ချောင်းမြောင်းတိုက်ခိုက်ခြင်း
Vol. 23 Ch. 345
နန်းတော် အကြီးတန်းအတိုင်ပင်ခံ တံဆိပ်ပြား အမှန်တကယ် အလုပ်ဖြစ်လေသည်။ ချန်လွေ့သည် အတားအဆီးမရှိဘဲ နန်းတော်ထဲသို့ တည့်တည့် ဝင်သွားနိုင်၏။ အိုဆိုင်ဒန်သည် ချန်လွေ့ ရောက်လာကြောင်း သတင်းရလိုက်ရာ အလုပ်များကို ချက်ချင်းဘေးဖယ်ပြီး သူ့ကို သွားတွေ့သည်။
“ အရှင်မင်းကြီး ”
ချန်လွေ့က ရွှင်ပျနေသောမျက်နှာဖြင့် အရိုအသေ ပေးလိုက်သည်။
“ ကနဦးရင်းနှီးငွေက တော်တော်လေး အဆင်ပြေတယ်။ ကျုပ်မိသားစုရဲ့ အခက်ခဲဆုံး အခိုက်အတန့်ကို အရှင်မင်းကြီးရဲ့ ယုံကြည်မှုနဲ့ အချိန်မီ ဘဏ္ဍာရေးထောက်ပံ့မှုကြောင့် ကျော်လွှားနိုင်ခဲ့ပါပြီ။ ပြန်အမ်းငွေ သန်း၁၀၀ရဲ့ ကနဦး နှစ်ရစ်ကို တစ်ရစ်အနေနဲ့ ပေါင်းလိုက်ပြီ။ ကျုပ် ဒါတွေအားလုံးကို အရှင်မင်းကြီးဆီ ပြန်ပေးမှာပါ။ ဒါက သန်း ၁၂၀၀ ပါ။ ဒါကိုရေတွက်ဖို့အတွက် တစ်ယောက်ယောက် လွှတ်လိုက်ပါ။ အရှင်မင်းကြီး။ ”
ထို့နောက် ချန်လွေ့ လက်ဝှေ့ရမ်းလိုက်ရာ ကြမ်းပြင်ပေါ်၌ သိုလှောင်လက်စွပ် အပုံလိုက် ထွက်ပေါ်လာခဲ့သည်။ တစ်ခုစီတွင် သလင်းကျောက်နက်ဒင်္ဂါးများ ပြည့်နေသော အိတ်များဖြင့် ပြည့်နှက်နေ၏။
အိုဆိုင်ဒန်က သိုလှောင်လက်စွပ် အပုံလိုက်ကို မကြည့်ခဲ့ပေ။ ဒီလူသားက ကတိတည်ပြီးတော့ နတ်ဆိုးဘုံကို နောက်တစ်ခါ ပြန်လာမယ်ဆိုရင် ပမာဏကို လျှော့တာလိုမျိုး နိမ့်ကျတဲ့ လှည့်ကွက်တွေ သုံးမှာမဟုတ်ဘူး။ အိုဆိုင်ဒန်က ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။
“ မစ္စတာ ချာလီစ်က တကယ့်ကို ယုံကြည်စိတ်ချရတဲ့ သူတစ်ယောက်ပါပဲ။ နောက်ထပ် ရင်းနှီးမြှုပ်နှံဖို့ အတွက် အစီအစဉ်ရှိသေးလား။ ဘယ်လောက် လိုတာလဲ။ ”
“ အခုလောလောဆယ် မလိုပါဘူး...”
“ချာလီစ်”၏ သဘောထားသည် အိုဆိုင်ဒန်ကို အံ့အားသင့်သွားစေ၏။ သူက တကယ်ကြီး ငါကမ်းလှမ်းတဲ့ ငွေတွေကို ငြင်းလိုက်တာလား။
အိုဆိုင်ဒန်သည် မူလကတည်းက သံသယကြီးသူ တစ်ယောက် ဖြစ်သည်။ အကယ်၍ ချန်လွေ့သာ ချက်ချင်း ပိုက်ဆံထပ်တောင်းမည်ဆိုလျှင် အိုဆိုင်ဒန်၏ စိတ်ထဲ၌ သံသယအနည်းငယ် ဖြစ်လာမည်မှာ သေချာသည်။ သို့သော်လည်း ယခုတွင် ချန်လွေ့ မလိုချင်သည့်ပေ။ ၎င်းသည် သန်း၂၀၀ကို အလကားပေးသကဲ့သို့ ဖြစ်နေရာ အိုဆိုင်ဒန် မျက်မှောင်ကြုတ်လိုက်သည်...
အချိန်အတော်ကြာပြီးနောက် အိုဆိုင်ဒန်က ပြောသည်။
“ ဆာ။ ကျုပ်ကို ပွင့်ပွင့်လင်းလင်း ပြောလို့ရပါတယ်။ လုပ်ဖော်ကိုင်ဖက် အသစ်တစ်ယောက် ရှာတွေ့ သွားပြီလား။ ”
ချန်လွေ့က လှည့်ကွက်အသေးလေး အောင်မြင်သွားကြောင်း သိလိုက်ပြီး စိတ်ထဲ၌ ပြုံးလိုက်သည်။ ထို့နောက် ခေါင်းခါသည်။
“ အထင်မလွဲပါနဲ့။ အရှင်မင်းကြီး။ ကြယ်ကြွေတမန် အင်ပါယာက ကျုပ်ရဲ့ တစ်ဦးတည်းသော လုပ်ဖော်ကိုင်ဖက် ဖြစ်မယ်ဆိုတာကို ကျုပ် ကတိပေးပါတယ်။ တကယ်တော့ ဒီလိုပါ။ လက်ရှိမှာ ရင်းနီးမြှုပ်နှံရေးစီမံကိန်းတွေကို တစ်ခုပြီးတစ်ခု အသက်သွင်းနေတာ။ ကျုပ်ရဲ့ မိသားစုစီးပွားရေးက တဖြည်းဖြည်းနဲ့ အဆင်ပြေလာခဲ့တယ်။ ကပ်ဘေးဆိုက်တဲ့ကာလ ပြီးသွားခဲ့ပြီ။ ဒါပေမဲ့ အမြဲတမ်း ခံစစ်ဘက်က နေနေရတာ မကောင်းဘူး။ အဲဒါကြောင့် အင်အားစုစည်းပြီးတော့ တန်ပြန် တိုက်ခိုက်ဖို့အတွက် ပြင်ဆင်ရမယ်။ ရင်းနှီးဖို့ နောက်တစ်ဆင့်ကို တွက်ချက်နေတုန်းပဲ။ ”
အိုဆိုင်ဒန်၏ မျက်နှာ အနည်းငယ် မည်းမှောင်သွားပြီး အသာလေး ခေါင်းညိတ်လိုက်သည်။
“ ကျုပ်မှာ လူ၅၀အဖွဲ့ ရှိတယ်။ အားလုံးက အခွန်ဘဏ္ဍာနဲ့ အသုံးစရိတ်တွေအတွက် တာဝန်ယူထားရတဲ့ အကြီးတန်း ဂဏန်းတွက်သူတွေပဲ။ အသေးစိတ်တိုင်း ပါဝင်ရမယ်။ ဘာလို့လဲဆိုတော့ ဒဏ်ရာသေးသေးလေးတစ်ခုက သေစေတဲ့အထိ ဖြစ်နိုတယ်လေ။ ”
“ လူ၅၀က အခွန်ဘဏ္ဍာနဲ့ အသုံးစရိတ်အတွက် တာဝန်ယူထားရတယ်လား။ ”
အိုဆိုင်ဒန် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
“ တကယ့်ကို ထိပ်တန်းစီးပွားရေး မိသားစုပါပဲ။ ”
“ ဘဏ္ဍာရေးက သက်သက်ပါ။ ပိုကြီးမားတဲ့ ကိစ္စက အရေးကြီးအခိုက်အတန့်ကို ရောက်နေပြီ။ နောက်ဆုံး ရလာဒ်ရဖို့အတွက် သိပ်မကြာလောက်တော့ဘူးလို့ ကျုပ်ထင်တယ်။ ဒါက အဓိကသော့ချက်ပဲ။ ကျုပ် အောင်မြင်မယ်ဆိုရင် အနိုင်ရဖို့ ၈၀% အခွင့်အရေး ရမယ်။ ဒါက ကျုပ်အတွက်လည်း ခန့်မှန်းလို့မရအောင် အကျိုးရှိသလို အရှင်မင်းကြီးအတွက်လည်း အကျိုးရှိတယ်။ ”
အိုဆိုင်ဒန်က စိတ်အားထက်သန်စွာပြောသည်။
“ ပြောချင်တာက...”
“ ဘယ်လိုပဲဖြစ်ဖြစ် ကျုပ်ရဲ့ ကတိက အရင်လိုပါပဲ။ အရှင်မင်းကြီး အိုဆိုင်ဒန် ချာလီစ် ရိုလန်ရဲ့ တစ်ဦးတည်းသော လုပ်ဖော်ကိုင်ဖက် ဖြစ်နေမှာပါ။ အဲဒီအချိန်ကျရင် အရင်မင်းကြီးလည်း နတ်ဆိုးဘုံရဲ့ အရင်းအမြစ်တွေကို လက်ဝါးကြီး အုပ်နိုင်လိမ့်မယ်။ ဒါက အခြားတိုင်းပြည်တွေနဲ့ နိုင်ငံရေးဆက်နွှယ်မှုပဲ ဖြစ်ဖြစ်၊ နိုင်ငံထိန်းချုပ်မှုပဲဖြစ်ဖြစ် တော်တော်လေး ကြီးမားတဲ့ အခန်းကဏ္ဍမှာ ပါဝင်တယ်။ ”
နောက်ဆုံး၌ ချန်လွေ့၏ စကားများသည် အိုဆိုင်ဒန်၏ မျက်နှာအား ပျော်ရွှင်မှု ပြည့်နှက်သွားစေခဲ့သည်။
“ ဒါဆိုလည်း အဲဒီနေ့ကို ကျုပ် စောင့်မျှော်နေပါ့မယ်။ ”
“ အရှင်မင်းကြီး မျှော်လင့်ထားတဲ့အတိုင်း ဖြစ်လာမှာပါ။ ”
ချန်လွေ့ ဦးညွှတ်လိုက်၏။
“ အရှင့်သား မျှော်လင့်ထားတဲ့အတိုင်း ဖြစ်မှာပါ။ ”
အိုဆိုင်ဒန် စိတ်ပျော်ရွှင်နေ၏။ မည်သို့ပင် ဆိုစေကာမူ ချန်လွေ့သည် သူ့ကို သန်း၂၀၀ အလကား ပေးခဲ့သည်။ သူ့ကြောင့် သူ၏ဂုဏ်ပုဒ် ပြောင်းလဲသွားခဲ့သည်။
“ ဒါနဲ့ ဆာ-ချာလီစ်က အဝေးကြီးက လာခဲ့ရတော့ ပင်ပန်းနေမှာပဲ။ ညနေခင်ကျရင် ဆာ့ကို ကြိုဆိုဖို့အတွက် စားသောက်ပွဲတစ်ခု ပြင်ဆင်ပေး မယ်လေ။ ကပွဲလည်း ရှိမယ်။ နတ်ဆိုးဘုံကို လာကတည်းက ဆာ့မှာ တရားဝင်နေအိမ် မရှိသေးဘူး မဟုတ်လား။ ကျုပ် ဆာ့ကို မြို့တော်ရဲ့ ဇိမ်အကျဆုံး အိမ်တစ်ဆောင်နဲ့ မိန်းမလှတွေ ဒါဇင်လောက် လက်ဆောင်ပေးမှာပါ။ လူသားလောကက မိန်းမတွေနဲ့ ယှဉ်မယ်ဆိုရင် မတူညီတဲ့အရသာမျိုး ပေးလိမ့်မယ်လို့ ကျုပ် ယုံကြည်ပါတယ်။ ”
ဒါဇင်လောက်လား။ ချန်လွေ့ စိတ်ထဲ၌ ရှက်သွားခဲ့သည်။ နဂါးပါရမီနဲ့တောင် သူတို့ကို ကိုင်တွယ်ဖို့ လုံလောက်မှာ မဟုတ်ဘူး။
“ အရှင်မင်းကြီးရဲ့ ပျူငှာမှုအတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ အဲလိုမျိုး လုပ်ပေးစရာ မလိုပါဘူး။ ကျုပ်က အစ်ဇဘယ်လာနဲ့ပဲ အတူတူ ဆက်နေပါ့မယ်။ သူက တကယ့်မိန်းမလှ ဆိုတာကိုတော့ ငြင်းလို့မရဘူး မဟုတ်လား။ ”
“ အစ်ဇဘယ်လာ လား။ ”
အိုဆိုင်ဒန်၏ မျက်လုံးထဲ၌ မြူးကြွသော အရိပ်အယောင်တစ်ခု လက်ခနဲ ဖြစ်သွားခဲ့သည်။
“ ဆာနဲ့ အဲဒီမဒမ်ကြားက အတင်းအဖျင်းတချို့ကို ကျုပ်ကြားဖူးတယ်။ ဆာက သူ့ကို တကယ် စိတ်ဝင်စားနေမယ်လို့ မထင်ထားခဲ့ဘူး။ ဒါပေမဲ့ အဲဒီမဒမ်ရဲ့ နာမည်ပြောင်က မြို့တော်ရဲ့ မိစ္ဆာထောင်ခြောက်ဆိုတာ မမေ့နဲ့ဦး။ နတ်ဆိုးဘုံမှာ မိစ္ဆာထောင်ခြောက်ဆိုတာ အဆိပ်ပန်းတစ်မျိုးပဲ။ လှပေမဲ့ အဆိပ်က လူတွေကို လွတ်မြောက်ဖို့ ခက်ခဲစေတယ်။ ”
“ တကယ်လို့ ဆာ့ရဲ့ပစ်မှတ်က အစ်ဇဘယ်လာ ဆိုရင်တော့ ကံကောင်းဖို့ပဲ ကျုပ် ဆုတောင်းလို့ ရတော့မယ်။ ”
“ ပိုခက်လေလေ၊ ပိုအရသာ ရှိလေလေပဲ မဟုတ်လား။ အရှင်မင်းကြီး။ ”
ချန်လွေ့က ယောက်ျားတိုင်း နားလည်သည့် အပြုံးမျိုး ပြုံးလိုက်သည်။
အိုဆိုင်ဒန်လည်း ပြုံးလိုက်၏။
“ မြင်းက ကြမ်းတမ်းလေလေ၊ ကြံ့ခိုင်လေလေပဲ။ ဆာ-ချာလီစ်က တကယ့်ကို အကောင်းကြိုက်တဲ့ တော်ဝင်မျိုးနွယ်ပဲ။ ကျုပ် ဆာ့ကို အားပေးတယ်။ မြို့တော်ရဲ့ နာမည်ကြီးပန်းကို အမြန်ဆုံး ဆွတ်ခူးနိုင်ပါစေလို့ ကျုပ် ဆုတောင်းပေးပါတယ်။ ”
ချန်လွေ့ စိတ်ထဲ တွေးလိုက်သည်။ ကြည့်ရတာ အစ်ဇဘယ်လာရဲ့ သရုပ်နဲ့ တန်ဖိုးက ခြားနားတဲ့ပုံပဲ။ အိုဆိုင်ဒန်က “ပေး”မယ်လို့ တိုက်ရိုက်မပြောဘဲနဲ့ “လိုက်” ဖို့အတွက် ငါ့ကို အားပေးခဲ့တယ်။ ကြည့်ရတာ ငါပေးခဲ့တဲ့ တန်ဖိုးက မလုံလောက်သေးတဲ့ပုံပဲ။
“ အရှင်မင်းကြီး ကျုပ်ကို ဒီတစ်ခေါက် အိမ်တစ်လုံး ဆုမချဘူးဆိုရင် အဲဒါက အကောင်းဆုံး အထောက်အပံ့ပါပဲ။ ”
ချန်လွေ့ ရယ်လိုက်သည်။
“ တကယ်တော့ သူနဲ့ကျုပ်က အခုဆို သာမန် မိတ်ဆွေတွေပဲ ရှိသေးတယ်။ ဒါပေမဲ့ ကျုပ်ဆီကို အန္တရာယ်များ အများကြီး ဦးတည်လာနေပြီ။ ”
“ မိစ္ဆာထောင်ခြောက်ပန်းဆိုတော့ ဆာ စိတ်ပြင်ဆင် ထားသင့်တယ်။ ”
အိုဆိုင်ဒန် ပြုံးရင်း ပြောသည်။
“ ဒါပေမဲ့ ဆာ စိတ်ချပါ။ ကျုပ်တို့ရဲ့ အစီအစဉ်ကို ဘာကမှ မနှောင့်ယှက်နိုင်ပါဘူး။ ဒီည စားသောက်ပွဲက....”
“ ခွင့်ပြုပေးပါ။ အရှင်မင်းကြီးရဲ့ ဧည်ခံညစာစားပွဲကို နောက်တစ်ချိန် ရွှေ့လို့ရနိုင်မလား။ ”
ချန်လွေ့သည် မည်သည့်စားသောက်ပွဲနှင့် မည်သည့်ကပွဲ၌မျှ ဝင်မပါချင်တော့ပေ။
“ ဒီတစ်ခေါက် ကျုပ်က အချိန်သိပ်မရဘူး။ ခဏနားပြီးရင် နတ်ဆိုးဘုံမှာ လေ့ကျင့်နေတဲ့ ကျုပ်ရဲ့ညီလေးကို သွားတွေ့ဖို့အတွက် လိပ်ပြာနီနယ်မြေဆီကို သွားရမယ်။ ကျုပ် ခမည်းတော်က သူ့ကိုလွှဲပေးဖို့ အရေးကြီးပစ္စည်းတွေ ပေးလိုင်တယ်။ ပြီးရင် ကျုပ် လူလားလောကဆီ ပြန်ပြီးတော့ အစီအစဉ်ရဲ့ အရေးအကြီးဆုံး အပိုင်းတွေကို ဆက်လုပ်ရမယ်။ ”
အိုဆိုင်ဒန် ခေါင်းညိတ်လိုက်သည်။
“ ရပါတယ်။ သိပ်မကြာခင် အဲဒီမဟာဆရာသခင်ရဲ့ အသိအမှတ်ပြုခံရမယ်လို့ မျှော်လင့်ပါတယ်။ ”
ချန်လွေ့ နန်းတော်မှ ထွက်သွားပြီး အစ်ဇဘယ်လာ၏ အိမ်သို့ ပြန်ရောက်လာခဲ့သည်။ ထို့နောက် လိပ်ပြာနီ နယ်မြေသို့ပြန်ရန် ပြောသည်။ အစ်ဇဘယ်လာ ခေါင်းညိတ်ပြီး အထူးလှည်းဖြင့် ပို့ပေးရန် ကမ်းလှမ်းခဲ့သည်။ သို့သော်လည်း ချန်လွေ့ ငြင်းလိုက်ပြီး မြင်းကောင်း တစ်ကောင်ကိုသာ တောင်းဆိုခဲ့သည်။ နေ့လယ်စာ အလောတကြီး စားပြီးနောက် မြင်းစီးကာ မြို့ထဲမှ တစ်ခါတည်း ထွက်သွားလိုက်တော့သည်။
အစီအစဉ်အရ ချန်လွေ့သည် ဆမ်မြူရယ်အား အပြစ်တင် မခံရစေရန်အတွက် စီစဉ်ပေးရမည် ဖြစ်သည်။ ယခင်တစ်ခေါက်က ဆမ်မြူရယ်သည် အဆင့်တက်ရန်အတွက် အရေးကြီးသော အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိခဲ့ရသည်။ သို့သော်လည်း အသေးစိတ်ကို ချန်လွေ့ လုံးဝ မသိပေ။ ထိုအချိန်က ချန်လွေ့သည် လိပ်ပြာနီ နယ်မြေမှ အမှောင်လမြို့သို့သာ တိုက်ရိုက် သွားခဲ့ရသည်။
ချန်လွေ့သည် မြင်းပေါ်တက်ပြီးနောက် မကြာမီ မြို့တော်မှ ထွက်ခွာသွားခဲ့သည်။ လမ်းသွား လမ်းလာများ တဖြည်းဖြည်း ရှားပါးလာသည်။ နှစ်နာရီကြာပြီး တောင်တန်းသို့ ပတ်သွားရသည့်အခါ အန္တရာယ်ရှိသော နိမိတ်တစ်ခု သူ၏နှလုံးသားထဲ၌ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
မြင်းကိုမရပ်ခင်ကိုပင် ကောင်းကင်ပေါ်မှ မီးတောက်များ ရောနှောနေသော ဥက္ကာပျံ အုပ်လိုက်ကြီး ရုတ်တရက် ဆင်းသက်လာ၏။ ၎င်းသည် ချန်လွေ့နှင့် မြင်းတို့ကို ချက်ချင်း ဝင်တိုးသွားခဲ့သည်။ မြေကြီးသည် မီးဒြပ်စင်၏ အစွမ်းထက်မှော် [ ဥက္ကာပျံမိုး ] ကြောင့် ပိပြားသွားခဲ့ပြီး ပြင်းပြင်းထန်ထန် အဆက်မပြတ် တုန်လှုပ်သွား၏။
နောက်ဆုံး၌ ဥက္ကာခဲများ တဖြည်းဖြည်း ရပ်တန့်သွားခဲ့သည်။ အနီးအနား လမ်းပေါ်တွင် အလွန်ကြီးမားသော တွင်းချိုင့်များ ဖြစ်သွားသည်။ ချန်လွေ့နှင့် မြင်းတို့၏အလောင်းကို မမြင်တွေ့ရပေ။ သွေးစက်များနှင့် အသားစအချို့ကိုသာ အနည်းငယ် မြင်တွေ့ခဲ့ရသည်။
“ ဟမ် ”
တစ်စုံတစ်ယောက်၏ အံ့အားသင့်သောအသံ ရုတ်တရက် ထွက်ပေါ်လာ၏။ ထို့နောက် ပုံရိပ် သုံးလေးခုက ရှေ့သို့ပြေးသွားပြီး လိုက်တော့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့သည် တောင်ခြေပတ်ဝန်းကျင်သို့ ရောက်သွားခဲ့သည်။
သေရေးရှင်ရေး အခိုက်အတန့်၌ ချန်လွေ့ အချိန်မီ ရှောင်တိမ်းနိုင်ခဲ့သည်။ သူသည် မှော်အစွမ်း အဝန်းအဝိုင်း၏ အဝေးသို့ သွားခဲ့သည်။ [ ဥက္ကာပျံမိုး ] ကြောင့် သေဆုံးသွားသည်မှာ သနားစရာ မြင်းကလေးသာ ဖြစ်သည်။
အဝိုင်းခံလိုက်ရကြောင်း ချန်လွေ့ သဘောပေါက်လိုက်သည်။ အစွမ်းထက် မှော်ပညာရှင် တစ်ယောက် ရှိနေရပေမည်။ ချန်လွေ့ ချက်ချင်းပင် တောင်ဆီသို့ ပြေးသွားလိုက်သည်။ သူသည် မြေနေရာကို အသုံးချပြီး အဝေးမှ မှော်စွမ်းအားကို ရှောင်တိမ်းချင်ခဲ့သည်။ သူ့ကို သတ်ရန် ကြိုးစားသူများက အပူတပြင်း လိုက်တော့သည်။
အဝေးမှ ဖြတ်သွားဖြတ်လာများက မီးတောက်ကဲ့သို့ ဥက္ကာပျံများ ပြုတ်ကျသည်ကိုသာ မြင်လိုက်ရသည်။ မြေပြင် တုန်ခါသွားပြီးနောက် ပုံရိပ်တစ်ခုက ဖျပ်ခနဲ ပျံသန်းကာ ပျောက်ကွယ်သွားခဲ့သည်။
ချန်လွေ့သည် တောအုပ်ထဲသို့ တစ်လျှောက်လုံး ပြေးသွားသည်။ မရင်းနှီးသော ပတ်ဝန်းကျင် ဖြစ်နေရာ သူ၏အမြန်နှုန်း လျော့ကျသွားခဲ့သည်။ ထို့နောက် ပုံရိပ်တစ်ခုက သူ၏အရှေ့သို့ ရုတ်တရက် ဖြတ်သန်းသွားပြီး တစ်ချိန်တည်းမှာပင် အနက်ရောင် စက်လုံးရောင်ခြည်ဖြင့် တိုက်ခိုက်ခဲ့သည်။ ချန်လွေ့သည် အဝေးမှနေ၍ ကြီးမားသော ဖိနှိပ်မှု အားတစ်ခုကိုသာ ခံစားခဲ့ရသည်။ သူ ရွေးစရာ မရှိတော့ဘဲ လှည့်ပြေးရတော့ဘဲ လှည့်ပြေးရတော့သည်။ လွဲချော်သွားသော အနက်ရောင်ခြည်သည် လူ၅ယောက် ဖက်၍ရသော ဧရာမသစ်ပင်ကြီးကို ထိမှန်သွားကာ အတွင်းမှ ဖောက်ခွဲလိုက်သကဲ့သို့ပင် ပေါက်ကွဲထွက်သွားခဲ့သည်။ အလယ်ဗဟို၌ ကြောက်မက်ဖွယ်ရာ အပေါက်တစ်ပေါက် ဖြစ်သွားပြီး သစ်အပိုင်းအစများ နေရာအနှံ့ လွင့်စင်သွားခဲ့သည်။ သစ်ပင် လဲကျသွားသည့်အခါ ကျွီးခနဲအသံ ထွက်လာ၏။
ချန်လွေ့သည် အနက်ရောင်ခြည်ကို ရှောင်လိုက်သော်လည်း နောက်ထပ် အစိမ်းရောင်ခြည်တစ်ခု ရောက်ရှိလာပြန်၏။ ၎င်းသည် အစွမ်းထက်ပုံ မရသော်လည်း ချန်လွေ့၏ အမူအရာသည် အနက်ရောင်ခြည်ကို ရင်ဆိုင်စဉ်ကထက် ပို၍လေးနက်နေသည်။ အစိမ်းရောင်ခြည် ဖြတ်သွားတိုင်း ဘေးဘက်မှ သစ်ပင်များ ၅ပိုင်း ဖြစ်သွားကြသည်။ ဖြတ်ရာများမှ အလွန်အမင်း ချောမွေ့လှပြီး အလွန်အမင်း ထက်မြက်သော ချီဖြင့် ဖြတ်ထားသကဲ့သို့ပင် ဖြစ်နေသည်။
သူ၏နောက်ဆွင် ကြီးမားလှသော မီးပင်လယ်တစ်ခုက တံတိုင်းတစ်ခုကဲ့သို့ပင် ဆက်လက်လောင်ကျွမ်းနေ၏။ ၎င်းတွင် မီးဒြပ်စင်များ၏ လောင်မြိုင်သော စွမ်းအားများ ပါဝင်နေပြီး ချန်လွေ့ကို နောက်မဆုတ်နိုင် ဖြစ်နေစေသည်။
“ မပြေးတော့ဘူးလား။ ”
အေးစက်စက် အသံတစ်သံ ထွက်လာ၏။ ၎င်းမှာ လက်ထဲ၌ အနက်ရောင်တုတ်တိုတစ်ချောင်း ကိုင်ဆောင်ထားသော အကောင်ကြီးကြီး အမျိုးသား တစ်ယောက် ဖြစ်သည်။ တုတ်ချောင်းတိုတွင် မြောက်မြားလှစွာသော ဆူးချွန်များပါရှိသည့် အလုံးတစ်လုံး ရှိပြီး အစွမ်း၌ သံချိန်းကြိုးတစ်ခု ရှိသည်။ ခုနက သစ်ပင်ကြီးကို အမှုန့်ဖြစ်အောင် ထုချေခဲ့သည်မှာ ထိုကြောက်မက်ဖွယ်ရာ တင်းပုတ်ကြီးပင် ဖြစ်လေသည်။
ထိုမှာ အမျက် တော်ဝင်မိသားစုမှ ဖြစ်သည်။ သူ၏ စွမ်းအား အကဲဖြတ်မှုမှာ [ B+ ] သို့ရောက်နေပြီး မဟာနတ်ဆိုးဘုရင်အဆင့် ထိပ်သီးပိုင်း ဖြစ်သည်။
ခန္ဓာအမျိုးအစား - [ B+ ]
ခွန်အား - [ B+ ]
စိတ်ဝိညာဉ် - [ C ]
မြန်ဆန်မှု - [ B - ]
အမျက်တော်ဝင် မိသားစုမှာ မိသားစုနာမည် ဆမ်မြူရယ်ဖြစ်သော တော်ဝင်မိသားစု ဖြစ်သည်။ အမျက်အင်ပါယာကို ထိုနှစ်များ၌ သွေးရောင် အင်ပါယာက ဖျက်ဆီးပစ်ခဲ့သည်။ ချန်လွေ့သည် အမှောင်လမြို့၌ နတ်ဆိုးဘုရင်အဆင့်ဖြစ်သော ချော်ရည်ပြာ နယ်မြေ၏ ခေါင်းနှစ်လုံးနဂါး ဗိုလ်ခြေ၏ ဒု-ခေါင်းဆောင် လာဗတ်နှင့် တိုက်ခိုက်ခဲ့ဖူးသည်။ အမျက်တော်ဝင်မိသားစု၏ [ သွေးဒေါသ ] ပါရမီမှာ အတော်လေး အထင်ကြီးစရာကောင်းလှသည်။ အချက်အလက်အရ ကြည့်ရလျှင် ထိုမှာ ခွန်အားသုံး ပြိုင်ဘက်ဖြစ်ကြောင်း ထင်ရှားနေပေသည်။
ထက်မြက်လှသောချီသည် ထူးဆန်းသော အင်္ကျီလက်ရှည် ဝတ်ဆင်ထားသည့် အမျိုးသမီးထံမှ ထွက်လာခြင်း ဖြစ်သည်။ သူ၏မျက်နှာမှာ အတော်လေး လှပသော်လည်း ဓားဒဏ်ရာတစ်ခု ရှိနေသည့်အတွက် မူလအသွင်အပြင်ကို ပျက်စီးသွားစေခဲ့သည်။ သူ၏ အနည်းငယ် စွေစောင်းနေသော မျက်လုံးများမှ အေးစက်သော သတ်ဖြတ်ချင်စိတ် အရှိန်အဝါ လျှံထွက်နေ၏။ [ သရုပ်ခွဲမျက်လုံး ] ၏ သရုပ်ဖော်ခြင်း မရှိဘဲနှင့်ပင် ချန်လွေ့သည် ထိုလက်ရှည်ဂါဝန်မှာ အထူး ချပ်ဝတ်တန်ဆာ တစ်ခုဖြစ်ကြောင်း သိနိုင်သည်။ သို့သော်လည်း ခုနက သစ်ပင်များကို ဖြတ်တောက်ခဲ့သည်မှာ အင်္ကျီလက်ရှည်လား၊ အင်္ကျီလက်ထဲ၌ ဝှက်ထားသော လက်နက်ထက်ထက် တစ်ခုလေလား ဆိုသည်ကို ချန်လွေ့ မသိပေ။
မျိုးနွယ် - မာနတော်ဝင်မိသားစု(သန္ဓေပြောင်း)။
စွမ်းအားအကဲဖြတ်မှု - [ B ]
ခန္ဓာအမျိုးအစား - [ B- ]
ခွန်အား - [ B ]
စိတ်ဝိညာဉ် - [ B ]
မြန်ဆန်မှု - [ B+ ]
[ ဥက္ကာပျံမိုး ] ကို အသုံးပြုခဲ့သော မှော်ပညာရှင်သည် လေထဲ သုံးမီတာခန့်တွင် ရပ်တန့်နေ၏။ လက်ထဲ၌ တုတ်ချောင်းရှည် တစ်ချောင်း ကိုင်ထားပြီး မျက်နှာမှာ အတော်လေး အိုမင်းရင့်ရော်နေသည်။
မျိုးနွယ် - မဟာနတ်ဆိုး(သန္ဓေပြောင်း)။
စွမ်းအားအကဲဖြတ်မှု - [ B+ ]
ခန္ဓာအမျိုးအစား - [ C ]
စိတ်ဝိညာဉ် - [ B+ ]
အမြန်နှုန်း - [ C+ ]
မဟာနတ်ဆိုးဘုရင်အဆင့် ထိပ်သီးပိုင်း ၂ယောက်နဲ့ မဟာနတ်ဆိုးဘုရင် အလတ်ပိုင်း တစ်ယောက်။ ပြီးတော့ သူတို့မှာ ခွန်အား၊ အမြန်နှုန်းနဲ့ အလှမ်းဝေး မှော်တိုက်ခိုက်မှုတွေ ရှိတယ်။ ဒီလိုမျိုး တိုက်ခိုက်ရေး စွမ်းအား ပေါင်းစည်းထားတာက တော်တော်လေး ကြောက်စရာကောင်းတယ်။ ဒီလိုမျိုး အန္တရာယ် အဆင့်က ဆာလ်ဖာ နဲ့ သွေးစုပ်ဖုတ်ကောင် နှစ်ကောင်ကို တိုက်ခိုက်ခဲ့ရတာထက် ပိုမြင့်တယ်။
“ တစ်ယောက် ရှိသေးတယ်။ ထွက်လာခဲ့။ နတ်ဆိုး ကုလားအုတ် ဖြစ်ချင်လို့လား။ ”
ချန်လွေ့၏အကြည့်က အခြားဘက်မှ သစ်ပင်ကြီး နောက်သို့ ရောက်ရှိသွားသည်။
“ ဟမ့်။ မင်းသေသွားရင် ဒီလိုမျိုး ဆက်ပြောနိုင်မလား ကြည့်ရသေးတာပေါ့။ ”
ရင်းနှီးသော အသံတစ်သံ ထွက်လာ၏။ ထို့နောက် ပုံရိပ်တဖြည်းဖြည်း ကြည်လင်လာခဲ့သည်။ အရပ်မြင့်မြင့်၊ ပိန်ပိန်ပါးပါးနှင့် ခန့်ညားသော ယောက်ျားတစ်ယောက်က အဖိုးတန်ချပ်ကာတစ်စုံ ဝတ်ဆင်ထားခြင်း ဖြစ်သည်။ ထို့ပြင် ထိုသူသည် လက်ထဲ၌လည်း လှလှပပ အလှဆင်ထားသော ဓားတစ်လက် ကိုင်ထား၏။ ၎င်းမှာ အမှန်တကယ်ပင် အစ်ဇဘယ်လာအရှေ့၌ ချန်လွေ့ အရှက်ခွဲခဲ့သော မြို့တော်၏ မိသားစုဟောင်း ဆက်ခံသူ လော်ဒန် ဖြစ်နေသည်။
“ မင်းပဲ။ ”
ချန်လွေ့ မျက်မှောင်ကြုတ်လိုက်သည်။
“ ငါက နန်းတော်ရဲ့ အကြီးတန်း အတိုင်ပင်ခံလေ။ မင်းက ငါ့ရဲ့ လုပ်ကြံရဲတယ်ပေါ့။ ဘုရင်ခံအိုဆိုင်ဒန် သိသွားမယ်ဆိုရင်....”
“ မြို့တော်ကို ဘုရင်ခံက ဦးစီးပေမဲ့ အရာအားလုံးကို သူက မဆုံးဖြတ်ဘူး။ ကိစ္စတော်တော်များများက ငါတို့ မိသားစုဟောင်းတွေရဲ့ စွမ်းအားနဲ့ ဆုံးဖြတ်ချက်ကနေ မလွတ်ကင်းကြဘူး။ ပြီးတော့ မင်းက တော်ဝင်မျိုးနွယ် မဟုတ်ဘူးလေ။ အတိုင်ပင်ခံ လေးပဲ။ မင်းက တကယ့် တော်ဝင်မျိုးနွယ် ဆိုရင်တောင် ငါမင်းကို သတ်ပစ်ဦးမှာပဲ။ အရင်တစ်ခေါက် အစ်ဇဘယ်လာအရှေ့မှာ မင်းငါ့ကို အရှက်ခွဲခဲ့တဲ့ အချိန်ကစပြီးတော့ မင်းက ရက်ရက်စက်စက် သေဖို့ကိန်းကြုံသွားခဲ့ပြီ။ ”
၎င်းကိုပြောနေရင်း လော်ဒန်သည် အလွန်အမင်း ဒေါသထွက်နေခဲ့သည်။ သူ၏ခန့်ညားသော မျက်နှာအသွင်အပြင်များပင် ပျက်ယွင်းသွားခဲ့သည်။
ယခင်တစ်ခေါက်က လော်ဒန်ကိုယ်တိုင် အရင် အလစ်တိုက်ခိုက်ခဲ့ပြီး အရှက်ကွဲခဲ့ရသည်။ သို့သော် မမျှော်လင့်ဘဲနှင့် သူသည် ချန်လွေ့ကို အပြစ်ပုံချခဲ့သည်။ လူချမ်းသာမိသားစုမှ ကလေး တစ်ယောက်ကို အကျိုးသင့်အကြောင်းသင့် ပြောရန် အသုံးမဝင်ကြောင်း သိသည့်အတွက် ချန်လွေ့ ပုံမှန်အတိုင်းပင် ပြုံးလိုက်သည်။
“ မင်း ငါ့ကို သတ်ချင်တယ်ဆိုတော့ သေဖို့ အရင် ပြင်ဆင်ထားသင့်တယ်။ ”
“ ဟန်ဆောင်မနေနဲ့တော့။ ”
လော်ဒန် သရော်ပြုံးပြုံးလိုက်သည်။
“ ငါ သတင်းအတိအကျ ရထားတယ်။ မင်းရဲ့စွမ်းအားက အများဆုံး မဟာနတ်ဆိုး ဘုရင်အဆင့် ထိပ်သီးပိုင်းပဲ။ မင်းက နတ်ဆိုးဧကရာဇ်အဆင့် မရောက်သေးဘူး။ မင်း ဒီနေ့ သေမှာ သေချာတယ်။ ”
ချန်လွေ့သည် အခြားတစ်ခုကို သတိထားမိသွားခဲ့သည်။ မြို့တော်သို့ သူရောက်ပြီး ထွက်သွားသည်အထိ သူသည် အစ်ဇဘယ်လာ၏ အိမ်သို့သာ သွားခဲ့ပြီး နန်းတော်၌ အိုဆိုင်ဒန်နှင့် တွေ့ဆုံခဲ့သည်။ ထို့နောက် အစ်ဇဘယ်လာ၏အိမ်သို့ ပြန်ကာ စားပြီး ထွက်သွားခဲ့သည်။ ထိုသို့ အချိန်တို အတွင်းမှာပင် လော်ဒန်သည် သူ၏လှုပ်ရှားမှုများကို သတိပြုမိပြီး ချောင်းမြောင်းတိုက်ခိုက်ရန် ပြင်ဆင်ခဲ့သည်။ ရွန်မယ်က သူ့ကိုပြဿနာ ရှာချင်နေကြောင်း အစ်ဇဘယ်လာ ပြောခဲ့သည်မှာ အလိမ်အညာ ဟုတ်ပုံမရပေ။
ရွန်မယ်က တော်တော်လေး ကောက်ကျစ်တယ်။ သူက ငါနဲ့ ရန်ငြိုးရှိတဲ့ လော်ဒန်ကို ဆွပေးခဲ့ပြီးတော့ နောက်မှာပဲ ပုန်းနေတယ်။ သူက တကယ့်ကို ဉာဏ်များတာပဲ။ ငါသူ့ကို “ မြို့တော်မြေခွေး” လို့ နာမည်ပြောင် ပေးလိုက်ရမလား။
အစ်ဇဘယ်လာ တမင်တကာ ပြောခဲ့တဲ့ သတင်း အချက်အလက်တွေအရတော့ ရွန်မယ်က မိသားစုဟောင်းရဲ့ ကိုယ်စားလှယ်တစ်ယောက်ပဲ။ အစ်ဇဘယ်လာရဲ့ နောက်ခံကတော့ အများကြီး နိမ့်ကျတယ်။ သူ့ကို ကွယ်လွန်သွားတဲ့ သူ့ခင်ပွန်း မိသားစုကြောင့်သာ အထက်တန်းလွှာက အသိအမှတ်ပြုကြတာ။
အိုဆိုင်ဒန်က ရွန်မယ်ကို ပိုကြောက်တယ်။ ဒါပေမဲ့ မြို့တော် မိသားစုဟောင်းရဲ့ ကြီးမားတဲ့စွမ်းအားကို စောင့်ထိန်းတဲ့အနေနဲ့ သူက အင်ပါယာ စစ်တပ်ကိစ္စတွေလိုမျိုး အရေးကြီးတာဝန်တွေကို ရွန်မယ်ဆီ လွှဲအပ်ရတယ်။
ရွန်မယ်က “ချာလီစ်”ရဲ့ ဇစ်မြစ်နဲ့ ငါ့အစီအစဉ်ကို သေသေချာချာ မသိနိုင်ဖို့များတယ်။
ဘယ်လိုပဲဖြစ်ဖြစ်ပါ။ အိုဆိုင်ဒန်နဲ့ မိသားစုဟောင်း ကြားက ပတ်သက်မှုက ဝှက်ထားတဲ့ ဇာတ်လမ်းတွေ အများကြီး ရှိနေတယ်။
ဥပမာပြောရရင် ငါ့အရှေ့က ဒီလူတွေက....
လော်ဒန်၏ မောက်မာသော အသံက ချန်လွေ့ကို စဉ်းစားနေရာမှ အစစ်အမှန်သို့ ပြန်ဆွဲခေါ်ခဲ့သည်။
“ အခုဆို မင်းမှာ ထွက်ပြေးဖို့ အခွင့်အရေး မရှိတော့သလို တောင်းပန်ဖို့လည်း အခွင့်အရေး မရှိတော့ဘူး။ ဒီလူတွေက သတ်ဖို့အတွက် ရောက်လာကြတာ။ ဒါပေမဲ့...ငါမင်းကို နောက်ဆုံး စကားပြောဖို့အတွက် အချိန်ပေးမယ်။ ”
“ စိတ်မကောင်းပါဘူး။ ငါက အစကတည်းက ထွက်ပြေးဖို့ မစဉ်းစားထားဘူး။ ”
ချန်လွေ့ အသာလေး ပြုံးလိုက်သည်။
“ ဘာလို့လဲဆိုတော့ ဒီလိုချောင်ကျတဲ့ နေရာမျိုးမှာ ငါ့ရဲ့အစွမ်းတွေကို လွတ်လွတ်လပ်လပ် သုံးလို့ရပြီလေ။ တကယ်တော့ အဲဒါကြောင့် ငါ တောင်းပန်ချင်တာပါ။ မင်းတို့အားလုံး သေရမယ်။ ”