မိစ္ဆာမျက်လုံး
Vol. 23 Ch. 331
ချန်လွေ့တွင် သတိထားနေရန် အချိန်မရှိတော့ပေ။ သူ၏ ခြေထောက်အောက်တွင် ခြေလှမ်းဖိနပ် ထွက်ပေါ်လာပြီး အသံအရင်းအမြစ်သို့ အရှိန်ကုန် ပြေးသွားလိုက်ရာ ခေါင်းကို ဆုပ်ကိုင်ထားရင်း အော်ဟစ်နေသော ပုံရိပ်ရေးရေးလေးတစ်ခုကို မြင်လိုက်ရသည်။
ထူးဆန်းစွာပင် ထိုသူ၏ အော်သံသည် မိစ္ဆာမျက်လုံးများကို မဆွဲဆောင်နေပေ။ ထိုကြောက်စရာကောင်းသော သတ္တဝါများလည်း အနီးအနား တစ်ဝိုက်တွင် မရှိကြပေ။
ချန်လွေ့ အနားကပ်လာရာ ၎င်းသည် အမှန်တကယ်ပင် လွန်ခဲ့သော သုံးလေးလခန့်က မြို့တော်သို့ ထွက်သွားသော ရိုမန်ဖြစ်ကြောင်း သိရှိသွားသည်။ ထိုအချိန်တွင် အဝေးမှ မိစ္ဆာမျက်လုံး၏ စိတ်ဝိညာဉ် လှိုင်းများလည်း လုံးဝ ပျောက်ကွယ်သွားသည်။ ရိုမန် အော်ဟစ်နေဆဲ ဖြစ်သည်။ သူ၏အော်သံသည် အက်ကွဲနေပြီ ဖြစ်သော်လည်း အဆုတ်ကွဲသည်အထိ အော်ချင်နေသကဲ့သို့ ဖြစ်နေကာ မရပ်တန့်ခဲ့ပေ။
“ ရိုမန် ”
ချန်လွေ့ သုံးလေးကြိမ် အော်ခေါ်ခဲ့သော်လည်း ရိုမန် လုံးဝ မတုံ့ပြန်ပေ။
ချန်လွေ့က ရိုမန်၏ ပုခုံးကို ပုတ်လိုက်သည်။ ထိုကဲ့သို့ အားလုံးဝမပါသော လှုပ်ရှားမှုသည် ရိုမန်၏ ခန္ဓာကိုယ်ကို ရုတ်တရက် ပြိုလဲသွားစေသည်။ ရိုမန် မောဟိုက်နေသော်လည်း လည်ချောင်းသံဖြင့် အော်ဟစ်နေဆဲပင် ဖြစ်သည်။
ရိုမန်၏ ခန္ဓာကိုယ်သည် အလွန်အားနည်းနေကြောင်း ချန်လွေ့ ခံစားလိုက်မိသည်။ ပို၍ ကြောက်စရာကောင်းသည်မှာ သူ၏ စိတ်ဝိညာဉ် ပြိုလဲလုမတတ်ဖြစ်နေပြီး ချန်လွေ့ကိုပင် မမှတ်မိတော့ခြင်းပင်။ ချန်လွေ့ အံကြိတ်ပြီး ရိုမန်ကို သတိလစ်အောင် ပြုလုပ်လိုက်သည်။
ထိုနေရာသည် အတော်လေး ကျယ်ဝန်းသော ဂူတစ်လုံး ဖြစ်သည်။ မှော်တဲအိမ်ကို ထုတ်ပြီးနောက် ချန်လွေ့သည် ရိုမန်ကို အထဲဆွဲခေါ်သွားကာ စိတ်ငြိမ်ဆေးရည်တစ်ပုလင်း တိုက်ပြီးနောက် စောင်ပါးပါးတစ်ထည်ဖြင့် ဖုံးထားပေးလိုက်သည်။
စိတ်ငြိမ်ဆေးရည်သည် လဲလှယ်ဌာနမှ ထုတ်လုပ်ပေးသော မဟာဆရာသခင်အဆင့် ဆေးရည် ဖြစ်သည်။ ၎င်းသည် ခံစားချက်ကို တည်ငြိမ်စေရုံသာမက စိတ်ဝိညာဉ်ကိုလည်း ငြိမ်းအေးစေသည်။ အကယ်၍ ရိုမန်သာ အမှန်တကယ် ရူးသွားခဲ့လျှင် စိတ်ငြိမ်ဆေးရည် အသုံးဝင်တော့မည် မဟုတ်ပေ။ ရိုမန်သည် ပြဿနာရှာလေ့ရှိသော်လည်း အပေါင်းအဖော်အတွက် အသက်ကို မတုံ့ဆိုင်းဘဲ စတေးမည့် ယုံကြည်ရသူတစ်ယောက်ဖြစ်ကြောင်း ချန်လွေ့ သေချာသိသည်။ ရိုမန်ကို မတည်မငြိမ်နှင့် သနားစရာအခြေအနေ၌ မြင်ရသည့်အခါ ချန်လွေ့သည် လက်မှ သွေးများထွက်လုနီးပါးအထိ လက်သီးကျစ်ကျစ်ဆုပ်လိုက်သည်။ ချန်လွေ့သည် အစ်ဇဘယ်လာအား သတ်ရမည့်စားရင်းထဲ ထည့်လိုက်တော့သည်။
အဲဒီရက်စက်တဲ့မိန်းမ သေရမယ်။
၃နာရီကြာပြီးနောက် ရိုမန် တဖြည်းဖြည်း နိုးလာသည်။ သို့သော်လည်း စိတ်ပြန်မလည်လာသေးပေ။ သူသည် သားရဲများ၏ ဟိန်းဟောက်သံနှင့် ဆင်တူသော “ဟီဟီ” အသံများသာ ပြုလုပ်နိုင်သည်။ စိတ်ငြိမ်ဆေးရည် အလုပ်ဖြစ်ပုံ မရချေ။
ရိုမန် ထိုကဲ့သို့ ဖြစ်နေရခြင်းမှာ မြေအောက်အသိုက်ထဲ၌ ပြည့်နှက်နေသော မိစ္ဆာမျက်လုံးများ၏ ကြောက်မက်ဖွယ်ရာ စိတ်ဝိညာဉ် စွမ်းအားကြောင့် ဖြစ်နိုင်သည်။ ချန်လွေ့ စိုးရိမ်နေရင်း မယ်ဂရီဇ်အခြေအနေ၏ စွမ်းအားကိုသုံးပြီး သူ၏အသံကို မျဉ်းတစ်ခုအဖြစ် သိပ်သည်းအောင်ပြုလုပ်ရန် ရုတ်တရက် တွေးမိလိုက်သည်။ ချန်လွေ့သည် ရိုမန်၏ နားထဲ၌ ဒေလီယာ၏နာမည်ကို ထပ်ကာထပ်ကာ အော်ဟစ်နေခဲ့သည်။
သူသည် မယ်ဂရီဇ် အခြေအနေကို အပြည့်အဝ မဆုပ်ကိုင်နိုင်သေးသော်လည်း ထိုစွမ်းအားတွင် ပိုင်နက်အရိပ်အယောင်တစ်ခု ရှိနေသည်။ ထိုအသံသည် ရိုမန်၏အသိစိတ်ထဲသို့ ဖောက်ဝင်သွားရာ ရိုမန်၏ ဟိန်းဟောက်သံများ တဖြည်းဖြည်း လျော့ကျသွားသည်။ ထို့နောက် ၎င်းသည် ပြင်းထန်သော ရှိုက်သံအဖြစ် ပြောင်းလဲသွားကာ အော်ဟစ်လာပြန်သည်။ သေချာသည်မှာ စိတ်ဝိညာဉ်လောကထဲ၌ ပြင်းထန်သော တိုက်ပွဲတစ်ပွဲ ဖြစ်နေခြင်းပင်။
အချိန်အတော် ကြာပြီးနောက်တွင် ဆိုးဝါးသော အခြေအနေကို သက်သာအောင် ပြုလုပ်နိုင်သွားခဲ့သည်။
“ ခေါင်းဆောင်လား..... ”
ရိုမန်၏ အက်ကွဲကွဲအသံသည် အတော်လေး အားနည်းနေ၏။
“ နောက်ဆုံးတော့ မင်း နိုးလာပြီပဲ။ ”
ချန်လွေ့ စိတ်သက်သာရာရသွားပြီး ထိုကဲ့သို့ စိတ်ဝိညာဉ်စွမ်းအားကို အဆက်မပြတ် ထိန်းချုပ်နေရခြင်းမှာ ပင်ပန်းလှသည့်အတွက် လက်ကို လွှတ်လိုက်သည်။
“ ငါ ဗိုက်ဆာတာ သေတော့မယ်.....။ သောက်ဖို့ ဝိုင်နည်းနည်းပေး..... ”
“ ဒီလိုအချိန်မှာတောင် မင်းက သောက်ဖို့စဉ်းစားနေသေးတယ်။ မင်း သေသွားရမှာ။ ”
ချန်လွေ့က အစာခြောက်အချို့ထုတ်ပြီး ရေထဲထည့်ကာ ကျိန်ဆဲလိုက်သည်။ ထို့နောက် မီးဖြင့် ဆူသည်အထိ ချက်ပြုတ်ပြီး ရိုမန်ကို ကျွေးလိုက်သည်။
စားပြီးနောက် ရိုမန် အနည်းငယ် ပြန်ကောင်းလာသည်။ သူသည် မြေပေါ်၌ အားနည်းစွာ လှဲလျောင်းနေလိုက်သည်။
“ ငါမင်းကို နောက်တစ်သက် အကြွေးတင်ခဲ့ပြီ။ ငါက ယောက်ျားတွေကို မကြိုက်ပေမဲ့ လိုအပ်ရင် ငါမင်းကို ငါ့ရဲ့ခန္ဓာကိုယ် ပေးဆပ်မှာပါ။ ”
“ ဘာပေးဆပ်မှာလဲ။ ”
ချန်လွေ့က ရိုမန်ကို ခပ်ကြမ်းကြမ်း ခေါင်းခေါက်လိုက်သည်။
“ ရွံစရာကောင်။ ”
သို့သော်လည်း ရိုမန်သည် ရွံစရာကောင်းအောင် ပြုလုပ်နိုင်နေပြီဖြစ်သည့်အတွက် ပြန်ကောင်းနေလောက်လေပြီ။
ယခုတွင် ရိုမန်၌ ရှောင်တိမ်းရန် အားအင်မရှိသည့်အတွက် ပြုံးဖြီးဖြီးသာ လုပ်၍ရသည်။
“ ဘယ်လိုပဲဖြစ်ဖြစ်ပါ။ ငါမင်းကို အသက်ကြွေး တင်ထားတယ်။ အကြွေးတင်တဲ့သူက ဦးလေး ဖြစ်ပြီးတော့ အကြွေးတောင်းတဲ့သူက မြေးလို့ မင်းပြောခဲ့တယ် မဟုတ်လား..... ”
“ မင်းရဲ့အားကို ချန်ထားပြီးတော့ မြန်မြန် သက်သာအောင်လုပ်။ ငါတို့ပြေးရမယ်။ ”
ချန်လွေ့က ရိုမန်နှင့် စကားမများခဲ့ပေ။
“ ဒီမိစ္ဆာမျက်လုံး အသိုက်ထဲမှာ ဘာမိန်းမလှမှ မရှိဘူး။ ခုနက ငါရောက်လာတုန်းက မိစ္ဆာမျက်လုံးတွေ ဝိုင်းခံရပြီးတော့ မလွတ်တော့မလို့။ ”
“ မင်းဘာလို့ ဒီကို ရောက်လာတာလဲ.... ”
“ ငါ့ရဲ့အစီအစဉ်က တစ်ဝက်အောင်မြင်သွားပြီ။ ဒီတစ်ခေါက် မြို့တော်က လိပ်ပြာနီဆီ ပို့လိုက်တဲ့ သံတမန်က တကယ်ကြီး အစ်ဇဘယ်လာ ဖြစ်နေတယ်။ လမ်းမှာတုန်းက ဒီမှာ တစ်ယောက်ယောက်ကို လာရှာဖို့ သူပြောခဲ့တယ်။ အဲဒီလူက မင်းဖြစ်နေမယ်လို့ ငါမထင်ထားခဲ့ဘူး။ ”
ချန်လွေ့ အံကြိတ်ပြီး ပြောလိုက်သည်။
“ အဲဒီရက်စက်တဲ့ မိန်းမက မင်းကို ဒီလိုဖြစ်အောင် လုပ်ခဲ့တယ်။ ငါ့ရဲ့အစီအစဉ် အောင်မြင်သွားရင် ငါအရင်ဆုံး သတ်ပစ်မှာ သူပဲ။ ”
ရိုမန် ခေါင်းခါသည်။
“ တကယ်တော့ သူ့ကို အပြစ်တင်လို့ မရပါဘူး။ ”
“ မင်းက အဲဒီမိန်းမရဲ့ ပြုစားတာ ခံလိုက်ရတာလား။ ”
ထိုအဖြေသည် ချန်လွေ့ မျှော်လင့်ထားသည်ထက် ကျော်လွန်နေ၏။
“ မင်းပြောတဲ့ မိန်းမက.... ”
ရိုမန် ခါးသက်သက်နှင့် ပြုံးလိုက်သည်။
“ ... တကယ် ငါ့အဖေရဲ့ ညီမပဲ။ ”
ချန်လွေ့ မျက်မှောင်ကြုတ်ပြီး ပြောသည်။
“ အဲလိုသာဆိုရင် သူကဘာလို့ မင်းကို ဒီလို ကြောက်စရာကောင်းတဲ့နေရာဆီ သွားဖို့ လှည့်စားခဲ့တာလဲ။ ”
“ ဒီနေရာကို... ငါ့သဘောနဲ့ငါ လာခဲ့တာ။ ”
ရိုမန် ဖြည်းဖြည်းချင်း ထိုင်လိုက်သည်။
“ ဒီနေရာက စွမ်းအား ရရှိဖို့အတွက် ဖြတ်လမ်း တစ်ခုပဲ။ ”
“ ဖြတ်လမ်းလား။ ”
ချန်လွေ့ မျက်မှောင်ကြုတ်လိုက်သည်။
“ အဲဒီမိစ္ဆာမျက်လုံးတွေကို အသုံးချပြီးတော့ စိတ်စွမ်းအားကို သွေးဖို့လား။ မင်းကိုငါမြင်တုန်းက မင်း ဘယ်လိုဖြစ်နေလဲဆိုတာ သိရဲ့လား။ မင်း ခုနက မနိုးလာခဲ့ဘူးဆိုရင် သေချာပေါက် ဒေလီယာက မုဆိုးမ ဖြစ်သွားမှာပဲ။ ”
“ ငါ စိတ်ပြင်ဆင်ပြီးသားပါ။ ဘယ်ဖီဂေါ တော်ဝင်မိသားစု သမိုင်းကြောင်းမှာ ဒီနည်းလမ်းသုံးပြီး လေ့ကျင့်တဲ့သူအများစုက သေသွားကြတယ်။ တချို့ကတော့ ရူးသွားကြတယ်။ တစ်သောင်းမှာ တစ်ယောက်ပဲ အောင်မြင်တတ်တာ။ ”
ရိုမန်၏မျက်လုံးများ တည်ငြိမ်သွားခဲ့သည်။
“ တစ်သောင်းပုံတစ်ပုံပဲ မျှော်လင့်ချက် ရှိတယ်ဆိုရင်တောင် ငါဒါကို လက်မလွှတ်နိုင်ဘူး။ ”
“ မင်း ဘာကိုဆိုလိုတာလဲ။ ”
“ ဒါက ဘယ်ဖီဂေါ တော်ဝင်မိသားစုရဲ့ လျို့ဝှက်ချက်တစ်ခုပဲ။ ဒါပေမဲ့ အခုပြောလိုက်လည်း ဘာမှမဖြစ်ပါဘူး။ ပျင်းရိခြင်းတော်ဝင်မိသားစုက ပျက်သုဉ်းသွားပြီပဲ။ ”
ရိုမန်က အားတင်းပြီး လက်ကိုမြှောက်ကာ ဘယ်မျက်လုံးကို လက်ညှိုးထိုးပြလိုက်သည်။
[ မိစ္ဆာမျက်လုံး ] .... မိစ္ဆာမျက်လုံး။ ချန်လွေ့ ရုတ်တရက် တစ်ခုခုကို တွေးမိသွားသည်။ ဒီအခေါ်အဝေါ်နှစ်ခုမှာ ပတ်သက်မှု တစ်ခုခု ရှိနေမလား။
“ ခေါင်းဆောင် တစ်ခုခု တွေးမိသွားပြီထင်တယ်။ ”
ရိုမန်သက်ပြင်းချလိုက်သည်။
“ [ မိစ္ဆာမျက်လုံး ] ကို နတ်ဆိုးဘုရားသခင်ရဲ့ ဘယ်မျက်လုံးလို့ ပြောကြတယ်။ ဒါက ဖောက်ထွင်းမြင်နိုင်တာတင် မဟုတ်ဘူး။ မိစ္ဆာအဆိပ်ကတော့ လှည့်ကွက်အသေးလေးပါပဲ။ အဲဒီလိုသာဆိုရင် ဘယ်လိုလုပ်ပြီးတော့ [ မိစ္ဆာမျက်လုံး ] က စိတ်ဝိညာဉ်ပိုင်နက် ဖန်တီးနိုင်တဲ့ [ နတ်မိစ္ဆာမျက်လုံး ] လောက် နာမည်ကျော်ကြားမှာလဲ။ အခုငါ့မှာ နိုးထနေတာက [ မိစ္ဆာမျက်လုံး ] ရဲ့ မူလစွမ်းအားဖြစ်တဲ့ [ မိစ္ဆာဝင်ရောက်ခြင်း ] ပဲ။ အချို့ သန္ဓေပြောင်းသွေးမျိုးဆက်ရှိတဲ့ သူတွေကတော့ ပိုမြင်တဲ့အဆင့်ဖြစ်တဲ့ [ မိစ္ဆာဖျက်ဆီးခြင်း ] ကို တစ်ခါတည်း ပိုင်ဆိုင်နိုင်တယ်။ ကံဆိုးချင်တော့ ငါက သန္ဓေပြောင်းသန္ဓေပြောင်းသွေးမျိုးဆက်ရှိတဲ့ တော်ဝင်မိသားစုက မဟုတ်တဲ့အတွက် ပါရမီ သိပ်မကောင်းဘူး။ အဲဒါကြောင့် [ မိစ္ဆာဖျက်ဆီးခြင်း ] စွမ်းအားကို ရချင်တယ်ဆိုရင် မိစ္ဆာမျက်လုံးရဲ့စွမ်းအားကို အသုံးပြုရမယ်။ ”
[ မိစ္ဆာမျက်လုံး ] ၏ အငွေ့အသက်စွမ်းအားတွင် မိစ္ဆာမျက်လုံးကို အထောက်အပံ့ပေးနိုင်သော စိတ်ဝိညာဉ်စွမ်းအား ထုတ်လုပ်နိုင်သည့် လျို့ဝှက်ဆန်းကြယ်သော အချိတ်အဆက်တစ်ခုရှိပြီး ထိုကြောက်မက်ဖွယ်ရာ နတ်ဆိုးသားရဲများကို သက်တောင့်သက်သာ ဖြစ်စေသည်။
မိစ္ဆာမျက်လုံးများက [ မိစ္ဆာမျက်လုံး ] ရှိသော ဘယ်ဖီဂေါ တော်ဝင်မိသားစုကို စတင်မတိုက်ခိုက်သရွေ့ ရန်သူအဖြစ် မသတ်မှတ်ကြပေ။ မိစ္ဆာမျက်လုံး၏ စိတ်ဝိညာဉ်စွမ်းအားသည် [ မိစ္ဆာမျက်လုံး ] ကို လေ့ကျင့်ပေးနိုင်ပြီး နောက်တစ်ဆင့်သို့ ဆင့်ကဲပြောင်းလဲရန် လှုံ့ဆော်ပေးနိုင်သည်။
၎င်းသည် နှစ်ဦးနှစ်ဖက် အကျိုးရှိစေသော ပတ်သက်မှုတစ်ခုပင် ဖြစ်သည်။
သို့သော်လည်း မိစ္ဆာမျက်လုံး၏ စိတ်ဝိညာဉ်စွမ်းအားသည် ဘယ်ဖီဂေါမိသားစုအတွက် အကျိုးထက် အန္တရာယ်က ပိုများနေသည်။ ထိုကဲ့သို့ စိတ်ဝိညာဉ် “လေ့ကျင့်ရေး”သည် ချန်လွေ့ တွေ့ကြုံခံစားခဲ့ရသော [ စိတ်သန့်စင်ခြင်း ] နှင့် အနည်းငယ် ဆင်တူသည်။ ၎င်းသည် ခန္ဓာကိုယ်၏ အလားအလာနှင့် စိတ်စွမ်းအားကို လှုံ့ဆော်ပေးပြီးကြီးမားသော ဖိအားကိုအသုံးပြုကာ အလွန်အန္တရာယ်များသော အခြေအနေ၌ တစ်ဆို့မှုကို ချိုးဖောက်ထွက်ခြင်း ဖြစ်သည်။ သတိတစ်ချက် လွတ်သွားသည်နှင့် စိတ်ဝိညာဉ်ကုန်ခမ်းပြီး သေဆုံးသည်အထိ ဖြစ်နိုင်သည်။ ကံကောင်း၍ အသက်ရှင်သွားသည့်တိုင် အများစုမှာ ရူးသွပ်ပြီး အာရုံကြောဆိုင်ရာ ဖရိုဖရဲ ဖြစ်သွားကြသည်။ ထိုကဲ့သို့ ငရဲသဖွယ် လေ့ကျင့်ရေးကို အမှန်တကယ် အောင်မြင်သူ အနည်းငယ်သာ ရှိသည်။
အစ်ဇဘယ်လာသည် ရိုမန်အား အရိပ်လေပြေ ဘွတ်ဖိနပ်၏ တည်နေရာပြောရန် သဘောတူခဲ့ပြီး [ မိစ္ဆာဖျက်ဆီးခြင်း ] စွမ်းအားရရှိရန် အထောက်အပံ့ ပေးခဲ့သည်။ ရိုမန်သည် ထရီဗန်တီ မြေအောက် အပျက်အစီးထဲ၌ မိစ္ဆာမျက်လုံးအသိုက်ရှိကြောင်း အစ်ဇဘယ်လာထံမှ သိရှိသွားခဲ့သည့်အတွက် ဤနေရာသို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။
“ မင်းမှာ လေ့ကျင့်ရေးအတွက် အချိန်အများကြီး ရှိပါတယ်။ ပြီးတော့ ဒီနည်းလမ်းက အန္တရာယ်များလွန်းတယ်။ ဒီကနေ အရင်ထွက်သွားကြရအောင်။ ခုနက မင်း ရူးသွားတော့မလို့။ ”
အကယ်၍ ချန်လွေ့သာ တိုက်တိုက်ဆိုင်ဆိုင် ဤနေရာသို့ အမြန်မရောက်လာခဲ့လျှင် ရိုမန် လုံးဝ စိတ်နောက်သွားလိမ့်မည် ဖြစ်သည်။
“ ငါ မသိဘူး။ ”
ရိုမန်က ခိုင်မာစွာ ခေါင်းခါလိုက်သည်။
“ ငါ့မှာ သန္ဓေပြောင်း သွေးမျိုးဆက် မရှိဘူး။ မင်းလိုမျိုးလည်း မှော်ဆန်တဲ့ အမွေအနှစ် မရှိဘူး။ ဒါက အထိရောက်ဆုံး ဖြတ်လမ်းပဲ။ ပြီးတော့ ငါ ဖရိုဖရဲ ဖြစ်မသွားခင် အဆင့်တက်တော့မယ့် အရိပ်အမြွက် တစ်ခု မြင်ခဲ့ရတယ်။ ငါအသက် ဆက်ရှင်မယ်ဆိုရင် [ မိစ္ဆာဖျက်ဆီးခြင်း ] စွမ်းအားကို ရရှိနိုင်တယ်။ ငါသေမယ်ဆိုရင်တောင် ဒီအခွင့်အရေးကို လက်လွှတ်မှာ မဟုတ်ဘူး။ ”
“ မင်းမှာ တစ်သက်ပဲ ရှိတာလေ။ ”
ချန်လွေ့ ဒေါသတကြီး ပြောလိုက်သည်။
“ မင်း ဒေလီယာကို ဝမ်းနည်းစေချင်တာလား။ ”
“ မင်း နားမလည်ပါဘူး။ ”
ရိုမန် ရုတ်တရက် ခံစားချက်ပြင်းထန်သွားပြီး မြေပြင်ကို လက်သီးဖြင့် ထိုးလိုက်သည်။
“ ဒေလီယာ အိမ်မက်ဆိုးကနေ နိုးလာပြီးတော့ ငါ့လက်မောင်းထဲမှာ ကြက်သီးထနေခဲ့တဲ့ အချိန်တွေ အများကြီး ရှိခဲ့တယ်။ သူက [ ဝိညာဉ်လက်ထိပ် ] ရဲ့ နှိပ်စက်မှုကို တော်တော်လေး ခံစားနေရတာ။ အဲဒါက တော်တော်ပြင်းထန်တယ်။ ပြီးတော့လည်း [ ဝိညာဉ်လက်ထိပ် ] ကြောင့် ငါ့အဖေ ဘယ်လိုခံစားခဲ့ရပြီးတော့ ငါ့အရှေ့မှာပဲ သေသွားခဲ့တာကို ငါမြင်ခဲ့ပြီးပြီ။ ဒေလီယာရဲ့ [ ဝိညာဉ်လက်ထိပ် ] ကို ဖယ်ရှားဖို့နဲ့ ငါ့အဖေအတွက် လက်စားချေနိုင်ဖို့ ဘရော့ခ်ကို ငါသတ်ပစ်ရမယ်။ ”
ရိုမန်၏ဒေါသကို မြင်သည့်အခါ ချန်လွေ့ တိတ်ဆိတ်သွားခဲ့သည်။ သူသည် ဒေလီယာနှင့် ရိုမန်၏ နာကျင်မှုကို သေသေချာချာမသိပေ။ အသီနာပင် ၎င်းကို မသိပေ။ ရိုမန်သည် တစ်နေ့လုံး လူလိမ်လူကောက်ကဲ့သို့ ဖြစ်နေပြီး ဒေလီယာလည်း အဆင်ပြေနေပုံရသည်။ အမှန်တကယ်၌ ယခင်နတ်မိစ္ဆာနှင့်ယှဉ်လျှင် ဒေလီယာသည် ရိုမှန်နှင့်အတူ အတော်လေး ပျော်ရွှင်ရသည်။ သို့သော်လည်း ထိုပျော်ရွှင်မှုနောက်ကွယ်မှ နာကျင်မှုသည် ပို၍ပင် ဆို့နင့်လာသည်။
ချန်လွေ့ ပင့်သက်ရှိုက်လိုက်သည်။
“ မင်း မရမက လုပ်မှတော့ ငါလည်းမင်းကို ဒီမှာ အဖော်လုပ်ပေးရတာပေါ့။ အနည်းဆုံးတော့ ဒေလီယာဆီ အလောင်းကောင် ဒါမှမဟုတ် အရူးကောင်ကို ပြန်ခေါ်သွားပေးလို့ရတယ်။ ”
“ ခေါင်းဆောင်မှာ တော်တော်လေး အရေးကြီးတဲ့ အစီအစဉ်တစ်ခု ရှိတယ်မလား။ ”
“ ဟမ့်။ မင်းကိုယ်မင်း အဟုတ်ကြီး ထင်မနေနဲ့။ မင်းလို ပမွှားလေးက ငါ့ရဲ့အစီအစဉ်ကို လွှမ်းမိုးနိုင်မယ်လို့ ထင်နေတာလား။ ”
ရိုမန်က ချန်လွေ့ကို ခဏကြာကြည့်ပြီးနောက် ရုတ်တရက် ပြုံးဖြီးဖြီးလုပ်လိုက်သည်။
“ ခေါင်းဆောင်။ ငါမင်းကို ချစ်တဲ့မျက်လုံးနဲ့ ကြည့်ရမလား။ ”
“ ထွက်သွား။ ”
ချန်လွေ့က ရွံရှာသည့်အမူအရာ ပြသလိုက်၏။
“ [ မိစ္ဆာဖျက်ဆီးခြင်း ] အကြောင်း ငါ့ကို ပြောပြ။ မင်း တစ်ခုခု ဖုံးကွယ်ထားတယ်ဆိုတာ ငါမသိဘူး ထင်မနေနဲ့။ မင်းငါ့ကို အမှန်အတိုင်းမပြောရင် ငါစိတ်ပြောင်းရလိမ့်မယ်။ ”
“ ငါက ခေါင်းဆောင်အရှေ့မှာဆိုရင် အဝတ်မပါတဲ့ လူတစ်ယောက်လိုပဲ..... ”
ရိုမန်၏ ရှက်ရွံ့သော အမူအရာသည် အမှောင်ထဲရှိ ခေါင်းဆောင်ဖြစ်သူ၏ မယုံကြည်နိုင်သော မျက်လုံးများကို ကွယ်လုနီးပါး ဖြစ်သွားစေခဲ့သည်။
“ တကယ်တော့ အခြားဘာမှ မရှိပါဘူး။ [ မိစ္ဆာဖျက်ဆီးခြင်း ] ကို ရဖို့ပဲ လိုတာပါ။ ပြီးရင် အနည်းဆုံး အဆင့်တူတဲ့ မိစ္ဆာမျက်လုံးတစ်ကောင်ကို ဖမ်းပြီးတော့ စွမ်းအားပေါင်းစပ်ဖို့ပဲ..... ”
မိစ္ဆာမျက်လုံးအသိုက်ထဲမှာ မဟာနတ်ဆိုးဘုရင်အဆင့် တစ်ကောင်ကို အရှင်ဖမ်းဖို့လား။ ချန်လွေ့သည် လေလုံးထားသော ထိုမျက်ခွက်ကို ထပ်ကာထက်ကာ ပစ်ထိုးချင်နေခဲ့သည်။
အမှန်တကယ်၌ ထိုအဆင့်သည် အလွန်ပင် အရေးကြီးလှသည်။ ဖမ်းဆီးထားသော မိစ္ဆာမျက်လုံး၏ အဆင့်ပိုမြင့်လေလေ၊ ပိုကောင်းလေလေပင် ဖြစ်သည်။ သန္ဓေပြောင်းမှုတစ်ခုခု ဖြစ်လာသည်အထိ အောင်အောင်မြင်မြင် ပေါင်းစည်းနိုင်မည်ဆိုလျှင် ပါရမီစွမ်းအား၏ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနိုင်ပေမည်။ ထို့အပြင် သူသည် မိစ္ဆာမျက်လုံး အများအပြားအား လက်အောက်ခံများအဖြစ် တိုက်ခိုက်ရန် စေခိုင်းနိုင်မည် ဖြစ်သည်။
နတ်ဆိုးမျက်လုံး တစ်အုပ်စု စိတ်ဝိညာဉ်စွမ်းအားနှင့် ရောင်ခြည်များ အတူတူ ထုတ်လွှတ်သည့် အံ့ဩဖွယ်ရာမြင်ကွင်းကို မြင်ယောင်ကြည့်လိုက်ပါ......
၎င်းမှာ နတ်ဆိုးဘုရားသခင်၏ ဘယ်မျက်လုံး ဖြစ်သော [ မိစ္ဆာမျက်လုံး ] အစစ်အမှန်ပင် ဖြစ်လေသည်။
အကယ်၍ ရိုမန်သာ ထိုစွမ်းအားကို အမှန်တကယ် ရရှိနိုင်လျှင် ထိုစစ်တပ်ကို တားဆီး၍ရနိုင်တော့မည် မဟုတ်တော့ပေ။
* မိစ္ဆာမျက်လုံးက သတ္တဝါ ၊ [ မိစ္ဆာမျက်လုံး ] က အစွမ်းလို့ မှတ်ပါ။ *