အနာဂတ် ပျော်ရွှင်မှုအတွက်
Vol. 22 Ch. 327
နောက်တစ်နေ့ လနှစ်စင်း၏ အေးစိမ့်မှုက အနွေးဆုံးအဖြစ် ရောက်ရှိသွားသောအချိန်တွင် ချန်လွေ့သည် မျက်လုံးဖွင့်လိုက်ပြီး လက်မောင်းထဲမှ အိပ်စက်နေသေးသော မိန်းမလှလေးကို ကြည့်လိုက်သည်။ ယခင်ညက ဇိမ်ယူသည့် မြင်ကွင်းများ သူ၏စိတ်ထဲ၌ ပြန်ပေါ်လာ၏။
နတ်ဆိုးဘုံ၏ အမျိုးသမီးသက်သက်သာဖြစ်သော မိသားစု ဖြစ်သည့်အလျောက် ကဝေမ မိသားစု၏ ပါရမီတို့နှင့် ခန္ဓာကိုယ်အမျိုးအစားကို မိန်းမနှင့်ယောက်ျား ရင်းရင်းနှီးနှီး ဆက်ဆံရာ၌ တော်ဝင်မိသားစုများ အမျိုးသမီးများပင် မယှဉ်နိုင်ကြပေ။ သို့သော် နဂါး စွမ်းအားကို ရရှိထားသော ချန်လွေ့သည် နေရာအချို့၌ ပို၍စွမ်းအားကြီးသည်မှာ သေချာသည်။ အစေခံမလေးအတွက်လည်း ပထမဆုံးအကြိမ်ဖြစ်သည့်အတွက် တစ်ကြိမ်တည်း သုံးလေးခေါက် သိမ်းပိုက်ခံခဲ့ရသည်။ နောက်ဆုံး၌ ကဝေမလေးသည် မနိုင်တော့ဘဲ ချန်လွေ့၏လက်မောင်းထဲတွင် လှဲနေလိုက်တော့သည်။
ခီရာ၏ ပထမဆုံးအကြိမ်ဖြစ်သော်လည်း ချန်လွေ့အတွက် နက်နက်ရှိုင်းရှိုင်း အမြင်များ ချန်ထားရစ်ခဲ့သည်။ မရပ်မနား ဝန်ဆောင်မှုများနှင့် နှစ်သိမ့်မှုများသည် ချန်လွေ့ကို အထူးတလည် သနားစိတ်များ ခံစားရစေသည်။ သူ၏လှုပ်ရှားမှုများသည် ပို၍နူးညံ့ပြီး သိမ်မွေ့နေခဲ့သည်။ ချန်လွေ့သည် မိမိသာယာရန်အတွက်သာ တစ်ကိုယ်ကောင်းဆန်စွာ ဂရုမစိုက်ခဲ့ပေ။ ထိုကဲ့သို့ကိစ္စမျိုးမှာ ပတ်သက်မှုများ တိုးမြှင့်ခြင်းမှ ဆင်းသက်လာခြင်း ဖြစ်သည်။ ၎င်းသည် ယောက်ျားနှင့်မိန်းမ နှစ်ယောက်စလုံး၏ ခန္ဓာကိုယ်နှင့်စိတ်ကို အထွတ်အထိပ်ကို ရောက်စေနိုင်သော စစ်မှန်သည့် ပြီးပြည့်စုံခြင်းမျိုး ဖြစ်သည်။
ချန်လွေ့က ခီရာ၏ခန္ဓာကိုယ်ကို အသာလေးချပြီး စောင်ခြုံပေးလိုက်သည်။ သူထပြီး စားစရာသွားပြင်ရန် ပြင်လိုက်စဉ် ခီရာ နိုးသွားလေ၏။
“ သခင်။ ဘယ်သွားမလို့လဲ။ ”
ကဝေမက ဆွဲဆောင်မှုရှိသော မျက်လုံးများကို ဖွင့်လိုက်ပြီးနောက် ပျင်းရိနေသော ပုံစံထဲတွင် ရင်သပ်ရှုမောလောက်စရာ ညှို့ဓာတ်ကို ပြသလိုက်သည်။
ချန်လွေ့က ပြုံးရင်း ပြောလိုက်သည်။
“ သခင်က မဒမ်အတွက် မနက်စာ ပြင်ပေးချင်တာပါ။ ရွက်စိမ်းတောအုပ်မှာ အရသာ တော်တော်လေးကောင်းတဲ့ သစ်သီးတစ်မျိုးရှိတာ မှတ်မိတယ်။ နောက်ကျရင် မင်းစားဖို့ ငါသွားခူးပေးမယ်။ ”
ကဝေမက ပျင်းရိနေသော ခါးလှလှလေးကို ဆန့်လိုက်သည့်အခါ စောင်အောက်မှ နှင်းကဲ့သို့ ဖြူဖွေးသော အရေပြား ချက်ချင်း ပေါ်သွားခဲ့သည်။ ထိုကဲ့သို့ လက်မောင်းများနှင့် တစ်ဝက်ပေါ်နေသော ရင်သားများကို မြင်သည့်အခါ ချန်လွေ့ နှလုံးခုန်မြန်သွားပြီး အကြည့်မလွှဲနိုင်တော့ပေ။
“ ခီရာက မဒမ် မဟုတ်ပါဘူး။ သခင့်ရဲ့ အစေခံပါပဲ။ မနက်စာကို ခီရာ ပြင်ပေးသင့်တာပါ။ ”
ကဝေမက လူသား၏အကြည့်ကို သတိထားမိသွားပြီး သူ၏ မျက်လုံးများ အရောင် တောက်သွားကာ အသံလည်း ပို၍ဆွဲဆောင်မှု ရှိလာခဲ့သည်။
“ မနေ့က သခင့်ရဲ့ အပြစ်ဒဏ်က တော်တော်လေး ကြီးတယ်။ အခုတော့ ခီရာက အားမရှိတော့ဘူး။ မနက်စာအနေနဲ့ ခီရာကိုပဲ သခင် စားလိုက်ပါလား။ ”
နတ်ဆိုးမလေးပဲ။ ချန်လွေ့ ရမ္မက်ထန်သွားခဲ့ပြီး မူလကတည်းက မနက်ပိုင်းတွင် ထောင်မတ်နေသော အစိတ်အပိုင်းသည် ပို၍ပင် မရိုးမသားဖြစ်နေခဲ့သည်။
“ လျှောက်လုပ်မနေနဲ့။ မနေ့ညက မင်းရဲ့ ပထမဆုံး အကြိမ်ဖြစ်လို့ ပင်ပန်းနေမှာ သေချာတယ်။ အရင်နားလိုက်ဦး။ မင်းရဲ့ခန္ဓာကိုယ် အားပြန်ပြည့်ဖို့အတွက် ခဏနေ တစ်ခုခုစား။ ”
ချန်လွေ့သည် စိတ်ထဲမှ ရမ္မက်ကို ချုပ်ထိန်းပြီး ကဝေမ၏ နှာခေါင်းကို အသာလေး ဆွဲဆိတ်ကာ အဝတ်အစားဝတ်ပြီး မတ်တပ်လိုက်သည်။
“ တစ်ခုခု စားရမှာလား။ ”
ကဝေမက အပြောင်အပျက်ပုံစံ ပြုလုပ်လိုက်ပြီး အနီရောင် နှုတ်ခမ်းကို အသာလေး သပ်လိုက်သည်။
“ လက်စသတ်တော့..... သခင်က ခီရာကို စားချင်တာ မဟုတ်ဘဲနဲ့ သခင့်ကို ခီရာ စားတာခံချင်နေတာကိုး။ သခင်က တော်တော်ဆိုးတာပဲ..... ”
[ စိတ်သန့်စင်ခြင်း ] တည်ငြိမ်မှု ရှိသော ချန်လွေ့သည်ပင် ထိုညှို့ဓာတ်ကို မခုခံနိုင်ခဲ့ပေ။ သူသည် သစ်သီးခူးရန် ဆင်ခြေပေးကာ တဲထဲမှ အမြန်ထွက်သွားလိုက်သည်။
အလောတကြီး ပြေးသွားသောခီရာကို ကြည့်ရင်း ခီရာ တိတ်တခိုး ပြုံးလိုက်သည်။ သူ၏ မျက်လုံးထဲ၌ ချစ်ခင်စိတ်အပြည့်ဖြစ်နေပြီး နှလုံးသားထဲ၌လည်း နွေးထွေးမှုများ ပြည့်နှက်နေသည်။ ဒါက ပျော်ရွှင်မှုရဲ့ အရသာလား။
ထို့နောက်တွင် မနက်စာကို ပုံမှန်အတိုင်း “စား”ခဲ့ကြသည်။ သို့သော်လည်း ထို့နောက်တွင်-
“ သခင်။ ခီရာ ဒီနားမှာ နာနေသလိုပဲ။ ဆေးနည်းနည်း လိမ်းပေးပါလား။ ”
“ အထဲမှာရော ခီရာ ကုသဖို့ လိုနေတယ်...... ”
“ သခင် မစားရသေးတဲ့ နေရာတစ်ခုရှိတယ်။ သခင်က ခီရာရဲ့ အကုန်လုံးကို မလိုချင်ဘူးလား။ ”
“ ခီရာ အသီနာထက် ကျောချင်တယ်...... ”
ညစာစားနေစဉ်အတွင်း ချန်လွေ့သည် မြူဆွယ်မှုကို မခံနိုင်တော့ပေ။ သူသည် သူ့ကို မြူဆွယ်နေသော နတ်ဆိုးမလေးအား ကြမ်းပြင်ပေါ်သို့ မညှာမတာ တွန်းချလိုက် တော့သည်။
( နတ်ဆိုးမလေး။ တည်ငြိမ်ရေးတပ်ဖွဲ့ ရောက်လာပြီ။ ထွက်ခဲ့တော့..... )
( ငါက အော်တီမစ်စ်ပရိုင်းရဲ့ ဘော့စ်ပဲ။ မင်း ငါ့ရဲ့ လည်ပင်းကို ညှစ်သတ်ရင်တောင် ငါ.... ငါ အော်တိုဘော့တွေရဲ့ လျို့ဝှက်ချက်ကို ပြောမှာမဟုတ်ဘူး )
( မဖြစ်ဘူး။ ဒီအတိုင်းသာဆိုရင် ငါ့မှာ နဂါးခန္ဓာအမျိုးအစား ရှိရင်တောင် အနှေးနဲ့အမြန်း ခမ်းခြောက်တဲ့အထိ ဖျစ်ညှစ်ခံရမှာပဲ.... )
နတ်ဆိုးဘုရင်အဆင့် ဝိုင်ဗန်၏အမြန်နှုန်းဖြင့် ရွက်စိမ်းတောအုပ်မှ မိုင်းတွင်းသို့သွားရန် ၂နာရီပင် မကြာသော်လည်း ရှီလန်တောင်ရှိ မိုင်းတွင်းရုံးခန်းသို့သွားရန် ချန်လွေ့ အချိန်လေးရက် ယူခဲ့ကြသည်။
ထိုလေးရက်သည် ခီရာ၏ဘဝတွင် အပျော်ဆုံး နေ့ရက်များ ဖြစ်သည်။ ယခင်နှစ်များ၌ ခီရာသည် မိခင်ဖြစ်သူ၏ကြုံတွေ့မှုနှင့် [ ဝိညာဉ်လက်ထိပ် ]တို့ကြောင့် လမ်းလျှောက်နေသော အသေကောင်သဖွယ် စိတ်ဒဏ်ရာ ရနေခဲ့သည်။
သို့သော်လည်း သူသည် သူ၏အမေနှင့် သူ့၏ လက်ထိပ်များကို ဖယ်ရှားပေးရန်အတွက် နတ်ဆိုးဧကရာဇ်အဆင့်ကို သတ်ပစ်ပြီး နတ်ဆိုးအရှင်သခင်အဆင့်နှင့် မတုံးမဆိုင်းဘဲ ရင်ဆိုင်ခဲ့သူနှင့် ဆုံတွေ့ခဲ့ရသည်။ ထိုသူသည် သူ၏အမေ အသက်ကို မကယ်တင် နိုင်ခဲ့သော်လည်း လက်ထိပ်မရှိသောသည့်အချိန်၌ သူ၏အမေလည်း အဖိုးတန်သော လွတ်လပ်မှုနှင့် ငြိမ်းချမ်းမှုကို ခံစားခဲ့ရမည်ဟု သူယုံကြည်နေခဲ့သည်။
၎င်းမှာ ကျေးဇူးတင်ခြင်းနှင့် ကျေးဇူးဆပ်ခြင်းသာမက သူ့ကိုလည်း အမှန်ကတယ် ချစ်မြတ်နိုးသည့် အတွက်ကြောင့်ပင် ဖြစ်သည်။
ထိုသူအရှေ့၌ သူသည် အချုပ်အနှောင်ကင်းမဲ့နေပြီး လုပ်ချင်သည့်အရာတိုင်းကို လုပ်၍ရနေသည်။
လွတ်လွတ်လပ်လပ်နေပြီးတော့ သူ့ကို လွတ်လွတ်လပ်လပ် ချစ်မယ်။
ချန်လွေ့သည် ခီရာ၏အတွေးများကို သေသေချာချာ ခံစားမိသည်။ ထို ဝန်ဆောင်မှုများ ( အချို့မှာ အတော်လေး ကြီးမား ) သာမက အထောက်အပံ့နှင့် ဝိညာဉ်ပေါင်းစည်းမှု တို့သည် သူ့ကို တာဝန်ယူစိတ်ပိုရှိစေပြီး ရှေ့ဆက်ရန် စိတ်အားတက်စေသည်။
ရှီလန်တောင်၌ မိုင်းတွင်းအရာရှိ နှင့် အနောက်ဘက်လမ်း၏ ကာကွယ်ရေးတပ်ဖွဲ့ ခေင်းဆောင်ဖြစ်သော တင်သည် ထူးချွန်သောစွမ်းရည် ရှိသည်။ သူ၏လက်အောက်ရှိ အနောက်ဘက်လမ်း ကာကွယ်ရေးတပ်ဖွဲ့သည် အတော်လေး ကြီးမားနေပြီ ဖြစ်သည်။ သူတို့သည် မူလက မိသားစုအစောင့်များ ဖြစ်ကြသည့်အတွက် သူတို့၏ တိုက်ခိုက်ရေး စွမ်းအားများမှာ အတော်လေး ကောင်းမွန်လှပေသည်။
တိုက်ခိုက်ရေး နှင့် ယှဉ်ပြိုင်မှုကို တိုးမြင့်ပေးသော တိုက်ပွဲအားကစား စီမံကိန်းတစ်ခု ဖြစ်သည့်အလျောက် တိုက်ပွဲဘောလုံးကို ရှီလန်တောင်၏ ကာကွယ်ရေးတပ်ဖွဲ့တွင် ကြော်ငြာခဲ့ပြီး ကျယ်ပြန့်သော အားကစားခန်းမ တစ်ခုကိုပင် တည်ဆောက်ခဲ့သည်။ ယခုအကြိမ်တွင် ချန်လွေ့သည် တင်အား ချပ်ဝပ်တန်ဆာနှစ်ခုပေးခဲ့ပြီး တိုက်ပွဲဘောလုံး အကြောင်း ထူးဆန်းသော အမိန့်တစ်ခု ပေးခဲ့သည်။ ထို့ပြင် ချန်လွေ့သည် ကာကွယ်ရေးတပ်ဖွဲ့၏ တိုက်ပွဲကွင်းပြင်မှ မှော်စက်ဝိုင်းများကို တိုးမြှင့်ပေးပြီး အထူး ချိန်ညှိမှုများ ပြုလုပ်သည်။
မှော်စက်ဝိုင်းများ ခင်းကျင်းရန် အချိန်တချို့ကြာမည် ဖြစ်သည့်အတွက် ခီရာသည် မြေအောက်လောက မည်သို့ပုံစံရှိကြောင်း ကြည့်ချင်ခဲ့သည်။ ခီရာသည် တင်နှင့်အတူ ရှီလန်တောင်၏ အဓိက မြေအောက်မိုင်းတွင်းသို့ ပထမဦးဆုံး ဝင်ရောက်သွားတော့သည်။
မယ်ဒူဆာမျိုးနွယ်စု၏ ခေတ္တအကြီးအကဲ လိုင်ဆာသည် မဟာနတ်ဆိုး ကလေးတစ်ယောက်ကို မွေးခဲ့သော တင်၏ ဇနီးဖြစ်သည်။
လိုင်ဆာက တင်သည် နတ်ဆိုးမိသားစု၏ ဆက်ခံသူဖြစ်ပြီး မိန်းမများစွာ ရှိလာနိုင်ကြောင်း သိသည်။ ထို့ကြောင့် သူသည် တစ်ကိုယ်ကောင်းဆန်စွာဖြင့် တင်၏ မိန်းမများထဲတွင် အကောင်းဆုံး မယ်ဒူဆာများသာ ထားထားသည်။ သို့မှသာ သူ၏နေရာ ပို၍တည်မြဲမည်ဖြစ်သည်။ ထို့ကြောင့် မယ်ဒူဆာ မင်းသမီးတစ်ယောက်အနေဖြင့် လိုင်ဆာသည် တင်၏ ကိုယ်လုပ်တော်များ ကြားထဲတွင် မယ်ဒူဆာမလေးများကို ထပ်ထည့်ရန် ကြိုးစားနေခဲ့သည်။ ( တစ်နည်းပြောရလျှင် တင်သည် သနားစရာကောင်းလှသည် )
ယနေ့ ယောက်ျားဖြစ်သူက ဆွဲဆောင်မှုရှိသော မိန်းကလေး တစ်ယောက်ကို ခေါ်လာကြောင်း တွေ့လိုက်ရသည့်အခါ မိန်းမများ၌သာရှိသော သတိထားမှုသည် မယ်ဒူဆာမျက်လုံးထဲ၌ လင်းလက်သွားခဲ့သည်။ သို့သော်လည်း ထိုလှပသော ကဝေမသည် မယ်ဒူဆာမျိုးနွယ်စုသခင်၏ ဇနီး ဖြစ်ကြောင်း သိလိုက်သည့်အခါ အထင်လွဲမှုများ ပြေပျောက်သွားတော့သည်။ လိုင်ဆာသည် ချက်ချင်းပင် အမူအရာပြောင်းသွားပြီး မယ်ဒူဆာ အားလုံးကို ဦးဆောင်ကာ “မဒမ်”ကို အရိုအသေ ပြုလျက် ချီးကျူးဂုဏ်ပြုရာ ခီရာ နေရခက်သွားခဲ့လေသည်။
မှော်စက်ဝိုင်း ပြီးစီးသွားပြီး မယ်ဒူဆာမျိုးနွယ်ဆီသို့ ချန်လွေ့ ရောက်လာရာ သတင်းကြားသော ပြိဿများက အပြေးရောက်လာခဲ့ကြသည်။ မြေအောက်လောက၌ ချန်လွေ့၏ ဇာတ်လမ်းနှင့် အတွေ့အကြုံထဲ၌သာ ပေါ်ထွက်လာခဲ့သော “ အမြင့်ဆင့်နတ်ဆိုးသားရဲ ” အများအပြားကို တွေ့လိုက်ရသည့်အခါ ခီရာ အလွန်အမင်း ထိတ်လန့်သွားခဲ့သည်။
မယ်ဒူဆာနှင့် ပြိဿတို့တွင် နတ်ဆိုးဘုရင်အဆင့် အယောက်၅၀ ရှိသည်။ အမြင့်ဆင့်နတ်ဆိုး စွမ်းအားကိုမူ ပြောစရာမလိုပေ။ မြေအောက်စစ်ပွဲ၌ မျိုးနွယ်စုနှစ်ခု၏ ကြီးကြီးမားမား ဆုံးရှုံးမှု ပြီးနောက်တွင် ထိုမျှရှိနေသေးသည်။ ထို့အပြင် တင်၏ ကာကွယ်ရေးတပ်ဖွဲ့၊ အသီနာ၏ အစောင့်များ၊ ပါ့ဂ်လီအို၊ ရိုမန်၊ ဒေလီယာ၊ မြေဒြင်စင်ကောင်၊ ဝိုင်ဗန်များ နှင့် မသေမျိုးစွမ်းအားလည်း ရှိသေးသည်။ ၎င်းတို့ဖြင့် အမှောင်လနယ်မြေတစ်ခုလုံးကို အမြစ်မှတွန်းလှန်လျှင် အလွယ်လေးပင် ဖြစ်သည်။
သို့သော်လည်း ချန်လွေ့သည် ထိုသို့လုပ်လိမ့်မည် မဟုတ်ကြောင်း ခီရာ အလိုလို သိနေသည်။ ရှင်းပြစရာအကြောင်းရင်း မရှိပေ။ ချန်လွေ့ လုပ်လောက်မည် မဟုတ်ဟုသာ သူတွေးမိသည်။
ချန်လွေ့အတွက် အံ့အားသင့်စရာပင် မိစ္ဆာသစ်သီး၏ အစွမ်းပြောင့် ပြိဿအကြီးအကဲ ဒယ်လောင်သည် တစ်ဆို့မှုကို ချိုးဖျက်နိုင်သွားပြီး နတ်ဆိုးဧကရာဇ်အဆင့်သို့ ရောက်ရှိသွားခဲ့သည်။ ဒယ်လောင်၏ မှတ်ဉာဏ်နှင့် သွေးဆက်ခံမှုထဲ၌ သမိုင်းထဲတွင် နတ်ဆိုးဧကရာဇ်အဆင့် ရောက်ရှိသောပြိဿ နှစ်ယောက်သာ ရှိသည်။ ကံကောင်းစွာပင် ဒယ်လောင်သည် တတိယမြောက် ဖြစ်သွားကာ ပြိဿ သမိုင်းကြောင်းထဲ၌ ပါဝင်သွား၏။
ချန်လွေ့တွင် ပါ့ဂ်လီအို အပါအဝင် နတ်ဆိုးဧကရာဇ်အဆင့် သုံးယောက် ရှိနေပြီဖြစ်သည်။
နတ်ဆိုးဧကရာဇ်အဆင့် ရောက်ခါစသာ ရှိသေးသော ပြိဿအကြီးအကဲသည် သူသစ္စာခံထားသော လူသားထံတွင် အရာအားလုံး အကြွေးတင်နေခဲ့သည်။ အကယ်၍ မိစ္ဆာသစ်သီးသာမဆိုလျှင် သူသည် အဆင့်တက်နိုင်မည် မဟုတ်ပေ။ ထိုလူသား မရှိလျှင် မြေအောက် ပြိဿမျိုးနွယ်သည် ဂလော်ဖင်းလက်ထဲတွင် ဖျက်ဆီးခံရပေလိမ့်မည်။ ထို့ပြင် ဆော်ရွန်မျက်လုံးအား နောက်ပိုင်းတွင် ထိုလူသား ရှာတွေ့ခဲ့သည့်အတွက် မျိုးနွယ်စုတစ်ခုလုံး၏ကျိန်စာကို ပယ်ဖျက်နိုင်ခဲ့ခြင်း ဖြစ်သည်။
လူသားသည် နောက်ထပ် အံ့အားသင့်စရာတစ်ခု ပြန်ယူလာဦးမည်ဟု ပြိဿများ မထင်မှတ်ထားခဲ့ကြပေ။ ပြိဿ၏ ပန်းပဲစွမ်းရည်သည် နတ်ဆိုးဘုံ၌ သာလွန်သော်လည်း ပါရမီအကန့်အသတ်များကြောင့် မှော်အစီအရင်သည် အမြဲပင် အကြီးမားဆုံး အပြစ်အနာအဆာဖြစ်နေပြီး ပြိဿများကို အမှန်တကယ် အစွမ်းထက်သော မှော်ပစ္စည်များ ဖန်တီးရန် မဖြစ်နိုင်လုနီးပါးပင် ဖြစ်သည်။ ယခုတစ်ကြိမ်တွင် လူသားသည် ထိုအားနည်းချက်ကို အကျိုးရှိရှိ ဖြည့်တင်းပေးနိုင်သော အထူး မှော်အစီအရင် ကိရိယာတစ်ခုကို ယူဆောင်လာခဲ့သည်။
လူသားပြောသည့်အတိုင်းဆိုလျှင် ယန္တရားပညာရှင် အများအပြားသည် ထူးချွန်သော မှော်ပါရမီများ မပိုင်ဆိုင်ကြပေ။ သို့သော် သူတို့သည် မှော်အစီအရင်ကို “အစပြု”နိုင်သည့် ကိရိယာ အချို့ကို အသုံးပြုကာ ပစ္စည်းကိရိယာများကို ပြီးပြည့်စုံသော ထူးကဲအဆင့် သို့မဟုတ် ဒဏ္ဍာရီလာအဆင့်ထိအောင် ပြုလုပ်နိုင်ကြသည်။
ထိုကဲ့သို့ အစပြုခြင်းသည် ကိုယ်ပိုင်မှော်စွမ်းအားကို မိတ်ဆက်အနေဖြင့် အသုံးပြုရန် လိုအပ်သည်။ ပြိဿတို့သည် မှော်အစွမ်း အားနည်းသော်လည်း ချန်လွေ့သည် ပြိဿတို့နှင့် လိုက်ဖက်အောင် အထူးဒီဇိုင်းဆွဲထားသော မှော်ကိရိယာကို ပြုလုပ်ခဲ့ပြီး မှော်ဒြပ်စင်တစ်ခုခုကို အာရုံခံနိုင်သော စွမ်းရည်တစ်မျိုးမျိုးရှိသည့် ပြိဿအား ထိုအံ့ဩဖွယ်ရာ နည်းလမ်းကို ကျွမ်းကျင်စေနိုင်အောင် ကူညီပေးနိုင်လေသည်။
ချန်လွေ့၏ သရုပ်ပြမှု၊ ကူညီမှု နှင့် ရှင်းပြမှုအောက်တွင် ပြိဿဘုန်းတော်ကြီး ဟာ့ထ်နှင့် မှော်စွမ်းရည် တစ်မျိုးမျိုးရှိသော ပြိဿများသည် ထိုမှော်အစီအရင်၏ အဓိကအချက်များကို အလျင်အမြန် တတ်ကျွမ်းသွားပြီး ထိုလမ်းကြောင်းကို အတည်ပြုနိုင်ခဲ့သည်။ သို့သော်လည်း ၎င်းကို ထိထိရောက်ရောကိ အသုံးချနိုင်ရန် အဆင့်တစ်ခုခု အပြင် ကုန်ကြမ်းအပေါ် ထိန်းချုပ်နိုင်မှု နှင့် ရင်းနှီးမှု အတော်လေး လိုအပ်ပေသည်။
ထိုကဲ့သို့ အဓိက ပညာရပ် အဆင့်တက်မှုသည် ပြိဿများအားလုံးကို အားရဝမ်းသာ ပျော်ရွှင်သွားစေခဲ့သည်။ စမ်းသပ်မှုအောင်မြင်သွားသော ချန်လွေ့သည်လည်း အလွန်စိတ်လှုပ်ရှားနေ၏။ ရှီလန်တောင်အောက်ခြေရှိ သံမိုင်းတွင်းသည် အရည်အသွေး မြင့်မားပြီး ရှားပါးသော ဓာတ်သတ္တုသိုက်များ များစွာရှိသည်။ ပန်းပဲပညာတော်သော ပြိဿများက ထိုမှော်အစီအရင်အစွမ်းကို ကျွမ်းကျင်သွားသည့်အခါ ချန်လွေ့သည် ဆရာသခင်အဆင့် ပန်းပဲဆရာ အများအပြားကို ရရှိမည် ဖြစ်သည်။ ထို့အပြင် ၎င်းမှာ မရေမတွက်နိုင်သော အရည်အသွေးမြင့် မှော်နက်လက်များနှင့် ချပ်ကာများ ရရှိလာမည်ဟုလည်း ဆိုလိုပေသည်....
နည်းဗျူဟာမှာ ရန်သူကိုဖျက်ဆီးရန် အရေးကြီး နည်းလမ်းတစ်ခုသာဖြစ်ပြီး တကယ့်စွမ်းအားကို အင်အားမသုံးဘဲ မရရှိနိုင်ပေ။
ယခုအတွက် သူသည် အမှောင်လနယ်မြေတွင် အနည်းဆုံး ဖျက်ဆီးခံရမှုကို ခုခံနိုင်ရန် စွမ်းရည်ရှိအောင် ပြုလုပ်ရပေမည်။ အထူးသဖြင့် အစီအစဉ် ရှေ့ဆက်သွားနေသည့် အရေးကြီး အခိုက်အတန့်၌ ဖြစ်သည်။
ရှီလန်တောင်မှ မထွက်သွားခင် ချန်လွေ့သည် ပြိဿမျိုးနွယ်စု၏ အသက်ဓာတ်ရေစင်ထဲတွင် နစ်မြုပ်နေသော ငွေသေတ္တာကို တမင်သွားကြည့်ခဲ့သည်။ ဒယ်လောက်သည် ချန်လွေ့၏ အမိန့်များကို သစ္စာရှိရှိ လိုက်နာခဲ့သည်။ မျိုးနွယ်ဝင်များ အပါအဝင် ငွေသေတ္တာအနီး မကပ်နိုင်ရန်အတွက် အသက်ဓာတ်ရေစင်ကို စောင့်ကြပ်နေသော ပြိဿအစောင့်များ အမြဲပင် ရှိနေသည်။ကျိန်စာမရှိတော့သည့် ပြိဿများအတွက် အသက်ဓာတ်ရေစင်၏ ရေနှစ်ခြင်း သက်ရောက်မှုကို အသစ်တည်ဆောက်ထားသော ပြိဿဘုရားကျောင်းက အစားထိုးလိုက်သည်မှာ ကြာပြီဖြစ်သည်။
နောက်ဆုံး၌ ချန်လွေ့သည် ထိုလျို့ဝှက်ဆန်းကြယ်သော ငွေသေတ္တာအပေါ် သိချင်စိတ်ကို ထိန်းချုပ်ထားလိုက်သည်။ ပါ့ဂ်လီအို၏ အကြံပြုချက်မှာ အပျော်သက်သက် မဟုတ်သည့်အတွက် သူသည် ၎င်းကိုဆယ်ယူပြီး သုတေသန မလုပ်ပေ။ ယခင်က သူသည် ၎င်းကို အနည်းငယ်ဖွင့်ခဲ့ရာ သူ၏အတွင်းနတ်ဆိုးသည် ကြောက်မက်ဖွယ်ရာ ဖျက်ဆီးခြင်းစွမ်းအားရှိသည့် သက်ဆိုးရှည်သော အသူရာအဖြစ် ပြောင်းလဲသွားခဲ့သည်။ အကယ်၍ ယခုတွင် ထိုသေတ္တာကို သူထပ်ဖွင့်ခဲ့လျှင် မည်သည့်အရာဖြစ်မည်ကို ဘုရားသခင်သာ သိပေလိမ့်မည်။
ထို့အပြင် သူ့တွင် အရေးကြီးကိစ္စများ လုပ်စရာ ရှိနေသေးသည်။
အပြန်လမ်းတွင် ကဝေမလေးသည် ချန်လွေ့နှင့်အတူ နွေးထွေးပြီး ရင်းနှီးသောအခိုက်အတန့်များကို အရယူခဲ့သည်။ အမျိုးမျိုးသော ပုံစံများဖြင့် ဖရိုဖရဲဖြစ်နေသည်ဟု ပြော၍ရပေသည်။
ငြိမ်ဝပ်ပိပြားရေးအရာရှိအိမ်သို့ ပြန်ရောက်ပြီးနောက် ဆွဲဆောင်မှုရှိပြီး ဉာဏ်များသော အစေခံသည် ကျိုးနွံသောပုံစံ ပြန်ဖြစ်သွားပြီး အသီနာကို အလွန်ကျေးဇူးတင်နေ၏။ သို့သော်လည်း သူသည် ဆွဲဆောင်မှုရှိသော အကြည့်များဖြင့် ကြည့်၍ မရတော့ပေ။ အသီနာသည် ၎င်းတို့အားလုံးကို သတိထားမိသည်။ သူကိုယ်တိုင်က ခီရာကို တမင် ကူညီပေးခဲ့သော်လည်း စိတ်ထဲ၌ သဝန်တို ဖြစ်မိသွားခဲ့သည်။
အသီနာသည် ဖုံးကွယ်ထားတတ်သည့် လူစားမျိုး မဟုတ်ပေ။ အထူးသဖြင့် ချန်လွေ့အရှေ့၌ ဖြစ်သည်။ ချန်လွေ့လည်း အနည်းငယ် အပြစ်ရှိသလို ခံစားသွားရသည်။ အသီနာကို ပျော်စေရန်အတွက် ချန်လွေ့သည် နည်းလမ်းအမျိုးမျိုးသုံးပြီး အပတ်တကုတ် ကြိုးစားခဲ့ရသည်။ အသီနာသည် မတုံးအသည့်အတွက် သူ့ယောက်ျား၏ ရည်ရွယ်ချက်ကို သဘောပေါက်လိုက်သည်။ ထို့အပြင် ခီရာသည အလိုက်သိပြီး ကျေးဇူးတင်ကာ လေးစားမှုရှိသောကြောင့် အသီနာ ပို၍ ခံစားရ သက်သာသွားခဲ့သည်။
မင်းသမီးလေး၏ ခံစားချက်လေးကို လုံးဝတည်ငြိမ်စေရန်အတွက် တစ်စုံတစ်ယောက်သည် ယောက်ျားမာန နှင့်အတူ စိတ်ဝိညာဉ်နှင့် အသွေးအသားကိုပါ စတေးခဲ့ရသည်။ စိတ်သက်သာသွားခဲ့သော အသီနာက သိပ်ပြီး သဝန်မတိုသင့်ကြောင်း ခံစားလိုက်မိသည်။ သူသည် ခီရာကို သွားနှစ်သိမ့်ခဲ့သည်။ မည်သည့်နည်းလမ်းကို ခီရာသုံးလိုက်သည်မသိပေ။ အသီနာနှင့် ခီရာတို့သည် ဘုံရန်သူတစ်ယောက်ကို မုန်းတီးမှုကြောင်း ပူးပေါင်းသွားကြပြီး တစ်စုံတစ်ယောက်ကို အတူတူ “ကိုင်တွယ်”ရန်အတွက် မဟာမိတ်များ ဖြစ်သွားခဲ့ကြသည်။ သူတို့ ရင်းရင်းနှီးနှီး နေကြသော အချိန်ကိုလည်း စုံရက်နှင့် မရက်များအဖြစ် သေသေချာချာ ပိုင်းခြားလိုက်ကြသည်။
ချန်လွေ့ နေ့စဉ်နီးပါး ဖျစ်ညှစ်ခံနေရစဉ် အမှောင်လမြို့သည် ပြောင်းလဲမှုအချို့ ဖြစ်သွားခဲ့သည်။ အစားအစာ အရေးယူမှုကြောင့် တင်းကြပ်နေသော တော်ဝင်မင်းသမီး ရှီရာသည် ထိုအချိန်၌ အမှောင်လနယ်မြေရှိ ဆိုင်အဆောက်အအုံးများနှင့် လမ်းများကို ပြန်လည်ပြင်ဆင်ရန် စီစဉ်ခဲ့သည်။ အမှောင်လနယ်မြေ၏ ညဈေးနှင့် ပေါ်ထွက်လာစ ဘောလုံးဈေးကွက်သည် အတော်လေး နာမည်ကျော်လှသော်လည်း နယ်မြေတစ်ခုလုံး၏ စီးပွားရေးမှာ သိပ်မကောင်းလှသည့်အတွက် မူရင်း ဈေးဆိုင်များတွင် အလဟဿ နေရာအများအပြား ရှိနေခဲ့သည်။ ဆိုင်အသစ်များကို တည်ဆောက်မည်ဆိုလျှင် အချိန်အတော်ကြာသည်အထိ အလွယ်တကူ စွန့်ပစ်ရမည်ဖြစ်ပြီး ငွေများကိုလည်း အလကား ဖြစ်သွားစေမည် ဖြစ်သည်။
ထိုအကြောင်းပြချက်ကြောင့် ဖို့ဒ်နှင့် မိသားစု ခေါင်းဆောင်များက တော်ဝင်မင်းသမီးကို စဉ်းစားရန်ပြောကြသည်။ ရှီရာ၏ အကြောင်းပြချက်မှာ အမှောင်လမြို့သည် စားစရာပြဿနာ ယာယီ ဖြေရှင်းပြီးသွားပြီး စီးပွားရေး ကောင်းမွန်လာကာ တိုက်ပွဲဘောလုံးကြောင့် မြို့/သားများ စိတ်အားတက်ကြွနေကြသည့်အတွက် ထိုအဟုန်ကို အသုံးချသာ တစ်မြို့လုံးကို ပြန်လည် အစီအစဉ် ဆွဲရန်ဖြစ်သည်။
သို့သော်လည်း ဆန့်ကျင်မှုအများအပြားကို ကြားရပြီးနောက် ရှီရာကိုယ်တိုင် တုံ့ဆိုင်းလာခဲ့သည်။ ထိုအချိန်တွင် အမှောင်လမြို့သို့ ပြန်ရောက်လာသော ဘဏ္ဍာရေးအရာရှိ ဂျိုးဆက်ပ်သည် မမျှော်လင့်ဘဲနှင့် ရှီရာကို ပြင်းပြင်းထန်ထန် ထောက်ခံပြီး ကုန်ကျစရိတ်တစ်ဝက်ကို ကျခံပေးမည်ဖြစ်ကြောင်း ပြောသည်။ သို့သော် ထိုဆိုင်များ တည်ဆောက်ပြီးသည့်အခါ သူသည် “ရှယ်ယာ” တချို့ကို ရယူမည် ဖြစ်သည်။
ကုန်ကျစရိတ်တစ်ဝက်မှာ မနည်းလှပေ။ ရှီရာ၊ ဖို့ဒ်နှင့် အခြားသူများသည် ဂျိုးဆက်ပ်၏ ရည်ရွယ်ချက်ကို သံသယရှိကြသော်လည်း ရှီရာက အကူအညီလာပေးသည်ကို ငြင်းမည် မဟုတ်ပေ။ သူ စိတ်ပိုင်းဖြတ်လိုက်ပြီး ကန့်ကွက်မှုအားလုံးကို ပယ်ချကာ အမှောင်လနယ်မြေအား အသွင်ပြောင်းပြီး အဆင့်မြှင့်တင်ခြင်းကို စတင်လိုက်သည်။
ဂျိုးဆက်ပ်၏ လုပ်ရပ်မှာ ချန်လွေ့ မျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်သည်။ အကြောင်းမှာ ၎င်းသည် မူလကတည်းက သူ၏“မဟာမိတ်” အတွက် အကြံပြုချက်များထဲမှ တစ်ခုဖြစ်သောကြောင့်ပင် ဖြစ်လေသည်။ ထိုအချိန်၌ ထိုလုပ်ရပ်သာမက ဂျိုးဆက်ပ်၏ ပိုအရေးကြီးသော လုပ်ရပ်သည်ပင် စတင် အသက်ဝင်လာတော့သည်။
အိမ်တွင် သက်တောင့်သက်သာနှင့် ကြင်ကြင်နာနာ နေရသောနေ့ရက်များ အလျင်အမြန် ကုန်ဆုံးသွားလေပြီ။ ချစ်ရသောမိန်းကလေး၏ ကြင်နာမှုသည် ချန်လွေ့ကို မမေ့နိုင်ဖြစ်စေခဲ့သော်လည်း အရေးကြီးသောကိစ္စများ ဆောင်ရွက်ရန် ရှိနေသေးသည့်အတွက် ပြတ်ပြတ်သားသား နှုတ်ဆက်စကား ဆိုခဲ့ရသည်။
ကောင်းမွန်တဲ့ ဘဝတစ်ခုက စရုံပဲရှိသေးတယ်။ လက်ရှိ ရုန်းကန်နေရတာက အနာဂတ်မှာ ပိုပြီး ငြိမ်းချမ်းဖို့နဲ့ ပိုပြီးပျော်ရွှင်ရဖို့အတွက်ပဲ။