← Chapters

ဆင့်ခေါ်ခံရခြင်း

Vol. 23 Ch. 335

ဆင့်ခေါ်ခံရခြင်း

Vol. 23 Ch. 335

အစ်ဇဘယ်လာတွင် နောက်ထပ် လှည်းသမားတစ်ယောက် ရှိသည်။ ဂျာဒယ်ကို ချန်‌လွေ့ သတ်ပစ်ခဲ့စဉ်က သူ့တွင် အသစ်တစ်ယောက် ရှိနှင့်နေပြီး ဖြစ်နိုင်သည်။ ယခင်၃ရက်တွင် အစ်ဇဘယ်လာက လျို့ဝှက်အင်အားစုကို ဆက်သွယ်ပြီး လူသား “ချာလီစ်” အကြောင်း သတင်းပေးမပေးကို ချန်လွေ့ မသိပေ။ သူ့အတွက် ယခုအရေးကြီးဆုံးမှာ ချဉ်းကပ်လာ နေပြီဖြစ်သော အရေးကြီးဆုံး အစည်းအဝေးကို မည်သို့ကိုင်တွယ်ရန် စဉ်းစားခြင်းပင် ဖြစ်လေသည်။

သူတွေ့ရမည့်သူမှာ ကြယ်ကြွေတမန် အင်ပါယာ၏ အုပ်စိုးသူ၊ ရှီရာ၏ဦးလေး ဖြစ်သော ဘုရင်ခံ အိုဆိုင်ဒန် လူစီဖာ ပင် ဖြစ်၏။

ချန်လွေ့၏ သတင်းအချက်အလက်အရ မင်းသာ အိုဆိုင်ဒန်သည် ဉာဏ်များပြီး သံသယ ကြီးသည်။ ဉာဏ်များခြင်းသည် ပါရမီရှိပြီး အမြင်ကျယ်ခြင်း၏ တစ်စိတ်တစ်ပိုင်း ဖြစ်သော်လည်း ၎င်းတို့ကို ကိုယ်စားမပြုပေ။ နတ်ဆိုးဘုံ၏ အမှန်တကယ် ပါရမီရှိပြီး အမြင်ကျယ်သော ဧကရာဇ်နှစ်ယောက်နှင့်ယှဉ်လျှင် မင်းသားအိုဆိုင်ဒန်အား တာဝန်ကို ထိန်းသိမ်းထားရုံသာ တတ်နိုင်သည့်ဘုရင်ခံ အနေဖြင့်သာ သတ်မှတ်၍ရသည်။ သို့သော် ချန်လွေ့ မပေါ့ဆရဲပေ။

ရက်အနည်းငယ် ကြာပြီးနောက် အစ်ဇဘယ်လာ၏ လှည်းသည် မြို့တော်သို့ ရောက်လာ ပြီးနောက် အတွင်းမြို့သို့ တစ်ခါတည်း မောင်းသွားခဲ့သည်။ အထဲတွင် သူ့ကို တရိုတသေ ကြိုဆိုသူများ ရှိနေခဲ့သည်။

၎င်းသည် အင်ပါယာ၏ အမြင့်ဆုံး အုပ်ချုပ်ရေးဌာန ဖြစ်သည်။ အရိပ်နက် မြို့တော်၏ ပုံစံမှာ ကြွယ်ဝပြီး ရိုးစင်း၏။ အလယ်တွင် တောင်တစ်တောင်ရှိပြီး လှေကားထစ် မြို့တော်မျိုး ဖြစ်သည်။ ကြယ်ကြွေတမန်မြို့တော်မှာ ညီညာသော ပုံပန်းသွင်ပြင်ရှိပြီး တည်ကြည်ခန့်ညား၏။ အဝေးမှနေ၍ ကြယ်ကြွေတမန်ရုပ်ထုကို မြင်နိုင်ပေသည်။ ၎င်းသည် မြို့တော်၏ အမွှမ်းတင် အမှတ်အသားတစ်ခု ဖြစ်ပေသည်။

လှည်းသည် ဇိမ်ခံအိမ်တစ်လုံးအရှေ့၌ ရပ်တန့်သွားခဲ့သည်။

“ ကျွန်မကို ဆင်းတာ ကူပေးနိုင်မလား။ ချာလီစ်။ ”

အစ်ဇဘယ်လာ၏ ညုတုတုအသံ ထွက်လာသည်။ လမ်းတစ်လျှောက်၌ သူတို့၏ ပတ်သက်မှုသည် “ထူးထူးခြားခြားရှေ့ဆက်”သွားပြီး ရင်းနှီးသော မိတ်ဆွေများကဲ့သို့ ဖြစ်သွားသည်။

“ ရတာပေါ့။ ”

ချန်လွေ့သည် လှည်းထဲမှ အရင်ထွက်ပြီးနောက် အစ်ဇဘယ်လာ၏လက်ကို ညင်ညင်သာသာ ကိုင်ကာ လှည်းထဲမှ ခေါ်ထုတ်လိုက်သည်။

အစ်ဇဘယ်လာ၏ အိမ်ရှေ့တွင် အချိန်အကြာကြီး စောင့်နေပုံရသော လူသုံလေးယောက် ရှိနေသည်။ ခေါင်းဆောင်မှာ အရပ်မြင့်မြင့်၊ ပိန်ပိန်ပါးပါးနှင့် ချောမောသော ယောက်ျား တစ်ယောက်ဖြစ်ပြီး သပ်သပ်ရပ်ရပ် ဝတ်ဆင်ထား၏။ အစ်ဇဘယ်လာကို တွေ့သောအခါ သူက အလျင်အမြန် နှုတ်ဆက်လိုက်သည်။

အစ်ဇဘယ်လာ အသာလေးပြုံးပြီး လွတ်တော့မည့် ချန်လွေ့၏လက်ကို ခန္ဓာကိုယ်နှင့် ညှပ်ထားလိုက်သည်။ မို့မောက်သော ရင်သားသည် ချန်လွေ့၏လက်မောင်းပေါ်၌ အနားယူနေ၏။ ၎င်းသည် အနည်းငယ်သာ ထိတွေ့နေသော်လည်း ချန်လွေ့သည် နွေးထွေးမှုနှင့် မယုံနိုင်စရာ နူးညံ့မှုတို့ကို ခံစားနေရသေးသည်။

ချန်လွေ့လည်း သာမန်ယောက်ျားတစ်ယောက်သာ ဖြစ်သည်။ အစ်ဇဘယ်လာသည် ၎င်းကို တမင်လုပ်ခဲ့ကြောင်း သိသော်လည်း သူ၏နှလုံးခုန် မြန်လာခဲ့သည်။

အစ်ဇဘယ်လာကို နှုတ်ဆက်သော ထိုသူ၏အမူအရာသည် ချက်ချင်းပင် ကြက်သေသေသွားပြီး သူ၏ လူသတ်ချင်သောအကြည့်က အစ်ဇဘယ်လာမှီထားသော ချန်လွေ့၏ လက်မောင်း အပေါ်သို့ ကျရောက်သွားခဲ့သည်။ သူ့တွင် မိစ္ဆာမျက်လုံး၏ပါရမီသာရှိလျှင် ယခုတွင် ချန်လွေ့၏လက်မောင်း ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားမည် ဖြစ်ပေသည်။

မျိုးနွယ် - မာနတော်ဝင်မိသားစု။

စွမ်းအားအကဲဖြတ်မှု - [ B ]

ခန္ဓာအမျိုးအစား - [ B- ]

ခွန်အား - [ B ]

စိတ်ဝိညာဉ် - [ B ]

မြန်ဆန်မှု - [ B- ]

“အစ်ဇဘယ်လာ”

ထိုသူက အစ်ဇဘယ်လာကို ကြည့်လိုက်သည့်အခါ ယဉ်ကျေးသော အပြုံးကို ပြသလိုက် ပြန်ပြီး ချန်လွေ့ကို လျစ်လျူရှုထားလိုက်သည်။ သူ၏လက်ထဲ၌ လှသော အရောင်စုံ ပန်းတစ်စည်း ထွက်ပါ်လာခဲ့သည်။

“ ဒါက သက်တန့်တောင်ကြားကနေ ကိုယ် အထူးတလှည်ခူးလာခဲ့တဲ့ ၇ရောင်ခြယ်ပန်း လေ။ ကြိုက်ရဲ့လား။ ”

“ လော်ဒန်။ ရှင် ကျွန်မကို လေဒီ-အစ်ဇဘယ်လာလို့ ခေါ်သင့်တယ်။ ”

အစ်ဇဘယ်လာက ပန်းကိုယူပြီး နမ်းရှိုက်ကာ အသာလေး ပြုံးလိုက်သည်။

“ ဒီပန်းက လှသားပဲ။ ကျွန်မ လက်ခံလိုက်မယ်။ ကျေးဇူးပါ။ ”

ပန်းကို လက်ခံလိုက်ကြောင်း မြင်သည့်အခါ လောဒန်က ချက်ချင်းပင် ပြောသည်။

“ မြိူ့တော်ကနေ လေဒီကို ပြန်လည်ကြိုဆိုဖို့အတွက် ‌တော်ဝင်ထရွန် စားသောက်ဆိုင်မှာ သီးသန့်အခန့် ငှားထားပါတယ်။ ကိုယ်ဖိတ်ခေါ်တာကို လက်ခံပေးပါ။ ”

“ စိတ်မကောင်းပါဘူး။ ကျွန်မနည်းနည်း ပင်ပန်းနေပြီ။ ပြီးတော့ ကျွန်မမှာ အရေးကြီး ဧည့်သည်တစ်ယောက် ရှိတယ်။ ”

အစ်ဇဘယ်လာက ချန်လွေ့ကို ‌‌တောက်ပစွာ ပြုံးပြလိုက်သည်။ ၎င်းသည် လော်ဒန်အား ခုနက သူပြုံးပြခဲ့သည်နှင့် လုံးဝတခြားစီပင် ဖြစ်သည်။ သူသည် ချန်လွေ့အား မြတ်နိုးစွာ ပွေ့ဖက်ပြီး အိမ်ထဲသို့ လမ်းလျှောက်သွားလိုက်သည်။

ဒီလူ့ကို အဖော်ပြုပေးတာတော့ မင်း မပင်ပန်းဘူးပေါ့။ လော်ဒန်၏မျက်လုံးထဲ၌ အေးစက်သော အလင်းရောင် ဖျပ်ခနဲ လက်သွား၏။ ချန်လွေ့သည် ခေါင်းကို စိတ်ဝိညာဉ် စွမ်အား လာမှန်ကြောင်း ခံစားလိုက်ရသည်။ လော်ဒန်၏ စိတ်ဝိညာဉ်နှင့် စွမ်းအားသည် မဟာနတ်ဆိုးဘုရင်အဆင့် အလတ်ပိုင်းဖြစ်ပြီး ခန္ဓာကိုယ်နှင့် မှော်အစွမ်းကိုပါ လေ့ကျင့်ထားပုံရသည်။ သို့သော်လည်း ထိုကဲ့သို့ စိတ်ဝိညာဉ်စွမ်းအားအဆင့်သည် [ မှော်-ဆန့်ကျင် ] စွမ်းရည်ရှိသော ချန်လွေ့အဖို့ ဘာမျှ မဟုတ်ပေ။ ထို့ပြင် သူသည် မိစ္ဆာမျက်လုံး အသိုက်ရှိ “လေ့ကျင့်ရေး” ၌ အတွေ့အကြုံ ရှိခဲ့ပြီးပြီ ဖြစ်သည်။ ထို့ကြောင့် သူသည် ၎င်းကို တိုက်ရိုက်ခံယူပြီး လုံးဝ အဆုံးသတ်ပစ်လိုက်သည်။

လော်ဒန်သည် တစ်ခါတည်း စိတ်ဝိညာဉ်လှိုင်း သုံးလေးချက် ပစ်လွှတ်ခဲ့သော်လည်း လုံးဝ အကျိုးမရှိခဲ့ပေ။ သူသည် အစ်ဇဘယ်လာက ထိုသူ၏လက်မောင်းကို ပွေ့ဖက်ပြီး လမ်းလျှောက်နေသည်ကိုသာ ကြည့်နေနိုင်ခဲ့ပြီး မြို့တော်၏ သဘောကျဆုံးဖြစ်သော သူသည် နောက်ခံတစ်ခုသာ ဖြစ်နေပုံရသည်။

လော်ဒန်သည် အမြဲပင် မာနကြီးသည်။ သူသည် အစ်ဇဘယ်အား အချိန်အတော်ကြာ တပ်မက်နေခဲ့သည်။ ဒီလူရဲ့စွမ်းအားက ငါ့ထက်သာပေမဲ့ ဒါက မြို့တော်ပဲ။ ကြယ်ကြွေတမန် အင်ပါယာရဲ့ အကြီးအကဲ မိသားစုဖြစ်တဲ့ လင်ကွန်မိသားစုရဲ့ ဆက်ခံသူဖြစ်တဲ့ ငါက အစ်ဇဘယ်လာအရှေ့မှာ ကြွားလုံးထုတ်တဲ့ သူစိမ်းတစ်ယောက်ကို ဘယ်လိုလုပ် သည်းခံရမှာလဲ။

အမှန်တကယ်၌ ချန်လွေ့သည် လူပေါ်လူဇော်လုပ်ရန် မရည်ရွယ်ခဲ့ပေ။ အစ်ဇဘယ်လာသည် တမင်တကာပင် လော်ဒန်အရှေ့၌ ထိုကဲ့သို့ ချစ်ခင်မှုများကို ပြသခဲ့သည်။ ချန်လွေ့သည် အကာအကွယ်အနေဖြင့် အသုံးချခြင်း ခံရသည်မှာာ သိသာ ပေသည်။ လော်ဒန်လည်း အနည်းငယ် သဘောပေါက်လောက်သည်။ သို့သော်လည်း သူသည် ချန်လွေ့အပေါ် ဒေါသပုံချခဲ့သည်။

လော်ဒန်၏ ရွှေရောင်မျက်လုံးများသည် အဖြူအမည်းသို့ စတင် ပြောင်းလဲလာခဲ့သည်။ သူ၏စိတ်ဝိညာဉ်စွမ်းအား တဟုန်ထိုး တိုးတက်လာခဲ့ပြီး စိတ်ဝိညာဉ်စွမ်းအားမှာ [ B+ ] သို့ တိုးမြင့်သွားခဲ့ပြီး မမြင်နိုင်သော စိတ်ဝိညာဉ်လှိုင်းတစ်ခုက ချန်လွေ့ကို အုပ်မိုးလိုက်သည်။

ထိုကဲ့သို့ စွမ်းအားသည် လုံးဝကွဲပြားသော ဖွဲ့စည်းမှုကို ဆောင်ကြဉ်းပေးသော်လည်း လျို့ဝှက်ဆန်းကြယ်သော နည်းလမ်းတစ်ခုဖြင့် ပေါင်းစပ်သွားခဲ့သည်။ ၎င်းတို့တွင် ထိတ်လန့်ဖွယ်ရာကောင်းသော အငွေ့အသက်တစ်ခု ပါဝင်နေ၏။

[ အလင်းအမှောင် နှလုံးသား ]။ လူစီဖာ ‌တော်ဝင်မိသားစုရဲ့ အစွမ်းထက်ဆုံး သွေးပါရမီ။

[ အလင်းအမှောင် နှလုံးသား ]သည် လုံးဝ အထင်ကြီးစရာ ကောင်းပေသည်။ ၎င်းကို နတ်ဆိုးဘုံ ‌တော်ဝင်မိသားစုထဲရှိ အစွမ်းထက်ဆုံး ပါရမီထဲမှတစ်ခုဟု သတ်မှတ်နိုင်သည်။ ယခင်က သန်းခေါင်နေအရှင်သည် [ အလင်းအမှောင် သော့ခလောက် ] ကို အသုံးပြုပြီး အဆိပ်နဂါး ပါ့ဂ်လီအိုအား ချိပ်ပိတ်ခဲ့သည်။ ထို့ကြောင့် ပါ့ဂ်လီအို နိုးလာသည့်အတိုင် ရေကန်ပြာမှ ခြေတစ်လှမ်းပင် လမ်းကာ ထွက်သွား၍ မရနိုင်ခဲ့ပေ။

အစ်ဇဘယ်လာကို မထိစေရန်အတွက် လော်ဒန်သည် စိတ်ဝိညာဉ် တိုက်စားခြင်းနည်းကို အသုံးပြုခဲ့သည်။ အစ်ဇဘယ်လာအား စိတ်ဆိုးစေနိုင်သည့်အတွက် သူသည် ချန်လွေ့အား သတ်ပစ်မည် မဟုတ်ပေ။ သို့သော်လည်း သူသည် အစ်ဇဘယ်လာထံ ချဉ်းကပ်ရဲသော ( အကာအကွယ်ပင် ဖြစ်ပါစေ ) ထိုသူကို အရှက်ခွဲရပေမည်။

ချန်လွေ့၏လက်ကို ဖက်ထားသော အစ်ဇဘယ်လာသည် တစ်ခုခု ထူးဆန်းနေကြောင်း ခံစားမိသော်လည်း တားဆီးရန် ဆန္ဒမရှိပေ။ သူသည် ချန်လွေ့နားသို့ ပို၍ပင် ကပ်သွားခဲ့သည်။ ထို့ကြောင့် ချန်လွေ့ကို [ အလင်းအမှောင်နှလုံးသား ] ၏ စွမ်းအားကို မရှောင်နိုင်တော့ဘဲ ထိပ်တိုက်ရင်ဆိုင်ရတော့သည်။

ချန်လွေ့ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ သူသည် ထိုထူးဆန်းသောစွမ်းအားကို ကျူးကျော်ပြီး လွှမ်းမိုးစေလိုက်သည်။ သူ၏ပထမဆုံး အတွေ့အကြုံအရ ၎င်းသည် ရေနှင့်မီး ကဲ့သို့ပင် လုံးဝလိုက်လျောညီထွေမှု မရှိသော အားနှစ်ခုဖြစ်ကြောင်း သိလိုက်ရသည်။ ၎င်းက ရန်သူဆီ ရောက်သွားသည့်အခါ ထိုကဲ့သို့ ပေါင်းစပ်မှုသည် အစပွားပြီး ပေါက်ကွဲထွက်သွားမည် ဖြစ်သည်။ ၎င်းသည် အမှန်တကယ်ကို လုံးဝကို အထင်ကြီးစရာ ကောင်းလှပေသည်။

သို့သော်လည်း အလင်းအမှောင်စွမ်းအား မပေါက်ကွဲခင်မှာပင် ချန်လွေ့သည် [ ကြယ်တာရာဝါးမျိုခြင်း ] ကို သုံးထားခဲ့သည်။ စိတ်ဝိညာဉ်လောကထဲ၌ နတ်ဆိုးဧကရာဇ် သို့မဟုတ် နတ်ဆိုးအရှင်သခင်သည်ပင် စူပါစနစ်ကို မယှဉ်နိုင်ပေ။ မဟာနတ်ဆိုး အဆင့်၏ စိတ်ဝိညာဉ်စွမ်းအားကလေးက [ အလင်းအမှောင်နှလုံးသား ] ဖြစ်သည့်တိုင် အန္တရယ် သိပ်ပေးနိုင်မည် မဟုတ်ပေ။ ၎င်းသည် ချက်ချင်းပင် ဝါးမျိုခံလိုက်ရ၏။

အကယ်၌ လော်ဒန်သာ ထိုတိုက်ခိုက်မှုကို မသုံးခဲ့လျှင် ချန်လွေ့ ကြောက်သော်လည်း အလွယ်တကူ ဖြေရှင်းနိုင်မည် မဟုတ်ပေ။ သို့သော် အကယ်၌ လော်ဒန်၏ အလင်းအမှောင် စွမ်းအားသည် [ နတ်မိစ္ဆာမျက်လုံး ] ကဲ့သို့ပင် ပြိုင်ဘက်၏ စိတ်ဝိညာဉ်လောကို ဝင်ရောက်မည်ဆိုလျှင် မျက်လုံးများမှ သွေးများ ပြင်းပြင်းထန်ထန် ယိုစီးလာမည် ဖြစ်သည်။

သူတို့နှစ်ယောက်သည် လမ်းလျှောက်နေရင်း သုံးလေးကြိမ် တိုက်ခိုက်လိုက်၊ ခုခံလိုက် ပြုလုပ်နေခဲ့ကြသည်။ အစ်ဇဘယ်လာမှလွဲ၍ ၎င်းကို မည်သူမှ သတိမထားမိခဲ့ပေ။

လော်ဒန်က သူထုတ်လွှတ်ခဲ့သော အလင်းအမှောင်စွမ်းအားသည် လေထဲသို့ ပျောက်ကွယ် သွားသည်ကိုသာ ခံစားလိုက်မိသည်။ အကြောင်းမှာ ထိုသူသည် အစ်ဇဘယ်လာ၏ လက်ကို ကိုင်ထားလျက်ပင် ရှိနေပြီး ဘာမှမဖြစ်သကဲ့သို့ပင် ရှေ့သို့ဆက်သွားသည့် အတွက်ကြောင့်ပင် ဖြစ်လေသည်။

လောဒန် ဒေါသ ထွက်သွား၏။ သူက စွမ်းအားများစုစည်းရန် ပြင်လိုက်စဉ် ထိုသူသည် ရုတ်တရက် နောက်လှည့်ပြီး သူ့ကို ကြည့်လိုက်သည်။ ထိုမျက်လုံးနှစ်လုံးထဲ၌ ကြောက်မက်ဖွယ်ရာ အငွေ့အသက်တစ်ခု ရှိနေ၏။ ချက်ချင်းပင် လော်ဒန်သည် ဖျက်ဆီးခြင်း ခံစားချက်တစ်ခု ခံစားလိုက်ရသည်။ ထိုအကြည့်က သူ၏နှလုံးသားကို တုန်လှုပ်သွားစေခဲ့သည်။ သူ၏အဖေ နတ်ဆိုးဧကရာဇ် ဒါမာသည်ပင် သူ့ကို ထိုကဲ့သို့ ခံစားရအောင် မလုပ်နိုင်ခဲ့ပေ။

လောဒန်၏ စိတ်ဝိညာဉ်စွမ်းအား မဟာနတ်ဆိုးဘုရင်အဆင့် ထိပ်သီးပိုင်းသို့ ရောက်ရှိသွားရခြင်းမှာ [ အလင်းအမှောင်နှလုံးသား ] ကို အသုံးပြုလိုက်ခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့် ဆိုးကျိုးနှင့် အချိန်အကန့်အသတ်တစ်ခု ရှိနေသည်။ ပိုင်နက် ခံစားချက်ပါသော ချန်လွေ့၏အကြည့်က လော်ဒန်က စွမ်းအား အတင်းတိုးထားခြင်းကို ရုတ်တရက် တန်ပြန်ရိုက်ခတ်စေခဲ့သည်။ ထိုအချိန်၌ သူ ထိန်းမထားနိုင်တော့ဘဲ နောက်သို့ ခြေသုံးလေးလှမ်း ဆုတ်ခွာလိုက်ရပြီးမှသာ မြဲမြဲမြံမြံ မတ်တပ်ရပ်နိုင်ခဲ့သည်။ သူ၏မျက်နှာ နီရဲပြီး ဖြူဖျော့သွားကာ သွေးတစ်လုပ် ပြန်မျိုချလိုက်ရသည်။

အခြေအနေ သိပ်မဟန်ကြောင်း မြင်နေသည့်အတွက် နောက်လိုက်တစ်ယောက်က အလောတကြီး ပြောလိုက်သည်။

“ ဆာ-လော်ဒန်.... ”

သူ၏စကား မဆုံးသေးခင်မှာပင် မျက်နှာကို လက်သီးဖြင့် ပြင်းပြင်းထန်ထန် ထိုးခံ လိုက်ရသည်။ သူ့တစ်ကိုယ်လုံး လွင့်ထွက်သွားပြီး သေသလား၊ ရှင်သလား မသိရပေ။ လော်ဒန်လည်း ထိုကံဆိုးသူကို လျစ်လျူရှုပြီး စကားဆက်မပြောတော့ဘဲ တန်ဖိုးကြီးစွာ စီခြယ်ထားသော လှည်းပေါ်သို့ မျက်နှာဖြူဖျော့လျက် တက်သွားလိုက်သည်။

“ ရင်းနီ။ ငါ့ရဲ့လက်ကို လွှတ်ပေးလို့ ရမလား။ ဟိုရွံစရာကောင်းထွက်သွားပြီ။ ”

အစ်ဇဘယ်လာက ချိုမြိန်စွာ ပြုံးပြလိုက်သည်။ သို့သော်လည်း လက်မလွတ်ခဲ့ပေ။

“ ရှင် အထင်လွဲနေတာထင်တယ်။ ချာလီစ်။ ကျွန်မက ရှင့်ကို ဒီလိုဖက်ထားရင် အန္တရာယ် ကင်းတယ်လို့ ခံစားရလို့ပါ။ ”

“ ရင်းနီကို အကြွေးတင်အောင် လုပ်ရတာ မလွယ်ဘူးပဲ။ ”

ချန်လွေ့က စိတ်ပျက်လက်ပျက်နှင့် ခေါင်းခါလိုက်သည်။

ချန်လွေ့သည် အစ်ဇဘယ်လာနှင့်အတူ အိမ်ထဲသို့ လိုက်သွားခဲ့သည်။ အစ်ဇဘယ်လာသည် ၇ရောင်ခြယ် ပန်းပွင့်များကို အစေခံထံ ပစ်ပေးလိုက်သည်။ ထို့နောက် ပင့်သက်ရှိုက်လိုက်ရာ မို့မောက်သော ရင်သားများ မြင့်တက်လာပြန်သည်။

“ ချိုမြိန်တဲ့ အိမ်ကလေးပဲ..... ။ ဒါနဲ့ ခုနက သဘောကျစရာ မကောင်းတဲ့သူက လင်ကွန် မိသားစုရဲ့ ဆက်ခံသူပဲ။ သူတို့က အင်ပါယာရဲ့ အကြီးအကဲ မိသားစုတွေထဲက တစ်ခုပဲ။ ရှင် နောက်ပိုင်းကျရင် သတိထားရမယ်။ ”

“

“ ပထမတစ်ခုက စစ်ဘက်ဆိုင်ရာ ဝန်ကြီးချုပ်၊ အခုကတော့ အကြီးအကဲမိသားစုရဲ့ ဆက်ခံသူ.... ”

ချန်လွေ့ အားသက်သက်နှင့် ပြောလိုက်သည်။

“ ရင်းနီက ငါ့အတွက် ရန်သူတွေ လုပ်‌‌‌ပေးတဲ့နေရာ တော်တော် တော်တာပဲ။ ဒါ‌ပေမဲ့ မင်းဘယ်မှာ ငါနေမယ်လို့ မဆုံးဖြတ်ရသေးဘူး။ ဘုရင်ခံ အိုဆိုင်ဒန်အတွက်က.... ”

“ စိတ်အေးအေးထားပါ။ လိပ်ပြာနီအရှင်ရဲ့ အာမခံနဲ့ဆိုရင် ပြဿနာ မရှိလောက်ပါဘူး။ ကျွန်မ ဒီကိစ္စတွေကို ဘုရင်ခံဆီ အမှန်အကန် သတင်းပို့လိုက်တယ်။ အဲဒီမတိုင်ခင် ရှင် ဒီမှာ ကျွန်မနဲ့ ယာယီနေပြီးတော့ သတင်းကောင်း စောင့်နေပေါ့။ ”

အစ်ဇဘယ်လာက သူ့အကြောင်း လုံးဝမပြောဘဲ နှုတ်ပိတ်နေခဲ့သည်။

သို့သော်လည်း ချန်လွေ့၏ လေ့လာဆန်းစစ်မှုအရ အစ်ဇဘယ်လာ၏ နည်းလမ်းမှာ ထို သူစိမ်းလူသားအား သူ့အပေါ် ပို၍မှီခိုပြီး နိုင်ငံရေး ရန်သူများအား ကိုင်တွယ်ရန်အတွက် အသုံးချန်ရန် ဖြစ်နိုင်ပေသည်။ ထိုသို့ဆိုလျှင် “ချာလီစ်” ပို၍ အင်အားကြီးလေလေ၊ သြဇာကြီးလေလေ၊ အစ်ဇဘယ်လာအတွက် ပိုမိုအကျိုးရှိလေလေ ဖြစ်သည့်အတွက် ယခုကိစ္စတွင် သူသည် အကောင်းဘက်မှ ရှိနိုင်ချေများသည်။

ထိုည၌ ချန်လွေ့သည် အစ်ဇဘယ်လာ၏ စံအိမ်ထဲတွင် နေခဲ့သည်။ မည်သည့် ထူးထူးခြားခြားမှု မဖြစ်ခဲ့ပေ။ သို့သော်လည်း အဖြစ်အပျက် ကိုယ်တိုင်က စိတ်ဝင်စား သူများကို သေချာပေါက် ဆွဲဆောင်ပေလိမ့်မည်။

၁ရက်၊ ၂ရက်၊ ၃ရက် ..... ကုန်ဆုံးသွားခဲ့သည်။

ချန်လွေ့ စိတ်မရှည်ဖြစ်လာသည့် ၅ရက်မြောက်နေ့မှသာ အစ်ဇဘယ်လာက သူ့ကို သတင်းတစ်ခု ပြောခဲ့သည်။

“ ဘုရင် အိုဆိုင်ဒန်က ဒီရက်တွေမှာ အလုပ်များနေခဲ့တယ်။ ဒီကိစ္စကို သူ အာရုံထားဖို့ အတွက် အလုပ်လုပ်နေတဲ့သူတွေကို ပြောပေးဖို့ ကျွန်မ‌ တော်တော်လေး ကြိုးစားခဲ့ ရတယ်။ ”

ချန်လွေ့ စိတ်ထဲ၌ ရွံရှာမိသွားသည်။ အစ်ဇဘယ်ာသည် ထိုနေ့ရက်များ၌ အမှန်တကယ်ပင် “အလုပ်များ” နေခဲ့သည်။ သူသည် နေ့တိုင်း အကကရန် သို့မဟုတ် ပွဲတော်အတွက် အဝတ်အစား တစ်စုံပြီးတစ်စုံ လဲလှယ်နေခဲ့ရသည်။ သူသည် အမှန်တကယ်ပင် မြို့တော်၏ နာမည်ကြီး ပန်းတစ်ပွင့်ဖြစ်သည်။ ကံဆိုးစွာပင် ထိုပန်းမှာ အလွန် အဆိပ် ပြင်းလှသည်။

အစ်ဇဘယ်လာက ဆွဲဆောင်မှုရှိသော အမူအရာ ပြသလိုက်သည်။

“ ချာလီက ကျွန်မကို ဘယ်လို ကျေးဇူးတင်မှာလဲ။ ”

“ဒါသာ အောင်မြင်မယ်ဆိုင်ရင် ကျုပ် အကျိုးအမြတ် ၁၀%ကို ကျေးဇူးတင်တဲ့အနေနဲ့ လက်လွှတ်လို့ ရပါတယ်။ ရင်းနီက ကျုပ်ကို အမြဲတမ်း ထောက်ပံ့ပေးမယ်ဆိုရင် ဒီသက်သေက အချိန်အကြာကြီး အကျိုးရှိနေမှာပါ။ ”

“ ကျွန်မက မုဆိုးမ တစ်ယောက်ပါပဲ။ အရှင်သခင်လည်း မဟုတ်သလို ဧကရာဇ်လည်း မဟုတ်ဘူး။ ပြီးတော့ ကျွန်မက ငွေမလိုနေဘူး။ ရှင့်ရဲ့ အကျိုးအမြတ်ကိုလည်း ကျွန်မ မလိုချင်ပါဘူးး။ ”

အစ်ဇဘယ်လာက အသာလေး ခေါင်းရမ်းလိုက်သည်။

“ တကယ်တော့ ကျွန်မ ဘာမှ မလိုချင်ပါဘူး။ ချာလီစ်က ကျွန်မလို အားနည်းပြီး သနားစရာကောင်းတဲ့ မိန်းကလေးကို မှတ်မိနေရင်ရပါပြီ။ ”

ချန်လွေ့ ခိုင်ခိုင်မာမာ ပြောလိုက်သည်။

“ ဒါဆိုလည်း ကျုပ် ခင်ဗျားကို အကြွေးတင်သွားပြီ။ ခမ့်လော့မိသားစုနာမည်နဲ့ ကျူပ် ကျိန်ဆိုပါတယ်။ ကျုပ် မိန်းကလေးရဲ့ အကူအညီကို သေချာပေါက် ပြန်ဆပ်မှာပါ။ ”

“ မိန်းမတွေက ယောကျ်ားတွေရဲ့ ကတိတွေကို တအားယုံကြည်လို့ အလိမ်ခံခဲ့ကြရတာ...”

အစ်ဇဘယ်လာ ရုတ်တရက် ရယ်လိုက်သည်။

“ ချာလီစ်က ခြွင်းချက် ဖြစ်မှာပါ။ ကောင်းပြီလေ။ ဒီရက်ပိုင်း ရှင် စိုးရိမ်နေမယ်ဆိုတာ ကျွန်မ သိပါတယ်။ ဒါက ဖြတ်သန်းခွင့်လက်မှတ်။ ဒါကို ယူပြီး နန်းတော်ဆီ သွားလိုက်။ အဲဒီမှာ ရှင့်ကို တစ်ယောက်ယောက်က ဘုရင် အိုဆိုင်ဒန်ဆီ ခေါ်သွားပေးလိမ့်မယ်။ ကျွန်မ ရှင့်အတွက် ဒီလောက်ပဲ လုပ်ပေးနိုင်မယ်။ ဘုရင် အိုဆိုင်ဒန်ရဲ့ အသိအမှတ်ပြုတာကို ရမရဆိုတာကတော့ ရှင့်အပေါ်မှာပဲ မူတည်တယ်။ ”

ချန်လွေ့က လက်မှတ်ကိုယူပြီး အိုဆိုင်ဒန်သည် ယခင်နေ့ရဥ်များ၌ သက်ဆိုင်ရာ စုံစမ်းစစ်ဆေးမှုများကို စမ်းသပ်နေသည်ဟု တိတ်တဆိတ် ယူဆလိုက်သည်။ နောက်ဆုံး သူသည် စိတ်ပိုင်းဖြတ်ပြီး ချန်လွေ့ကို တရားဝင်း ဆက်သွယ်ခဲ့သည်။ အစ်ဇဘယ်လာ၏ ပြောစကားအရ သူသည် အတော်လေး ကြိုးစားအားထုတ်ခဲ့ပုံရသည်။

အစ်ဇဘယ်လာကို ကျေးဇူးတင်ပြီးနောက် ချန်လွေ့သည် လက်မှတ်ကိုကိုင်ပြီး နန်း‌တော်သို့ အပြေးသွားတော့သည်။ အစ်ဇဘယ်လာ ပြောသည့်အတိုင်းပင် ချန်လွေ့ပြသသော လက်မှတ်ကို မြင်သည့်အခါ နန်းတော် အစောင့်သည် သူ့ကို ရိုသေစွာဖြင့် နန်းတော်ထဲသို့ ဖိတ်ခေါ်ခဲ့သည်။

အချိန်အတော်ကြာ လမ်းလျှောက်ပြီးနောက် အစောင့်သည် ခန်းမဘေးဘက်ကဲ့သို့သော နန်းတော်အရှေ့တွင် ကြိုဆိုသည့် အမူအရာ ပြုလုပ်ပြီး အရိုအသေ ပေးလိုက်သည်။

ချန်လွေ့လည်း ပင့်သက်ရှိုက်ပြီး စိုးရိမ်စိတ်ကို ဖိနှိပ်ကာ နန်းတော်ထဲသို့ လမ်းလျှောက် သွားလိုက်တော့သည်။

နန်းတော်ခန်းမက အလွန်ကျယ်ဝန်းလှ၏။ အတွင်းထဲ၌ အစောင့်တစ်ယောက်မျှ ရှိမနေပေ။ ပလ္လင်အရှေ့တွင်သာ လူတစ်ယောက်က ချန်လွေ့ကို ကျောခိုင်းပြီး ရပ်နေလေသည်။

ထိူသူသည် ငွေရောင်ဆံပင်ရှိပြီး အပြာရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည်။ အရပ် သိပ်မမြင့်သော်လည်း အဝေးမှနေ၍ တည်ငြိမ်ပြီး ခန့်ညားစော ခံစားချက်တစ်ခုကို ပေးစွမ်းနိုင်သည်။ ချန်လွေ့သည် ထိုကဲ့သို့ အရှိန်အဝါမျိုးကို အဇ်ဂါလောနှင့် မာနူတို့ ထံမှသာ ခံစားခဲ့ရဖူးလေသည်။

ဒီလူရဲ့ စွမ်းအားက နတ်ဆိုးဧကရာဇ်အဆင့်ထက် သာလောက်တယ်။

ချန်လွေ့က ကော်ဇော်နီအတိုင်း ရှေ့ဆက်သွားပြီး လှေကား တစ်ဆင့်တက်လိုက်သည်။ ထို့နောက် ရုတ်တရက် တုန်ခါမှုတစ်ခု ဖြစ်သွားပြီး ချန်လွေ့၏ မျက်လုံးထဲ၌ ထိတ်လန့်မှုများ ဖျပ်ခနဲ ဖြစ်သွားသည်။ သူချက်ချင်းပင် ခေါင်းငုံ့ပြီး အရိုအသေ ပေးလိုက်သည်။

“ လင်းလက်နဂါးအင်ပါယာရဲ့ ခမ့်လော့မိသားစုက ချာလီစ်ခမ့်လော အရှင်မင်းကြီးကို အရိုအသေပေးပါတယ်။”

ချန်လွေ့သည် စိတ်ပိုင်ဆိုင်ရာ ပြင်ဆင်ထားခဲ့သော်လည်း ထိုသူကို မြင်လိုက်ရသည့်အခါ အံ့အားသင့်သွားသေးသည်။ သူ အံ့အားသင့်သွားသည့်အကြောင်းမှာ ထိုသူ၏ စွမ်းအားကြောင့် မဟုတ်ဘဲ [ သရုပ်ခွဲမျက်လုံး ] က ဖော်ပြသော အချက်အလက်ကြောင့် ဖြစ်လေသည်။

မျိုးနွယ် - လူသား။

စွမ်းအားအကဲဖြတ်မှု - မဆုံးဖြတ်နိုင်။

ဒီလူက မင်းသားအိုဆိုင်ဒန် မဟုတ်ဘူး။ လူသားတစ်ယောက်ပဲ။

ဘုရင်ခံ အိုဆိုင်ဒန်နှင့် ရင်းနှီးသော လူသားတစ်ယောက် ကြယ်ကြွေတမန်မြို့တော်၌ ရှိကြေင်း အစ်ဇဘယ်လာ ထုတ်ဖော်ပြောခဲ့သည်။ ထိုသူ၏နာမည်မှာ နီရို ဖြစ်သည်။ ချန်လွေ့ အရှေ့မှလူသည် နီရိုဖြစ်နိုင်ပြီး ထိုသူသည် အမှန်တကယ်ပင် နတ်ဆိုး အရှင်သခင်အဆင့် ရောက်နေခဲ့သည်။

ထိုသူ တဖြည်းဖြည်းလှည့်လိုက်ရာ သူ၏မျက်လုံးနှစ်လုံးသည် ချန်လွေ့၏နှလုံးသားကို ထိုးဖောက်လိုက်သကဲ့သို့ပင် အေးစက်စက် ကြည့်လိုက်သည်။ သူ၏အသံတွင် ရန်လိုခြင်း အရိပ်အယောင် ရှိနေ၏။

“ မင်းက တစ်ခုခု သတိထားမိသွားတဲ့ပုံပဲ။ ငါက ဘုရင်ခံ အိုဆိုင်ဒန် မဟုတ်ဘူး။ ငါ့နာမည်က နီရို။ နီရိုရှာဘာ့ထ်။”

ရှာဘာ့ထ် -

ချန်လွေ့ ထိတ်လန့်သွားပြန်သည်။ အလင်းနတ်ဘုရားကျောင်းက အသိအမှတ်ပြုတဲ့ သိဒ္ဓိအင်ပါယာနှစ်ခုက ဘုရင်ဆာဘာ့ထ်ရဲ့ ကျက်သရေပြာအင်ပါယာနဲ့ ဘုရင်ရိုလန်ရဲ့ လင်းလက်နဂါးအင်ပါယာပဲ။ သူတို့ကို အလင်းမျိုးဆက်တွေလို့ ခေါ်ကြတယ်။ သူတို့က အပေါ်ယံမှာတော့ အေးအေးချမ်းချမ်း အတူတကွ နေထိုင်ကြပြီးတော့ လက်ထပ် ထိမ်းမြားမှုတွေလည်း ခဏခဏ လုပ်ကြတယ်။ ဒါ‌ပေမဲ့ တိုက်ပွဲ အသေးတွေ၊ အကြီးတွေကတော့ ဘယ်တော့မှ မရပ်သွားဘူး။

ချန်လွေ့၏ခန္ဓာကိုယ် “အာသာ” သည် လင်းလက်နဂါးအင်ပါယာ၏ မင်းသား ဖြစ်ပြီး သူ၏အရှေ့မှ နီရိုသည် အမှန်တကယ်ပင် ကျက်သရေပြာအင်ပါယာ၏ တော်ဝင်မိသားစုမှ ဖြစ်နေသည်။

လူသား သိဒ္ဓိအင်ပါယာမှ တော်ဝင်မိသားစု နှစ်ခုသည် နတ်ဆိုးဘုံ၌ အမှန်ပင် ထိုကဲ့သို့ “တွေ့ဆုံ” ခဲ့လေပြီ။

All Chapters