ကပွဲ
Vol. 23 Ch. 338
နေအိမ်သို့ ပြန်ရောက်သည်နှင့် ချန်လွေ့သည် ဝင်ပေါက်၌ မိမိကိုပြုံးပြကြိုဆိုလျက် စောင့်နေသော အစ်ဇဘယ်လာကို တွေ့လိုက်ရသည်။
“ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ အကြီးတန်းအတိုင်ပင်ခံကြီး။ ”
ချန်လွေ့ အံ့အားသင့်သွားသည်။
“ အကြီးတန်းအတိုင်ပင်ခံ ဟုတ်လား။ ”
“ ခုနက အရှင်မင်းကြီး အိုဆိုင်ဒန် အမိန့် ထုတ်ပြန်လိုက်တယ်။ သူက ဆာ-ချာလီစ်ကို နန်းတော်ရဲ့ အဆင့်မြင့် အတိုင်ပင်ခံအဖြစ် ခန့်အပ်လိုက်တယ်။ ”
အစ်ဇဘယ်လာ ပြုံးပြသည်။
“ နန်းတော် အကြီးတန်း အတိုင်ပင်ခံမှာ တကယ့်အာဏာ မရှိဘူး။ ဒါပေမဲ့ အဆင့်အတန်း မြင့်တယ်။ စစ်သူရဲကောင်း တော်ဝင်မျိုးနွယ်တွေနဲ့ ယှဉ်လို့ရတယ်။ မြို့တော်တစ်ခုလုံးမှာ အကြီးတန် အတိုင်ပင်ခံ လက်တစ်ဆုပ်စာပဲ ရှိတယ်။ ဥပမာပြောရရင် ကြယ်ကြွေတမန် ဆေးရည်ပညာရှင် အစည်းအရုံးဥက္ကဋ္ဌ၊ ယန္တရားအစည်းအရုံးဥက္ကဋ္ဌ စသဖြင့်ပေါ့။ ရှင့်ရဲ့ လူသားမိတ်ဆွေ နီရိုကလည်း သူတို့လိုမျိုးပဲ။ ရှင့်ရဲ့အစီအစဉ် အောင်မြင်တဲ့ပုံပဲ။ ဂုဏ်ယူ ပါတယ်။ ချာလီစ်။။ ”
“ မင်းရဲ့ ကျေးဇူးကြောင့်ပါပဲ။ ရင်းနီ။ ”
အစ်ဇဘယ်လာသည် မည်သည့်အကူအညီမျှ မပေးခဲ့ကြောင်း အိုဆိုင်ဒန်ထံမှ ချန်လွေ့ သိခဲ့ရသည်။ သို့သော်လည်း ထိုအကြောင်းကို ထုတ်မပြောခဲ့ပေ။
“ တကယ်တော့ ငါ့အစီအစဉ် ပထမဆင့်ပဲ အောင်မြင်သေးတာပါ။ ဒါပေမဲ့ ဒါက တော်တော်လေးကောင်းတဲ့ အစပိုင်းပဲ။ ”
အမှန်တကယ်တွင် ချန်လွေ့၏ အစီအစဉ် နောက်ဆုံးအထိ အောာင်မြင်သွားပြီ ဖြစ်သည်။
“ ကောင်းတာပေါ့။ ”
အစ်ဇဘယ်လာ ရုတ်တရက် မျက်မှောင်ကြုတ်လိုက်သည်။
“ ရှင်....ဒဏ်ရာရထားတဲ့ပုံပဲ။ ခုနက တစ်ခုခု ဖြစ်ခဲ့တာလား။ ရှင် အတွင်းမြို့ကနေ ထွက်သွားတဲ့ပုံပဲ။ ”
“ ဘာမှမဟုတ်ပါဘူး။ ကိစ္စသေးသေးလေးပါ။ ”
ချန်လွေ့ ဒိုင်ရာ့ခ်ကိစ္စအား မပြောဘဲ ခေါင်းခါလိုက်သည်။
“ ဒဏ်ရာကတော့ နန်းတော်မှာ နီရိုနဲ့ တွေ့တုန်းက တိုက်ခိုက်ခံခဲ့ရတာပါ။ ငါသေတော့ မလို့ပဲ။ ဒါပေမဲ့ အခုတော့ အဆင်ပြေသွားပါပြီ။ ”
“ အရှင်မင်းကြီး အိုဆိုင်ဒန်က ရှင့်ကို ဆင့်ခေါ်ခဲ့တာ မဟုတ်လား။ ဘာလို့ နီရိုနဲ့ ပြဿနာ တက်သွားတာလဲ။ ”
ချန်လွေ့သည် မိမိအား အစ်အောက်ကြည့်ရန် နီရိုအား စီစဉ်ထားခြင်း ဟုတ်မဟုတ် မသိသည့်အတွက် ပုံမှန်အတိုင်း ပြန်ဖြေလိုက်သည်။
“ ဘာမှ မဟုတ်ပါဘူး။ သူက လူသားလောကမှာ တခြားတစ်ဖက်က ဖြစ်နေလို့ပါ။ နီရိုက သူတော်စင်အဆင့် ရောက်သွားပြီ။ မင်းတို့ နတ်ဆိုးတွေအတွက်ဆို နတ်ဆိုးအရှင်သခင် အဆင့်ပေါ့။ ငါတို့ သူနဲ့ ဝေးဝေးနေသင့်တယ်။ မင်းငါ့နဲ့ အရမ်းနီးကပ်နေရင် အန္တရာယ် ကျရောက်နိုင်လောက်တယ်။ ”
“ ချာလီစ်က ကျွန်မကို တကယ် ဂရုစိုက်တာပဲ။ ”
အစ်ဇဘယ်လာက ပြုံးစိစိနှင့် ပြောလိုက်သည်။
“ နီရိုက သိပ်မကြာခင်ကပဲ နတ်ဆိုးအရှင်သခင် ဖြစ်သွားကာ။ သူက နတ်ဆိုးဘုံက အဲဒီ ရည်ရွယ်ချက်နဲ့ ရောက်လာခဲ့တာ။ သူရဲ့ လက်ရှိစွမ်းအားအခြေအနေက မတည်ငြိမ် သေးလို့ပဲ။ နှစ်ဝက်လောက်နေရင် သူ နတ်ဆိုးဘုံကနေ ပြန်သွားလောက်တယ်။ ကျွန်မကတော့... သေးနုံတဲ့ ဘဏ္ဍာရေး အကြံပေး တစ်ယောက်ပါပဲ။ ပြီးတော့ ကျွန်မက သူ့အတွက် ပမွှားလေးပဲ။ ကျွန်မမှာ ခရိုဘဲလက်စ် လို့ခေါ်တဲ့ မိတ်ဆွေတစ်ယောက် ရှိတယ်လေ။ သူ့နဲ့ဆိုရင် နီရိုက ကျွန်မကို ဘာမှ လုပ်ရဲမှာ မဟုတ်ဘူး။ ”
ချန်လွေ့ အံ့အားသင့်သွားသည်။ ခရိုလဲလက်စ် ဆိုသည်မှာ အသီနာ သတိထားရန် ပြောခဲ့သော သုံးယောက်ထဲမှ တစ်ယောက်ဖြစ်သည်။ အစ်ဇဘယ်လာပြောသည့် သတင်းအချက်အလက်အရဆိုလျှင် ခရိုဘဲလက်စ်၏ စွမ်းအားသည် နီရိုထက်ပင် သာနိုင်သည်။
အင်ပါယာတစ်ခု၏အုတ်မြစ်မှာ နတ်ဆိုးအရှင်သခင်ဖြငစ်သော အိုဆိုင်ဒန်အပါအဝင် အတော်လည်း နက်ရှိုင်းလှသည်။ လျို့ဝှက်အင်အား အများအပြား ရှိရပေသည်။ သို့မဟုတ်ပါက မာနူနှင့် အခြားသူများသည် ကြယ်ကြွေတမန်အင်ပါယာကို တစ်ခါတည်း သိမ်းပိုက်လိုက်လေပြီ။ သို့သော်လည်း နတ်ဆိုးအရှင်သခင်များအကြား ကွာခြားချက်မှာ အလွန်ကြီးမားသည်။ ဥပမာပြောရင် ကတ်သရင်းသည် [ စစ်ရုပ်သေး ] ကို အသုံးမပြုနိုင် သည့်တိုင် နတ်ဆိုးအရှင်သခင်အဆင့် သုံးယောက်ကို ဖိနှိပ်နိုင်လေသည်။
မဟာရိုင်ဇန်ဆိုရင် ဘယ်လောက်တောင် စွမ်းအားကြီးမလဲ မသိဘူး။
နီရိုက နှစ်ဝက်နေရင် နတ်ဆိုးဘုံကနေ ထွက်သွားတော့မှာ။ လူသားလောကကို ပြန်ရောက်တာနဲ့ ချာလီစ်ရဲ့အစီအစဉ်က အလိမ်အညာ ဆိုတာကို သူသိသွားမှာပဲ။ နတ်ဆိုးဘုံကို နီရို ပြန်လာ/မလာ၊ ငါ့အစီအစဉ်တစ်ခုလုံးကို လိုရမယ်ရ ၆လအတွင်း အပြီးသတ်ရမယ်။
ညနေပိုင်းတွင် ကြယ်ကြွေတမန်နန်းတော်၌ နန်းတော် အကြီးတန်းအတိုင်ပင်ခံအသစ် ဖြစ်သော ချန်လွေ့အတွက် ကြိုဆိုကပွဲတစ်ခု ပြုလုပ်ကျင်းပသည်။
ကပွဲတက်ရောက်သူများမှာ အထက်တန်းစား တော်ဝင်မျိုးနွယ်များနှင့် အင်ပါယာမှာ နာမည်ကြီးများ ဖြစ်ကြသည်။ ချန်လွေ့ လူသားဖြစ်ကြောင်းကို နီရိုကဲ့သို့ပင် ဖုံးကွယ်ထား၏။ အထက်တန်းလွှာ လူများမှလွဲ၍ နီရိုသည် လူသားဖြစ်ကြောင်းကို မည်သူမှ မသိကြပေ။ သူသည် ဘုရင်ခံ ခန့်အပ်ထားသည့် လျို့ဝှက်ဆန်းကြယ်သော ပုဂ္ဂိုလ်တစ်ယောက် ဖြစ်ကြောင်းကိုသာ လူတိုင်းသိကြသည်။
အဖိုးတန် အဝတ်အစားများ၊ တန်ဖိုးကြီး ဝိုင်နှင့် စားစရာများ နှင့် လှပသော မျက်နှာများသည် အပြုံးတုများနှင့် ပြည့်နှက်နေ၏။ ၎င်းမှာ ထိုကဲ့သို့ ကပွဲအပေါ် ချန်လွေ့၏အမြင် ဖြစ်သည်။ သသူသည် ထိုကဲ့သို့ အခြေအနေကို တစ်ခါမျှ သဘောမကျခဲ့ပေ။ သို့သော်လည်း သူသည် ထိုသူများနှင့် လိုက်ရောပြီး စကားပြောချင် နေကြသောသူများကို ဟန်ဆောင်ပြောပေးရလေသည်။
ချန်လွေ့သည် တော်ဝင်မျိုးနွယ်အများအပြားနှင့် ဆုံခဲ့သည်။ သူတို့ထဲမှ လော်ဒန်၏အဖေ လင်ကွန်မိသားစု အကြီးအကဲ ဆာထရီသည် သူ၏သားနှင့် ချန်လွေ့အကြားရှိ ပြဿနာကို လုံးဝမသိပေ။ သူသသည် အလွန်ဖော်ရွေပုံရနေသည်။
ဆာထရီနှင့်ဆန့်ကျင်ဘက်ပင် အစ်ဇဘယ်လာ၏ပြိုင်ဘက် ရွန်မယ် သည် ပုံမှန်အတိုင်းပင် ဖြစ်သည်။ ချန်လွေ့နှင့် အစ်ဇဘယ်လာတို့က သူ၏အရှေ့၌ ရင်းနှီးသောအမူအရာကို ပြသပြီးသည့်အခါ ရွန်မယ်က ထူးထူးဆန်းဆန်း ပြုံးလိုက်၏။
ချန်လွေ့သည် ၎င်းကို များများစားစား တွေးစရာ မလိုအပ်ပေ။ အကြောင်းမှာ သူ၏မူလ အကြံအစည်မှာ မြို့တော်၏အထက်လွှာသို့ ဝင်ရောက်ပြီး တိုးတက်အောင်ပြုလုပ်ရန် မဟုတ်၍ပင် ဖြစ်သည်။ သူသည် ကိုယ်ပိုင်အစီအစဉ်ကို ပြီးစီးအောင် ပြုလုပ်ရန် လိုအပ်သည်။ ထို့ပြင် အစ်ဇဘယ်လာသည် ယခုအစီအစဉ်အား အိုဆိုင်ဒန် အတည်ပြု ပေးနိုင်ရန်အတွက် အရေးအကြီးဆုံး အကူအညီဖြစ်ကြောင်း ဂျို့ရှ် ပြောခဲ့ဖူးသည်။ ယုတ်စွအဆုံး အစ်ဇဘယ်လာသည် ခုခံမှုတစ်ခု မဖြစ်နိုင်ပေ။ ထို့ကြောင့် သူ့ဘက် ရောက်နေ၍လည်း ကိစ္စမရှိပေ။
ချန်လွေ့သည် “ လိင်ပိုင်းဆိုင်ရာ ကောလာဟလ၌ ပါဝင်ပတ်သက်ခဲ့သော” “အခြောက်” ဒိုင်ရာ့ခ်အား တွေ့ခဲ့သည်။ သို့သော်လည်း မသေမျိုးမှော်ပညာရှင် ဆာလ်ဖာကိုမူ သူ့ဘေးတွင် မတွေ့ခဲ့ရပေ။ ဒိုင်ရာ့ခ်၏ ဒဏ်ရာများသည် ဆေးဝါးများကြောင့် အပေါ်ယံ၌ ကောင်းမွန်သွားခဲ့သည်။ သို့သော်လည်း ချန်လွေ့နှင့် အကြည့်ချင်း ဆုံသည့်အခါ သူသည် ကြောက်စရာအကောင်းဆုံး အရာတစ်ခုကို မြင်တွေ့သွားသကဲ့သို့ပင် အလျင်အမြန် ခေါင်းငုံ့လိုက်ပြီး ယခင်အမူအကျင့်နှင့် မောက်မာမှုများ ပျောက်ချင်းမလှ ပျောက်သွားတော့သည်။
နေ့ခင်းအတွင်း ဆင်ခြေဖုံးခြံဝင်း၌ ဖြစ်ပျက်ခဲ့သည်ကို တွေးမိသည့်အခါ ဒိုင်ရာ့ခ် သိမ့်သိမ့်တုန်သွားခဲ့သည်။ ထို့ပြင် သူအကြောက်ရဆုံးသော ထို “ချာလီစ်”မှာ မင်းသား အိုဆိုင်ဒန်၏ နန်းတော် အကြီးတန်းအတိုင်ပင်ခံ ဖြစ်နေသည်။ အနာဂတ်၌ သူသည် ချန်လွေ့နှင့်တွေ့သည့်အခါ အခြားလမ်းတစ်ခုကို ရွေးချယ်ပြီး ရှောင်ရှားရန်သာ တတ်နိုင်တော့သည်။
ရိုးရာ နန်းတွင်းအကအပြင် ချန်လွေ့ကို အံ့အားသင့်သွားစေသော အရာတစ်ခုမှာ ကပွဲ၌ အမှန်တကယ်ပင် ဝေါ့လ်စ်အက ရှိနေခြင်းပင်။ အမှောင်လမြို့မှ အတွဲသည် အင်ပါယာ တစ်ခုလုံး၏ တော်ဝင်အကကို အမှန်ပင် သက်ရောက်မှု ရှိသွားပုံရသည်။
“ ချာလီစ်။ ဒါကို ဝေါ့လ်ဇ် လို့ခေါ်တယ်။ ဒါကို စိတ်ဝင်စားစရာ လူသားတစ်ယောက်က ပျံ့နှံ့စေခဲ့တာ။ ”
အစ်ဇဘယ်လာ မေးလိုက်သည်။
“ ဒါက လူသားလောကရဲ့ တော်ဝင်အကလား ။ ”
အစ်ဇဘယ်လာသည် ယနေ့ညတွင် လာဗန်ဒါ ညနေခင်းဝတ်စုံကို ဝတ်ဆင်ထားပြီး ပုခုံးပေါ်၌ အဖြူရောင်ခြည်ပုဝါတစ်ထည် ပတ်ထားသည်။ ၎င်းသည် အလွန်လှပပြီး ရင့်ကျက်ခြင်း အငွေ့အသက်လည်းရှိ၊ ဆွဲဆောင်မှုရှိလည်းကာ နန်းဆန်လှသည်။ သူ၏ မျက်နှာပေါ်မှ အပြုံးသည် ညှို့ငင်မှု အနည်းငယ်ကို ဖော်ပြနေ၏။ အစ်ဇဘယ်လာသည် အလွန်ပင် ကျက်သရေရှိလှသည်။ ရံဖန်ရံခါ၌ ၎င်းသည် ယောက်ျားများ၏ အာရုံကို ဖမ်းစားမိပြီး ချန်လွေ့သည်ပင် မချီးမွမ်းဘဲ မနေနိုင်တော့ပေ။
“ တိတိကျကျ ပြောရရင်တော့ အဲဒါက တကယ့်တော်ဝင်အက မဟုတ်ဘူး။ အဲဒါက လင်းလက်နဂါးအင်ပါယာရဲ့ ရွာတစ်ရွာကနေ ဆင်းသက်လာတာ။ အဲဒါက အစက နိမ့်ကျတဲ့အကလို့ပဲ သတ်မှတ်ထားခဲ့တာ။ ဒါပေမဲ့ အချိန်ကြာလာတော့ ခပ်တောင့်တောင့် ဖြစ်တဲ့ မူရင်းတော်ဝင်အကပုံစံက တဖြည်းဖြည်းနဲ့ ပျောက်ကွယ်သွားတယ်။ သိပ်မကြာခင်နှစ်ကပဲ အေးဆေးပြီးတော့ လှပတဲ့ ဒီသဘာဝအကဟာ အထက်တန်းလွှာ အသိုင်းအဝိုင်းထဲ ရောက်လာပြီးတော့ လူသား တော်ဝင်မျိုးနွယ်တွေ လက်ခံလာကြတယ်။ ဒါက သိပ်မကြာခင်မှာ တကယ့်နာမည်ကျော် တော်ဝင်အက ဖြစ်လာမယ်လို့ ထင်တယ်။ ”
ချန်လွေ့၏စကားသည် ဝေါ့လ်၏ ဇစ်မြစ်နှင့် ဖွံ့ဖြိုးမှု တို့နှင့် တိုက်ဆိုင်ထားခြင်း ဖြစ်သည်။ သူ မရေမရာပြောလိုက်ပြီး “သိပ်မကြာခင်နှစ်” ဟု အချိန်ကိုပင် ပြောခဲ့ခြင်းမှာ နီရို သတိထားမိသွားမည်ကို စိုးရိမ်၍ ဖြစ်သည်။ သို့သော်လည်း ထိုစိုးရိမ်မှုသည် မလိုအပ်ခဲ့ပေ။ အကြောင်းမှာ ယနေ့ည၌ ကပွဲသို့ နီရို မရောက်လာခဲ့ခြင်းကြောင့်ပင် ဖြစ်သည်။
“ သိပြီ။ ”
အစ်ဇဘယ်လာက မျှော်လင့်ချက်ဖြင့် မေးလိုက်သည်။
“ ဒါဆို ချာလီစ် ကတတ်.......”
“ ရင်းနီ။ ငါ ဒီအခွင့်အရေးကို ရနိုင်မလား။ ”
ချန်လွေ့ အရင်ဦးစွာပြောပြီး မတ်တပ်ရပ်ကာ ဖိတ်ခေါ်သည့်အမူအရာ ပြုလုပ်လိုက်သည်။
အစ်ဇဘယ်လာလည်း ပြုံးလျက် ထလိုက်ကာ ချန်လွေ့ ဖိတ်ခေါ်သည်ကို လက်ခံလိုက်၏။ သူတို့နှစ်ယောက်သည် ဂီတသံစဉ်နှင့်အတူ ကခုန်ကြတော့သည်။ အစ်ဇဘယ်လာသည် ဝေါ့လ်ဇ်အကကို ချန်လွေ့ပေးခဲ့သော မှတ်တမ်းစားအုပ်မှ လေ့လာထားခြင်း ဖြစ်ပြီး ၎င်းကို ကြယ်ကြွေတမန် အထက်လွှာထဲ ယူဆောင်သွားကာ နာမည်ကျော်သွားစေခဲ့သည်။ ချန်လွေ့ကို မူလကတည်းက ၎င်းကို ကျွမ်းကျင်ပြီးသား ဖြစ်သည်။ သူသည် လူနှစ်ယောက် လှုပ်ရှားမှုများ ပို၍လိုက်ဖက်စေရန်တွက် အသေးစိတ်အနည်းငယ်ကိုပင် ပြင်ဆင်မှုများ ပြုလုပ်နိုင်ပေသည်။ အစ်ဇဘယ်လာသည် ထိုအပြောင်းအလဲကို ခံစားမိသွားပြီး မျက်လုံးများ တောက်ပသွားခဲ့သည်။
ယခုတွင် သူတို့နှစ်ယောက် အတော်လေး နီးကပ်နေပြီး အစ်ဇဘယ်လာ၏ ရနံ့ကိုပင် ချန်လွေ့ ရနေ၏။ ၎င်းသည် ပန်းရနံ့သင်းသင်းလေး ဖြစ်သည်။ မပြင်းလှသော်လည်း ဖမ်းစားနိုင်သည်။ လှုပ်ရှားမှု အပြောင်းအလဲများနှင့်အတူ မို့မောက်နေသော ရင်သား တစ်စုံသည်လည်း အဆက်မပြတ် တအိအိ လှုပ်နေသည်။ အလယ်မှ အက်ကွဲကြောင်း သည်လည်း ကျုံ့လိုက်ဆန့်လိုက် ဖြစ်နေ၏။ ၎င်းသည် အလွန်ပင် ဆွဲဆောင်မှု ရှိလှသည်။
အစ်ဇဘယ်လာသည် ရှုမငြီးဟူသော ဂုဏ်ပုဒ်နှင့် လုံးဝထိုက်တန်သည်ဟု ချန်လွေ့ စိတ်ထဲ၌ အသိအမှတ်ပြုလိုက်သည်။ လှပသော မျက်နှာဖြစ်စေ၊ ရင့်ကျက်သော ခန္ဓာကိုယ်ပင်ဖြစ်စေ၊ သူသည် ဆွဲဆာင်မှုအပြည့် ဖြစ်သည်။ အထူးသဖြင့် နန်းဆန်မှုမှ ဆင်းသက်လာသော ညှို့ဓာတ်သည် လူအများအား သူ့ကို အနိုင်ကျင့်ချင်စိတ် ပြင်းပြစေ၏။
သို့သော်လည်း ထိုမိန်းမ၏ရက်စက်မှုအကြောင်း တွေ့မိလိုက်သည့်အခါ ရံဖန်ရံခါ အတွေး ယဲ့ယဲ့လေးများ လုံးဝပျောက်ကွယ်သွားခဲ့သည်။ ထို့အပြင် ချန်လွေ့၏နှလုံးသားထဲရှိ အလှပဆုံး အကဖော်မှာ သူ့အရှေ့မှ အဆိပ်ပန်းမဟုတ်ဘဲ ခရမ်းရောင်လအောက်၌ အေးစက်မှုများ အရည်ပျော်သွားသော အဖြူရောင် မင်းသမီးလေးပင် ဖြစ်လေသည်။
အမှောင်လမြို့ နန်းတော်၌ စုံတွဲကခဲ့သည်ကို ပြန်တွေးမိရင်း ချန်လွေ့သည် နွေးထွေးစွာ ပြုံးလိုက်မိသည်။ အစ်ဇဘယ်လာသည် ထိုအပြုံးကို သတိထားမိသွားပြီး ထူးဆန်းသော အမူအရာ ဖျပ်ခနဲ ဖြစ်သွား၏။
ကနေသူတစ်ယောက်မှာ ကပွဲထဲရှိ ဇာတ်လိုက်များကဲ့သို့ပင် ဖြစ်နေသည်။ ပြီးပြည့်စုံသော ပေါင်းစည်းမှုဖြစ်သည့် အကအလှသည် လူတိုင်းနီးပါး၏အာရုံကို ဖမ်းစားနိုင်ခဲ့သည်။ လူအများအပြားသည် လူတို့၏လှုပ်ရှားမှုများကို အတုခိုးလာကြသည်။ အဝေးမှ မင်းသား အိုဆိုင်ဒန်သည်လည်း ချန်လွေ့၏အကသည် လှပပြီး ကျွမ်းကျင်မှုရှိကြောင့် စိတ်ထဲ၌ တွေးမိလိုက်သည်။ ၎င်းသည် ညတွင်းချင်း ဖြစ်မလာနိုင်သည်မှာ သေချာသည်။ အကယ်၍ သူသာ လူသားများ၏ အထက်တန်းလွှာ မဟုတ်လျှင် ထိုကဲ့သို့ စွမ်းဆောင်မှုမျိုးကို ပြသရန် မဖြစ်နိုင်ပေ။
သီချင်းသံအဆုံး၌ အစ်ဇဘယ်လာက ချန်လွေ့ကို ဆွဲဆောင်မှုရှိစွာ ကြည့်လိုက်သည်။
“ ချာလီစ်။ ရှင် ကောင်းကောင်း ကတတ်လိမ့်မယ်လို့ ကျွန်မ မထင်ထားခဲ့ဘူး။ ဒါက တစ်ယောက်ယောက်နဲ့ တစ်သားတည်းဖြစ်တဲ့ ပထမဆုံး အကြိမ်ပဲ။ ”
“ ရင်းနီ။ မင်းလည်း ကတာတော်ပါတယ်။ နတ်ဆိုးဘုံကို ရောက်ကတည်းက အခုအချိန်က အပျော်ဆုံးအချိန်ပဲ။ ”
ချန်လွေ့ ပြုံးရင်း ပြောလိုက်ပြီး လက်မောင်းကို ပေးကိုင်ကာ ကပွဲခန်းမ ဘေးနားရှိ ဆိုဖာပေါ်၌ ထိုင်ချလိုက်သည်။
ခုနက အကကြောင့် “ချာလီစ်”အပေါ် တော်ဝင်အမျိုးသမီးအများအပြား၏ အမြင် ပြောင်းလဲသွားခဲ့သည်။ အတူတူ ကရန် လာရောက်ဖိတ်ခေါ်သည့် ရဲတင်းသော တော်ဝင်အမျိုးသမီးများပင် ရှိကြသည်။ သို့သော်လည်း အစ်ဇဘယ်လာက ချန်လွေ့ကို “အပိုင်ယူ”ထားပြီး ဆက်တိုက်ကနေခဲ့သည်။
ထိုကဲ့သို့ “အပိုင်ယူ”ထားခြင်းည် အစ်ဇဘယ်လာအရှေ့သို့ လူတစ်ယောက် ရောက်လာသောအခါ ရပ်တန့်သွားခဲ့သည်။ အစ်ဇဘယ်လာ၏ အမူအရာကို ကြည့်ရသည်မှာ ထိုသူသည် လက်အောက်ငယ်သားတစ်ယောက် ဖြစ်ပုံရပြီး အရေးတကြီး ကိစ္စတစ်ခုကို သတင်းပို့ချင်နေပုံရသည်။ အစ်ဇဘယ်လာက ထိုလူနှင့်အတူ အပြင်သို့ ထွက်သွားလိုက်သည်။
အစ်ဇဘယ်လာ ထွက်သွားသည့်အခါ ချန်လွေ့ကို အချိန်အကြာကြီး တပ်မက်နေကြသော မိန်းမများက ဝိုင်းရံလိုက်ကြသည်။ အချို့က စကားစမြည်ပြောရန်အတွက် ဝေါ့လ်ဇ် အက အကြောင်း မေးမြန်းကြသည်။ အချို့က တစ်ခါတည်း ကရန် ဖိတ်ခေါ်ကြသည်။ ချန်လွေ့ လည်း ယဉ်ယဉ်ကျေးကျေးပင် ပြန်ဖြေ/ ပြန်တုံ့ပြန်ခဲ့သည်။
ကပွဲ၌ ထူးထူးခြားခြား မရှိသည့်တိုင် အမျိုးသမီးများသည် တော်ဝင်အမျိုးသားအသစ်ကို အာရုံစိုက်နေကြသည်။ အမျိုးသမီး အများအပြားသည် ပြောင်းပြောင်းတင်းတင်း မြူဆွယ်ကြသည်။ အထူးသဖြင့် ဆာလောင်နေသော မျက်လုံးများသည် ချန်လွေ့အား စိတ်ထဲ၌ တွန့်ဆုတ်မိစေသည်။
ဤနေရာသို့ ရောက်လာသူမှာ မြာပွေသူဆိုလျှင် သူ၏ အကြီးမားဆုံး ကောင်းကင်ဘုံပင် ဖြစ်နိုင်ပေသည်။
နောက်ဆုံး၌ ချန်လွေ့သည် ထိုအမျိုးသမီးများ၏ တွယ်ကပ်မှုကို ဖယ်ရှားနိုင်ခဲ့သည်။ သူသည် လူနည်းသော ထောင့်တစ်နေရာကို တွေ့သွားပြီး အပြေးသွားခဲ့သည်။
သို့သော်လည်း လူနည်းနေရခြင်းမှာ အမျိုးသမီတစ်ယောက်ကြောင့် ဖြစ်ကြောင်း ချန်လွေ့ သိရှိသွားခဲ့သည်။ ယနေ့ည ကပွဲတွင် အစ်ဇဘယ်လာသည် အတောက်ပဆုံး ကြယ်တစ်ပွင့် ဖြစ်နေသည်မှာ ငြင်းစရာ မရှိပေ။ သို့သော်လည်း သူ့အရှေ့မှ အမျိုးအသီးသည် အစ်ဇဘယ်လာထက် မနိမ့်ကျပေ။ သူသည် ဆံပင်အစိမ်းရောင်ရှိပြီး မျက်ခုံးအကြား၌ အစိမ်းရောင်သလင်ကျောက်တစ်ခု ဆင်မြန်းထားသည်။ ခန္ဓာကိုယ် သွယ်လျပြီး လှပသော အသွင်အပြင် ရှိသည်။ သို့သော်လည်း ထိုမိန်းမလှ၏ အပြုအမူမှာ လုံးဝအံ့အားသင့်စရာပင် ဖြစ်သည်။ ၎င်းသည် တစ်ခုတည်းကိုပင် ပြုလုပ်နေ၏။ ၎င်းမှာ စားနေခြင်း ဖြစ်သည်။
အတိအကျပြောရင် အငမ်းမရစားနေခြင်း ဖြစ်သည်။
လူအများအပြားသည် ပါတီပွဲ၌ ကကြသည်။ သို့မဟုတ် စကားပြောကြသည်။ အစားအစာမှာ အရသာခံရန်အတွက်သာ ဖြစ်သည်။ သို့သော်လည်း ထိုအမျိုးသမီးသည် စားသောက်ပွဲတစ်ခုကဲ့သို့ပင် စားနေ၏။ သူ၏မျက်လုံးထဲတွင် စားစရာမှလွဲ၍ အခြားရှိဟန် မတူပေ။ စားပွဲပေါ်မှ ပန်းကန်အလွတ်များနှင့် ပုလင်းအလွတ်များကို ကြည့်လျှင် သူသည် ထိတ်လန့်ဖွယ်ရာ အစားအစာ ပဏာမကိုစားနေကြောင်း မြင်နိုင်ပေသည်။
ထူးဆန်းစွာပင် မည်သူမှ ထူးထူးခြားခြား မမြင်ကြဘဲ ကျင့်သားရနေသကဲ့သို့ပင် ဖြစ်နေသည်။ သူ့ကို မည်သူမှလည်း ကရန် မဖိတ်ခေါ်ကြပေ။ သူတို့သည် ဝေးဝေး နေနေကြပြီး သူ့အနားကပ်ရမည်ကို ကြောက်ရွံ့နေကြဟန်တူသည်။
မည်သို့ပင် ဆိုစေကာမူ ချန်လွေ့သည် ထိုဆာလောင်နေသော အမျိုးသမီးများကို ကိုင်တွယ်ရန် မလိုအပ်တော့ပေ။ ထိုအမျိုးသမီး အားပါးတရ စားနေသည်ကို ကြည့်ရင်း ချန်လွေ့ အနည်းငယ် ဗိုက်ဆာလာသည်။ ချန်လွေ့ တည့်တည့်သွားလိုက်စဉ် လင်ကွန် မိသားစု၏ ဆက်ခံသူ လော်ဒန်နှင့် တွေ့ဆုံသွားခဲ့သည်။
မူလက လော်ဒန်သည် ချန်လွေ့နှင့် သူ့အဖေတို့ စကားပြောခဲ့ပြီး ကပွဲခန်းမ၌ ကြွားလုံးထုတ် ခဲ့သည်ကို မြင်တွေ့ခဲ့ရပြီးနောက် မျက်နှာ မည်းမှောင်နေခဲ့သည်။ ဆံပင် အစိမ်းနှင့် အမျိုးသမီးထံသို့ ချန်လွေ့ လမ်းလျှောက်သွားသည်ကို တွေ့သည့်အခါ ထိုမိန်းမလှနှင့် စကားသွားပြောမည်ဟု ထင်လိုက်ပြီး လော်ဒန်၏မျက်နှာအမူအရာသည် လှောင်ပြုံးအဖြစ် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။ ထိုဘက်သို့ အဝေးမှ အာရုံစိုက်နေသော ဒိုင်ရာ့ခ်သည်ပင် မျက်လုံးများ အရောင်တောက်သွားခဲ့သည်။
လော်ဒန်နှင့် ဒိုင်ရာ့ခ်တို့ မျှော်မှန်းထားသကဲ့သို့ ချန်လွေ့သည် စကားစမပြောခဲ့ပေ။ သူသည် ဆံပင်အစိမ်းရောင်နှင့် အမျိုးအသမီးနား မနီးမဝေးသွားပြီး ရုတ်တရက် အနည်းငယ် အံ့အားသင့်သွားကာ မျက်မှောင်ကြုတ်လိုက်သည်။ သို့သော်လည်း သူသည် ရှေ့မှ ဆိုဖာပေါ်တွင်ထိုင်ကာ စားပွဲထိုးကို နှုတ်ဆက်ပြီး အားအင်ဖြည့်တင်းရန်အတွက် ဝိုင်တစ်ပုလင်းနှင့် စားစရာ နှစ်ပန်းကန် ယူလာခိုင်းလိုက်သည်။
စားပွဲထိုးက ဝိုင်ပုလင်းကိုဖွင့်ပြီး နောက်ဆုတ်လိုက်စဉ် ဆံပင်အစိမ်းနှင့် အမျိုးသမီးက ရုတ်တရက် ခေါင်းလှည့်ပြီး ချန်လွေ့ကို ပြောသည်။
“ ဟေ့။ မင်း။ ငါ့ကို ဝိုင်ပုလင်းနဲ့ အမဲသားပန်းကန် ပေးစမ်း။ ”
ထိုလေသံမျိုးနှင့် တောင်းဆိုခြင်းသည် အတော်လေး ရိုင်းပျသည်။ ချန်လွေ့ အနည်းငယ် တုံ့ဆိုင်းသွားသော်လည်း မငြင်းခဲ့ပေ။ သူသည် ဝိုင်ပုလင်းနှင့် စားစရာကိုယူပြီး ထိုအမျိုးသမီးအရှေ့ စားပွဲတွင် ချထားလိုက်သည်။
ထိုအမျိုးသမီးသည် မပြောမဆိုနှင့် ဝိုင်ပုလင်းကို ကောက်ယူပြီး ဖန်ခွက်မသုံးဘဲ တစ်ခါတည်း သုံးလေးငါးငုံ သောက်လိုက်သည်။ ထို့နောက် အမဲသားကို အလျင်အမြန် အလာတကြီး စားလိုက်သည်။
“ လုစားရတဲ့ဟာတွေက အမြဲတမ်းအရသာရှိနေတာပဲ။ ”
ထိုအမျိုးသမီးက ပျော်ရွှင်စွာပြုံးနေပြီး ချန်လွေ့ကိုကြည့်ကာ ခေါင်းညိတ်လိုက်သည်။
“ မင်း အလိုက်သိလို့ တော်သေးတယ်။ မေမေကြီး မင်းကို အလွတ်ပေးလိုက်မယ်။ အခု ထွက်သွားတော့။ ”
ချန်လွေ့ အံ့အားသင့်သွားသည်။ ဒီလောက်လှတဲ့ အမျိုသမီးက အမူအရာတွေကို လုံးဝ ဂရုမစိုက်ဘဲနဲ့ စားသောက်နေတယ်။ အခု သူ့ကိုယ်သူတောင် “မေမေကြီး”လို့ ခေါ်နေပြီ...
“ မသွားသေးဘူးလား။ ”
ထိုအမျိုးသမီး၏ အကြည့် ရုတ်တရက် လက်ခနဲ ဖြစ်သွားပြီး တစ်စုံတစ်ခုကို ရုတ်တရက် တွေးမိလိုက်သည်။ ထို့နောက် ထူးထူးဆန်းဆန်း ပြုံးပြီး ချန်လွေ့အား လက်ကျန် ဝိုင်ပုလင်း ကမ်းပေးလိုက်သည်။
“ မင်းက အသစ်ထင်တယ်။ ကောင်းပြီလေ။ ဒီဝိုင်ပုလင်းကို သောက်မယ်ဆိုရင် မေမေကြီး မင်းရဲ့ရိုင်းပျမှုကို ခွင့်လွှတ်ပေးမယ်။ ”
ဘယ်သူက ရိုင်းနေတာလဲ။
ပြီးတော့ သူက ခုနကတုန်းက ပုလင်းကနေ တစ်ခါတည်း သောက်ခဲ့တာ။ ပြီးတော့ ငါ့ကို ချက်ချင်း ပေးခဲ့တယ်။ ဧကန္တ....သူက သွယ်ဝိုက်ပြီးတော့ နမ်းချင်တာလား။
လော်ဒန်နှင့် ဒိုင်ရာ့ခ်တို့အပါအဝင် အခြားယောက်ျားလေးများ အဝေးမှ ကြည့်နေသည်ကို ချန်လွေ့ သတိထားမိလိုက်သည်။ သူတို့အားလုံးသည် တစ်ပုံစံတည်းပင် နှစ်ထောင်းအားရ ဖြစ်နေကြသည်။