နတ်မိမယ်နဂါး
Vol. 23 Ch. 342
ထိုလျှပ်စီး၏ စွမ်းအားမှာ ထူးခြားလှသည်။ ချန်လွေ့၏ပြောစကားသည် သွက်ချာပါဒ ဖြစ်မှုကြောင့် နှေးကွေးသွား၏။
“ နင့်မှာ တကယ်ပဲ ထွက်ပြေးဖို့ စွမ်းအား ရှိသေးတာလား။”
နတ်မိမယ်နဂါး အနည်းငယ် အံ့အားသင့်သွားပြီး ချက်ချင်းပင် ချန်လွေ့အရှေ့၌ ထွက်ပေါ်လာသည်။
“ မှော်ထိခိုက်မှုက တစ်ဝက်လောက်အထိ လျှော့ကျသွားတဲ့ပုံပဲ။ ငါက နင့်ရဲ့ခန္ဓာအမျိုးအစား ကြောင့်လား။ ဒါမှမဟုတ် ချပ်ဝတ်တန်ဆာကြောင့်လား။ ဒါကို ထပ်မြည်းကြည့်လိုက်.... ”
ချန်လွေ့၏ “နှေးကွေးနေသော” စကားလုံးများ မပြီးသေးခင်မှာပင် သူ့ပတ်လည်မှ နေရာလွတ် ယိုယွင်းသွားပုံရသည်။ သူ ကြက်သီးထသွားပြီး အလျင်အမြန်ပင် ဒုတိယတစ်ကြိမ် တယ်လီပို့ ခုန်လိုက်သည်။ သို့သော်လည်း ထိုလှုပ်ရှားမှုသည် ထူးဆန်းစွာပင် နှောင့်ယှက်ခံလိုက်ရပြီး မျှော်မှန်းထားသည်ထက် တစ်ဝက်ခန့် တိုတောင်းသွားသည်။ သို့သော်လည်း ၎င်းသည် နတ်မိမယ်နဂါးကို အံ့အားသင့်သွား စေပြန်သည်။ သူ၏ ခရမ်းရောင်များလုံးများ အရောင်တောက်သွား၏။
“ နင်က တကယ်ကြီး လဲကျနေရင်း ချိပ်ပိတ်ထားတဲ့ နေရာလွတ်ကို ဖောက်ထွင်း နိုင်တယ်လား။ ဒီမှော်ပညာကို နင်ခုခံနိုင်ရင် ငါနင့်ကို လွှတ်ပေးမယ်။ ”
သူ၏စကား ဆုံးသွားသည်နှင့် ပတ်ဝန်းကျင် နေရာလွတ် ယိုယွင်းသွားပြန်သည်။ တယ်လီပို့ နှစ်ခေါက် ခုန်ပြီးသည့်အတွက် ချန်လွေ့သည် ချက်ချင်းပင် အကာအကွယ် ဒိုင်းကာကို အသက်သွင်းလိုက်သည်။ သို့သော်လည်း ၎င်းသည် ထိုတွန့်လိမ်သောအားနှင့် ရင်ဆိုင်ရသည့်အခါ ပူဖောင်းတစ်ခုထက် ပို၍ပင် ပျော့ဖတ်နေ၏။ ၎င်းသည် ချက်ချင်းပင် အပိုင်းပိုင်း ဖြစ်သွားတော့သည်။ တွန့်လိမ်နေသော ကွပ်လပ်အားသည် ချန်လွေ့ကို ရစ်ပစ်ပြီး လေထဲသို့ လွင့်စင်သွားစေသည်။
ချန်လွေ့သည် အဝတ်အညှစ်ခံလိုက်ရကဲ့သို့ပင် သူ၏ အရိုး၊အသား နှင့် ဝိညာဉ်တို့ တွန့်လိမ်သွားသည်ကိုသာ ခံစားလိုက်ရပြီး အချိန်မရွေး စုတ်ပြတ်သတ်သွားနိုင်သည့် အန္တရာယ်နှင့် ကြုံတွေ့နေရသည်။ ထို့ကြောင့် သူ ထပ်ကာထပ်ကာ အော်ဟစ်လိုက်သည်။ ကံကောင်းစွာပင် ထိုစွမ်းအားသည် ခဏသာခံပြီး ပျောက်ကွယ်သွား၏။ ချန်လွေ့၏ ခန္ဓာကိုယ်လည်း လေထဲမှ ပြန်ပြုတ်ကျလာသည်။ သူသည် တစ်ကိုယ်လုံးမှ အရိုးများ ကျိုးသွားသကဲ့သို့ပင် ပြင်းထန်သော နာကျင်မှုမျိုး ခံစားလိုက်ရ၏။
ထိုကဲ့သို့ ကြောက်မက်ဖွယ်ရာ မှော်စွမ်းအားမျိုးကို ချန်လွေ့၏ဘဝတွင် မြင်တွေ့ခဲသည်။ လိပ်ပြာနီအရှင် ဂျို့ရှ်သည်လည်း ဒြပ်ပေါင်းမှော်ကို အသုံးပြုနိုင်သော်လည်း သူ၏အရှေ့မှ မိန်းမလှနှင့်ယှဉ်လျှင် သူငယ်တန်းကလေးနှင့် မခြားနားပေ။
၎င်းမှာ နတ်မိမယ်နဂါးဖြစ်သည်။ နတ်မိမယ်နဂါး၏ စွမ်းအားမှာ နဂါးများအကြား၌ အနိမ့်ဆုံး ဖြစ်သော်လည်း အစွမ်းထက်ဆုံးမှော်ပညာရှင်နှင့် ပညာသည် ဖြစ်သည်။
“ ဟမ်။ နင် သတိမလစ်သွားဘူးလား။”
မိန်းမလှလေးက မျက်မှန်ကို နေရာပြင်လိုက်သည်။ ခုနက သူ၏စွမ်းအားမှာ တစ်စုံတစ်ယောက်ကို သတိလစ်စေနိုင်လောက်သည်အထိ ထိန်းချုပ်ထားခြင်း ဖြစ်သည်။ သူ ချက်ချင်းပင် စိတ်ဝင်စားသွား၏။
“ အခု ဒါကို မြည်းကြည့် .... ”
“ နေပါဦး။ ဒီမှော်အစွမ်းကို ခံပြီးရင် လွှတ်ပေးမယ်လို့ ခင်ဗျားပြောခဲ့တယ် မဟုတ်လား။ ”
“ အိုး... ”
မိန်းမလှလေး ငေးငိုင်သွား၏။ ထို့နောက် ချစ်စဖွယ် ပြုံးပြလိုက်သည်။
“ ဒါ နောက်ဆုံးပဲ... ”
တစ်စုံတစ်ယောက်သည် လျှပ်စီးပါသော ရေခဲလေပွေကြောင့် လွင့်စင်ထွက်သွား၏။
“ဝိုး။ ရေခဲနဲ့ လျှပ်စီးဒြပ်စင်လည်း အတူတူပဲ။ မြေနဲ့စမ်းကြည့်မယ်....”
ရေခဲရုပ်ထုတစ်ဝက်ထံမှ ညည်းသံတစ်သံ ထွက်လာသည်။
“ နောက်ဆုံးပဲဆို.... ”
“ ခုနက နင်နားကြားမှားတာ။ ဒါက နောက်ဆုံးပဲ။ လမ်းမခွဲခင် စမ်းသပ်တာ။ ”
…
“ နောက်တစ်ခေါက်ပဲ။ ကတိပေးတယ်... ”
…
“ ဒီတစ်ခေါက် ငါ့ရဲ့စရိုက်တွေအားလုံးကို လောင်းတယ်။ ”
…
နာရီဝက်ကြာအောင် “နောက်ဆုံးကြိုးစား”ပြီးနောက် အမျိုးမျိုးသော မှော်အစွမ်းတို့ဖြင့် ပက်ဖြန်းခံခဲ့ရသော ချန်လွေ့သည် မခံနိုင်တော့ဘဲ သတိလစ်သွားတော့သည်။
နိုးလာသည့်အခါ သူသည် ကျောက်စင်မြင့်တစ်ခုပေါ်၌ လှဲလျောင်းနေပြီး ထူးဆန်းသော ပစ္စည်းများဖြင့် ဝိုင်းရံခံထားရကြောင်း တွေ့လိုက်ရသည်။ သူ အံ့အားသင့်သွားပြီး အမြန် ထလိုက်သည်။ သူ၏တစ်ကိုယ်လုံး ကိုက်ခဲနေပြီး ခေါင်းလည်း မူးနောက်သွား၏။
ဒါက ဘယ်မှာလဲ။ ငါက ကိုယ်လုံးတီးတောင် ဖြစ်နေတယ်။
ငါ့ကို အဲဒီလူဆိုးမကြီးက......မုဒိန်းကျင့်ခဲ့တာလား။
ခုနက ထိုအမျိုးသမီးအကြောင်း တွေးမိသည့်အခါ ချန်လွေ့ သိမ့်သိမ့်တုန်သွားခဲ့သည်။
“ နင်က ငါထင်ထားတာထက် ပိုပြီးတော့ စောစော နိုးလာတာပဲ။ နင့်ရဲ့ ခန္ဓာက သာမန် နတ်ဆိုးတွေထက် ပိုသန်မာတယ်။ နင်က တစ်ရက်တောင် မပြည့်သေးဘဲနဲ့ ပြန်ကောင်းလာတယ်။ ”
ရင်းနှီးပြီး သာယာနာပျော်ဖွယ် အသံတစ်သံက ပစ္စည်းကိရီယာများထဲမှ ထွက်လာ၏။ ချန်လွေ့ အံ့အားသင့်သွားပြီး အလျင်အမြန် နောက်လှည့်ကြည့်လိုက်သည်။ အကြောင်းမှာ ယခုတွင် သူသည် မည်သည်မှ မဝတ်ထားဘဲ လုံးဝကိုယ်တုံးလုံး ဖြစ်နေခြင်းကြောင့်ပင် ဖြစ်လေသည်။
ဝတ်ရုံရှည်တစ်ထည် လွင့်ပျံလာ၏။ ချန်လွေ့ အလျင်အမြန် မဝတ်ပြီးသေးခင်မှာပင် မျက်မှန်နှင့် မိန်းမလှလေးက ညာလက်တွင် ဇွန်း၊ ဘယ်လက်တွင် စွပ်ပြုတ်ပန်းကန်လုံး ကိုင်ထားကာ လမ်းလျှောက်လာသည်။ သူ လုံးဝ ရှက်မနေပေ။ သူ သတိလစ်နေစဉ်က ထိုလူဆိုးမကြီးသည် သူ့ကို လုံးဝမြင်ပြီးသွားလောက်လေပြီ။
“ နင်က ငါ့ရဲ့စမ်းသပ်မှုကို ဖျက်ဆီးခဲ့ပြီးတော့ ငါ့ကို ၃ရက် စားစရာ မစားနိုင်အောင် လုပ်ခဲ့တယ်။ အဲဒါကြောင့် လျော်ကြေးအနေနဲ့.... ”
မျက်မှန်နောက်မှ ဆွဲဆောင်မှုရှိသော ခရမ်းရောင်မျက်လုံးမှတစ်ဆင့် သတ်ဖြတ်ချင်စိတ် လက်ခနဲ ဖြစ်သွား၏။
“ နင်က ငါ့ရဲ့ တရားဝင် အစေခံ ဖြစ်သွားပြီလို့ အခုပဲ ကြေညာလိုက်ပြီ။ ”
“ နေပါဦး။ ချန်လွေ့ အလျင်အမြန် ပြောလိုက်သည်။ ”
“ ကျုပ်တို့ တစ်ခါမှ မတွေ့ဖူးဘူး။ ပြီးတော့ ခင်ဗျားက အများကြီး အစွမ်းထက်တယ်။ ကျုပ်က ဘယ်လိုလုပ် ခင်ဗျားရဲ့ စမ်းသပ်ချက်ကို ဖျက်ဆီးပြီးတော့ ခင်ဗျားကို ၃ရက် အစာမစားနိုင်အောင် လုပ်နိုင်မှာလဲ။ ဒါနဲ့ ခင်ဗျား အခု စားနေတာ မဟုတ်လား။ ”
နတ်မိမယ်နဂါး ပြောသည့်အတိုင်းဆိုလျှင် သူသတိလစ်သည်မှာ တစ်ရက်ပင် ရှိသေးသည်။
မိန်းမလှလေးသည် လက်ထဲမှ စွပ်ပြုတ်ပန်းကန်လုံးကို ကြည့်ပြီး ခဏတာ ကြက်သေသေ သွားသည်။
“ ဒါက... နင် စိတ်ထင်တာပါ။ ”
“…”
“ တကယ်တော့ ငါက စွပ်ပြုတ်ထဲက ပါဝင်ပစ္စည်းတွေက်ု လေ့လာနေတာပါ။ ဒီလိုကြီးမားတဲ့ စမ်းသပ်ချက်အတွက် ငါကိုယ်တိုင်လုပ်ဖို့ မတွန့်ဆုတ်နေဘူး။ ”
“…”
ချန်လွေ့ ပြောစရာ စကားမဲ့သွားသည်။ သို့သော်လည်း မရေမတွက်နိုင်သော “နောက်ဆုံး” ပက်ဖြန်းမှုများကို ခံစားမိသွားပြီးနောက် သူသည် ထိုမိန်းမလှလေး၏ ကိုယ်ကျင့်တရားကို စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီး ဖြစ်သည်။ သူ အလျင်အမြန် ပြောလိုက်သည်။
“ ကောင်းပါပြီ။ ကျုပ် တစ်ခုခု လျော်ကြေးပေးချင်ပါတယ်။ အစေခံကတော့... အဲလိုမျိုး မနောက်ပါနဲ့။ ”
ထိုသို့ပြောပြီးနောက် ချန်လွေ့သည် အရောင်စုံပြီး သိမ်မွေ့သော ကျောက်မျက်များ သွင်းမြှုပ်ထားသည့် တလက်လက် ပုတီးကုံးတစ်ကွင်း ထုတ်လိုက်သည်။ ပုတီးတစ်လုံးစီသည် မြနဂါးကို ချန်လွေ့ပေးခဲ့သော စိမ်းပြာရောင် ကျောက်မျက်ထက် ပို၍တန်ဖိုးရှိသည်။ ၎င်းမှာ ပါ့ဂ်လီအို၏ ရတနာသိုက်ထဲရှိ အဖိုးတန်ပစ္စည်းများထဲမှတစ်ခု ဖြစ်သည်။
နတ်မိမယ်နဂါး၏ မျက်လုံးများ အရောင်လက်သွားပြီး ၎င်းကို ယူလိုက်သည်။ ထို့နောက် အနည်းငယ် ချီးမွမ်းကာ ချန်လွေ့အပေါ်ရှိ သူ၏မျက်လုံးများ ပို၍ တောက်ပလာ၏။
“ ခုနက ဒီပုတီးလုံးကို နင် ဘယ်ကနေ ယူလိုက်တာလဲ။ ခုနက ငါစမ်းသပ်ချက် လုပ်တုန်းက နင့်ပေါ်မှာရှိတဲ့ ပစ္စည်းအားလုံးကို ငါယူထားခဲ့တာပဲ။ ”
“စမ်းသပ်ချက်”ဟူသော စကားလုံးကို ကြားသည့်အခါ ချန်လွေ့ ရုတ်တရက် ကြက်သီးထသွား၏။ သူသည် ခုနက သတိလစ်နေစဉ် လုယက်ခံလိုက်ရသည်မှာ မဟုတ်ဘဲ ပို၍ကြောက်မက်ဖွယ်ကောင်းသော ပူးကောင် ဖြစ်သွားခဲ့သည်။
“ ဘယ်လိုပဲဖြစ်ဖြစ် ဒီပုတီးက မိန်းကလေးကို ကျုပ်ဖြစ်စေခဲ့တဲ့ ပြဿနာကို ခုနှိမ်ဖို့ လုံလောက်တယ် မဟုတ်လား။ ”
နတ်မိမယ်နဂါး ခေါင်းညိတ်ပြီး အမြန် ခေါင်းခါလိုက်သည်။
“ မဟုတ်ဘူး။ နင်က ငါ့ရဲ့ ထိပ်တန်းအရည်အသွေးရှိတဲ့ မိုးကြိုးမီးကျောက်ကို ဖျက်ဆီးခဲ့တာ။ ပြီးတော့ အဲဒါက နောက်ဆုံးတစ်ခုပဲ။ အဲဒီလိုမျိုး အဖိုးတန် မှော်ကုန်ကြမ်းတွေက ဒီလိုသာမန်ပစ္စည်းမျိုးနဲ့ ယှဉ်လို့မရဘူး။ နင်ငါ့ကို ထိပ်တန်း အရည်အသွေးရှိတဲ့ မိုးကြိုးမီးကျောက်တစ်တုံး မပေးနိုင်ဘူးဆိုရင် ငါ့ရဲ့ ကြီးမားဆုံး ဆုံးရှုံးမှုကို လျော်ပေးနိုင်မှာ မဟုတ်ဘူး။ ”
ထိုသို့ပြောနေသော်လည်း ထိုမိန်းမလှသည် ထိုသာမန်ပုတီးကို “နီးနီးနားနား” သိမ်းထားလိုက်သည်။ သူသည် ၎င်းကို ပြန်ပေးရန် လုံးဝ မရည်ရွယ်ထားပေ။
“ ထိပ်တန်း အရည်အသွေး မိုးကြိုးမီးကျောက်.... ”
ချန်လွေ့ ခဏစဉ်းစားလိုက်သည်။ သိုလှောင်ဂိုဒေါင်ထဲ၌ ထိုကဲ့သို့ ကုန်ကြမ်းပစ္စည်းမျိုး ရှိပုံရသည်။ ၎င်းသည် အကောင်းဆုံး မဟုတ်သော်လည်း ချန်လွေ့၌ ၎င်းကို သန့်စင်မှု အမြင့်ဆုံး ဖြစ်စေနိုင်သည့်သန့်စင်ရုံ ရှိသည်။
လေထဲမှ မိုးကြိုးမီးကျောက်ကို ချန်လွေ့ ထုတ်လိုက်သည်ကို မြင်သည့်အခါ နတ်မိမယ်နဂါး အံ့အားသင့်သွားပြန်သည်။
“ နင့်မှာရော နေရာလွတ် မှော်ရှိ....”
သူ၏စကား မဆုံးသေးခင်မှာပင် သူ၏မျက်လုံးများသည် မိုးကြိုးမီးကျောက်၏ ဆွဲဆောင်မှုကို ခံလိုက်ရသည်။
“ ဒီတစ်ခုက အညစ်အကြေး လုံးဝမရှိသလောက်ပဲ။ ဒါက အကောင်းဆုံးထဲက အကောင်းဆုံးပဲ။ ”
နတ်မိမယ်နဂါး အလွန် ပျော်ရွှင်သွားသည်။
“ နင် ငါ့ကို ဒါမျိုး နောက်ထပ်သုံးခု ပေးမယ်ဆိုရင် ငါ...ဟေး။ အဲဒါက ဘာမျက်နှာလဲ။ ”
ချန်လွေ့ အတော်လေး ပြောစရာစကားမဲ့သွားသည်။ “ ...မယ်ဆိုရင် ” ဟူသော စကားစု အသုံးကို မပြောနှင့်၊ ထိုမိန်းမလှကို ယုံကြည်စိတ်ချမှု၌ အနုတ်လက္ခဏာအနေဖြင့်သာ ဖော်ပြ၍ ရနိုင်ပေသည်။
“ ထိပ်တန်း အရည်အသွေးရှိတဲ့ ကုန်ကြမ်းသုံးခု မပေးခင် မိန်းကလေးရဲ့ နာမည်ကို သိလို့ ရမလား။ ”
“ ငါ့နာမည်က ဇိုလာ။ ရပြီ။ ငါ့ကို ကုန်ကြမ်းတွေပေးတော့။ ”
ချန်လွေ့ စိတ်ပြင်ဆင်ထားသော်လည်း တုန်လှုပ်သွားခဲ့သေးသည်။ သူသည် ဇိုလာအား အဝေးကြီးသွားပြီး ရှာဖွေခဲ့သော်လည်း ယခုတွင် အလွယ်တကူပင် ရှာတွေ့ခဲ့သည်။
ဒါက တကယ် ဇိုလာပဲ။ ပါ့ဂ်လီအို အကြောက်ဆုံး “အရူးမ”။
ဇိုလာက ၎င်းကို ချက်ချင်း သတိထားမိသွားပြီး သံသယဖြင့် ကြည့်လိုက်သည်။
“ နင်က ငါ့နာမည်ကို ကြားဖူတာလား။ ”
ဇိုလာ၏ ရုပ်ရည်၊ ထူးခြားသော စိတ်နေစိတ်ထား၊ ရင်သက်ရှုမောဖွယ် အလှတရားတို့သည် ကတ်သရင်းနှင့် နီးစပ်သော်လည်း ကိုယ်ကျင့်တရား အတော်လေး နိမ့်ပါးလှသည်....
မည်သို့ပင်ဆိုစေကာမူ ပါ့ဂ်လီအို ဖော်ပြခဲ့သော ထိုကြောက်မက်ဖွယ်ရာ “အရူးမ” ကို ချန်လွေ့ မှတ်မိနေဆဲပင် ဖြစ်သည်။ အထူးသဖြင့် ခုနက သူသည် မသိလိုက်ဘဲနှင့် ပူးကောင် ဖြစ်သွားခဲ့သည်။ ထို့ကြောင့် သူသည် ချက်ချင်းပင် ကြောက်စိတ်ကို ဖိနှိပ်ပြီး ပြောလိုက်သည်။
“ မဟုတ်ပါဘူး။ ကျုပ် လေးစားအားကျတဲ့ အမျိုးသမီးရဲ့ နာမည်ကို သိလိုက်ရတော့ နှလုံးခုန်မြန်သွားတာပါ။ ”
“ လေးစားအားကျတယ်။ နင့်ကငါ့ကို လေးစားအားကျတယ်။ ဟုတ်လား။ ”
ဇိုလာ အံ့အားသင့်သွားပြီး အနည်းငယ် ငေးငိုင်သွားသည်။ သို့သော်လည်း ခုနက ဇိုလာ ထိုကဲ့သို့ဖြစ်နေစဉ်က မိမိကို ရေခဲရုပ်ဖြစ်လုမတတ် လုပ်ခဲ့သည်ကို သတိရလိုက်သည်။
“ မစ်-ဇိုလာရဲ့ ပြိုင်ဘက်ကင်းအလှနဲ့ယှဉ်ရင် ကျုပ် ပိုပြီးလေးစားတာက ခင်ဗျားရဲ့ လေးနက်တဲ့ အသိပညာတွေကိုပါ။ ”
ချန်လွေ့သည် အဆိပ်နဂါးပြောသော ဇိုလာအကြောင်းကို ပြန်တွေးလိုက်သည်။ ဇိုလာ သဘောကျစေရန်အတွက် ချန်လွေ့ ဆက်ပြောသည်။
“ ကျုပ်နာမည်က ရစ်ချတ်ပါ။ ကျုပ်က မှော်စက်ဝိုင်းတွေရဲ့ ပရိသတ်ပဲ။ ကျုပ်က မှော်စက်ဝိုင်း အသိပညာကို ကျယ်ပြန့်စေဖို့အတွက် နတ်ဆိုးဘုံတစ်လျှောက် သွားခဲ့တယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ကျုပ် သက်တန့်တောင်ကြားကို ရောက်လာခဲ့တယ်။ ဒီနေရာလွတ်ကို ရှာတွေ့ဖို့အတွက် ကျုပ်တော်တော်လေး ကြိုးစားလိုက်ရတယ်။ အဲဒါတွေကို ကျုပ်က လမ်းဆုံးအမှတ်တွေနဲ့ နွယ်တွေလို့ ခေါ်တယ်။ နောက်ဆုံးတော့ ကျုပ်က နေရာလွတ်ဝင်ပေါက်ကို ဖွင့်နိုင်ခဲ့တယ်။ ဒီကိုရောက်လာတော့ အထဲက မှော်စက်ဝိုင်းတွေက ပိုပြီး လျို့ဝှက်ဆန်းကြယ်တာကို သိသွားခဲ့တယ်။ ဒါတွေက ကျုပ် ကျွမ်းကျင်ထားတာထက် အဆ၁၀၀ ပိုပြီးလေးနက်တယ်။ ဒါကို ဖန်တီးထားတဲ့သူက မစ်-ဇိုလာလိုမျိုး မိန်းမလှတစ်ယောက် ဖြစ်မယ်လို့ မထင်ထားခဲ့ဘူး။ ကျုပ်ကို ဒီမှာပေးနေပြီး ခင်ဗျားဆီကနေ မှော်စက်ဝိုင်းအကြောင်း လေ့လာသင်ယူခွင့်ပေးပါ။ ”
အခုတော့ နတ်မိမယ်နဂါးကို ရှာတွေ့သွားပြီ။ လက်ဗလာနဲ့ ပြန်လို့ မဖြစ်ဘူး။ ဒါက ပါ့ဂ်လီအိုရဲ့ ချိပ်ပိတ်ကို ဖယ်ရှားဖို့အတွက် အကြီးမားဆုံး အခွင့်အရေးပဲ။ ပြီးတော့ ဒီမှာ ဓမ္မတေး သစ်သီးလည်း ရှိတယ်။ ဒါက မြေဒြပ်စင်ဘုရင်ကို ကယ်တင်ဖို့အတွက် တစ်ခုတည်းသော မျှော်လင့်ချက်ပဲ။
အသိပညာအကြောင်း ပြောသည့်အခါ ဇိုလာသည် မငေးနိုင်နေတော့ဘဲ ဂရုတစိုက် ရှိနေပုံ ရသည်။
“ ဒါနဲ့ နင်က နေရာလွတ်ကို ကိုယ်တိုင် ချိုးဖောက်ခဲ့တယ်။ ပြီးတော့လည်း တောအုပ်ထဲက စွန့်ပစ်ထားတဲ့ မှော်စက်ဝိုင်းတွေကိုလည်း ဖြည်ခဲ့တယ်။ ဒီနှစ်တွေထဲမှာ နင်က ပထမဆုံးပဲ....”
ချန်လွေ့ တိတ်တဆိတ် အံ့အားသင့်သွားသည်။ တောအုပ်ထဲက ရှုပ်ထွေးတဲ့ မှော်စက်ဝိုင်းတွေက တကယ်ကြီး စွန့်ပစ်ခံထားရတာလား။
“ နင်က မှော်စက်ဝိုင်းတွေ လေ့လာဖို့အတွက် ဒီမှာနေချင်တယ်လို့ ပြောခဲ့တယ်နော်။ အဲဒါ အမှန်ပဲလား။ ”
ဇိုလာ သံသယဝင်နေ၏။
“ ဟုတ်ပါတယ်။ မစ်-ဇိုလာ။ ကျုပ်ရဲ့ အသိပညာအကြောင်း စိတ်အားထက်သန်မှုကို မေးခွန်း မထုတ်ပါနဲ့။ ”
ချန်လွေ့က စိတ်လှုပ်ရှားသည့်အမူအရာ ပြသလိုက်သည်။
“ ကျုပ်ရဲ့ အသိပညာကို ပိုပြီးတိုးတက်စေဖို့အတွက် နဂါးတွေရဲ့ သီးသန့်ဖြစ်တဲ့ နဂါးထွင်းစာ တွေကိုပါ ခက်ခက်ခဲခဲ ကြိုးစားအားထုတ်ပြီး လေ့လာခဲ့တယ်။ အခုဆိုရင် တကယ့်နဂါးတောင် ကျုပ်ကို ယှဉ်နိုင်မှာ မဟုတ်ဘူးလို့ ပြောရဲတယ်။ ကျုပ်ရဲ့ အသိပညာက တစ်ဆို့နေပြီးတော့ ထပ်မတိုးတက်နိုင်တောဘူးလို့ ထင်ခဲ့တာ။ ကျုပ် မစ်-ဇိုလာနဲ့ တွေ့ရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ”
“ နဂါးထွင်းစာလား။ တကယ့်နဂါးတောင် နင့်ကို မယှဉ်နိုင်ဘူး ဟုတ်လား။ ”
ဇိုလာ၏မျက်လုံးထဲ၌ ထူးဆန်းသော အလင်းရောင် တောက်ပသွားသည်။ ထို့နောက် လေထဲ၌ တောက်ပသော သင်္ကေတအချို့ကို ရေးဆွဲလိုက်သည်။
“ အရင်ဆုံး ငါ့ကိုပြော။ ဒါက ဘာလဲ။ ”
“ လက်စသတ်တော့ မစ်-ဇိုလာကလည်း ဒါကို ကျွမ်းကျင်တာကိုး။ ”
ချန်လွေ့က ဝါသနာတူ သူငယ်ချင်းတစ်ယောက်နှင့် ဆုံတွေ့ရသည့်အတွက် ပျော်နေသကဲ့သို့ ဟန်ဆောင်လိုက်သည်။
“ ဒါက ဒြပ်ပေါင်းထွင်းစာပဲ။ [ အတုခိုး ] ၊ [ ကြေးမုံပုံရိပ် ] နဲ့ [ တယ်လီပို့ ] ပေါင်းထားတာ။ ဒါက မြေပေါ်က အပင်တွေမှာ သုံးဖို့ အသင့်တော်ဆုံးပဲ။”
ဇိုလာ အသာလေး ခေါင်းညိတ်လိုက်ပြီး လေထဲမှ သင်္ကေတများကို လက်ဖြင့် တစ်ခါတည်း ဝှေ့ရမ်းလိုက်သည်။ ထို့နောက် မေးခွန်းအနည်းငယ် ထပ်မေးသည်။ သို့သော် ထိုမေးခွန်းများမှာ ချန်လွေ့အတွက် အခက်အခဲ မဟုတ်ပေ။ အတွေးတစ်ချက် ပြောင်းလဲမှုနှင့်အတူ သင်္ကေတများလည်း အတော်များများ တိုးမြင့်လာသည်။ ၎င်းတို့သည် အလျင်အမြန်ပင် ထပ်သွားကြပြီး ထူးဆန်းသော ထွင်းစာတစ်ခုအတွက် ပေါင်းစပ်သွား၏။
ပါ့ဂ်လီအိုနှင့် ယာကော့ဗ်တို့နှင့်အတူ ရှိနေစဉ်ကပင် ချန်လွေ့သည် ထိုကဲ့သို့ ထွင်းစာ အခင်းအကျင်းမျိုးကို မတွေ့ဖူးခဲ့ပေ။ သူ ဇဝေဇဝါနှင့် မေးလိုက်သည်။
“ ဒီလိုမျိုး ထွင်းစာထပ်တာက သာမန်ဒြပ်ပေါင်း ထွင်းစာနဲ့ မတူဘူး။ ဒါရဲ့ အဓိပ္ပာယ်ကို ကျုပ် တိတိကျကျ မပြောနိုင်ဘူး... ”
နတ်မိမယ်နဂါး၏ ဘဝင်ခိုက်နေသော မျက်နှာကို မြင်ရင်း ချန်လွေ့သည် ဤနေရာလွတ်ထဲသို့ ဝင်လာခဲ့စဉ်က ရှာဖွေခဲ့ရသော လမ်းဆုံအမှတ်ကို တွေးမိလိုက်သည်။ သူ၏ ဉာဏ်ကွန်းမြူးမှုများ လက်ခနဲဖြစ်သွားပြီး စိတ်ထဲမှ [ အထူးစိစစ်မှု ] ထဲရှိ အချက်အလက်များနှင့် နှိုင်းယှဉ်လိုက်ကာ ရုတ်တရက် ပြောလိုက်သည်။
“ နေရာလွတ်လား။ ဒါက နေရာလွတ်ရဲ့ အဓိပ္ပာယ်များလား။ အဲဒီလိုဆိုရင်တော့.. ဒီ သက်တန့်တောင်ကြားက နဂါးထွင်းစာနဲ့ မှော်စက်ဝိုင်းတစ်ခုခု ပေါင်းစပ်ဖွဲ့စည်းထားတဲ့ အမှီအခိုကင်းနေရာလွတ်တစ်ခုလား။ ”
ထိုတွေ့ရှိမှုသည် အံ့အားသင့်စရာပင် ဖြစ်သည်။ ၎င်းတစ်ခုတည်းကပင် ဇိုလာ၏ နဂါးထွင်းစာ အောင်မြင်မှုသည် ပါ့ဂ်လီအိုထက် သာလွန်နေပြီဖြစ်သည်။ မည်သို့ပင် ဆိုစေကာမူ ဆန်းသစ်ခြင်းနှင့် ထိမ်းသိမ်းခြင်းတို့မှာ လုံးဝကွဲပြားသော အယူအဆနှစ်ခု ဖြစ်ပေသည်။
ဇိုလာလည်း အံ့အားသင့်မိသွားသည်။ ၎င်းသည် သူဂုဏ်အယူရဆုံးသော သုတေသန ရလာဒ်များ ဖြစ်သည်။ သို့သော် ၎င်းတို့ကို တစ်ဖက်လူက အလွယ်တကူ မြင်နိုင်ခဲ့သည်။ ဒီလူရဲ့ နဂါးထွင်းစာ အရည်အချင်းက သာမန်နဂါးထက် သာလွန်တဲ့ပုံပဲ။ သူက အဲဒီ ချီးထုပ် အဆိပ်နဂါးနဲ့ သိပ်မကွာတော့ဘူး။
“ သိပ်ကောင်းတယ်။ ”
ဇိုလာ ခေါင်းညိတ်လိုက်ည်။
“ အနည်းဆုံးတော့ နင်က ဒါကို လိမ်ခဲ့တာ မဟုတ်ဘူးပဲ။ တကယ်လို့ နင် အကောင်းဆုံး ကုန်ကြမ်းတွေနဲ့ လက်ဝတ်ရတနာတွေ ဆယ်ဆကို ပေးမယ်ဆိုရင် အခုကစပြီးတော့ ငါ့ရဲ့ တရားဝင် လက်ထောက်ဖြစ်ပြီ။ ”
ချန်လွေ့၏ သံသယဝင်နေသော မျက်နှာကို မြင်သည့်အခါ ဇိုလာက ချက်ချင်းပင် သတ်ဖြတ်ချင်သည့် အမူအရာဖြင့် နောက်ထပ်တစ်ခွန်း ပြောလိုက်သည်။
“ မပေးဘူးဆိုရင်တော့ အစေခံလုပ်ဖို့ အသင့်ပြင်ထားတော့။ ”
လက်စသတ်တော့ ရွေးချယ်စရာ မရှိဘူးပဲ။ ဒါက ဗြောင်ကြီး ဓားပြတိုက်တာပဲ။
သူက ဘယ်လောက်ပဲ အသိပညာအကြောင်း စိတ်အားထက်သန်နေပါစေ၊ နဂါးက နဂါးပါပဲလေ။
မည်သို့ပင်ဖြစ်စေ ချန်လွေ့သည် ထိုနေရာ၌နေရန် စီစဉ်နေသည်။ သူက ဒေဝါလီခံလိုက် ရသောမျက်နှာထား ပြုလုပ်လိုက်ပြီး ရတနာနှင့် ကုန်ကြမ်းများကို တွန့်တွန့်ဆုတ်ဆုတ်နှင့် ထုတ်ပးလိုကသည်။ ဇိုလာသည် ဟန်မဆောင်နေဘဲ ၎င်းတို့အားလုံးကို ယူကာ ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။
“ ကောင်းပြီလေ။ ကြိုဆိုပါတယ်။ ရစ်ချတ်။ နင်က ငါ့ရဲ့ လက်ထောက် ဖြစ်သွားပြီ။ ဖြစ်နိုင်မယ်ဆိုရင် အခုချက်ချင်း အလုပ်စလုပ်ဖို့ မျှော်လင့်ပါတယ်။ ”
နောက်ဆုံးသော ပါ့ဂ်လီအိုအကြောင်း ထုတ်မပြောဘဲနဲ့ ရှေးမှော်စာတွေအကြောင်း လေ့လာဖို့ အခွင့်အရေး ရပြီ။ ချန်လွေ့ တိတ်တိတ်လေ ပျော်ရွှင်သွားပြီး မေးလိုက်သည်။
“ ဟုတ်ကဲ့ပါ။ မမလေး။ လက်ထောက်ရဲ့ အဓိကတာဝန်က ဘာတွေလဲ။ ”
“ နင့်အလုပ်က ရိုးရိုးလေးပဲ။ ဥပမာပြောရရင် အရင်ဆုံး အိမ်ထဲမှာ ငါထားထားတဲ့ အဝတ်တွေလျှော်။ ပြီးရင် အိမ်တစ်ခုလုံးကို သန့်ရှင်းရေးလုပ်။ စမ်းသပ်အမှိုက်တွေ အားလုံးကိုရှင်း။ နေ့လယ်စာ ကောင်းကောင်းလုပ်။ ပြီးရင် ငါ့ကို ချိုးရေ ပြင်ပေး။ ပြီးတော့.... ”
ချန်လွေ့ ကြက်သေသေသွား၏။ ဒါက ဘာလက်ထောက်မျိုးလဲ။ ငါက အစေခံ ဖြစ်နေသေးတာ အသိသာကြီး။
“ မစ်- ဇိုလာ။ ကျုပ် ဘယ်အချိန် ပညာတွေကို သင်ရမှာလဲ။ ”
“ အကောင်းဆုံးပညာက လက်တွေ့ကနေ လာတာ။ သာမန်စမ်းသပ်မှုတွေမှာ မင်း ပါရမယ်။ ”
ချန်လွေ့ ခေါင်းညိတ်လိုက်သည်။ ထို့နောက် ဇိုလာ၏ နောက်ဆုံးစကားက ချန်လွေ့၏ မျက်နှာကို ပြောင်းလဲသွားစေသည်။
“ ဒီစွပ်ပြုတ်ကို ငါကိုယ်တိုင် မတုံ့မဆိုင်းဘဲ သောက်သလိုမျိုးပေါ့။”
ချီး။ လက်စသတ်တော့ အစေခံ နဲ့ ပူးကောင် ပေါင်းထားတာမျိုးကိုး။
သူက ငါ့ကို သတ်ချင်နေတာလား။
ချန်လွေ့ မစဉ်စားတော့ဘဲ လှည့်ကာ ထွက်ပြေးတော့သည်။ သို့သော်လည်း ငွေလျှပ်စီးက သူ၏လှုပ်ရှားမှုထက် ပိုမြန်နေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ချန်လွေ့ ကြမ်းပြင်ပေါ် လဲကျသွား၏။ ထိုစွမ်းအားမှာ ယခင်ကထက် သုံးလေးဆ ပိုကြမ်းတမ်း၏။ ချန်လွေ့၏ ခန္ဓာကိုယ် သွက်ချာပါဒဖြစ်သွားပြီး မလှုပ်နိုင်တော့ပေ။ ယခုတစ်ခေါက်တွင် နတ်မိမယ် နဂါးသည် ချန်လွေ့၏ မှော်-ဆန့်ကျင် ခန္ဓာအမျိုးအစားကို အခြေခံပြီး မှော်စွမ်းအား တမင် တိုးမြှင့်လိုက်ပုံရသည်။
“ နင်က ယုံကြည်စိတ်ချရဖို့လိုတယ်လေ။ နင်က ငါ့လက်ထောက်လုပ်မယ်လို့ ပြောခဲ့တယ်။ ဘာလို့ ထွက်ပြေးတာလဲ။ ”
နတ်မိမယ်နဂါးက ပြုံးရင်း လမ်းလျှောက်လာ၏။ ချန်လွေ့၏ မျက်လုံးထဲ၌ ဇိုလာ၏ လှပပြီး မက်မောစရာအပြုံးသည် နတ်ဆိုးထက်ပင် ပို၍ကြောက်စရာ ကောင်းပေသည်။
“ နင့်ခန္ဓာကိုယ်က ရှားပါးတဲ့ [ မှော်-ဆန့်ကျင် ] ဝိသေသလက္ခဏာ ရှိသည်။ ငါ့ရဲ့ အရေးအကြီးဆုံး လက်ထောက် တစ်ယောက်ဆိုတော့ ငါနင့်ကို သေချာ “လမ်းပြ” ပေးမယ်။ စိတ်မပူပါနဲ့။ ငါကတိပေးပါတယ်။ နင် အဆင်ပြေမှာပါ။”
ချီးကို စိတ်မပူနဲ့လား။ နတ်မိမယ်နဂါးပြောသော “ယုံကြည်စိတ်ချမှု” ကို စဉ်းစားပြီးနောက် ချန်လွေ့သည် နှလုံသားထဲ၌ ပြင်းထန်သော အေးစက်မှုတစ်ခု ခံစားလိုက်ရသည်။ ယခုတွင် သူသည် ပါ့ဂ်လီအိုက မည်သည့်အတွက်ကြောင့် ငွေသေတ္တာကို ချိပ်ပိတ်ပြီး ထွက်ပြေးခဲ့ကြောင်းကို နားလည်သွားလေပြီ။