ကြမ်းတမ်းသော တိုက်ပွဲနှင့် ရရှိမှု
Vol. 23 Ch. 333
မိစ္ဆာမျက်လုံးများ၏ အကြီးမားဆုံး အားနည်းချက်မှာ အရှိန်နှေးခြင်းပင် ဖြစ်သည်။ အလှမ်းဝေး ရောင်ခြည်မှာ ၎င်းအတွက် အတိုင်းအတာ တစ်ခုအထိ ဖြည့်တင်းပေးနိုင်သော်လည်း ( စိတ်ဝိညာဉ်လှိုင်း၏ အဝန်းအဝိုင်းမှာ ပို၍ကျဉ်းမြောင်း ) သူတို့၏လှုပ်ရှားမှု နှေးကွေးခြင်းသည် မြန်ဆန်သော ရန်သူများကို မလိုက်နိုင်ဖြစ်နေစေသည်။ သို့သော်လည်း နတ်ဆိုးမျက်လုံးဘုရင်သည် အမှန်တကယ်ပင် တယ်လီပို့ခုန်ခြင်းပါရမီ ရှိနေခဲ့သည်။ ၎င်းသည် ရှေ့ဆက်တိုက်ခိုက်ပြီး နောက်ဆုတ်ကာ ခုခံနိုင်သည်။ထို့ကြောင့် ၎င်းသည် မိစ္ဆာမျက်လုံးမိသားစု၏ အားနည်းချက်များကို လုံးဝနီးပါး ဖြည့်တင်းသွားနိုင်ခဲ့လေသည်။
ချန်လွေ့နှင့် ရိုမန်တို့သည် ထိုကဲ့သို့ “ပြီးပြည့်စုံသော” မိစ္ဆာမျက်လုံးကို ရင်ဆိုင်ရတော့မည် ဖြစ်သည်။ ထို့ပြင် ၎င်းမှာ နတ်ဆိုးဧကရာဇ်အဆင့်လည်း ဖြစ်၏။
[ မီးသင့်နဂါးဝင်စီးခြင်း ] နှင့် [ ကြယ်နက်ပိုင်နက် ] တို့ကို သုံးသည့်တိုင် ချန်လွေ့၏စွမ်းရည်မှာ နတ်ဆိုးဧကရာဇ်အဆင့် ကနဦးပိုင်း၏ တိုက်ခိုက်ရေးစွမ်းအား အနီးသို့ ရောက်ရုံသာ ဖြစ်သော်လည်း ထိုသန္ဓေပြောင်း မိစ္ဆာမျက်လုံးဘုရင်၏ စိတ်ဝိညာဉ်မှာ နတ်ဆိုးဧကရာဇ် အဆင့် ထိပ်သီးပိုင်းသို့ ရောက်ရှိနေပြီဖြစ်သည်။ ထိုကဲ့သို့ ကြောက်မက်ဖွယ်ရာ စိတ်ဝိညာဉ် ပါရမီကြောင့် ချန်လွေ့သည် ရိုမန်၏ အကူအညီဖြင့်ပင် ၎င်းကို မယှဉ်နိုင်ပေ။
“ လူခွဲ ပြေးရအောင်။ ”
ချန်လွေ့ ဆုံးဖြတ်ချက်ချပြီး အော်ပြောလိုက်သည်။ ရိုမန်လည်း တုံ့ပြန်လိုက်ပြီး ပုံရိပ်နှစ်ခု ရုတ်တရက် ကွဲကွာသွားတော့သည်။
မိစ္ဆာမျက်လုံးဘုရင်သည် ချန်လွေ့နောက်သို့ မတုံ့ဆိုင်းဘဲ လိုက်လာသည်။ အကြောင်းမှာ ၎င်းသည် အစကတည်းက အမုန်းတရား အများဆုံးရှိသော ကျူးကျော်သူကို ပစ်မှတ် ထားနေခြင်းကြောင့် ဖြစ်သည်။ ထို့ပြင် ရိုမန်၏ လက်ရှိ အမြန်နှုန်းသည် ချန်လွေ့ထက် ပိုမြန်သည်။ နီးကပ်သော ပစ်မှတ်သည် လိုက်ရန် ပိုလွယ်ကူသည်မှာ အသေအချာပင် ဖြစ်လေသည်။
မိစ္ဆာမျက်လုံးဘုရင် ချဉ်းကပ်လာသည်ကို [ သရုပ်ခွဲမျက်လုံး ] မှတစ်ဆင့် ချန်လွေ့ ခံစားမိနေသည်။ ၎င်း မတိုက်ခိုက်ခင်မှာပင် ချန်လွေ့ ရုတ်တရက် တယ်လီပို့ခုန်ပြီး အခြား ဝင်ပေါက်တစ်ခုသို့ လှိမ့်ဝင်ကာ ထွက်ပြေးတော့သည်။
မိစ္ဆာမျက်လုံးဘုရင်သည် ထိုရန်သူမှ အလားတူ တယ်လီပို့အစွမ်းကို မြင်တွေ့ခဲ့ရပြီးပြီ ဖြစ်သည့်အတွက် အံ့သြမနေပေ။ ၎င်း၏ပုံရိပ် တုန်ခါသွားပြီး ချန်လွေ့နောက် လိုက်တော့သည်။ ၎င်းလှုပ်ရှားသော အကွာအဝေးမှာ ချန်လွေ့ထက် သာလွန်ပြီး အဆက်မပြတ် အသုံးပြု၍ရသည်။ သုံးလေးကြိမ် ခုန်ပျံကျော်လွှားပြီးနောက် ၎င်းသည် ချန်လွေ့နားသို့ ရောက်ရှိလာခဲ့ပြန်သည်။
ချန်လွေ့သည် တယ်လီပို့ နှစ်ကြိမ်ခုန်ပြီးသည့်အတွက် စိတ်ထဲ၌ အော်ငိုလိုက်မိသည်။ ထို့ပြင် သူသည် ခြေလှမ်းဖိနပ်၏ အကူအညီဖြင့် အမြန်ဆုံး ပြေးနေပြီ ဖြစ်သည်။ သို့သော် မိစ္ဆာမျက်လုံးဘုရင်ကို မျက်ခြေမဖြတ်နိုင်သေးပေ။ ထိုအချိန်၌ အရှိန်ကန် ပြေးနေသော ချန်လွေ့သည် မိမိ၏ လှုပ်ရှားနေသာ ချန်လွေ့သည် ရုတ်တရက် နှေးကွေး“ချင်”လာသည်။ ထိုကဲ့သို့ အရေးတကြီး အခိုက်အတန့်၌ ထိုကဲ့သို့ ထူးဆန်းသော အတွေးများ အမှန်တကယ် ပေါ်ထွက်လာခဲ့ပေသည်။
အိုး၊ သွားပြီ။ ချန်လွေ့ သဘောပေါက်လိုက်သည်။ ဒါက စိတ်ထိန်းချုပ်တာပဲ။ တော်တော် ကြောက်စရာကောင်းတဲ့ စွမ်းရည်ပဲ။
ချန်လွေ့သည် ထိုအနှောင့်အယှက်ကို အလျင်အမြန် ဖယ်ရှားနိုင်ခဲ့သော်လည်း ခုနက ဦးနှောက် ခဏတာ တုံ့ဆိုင်းသွားခြင်းသည် ခန္ဓာကိုယ်ကို သက်ရောက်သွားခဲ့သည်။ သူ၏အမြန်နှုန်း ရုတ်တရက် နှေးကွေးသွားပြီး မိစ္ဆာမျက်လုံးဘုရင်သည် သူ၏အရှေ့၌ ထွက်ပေါ်လာခဲ့သည်။
ဉာဏ်များသော သားကောင်နောက် လိုက်နေသော မိစ္ဆာမျက်လုံးဘုရင်သည် ဒေါသထွက်ပြီး မုန်းတီးလာသည်။ ၎င်းသည် ချန်လွေ့၏ ဝိညာဉ် တစ်ခုလုံးကို ဝါးမျိုရန် ဆုံးဖြတ်ထားလိုက်သည်။ ထိုသားကောင် ပြန်မပြေးနိုင်ရန်အတွက် ၎င်းသည် အစွမ်းထက်ဆုံးသော စိတ်ဝိညာဉ်စွမ်းအားကို ထုတ်လွှတ်လိုက်တော့သည်။
ခေါင်းပေါ်တွင် ကြီးမားသောအားတစ်ခု ဖိထားသကဲ့သို့ပင်ဖြစ်နေပြီး ချန်လွေ့ မူးနောက် သွားခဲ့သည်။ သူ၏ခန္ဓာကိုယ်သည် စိတ်ဝိညာဉ်စွမ်းအား၏ ကြီးမားလှသော အင်အားကြောင့် ဖိနှိပ်ခံနေရပြီး မလှုပ်နိုင်တော့ပေ။ ထို့နောက်တွင် အနီးအနား ပတ်ဝန်းကျင်၌ ပုံရိပ်ယောင်များ ထွက်ပေါ်လာပြီး မြောက်မြားလှစွာသော ပင့်ကူမျှင်များက သူ့ကို တင်းတင်းကြပ်ကြပ် ရစ်ပတ်လိုက်သည်။ နေရာတစ်ခုလုံးသည် ဧရာမ ပင့်ကူအိမ်ကြီး ဖြစ်သွားခဲ့သည်။
ပိုင်နက်ပဲ။
ချန်လွေ့သည် စိတ်ထဲ ညည်းညူလိုက်နေရင်း ပင့်ကူမျှင်လောကထဲ၌ ဧရာမ မျက်လုံးတစ်လုံး ပေါ်ထွက်လာသည်ကို မြင်လိုက်ရသည်။ ၎င်းသည် ၁၀မီတာခန့် မြင့်ဟန်တူပြီး ထူးဆန်းသော အလင်းရောင်တစ်ခု လင်းလက်နေသည်။ ထိုမျက်လုံးကို ချန်လွေ့ စိုက်ကြည့်မိသွားသည့်အခါ သူ၏အမူအရာသည် ရုတ်တရက် တွေဝေသွားသည်။ အသံတစ်ခုက သူ့ကို လက်လျှော့ပြီး အသက်နှင့်ဝိညာဉ်ကို မြှုပ်နှံရန် အဆက်မပြတ် ပြောနေခဲ့သည်။
မဖြစ်နိုင်ဘူး။
ငါ မလုပ်ရသေးတာတွေ အများကြီး ရှိသေးတယ်။ စောင့်ရှောက်ရမယ့် ချစ်ရသူတွေလည်း ရှိတယ်။ ငါ ဘယ်လိုလုပ် ဘဝကို လက်လျှော့ရမှာလဲ။ ငါဘာလို့ ဒီလိုနေရာမျိုးမှာ ရှုံးနိမ့်ခံရမှာလဲ။
တစ်ချိန်တည်းမှာပင် စူပါစနစ်ထဲ၌ မူမမှန်သော စိတ်ဝိညာဉ် ကျူးကျော်မှု သတိပေးချက် တစ်ခု ထွက်ပေါ်လာသည်။ ချန်လွေ့ ရုတ်တရက် နိုးထသွားပြီး ထူးဆန်းသော သေဆုံးချင်စိတ်ကို စိတ်စွမ်းအားဖြင့် ဖိနှိပ်လိုက်သည်။ သူသည် လျှာထိပ်ကို ရုပ်ခြည်း ကိုက်လိုက်ပြီး ဧရာမမျက်လုံးကြီး၏ စိတ်ဝိညာဉ်ထိန်းချုပ်မှုကို ဖယ်ရှားလိုက်သည်။
သို့သော်လည်း သူ၏ခန္ဓာကိုယ်သည် ပိုင်နက်၏ချုပ်နှောင်မှုကို ခံထားရပြီး မလှုပ်ရှား နိုင်သေးပေ။ ဧရာမမျက်လုံးကြီးလည်း တဖြည်းဖြည်း နီးကပ်လာသည်။ ထိုပင့်ကူအိမ် ပိုင်နက်သည် မာနူ၏ပိုင်နက်နှင့် ဆင်တူသည်။ သို့သော်လည်း သဘာဝမှာ လုံးဝကွဲပြား ပေသည်။ ၎င်း၏စွမ်းအားမှာ ပို၍နိမ့်ကျသည်။ မာနူ၏ပိုင်နက်သည် အဓိကအားဖြင့် စိတ်ထိန်းချုပ်မှုနှင့် ရုပ်သေးများကို ချုပ်တည်းနိုင်ပြီး ယခုပိုင်နက်မှာ ကန့်သတ် ချူပ်တည်းခြင်းနှင့် စိတ်ထိန်းချုပ်ခြင်းပင် ဖြစ်သည်။
သို့သော်လည်း ပင့်ကူအိမ်ပိုက်နက်ကို နတ်ဆိုးဧကရာဇ်အဆင့်၏ စိတ်ဝိညာဉ်စွမ်းအားဖြင့် တည်ဆောက်ထားခြင်း ဖြစ်သည်။ ၎င်းသည် ယခုလက်ရှိ ချန်လွေ့၏စွမ်းအားနှင့် အလှမ်းဝေးနေသေးသည်။ ဒီကနေ ထွက်ဖို့အတွက် မာနူရဲ့ပိုင်နက်ထဲမှာ ငါသုံးခဲ့တဲ့ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးခြင်း နည်းလမ်းကို ငါသုံးရမှာလား။
ဟုတ်သားပဲ။ ရုတ်တရက် တစ်ခုခုကို ချန်လွေ့ တွေးလိုက်မိသည်။ ၎င်းကို သူထုတ်လွှတ်ရန် ပြင်လိုက်စဉ် ပိုက်နက်အလယ်မှ ဧရာမ မျက်လုံးကြီး ရုတ်တရက် ဝေဝါးသွားပြီး ပို၍သေးငယ်သွားလေသည်။ ထိုစိတ်ဝိညာဉ်ချုပ်တည်းခြင်းမှ ဖိအားလည်း ကြီးကြီးမားမား လျော့ကျသွားခဲ့သည်။ ချန်လွေ့ အားထုတ်လိုက်ပြီး နောက်ဆုံး၌ လွတ်မြောက်သွားခဲ့သည်။
ပိုက်နက်တစ်ခုလုံး ခဏတာယိုယွင်းသွားပြီးနောက် ခဏအကြာ ပြန်ကောင်းသွားသည်။ ပိုက်နက်ထဲသို့ ဘယ်ကမှန်းမသိ လူတစ်ယောက် ပြုတ်ကျလာပြီး ၎င်းမှာ ရိုမန် ဖြစ်သည်။ သူ၏ဘယ်ဘက်မျက်လုံးသည် သွေးများဖြင့် နီရဲနေပြီး မျက်လုံးထောင့်လည်း ပွင့်ထွက်နေကာ သွေးများ ယိုစီးကျနေ၏။
ရိုမန်သည် အပြင်းအထန် မောဟိုက်နေရင်း ထိုင်ချလိုက်သည်။ သူသည် ခုနက ပိုက်နက်ကို နှောင့်ယှက်လိုက်သည့်အခါ ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ပုံရသည်။
“ မင်းဘာလို့ ပြန်လာတာလဲ။ ”
ချန်လွေ့ ရင်ထဲထိသွားသော်လည်း ဆူပူကြိမ်းမောင်းလိုက်သည်။
“ သွားတော့။ ဒီကိုလာပြီး ပြဿနာ ထပ်မရှာနဲ့။ ”
“ ဟီးဟီး....ငါက အကျိုးအမြတ် နည်းနည်းပါးပါး ခိုးလို့ရမလား ကြည့်ချင်တာပါ။ ဒါပေမဲ့ အဲဒါက ရှာတွေ့သွားမယ်လို့ မထင်ထားခဲ့ဘူး။ ”
ရိုမန်သည် ပါ့ဂ်လီအိုကဲ့သို့ အမူအကျင့် အနည်းငယ် ရှိသည်။ ခေါင်းမာပြီး အမှန်တရားကို မဝန်ခံချင်ပေ။ သူသည် သွေးများပေနေသော လက်ကို ဂရုမစိုက်ဘဲ မျက်လုံးကို သုတ်လိုက်သည်။ သူက ခါးသက်သက်နှင့် ပြောလိုက်သည်။
“ အခုတော့ ငါ ထွက်ပြေးချင်ရင်တောင် မထွက်ပြေးနိုင်တော့မှာ စိုးမိတယ်။”
ပိုင်နက်ထဲမှ မြောက်မြားလှစွာသော ပင့်ကူမျှင်များ ဆန့်ထွက်လာပြီး သူတို့နှစ်ယောက်ထံ လှိမ့်လာသည်။ ရိုမန်၏ သွေးများပေနေသော မျက်လုံးများမှ အနီရောင်ဖျော့ဖျော့ အလင်းရောင်တစ်ခု တောက်ပလာသည်။ ထိုပင့်ကူမျှင်များသည် တစ်ခုပြီးတစ်ခု ပြန်လှိမ့်သွားသော်လည်း ပို၍ပို၍ စုစည်းလာခဲ့သည်။ ပင့်ကူမျှင် များလာသည်နှင့်အမျှ ရိုမန်၏ဖိအားလည်း ပိုပိုတိုးလာခဲ့သည်။ သူသည် ၎င်းကို ခုခံနိုင်တော့ပုံမရချေ။
၎င်းသည်လည်း မိစ္ဆာမျက်လုံးအပေါ်၌ [ မိစ္ဆာဖျက်ဆီးခြင်း ] ၏ အထူးချုပ်တည်းခြင်း သက်ရောက်မှု ဖြစ်သည်။ ယခင်က ရိုမန်သာဆိုလျှင် ထိုကဲ့သို့ နတ်ဆိုးဧကရာဇ်အဆင့် ပိုင်နက်အောက်တွင် တစ်ခါတည်း အသတ်ခံလိုက်ရပေမည်။
“ [ မိစ္ဆာဖျက်ဆီးခြင်း ]ကို ဖျက်လိုက်တော့။ မြန်မြန်။ ”
ရိုမန်သည် မစဉ်းစားဘဲ မျက်လုံးများကို မှိတ်လိုက်သည်။ ထို့နောက် ပင့်ကူမျှင်များက ချက်ချင်းပင် သူ့ကို ဝိုင်းရံလိုက်သည်။ ထိုအချိန်၌ ချန်လွေ့၏မျက်နှာပေါ်၌ မျက်နှာဖုံးတစ်ခု ပေါ်ထွက်လာခဲ့သည်။ ပင့်ကူမျှင်များသည် မျက်နှာဖုံး၏ ပြင်းထန်သော အားအောက်တွင် တဖြည်းဖြည်း ပါးလာပြီး ပျောက်ကွယ်သွားခဲ့သည်။ ထို့အပြင် မျက်နှာဖုံးသည် ရေစုပ်နေသော ဝေလငါးကြီးတစ်ကောင်ကဲ့သို့ ဖြစ်နေပြီး ပိုင်နက် တစ်ခုလုံး၏ စိတ်ဝိညာဉ်စွမ်းအား အံ့သြဖွယ်ရာ အမြန်နှုန်းဖြင့် စုပ်ယူနေတော့သည်။
၎င်းမှာ စိတ်ဝိညာဉ်စွမ်းအား၊ မှော်တိုက်ခိုက်မှုနှင့် ဝိညာဉ်တိုက်ခိုက်မှုများကို ဝါးမျိုနိုင်သော နတ်ဘုရား-ဝါးမျို မျက်နှာဖုံး၏ စွမ်းအားဖြစ်သော [ နတ်ဘုရားဝါးမျိုသူ ] ပင် ဖြစ်၏။
စိတ်ဝိညာဉ်စွမ်းအားကို အမှီပြုသော မိစ္ဆာမျက်လုံးအတွက် ၎င်းမှာ အကြီးမားဆုံး ဝိပါက်ပင် ဖြစ်သည်။ တစ်ဖက်လူတွင် ထိုကဲ့သို့ ကြောက်မက်ဖွယ်ရာအစွမ်း ရှိနေလိမ့်မည်ဟု မိစ္ဆာမျက်လုံးဘုရင် မထင်မှတ်ထားခဲ့ပေ။ ၎င်းသည် စွမ်းအားရုပ်သိမ်းရန် ကြိုးစားခဲ့သော်လည်း နောက်ကျသွားလေပြီ။ စက္ကန့်အနည်းငယ် ကြာပြီးသည့်အခါ စိတ်ဝိညာဉ်စွမ်းအား အထောက်အပံ့ မရှိတော့ဘဲ ပိုင်နက်တစ်ခုလုံး နုနယ်သွားခဲ့သည်။ နောက်ဆုံး၌ ၎င်းသည် ပေါက်ကွဲသံ တစ်ခုနှင့်အတူ ပျောက်ကွယ်သွားတော့သည်။ “ပင့်ကူမျှင်” လောကသည် မည်းမှောင်နေသော မြေအောက် အပျက်အစီးအဖြစ်သို့ ပြန်ရောက်သွားတော့သည်။
မိစ္ဆာမျက်လုံးဘုရင်သည် စိတ်ဝိညာဉ်စွမ်းအား အများစု ဆုံးရှုံးသွားပြီး ၎င်း၏ ဖောက်ထွင်းနိုင်သော အငွေ့အသက်လည်း အတော်လေး အားနည်းသွားခဲ့သည်။ ၎င်းသည် ကြောက်ရွံ့မှုနှင့် ခါးသီးမှုများ ရောနှောနေသော ရှူးရှူးရှဲရှဲ အသံများ ပြုလုပ်လိုက်သည်။ ၎င်းသည် ပြန်ပြေးနေသကဲ့သို့ပင် နောက်သို့ ပျံဝဲသွားတော့သည်။ သို့သော်လည်း အကွာအဝေးတစ်ခုသို့ ရောက်သောအခါ ဧရာမမျက်လုံးကြီးက ရိုမန်ကို အနီရောင် ရောင်ခြည်တစ်ခု ထုတ်လွှတ်လိုက်သည်။
ရိုမန်က [ လျှပ်တပြက် ] ကိုသုံးပြီး အလျင်အမြန် ရှောင်တိမ်းလိုက်သော်လည်း ခြေတစ်လှမ်း နောက်ကျသွားပြီး ပေါင်တစ်ဖက်ကို ရောင်ခြည်ထိသွားကာ အသွေးအသားများ ပန်းထွက်လာတော့သည်။ ဒဏ်ရာမှာ ထင်ထားသည်ထက် ပို၍ပြင်းထန်ပေသည်။ သူ၏ အသွေးအသား တစ်စိတ်တစ်ပိုင်းလည်း အငွေ့ပျံ သွားခဲ့သည်။ ထိုရောင်ခြည်များမှာ အလွန်အမင်း ပူလောင်ပုံရသည်။
ချန်လွေ့၏ [ နတ်ဘုရားဝါးမျိုသူ ] အစွမ်းသည် ၇ရက်လျှင် တစ်ကြိမ်သာ အသုံးပြု၍ရသည်။ ထို့ကြောင့် သူ ထပ်ပြီး သုံး၍မရတော့ပေ။ သူသည် မိစ္ဆာမျက်လုံး၏ စိတ်ဝိညာဉ်အများစုကို ခုနက စုပ်ယူလိုက်ပြီ ဖြစ်သည့်အတွက် ပိုင်နက်ကို ပြိုလဲသွားစေခဲ့သည်။ သို့သော်လည်း မိစ္ဆာမျက်လုံး၏ အခြေခံစွမ်းအား ကျန်ရှိနေသေးသည်။ အထူးသဖြင့် ၎င်း၏ ဒြပ်စင် ရောင်ခြည်များမှာ အတော်လေး အစွမ်းထက်လှ၏။
.
ရိုမန်သည် ခြေထောက် ဒဏ်ရာရာထားသည့်အတွက် လှုပ်ရှားမှု ကြီးကြီးမားမား ထိခိုက်သွားသည်။ မိစ္ဆာမျက်လုံးဘုရင်သည် ရိုမန် အားနည်းနေချိန်၌ သတ်ပစ်ချင်နေ ခဲ့သည်။ ကြောက်မက်ဖွယ်ကောင်းလောက်အောင် အပူချိန် မြင့်မားသော ရောင်ခြည်များ တစ်ခုပြီးတစ်ခု ပစ်လွှတ်သော်လည်း တစ်ခုမှ ချန်လွေ့ကို တည့်တည့် မထိပေ။ ပိုင်နက်ကို ဝါးမျိုလိုက်ခြင်းကြောင့် မိစ္ဆာမျက်လုံးဘုရင်သည် ချန်လွေ့ကို အတော်လေး ကြောက်ရွံ့သွားခဲ့သည်။ ရိုမန်အပေါ် ထိုကဲ့သို့တိုက်ခိုက်မှုမျိုးသည် အားနည်းသူကို စမ်းသပ်ခြင်းနှင့် အနိုင်ကျင့်ခြင်း ဖြစ်ပေသည်။
အလင်းရောင်ခြည် သုံးခု ထပ်ပစ်လာသည်။ ရိုမန် မရှောင်နိုင်ကြောင်း တွေ့သည့်အခါ ချန်လွေ့၏ပုံရိပ်သည် ရိုမန်အရှေ့၌ ရုတ်တရက် ကာဆီးလိုက်သည်။ အပူချိန်မြင့် ရောင်ခြည်များက ချန်လွေ့ကို တစ်ခုပြီးတစ်ခု ထိသွားသည်။ အတိအကျပြောရလျှင် ၎င်းတို့သည် ချန်လွေ့၏လက်ထဲရှိ ဒိုင်းကာကို ထိသွားခြင်း ဖြစ်လေသည်။
သတ္တုများကို အရည်ပျော်စေနိုင်သော ရောင်ခြည်သည် ထိုရွှေအိုရောင် ဒိုင်းကို ထိသွားသည်နှင့် အမှန်တကယ်ပင် ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။ ကြေးမုံကဲ့သို့ တောက်ပနေသော ဒိုင်းကာပေါ်၌ မည်သည့်ခြစ်ရာမျှ မကျန်ရစ်ခဲ့ပေ။ သို့သော်လည်း အဟုန်ကြောင့် နောက်သို့ ခြေ၃လှမ်းဆုပ်လိုက်ရသည့်အတွက် ချန်လွေ့ အံ့အားသင့်သွား ခဲ့သည်။ သူသည် ရိုမန်နှင့် တိုက်မိလုမတတ် ဖြစ်သွားခဲ့သည်။
ရိုမန်၏မျက်လုံးများ ပြူးကျယ်သွားပြီး လွှတ်ခနဲ ပြောလိုက်မိသည်။
“နတ်ဆိုးဒိုင်း”
၎င်းသည် လီဗျာသန် မိသားစု၏ အမြင့်မားဆုံး အဆောင်ပစ္စည်းဖြစ်သော ထင်ယောင်မှား နတ်ဆိုးဒိုင်းကာ၏ နတ်ဆိုးဒိုင်း ဖြစ်သည်။ ၎င်းကို သလင်းကျောက်တောင်ကြား၌ ချန်လွေ့ ရရှိခဲ့ခြင်း ဖြစ်သည်။ ၎င်းကို [ အထူးစိစစ်မှု ] ဖြင့် “ထွင်းဖောက်အဖြေရှာ” ပြီးသည့်အခါ နတ်ဆိုးဒိုင်းသည် နတ်ဘုရား-ဝါးမျို မျက်နှာဖုံး ကဲ့သို့ပင် ချန်လွေ့၏ ခန္ဓာကိုယ်နှင့် “ပေါင်းစည်း” သွားခဲ့သည်။ ဒေလီယာကို ပြန်ပေးချင်လျှင်ပင် ပေး၍ မရတော့ပေ။
၎င်းသည် ထင်ယောင်မှားဒိုင်းကာနှင့် ပေါင်းစပ်၍မရသည့် အကြောင်းရင်း ဖြစ်နိုင်သည်။ နတ်ဆိုးဒိုင်း၏ လုပ်ဆောင်ချက်ကို စူပါစနစ်ထဲ၌ မဖော်ပြထားပေ။ သို့သော် ချန်လွေ့သည် ၎င်း၏ အကျိုးကျေးဇူးများကို သိရှိထားပြီး ဖြစ်သည်။ နတ်ဆိုးဒိုင်းသည် မိစ္ဆာမျက်လုံး ဘုရင် ပစ်လွှတ်လိုက်သော ရောင်ခြည်သုံးခုကို ခုခံနိုင်ရုံသာမက တစ်ချိန်တည်းမှာပင် ချန်လွေ့၏ကိုယ်ထဲသို့ နွေးထွေးသော စီးကြောင်းတစ်ခု ဖြတ်သန်းသွားကာ ယခင်က ကုန်ခမ်းသွားသော စွမ်းအင်များကို ပြန်ဖြည့်တင်းပေးပြီး အလျင်အမြန် အခြေခိုင် သွားစေခဲ့သည်။
ထင်ယောင်မှားဒိုင်းကာ၏ တာဝန်မှာ ခုခံနေရင်း ထိခိုက်မှုများကို တန်ပြန်ရန် အတွက်ဆိုလျှင် နတ်ဆိုးဒိုင်းသည် ထိခိုက်မှုကို စုပ်ယူရန် ဖြစ်သည်။ အကယ်၍ နှစ်ဖက်ကြား စွမ်းအား သိပ်မခြားနားလျှင် သေသေချာချာ ခုခံနေသရွေ့ ပြိုင်ဘက်ကင်း ဖြစ်နေပေမည်။ ၎င်းသည် နတ်ဆိုးဘုံ၏ အစွမ်းထက်ဆုံး ခုခံမှုပစ္စည်းကိရိယာ ဟူသော နာမည်နှင့် ထိုက်တန်လှပေသည်။
ထင်ယောင်မှား နတ်ဆိုးဒိုင်းကာအနေနဲ့ ပေါင်းစပ်လိုက်မယ်ဆိုရင် ဒီနှစ်ခုရဲ့ အထူးစွမ်းအားက ဘာလဲဆိုတာ ငါသိချင်မိတယ်။
ချန်လွေ့ စိတ်ကိုစေစားပြီး လက်ဖြန့်လိုက်ရာ တလက်လက်တောက်ပနေသော အလင်းလုံးတစ်လုံး ထွက်ပေါ်လာခဲ့သည်။ ၎င်းသည် အမှောင်ထုထဲ၌ လျင်မြန်သော ဥက္ကာခဲတစ်ခုကဲ့သို့ ဖြစ်သွားပြီး မိစ္ဆာမျက်လုံးဘုရင်ဆီသို့ အရှိန်ဖြင့် ပြေးဝင်သွားတော့သည်။ မိစ္ဆာမျက်လုံးဘုရင် ထိတ်လန့်သွား၏။ သာမန်မိစ္ဆာမျက်လုံးသာဆိုလျှင် ၎င်းကို ခုခံရုံသာ တတ်နိုင်ပေမည်။ သို့သော်လည်း သန္ဓေပြောင်းပါရမီရှိသော မိစ္ဆာမျက်လုံးဘုရင်က ၎င်းကို တယ်လီပို့ခုန်ပြီး ရှောင်တိမ်းလိုက်၏။
သို့သော် လေကိုထိသွားသော အလင်းလုံးသည် ကွေ့ပြီး ပြန်လာလေသည်။ မိစ္ဆာမျက်လုံးဘုရင်သည် ထိုကဲ့သို့ မထင်မှတ်ထားသည့်အတွက် တယ်လီပို့ခုန်ကာ ရှောင်တိမ်းလိုက်ပြန်သည်။ သို့ရာတွင် နောက်မှလိုက်နေသော အလင်းလုံးသည် တစ်လုံးမှ သုံးလုံးအဖြစ် ပြောင်းလဲသွား၏။ မိစ္ဆာမျက်လုံးဘုရင်က ထိုအလင်းလုံးသည် မိမိအား သိသိသာသာ ထိခိုက်စေနိုင်ကြောင်း ခံစားမိသည့်အတွက် အဆက်မပြတ် တယ်လီပို့ခုန်ကာ ရှောင်တိမ်းလိုက်သည်။ ၎င်းသည် တစ်ခါတစ်ရံ၌ ရောင်ခြည်များ ပစ်လွှတ်သည်။ သို့သော်လည်း ကံဆိုးစွာပင် ၎င်းတို့ကို ရန်သူက ရှောင်တိမ်းသည်။ သို့မဟုတ် ဒိုင်းကာဖြင့် ခုခံလိုက်သည်။
ထိုကဲ့သို့ အဆက်မပြတ် တယ်လီပို့ခုန်ခြင်းနှင့် ရောင်ခြည်တိုက်ခိုက်မှုသည် စိတ်ဝိညာဉ်စွမ်းအား အများစု ဆုံးရှုံးခဲ့ရသော မိစ္ဆာမျက်လုံးဘုရင်အတွက် အတော်လေး ခက်ခဲလှပေသည်။ တယ်လီပို့ခုန်ခြင်း ကြားကာလ ပိုရှည်ကြာလာရခြင်းသည် စွမ်းအား အများအပြား ကုန်ဆုံးခြင်းကို ပြသနေ၏။ သို့သော်လည်း [ အရုဏ်ဦးပစ်ချက် ] ကို ထိန်းချုပ်ရခြင်းမှာလည်း အတော်လေး ပင်ပန်းလှသည်။ ချန်လွေ့၏နဖူးတွင် ချွေးများရွှဲနေပြီး [ အရုဏ်ဦးပစ်ချက် ] သည်လည်း အဝေးပစ် ထိန်းချုပ်မှုကြောင့် တဖြည်းဖြည်း အားနည်းလာခဲ့သည်။ ချန်လွေ့သည် ၎င်း အားမပျော့သွားခင် [ အရုဏ်ဦးပစ်ချက် ] ကို တစ်ခါတည်း သုံးချက် ပစ်လိုက်သည်။
မိစ္ဆာမျက်လုံးဘုရင်သည် တရစပ် [ အရုဏ်ဦးပစ်ချက် ] ကို ရှောင်တိမ်းရန် တယ်လီပို့ ခုန်လိုက်ပြန်သည်။ ၎င်း မြေပေါ်သို့ ပြန်ကျစဉ်မှာပင် ပုံရိပ်တစ်ခုက လေထဲမှ ပြေးဝင်လာ၏။ ထိုသူ၏ လက်ထဲရှိ အပြာရောင်အလင်း နှစ်ခုသည် မိစ္ဆာမျက်လုံးဘုရင်ထံသို့ လျှပ်စီးသဖွယ် ရောက်ရှိသွားတော့သည်။ ၎င်းမှာ ရိုမန် ဖြစ်၏။
ရိုမန် တိုက်ခိုက်သည့်အချိန်မှာ အတော်လေး တိကျလှသည်။ သူသည် ခုနက မိစ္ဆာမျက်လုံးဘုရင် တယ်လီပို့ခုန်သည့် စည်းချက်ကို လေ့လာနေခဲ့သည်။ မိစ္ဆာမျက်လုံးဘုရင်သည် တယ်လီပို့ မခုန်နိုင်တော့ပေ။
ထိုမိစ္ဆာမျက်လုံးဘုရင်၏ အားသာချက်မှာ စိတ်ဝိညာဉ်စွမ်းအား ဖြစ်သည်။ ၎င်း၏ သန္ဓေပြောင်း စိတ်ဝိညာဉ်စွမ်းအားမှာ အတော်လေး မြင့်မားလှသည်။ ထို့ကြောင့်ပင် ၎င်း၏ ကျန်ရှိသော အရည်အသွေးများ အတော်လေး နိမ့်ကျနေခြင်း ဖြစ်ပေမည်။ ၎င်းတို့မှာ မဟာနတ်ဆိုးဘုရင် အဆင့်သာ ဖြစ်ကြ၏။ ထိုတိုက်ခိုက်မှု အောင်မြင်သည်နှင့် ထိုမိစ္ဆာမျက်လုံးဘုရင်သည် သေချာပေါက် ပြင်းပြင်းထန်ထန် ထိခိုက်သွားမည် ဖြစ်သည်။
ရိုမန်၏ ဓားနှစ်လက်က မိစ္ဆာမျက်လုံးဘုရင်ကို ဖောက်ထွင်းတော့မည့်အချိန်တွင် သူ၏ခေါင်းထဲ၌ ရုတ်တရက် ဗုန်းခနဲအသံ ထွက်ပေါ်လာပြီး ဧရာမလှိုင်းတစ်ခုနှင့် ရိုက်မိသွားသကဲ့သို့ ဖြစ်သွားသည်။ သူ၏လှုပ်ရှားမှုများမှာ တံ့သွားပြီး ခန္ဓာကိုယ်သည် ရုတ်တရက်ပင် မြေပေါ်သို့ လဲကျသွားသည်။ ရိုမန်သည် နာကျင်သော အမူအရာဖြင့် ခေါင်းကို အုပ်ထားလိုက်သည်။ မိစ္ဆာမျက်လုံးဘုရင်၏ စိတ်ဝိညာဉ်စွမ်းအား အမြောက်အမြား ကုန်ဆုံးသွား၍သာ မဟုတ်လျှင်၊ [ မိစ္ဆာဖျက်ဆီးခြင်း ] စွမ်းအား၏အကာအကွယ်သာ မရှိလျှင် ထိုစွမ်းအားကြီးလှသော စိတ်ဝိညာဉ်လှိုင်းသည် ရိုမန်အား နေရာတွင်ပင် သတိလစ်စေနိုင်၏။
အလောတကြီး ပစ်လွှတ်လိုက်သော စိတ်ဝိညာဉ်လှိုင်းသည် မိစ္ဆာမျက်လုံးဘုရင်၏ စွမ်းအားကို အပြင်းအထန် လျော့ကျသွားစေခဲ့သည်။ ၎င်းက ရွံစရာ အလစ်တိုက်ခိုက်သူကို ရောင်ခြည်များဖြင့်ပစ်ရန် ပြင်လိုက်စဉ် ရှေ့မှ အန္တရာယ်ရှိသော အငွေ့အသက်တစ်ခုကို ခံစားလိုက်ရသည်။ ၎င်းသည် ထူးဆန်းသော အစွမ်းများရှိသည့် ရန်သူ၌ အနက်ရောင် မီးတောက်များ ဖုံးလွှမ်းနေသည်ကို မြင်လိုက်ရပြီး လမ်းကြောင်းတစ်ခုလုံး ထူးဆန်းသောအရောင် စွန်းထင်းသွားတော့သည်။
မူလက သာမန်တိုက်ခိုက်မှုများသည် မိစ္ဆာမျက်လုံးဘုရင်၏ အရေပြားတစ်လျှောက်လုံး ပျံ့နှံ့နေသော စိတ်ခုခံမှုကို မဖောက်ထွင်းနိုင်ပေ။ သို့သော်လည်း ရိုမန်၏ ဓားနှစ်လက်တွင် မိစ္ဆာမျက်လုံးတို့၏ ဝိပါက်ဖြစ်သော [ မိစ္ဆာဖျက်ဆီးခြင်း ] စွမ်းအား ပါရှိနေ၏။ အပြာရောင် အလင်းနှစ်ခုသည် မိစ္ဆာမျက်လုံးဘုရင်ကို တည့်တည့် ထိသွားခဲ့သည်။ တစ်ခုမှာ အလယ်ရှိ တစ်ခုတည်းသော ဧရာမမျက်လုံးကို ထိသွားပြီး ထိုဒဏ်ရာမှ အရည်အများအပြား ထွက်လာတော့သည်။
မိစ္ဆာမျက်လုံးဘုရင်က နာကျင်စွာဖြင့် အော်ဟစ်လိုက်ပြီး စိတ်ဝိညာဉ်စွမ်းအားများ မုန်တိုင်းသဖွယ် ပေါက်ကွဲထွက်သွား၏။ ရိုမန်သည် ကြီးမားလှသော အားတစ်ခုကြောင့် မျက်နှာချင်းဆိုင် နံရံနှင့် တိုက်မိသွားခဲ့ပြီး သူ့ကိုကာကွယ်ထားသော စွမ်းအား ပျက်စီးလုနီးပါး ဖြစ်သွားခဲ့သည်။ သူ၏ အတွင်းအင်္ဂါများ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားပြီး သွေးတစ်လုပ်နှစ်လုပ် အန်သွားကာ မလှုပ်ရှား နိုင်လုနီးပါး ဖြစ်သွားခဲ့သည်။
စိတ်ဝိညာဉ်မုန်တိုင်း ပေါက်ကွဲထွက်သွားပြီးနောက် စိတ်ရှုပ်ခြင်းနှင့် အားနည်းသော ခံစားချက်များ အားလုံးသည် မိစ္ဆာမျက်လုံးဘုရင်၏ ခေါင်းထဲ၌ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ သို့သော်လည်း အနုတ်သဘော စိတ်ဝိညာဉ်မှော်ကို လုံးဝနီးပါးပြီးသော မိစ္ဆာမျက်လုံးအတွက် ထိုကဲ့သို့စွမ်းအားသည် မကြောက်လန့်စေနိုင်ပေ။ ၎င်းကို ကြောက်ရွံ့စေသည်မှာ စိတ်ဝိညာဉ်စွမ်းအား ဖြစ်စေ၊ အမြန်နှုန်းဖြစ်စေ၊ အရည်အသွေးအားလုံး တစ်ချိန်တည်း အားနည်းသွားခြင်းပင် ဖြစ်၏။
ထို့နောက် ချက်ချင်းပင် ကြောက်မက်ဖွယ်ရာ အားတစ်ခုခုကြောင့် လိုဏ်ဂူတုန်ခါလာတော့သည်။ မျက်နှာချင်းဆိုင်ဘက်မှ ကြောက်မက်ဖွယ်ရာ အငွေ့အသက် ပေါက်ကွဲထွက်သွား၏။ မိစ္ဆာမျက်လုံးဘုရင်သည် ဒဏ်ရာရထားသော မျက်လုံးကို ဖွင့်ရုံသာဖွင့်နိုင်ပြီး ကြီးမားလှသော အနီရောင်သတ္တဝါတစ်ကောင် ပြေးဝင်လာသည်ကို မြင်လိုက်ရသည်။ ၎င်း၏ခန္ဓာကိုယ်မှ ထုတ်လွှတ်သော ကြောက်မက်ဖွယ်ရာ အရှိန်အဝါသည် မိစ္ဆာမျက်လုံးဘုရင်အ ပြင်းပြင်းထန်ထန် ကြောက်ရွံ့သွားစေ၏။
ထိုအချိန်၌ မိစ္ဆာမျက်လုံးဘုရင်သည် အားအင်ကုန်ခမ်းလုနီးပါး ဖြစ်နေပြီဖြစ်သည်။ ၎င်းသည် တယ်လီပို့ မခုန်နိုင်တော့ပေ။ ထို့ကြောင့် လက်ကျန်စိတ်ဝိညာဉ်စွမ်းအားကို ပြောင်းရွှေ့ပြီး ခုခံလိုက်ရသည်။ သို့သော်လည်း ၎င်းကို မခုခံနိုင်သေးပေ။ ပြင်းထန်လှသော ဖိအားကြောင့် ၎င်း၏ ဒဏ်ရာရထားသော မျက်လုံးများ အရည်များ ထွက်ကျလာပြီး အကာအကွယ်စွမ်းအား တဖြည်းဖြည်း ပြိုလဲသွားကာ နောက်ဆုံး၌ သတိလစ်သွားတော့သည်။
အချိန်အတော်ကြာပြီးနောက်တွင် လိုဏ်ဂူထဲမှ တုန်ခါမှုများ ရပ်တန့်သွားတော့သည်။
“ ဒီကောင်က တကယ်ကြီး မသေသေးဘူးလား။ ”
ချန်လွေ့၏အသံ အနည်းငယ် အံ့အားသင့်နေ၏။ ၎င်းသည် အမှန်ပင် နတ်ဆိုးဧကရာဇ်အဆင့် နတ်ဆိုးသားရဲ ဖြစ်လေသည်။ ၎င်းသည် [ ကြယ်နက်ပိုင်နက် ] ထဲ၌ [ မီးသင့်နဂါးသတ်ဖြတ်ခြင်း ] ကို ထိပ်တိုက် ရင်ဆိုင်ခဲ့ရသော်လည်း မသေသေးပေ။
“ မသေသေးဘူးလား။ ”
ရိုမန် သွေးအန်လိုက်ပြီး ခန္ဓာကိုယ်ကို ထောက်ပံ့ကာ မတ်မတ်ရပ်လိုက်သည်။ ရုတ်တရက် သူ တစ်ခုခု တွေးမိသွားပြီး အားရဝမ်းသာသွားတော့သည်။
“ ဒီတစ်ခေါက် ငါအချီကြီးပွပြီ။ ”
သားရဲကို ယဉ်ပါးအောင်လုပ်ရမယ်။