီရာရဲ့ ဒုက္ခတွေ ပြီးသွားပြီလေ။ ”

ခီရာ၏မျက်လုံးများသည် မျက်ရည်များဖြင့် အရောင်လက်သွားခဲ့သည်။

“ ဒီအကြောင်းကို အမေသိရင် ပျော်နေလောက်မယ်ဆိုတာ ယုံကြည်တယ်။ ”

“ အင်း။ ကောင်းကင်က ကြယ်တွေကို တွေ့လား။ သူက အဲဒီထဲက ကြယ်တစ်ပွင့် ဖြစ်သွားပြီးတော့ မင်းကို အမြဲတမ်း စောင့်ရှောက်ပေးနေမှာ။ ”

ခီရာက ညကောင်းကင်မှ ကြယ်များကို စိုက်ကြည့်နေလိုက်ပြီး အမေဖြစ်သူ ဖရီယာကို ရှာနေဟန် တူသည်။

“ ငါတို့လူသားတွေမှာ ကြယ်အကြောင်း ဒဏ္ဍာရီတွေ အများကြီးရှိတယ်။ အဲဒီတစ်ခုက ပါ‌စီးယက်စ် တာရာနဲ့ နည်းနည်းတူတယ။ ဇာတ်လမ်းက ဒီလိုမျိုး။ ပါစီးယက်စ် လို့ခေါ်တဲ့ ရဲရင့်တဲ့ ကောင်လေး တစ်ယောက်ရှိတယ်.... ”

ချန်လွေ့ ပြောသည့် လူသား‌ဆိုသည်မှာ ကမ္ဘာမြေမှ အကြောင်းကို ‌ဆိုလိုခြင်း ဖြစ်သည်။ သူသည် လူသားလောကမှ ဒဏ္ဍာရီများအကြောင်း မည်သည့် မှတ်ဉာဏ်မျှ မရှိပေ။ တာရာ ဆိုသည်မှာလည်း တိုက်ခိုက်ကူးယူထားခြင်း သို့မဟုတ် မသာမသာ အကိုးအကားယူထားခြင်းသာဖြစ်သော်လည်း ခီရာက ၎င်းကို စိတ်အားထက်သန်စွာ နားထောင်နေခဲ့သည်။ မသိလိုက်ဘဲနှင့် ခုနက သူ၏ဝမ်းနည်းမှု တိတ်တိတ်လေး ပြေပျောက် သွားခဲ့သည်။

“ ပါစီးယက်စ်က သူချစ်ရတဲ့ မိန်းမအတွက် နတ်ဘုရားတွေကိုတောင် တိုက်ခိုက်ရဲတယ်... ”

ခီရာ၏လေသံသည် အလွန်အံ့အားသင့်သွားဟန် တူသည်။ ဤလောကတွင် နတ်ဘုရားများသည် တန်ခိုးကြီးကြသည်။ အစွမ်းထက်ဆုံး နတ်ဆိုးအရှင်သခင်သည်ပင် နတ်ဘုရား၏ ဆန္ဒအောက်တွင် ပြားပြားဝပ်ပြီး တုန်လှုပ်နေရသည်။ သို့သော်လည်း အချိန်အတော်ကြာပြီ ဖြစ်သည့်အတွက် ၎င်းသည် တဖြည်းဖြည်းနှင့် ဒဏ္ဍာရီတစ်ခု ဖြစ်လာခဲ့သည်။ သို့သော်လည်း သူတို့၏ တည်ရှိမှုကို မည်သူမှ သံသယမဝင်ကြပေ။ အကြောင်းမှာ နတ်ဘုရားများသည် ထာဝရအသက် ရှိကြသောကြောင့် နှစ်ပေါင်း သိန်းသောင်းနှင့်ချီ အိပ်ပျော်သည်မှာ အံ့အားသင့်စရာ မဟုတ်၍ပင် ဖြစ်သည်။

“ မင်းအတွက်ဆို ငါ မတုံ့မဆိုင်းဘဲ လုပ်ပေးမယ်။ ငါ့ကို ယုံလား။ ”

“ ယုံပါတယ်။ ”

ခီရာက ချန်လွေ့၏ မျက်လုံးများကို ကြည့်လိုက်သည်။

“ လက်တွေ့က အကောင်းဆုံး သက်သေပဲလေ။ သခင် ထပ်ပြီး သက်သေပြစရာ မလိုပါဘူး။ ခီရာ သိပါတယ်။ သခင်က နောက်ပိုင်းမှာ အန္တရာယ်တွေ ရင်ဆိုင်ရမှာ။ ခီရာက သခင့်ကို ကူညီနိုင်တော့မှာ မဟုတ်ဘူး။ ဒါပေမဲ့ ခီရာနဲ့ အသီနာအတွက် သခင် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ မျှော်လင့်ပါတယ်။ ခီရာ့ကို ကတိပေးပါ။ နောက်ကျရင် ညမြင်ကွင်းလှလှလေးကို ကြည့်ဖို့အတွက် ခီရာကို အမြဲတမ်း အဖော်ပြုပေးရမယ်။ အမြဲတမ်းနော်။ ဟုတ်ပြီလား။ ”

“ ကတိပေးတယ်။ ”

ခီရာ၏မျက်လုံးများ တရွရွ ဖြစ်သွားပြီးနောက် ဆွဲဆောင်မှုရှိသော အပြုံးတစ်ခုကို ပြသလိုက်သည်။

“ သခင်က ဉာဏ်ကောင်းတဲ့ လူလိမ်ဆိုတာ ခီရာ သိပါတယ်။ လှည့်ကွက်သေးသေးလေးနဲ့ လူတိုင်းကို လှည့်စားနိုင်ခဲ့တယ်။ ဒါပေမဲ့ ဒီအကြောင်း ခီရာကိုတော့ မလိမ်ရဘူးနော်။ မဟုတ်ဘဲနဲ့ သခင် တခြားလောကဆီ သွားမယ်ဆိုရင်တော့ ခီရာလည်း သခင့်နောက်လိုက်ပြီး သွားရှာမှာ။ ”

“ ဒါပေါ့ မလိမ်ပါဘူး..... ”

ချန်လွေ့သည် ခီရာ၏ စကားလုံးများထဲမှ စိတ်ခံစားချက်များကို သေသေချာချာ ခံစားမိသည်။ သေရေးရှင်ရေးအတွင် တိုက်ရိုကတောင်းဆိုသည့် အသီနာ၏ သဟဇီဝစာချုပ်နှင့်ယှဉ်လျှင် ထိုအမူအရာသည် ပို၍သိမ်မွေ့ပြီး နည်းဗျူဟာကျကာ တစ်ချိန်တည်းမှာပင် ခံစားချက် ပြင်းထန်၏။

“ ခုနက ဇာတ်လမ်းက တော်တော်လေး ကောင်းတယ်...... ”

ခီရာက ဘေးဖက်လှည့်ပြီး ပို၍ သက်တောင့်သက်သာဖြစ်သော အနေအထားသို့ ပြောင်းလိုက်သည်။

“ ဒါပေမဲ့ ကျွန်မက အသီနာနဲ့ သခင်ရဲ့ ဇာတ်လမ်းကို နားထောင်ချင်သေးတယ်.....။ ဒီညအတွက် နောက်ဆုံးပါပဲ။ ရမလား။ ”

ထိုညုတုတုအသံတွင် ထူးဆန်းသော ညို့ငင်အားတစ်ခုပါဝင်ပြီး ချန်လွေ့၏ နှလုံးသားကို ပူလောင်သွားစေသည်။ ထို့နောက် အစိတ်အပိုင်းတစ်ခု ရုတ်တရက် ထောင်မတ်ထားကာ ချန်လွေ့ စိတ်မထိန်းနိုင်လုနီးပါး ဖြစ်သွားခဲ့သည်။ သူက အစေခံမလေး၏ တင်ပါးလုံးလုံးလေးကို အသာအယာ ပုတ်လိုက်သည်။

“ မင်း တကယ်ကြီး ညှို့ငင်ပါရမီကို သုံးခဲ့တာပဲ။ ”

“ သခင်။ ခီရာ မှားပါတယ်။ ”

ခီရာသည် စကားအဖြစ် တောင်းပန်နေသော်လည်း သူ၏ ဖိတ်ခေါ်နေသော ခန္ဓာကိုယ်က ချန်လွေ့၏ လက်မောင်းထဲတွင် ဆွဲဆောင်မှုရှိပြီး လှပေသာ မြေတစ်ကောင်သဖွယ် လူးလွန့်နေ၏။

“ သခင်။ ဇာတ်လမ်းပြောပြီးသွားရင်.... ခီရာ့ကို ကြိုက်သလို အပြစ်ပေးလို့ရပါတယ်။ ဟုတ်ပြီလား။ ”

သူ့ရဲ့ပါရမီကို သုံးနေတုန်းပဲ။ သူက တကယ့်ကို အလျှော့မပေးဘဲ ညှို့ငင်တတ်တဲ့ နတ်ဆိုးမလေး တစ်ယောက်ပဲ။ ချန်လွေ့သည် [ စိတ်သန့်စင်ခြင်း ] တွင် လေ့ကျင့်ခဲ့သော တည်ငြိမ်မှုကို အသုံးပြု ရတော့သည်။ ပင့်သက်ရှိုက်ပြီး နတ်ဆိုးမလေးအား အပြစ်ပေးချင်စိတ်ကို ထိန်းချုပ်ကာ ချန်လွေ့သည် ယခင်တစ်ခေါက် ရှီလန်တောင်တွင် ဖြစ်ပျက်ခဲ့သည့် အရာအားလုံးကို ပြောပြလိုက်သည်။

အစပိုင်းတွင် ချန်လွေ့သည် ခီရာ၏ ဖြားယောင်းမှုကြောင့် အာရုံလွင့်နေခဲ့သည်။ သို့သော်လည်း နောက်ပိုင်းတွင် သူစိတ်နစ်ဝင်သွားပြီး ခီရာလည်း အသေအချာနားထောင်နေသည့်အတွက် သူ၏ ညှို့ငင်ပါရမီကို ဘေးဖယ်ထားရတော့သည်။ သဲထိတ်ရင်ဖို အပိုင်းများကို နားထောင်သည့်အခါတွင် ခီရာသည် နောင်ပိုင်းအဆင်ပြေမည်ကို သိသော်လည်း ချန်လွေ့၏လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်မိထားဆဲပင် ဖြစ်သည်။

“ ကျွန်မက ခီရာကို တကယ် မယှဉ်နိုင်ဘူးပဲ။ ”

ချန်လွေ့၏ဇာတ်လမ်းကိုကြားပြီးနောက် ခီရာက ပြောသည်။

“ သူက သခင့်ရဲ့ နှလုံးသားထဲမှာ ဘာလို့ တမူထူးခြားနေလဲဆိုတာ အခု နားလည်သွားပါပြီ။ ”

“ မင်းကလည်း ငါ့ရင်ထဲက ထူးခြားတဲ့ ခီရာပါပဲ။ ”

ချန်လွေ့ သက်ပြင်းချလိုက်သည်။

“ မင်းတို့နှစ်ယောက်က ရတနာတွေလိုမျိုး ထူးချွန်ပြီးတော့ ဆွဲဆောင်မှု ရှိပါတယ်။ ဒါပေမဲ့ ငါက လောဘကြီးပြီးတော့ တစ်ယောက်တည်းနဲ့ မတင်းတိမ်ခဲ့ဘူး။ မင်းတို့ နှစ်ယောက်အပေါ် မတရားဖြစ်သွားခဲ့တယ်။ ”

“ သခင်.... ”

ခီရာက ချန်လွေ့၏မျက်လုံးထဲသို့ စိုက်ကြည့်လိုက်သည်။

“ သခင်က တကယ့် ငတုံး....ဒါပေမဲ့ စိတ်အားတက်စေပြီးတော့ ဆွဲဆောင်မှုရှိတဲ့ ငတုံးပဲ။ ”

“ ငါ့ကို သခင်လို့ မခေါ်နဲ့။ ငါက မင်းရဲ့ သခင်အစစ် မဟုတ်ဘူး။ ငါမင်းကို ဘာမှ အတင်းလုပ်ခိုင်းမှာ မဟုတ်ဘူး။ ”

ချန်လွေ့သည် ခီရာ၏ခေါင်းပေါ်မှ နူးညံ့သော ချိုကွေးလေးကို ပွတ်သပ်လိုက်သည်။ ချိုကွေးတစ်စုံ၊ တောင်ပံအသေးတစ်စုံနှင့် နောက်မှ အမြီးတို့သည် ကဝေမအား ထူးဆန်းသော ညှို့ဓာတ်တစ်ခုကို ထပ်ပေါင်းပေးနေ၏။

“ သခင် နားမလည်ပါဘူး။ ခီရာက သခင့်ဘေးမှာနေမှ အမှန်တကယ် လွတ်လပ်ပြီး ငြိမ်ချမ်းသလို ခံစားရတာ။ အရင်ကဆို ဘယ်ကိုပဲသွားသွား ခီရာရဲ့ ဝိညာဉ်က အချုပ်နှောင်ခံထားရတာ။ ခီရာက ဘယ်သူ့နဲ့မှ အာရုံစိုက်မှု နဲ့ အဆင့်အတန်းကို မပြိုင်ဆိုင်ချင်ခဲ့ဘူး။ ခီရာက သခင့်ဘေးမှာ အမြဲရှိနေပြီးတော့ ငြိမ်းချမ်းမှုနဲ့ လွတ်လပ်မှုကို ခံစားနိုင်မယ့် အစေခံမလေး တစ်ယောက်ပဲ ဖြစ်ချင်တာ။ ”

ခီရာ၏ မျက်လုံးများ ဝေဝါးသွားခဲ့သည်။

“ သခင့်မှာ မိန်းမတွေ ဘယ်လောက်ပဲ ရှိပါစေ၊ အစေခံကတော့ ခီရာတစ်ယောက်ပဲ ရှိရမယ်နော်။ ဟုတ်ပြီလား။ ”

“ ဒီလိုမျိုး လုပ်စရာ မလိုပါဘူး။ မင်းကလည်း ထူးခြားတယ်လို့ ငါပြောပြီးပြီလေ။ ”

ချန်လွေ့က ခီရာ၏ တစာစာအမူအရာကို ကြည့်ပြီး သက်ပြင်းချလိုက်သည်။

“ မင်းက လွတ်လပ်သွားပြီးတော့ မင်းရဲ့ စိတ်ဆန္ဒ အနောက်ကို လိုက်လေ။ ဘယ်လိုပဲဖြစ်ဖြစ် မင်းနဲ့ အသီနာက ငါ့ရင်ထဲမှာ ငါ့ရဲ့မိန်းမတွေပါပဲ။ ”

“မိန်းမ”ဟူသော စကားလုံးကို ကြားလိုက်သည့်အခါ ခီရာသည် ပြောပြမတတ်အောင် ကျေနပ်သွားပြီး တခစ်ခစ် ရယ်လိုက်သည်။

“ အသီနာနဲ့ ခီရာ ပဲလား။ သခင်က မရိုးသားဘူးပဲ။ အရိပ်နက်အင်ပါယာမှာ သခင့်နဲ့ နီးစပ်တဲ့ ....... မိန်းကလေးတစ်ယောက်ရှိတယ်လို့ အသီနာပြောတာ ခီရာကြားဖူးတယ်။ ”

ချန်လွေ့ တိတ်တိတ်လေး ချွေးပျံသွား၏။ အသီနာက ခီရာကို ဒီအကြောင်းတောင် ပြောခဲ့တာလား။ ဒါက ကြိုတင်ပူးပေါင်းထားတာလား။ မိန်းမတိုင်းက ဒီလိုကိစ္စမျိုးနဲ့ ကြုံတဲ့အခါ ပိုပြီး ဉာဏ်ကောင်းသွားတဲ့ပုံပဲ။

“ ဒါက နောက်ထပ်ဇာတ်လမ်းတစ်ခုပါ။ ”

ခီရာ၏ မျက်လုံးများ ဆွဲဆောင်မှုရှိသွားပြီးနောက် ချန်လွေ့သည် မိမိ၏ လက်မောင်းထဲမှ မိန်းမလှလေးက လူးလွန့်လာပြန်ကြောင်း ခံစားလိုက်မိသည်။

“ ခီရာက လောဘမကြီးပါဘူး။ ဒီည ဇာတ်လမ်းပြောချိန် ပြီးသွားပြီ။ နောက်ထပ် ကတော့.... သခင့်ဆီကနေ ခီရာ အပြစ်ဒဏ် ခံရမှာထင်တယ်။ ”

ထိုသို့ ပြောပြီးပြီးချင်းမှာပင် ငြိမ်သက်ရုံသာ ရှိသေးသော အမျိုးသား အစိတ်အပိုင်းတစ်ခုသည် ရုတ်တရက် အားအင်အပြည့် ဖြစ်သွားသည်။ ကဝေမသည် မည်သည့်ပါရမီမှ မသုံးခဲ့ကြောင်း ချန်လွေ့ သေချာသိသည်။ သို့သော်လည်း.... ယောက်ျားများသည် အမှန်တကယ်ပင် မြူဆွယ်မှုကို တောင့်မခံနိုင်ကြသော သတ္တဝါများပင် ဖြစ်ကြလေ၏။

အတွေးရိုင်းများကြားထဲ၌ သူ၏လက်‌မောင်းထဲမှ လှပသော မြွေကလေးသည် အလျင်အမြန် ကြီးထွားနေသော အစိတ်အပိုင်း‌‌ဆီသို့ တဖြည်းဖြည်း ရွှေ့လာ၏။ ခီရာက အထိန်းအချုပ်ကို အသာလေး

ဖြည်ပြီးနောက် ပစ္စည်းသည် လေထဲသို့ ထောင်မတ်‌သွားသည်။ ထို့နောက် ဖွံ့ဖွံ့ဖြိုးဖြိုး အဖြူရောင် လက်နက်နှစ်ခုက ထိုပစ္စည်းကို ညှပ်ထားလိုက်သည်။ အဆုံးသတ်‌၌ နွေးထွေးသော စီးကြောင်းတစ်ခုဖြင့် ရစ်ပတ်သွားတော့သည်။ ထိုအံ့ဩဖွယ်ခံစားချက်ကို စကားဖြင့်ပင် ဖော်ပြ၍ မရနိုင်ပေ။ ချန်လွေ့သည် ညည်းလုမိတတ် ဖြစ်သွားခဲ့သည်။

အချိန်အတော်ကြာသည့်အခါ ခီရာ၏ တဝူးဝူး အသံများသည် ပင့်သက်ရှိုက်ပြီး ဆွဲဆောင်မှုရှိသော အသံအဖြစ် ပြောင်းလဲသွားသည်။

“ သခင်။ ခီရာက အသီနာထက် ပိုကောင်းလား။ ”

ဒီအချိန်မှာတောင်..... သူက ဒီလိုမျိုး နှိုင်းယှဉ်ဖို့ သတိရနေသေးတာလား။

ချန်လွေ့ အနည်းငယ် ပြောစရာစကား မဲ့သွား၏။ သို့သော်လည်း ခီရာသည် အတွေ့အကြုံနည်းသော်လည်း ကဝေမ မိသားစု၏ အထူးပါရမီကြောင့် အလျင်အမြန် တိုးတက်လာသည်ကိုမူ ငြင်း၍မရနိုင်ပေ။ ထို့အပြင် ထိုကဲ့သို့ ဝန်ဆောင်မှုမျိုးကို..... အသီနာပင် မလုပ်ဖူးသေးပေ။

ချန်လွေ့သည် ခီရာအရှေ့၌ အသီနာအား သေးသိမ်စေမည် မဟုတ်ပေ။ ထို့ပြင် ဤကဲ့သို့အခြေအနေ၌ သူသည် ထိုမေးခွန်းမျိုးကို မရှာဖွေချင်ပေ။ သူက မရေမရာနှင့် ပြန်ဖြေလိုက်သည်။

“ အသီနာလည်း ကောင်းတယ်။ မင်းတို့ နှစ်ယောက်လုံး ကောင်းပါတယ်။ ”

“ မိန်းက‌လေး တစ်ယောက်အရှေ့မှာ တခြားမိန်းကလေး တစ်ယောက်ကို ချီးမွမ်းတာလား။ သခင်က တကယ့်ကို တုံးအတာပဲ..... ”

ခီရာ မောဟိုက်နေပြီး ရှက်သွေးဖြာနေကာ အလွန်အမင်း စိတ်ခံစားချက် ပြင်းထန်နေ၏။ ချန်လွေ့တွင် လက်စွပ်ဝတ်ထားကြောင်း အတည်ပြုပြီးနောက်တွင် ခီရာက ဆွဲဆောင်မှုရှိသော အကြည့်ဖြင့် မေးလိုက်သည်။

“ ဒါနဲ့ ခီရာက တကယ့်မိန်းမ မဟုတ်သေးဘူး။..... သခင် ခီရာ့ကို ကူညီပေးနိုင်မလား။ ”

All Chapters