← Chapters

တူလေး

Vol. 23 Ch. 334

တူလေး

Vol. 23 Ch. 334

ထိုမိစ္ဆာမျက်လုံးဘုရင်ကို [ မိစ္ဆာမျက်လုံး ] ၏တစ်သက်သာ စိတ်ဝိညာဉ်ခန္ဓာကိုယ် အပေါင်းအဖော်အဖြစ် ပြောင်းလဲနိုင်ခဲ့လျှင် ရိုမန်သည် ထိုနတ်ဆိုးဧကရာဇ်အဆင့် စွမ်းအားကို မျှဝေခံစားရမည် ဖြစ်သည်။ ထို့နောက်တွင် သူ၏စွမ်းအား တဟုန်ထိုး တိုးတက်သွားပေမည်။ ထို့အပြင် ထိုမိစ္ဆာမျက်လုံးဘုရင်၏ သန္ဓေပြောင်းပါရမီမှာ အလွန် အစွမ်းထက်လှသည်။ ထို့ကြောင့် ၎င်းသည် နောက်ပိုင်းတိုက်ပွဲများ၌ အရေးကြီးသော အခန်းကဏ္ဍ၌ ပါဝင်မည် ဖြစ်ပေသည်။

ရိုမန်၏မျက်လုံးများ အစိမ်းရောင် လင်းလက်သွားခဲ့သည်။

“ ခေါင်းဆောင်။ မင်းရဲ့ ဉာဏ်က နတ်ဆိုးဘုံရဲ့ လနှစ်စင်းနဲ့ ယှဉ်လို့ရတယ်။ မဟုတ်ဘူး.... နတ်ဆိုးဘုရားသခင်နဲ့တောင် ယှဉ်လို့ရတယ်။ ”

ချန်လွေ့ မောဟိုက်နေရင်း ဖြည့်တင်းဆေးရည် တစ်ပုလင်း သောက်လိုက်သည်။ သူက မာမာထန်ထန် ပြန်ပြောသည်။

“ အပိုတွေ ပြောမနေနဲ့တော့။ ဒီအစွမ်းကိုသုံးပြီးရင် ၂၄နာရီအတွင်း ငါ့ရဲ့ စွမ်အားတွေကို သုံးလို့မရတော့ဘူးဆိုတာ မင်းသိတယ်။ ဒီသောက်အခမ်းအနားကို မြန်မြန် အဆုံးသတ် လိုက်တော့။ ”

“ အမ်း....ခေါင်းဆောင်။ ငါ တစ်ခုခု ပြောလို့ရမလား မသိဘူး..... ”

“ ငါ့အချိန်က တန်ဖိုးရှိတယ်။ မင်းရဲ့ခန္ဓာကိုယ်နဲ့ ငါ့ကို ပေးဆပ်မယ်ဆိုတဲ့ ပေါက်ကရတွေ ပြောမယ်ဆိုရင်တော့ ဘာမှမပြောနဲ့တော့။ ”

ရိုမန်က တုံ့ဆိုင်းလျက် ပြောလိုက်သည်။

“ မဟုတ်ပါဘူး။ အမ်း..... အရင်တစ်ခေါက် ငါတွေ့ခဲ့တဲ့ နတ်ဆိုးဧကရာဇ်အဆင့် မိစ္ဆာမျက်လုံးဘုရင်က ဒီတစ်ကောင် မဟုတ်ဘူး.... ”

“ ဟမ်....ခွေးကောင်။ ဒါဆို ငါတို့တွေ့ မြန်မြန်ပြေးရမှာ မဟုတ်လား။ ”

“……。”

“…”

ယခုတစ်ကြိမ် ကံတရားသည် ယခင်တစ်ခေါက် အသံတိတ်ညစိမ့်မြေမှာကဲ့သို့ မဆိုးလှပေ။ သူတို့သည် လမ်းတစ်လျှောက်၌ မည်သည့် နတ်ဆိုးဧကရာဇ်အဆင့် မိစ္ဆာမျက်လုံးဘုရင်ကိုမျှ မတွေ့ခဲ့ရပေ။ တစ်ခါတစ်ရံ၌ သူတို့သည် နတ်ဆိုးဘုရင်အဆင့် များကို တွေ့ခဲ့ရသည်။ သို့သော်လည်း လမ်းကြောင်းကိုရင်းနှီးသော ရိုမန်က ၎င်းတို့ကို သေသေချာချာ လှည့်ပတ်သွားခဲ့သည်။

နောက်ဆုံး၌ သူတို့သည် ကြောက်မက်ဖွယ်ရာ မြေအောက်အသိုက်မှ လွတ်မြောက်လာပြီး မြေပေါ်ရှိ ထရီဗန်တီ အပျက်အစီးများပေါ်သို့ ပြန်ရောက်လာခဲ့သည်။ ကြာရှည် ပျောက်ဆုံးနေသော အလင်းရောင်သည် သူတို့ကို တစ်ချိန်တည်းမှာပင် စိတ်သက်သာရာ ရစေခဲ့သည်။ သို့သော်လည်း သူတို့ အရှိန်မလျော့ရဲဘဲ တောအုပ်ထူထူထဲသို့ ဆက်လက် ပြေးသွားပြီးနောက် ရပ်တန့်လိုက်ကြသည်။

မိစ္ဆာမျက်လုံးဘုရင်၏ အသက်မှာ အတော်လေး အားနည်းနေပြီ ဖြစ်သည်။ ၎င်းပြန်နိုးလာသောအခါ နတ်ဆိုးသားရဲတို့၏ အသက်ရှင်ရန် စိတ်ဆန္ဒကြောင့် အညံ့ခံလိုက်ပြီး [ မိစ္ဆာမျက်လုံး ] ၏ တစ်သက်သာ အပေါင်းအဖော်သားရဲ ဖြစ်သွားခဲ့သည်။ [ မိစ္ဆာဖျက်ဆီးခြင်း ] စွမ်းအားသည် စိတ်ဝိညာဉ်ခန္ဓာ ဖြစ်သွားသော မိစ္ဆာမျက်လုံးဘုရင်ကို ရိုမန်၏ ရင်ဘတ်ပေါ်ရှိ အထူးအမှတ်အသားတစ်ခု ဖြစ်သွားစေခဲ့သည်။

ရိုမန်သည် မိစ္ဆာမျက်လုံးဘုရင်တစ်ကောင်အား တစ်သက်သာ အပေါင်းအဖော် သားရဲအဖြစ် ပြုလုပ်နိုင်မည်ဟု လုံးဝအိပ်မက် မမက်ဖူးခဲ့ပေ။ အောင်ပွဲခံပြီးနောက် သူ၏ဒဏ်ရာများ ပွင့်ထွက်လာပြီး နာကျင်စွာဖြင့် ပြုံးဖြီးဖြီးလုပ်လိုက်သည်။ သို့သော်လည်း ထိုအပြုံးသည် စိတ်ရှုပ်စရာကောင်းလှသည်။ ယခုတစ်ခေါက်တွင် မိစ္ဆာမျက်လုံးဘုရင်သည် စွမ်းအားအများအပြား ဆုံးရှုံးခဲ့ရသည်။ ထို့ကြောင့် ပြန်လည် အသုံးပြုနိုင်ရန် အချိန်အတော်ကြာ ယူရဦးမည် ဖြစ်သည်။ အစ်ဇဘယ်လာပေးထားသော အချိန်၃ရက်မှာ နေ့တစ်ဝက် လိုနေသေးသည်။ ချန်လွေ့သည် တောအုပ်အပြင်ဘက်၌ ချည်နှောင်ထားသော မှော်မြင်းနှစ်ကောင်ကို မြင်လိုက်ရပြီး အစ်ဇဘယ်လာရှိရာ သစ်ကိုင်းမြို့သို့ ရိုမန်နှင့်အတူ မြင်းစီးသွားခဲ့သည်။

အစ်ဇဘယ်လာသည် သူ၏အဖ တာစတိုင်း၏ ညီမဖြစ်ကြောင်း ရိုမန်ထံမှ ချန်လွေ့ သိခဲ့ရသည်။ သို့သော် ညီမဆိုသည်မှာ “တစ်ဝက်” ဟူ၍သာ ပြောရပေမည်။

ထိုစဉ်က ရိုမန်၏အဘိုး တာရပ်စ်သည် လီဗျာသန် တော်ဝင်မိသားစုမှ မီရာနှင့် ချစ်ကြိုက်သွားပြီး အစ်ဇဘယ်လာကို မွေးဖွားခဲ့သည်။ သို့သော် ထိုမတိုင်ခင် တာရပ်စ်၌ ဘယ်ဖီဂေါမိသားစုမှ ဇနီးတစ်ယောက်နှင့် ကလေးတစ်ယောက်ရှိခဲ့သည်။ ထိုကလေးမှာ ရိုမန်၏အဖေပင် ဖြစ်သည်။ ဘယ်ဖီဂေါ တော်ဝင်မိသားစု၏ အရိပ်လေပြေ အင်ပါယာကို ထင်ယောင်မှားနတ်ဆိုးအင်ပါယာ၏ လီဗျာသန်တော်ဝင်မိသားစုက သုတ်သင်ခဲ့သည့် အတွက်ကြောင့် နောက်ပိုင်းတွင် ထင်ယောင်မှားနတ်ဆိုး အင်ပါယာ သုတ်သင်ခံလိုက် ရသော်လည်း ထို‌တော်ဝင်မိသားစုနှစ်ခုသည် အချင်းချင်း မုန်းတီးနေခဲ့ကြသည်။

ရိုမန်၏အဘိုးသည် အခက်အခဲ အများအပြားကို ကျော်ဖြတ်ခဲ့ပြီး လီဗျာသန်မိသားစုနှင့် ချစ်သူနှင့် အတူတူနေနိုင်ရန် ကြိုးစားခဲ့သည်။ သို့သော်လည်း ဘယ်ဖီဂေါမိသားစု၏ ယောက်ျားကြီးစိုးသော ဓလေ့ကြောင့် မီရာသည် တာရပ်စ်၏ အကောင်းဆုံး ကာကွယ်ခြင်းကို ခံခဲ့ရသည့်တိုင် အနိုင်ကျင့်ခံခဲ့ရသည်။ အထင်သေးခံခဲ့ရသည်။

နောက်ဆုံး၌ မီရာသည် သည်းမခံနိုင်တော့ဘဲ ကလေးနှင့်အတူ ဒေါသကြီး ထွက်သွားခဲ့သည်။ သူသည် လီဗျာသန်မိသားစုမှ လူတစ်ယောက်နှင့် လက်ထပ်လိုက်ပြီး သမီးတစ်ယောက် ရလာခဲ့သည်။

ရိုမန်သည် အမှန်တကယ်ပင် အစ်ဇဘယ်လာအား ဒေါ်လေးဟု ခေါ်သင့်ပေသည်။ အစ်ဇဘယ်လာနှင့် မီရာတို့ကို လူအများက ခွဲခြားဆက်ဆံကြသော်လည်း ရိုမန်၏အဖေ တာစတိုင်းက ထိုညီမလေးကို ကာကွယ်ပေးခဲ့သည်။ မောင်နှမ နှစ်ယောက်၏ ဆက်ဆံရေးမှာ အတော်လေး ကောင်းမွန်လှသည်။

သို့သော်လည်း လူများသည် အတွေ့အကြုံကိုလိုက်ပြီး ပြောင်းလဲကြသည်။ မိသားစု ချစ်ခင်မှုသည် နှစ်ပေါင်းမျာစွာ ကြာပြီးသည်အထိ ဆက်လက်ရှိမရှိကို မသိနိုင်ပေ။ ထို့အပြင် အကျိုးအမြတ်နှင့် ရွေးချယ်မှုများကို ရင်ဆိုင်ရာ၌ ဆွေမျိုးများသည်ပင် အရေး မပါတော့ပေ။ ၎င်းသည် နတ်ဆိုးနှင့် လူသားတို့အတွက် အတူတူပင် ဖြစ်သည်။

အရိပ်လေပြေ ဘွတ်ဖိနပ်ကြောင့် ဖြစ်ပေမည်။ ရိုမန်က သရုပ်မှန်ကို ဖော်ပြပြီးသည့်အခါ အစ်ဇဘယ်လာသည် အတော်လေး အေးစက်သွားခဲ့သည်။ ရိုမန်က သူ၏ရည်ရွယ်ချက်ကို ပြောပြလိုက်သည့်အခါ အစ်ဇဘယ်လာသည် ကိစ္စများခက်ခဲအောင် အရင်ပြုလုပ်ခဲ့သည်။ နောက်ဆုံးမှာသာ ရှင်းလင်းသော အဖြေတစ်ခု ပေးခဲ့သည်။ ရိုမန်၏လက်ရှိအဆင့်မှာ နိမ့်ပါလွန်းလှပြီး အရည်အချင်း မပြည့်မီသေးပေ။ အဖြေကို သိနိုင်ရန်အတွက် [ မိစ္ဆာမျက်လုံး ] သည် [ မိစ္ဆာဖျက်ဆီးခြင်း ] နယ်ပယ်အထိ ရောက်ရှိရပေမည်။

အစ်ဇဘယ်လာက သစ်ကိုင်းမြို့အနီး တောအုပ်မည်းထဲ၌ ထရီဗန်တီဟုခေါ်သော အပျက်အစီးတစ်ခု ရှိကြောင်းကို ရိုမန်အား “ပုံမှန်အတိုင်း” ပြောပြခဲ့သည်။ ၎င်းသည် ဘယ်ဖီဂေါမိသားစု ချန်ရစ်ခဲ့သော အပျက်အစီးတစ်ခု ဖြစ်ပေသည်။

သူ၏ [ မိစ္ဆာမျက်လုံး ] အဆင့်ကို မြှင့်တင်ပေးနိုင်သည့် “ မိစ္ဆာမျက်လုံး ” အနည်းငယ်ရှိသော စွန့်ပစ်ခံထားရသည့် မြေအောက်အသိုက်တစ်ခု ရှိနေသည်။ သို့သော်လည်း ရိုမန်သည် ထိုသို့ သွားမသွားကို ကိုယ်တိုင် ရွေးချယ်ပိုင်ခွင့်ရှိသည်။

၎င်းသည် အရိပ်လေပြေဘွတ်ဖိနပ်ကို ရရှိရန် တစ်ခုတည်းသော နည်းလမ်းပင် ဖြစ်သည်။ အပျက်အစီးသည် အန္တရာယ်ရှိနိုင်ကြောင်း ရိုမန် သိသော်လည်း မတုံ့ဆိုင်းဘဲ ထရီဗန်တီသို့ တည့်တည့် သွားခဲ့သည်။ တိုက်တိုက်ဆိုင်ဆိုင် ရောက်လာသော ချိန်လွေ့ကြောင့်သာ မဟုတ်လျှင် ရိုမန်၏ခရီးနှင့် သူ၏အသက်သည်ပင် “ထာဝရ ပျောက်ကွယ်” သွားပေလိမ့်မည်။

ရိုမန်၏စကားကို သေချာလေ့လာကြည့်ရာ အစ်ဇဘယ်လာသည် ဆာဘရီနာ၏ အစ်မ ဖြစ်နိုင်ချေ အများဆုံးဖြစ်သည်။ သို့သော်လည်း သူတို့ညီအစ်မသည် ရန်သူများ ဖြစ်ကြသည်။ ဆာဘရီနာသည် ဘရော့ခ်ကို အသုံးချပြီး အစ်ဇဘယ်လာ၏အစ်ကို၊ ရိုမန်၏အဖေ၊ တာစတိုင်းကို သတ်ပစ်ခဲ့သည်။ ( တာစတိုင်းနှင့် ဆာဘရီနာတို့ကြား၌ တိုက်ရိုက် သွေးသားဆက်စက်မှု မရှိပေ။ )

သို့သော်လည်း ရိုမန်၏ အဘိုးက သားဖြစ်သူကို မပေးဘဲ မည်သည့်အတွက်ကြောင့် သမီးဖြစ်သူထံ အရိပ်လေပြေဘွတ်ဖိနပ် ပေးခဲ့ကြောင်းကို ချန်လွေ့ နားမလည်နိုင်ပေ။ ဘယ်ဖီဂေါ တော်ဝင်မိသားစုမှာ ယောက်ျားကြီးစိုးတဲ့ ဓလေ့ရှိတယ် မဟုတ်လား။ တာရပ်စ်က ဘာလို့ ဆန့်ကျင်ဘက် လုပ်ခဲ့တာလဲ။

ချန်လွေ့သည် ဆာဘရီနာ အကြောင်းကို ရိုမန်အား ပြောပြခဲ့သည်။ အစ်ဇဘယ်လာနှင့် ဘရော့ခ်တို့က တစ်ဖွဲ့တည်းဖြစ်ကြောင်း ကြားလိုက်ရသည့်အခါ ရိုမန် လက်သီးကျစ်ကျစ် ဆုပ်လိုက်မိသည်။

“ ဒါပေမဲ့ တစ်ဖွဲ့တည်းမှာလည်း ပြိုင်ဘက်ဖြစ်ဖြစ် ရန်သူဖြစ်ဖြစ် ရှိတာပဲ။ အစ်ဇဘယ်လာရယ်၊ ဘရော့ခ်နဲ့ ဆာဘရီနာတို့ကလည်း အဲလိုပဲဖြစ်မယ်။ မဟုတ်ရင် အခု မင်းက ဘရော့ခ် လက်ထဲ ရောက်နေပြီ။ ”

ချန်လွေ့က အစ်ဇဘယ်လာကို အမြင်မကောင်းသော်လည်း သူ၏လေ့လာတွေ့ရှိမှုကို တိတိကျကျ ရှင်းပြခဲ့သေးသည်။

ရိုမန် ခေါင်းညိတ်လိုက်သည်။

“ သူက ငါ့ကို ထရီဗန်တီဆီ သွားအောင် ဆွပေးခဲ့တယ်။ ငါ သေမလို ဖြစ်ခဲ့ပေမဲ့ သူ့ရည်ရွယ်ချက်က ငါ့ကို သတ်ဖို့မဟုတ်ဘူးလို့ ခံစားမိတယ်။ အရိပ်လေပြေဘွတ်ဖိနပ်ကို အပိုင်စီးချင်တာဆိုရင်က သူက ငါ့ကို သတ်ပစ်လိုက်ရုံပဲ။ လက်ရှိစွမ်းအားနဲ့ ငါသူ့ကို မယှဉ်နိုင်ဘူးလေ။ ”

“ ဘယ်လိုပဲဖြစ်ဖြစ်ပါ။ အဲဒီမိန်းမက ကိုင်တွယ်ရ မလွယ်ဘူး။ သူက အဲဒီလျို့ဝှက် ဆန်းကြယ်တဲ့ အင်အားစုကဆိုတာ သိပြီးပြီပဲ။ အဲဒါကြောင့် မင်းဘာပဲလုပ်လုပ်၊ ဘာပဲ ပြောပြော၊ ပိုပြီးသတိထားရမယ်။ သူနဲ့ ဝေးဝေးမှာနေ။ ‌ဒေလီယာ ဘယ်မှာရှိလဲဆိုတာကို မပြောမိစေနဲ့။ ”

“ ငါနားလည်ပါတယ်။ အရိပ်လေပြေဘွတ်ဖိနပ်အကြောင်း ရှိရှိ မရှိရှိ၊ ငါ လေ့ကျင့်ဖို့အတွက် ခဏပြန်သွားမှာပါ။ ”

ရိုမန် ရုတ်တရက် ပြုံးပြီးပြောလိုက်သည်။

“ မိစ္ဆာမျက်လုံးဘုရင်ရဲ့ စွမ်းအားနဲ့ အသိအမှတ်ပြုမှုတွေကြောင့် နတ်ဆိုးဧကရာဇ် အဆင့် ရောက်ဖို့အတွက် ငါ့ရဲ့မျှော်လင့်ချက် ကြီးကြီးမားမား တိုးမြင့်သွားပြီ။ ဆာ-ခေါင်းဆောင်။ မင်း မြန်မြန် တိုးတက်အောင် မလုပ်ဘူးဆိုရင် ဒီဦးလေးရဲ့ တည်ရှိမှုကို အားကျရုံပဲ ရှိနေတော့မှာ။ ”

ချန်လွေ့သည် ရိုမန်အား အထင်သေးလျက် ဖျပ်ခနဲ ကြည့်လိုက်သည်။

“ ငါတို့ ပထမဆုံး တွေ့တဲ့အချိန်မှာ မင်း နတ်ဆိုးဘုရင်အဆင့် ထိပ်သီးပိုင်းရောက်နေတုန်း ငါ့မှာ အမြင့်ဆင့်နတ်ဆိုးစွမ်းအားဘဲ ရှိသေးတယ်ဆိုတာ မမေ့နဲ့။ အခုတော့ ငါက မဟာနတ်ဆိုးအဆင့်စွမ်းအား ရှိနေပြီ။ မင်းက မဟာနတ်ဆိုးအဆင့်ကို ရောက်ရုံပဲ ရှိသေးတယ်။ မင်း နတ်ဆိုးဧကရာဇ်အဆင့် ရောက်တဲ့အခါ ငါက နတ်ဆိုး အရှင်သခင်အဆင့် ရောက်နေလောက်ပြီ။ ”

“…”

ရိုမန် ခဏကြာ ဆွံ့အသွားခဲ့သည်။

သူတို့နှစ်ယောက် တစ်လမ်းလုံး စကားပြောလာပြီး‌နောက် သစ်ကိုင်းမြို့သို့ ချဉ်းကပ်လာခဲ့သည်။

ချန်လွေ့သည် အစ်ဇဘယ်လာအား မြို့၏ အဆင့်မြင့်ဆုံး ဟိုတယ်တွင် ရှာတွေ့ခဲ့သည်။

သူတို့နှစ်ယောက် ပေါ်ထွက်လာခြင်းသည် အစ်ဇဘယ်လာကို အနည်းငယ် အံ့အားသင့် စေခဲ့သည်။ သူသည် ချန်လွေ့အား ဆွဲဆောင်မှုရှိစွာ ပြုံးပြလိုက်သည်။

“ ချာလီစ်။ ရှင် ဘေးကင်းကင်းနဲ့ ပြန်လာမယ်ဆိုတာ ကျွန်မသိတယ်။ ဒါပေမဲ့ နည်းနည်း စိုးရိမ်နေခဲ့သေးတယ်။ ”

“ အဲဒီနေရာက......တကယ်ပဲ နည်းနည်း အန္တရာယ်များတယ်။ ဒါပေမဲ့ ကံကောင်းချင်တော့ ကျုပ်က မိန်းမလှတစ်ယောက်ရဲ့ မျှော်လင့်ချက်ကို မပျက်စေခဲ့ဘူး။ ”

ချန်လွေ့ ပုံမှန်ပြောလိုက်သော်လည်း မျက်နှာပေါ်မှ ပင်ပန်းမှုကို မဖုံးကွယ်ထားနိုင်ပေ။ ၎င်းသည် ထိုခရီး၏ သည်းထိတ်ရင်ဖိုစရာကောင်းခြင်းကို အပြည့်အဝ ရှင်းပြနေခဲ့သည်။ သူက ရိုမန်အား ဖျပ်ခနဲ ကြည့်လိုက်သည်။

“ ဒါပေမဲ့ ခင်ဗျားပြောတာ မှန်တယ်။ ဒီလူ တော်တော်လေး စိတ်ရှုပ်စရာ ကောင်းတယ်။ ”

“ အမ်....ချာလီစ်။ မင်းက ငါ့ရဲ့အစွမ်းတချို့ကို မြင့်ပြီးတော့ စိတ်ကူးပေါက်ရာ သတ်မှတ်တာပဲ။ ငါ ဒါကို ဘယ်လိုလုပ် လက်ခံရမှာလဲ။ ”

ချန်လွေ့က အေးစက်စက်နှင့် နှာမှုတ်လိုက်သည်။

“ မင်းရဲ့အစွမ်းဆိုတဲ့ အထဲမှာ ကျေးဇူးမသိတတ်တာလဲ ပါတယ်။ အဲဒီနေရာကနေ မင်းကို ဘယ်သူ ကယ်ထုတ်လာပေးခဲ့တာလဲဆိုတာ မမေ့နဲ့။ ”

“ ငါ့ကို ကယ်ထုတ်ပေးဖို့ မင်းကို မပြောပါဘူး။ မင်းဘာသာပဲ လုပ်ချင်နေခဲ့တာ။ အခုတော့ မင်းကို မိန်းမတစ်ယောက်က တာဝန်ပေးခဲ့တဲ့ပုံပဲ။ ”

ရိုမန်က အစ်ဇဘယ်လာကို ဖျပ်ခနဲ ကြည့်လိုက်သည်။

“ ဟုတ်တယ်မလား။ မဒမ် ‌ဒေါ်လေး။ ခင်ဗျား ကျုပ်ကို အကြံပေးခဲ့တဲ့ မြေအောက် အပျက်အစီးက တကယ့်ကို မယုံနိုင်စရာ နေရာပဲ။ မိစ္ဆာမျက်လုံး သုံးလေးကောင်ကြောင့် ကျုပ် ပြန်မလာနိုင်လုနီးပါး ဖြစ်တော့မလို့။ ”

အစ်ဇဘယ်လာက ချန်လွေ့ကို ဖျပ်ခနဲကြည့်ပြီးနောက် ရိုမန်ကို ပြန်ကြည့်လိုက်သည်။ သူ၏ ဘယ်မျက်လုံး၌ အနီရောင်အလင်း ဖျပ်ခနဲ လက်သွားပြီး ခေါင်းညိတ်လိုက်သည်။

“ ငါက အဲဒီဂုဏ်ပုဒ်နဲ့ မထိုက်တန်ပါဘူး။ ဒါပေမဲ့ မင်းက ငါထင်ထားတာထက် ကံပိုကောင်းတာပဲ။ အစကတော့ ငါက ဆာ-ချာလီစ်ကို မင်းရဲ့အလောင်း သွားသွယ်ခိုင်းဖို့ စဉ်းစားထားခဲ့တာ။ ”

ချန်လွေ့က သူတို့နှစ်ယောက်၏ ပတ်သက်မှုကို ယခုမှနားလည်ဟန်ဆောင်ပြီး အနည်းငယ် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

“ ကျုပ် နည်းနည်းပင်ပန်းနေပြီ။ အပြင်ထွက်ပြီး ခဏနားလိုက်ဦးမယ်။ ”

“ ဆာ-ချာလီစ်။ မင်း ရှောင်စရာ မလိုပါဘူး။ ”

ရိုမန် ပြုံးဖြီးဖြီး လုပ်လိုက်သည်။

“ မင်းက ခက်ခက်ခဲခဲ ကြိုးစားပြီးတော့ အဲဒီနေရာကနေ ငါ့ကို ခေါ်ထုတ်ခဲ့တာဆိုတော့ ငါမင်းကို ဆာ-ဦးလေးလို့ ခေါ်ရမလား။ ”

ထိုအရူးကောင် အစ်ဇဘယ်လာအရှေ့တွင် ထိုဂုဏ်ပုဒ်ကို ရုတ်တရက် သုံးလိမ့်မည်ဟု ချန်လွေ့ မထင်ထားခဲ့ဘဲ ကြောင်တောင်တောင် ဖြစ်သွားခဲ့သည်။ ချန်လွေ့ ရှုံ့မဲ့ရင်း ပြန်ဖြေလိုက်သည်။

“ အဲဒီဂုဏ်ပုဒ်နဲ့ ထိုက်တန်မယ်ဆိုရင် ဂုဏ်ယူမိမှာပါ။ ကံဆိုးချင်တော့ အခု ငါက မစ်-အစ်ဇဘယ်လာရဲ့ မိတ်ဆွေ တစ်ယောက်ပဲ..... ”

ရိုမန် စကားဖြတ်ပြောလိုက်သည်။

“ မင်းတို့နှစ်ယောက် ဘယ်အဆင့်ထိ ရင်းနှီးလဲဆိုတာကို ငါစိတ်မဝင်စားဘူး။ ငါကမင်းကို ဒီမှာ သက်သေ လုပ်ခိုင်းချင်ရုံပါ။မဒမ်-ဒေါ်လေး ကျုပ်ကို ကတိပေးထားတဲ့ ပစ္စည်းက... ”

“ အဲဒီပစ္စည်းက ငါ့လက်ထဲမှာ ရှိတယ်။ ”

ထိုပစ္စည်း မည်သည့်အရာဖြစ်ကြောင်း ရိုမန် ပြောသည်ကို မစောင့်ဘဲ အစ်ဇဘယ်လာက ချက်ချင်း ပြန်ဖြေလိုက်သည်။

ရိုမန်၏မျက်လုံးများ အရောင်လက်သွားခဲ့သည်။

“ ဒါဆို.....”

“ ဒါဆို ငါ့ရဲ့ကတိ ဖြည့်ဆည်းပြီးပြီလေ။ မင်းအခု ထွက်သွားလို့ရပြီ။ ”

ရိုမန် မျက်မှောင်ကြုတ်လိုက်သည်။

“ မင်း သဘောတူ..... ”

အစ်ဇဘယ်လာ၏ အပြုံးတွင် ‌ထေ့လုံးအရိပ်အယောင် ရှိနေ၏။

“ အဲဒီပစ္စည်း ဘယ်မှာရှိလဲဆိုတာ ပြောပြဖို့ ငါမင်းကို ကတိပေးခဲ့တယ်။ အခု မင်း အဖြေ သိပြီလေ။ ”

ရိုမန် ကြောင်တောင်တောင် ဖြစ်ရမည့်အလှည့် ရောက်သွားခဲ့သည်။ အစ်ဇဘယ်လာ၏ နဂိုစကားတွင် သူ့ကို အရိပ်လေပြေဘွတ်ဖိနပ် ပေးမည့်အကြောင်း မပြောခဲ့ပေ။ သို့သော်လည်း ထိုကဲ့သို့ သဘောပါသည့် သိသာသော အရိပ်အမြွက်များ ရှိနေခဲ့သည်။ သို့သော်လည်း ယခုတွင် ၎င်းသည် ထိုကဲ့သို့ အဖြေ ဖြစ်နေ၏။

သေချာသည်မှာ သူ အလှည့်စား ခံလိုက်ရခြင်းပင် ဖြစ်သည်။.

ငါ ထရီဗန်တီမှာ အချိန်အကြာကြီး အကြီးအကျယ် စွန့်စားခဲ့ပြီးတော့ သေလုနီးပါး ဖြစ်ခဲ့တယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့......

ရိုမန်၏မျက်နှာပေါ်၌ ဒေါသထွက်‌သော အမူအရာ ဖျပ်ခနဲ ဖြစ်သွားပြီး သရော်ပြုံး ပြုံးလိုက်သည်။

“ ဟုတ်တယ်။ ဒါက အဖြေပါပဲ။ ဒါဆိုရင်လည်း အဆင်ပြေတဲ့ အချိန်ကျမှ မဒမ် ဒေါ်လေးရဲ့နေရာကိုလာပြီး‌တော့ အဲဒါကို လာယူ‌တော့မယ်။ အဲဒီမတိုင်ခင်တော့ မဒမ် ဒေါ်လေးနဲ့အရှေ့မှာ ထပ်ပြီးပေါ်လာတော့မှာ မဟုတ်ပါဘူး။ ”

ရိုမန်သည် ထိုကဲ့သို့ ရလာဒ်မျိုးအတွက် ပြင်ဆင်ထားပြီးသား ဖြစ်သည်။ အရိပ်လေပြေ ဘွတ်ဖိနပ်သည် အစ်ဇဘယ်လာနှင့်အတူ ရှိနေကြောင်း သေချာသွားပြီ ဖြစ်သည့်အတွက် စွမ်းအားလုံလောက်သည်နှင့် အစ်ဇဘယ်လာဆီပြန်လာပြီး ၎င်းကို ယူသွားပေမည်။ ယခုတွင် အရေးကြီးဆုံးမှာ အမှောင်လမြို့သို့ပြန်ပြီး လေ့ကျင့်ရန်ပင် ဖြစ်သည်။

ထိုသို့ပြောပြီးနောက် ရိုမန် ဆက်မပြော‌‌တော့ဘဲ လှည့်ထွက်သွားလိုက်သည်။ နဂိုက သူသည် မီးသင့်နဂါးသတ်ဖြတ်ခြင်း၏ ၂၄နာရီ အန္တရာယ်အခြေအနေ ပြီးသည်ထိ ထိုနေရာတွင် နေမည် ဖြစ်ကြောင်း ပြောခဲ့သည်။ သို့သော် ချန်လွေ့က ၎င်းကို ငြင်းပယ် ခဲ့သည်။ ထို့ကြောင့် ရိုမန်က ခေါင်းဆောင်၏ အစီအစဉ်ကို အနှောင့်အယှက် မဖြစ်စေရန် အတွက် ချက်ချင်း ထွက်သွားခဲ့ခြင်း ဖြစ်‌ပေသည်။

ရိုမန် ထွက်ခွာသွားသည်ကို ကြည့်ရင်း ချန်လွေ့ ခေါင်းခါလိုက်သည်။

“ အပေါ်ယံကိုပဲ မြင်တဲ့သူက တကယ့်ကို သဘောမကျစရာပဲ။ ”

အစ်ဇဘယ်လာ သိချင်သွားသည်။

“ ချာလီစ်။ ရှင် တစ်ခုခု မြင်ခဲ့တာလား။ ”

“ ကျုပ် အဲဒီကို ရောက်သွားတော့ ဒီ‌ကောင်က သေရေးရှင်ရေး အခိုက်အတန့်မှာ အဆင့်တက်သွားခဲ့တယ်။ သူရဲ့ ဘယ်မျက်လုံးမှာရှိတဲ့ ထူးဆန်းတဲ့စွမ်းအားကို ကျုပ် မကျော်လွှားနိုင်ခဲ့ဘူး။ ကျုပ်တို့ လူသားလောကမှာ မိုးကြိုးသိမ်းငှက်လို့ခေါ်တဲ့ နတ်ဆိုး သားရဲပျံတွေ ရှိတယ်။ ငှက်ပေါက်စတွေကို အပျံသင်ပေးဖို့အတွက် သူတို့က ကမ်းပါးကနေ ခဏခဏ ပစ်ချကြတယ်။ သဘာဝရွေးချယ်မှုက လိုက်လျောညီထွေ နေနိုင်တဲ့သူတွေကို ရှင်ကျန်စေတယ်။ အန္တရာယ်နှင့် အခက်အခဲတွေက အားနည်းတဲ့ကောင်တွေရဲ့ တောင်ပံ တွေကို ပျက်စီးစေနိုင်ပေမဲ့ သန်မာတဲ့ကောင်တွေရဲ့ တောင်ပံတွေကိုတော့ ထောက်ပံ့ထား ပေးနိုင်တယ်။ ”

အစ်ဇဘယ်လာက ဆွဲ‌ဆောင်မှုရှိစွာ ပြုံးလိုက်ည်။

“ ဒီမှတ်ချက်က တော်တော်လေး စိတ်ဝင်စားစရာ ကောင်းတာပဲ။ ချာလီစ်။ ကျွန်မ ရှင့်ရဲ့ စကားပြော စွမ်းရည်ကို လေးစားမိတယ်။ ဒါက မိန်းကလေးတစ်ယောက်ရဲ့ မကောင်းတဲ့ အကြံအစည် ဆိုတာ အသေအချာပဲ။ ဒါပေမဲ့ ရှင်က အဲဒါက စိတ်ကောင်းအနေနဲ့ ဖော်ပြခဲ့တယ်။ ရှင်က တကယ့်ကို ဆွဲဆောင်မှုရှိတဲ့ ယောက်ျားပဲ။ ဒါနဲ့ အဲဒီ ဂျာဒယ်က သေသွားပြီ မဟုတ်လား။ ဒီကိစ္စကို နားထောင်ကောင်းအောင် ဘယ်လို ဖုံးကွယ်ရင် ကောင်းမလဲ။ နာကျင်မှုကို ဖြေလျော့အောင်လို့ သူ့ရဲ့ဝိညာဉ်ကို နတ်ဆိုးဘုရားသခင်ဆီ ပြန်ပို့လိုက်တယ်လို့ ပြောရမလား။ ”

“ လူတိုင်းမှာ လျို့ဝှက်ချက်တွေ ရှိကြပါတယ်။ ”

ချန်လွေ့ ပုခုံးတွန့်လိုက်သည်။

“ ကျူပ်က စပ်စုတတ်တဲ့သူ မဟုတ်ပါဘူး။ အရေးကြီးဆုံးကတော့ ကျူပ်က နတ်ဆိုးဘုံက မဟုတ်ဘူးလေ။ အဲဒါကြောင့် ဒီကိစ္စတွေကို စိတ်မဝင်စားဘူး။ ခင်ဗျားက ကျုပ်ကို မိတ်ဆွေတွေအနေနဲ့ အလိုအပ်ဆုံး အကူအညီ ပေးဖို့ကိုပဲ မျှော်လင့်တာပါ။ ”

“ ကျွန်မ ဘာလို့ နည်နည်း.....ခြိမ်းခြောက်သလို ကြားနေရတာလဲ။ ”

အစ်ဇဘယ်လာ မျက်မှောင်ကြုတ်လိုက်သည်။

“ ဒါက ကျွန်မ စိတ်ထင်တာလား။ ”

ချန်လွေ့ ပြုံးရင်း ပြောလိုက်သည်။

“ ဒါပေ့ါ။ စိတ်ထင်တာပါ။ ကျုပ်လည်း စိတ်ထင်တာ တစ်ခု ရှိနေတယ်။ ကျုပ်က လွန်ခဲ့တဲ့ ၃ရက်ကတည်းက သစ်ကိုင်းမြို့ကို ရောက်နေခဲ့တာ။ ကျုပ် ထရီဗန်တီကို မရောက်ခဲ့ဘူး။ ပြီးတော့ စိတ်ရှုပ်စရာလူနဲ့ မြင်းလှည်းသမားကိုလည်း မသိဘူး။ ဟုတ်တယ်မလား။”

“ ချာလီစ်။ ရှင်က တကယ့်ကို အံ့သြစရာကောင်းတာပဲ။ ”

အစ်ဇဘယ်လာက စားပွဲမှ ဝိုင်ခွက်ကို ကောက်ယူပြီး ချန်လွေ့ကို ပြုံးရင်း ကမ်းပေးလိုက်သည်။ ထို့နောက် ကိုယ့်အတွက် တစ်ခွက် လောင်းထည့်လိုက်သည်။

“ ကျွန်မတို့ စိတ်ထင်တာအတွက် ဂုဏ်ပြုကြတာပေါ့။ ”

ချန်လွေ့လည်း အစ်ဇဘယ်လာနှင့် ခွက်ချင်းတိုက်ပြီး ဝိုင်တစ်ငုံ သောက်လိုက်သည်။ ထို့နောက် အစ်ဇဘယ်လာက ပြုံးရင်းပြောသည်ကို ကြားလိုက်ရသည်။

“ ဒါပေမဲ့ စိတ်ထင်တာ မဟုတ်တာ တစ်ခုရှိတယ်။ အဲဒါကတော့ မြင်းလှည်းသမား ဂျာဒယ်က ကျွန်မတို့ရဲ့ ဆာ-ချာလီစ်ကို အာခံခဲ့တယ်။ အဲဒါနဲ့..... ”

“ ကျူုပ်က သူ့ကို သတ်လိုက်တယ်လား။ ”

ချန်လွေ့က အစမ်းသဘော မေးလိုက်သည်။

.

“ အဲဒါက အမှန်တရားပဲ မဟုတ်လား။ ”

အစ်ဇဘယ်လာက ချန်လွေ့၏ခွက်ကို ဖျပ်ခနဲကြည့်ပြီး အံ့အားသင့်ဟန် ဆောင်လိုက်သည်။

“ အဲဒီခွက်က....ခုနတုန်းက ကျွန်မသောက်ခဲ့တာ။ ကျွန်မ သတိမထားလိုက်မိဘူး.... ”

“ မစ်-အစ်ဇဘယ်လာနဲ့ကျုပ်က သွယ်ဝိုက်ပြီးတော့ နမ်းမိသွားတာပဲ။ ဒါပေမဲ့ ကံဆိုးချင်တော့ ဒါက သွယ်ဝိုက်တာပါပဲ။ ”

“ ကံဆိုးချင်တော့ ဆိုတဲ့စကားလုံးကို ဖယ်ရှားဖို့အတွက် အခွင့်အရေး ရှိလာမှာပါ။ ”

အစ်ဇဘယ်လာက ပြုံးရင်း ပြောသည်။

“ ကျွန်မ ပြောဖို့ မေ့တော့မလို့ပဲ။ ဂျာဒယ်က ကျွန်မဘေးမှာ နယ်မြေအတွင်းရေးမှူး ရွန်မယ် ထားထားတဲ့ သူလျှိုပဲ။ ဂျာဒယ်က သူ့ရဲ့ လူယုံတစ်ယောက်ပဲ။ ကျွန်မကို လက်ရှိမှာ ဘုရင်ခံက ယုံကြည်ပေမဲ့ ကျွန်မ အမြင့်ကို ပိုတက်လေလေ၊ ပြုတ်ကျရင် ရမယ့်ဒဏ်ရာက ပိုများလေလေပဲ။ အထူးသဖြင့် တော်တော်များများက ကျွန်မလို အားနည်းတဲ့ မိန်းမသားကို ကျရှုံးစေချင်ကြတယ်။ ဥပမာပြောရရင် ရွန်မယ်က တော်တော်လေး တစ်ကိုယ်ကောင်းဆန်တယ်....”

ဒီမိန်းက လျို့ဝှက်ကြံစည်တာ ‌‌တော်တော် ‌တော်တာပဲ။ သူ့ရဲ့ ခြေလှမ်းတိုင်းက သေသေချာချာ တွက်ချက်ပြီးသားပဲ။ ချန်လွေ့က ကြက်သေသေသည့် အမူအရာ ပြသလိုက်ပြီး ခါးသက်သက်နှင့် ပြုံးလိုက်သည်။

“ ဒါဆိုရင်တော့ ကျုပ် အစ်ဇဘယ်လာဘက်မှာပဲ မြဲမြဲမြံမြံ ရပ်ရမှာပေါ့။ ဒါကလည်း နဂိုကတည်းက ကျုပ်ရဲ့ ဆန္ဒပါပဲ။ ”

“ ရှင် ကျွန်မကို ရင်းနီလို့ ခေါ်လို့ရပါတယ်။ ကျွန်မကို အဲဒီလိုခေါ်တဲ့သူ အများကြီး မရှိဘူး။ အထူးသဖြင့် ယောက်ျားတွေပေါ့။ ”

ချန်လွေ့လည်း စိတ်ထဲ၌ သက်ပြင်းချလိုက်သည်။ အခုအတွက်တော့ အစ်ဇဘယ်လာရဲ့ စမ်းသပ်ချက်ကို ငါ ကျော်ြဖတ်သွားနိုင်ပြီ။ ဒါက တကယ်မလွယ်ဘူး။

All Chapters