← Chapters

မြို့တော်သံတမန်။ အဆိပ်ရှိသောမိစ္ဆာထောင်ခြောက်ပန်းပွင့်

Vol. 22 Ch. 328

မြို့တော်သံတမန်။ အဆိပ်ရှိသောမိစ္ဆာထောင်ခြောက်ပန်းပွင့်

Vol. 22 Ch. 328

“ မိတ်ဆွေ ခါနီတာ။ ကျုပ်တို့ ပြန်တွေ့ပြန်ပြီ။ ”

ချန်လွေ့နှင့် ခါနီတာတို့သည် ယခုတွင် အတော်လေး ရင်းနှီးသွားကြသည့်အတွက် အခေါ်အဝေါ်လည်း ပို၍ပေါ့ပေ့ါပါးပါး ဖြစ်သွားသည်။ သို့သော်လည်း “ချာလီစ်”သည် သူ၏ရန်သူတော်အစ်ကို ကိုလည်း မိတ်ဆွေဟူသော အခေါ်အဝေါ် အသုံးပြုသည်ကို ခါနီတာ မသိပေ။

“ ပထမပိုင်းရဲ့ ၅သန်းအပြင်ကို ဒီတစ်ခေါက် ကျုပ် ခင်ဗျားကို ပထမဆုံး ရင်းနှီးမြှုပ်နှံမှုရဲ့ တတိယပိုင်း ပြန်အမ်းငွေဖြစ်တဲ့ သလင်းကျောက်နက်ဒင်္ဂါး စုစုပေါင်း ၉သန်း ယူလာပေးတယ်။ ဒါနဲ့ ခင်ဗျား အခြေအနေ သိပ်မကောင်းသလိုပဲ။ ဘာလို့ ဒေါသထွက်နေတာလဲ။ ”

“ ဆာ-ချာလီစ်က တကယ့်ကို ယုံကြည်ရတဲ့ မိတ်ဆွေ တစ်ယောက်ပဲ။ ”

ခါနီတာက သလင်းကျောက်နက်ဒင်္ဂါး ၉သန်း အကြောင်း ကြားလိုက်သည့်အခါ မျက်လုံးများ အရောင်လက်သွား၏။ ပိုက်ဆံအများအပြားကို လက်ခံပြီးနောက် ခါနီတာ တည်ငြိမ်မှု ပြန်လည် ရရှိသွားသည်။

“ သတင်းဆိုးတစ်ခု ရှိတယ်။ ကျုပ်တို့ကြားက ပူးပေါင်းဆောင်ရွက်မှုက မြို့တော်ဆီ သတင်းပို့ခံလိုက်ရတယ်။ ပြီးတော့ မြို့တော်က အခု ဒီကိစ္စကို စုံစမ်းဖို့အတွက် သံတမန်တစ်ယောက် လွှတ်လိုက်ပြီ။ သူက လွန်ခဲ့တဲ့ ၄ရက်တုန်းက လိပ်ပြာနီမြို့ကို ရောက်နေခဲ့တာ။ ”

“ မြို့တော်က သံတမန်တစ်‌ယောက် ရောက်လာတယ်လား။ ဘယ်သူ သတင်းပို့လိုက်တာလဲ။ ကျုပ်တို့ ပူးပေါင်းမှုက လျို့ဝှက်ချက် ဖြစ်သင့်တာ။ ခင်ဗျားဘက်ကလူတွေ သတင်း ပေါက်ကြားအောင် လုပ်ခဲ့တာလား။ ”

“ ဒီအကြောင်းကို ကျုပ်အပြင် သိတဲ့သူ နည်းနည်းပဲ ရှိတယ်။ သူတို့တွေတော့ မဖြစ်နိုင်ဘူး။ ”

ခါနီတာ အံကြိတ်လိုက်သည်။

“ သက်သေတော့ မရှိပေမဲ့ ကျုပ် တော်တော်လေး သံသယဖြစ်နေတဲ့သူ ရှိတယ်။ သူပဲ ဖြစ်ရမယ်။ ”

ချန်လွေ့ မျက်မှောင်ကြုတ်လိုက်သည်။ သို့သော်လည်း စိတ်ထဲ၌ ဂျိုးဆက်ပ်ကို လက်မ ထောင်ပြလိုက်သည်။ မဆိုးဘူး။ သူရဲ့လုပ်ရှားမှုက ငါထင်ထားတာထက် ပိုမြန်တာပဲ။ နောက်ဆုံးတော့ ဒီဒရာမာက အရေးကြီးဆုံးအပိုင်းကို ရောက်လာနေပြီ။

“ ခင်ဗျားမှာ တစ်ယောက်ယောက်နဲ့ ရန်ညှိုး ရှိမရှိ ဂရုမစိုက်ဘူး။ဒါပေမဲ့ ဒါကိုတော့ ကျုပ် စိတ်ပျက်မိတယ်။ ကျုပ်ရဲ့အစီအစဉ်ထဲမှာ ခင်ဗျားနဲ့ ခင်ဗျားရဲ့ အဖေတို့က ရေရှည် လုပ်ဖော်ကိုင်ဖက်တွေပဲ။ ပြီးတော့ အခုက အစပဲရှိသေးတယ်။ ဒီလိုကိစ္စမျိုးနဲ့ ကြုံတွေ့နေရေပြီ။ ကြည့်ရတာ လုပ်ဖော်ကိုင်ဖက် ပြောင်းဖို့အတွက် ကျုပ်စဉ်းစားဖို့ လိုတဲ့ပုံပဲ။ ”

ခါနီတာ အလျင်အမြန် ရှင်းပြလိုက်သည်။

“ ဆာ-ချာလီစ်။ အထင်မလွဲပါနဲ့။ ဘယ်လိုပဲဖြစ်ဖြစ် ခင်ဗျားသာ ဆန္ဒရှိမယ်ဆိုရင် ကျုပ်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုက သေချာပေါက် ပိုနီးစပ်ပြီးတော့ ဒီကိစ္စကြောင့် ပြောင်းလဲသွားမှာမဟုတ်ဘူး။ အခုတော့ သံတမန်နဲ့ တွေ့ဖို့အတွက် လိပ်ပြာနီမြို့ကို ကျုပ်နဲ့အတူ လိုက်ခဲ့ပေးပါ။ ”

“ သံတမန်နဲ့ တွေ့ရမှာလား။ ”

ချန်လွေ့သည် သိသိသာသာ သတိထားလိုက်သည်။

“ သံတမန်ကို အမှန်အတိုင်းပဲပြောဖို့ အဖေ ခင်ဗျားပြောခိုင်းလိုက်တယ်။ တကယ်တော့ ဒီကိစ္စက ခင်ဗျားရဲ့အစီအစဉ်ကို ထိခိုက်စေမှာ မဟုတ်ဘူး။ ကျုပ်တို့ လိပ်ပြာနီနယ်မြေရဲ့ အကျိုးအမြတ်တွေက မြို့တော်ဆီ အများကြီး ရောက်သွားနိုင်တာပဲ။ အဲဒီအချိန်ကျရင် လိပ်ပြာနီမြို့တော်နဲ့ နောက်ထပ် ပူးပေါင်းဆောင်ရွက်မှု စာချုပ်ကို ခင်ဗျား ထပ်ချုပ်ပေးဖို့ မျှော်လင့်ပါတယ်။ ”

ချန်လွေ့ ခဏစဉ်းစားပြီး မေးလိုက်သည်။

“ မြို့တော်က သံတမန်အကြောင်း ကျုပ်သိချင်တယ်။ အထူးသဖြင့် စွမ်းအားအဆင့်ပေါ့။ ခင်ဗျားသိတဲ့အတိုင်းပဲ တချို့ကိစ္စတွေက တောင်းပန်ရမှာထက် အန္တရာယ်ကင်းတာက ပိုကောင်းတယ်။ ”

ခါနီတာ သဘောတူပြီး ခေါင်းညိတ်လိုက်သည်။

“ သံတမန်က လေဒီ အစ်ဇဘယ်လာပဲ။ မိစ္ဆာထောင်ခြောက်ပန်းပွင့်လို့ သိကြတဲ့ အင်ပါယာရဲ့ ဘဏ္ဍာရေးအကြံပေးပေါ့။ ဒီမဒမ်က ပါးနပ်ပြီးတော့ အကြံအဖန် လုပ်တတ်တယ်။ သူက အရှင်မင်းကြီး အိုဆိုင်ဒန်ရဲ့ ယုံကြည်မှုကို ရထားခဲ့တယ်။ ပြီးတော့ သူက ဘဏ္ဍာရေးအင်အားကို လုံးဝထိန်းချုပ်မှု ရှိတယ်လို့လည်း ပြောကြတယ်။ ဘဏ္ဍာရေးဝန်ကြီးတောင် သူ့စကား နားထောင်ရတယ်။ စွမ်းအားကတော့...... ကျုပ်အဖေထက် မသာလောက်ဘူး။ ”

သံတမန်က တကယ်ကြီး အစ်ဇဘယ်လာပဲ။ ချန်လွေ့ အနည်းငယ် အံ့အားသင့်သွားသည်။ သူသည် ထိုမိန်းမ၏ ရက်စက်မှုကို ကိုယ်တိုင်ခံစားခဲ့ရသည်။ သူ၏ထူးဆန်းသော စွမ်းအားကြောင့်သာ မဟုတ်လျှင် ထိုမိန်းမ၏ မိစ္ဆာ‌ဗိုဒိုဖြင့် ဒုက္ခရောက်သွားမည် ဖြစ်သည်။ ထို့အပြင် အစ်ဇဘယ်လာသည် သူသတ်ခဲ့‌သောဆာဘရီနာနှင့် မျက်နှာချင်း လုံးဝနီးပါး ဆင်တူနေခဲ့သည်။ အစ်ဇဘယ်လာသည် လျို့ဝှက်အင်အားစုနှင့် ပတ်သက်နိုင် လောက်ပေသည်။

ရိုမန်သည် လွန်ခဲ့သော သုံးလေးလခန့်က မြို့တော်ဆီသို့ ထွက်ခွာသွားခဲ့ပြီး သူ၏ ရည်ရွယ်ချက်မှာ ထိုလေဒီ အစ်ဇဘယ်လာပင် အတိအကျ ဖြစ်၏။ အကြောင်းမှာ ထိုအမျိုးသမီးသည် သူ၏အဒေါ် ဖြစ်နိုင်ပြီး အရေးကြီးဆုံးမှာ ထိုအမျိုးသမီးသည် ဘယ်ဖီဂေါတော်ဝင်မိသားစု၏ တော်ဝင် အဆောင်ပစ္စည်းဖြစ်သော အရိပ်လေပြေ ဘွတ်ဖိနပ် တည်နေရာကို သိသည့်အတွက်ကြောင့် ဖြစ်သည်။

ချန်လွေ့သည် ၎င်းကို ယခုတစ်ခေါက် အမှောင်လမြို့ဆီ ပြန်သွားသည့်အခါမှသာ ဒေလီယာထံမှ သိခဲ့ရခြင်း ဖြစ်သည်။ ရိုမန်နှင့် အဆက်အသွယ် ပြန်နေသည်မှာ အတော်ကြာပြီဖြစ်ပြီး မည်သည် ဖြစ်နေကြောင်း မည်သူမှ မသိပေ။ ဒေလီယာ စိုးရိမ်နေကြောင်း သိသည့်အတွက် ချန်လွေ့သည် ထိုအခွင့်အရေးကို အသုံးချကာ ထိုကိစ္စကို စုံစမ်းရပေတော့မည်။

ချန်လွေ့ ခဏစဉ်းစားပြီး အဖြေသိလျက်နှင့် မေးသည်။

“ လူတစ်ယောက်ရဲ့ နာမည်ပြောင်က အဓိပ္ပာယ် အများကြီး ရှိတယ်။ မိစ္ဆာထောင်ခြောက်ပန်း ဆိုတာက ဘာကိုပြောတာများလဲ။ ”

“ မိစ္ဆာထောင်ခြောက်က နတ်ဆိုးဘုံရဲ့ ထူးခြားတဲ့ အဆိပ်ရှိပန်း တစ်မျိုးပဲ။ နုနုရွရွလို့ ထင်ရပေမဲ့ အဆိပ်ပြင်းတယ်။ ဆေးရည်တစ်မျိုးအဖြစ် ပြုလုပ်ထားပြီးရင် လူကိုစွဲလမ်းစေပြီးတော့ ဖြတ်မရအောင် လုပ်နိုင်တယ်။ အဲဒီမဒမ်က တော်တော်လေး လှပတယ်..... ”

ခါနီတာက လွန်ခဲ့သော ၄ရက်က အစ်ဇဘယ်လာနှင့် တွေ့ဆုံခဲ့သည်ကို ပြန်သတိရသွားပြီး အနည်းငယ် စိတ်လွင့်သွားခဲ့သည်။

“ ဒါပေမဲ့ သူ့ရဲ့ ခင်ပွန်းလောင်းက ကြာကြာ အသက်မရှင်ခဲ့ရဘူး။ ပြီးတော့သူက အခုထိ မုဆိုးမ ဖြစ်နေတုန်းပဲ။ ”

“ သူ့ကို မိစ္ဆာထောင်ခြောက်လို့ ခေါ်မှတော့ သူက ရက်စက်ပြီး ညှာတာစိတ်မရှိတဲ့သူ ဖြစ်ရမယ်။ ဒါကြောင့် ကျုပ် ဆမ်မြူရယ်ကို မတွေ့ရတာကိုး။ သူ့ကို ဓားစာခံအနေနဲ့ လိပ်ပြာနီမြို့ဆီ ခေါ်သွားတာ ဖြစ်ဖို့များတယ်။ဟမ့်။ ”

တစ်ဖက်လူ၏ အကဲဖြတ်မှုသည် အလွန်တိကျနေလိမ့်မည်ဟု ခါနီတာ မထင်မှတ်ထားခဲ့ပေ။ ထို့ပြင် ထိုအချိန်၌ သူ ဘာပြောရမည်ကို မသိပေ။

“ မစ္စတာ ဆမ်မြူရယ်ကိစ္စကို ကျုပ် အကောင်းဆုံး ကြိုးစားကြည့်ပြီးပါပြီ။ ဒါပေမဲ့ သူ့ရဲ့လုံခြုံရေးကို ကျုပ် အာမခံပါတယ်။ ”

“ ဒါကို အာမခံဖို့ ခင်ဗျားက အရည်အချင်း မရှိဘူး။ ဒါပေမဲ့ ဒါက ခင်ဗျားရဲ့အမှား မဟုတ်ဘူး။ ”

ချန်လွေ့ သရော်ပြုံးပြုံးလိုက်သည်။

“ နတ်ဆိုးဘုံရဲ့ အဆိပ်ပြင်းပန်းကို သွားတွေ့ကြတာပေါ့။ ”

ခါနီတာလည်း လျစ်လျူရှုမရဲဘဲ ချန်လွေ့နှင့်အတူ လိပ်ပြာနီမြို့သို့ အမြန်သွားလိုက်သည်။

လိပ်ပြာနီမြို့၊ အရှင်သခင်ခန်းမ၌ -

ချန်လွေ့သည် မိစ္ဆာထောင်ခြောက်ပန်းကို တစ်ခါ တွေ့ခဲ့ဖူးသည်။ သူသည် အညိုရောင် ဆံပင်ရှည် ကွေးကွေးလေးနှင့်ပင်ဖြစ်ပြီး ဆွဲဆောင်မှု ရှိနေဆဲ ဖြစ်ကာ မျက်လုံးအပြာ၊ ခရမ်းရောင် နှုတ်ခမ်းများနှင့် ရင့်ကျက်သောအလှတရားကို ပြသနေ၏။ အလှတရားနှင့် စိတ်နေသဘောထားအရ သူနှင့် ဆင်တူသော ဆာဘရီသည်ပင် နိမ့်ကျပေသည်။

သို့သော် ဆာဘရီနာသည် ချန်လွေ့၏လက်ထဲ၌ သေသွားပြီ ဖြစ်သည်။ အစ်ဇဘယ်လာသည် ပို၍လှပသည့်တိုင် ချန်လွေ့သည် ပို၍သတိထား နေခဲ့သည်။

“ ဆာ-ဂျို့ရှ် ”

ချန်လွေ့ အသာလေး အရိုအသေ ပေးလိုက်သည်။

“ ကျုပ်က ကတိပေးထားတဲ့အတိုင်း ခင်ဗျားကို ရထိုက်တဲ့ အကျိူအမြတ်တွေ လာပေးတာ။ ဒါပေမဲ့ ကျုပ်ရဲ့ညီ ဆမ်မြူရယ်ကို အရင်တွေ့ချင်တယ်။ ညီတူမျှတူ စာချုပ်ချုပ်ထားတဲ့ လုပ်ဖော်ကိုင်ဖက် တစ်ယောက်အနေနဲ့ ကျုပ်တို့ရဲ့ အနာဂတ် ပူးပေါင်းဆောင်ရွက်မှု သဘောရိုးကို ထိခိုက်စေနိုင်မယ့် ခင်ဗျားရဲ့ အပြုအမူကို ကျုပ် သံသယဝင်ပြီးတော့ စိတ်မကောင်း ဖြစ်မိတယ်။ ”

“ ဒါက ဆာ-ချာလီစ် ဖြစ်မယ်။ ”

ဂျို့ရှ် မဖြေခင်မှာပင် အစ်ဇဘယ်လာ ဖြေလိုက်သည်။

“ ဆမ်မြူရယ် ကိစ္စကိုတော့ ရှင် အထင်လွဲနေတာ ထင်တယ်။ ”

“ ဒါက ခါနီတာပြောတဲ့ မဒမ် သံတမန် ဖြစ်မယ်။ ”

ချန်လွေ့၏မျက်လုံးများ အရောင်တောက်သွားပြီး သန့်စင်သော ဖျက်ဆီးခြင်း အငွေ့အသက်ကို ထုတ်လွှတ်လိုက်သည်။ လေထုထဲတွင် ထိုကဲ့သို့ ပြင်းထန်ပြီး ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်တစ်ခု စတင်ပြည့်နှက်သွားတော့သည်။

ဂျို့ရှ် တိတ်တဆိတ် ထိတ်လန့်သွား၏။ ထိုလူသားနှင့် သူပထမဆုံး တွေ့ခဲ့စဉ်က ထိုလူသားသည် ခုခံရုံသာ ခုခံခဲ့သည်။ သို့သော် ယခုတွင် သူသည် သန့်စင်သော ဖျက်ဆီးခြင်းစွမ်းအားကို ခံစားနေရပြီဖြစ်သည်။ ထိုအငွေ့အသက်၏ ကြောက်မက်ဖွယ်ရာ အငွေ့အသက်ကို အကဲဖြတ်ကြည့်သည့်အခါ ထိုလူသား၏ စွမ်းအားအမှန်သည် သူမျှော်မှန်းထားသည်ထက်ပင် ကျော်လွန်နေ၏....

ကြောက်မက်ဖွယ်ရာ ဖျက်ဆီးခြင်း အငွေ့အသက်နှင့် ရင်ဆိုင်ရသည့်အခါ အစ်ဇဘယ်လာ၏ မျက်လုံးများ အရောင်လက်သွားသော်လည်း သူ၏မျက်နှာအမူအရာမှာ မပြောင်းလဲဘဲ တည်ရှိနေ၏။ ထိုအစား သူသည် ဆွဲဆောင်မှုရှိသော အပြုံးတစ်ပွင့်ကို ပြသလိုက်သည်။

“ ဆာ-ချာလီစ်ရဲ့ ဇာတ်လမ်းကို ဆာ-ဂျို့ရှိ ဆီကနေ ကျွန်မ ကြားပြီးပြီ။ တကယ်လို့.... ဆာက တကယ်ပဲ စိတ်လိုက်မာန်ပါနဲ့ စိတ်မြန်လက်မြန် ဖြစ်မယ်ဆိုရင် ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် ဆိုတာတွေကို ပြန်ဆွေးနွေးသင့်တယ်။ ”

“ အိုး ”

ချန်လွေ့ အသက်မှန်မှန်ရှူပြီး အစ်ဇဘယ်လာကို ပြန်လည်အကဲခတ်လိုက်သည်။

“ ဒါကြောင့် ခင်ဗျားက မိစ္ဆာထောင်ခြောက်ပန်း ဖြစ်နေတာကိုး။ ခင်ဗျားက ကျုပ်ရဲ့ ရှုတ်ချမှုကို စကားတစ်ခွန်းတည်းနဲ့ ဖြေရှင်းလိုက်တယ်။ ”

“ ရှင်က ခါနီတာဆီကနေ သတင်းအချက်အလက် နည်းနည်းရထားတဲ့ပုံပ။ ဒါဆို အစ်ဇဘယ်လာ ကိုယ့်ကိုယ်ကိုယ် မမိတ်ဆက်တော့ပါဘူး။ ”

အစ်ဇဘယ်လာက ပြုံးရင်း ပြောလိုက်သည်။

“ သေချာတာကတော့ ဆာ-ဆမ်မြူရယ်ရဲ့ လက်ရှိ အခြေအနေက အန္တရာယ်လည်းကင်းတယ်။ အဆင်လည်းပြေတယ်။ ဘာလို့လဲ‌ဆိုတော့ ကျွန်မရဲ့ လမ်းညွှန်မှု ရသွားပြီးတော့ အရေးကြီးတာတွေကို သိသွားတယ်။ ပြီးတော့ သူက သူ‌တော်စင် အဆင့်ရောက်ဖို့အတွက် ခြေတစ်လှမ်း ထပ်တိုးသွားလောက်ပြီ။ ”

ချန်လွေ့က ပုံမှန်ပင် ခေါင်းညိတ်လိုက်သည်။

“ ဆာ-ဂျို့ရ်ှ နဲ့ မစ် အစ်ဇဘယ်လာက ဒီလို မိုက်မဲတဲ့နည်းလမ်းကို သုံးပြီးတော့ ဓားစာခံ လုပ်မယ်‌ဆိုရင် ကျုပ်တို့ ပူးပေါင်းဆောင်ရွက်မှုကို ပြန်ပြီး စဉ်းစားရလိမ့်မယ်။ ”

[ သရုပ်ခွဲမျက်လုံး ] ထဲ၌ အစ်ဇဘယ်လာ၏ စွမ်းအားအကဲဖြတ်မှုမှာ အမြဲပင် [ B+ ] ဖြစ်နေပြီး မဟာနတ်ဆိုးဘုရင်အဆင့် ဖြစ်သည်။ သို့သော် သူ၏စွမ်းဆောင်ရည်နှင့် ဆမ်မြူရယ်ထံ “ လမ်းညွှန်မှု ” အရ သူ၏အမှန်တကယ် စွမ်းအားသည် ဆာဘရီနာကဲ့သို့ပင် နတ်‌ဆိုးဧကရာဇ်အဆင့် ဖြစ်သင့်ပေသည်။ ဤအမျိုးသမီးသည် ဉာဏ်ပညာချင်းဖြစ်စေ၊ စွမ်းအားချင်းဖြစ်စေ၊ ရင်ဆိုင်ရ လွယ်ကူမည့်ပုံမရချေ။

“ ဆာက တကယ့်ကို ဘာမှ အရှုံးမခံချင်တာလဲ။ ”

အစ်ဇဘယ်လာက ဆွဲဆောင်မှုရှိစွာ ပြုံးလိုက်သည်။

“ ဒါပေမဲ့ ရှင် ကျွန်မကို ခေါ်တဲ့ “မစ်” ဆိုတဲ့ အခေါ်အဝေါ်ကို သဘောကျယ်။ ဒါက ရေစက်ပဲလား‌တော့ မသိဘူး။ ကျွန်မတို့ အရင်က တစ်နေရာရာမှာ တွေ့ဖူးသလို ခံစားနေရတယ်။ ”

“ ဒါက အထူးတလည်ကိစ္စ မဟုတ်ဘူးဆိုရင် ဒီစကားက ကျုပ်အတွက် ဖြစ်သင့်တာ။ ”

ချန်လွေ့က တိတ်တဆိတ် သတိထားလိုက်သည်။ ဘယ်ဖီဂေါ မိသားစု၏ [ နတ်မိစ္ဆာမျက်လုံး ] သည် အမှန်တကယ် ထူးခြားလှသည်။ သူရဲ့ ဆင့်ကဲပြောင်းလဲခြင်း အစွမ်းများဖြစ်သော [ အစစ်အမှန်အသက်အောင့် ] နဲ့ [ ရုပ်ဖျက်ခြင်း ] အစွမ်းတို့ကို ရိုမန် ဖောက်ထွင်းမမြင်နိုင်ခဲ့သော်လည်း လောကကြီးသည် ထူးခြားမှုများ ပြည့်နှက်နေပေ၏။ သူ၏ [ အစစ်အမှန် အသက်အောင့် ] အစွမ်းကို ဆမ်မြူရယ် တစ်ခါ မြင်ခဲ့ဖူးသည်။ သူက နေရာ၌ပင် တည်တည်ငြိမ်ငြိမ်ပြောလိုက်သည်။

“ တောင်းပန်ပါတယ်။ ယောက်ျားတစ်ယောက်အနေနဲ့ မစ်-အစ်ဇဘယ်လာလို မိန်းမလှမျိုးကို ဒီလိုမျိုး အရင်စပြောစေခဲ့မိတာ ရိုင်းပျမိသွားပါတယ်။ ”

အစ်ဇဘယ်လာ၏ မျက်လုံးထဲ၌ ထူးဆန်းသော အရိပ်အယောင်များ လက်ခနဲဖြစ်သွားပြီး ပြုံးနေလျက်ပင် ဖြစ်သည်။

“ ဆာ-ချာလီစ်က တကယ် စိတ်ဝင်စားစရာ ကောင်းတာပဲ။ ကြည့်ရတာ ဒီတစ်ခေါက် မြို့တော်ကို ပြန်ခဲ့အခါ အဖော်နဲ့ဆိုတော့ ကျွန်မ အထီးကျန်တော့မှာ မဟုတ်တဲ့ပုံပဲ။ ”

“ အဖော်နဲ့ မြို့တော်ကို ပြန်မှာလား။ ”

ချန်လွေ့ မျက်မှောင်ကြုတ်ပြီး ဂျို့ရှ်ကို စိုက်ကြည့်လိုက်သည်။

“ ဒါက ကျုပ်တို့အစီအစဉ်နဲ့ မကိုက်ညီသလိုပဲ။ ”

“ ဒါက ကျုပ်အစီအစဉ် မဟုတ်ဘူး။ ”

ဂျို့ရှ် သက်ပြင်းချလိုက်ပြီး များများစားစား မပြောခဲ့ပေ။

“ ဆာ-ဂျို့ရှ်ဆီကနေ ဆာ-ချာလီစ်ရဲ့ မဟာအစီအစဉ်ကို ကျွန်မ ကြားပြီးပြီ။ မြို့တော်က အရှင်မင်းကြီးလည်း ဒါကို တော်တော်လေး စိတ်ဝင်စားနေတယ်။ ဒါက ကျွန်မ ဒီကို လာရတဲ့ တကယ့်အကြောင်းရင်းပါ။ ”

အစ်ဇဘယ်လာ၏ လေသံ ပြောင်းလဲသွားသည်။

“ အင်ပါယာတစ်ခုနဲ့ ပူးပေါင်းဆောင်ရွက်တာက နယ်မြေတစ်ခုထက် အများကြီး ပိုသာတယ်။ ဒါပေမဲ့ လိုအပ်ချက်အနေနဲ့ ဆာက အရှင်မင်းကြီးရဲ့ အတည်ပြုချက်ကို ရမှဖြစ်မယ်။ ဒီကိစ္စက အင်ပါယာရဲ့ အမြင့်ဆုံးအာဏာရှိတဲ့ အရှင်မင်းကြီးရဲ့ အတည်ပြုချက် မရဘူးဆိုရင် နယ်မြေတစ်ခုနဲ့တောင် အလုပ်လုပ်ဖို့အတွက် ခွင့်ပြုချက်ရဖို့ ဖြစ်နိုင်မှာ မဟုတ်ဘူး။ ”

ချန်လွေ့၏အကြည့် တဖြည်းဖြည်း အေးစက်သွားသည်။

“ ခင်ဗျားရဲ့ စကားကို ခြိမ်းခြောက်တာလို့ မှတ်ယူလို့ ရလား။ ဒါဆိုရင်တော့ ဒီအင်ပါယာက နတ်‌ဆိုးဘုံမှာ တစ်ခုတည်းသော အင်ပါယာမဟုတ်ဘူးလို့ ပြောရမှာပဲ။ ကြယ်ကြွေတမန်အင်ပါယာရဲ့ အနောက်ဘက်မှာရှိတဲ့ အရိပ်နက်အင်ပါယာကို စွမ်းအားကြီးတဲ့ ပဏ္ဍိတ တစ်ယောက်က အုပ်စိုးထားတယ်လို့ ကြားတယ်။ အဲဒီမှာ ပိုပြီးတော့ ယဉ်ကျေးမယ်လို့ ကျုပ်ယုံကြည်တယ်။ ”

နှစ်ဖက်စလုံး၏ စကားများ တဖြည်းဖြည်း ပို၍မာကျောလာသည့်အခါ ဂျို့ရှ် အလျင်အမြန် ပြောလိုက်သည်။

“ ဆာ-ချာလီစ်။ ကျုပ်ကို အထင်မလွဲပါနဲ့။ မဒမ် သံတမန်က အင်ပါယာရဲ့ စနစ်ကို ပြောပြရုံပါ။ သူ ဘာကိုမှ ဆိုလိုတာ မဟုတ်ပါဘူး။ တကယ်တော့ အရိပ်နက်အင်ပါယာရဲ့ အခြေအနေက ပိုပြီး ရှုပ်‌ထွေးတယ်။ အောင်မြင်မယ်‌ဆိုရင်တောင် အချိန်တော်တော်ကုန်မှာ။ ဒါက မင်းရဲ့ အစီအစဉ်အတွက် အဆင်ပြေမှာ မဟုတ်ဘူး။ အရှင်မင်းကြီး အိုဆိုင်ဒန်ရဲ့ ဉာဏ်ပညာနဲ့ဆိုရင် အကောင်းဆုံး ရွေးချယ်မယ်ဆိုတာ ကျုပ် ယုံကြည်တယ်။ ”

ထို့သို့ပြောပြီး ဂျို့ရှ်က ချန်လွေ့ကို မျက်လုံးတစ်ဖက် မှိတ်ပြလိုက်သည်။ ချန်လွေ့သည် ဂျို့ရှ်ကိုကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။

“ အနာဂတ် လမ်းကြောင်းတချို့ အပါအင် ဒီကိစ္စကို ကျုပ်သေသေချာချာ စဉ်းစားဖို့လိုတယ်။ ”

အစ်ဇဘယ်လာသည် အားမန်မပါချင်ဘဲ ပြောလိုက်သည်။

“ ဒါက ခြိမ်းခြောက်တာ မဟုတ်ပါဘူး။ ဆာ။ ဒါပေမဲ့ ဘုရင်ခံရဲ့ အမိန့်အရဆိုရင် မြို့တော်ဆီ ကျွန်မ မနက်ဖြန် ပြန်ရမယ်။ ဒီခရီးက အထီးကျန်လောက်မှာ မဟုတ်ဘူးလို့...ကျွန်မ မျှော်လင့်မိပါတယ်။ “

“ စိတ်ချပါ။ မစ်။ ယဉ်ကျေးတဲ့ ယောက်ျားတစ်ယောက်က အမှားတစ်ခုတည်းကို ထပ်ကာထပ်ကာ လုပ်မှာ မဟုတ်ပါဘူး။ ”

ချန်လွေ့၏အမူအရာ တည်ငြိမ်သွားပြီး ယဉ်ယဉ်ကျေးကျေး ပြန်ဖြေလိုက်သည်။

“ ပြီးတော့ လိုအပ်တာက ကျုပ်တို့ အချင်းချင်း ..... အမှန်တကယ် သိကြဖို့အတွက် တစ်ယောက်နဲ့တစ်ယောက် အခွင့်အရေး ပေးဖို့ပဲ။ ”

“ ဟုတ်တာပေါ့။ ”

အစ်ဇဘယ်လာက ဆွဲဆောင်မှုရှိစွာ ပြုံးလိုက်ပြီး လှည့်ထွက်သွားသည်။

All Chapters