[ မိစ္ဆာဖျက်ဆီးခြင်း ] နှင့် ဘုရင်
Vol. 23 Ch. 332
၅ကြိမ်မြောက် ရှိလေပြီ။
မိစ္ဆာမျက်လုံးအသိုက်မှ စိတ်ဝိညာဉ်စွမ်းအားကို ဆွဲယူရန် ရိုမန် မည်သည်ကိုအသုံးပြုကြောင်း ချန်လွေ့ သေချာမသိပေ။ သို့ရာတွင် ထိုကဲ့သို့ စိတ်ဝိညာဉ်စွမ်းအားမျိုးသည် ချန်လွေ့ ယခင်တွေ့ကြုံ ခဲ့သည်ထက် ပို၍ကြီးမားသည်။ သို့သော်လည်း ၎င်းသည် ရိုမန်မှလွဲ၍ အခြားသူများအတွက် အန္တရာယ်မရှိပေ။ ရိုမန်၏ ဘယ်မျက်လုံးတွင် စိတ်ဝိညာဉ်စွမ်းအား အကုန်လုံးကို စုပ်ယူနေသော ဝဲကတော့တစ်ခု ရှိနေသကဲ့သို့ ဖြစ်နေသည်။
ရိုမန်အတွက် ၎င်းသည် အိပ်မက်ဆိုးတစ်ခု၏ အစပိုင်းပင် ဖြစ်သည်။ ၎င်းသည် အချိန်တိုင်း ပြင်းထန်သော မတွေးနိုင်ဖွယ်ရာ နာကျင်မှုကို ဖြစ်စေပြီး တစ်ကိုယ်တည်း တိုက်ပွဲလည်း ဖြစ်သည်။ ရိုမန်သည် ၎င်းကို ကိုယ်တိုင်သိမ်းပိုက်ပြီး ဖိနှိပ်နိုင်မှသာ ကျော်လွှားနိုင်ပေမည်။
ချန်လွေ့သည် ထိုနာကျင်မှုကို ကောင်းကောင်း နားလည်သည်။ သူကိုယ်တိုင်သည် ထိုကဲ့သို့ ဆင်တူသော အဖြစ်အပျက်များကို [ စိတ်သန့်စင်ခြင်း ] ၌ အကြိမ်များစွာ ကြုံတွေ့ခဲ့ရသည်။ အထူးသဖြင့် ၂လကျော် အိပ်မောကျသွားခဲ့သည့်အချိန်၌ ဖြစ်သည်။ ထိုအချိန်များထဲတွင် ချန်လွေ့ ပြိုလဲပြီး သေလုနီးပါးဖြစ်ခဲ့သော အကြိမ်များစွာ ရှိခဲ့သည်။
ချန်လွေ့၏ စွမ်းအားနှင့်ဆေးဝါး အသုံးပြုမှုကြောင့်သာ မဟုတ်လျှင် တတိယအကြိမ်၌ ရိုမန်သည် လုံးဝပြိုလဲသွားတော့မည် ဖြစ်သည်။ သို့သော်လည်း ထိုအချိန်၌ ရိုမန်ကို ကယ်တင်နိုင်ခဲ့ခြင်းသည် ကံကောင်း၍သာ ဖြစ်သည်။ ဤကဲ့သို့ လေ့ကျင့်ရေး၌ ပြင်ပအကူအညီသည် အနည်းကျဉ်းသာ အသုံးဝင်ပြီး မိမိကိုယ်မိမိ အားကိုးရန်သာ အရေးကြီးဆုံး ဖြစ်သည်။
သို့မဟုတ်ပါက ပြန်လည်ရှင်သန်ခြင်းဆေးရည် ရှိသည့်တိုင် ချန်လွေ့သည် စိတ်ယိုယွင်းနေသော သက်ရှိအလောင်းကောင်ကိုသာ ကယ်တင်နိုင်မည် ဖြစ်သည်။ ရိုမန်သည် အော်ဟစ် အင်အားမရှိသလို လှည့်ရန်လည်း အားအင် မရှိပေ။ သူ၏ခန္ဓာကိုယ်သည် ချွေးအေးများ ဖုံးလွှမ်းနေပြီး မထိန်းချုပ်နိုင်ဘဲ တရွရွဖြစ်နေ၏။ သူ၏ဘယ်မျက်လုံးများ ခြောက်သွားသောသွေးများ ပြန်ယိုလာသည်။ ရိုမန်သည် အံကြိတ်လျက်ရှိနေပြီး သူ၏လည်ချောင်းမှ နာမည်အချို့ ရံဖန်ရံခါ ထွက်လာသည်။ ၎င်းသည် သူ၏စိတ်စွမ်းအားကို အထောက်အပံ့ဖြစ်စေရန် အသိပေးခြင်းဖြစ်ပြီး အကြီးမားဆုံးနှင့်နောက်ဆုံး ထောက်တိုင်လည်း ဖြစ်သည်။
အများစုမှာ ဒေလီယာ၏နာမည်နှင့် ရိုမန်၏ အဖေနာမည်များဖြစ်ပြီး အခြားမသိသေးသော နာမည်များလည်း ပါရှိသည်။ အံ့အားသင့်စွာပင် ချန်လွေ့ နှင့် အသီနာတို့လည်း ထိုအထဲ၌ ပါရှိသည်။
ချန်လွေ့ လက်သီးဆုပ်လိုက်သည်။ ဒါက ငါ့ရဲ့ လုပ်ဖော်ကိုင်ဖက်ပဲ။ ဒါပေမဲ့ ကံဆိုးချင်တော့ ငါအခုလုပ်နိုင်တာက ကြည့်နေရုံပဲ။
အစပိုင်းက ၂လလောက် ငါ သတိလစ်နေတုန်းက သူလည်း ဒီလိုမျိုး ခံစားနေရလောက်တယ်။
မြေပေါ်မှ သွေးစက်များ တဖြည်းဖြည်း ကျယ်ပြန့်လာသည်။ ပိတ်ထားသောမျက်လုံးမှ ထိုမျှလောက် သွေးများ ယိုစီးလာသည်မှာ ယုံရခက်ခက်ပင် ဖြစ်သည်။ သာမန်လူသားတစ်ယောက်သာဆိုလျှင် သွေးထွက်လွန်ပြီး သေဆုံးသွားလေပြီ။ ရိုမန်၏ အရေပြားပေါ်၌ ကြောက်မက်ဖွယ်ရာ ယိုယွင်းမှုများ ပေါ်ထွက်လာပြန်ပြီး အတွင်းထဲ၌ တစ်ခုခု တွားသွားနေသကဲ့သို့ ဖြစ်သည်။ ဖောင်းကားနေသော အစိတ်အပိုင်းအချို့တွင် သွေးကြောနှင့် အက်ကြောင်များရှိပြီး အချိန်မရွေး ပေါက်ထွက်နိုင်သကဲ့သို့ ဖြစ်နေသည်။ အရေးကြီးသော အခိုက်အတန့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ချန်လွေ့သိသည်။ ယခင်က ရိုမန်သည် ထိုအဆင့်၌ ပေါက်ကွဲပြီး သေလုမတတ်ဖြစ်ခဲ့သည်။ ချန်လွေ့လည်း စိုးရိမ်တကြီးနှင့် သေသေချာချာ စောင့်ဆိုင်းနေသည်။ သူသည် အချိန်မရွေး ကယ်တင်ရန် အဆင်သင့် ဖြစ်နေခဲ့သည်။
ရိုမန်၏ခန္ဓာကိုယ် ပြင်းပြင်းထန်ထန် တုန်ခါလာသည်။ “ ဝုန်း ဝုန်း ဝုန်း ” အသံများနှင့်အတူ ရိုမန်သည် ရုတ်တရက်ပင် သွေးလူသား ဖြစ်သွားသည်။ ထိုကဲ့သို့ ဆိုးဝါးသောအခြေအနေသည် ယခင်က မဖြစ်ဖူးခဲ့သည့်အတွက် ချန်လွေ့ ထိတ်လန့်သွားခဲ့သည်။ ချန်လွေ့က ရိုမန်ကို ကယ်တင်ရန် ပြင်လိုက်သည့်အခါ သွေများသည် ရုတ်တရက်ပင် သွေးမြူနှင်းအဖြစ် ပြောင်းလဲသွားတော့သည်။ ၎င်းသည် ရိုမန်ကို လွှမ်းခြုံသွားပြီး သွေးမြူနှင်းထဲ၌ နတ်ဆိုးသားကဲ့သို့ ထူးဆန်းသော ပုံရိပ်တစ်ခု တဖြည်းဖြည်း ဖြစ်ပေါ်လာသည်။ သို့သော်လည်း ထိုပုံရိပ်သည် ဝေဝေဝါးဝါးသာဖြစ်ပြီး အသေးစိတ် အသွင်အပြင်များ မထင်ရှားခဲ့ပေ။ အချိန်တချို့ ကြာလာသောအခါ .... ပုံရိပ် တဖြည်းဖြည်း ကြည်လင်လာတော့သည်။
မူလက ထိုကဲ့သို့ မထင်ထားသော အပြောင်းအလဲသည် အောင်မြင်မှုလက္ခဏာတစ်ခု ဖြစ်သင့်သည်။ သို့သော် ရိုမန်၏ ခန္ဓာကိုယ်သည် ပုံရိပ်ပြီးပြည့်စုံခြင်းကို ထောက်ပံ့နိုင်ပုံမရဘဲ ခြောက်သွေ့နေသော အလောင်းကောင်ကဲ့သို့ပင် သာမန်မျက်လုံးဖြင့်မြင်နိုင်သော အမြန်နှုန်းဖြင့် ရှုံ့တွနေတော့သည်။
ရိုမန်၏ အသက်ဓာတ် အလျင်အမြန် အားနည်းလာကြောင်း ချန်လွေ့ ခံစားနေရပြီး ၎င်းသည် မျက်စိတစ်မှိတ်အတွင်းမှာပဲ အဆုံးစွန်အထိ အားနည်းနေပြီ ဖြစ်သည်။ တဖြည်းဖြည်း ထင်ရှားလာသော နတ်ဆိုးသားရဲ ပုံရိပ်မှာလည်း စတင်ပြိုလဲလာသည်။ ၎င်းမှာ အသေအချာပင် သေဆုံးခြင်း လက္ခဏာတစ်ရပ် ဖြစ်သည်။ ချန်လွေ့ ဆုံးဖြတ်ချက် ချလိုက်ပြီး ပြန်လည်ရှင်သန်ခြင်း ဆေးရည်တစ်ပုလင်း လဲလှယ်ကာ ရိုမန်၏ ရှုံ့တွနေသော ခန္ဓာကိုယ်ပေါ်သို့ တိုက်ရိုက် ပက်ဖြန်းလိုက်သည်။ ထို့နောက်တွင် ထိုပြိုလဲနေသော “ အလောင်းခြောက်” ၏ အသက်ဓာတ် ရုတ်တရက် ပိုမိုအားကောင်းလာ၏။ ရိုမန်၏ ခန္ဓာကိုယ်နှင့် အသက်ဓာတ်တို့ တစ်ဆင့်ချင်း ပြန်ကောင်းလာကြသည်။ ကံကောင်းစွာပင် ချန်လွေ့သည် ရိုမန်အား သေရာမှ ပြန်ခေါ်နိုင်ခဲ့ပုံရသည်။
သွေးမြူနှင်းဖြင့် ဖွဲ့စည်းလာသော နတ်ဆိုးသားရဲ၏ ပုံရိပ်သည် အတော်လေး ထင်ရှားလာသည်။ ၎င်းမှာ ရှေ့ဘက်လက်နှစ်ဖက်သည် ထက်မြက်သော ဓားနှစ်ချောင်းကဲ့သို့ ဖြစ်နေသည့် ရှိခိုးကောင်နှင့် ဆင်တူပေသည်။
“ ရှိခိုးကောင် ” တာရာရဲ့ “မှော်စစ်သည်” လား။
ချန်လွေ့ ကြက်သေသေသွား၏။ ထိုပုံရိပ်သည် တစ်ခဏသာကြာပြီး သွေးမြူနှင်းထဲ၌ ပျောက်ကွယ်သွားတော့သည်။ သွေးမြူနှင်းလည်း အလျင်အမြန်ပင် ရိုမန်၏ ဘယ်မျက်လုံးသို့ ပြန်ရောက်လာခဲ့သည်။
အချိန်အတော်ကြာပြီးမှသာ...... ရိုမန်၏ ပိတ်ထားသော မျက်လုံးများ ဖြည်းဖြည်းချင်း ပွင့်လာပြီး မျက်လုံးထဲမှ ထူးဆန်းသော အနီရောင် ရောင်ခြည်တစ်ခု လက်ခနဲ ဖြစ်သွားသညါ။ ထိုမျက်လုံးကို စိုက်ကြည့်လိုက်သည့်အခါ ချန်လွေ့သည် ဝိညာဉ် တုန်ခါသွားသကဲ့သို့ ခံစားလိုက်ရသည်။
ချန်လွေ့က ကာကွယ်ရန် စွမ်းအားစုစည်းနေစဉ် ရိုမန်၏ မျက်လုံးများ ပြန်ကောင်းလာ၏။ သူ၏ အမူအရာသည် နွမ်းနယ်နေသော်လည်း မျက်လုံးများမှာ စိတ်လှုပ်ရှားမှုနှင့် ပျော်ရွှင်မှုများ အရောင်တောက်နေလေသည်။
ချန်လွေ့ ရွှင်ပျသွားသည်
“ မင်း အောင်မြင်ခဲ့လား။ ”
“ ဟီးဟီး။ဒါပေါ့။ ငါ့ကို ဘယ်သူထင်လဲ။ [ မိစ္ဆာမျက်လုံး ] မှာ [ မိစ္ဆာဖျက်ဆီးခြင်း ] စွမ်းအား ရှိနေပြီ။ ဒါပေမဲ့ အသားကျအောင် တဖြည်းဖြည်း အချိန်ယူရမယ်။ ”
ရိုမန်၏အကြည့်က ချန်လွေ့၏လက်ထဲရှိ ပုလင်းအလွတ်ပေါ်သို့ ရောက်ရှိသွားပြီး အသာလေး ခေါင်းခါလိုက်သည်။
“ ခုနက.... အဲဒါ ပြန်လည်ရှင်သန်ခြင်း ဆေးရည်လား။ ”
ချန်လွေ့က နောင်တရဟန် ပြလိုက်သည်။
“ ဟုတ်တယ်။ မဟာဆရာသခင်ရဲ့ အမွေအနှစ် ရှိတာတောင် ဒါကို ရဖို့အတွက် ခက်ခဲတယ်။ ဒါကို မင်းလို အဟောင်းပစ္စည်းပေါ်မှာ ဖြုန်းမိသွားပြီ။ ”
အဟောင်းပစ္စည်းဟူသော အဓိပ္ပာယ်ကို ရိုမန် နားမလည်သော်လည်း ၎င်းသည် ချီးမွမ်းသော အသုံးအနှုန်းမဟုတ်ကြောင်း သိသည်။ ထို့ကြောင့် သူက ချက်ချင်းပင် နောင်တရကြောင်း ဖော်ပြလိုက်သည်။
“ ပြန်လည်ရှင်သန်ခြင်း ဆေးရည်က ဘဝမှာ တစ်ခါပဲ သုံးလို့ရတာ။ ဒါပေမဲ့ မင်းက ငါ့ရဲ့ အဖိုးတန်တဲ့ ပထမဆုံးအကြိမ်ကို တကယ်ကြီး ယူသွားခဲ့တယ်။ ဒေလီယာ ဒါကိုသိရင် ဝမ်းနည်းနေမှာပဲ..... ”
ချန်လွေ့ ကြောင်သွား၏။
“ မင်းဆက်ပြီး ရွံစရာကောင်းအောင် လုပ်မယ်ဆိုရင် ငါမင်းကို စိတ်ကြွဆေး ပေးပြီးတော့ ယောက်ျားချင်းကြိုက်တဲ့ နှာဘူးအုပ်ထဲ ပစ်ထည့်ပေးလိုက်မယ်။ ”
ရိုမန် ကြက်သီးထသွားတော့သည်။
“ ခေါင်းဆောင်....ဒါက တော်တော်လေး ရက်စက်တယ်။ မင်းက တကယ့်နတ်ဆိုးပဲ။ ”
“ အပိုတွေ ပြောမနေဘဲနဲ့ [ ဖြည့်တင်း ] ဆေးရည် သောက်လိုက်။ ပြီးရင် တစ်ခုခုစားပြီး နားလိုက်ဦး။ ငါတို့တွေ မိစ္ဆာမျက်လုံး ဖမ်းရဦးမယ်။ အစ်ဇဘယ်လာအတွက် အချိန်အကန့်အသတ်က ၃ရက်ပဲ။ ငါတို့ မြန်မယ်ဆိုရင် အချိန်မီလောက်တယ်။ ”
ရိုမန် ဆက်မပြောတော့ဘဲ ချက်ချင်းပင် စွမ်းအား ပြန်ပြည့်အောင် ပြုလုပ်တော့သည်။ ယခုအချိန်၌ သူသည် သေရာမှ လွတ်မြောက်လာခဲ့ပြီး အောင်အောင်မြင်မြင် အဆင့်တက်သွားခဲ့သည်။ ထို့အပြင် နတ်ဆိုးဘုံကို တုန်လှုပ်စေနိုင်သော အဖိုးတန်ဆုံး ဆေးရည်တစ်ပုလင်းကိုလည်း သောက်ခဲ့ရသည်။ သို့သော်လည်း သူသည် ချန်လွေ့ကို ကျေးဇူးတင်စကားတစ်လုံးမှ မပြောဘဲ စိတ်ထဲ၌ အသိအမှတ် ပြုခဲ့သည်။ ထိုသူသည် ရွှင်ပျဟန်တူပြီး အရှက်မရှိဟန်တူသော်လည်း ခံစားချက် အစစ်အမှန်ကို ဖော်ပြရာ၌ မတော်လှပေ။ ထို့အပြင် မိတ်ဆွေများအကြား၌ အချို့စကားလုံးများမှာ မလိုအပ်ပေ။
မူလက ရိုမန်၏ အဆင့်တက်ခြင်းသည် စွမ်းအား အားလုံးကို ကုန်ခမ်းလုနီးပါး ဖြစ်သွားစေခဲ့သည်။ သို့သော်လည်း အဆင့်အမြင့်ဆုံး ပြန်လည်ရှင်သန်ခြင်း ဆေးရည်၏ သက်ရောက်မှုများမှာ ထူးခြားလှသည်။ သူ၏ အသစ်စက်စက် ရရှိထားသော [ မိစ္ဆာဖျက်ဆီးခြင်း ] စွမ်းအားနှင့်ပေါင်းလိုက်လျှင် သူ၏လက်ရှိအခြေအနေမှာ အတော်လေး တည်ငြိမ်နေ၏။ သို့သော်လည်း ယခင်က သူ၏စိတ်ဝိညာဉ် ကုန်ခမ်းသွားခဲ့သည်။ သုံးလေးနာရီ အနားယူပြီးနောက် ရိုမန်သည် အတော်များများ နလန်ပြန်ထူလာခဲ့သည်။ ထို့နောက်တွင် သူသည် သူ့ထက်အဆင့်မနိမ့်သော မိစ္ဆာမျက်လုံး တစ်ကောင်ကို ဖမ်းဆီးရန် လိုအပ်သည်။ အကယ်၍ အရာအားလုံး ချောချောမွေ့မွေ့ ဖြစ်သွားခဲ့လျှင် ထိုမိစ္ဆာမျက်လုံးသည် စိတ်ဝိညာဉ်ခန္ဓာကိုယ်ပုံစံ ဖြစ်သွားပြီး ရိုမန်ကို တစ်သက်လုံး အဖော်ပြုပေးမည့် [ မိစ္ဆာမျက်လုံး ] ၏ သားရဲအဖော် ဖြစ်သွားပေလိမ့်မည်။ သူတို့နှစ်ယောက်သည် စာချုပ်ပစ္စည်းများ ဖြစ်သွားကြပြီး စွမ်းအားချင်း မျှဝေကာ အတူတူ ဆင့်ကဲပြောင်းလဲကြမည် ဖြစ်သည်။ [ မိစ္ဆာမျက်လုံး ] က မိစ္ဆာမျက်လုံးဘုရင်၏ နောက်ထပ်စွမ်းအားကို သဘောပေါက်သွားခဲ့လျှင် တစ်သက်သာ သားရဲအဖော်နှင့် ပေါင်းစပ်သွားမည်ဖြစ်ပြီး စွမ်းအားနိမ့်သော မိစ္ဆာမျက်လုံးများကို ထိန်းချုပ်နိုင်ပေမည်။ ထိန်းချုပ်နိုင်မည့် အရေအတွက်မှာ စွမ်းအားနှင့် အချိုးကျမည် ဖြစ်သည်။
ရိုမန်သည် [ မိစ္ဆာဖျက်ဆီးခြင်း ] စွမ်းအားကို သဘောပေါက်သွားသော်လည်း စွမ်းအား အလုံးစုံမှာ မဟာနတ်ဆိုးဘုရင်အဆင့် ကနဦးပိုင်း၌သာ ဖြစ်သည်။ သို့သော်လည်း [ မိစ္ဆာဖျက်ဆီးခြင်း ] စွမ်းအားကို ရရှိပြီးနောက် သူသည် အဆင့်သေး တစ်ခုကို အလျင်အမြန် ချိုးဖျက်သွားနိုင်ပေမည်။ နတ်ဆိုးဧကရာဇ်အဆင့်အတွက် အဓိကသော့ချက်မှာ ပိုင်နက်စွမ်းအားအပေါ်၌ အမှီပြုသည်။ ၎င်းမှာ အတော်လေး စောလှသည်။
မိစ္ဆာမျက်လုံး အသိုက်ထဲ၌ မဟာနတ်ဆိုးဘုရင်အဆင့်ကို ဖမ်းဆီးရန် မလွယ်ကူပေ။ အကြောင်းမှာ ထိုသတ္တဝါများသည် ရန်စခံရလျှင် အတူတူ ပူးပေါင်းပြီး ပြန်တိုက်ခိုက်ကြသောကြောင့် ဖြစ်သည်။ ရိုမန် ပြောသည့်အတိုင်းဆိုလျှင် ထိုထဲတွင် နတ်ဆိုးဧကရာဇ်အဆင့် မိစ္ဆာမျက်လုံးဘုရင် တစ်ကောင်ရှိသည်။ [ မိစ္ဆာမျက်လုံး ] သည် အဆင့်မြင့် မိစ္ဆာမျက်လုံး၏ အငွေ့အသက်ကို ထုတ်လွှတ်နိုင်သော်ပြီး အေးအေးချမ်းချမ်း နေနိုင်သော်လည်း ရန်လိုခြင်း ကင်းမဲ့ရမည် ဖြစ်သည်။ ရန်လိုခြင်းကို မိစ္ဆာမျက်လုံးများ ခံစားမိသည်နှင့် [ မိစ္ဆာမျက်လုံး ] အတွက်ပင် တိုက်ခိုက်မှုများကို ရှောင်တိမ်းရန် မဖြစ်နိုင်ပေ။
ဥပမာပြောရလျှင် အကယ်၍ ဒီလုံးငှက်က မိချောင်းကို သတ်ချင်သည်ဆိုလျှင် မိချောင်းက ပါးစပ်ထဲ၌ ၎င်းကို အစာရှာခွင့် ပေးမည်လား။ ၎င်း၏ခန္ဓာကိုယ်တစ်ခုလုံး အစိတ်စိတ်အမွှာမွှာ ဖြစ်ကာ ဝါးစားခံလိုက်ရပေမည်။
ထို့ကြောင့် ရိုမန်နှင့် ချန်လွေ့တို့သည် သားကောင်ကို အမြန်ဆုံးဖမ်းကာ ထွက်ပြေးမှ ရပေတော့မည်။ သို့မဟုတ်ပါက မိစ္ဆာမျက်လုံးဘုရင် သတိထားမိသွားခဲ့လျှင် ထွက်ပြေးရန်အတွက်ပင် ပြဿနာတစ်ရပ် ဖြစ်သွားလောက်ပေမည်။
ရိုမန်၏ အားသာချက်မှာ ရန်လိုမှု မဖော်ပြသရွေ့ မိစ္ဆာမျက်လုံးများ၏ တိုက်ခိုက်ခြင်းကို မခံရခြင်း ဖြစ်သည်။ ထို့ကြောင့် သူတို့နှစ်ယောက်၏အကြံမှာ “ကျူးကျော်သူ” အဖြစ် အမှတ်အသားပြု ခံထားရသော ချန်လွေ့ကို ငါးစာအနေဖြင့် အသုံးချပြီး တိုက်ခိုက်မှုများကို ဆွဲဆောင်ရန် ဖြစ်သည်။ ထိုစဉ် ရိုမန်သည် မဟာနတ်ဆိုးဘုရင်အဆင့်ရှိသော မိစ္ဆာမျက်လုံးတစ်ကောင်ကို အခွင့်အရေး စောင့်ဆိုင်းကာ ဖမ်းဆီးမည် ဖြစ်သည်။
ထို့ကြောင့် ယခင်ပျောက်ဆုံးသွားသော “သားကောင်”သည် မိစ္ဆာမျက်လုံးများ၏ မြင်ကွင်းထဲသို့ ပြန်လည်ဝင်ရောက်လာခဲ့သည်။ ချန်လွေ့သည် မည်သည့် စိတ်ဝိညာဉ် အဆက်အသွယ်စွမ်းအားကိုမျှ တမင်ထုတ်စရာ မလိုအပ်ပေ။ အလွန်အမင်း ရန်ငြိုးထားသော မိစ္ဆာမျက်လုံးအချို့က အဖော်များနှင့်အတူ ချန်လွေ့ထံ ပျံဝဲလာတော့သည်။ ချန်လွေ့သည် အလှမ်းဝေး ရောင်ခြည်တိုက်ခိုက်မှုများကို ရှောင်တိမ်းရင်း မိစ္ဆာမျက်လုံးများကို ဆွဲဆောင်ရန်နှင့် နှောင့်ယှက်ရန်အတွက် အစားကြူးနွယ်ပင်များကို ထုတ်လွှတ်လိုက်လေသည်။
မိစ္ဆာမျက်လုံးများသည် ထိုဉာဏ်များသော သားကောင်၏ သိသာသော ရန်စမှုများကို အလွန်ဒေါသထွက်သွားပြီး လိုက်ကြတော့သည်။
အလင်းရောင် တောက်ပနေမည်ဆိုလျှင် အရှိန်မြန်ပြေးနေသော ပုံရိပ်တစ်ခုနောက်သို့ မိစ္တာမျက်လုံးများ အတန်းလိုက် ပျံဝဲနေသည်ကို မြင်ရမည် ဖြစ်သည်။ ထိုမြင်ကွင်းသည် အတော်လေး ရယ်စရာကောင်းလှသော်လည်း ချန်လွေ့ ကိုယ်တိုင်သည် မည်သည့် ပျော်ရွှင်မှုကိုမျှ မခံစားရပေ။ အမြန်နှုန်းသည် မိစ္ဆာမျက်လုံးများအတွက် အားနည်းချက်ဖြစ်သော်လည်း ချန်လွေ့သည် သူတို့၏ စိတ်ဝိညာဉ်စွမ်းအားထက် ပို၍မြန်မြန် မရွေ့လျားနိုင်ပေ။ သူတို့က ရောင်ခြည်သုံးခုနှင့် စိတ်ဝိညာဉ်လှိုင်းတစ်ခု ပစ်လွှတ်လိုက်သည်။ ကံကောင်းစွာပင် ချန်လွေ့သည် ဒြပ်စင်ခုခံ သားရေချပ်ကာဝတ်ဆင်ထားပြီး ရောင်ခြည်နှစ်ခုမှာ နတ်ဆိုးဘုရင်အဆင့် မိစ္ဆာမျက်လုံးက ပစ်ခြင်း ဖြစ်သည့်အတွက် ထိခိုက်မှု မရှိခဲ့ပေ။ သို့သော်လည်း မိစ္ဆာမျက်လုံး၏ ခုခံမှုကို ဆန့်ကျင်သော ပါရမီမှာ လွန်ကဲလွန်းလှပေသည်။ ထိုစိတ်ဝိညာဉ်လှိုင်းသည် ချန်လွေ့၏ စိတ်ဝိညာဉ် ခုခံမှုကို ဖောက်ထွင်းသွားပြန်ပြီး သတိလုမတတ် ဖြစ်သွားစေခဲ့သည်။
ချန်လွေ့က မိမိသည် မြေအကျဉ်းခန်း၌ မကောင်းဆိုးဝါးများကို ဆွဲဆောင်ပြီး ခုခံနေသည့် လူသားဒိုင်းကာတစ်ခုနှင့် ပို၍တူလာသည်ဟု ခံစားမိလိုက်သည်။ ပြဿနာမှာ သူ၏သွေးကို ဖြည့်ပေးမည့် ကုသသူ မရှိခြင်းပင် ဖြစ်သည်။ ထို့ပြင် မကောင်းဆိုးဝါးများကို သတ်ပစ်နိုင်သော အထွက်စွမ်းအားမြင့် အဖွဲ့သားလည်း မရှိပေ။ ရိုမန် ပစ်မှတ်ကိုရှာတွေ့ပြီး တစ်ချက်တည်း အနိုင်ယူနိုင်/မနိုင်ကိုလည်း ချန်လွေ့ မသိပေ။ မိစ္ဆာမျက်လုံးများ၏ ပါရမီမှာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှပြီး အရေအတွက်လည်း ဆက်လက်တိုးပွားလာခဲ့သည်။ မိစ္ဆာမျက်လုံးဘုရင် ရောက်လာခဲ့လျှင် ထိုသနားစရာ နှစ်ယောက်သားသည် အသေအချာပင် အတူတူ အသတ်ခံရမည် ဖြစ်ပေသည်။
ရိုမန်သည် မိစ္ဆာမျက်လုံး အုပ်စုနောက် လိုက်လာခဲ့သည်။ သူထုတ်လွှတ်နေသော [ မိစ္ဆာမျက်လုံး ] အငွေ့အသက်သည် မိစ္ဆာမျက်လုံးများ၏ စိတ်ဝိညာဉ်စွမ်းအား သုံးစွဲခြင်းအတွက် အထောက်အပံ့တစ်ခု ဖြစ်သည့်အတွက် မိစ္ဆာမျက်လုံးများသည် ရိုမန်ကို ရန်မပြုခဲ့ကြပေ။ သို့သော်လည်း ရိုမန်တွင် အခွင့်အရေး တစ်ခုသာရှိသည်။ သူ လွဲချော်သွားသည်နှင့် သူ၏ခေါင်းဆောင်နှင့်အတူ ထွက်ပြေးရန်သာ တတ်နိုင်တော့ပေမည်။
ရိုမန်သည် အုပ်စုကြီးနောက်၌ မဟာနတ်ဆိုးဘုရင်အဆင့် အလတ်ပိုင်းဖြစ်သော မိစ္ဆာမျက်လုံးတစ်ကောင်ကို ရှာတွေ့သွားခဲ့သည်။ ယေဘုယျအားဖြင့်ပြောရလျှင် စိတ်ဝိညာဉ်ခန္ဓာကိုယ်ကို အဖော်ပြုမည့် နတ်ဆိုးသားရဲသည် ပို၍စွမ်းအားထက်လျှင် ပိုကောင်းပေမည်။ အကြောင်းမှာ တစ်သက်သာ စိတ်ဝိညာဉ်ခန္ဓာကိုယ် အဖော်သည် သူနှင့်အတူ စွမ်းအား မျှနေမည့်အတွက်ကြောင့်ပင် ဖြစ်သည်။ ဆိုလိုသည်မှာ ထိုစွမ်းအားသည် အနာဂတ်တွင် ပုံမှန်ထက် ပို၍နှေးကွေးစွာ တိုးလာမည် ဖြစ်သည်။ သူ၏စွမ်းအားသည်လည်း ပို၍ ကောင်းလာပေမည်။
ချန်လွေ့နောက်လိုက်ရန် အာရုံထားပြီး တစ်ကောင်ပြီးတစ်ကောင် မိစ္ဆာမျက်လုံးများ လိုက်လာနေစဉ်တွင် ရိုမန် လှုပ်ရှားတော့သည်။ သူသည် တစ်ချိန်တည်းမှာပင် လေမှော်ကျွမ်းကျင်မှု နှင့် သွေးမျိုးဆက်ပါရမီ [ လျှပ်တပြက် ] တို့ကို အသက်သွင်းလိုက်သည်။ မဟာနတ်ဆိုးဘုရင်အဆင့် မိစ္ဆာမျက်လုံး ရုတ်တရက် ပေါ်ထွက်လာသောအခါ လေဒြပ်စင်ဖြင့် ချုပ်တည်းခံလိုက်ရသည်။ တစ်ချိန်တည်းနီးပါးမှာပင် ရိုမန်၏ ပုံရိပ်သည် မိစ္ဆာမျက်လုံးနောက်ဘက်၌ ပေါ်ထွက်လာပြီး ဧရာမ မျက်လုံးရှိသောခေါင်းကြီးကို လက်သီးဖြင့် ပစ်ထိုးလိုက်တော့သည်။
မိစ္ဆာမျက်လုံး၏ စိတ်ဝိညာဉ်စွမ်းအားမှာ မဟာနတ်ဆိုးဘုရင်အဆင့် ထိပ်သီးပိုင်းသို့ ရောက်ရှိနေပြီဖြစ်သည့်အတွက် အန္တရာယ်ကို သဘောပေါက်သည်။ သို့သော်လည်း ထိုအဖြစ်အပျက်များမှာ ရုတ်တရက် ဖြစ်လာသည့်အတွက် ရှောင်တိမ်းရန် နောက်ကျသွားပြီး ရိုမန်က ၎င်းကို တည့်တည့် ပစ်ထိုးလိုက်သည်။
သို့ရာတွက် သူ၏လက်သီးသည် မိစ္ဆာမျက်လုံးနှင့် ၁၀ စင်တီမီတာခန့်၌ ရပ်တန့်သွားခဲ့သည်။ အကြောင်းမှာ မိစ္ဆာမျက်လုံးအရှေ့၌ ပါးလွှာသော ဒိုင်းကာတစ်ခု ရှိနေခြင်းကြောင့်ပင် ဖြစ်၏။ လျှပ်စီးကဲ့သို့ လက်သီးချက်သည် ထိုဒိုင်းကာအား တုန်ခါရုံသာ ဖြစ်စေခဲ့ပြီး မဖောက်ထွင်းနိုင်ခဲ့ပေ။
“ မှော်ဒိုင်းကာလား။ သောက်ရမ်းဒုက္ခပေးတဲ့ သန္ဓေပြောင်း ပါရမီပဲ။ ”
မိမိ အကြာကြီး ပစ်မှတ်ထားနေသော သားကောင်သည်တွင် ထိုကဲ့သို့ သန္ဓေပြောင်းပါရမီ ရှိလိမ့်မည်ဟု ရိုမန် မထင်မှတ်ထားခဲ့ပေ။ မိစ္ဆာမျက်လုံးအများအပြားသည် နောက်ဘက်မှ ထူးခြားမှုကို ခံစားမိလိုက်ပြီး လှည့်လာကြသည်။ တိုက်ခိုက်ခံရသော မိစ္ဆာမျက်လုံးက ချက်ချင်းပင် အထူးစိတ်ဝိညာဉ် ဆက်သွယ်မှုဖြင့် ရိုမန်၏ အပြုအမူကို ပြောပြလိုက်ရာ မိစ္တာမျက်လုံးများ ဒေါသတကြီး ပျံဝဲလာတော့သည်။
ရိုမန် ထိတ်လန့်သွားပြီး စွမ်းအားအထွက်နှုန်းကို အလျင်အမြန် တိုးမြှင့်တော့သည်။ သို့သော်လည်း မိစ္ဆာမျက်လုံး၏ သန္ဓေပြောင်းပါရမီက ဖန်တီးထားသော ထိုမှော်ဒိုင်းကာမှာ အလွန်အစွမ်းထက်လှသည်။ ၎င်းကို မဖောက်ထွင်းနိုင်သေးသည့်အတွက် ရိုမန် စိုးရိမ်လာသည်။ မိစ္ဆာမျက်လုံးအချို့လည်း ပျံဝဲလာကြပြီး သူ့က်ို ရောင်ခြည်တိုက်ခိုက်မှုများ ပြုလုပ်တော့သည်။
ရိုမန် အလျင်အမြန် ရှောင်တိမ်းလိုက်သည်။ နတ်ဆိုးဘုံ၏ အစွမ်းထက်ဆုံး အမြန်နှုန်းပါရမီ [ လျပ်တပြက် ] သည် အမှန်တကယ်ပင် နာမည်နှင့် ထိုက်တန်လှပြီး ထိုရောင်ခြည်များ သူ့ကို လုံးဝ မထိခဲ့ပေ။ ရိုမန်သည် စိတ်ပိုင်းဖြတ်ထားပြီး သန္ဓေပြောင်း မိစ္ဆာမျက်လုံးကို လက်မလျှော့ခဲ့ပေ။ သူသည် ရောင်ခြည်နှင့် စိတ်ဝိညာဉ်လှိုင်းများကို ခုခံပြီး ပြင်းထန်သော တိုက်ခိုက်မှုတစ်ခု ပြုလုပ်ခဲ့သည်။
ဒီမိစ္ဆာမျက်လုံးမှာ သန္ဓေပြောင်း ပါရမီတစ်ခု ရှိတယ်။ ဒါက ငါ့ရဲ့တစ်သက်သာ အဖော်အဖြစ် အညံ့ခံမယ်ဆိုရင် ငါ့ရဲ့တိုက်ခိုက်ရေးစွမ်းအားက ကြီးကြီးမားမား တိုးတက်သွားမှာပဲ။
မိစ္ဆာမျက်လုံး၏ ဒိုင်းကာ ပြိုကွဲတော့မည်အခိုက် ပုံရိပ်တစ်ခုက သူ၏ဘေးတွင် ထွက်ပေါ်လာသည်။
“ ခေါင်းဆောင်လား။ ”
ရိုမန် အံ့အားသင့်သွားသော်လည်း မြေအောင်တွင် သူနှင့်ချန်လွေ့ နှစ်ယောက်တည်းသာ ရှိသည်။ ထို့ကြောင့် သူ သိပ်ပြီး စိုးရိမ် မနေပေ။
“ သွားရအောင်။ ”
ချန်လွေ့၏အသံသည် အလန့်တကြား ဖြစ်နေ၏။
“ နေဦး။ ငါ ဒီမိစ္ဆာမျက်လုံးကို ဖမ်းလို့ရတော့မယ်.... ”
“ ချီးကို ဖမ်း။ မိစ္ဆာမျက်လုံးဘုရင်က ဒီကို ရောက်နေပြီ။ ”
ချန်လွေ့၏ စကားကြောင်း ရိုမန် ကြက်သီးထသွားတော့သည်။ ရိုမန်သည် ချက်ချင်းပင် လက်ကို ရုတ်သိမ်းပြီး ချန်လွေ့၏လက်မောင်းကို ဆုပ်ကိုင်ထားလိုက်သည်။ ထို့နောက် [ လျပ်တပြက် ] ပါရမီကို အသက်သွင်းကာ နောက်သို့ အရှိန်ကုန် ပြန်ပြေးသွားတော့သည်။
“ သွားပြီ။ မိစ္ဆာမျက်လုံးက အငြိုးထားတတ်တယ်။ ဒီတစ်ခေါက် ငါလွဲချော်သွားရင် နောက်ထပ် ငါလာတဲ့အခါ သူတို့ရဲ့ရန်သူ ဖြစ်သွားမှာပဲ။ ”
ထိုသို့ ရိုမန်ပြောနေစဉ် ခြေထောက်အမြန်နှုန်းမှာ လုံးဝလျော့မသွားပေ။ သူတို့သည် နောက်မှ မိစ္ဆာမျက်လုံးများနှင့် အတော်လေး ဝေးကွာသွားခဲ့သည်။
မိစ္ဆာမျက်လုံး ဘုရင်သည် နတ်ဆိုးဧကရာဇ်အဆင့် မိစ္ဆာမျက်လုံး ဖြစ်သည်။ သာမန်နတ်ဆိုးအရှင်သခင်အဆင့် ပုဂ္ဂိုလ်တစ်ယောက်သည်ပင် ၎င်းကို ရန်မစရဲပေ။ သူတို့နှစ်ယောက်၏ လက်ရှိစွမ်းအားမှာ ထွက်ပြေးရန်အတွက်သာဖြစ်သည်။ မိစ္ဆာမျက်လုံး အုပ်လိုက်ကြီး ရှိနေသေးသည်ကိုမူ ပြောစရာပင် မလိုအပ်ပေ။
“ ဒါတွေအားလုံးက မင်းကြောင့်ပဲ။ မင်း အကြာကြီး ကြည့်ပြီးတာတောင် တစ်ကောင်ကို အနိုင်မယူနိုင်ခဲ့ဘူး။ ”
ချန်လွေ့သည် မအောင်မြင်ခဲ့သည့် ရိုမန်ကို စိတ်ပျက်သွား၏။ ချန်လွေ့သည် အချိန်အတော်ကြာ အမုန်တရား ဆွဲဆောင်ပေးခဲ့သော်လည်း ရိုမန်သည် ထိုနေရာ၌ သားရဲအငယ်လေး တစ်ကောင်ကိုပင် အနိုင်မယူနိုင်ခဲ့ပေ။
“ အဲဒီကောင်မှာ သန္ဓေပြောင်းအစွမ်း ရှိမယ်ဆိုတာ ငါဘယ်လုပ် သိမှာလဲ... ”
ရိုမန်က မိမိ မှားသွားကြောင်း သိလိုက်ပြီး ခါးသက်သက် အမူအရာဖြင့် ပြောလိုက်သည်။
“ မဟုတ်ရင် ငါ မဟာနတ်ဆိုးဘုရင်အဆင့် ကနဦးပိုင်း အကောင်ကိုပဲ ဖမ်းတာပေါ့။ ”
ထိုအချိန်၌ သူတို့သည် နောက်ဘက်မှ မိစ္ဆာမျက်လုံးအုပ်စုနှင့် အန္တရာယ်ကင်းသောနေရာသို့ ရောက်ရှိလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။ ချန်လွေ့ ရုတ်တရက် တုန်လှုပ်သွားပြီး ရပ်တန့်လိုက်၏။ ရိုမန်က မေးတော့မည်ပြင်လိုက်စဉ် [ မိစ္ဆာမျက်လုံး ] သည် နောက်ဘက်မှာ ကြောက်မက်ဖွယ်ကာ စိတ်ဝိညာဉ်ဖိအားတစ်ခုကို ခံစားလိုက်ရသည်။ သူ၏ မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွား၏။
ချန်လွေ့၏ [ သရုပ်ခွဲမျက်လုံး ] ပြသသည်မှာ အောက်ပါအတိုင်း ဖြစ်သည်။
မျိုးနွယ် - တစ္ဆေမျက်လုံး (သန္ဓေပြောင်း)။
စွမ်းအားအကဲဖြတ်မှု - [ A- ]
ခန္ဓာအမျိုးအစား - [ B ]
ခွန်အား - [ B ]
စိတ်ဝိညာဉ် - [ A+ ]
မြန်ဆန်မှု - [ B ]
နတ်ဆိုးဧကရာဇ်အဆင့် မိစ္ဆာမျက်လုံးပဲ။ ဘုရင်.....
မြန်ဆန်မှုက [ B ] ပဲ ရှိတယ်။ ဘယ်လိုလုပ် မှီလာတာလဲ။
ထိုအချိန်၌ သူ၏နောက်မှ အချက်အလက်သည် ရှေ့တွင် ချက်ချင်း ပေါ်ထွက်လာသည်။ ချန်လွေ့နှင့် ရိုမန်တို့သည် တစ်ချိန်တည်းမှာပင် ထိုအပြောင်းအလဲကို ခံစားလိုက်မိသွားပြီး တုန်လှုပ်သွားကြ၏။ တယ်လီပို့ခုန်တာပဲ။
တယ်လီပို့ခုန်နိုင်တဲ့ သန္ဓေပြောင်းပါရမီရှိတဲ့ မိစ္ဆာမျက်လုံးဘုရင် တစ်ကောင်ပဲ။ အခုတော့ ထွက်ပြေးဖို့တောင် ခက်ခဲနေပြီ။