← Chapters

လက်ထောက်

Vol. 23 Ch. 343

လက်ထောက်

Vol. 23 Ch. 343

တောက်တိုမည်ရသမားရော စမ်းသပ်မှု လက်ထောက်ရော....ပြီးတော့ စမ်းသပ်ပစ္စည်း။

အထက်ပါများမှာ သက်တန့်တေင်ကြား၏ ပိုင်ရှင် (ကိုယ်တိုင်ခန့်အပ်ထား)၏ နေ့စဉ်ဘဝ ဖြစ်သည်။

ပထမနှစ်ခုမှာ မဆိုးလှသော်လည်း ကြက်သီးထစရာ အကောင်းဆုံးမှာ တတိယတစ်ခု ဖြစ်သည်။ ချန်လွေ့သည် နတ်ဆိုးဘုံသို့ ရောက်လာပြီး အဲဒက်စ်နှင့် တွေ့ဆုံခဲ့သည့်အချိန်ကို ပြန်ရောက်သွားသကဲ့သို့ ဖြစ်သွားသည်။ သို့သော် နတ်မိမယ်နဂါးနှင့်ယှဉ်လျှင် အမှောင်နတ်သူငယ် ဆရာသခင်မှာ ယုန်ဖြူလေး တစ်ကောင်ကဲ့သို့ပင် အန္တရာယ်ကင်းလှသည်။

မိမိ၏ [ မှော်-ဆန့်ကျင် ] စွမ်းရည်ကို ဇိုလာ သိရှိသွားသည့်အခါ ချန်လွေ့သည် နေ့တိုင်း မှော်“ပက်ဖြန်းခြင်း”မျိုးစုံကို ခံစားရတော့သည်။ နတ်မိမယ်နဂါးသည် ချန်လွေ့၏ [ မှော်-ဆန့်ကျင် ] စွမ်းရည်ကို ချိုးဖောက်ရန် အစွမ်းကုန် ကြိုးစားသည်။ သို့သော်လည်း စနစ်မှပေးထားသော စွမ်းရည်မှာ အတော်လေး အစွမ်းထက်လှသည်။ အစွမ်းထက် နဂါးထွင်းစာမှော်ကိုပင် သူ၏ခန္ဓာကိုယ်သည် ထိခိုက်မှုအား တစ်ဝက်လျှော့နိုင်နေ၏။

အရောင်စုံ မှော်အလင်းများကြား၌ တစ်စုံတစ်ယောက်၏ အော်ဟစ်သံ သက်တန့် တောင်ကြားတစ်လျှောက် ပဲ့တင်ထပ်နေစဉ် နတ်မိမယ်နဂါးက ဆက်လက်၍ ကြိုးစားပမ်းစား စမ်းသပ်နေခဲ့သည်။

ဓမ္မတေးသစ်သီးနဲ့ ရှေးမှော်စာတွေအတွက် ငါ အံကြိတ်ပြီး ကြံ့ကြံ့ခံရမှာပဲ။

ငါက ဘာလို့ မိန်းမလှတွေအတွက် မဟုတ်ဘဲနဲ့ မိတ်ဆွေအထီးတွေအတွက် လုပ်နေရတာလဲ။

သူ၏မျက်နှာမှ မျက်ရည်များ စီးကျလာတော့သည်..

“ ထုံတာနဲ့ နာတာပဲ‌ဆိုတာ သေချာလား။ ”

ဇိုလာက ဇဝေဇဝါဖြစ်နေသာမျက်နှာဖြင့် ကြမ်းပြင်ပေါ် လဲကျသွားသည်။ ထို့နောက် ခန္ဓာကိုယ်မှ အငွေ့များထွက်နေသော ချန်လွေ့ကို မေးသည်။

“ ထပ်စမ်းချင်လား။ ဒါနောက်ဆုံးပဲ။ ”

“ ဒါနောက်ဆုံးပဲဆိုတာ သုံးခေါက်ရှိနေပြီ။ တခြားဟာ ပြောလို့မရဘူးလား။ ကျုပ် အဲဒါကို ထပ်လုပ်ရင် တကယ် သေသွားလိမ့်မယ်။ ”

ချန်လွေ့သည် ခုနက မှော်ပေါက်ကွဲမှုကြောင့် အကင် ဖြစ်လုနီးပါး ဖြစ်သွားခဲ့သည်။ သူ အားနည်းစွာဖြင့် ပြောလိုက်သည်။

“ ကျုပ် ဒီလိုဖြစ်နေပြီဆိုတော့ ညစာ ပြင်ပေးနိုင်တော့မှာ မဟုတ်ဘူး။ ”

“ ရပါတယ်။ နေ့လယ်က နင့်ကို ငါပိုလုပ်ခိုင်းထားတယ် မဟုတ်လား။ နင် သတိလစ်ပြီး သေသွားရင်တောင် ငါ စားဖို့အတွက် တစ်ခုခု ရှိနေဦးမှာပဲ။ ”

ချန်လွေ့ ရုတ်တရက် သဘောပေါက်သွားသည်။ ဒါကြောင့် သူက နေ့လယ်တုန်းက ဝက်ဆားနယ်‌ခြောက် ပန်ကိတ်ကို တော်တော်လေး ချီးမွမ်းပြီးတော့ သုံးလေးခု ထပ်လုပ်ခိုင်းတာကိုး။ အစကတော့ ငါက ညစာအတွက် သိမ်းထားဖို့လို့ ထင်ထားခဲ့တာ။ ဒီလိုမျိုး ကြိုတင်ကြံစည်ထားတာ ဖြစ်မယ်လို့ မထင်ထားခဲ့ဘူး။ နောက်ရက်များ၌ တစ်နေ့ရက် သုံးနပ်တာ အတိအကျလုပ်ပြီး အရူးလုပ် ခံတော့မည်မဟုတ်ကြောင်း ချန်လွေ့စိတ်ထဲ၌ စိတ်ပိုင်းဖြတ်လိုက်တော့သည်။

“ နင့်ရဲ့ခန္ဓာကိုယ် ခုခံမှုကို လုံးဝပြိုလဲစေနိုင်တဲ့ အဆိပ်တစ်ခုကို ခံစားရမှာ။ အဲဒီအဆိပ်က ဒီမီးတောက်မှော်ထဲမှာ ဝှက်ထားတဲ့ တကယ့် လူသတ်အကွက်ပဲ။ ”

ဇိုလာ မျက်မှောင်ကြုတ်ပြီး ကိုယ့်ကိုယ်ကိုယ် ပြောလိုက်သည်။

“ ခန္ဓာအမျိုးအစား မတူတာလား။ ဒါမှမဟုတ် သူ့ရဲ့ ခန္ဓာအမျိုးအစားမှာ ထူးခြားတာတစ်ခုခု ရှိနေတာများလား။ ”

အမှန်တကယ်တွင် ထိုအဆိပ်စွမ်းအားကို စူပါစနစ်က စုပ်ယူလိုက်ခြင်း ဖြစ်သည်။ သို့သော် ကံဆိုးစွာပင် မှော်ထိခိုက်မှုကို လုံးဝ မစုပ်ယူနိုင်ခဲ့ပေ။ ချန်လွေ့က [ အသစ်ပြန်ဖြစ်ခြင်း ] နှင့် [ ထိခိုက်မှုစုပ်ယူခြင်း ] တို့ကို ဇိုလာ ရှာတွေ့သွားမည်စိုးသည့်အတွက် ခေါင်း အမြန်ခါလိုက်သည်။

“ လုံးဝမဟုတ်ဘူး။ ခင်ဗျား အထင်မှားနေတာ ဖြစ်မယ်။ ”

“ မဖြစ်နိုင်ဘူး။ အရင်တစ်ခေါက်က ငါကိုယ်တိုင် သုံးလေးကြိမ် စမ်းကြည့်ခဲ့တယ်။ ပြီးတော့ အဲဒါကို ငါ သေသေချာချာ ခံစားခဲ့ရတယ်.... ”

“ ခင်ဗျား ကိုယ်တိုင်လား... ”

ချန်လွေ့သည် ၎င်းကို ခံစားခဲ့ရသည်။ ထို့ကြောင့် မည်မျှ နာကျင်ကြောင်း သိသည်။ နတ်မိမယ်နဂါး၏ ခန္ဓာအမျိုးအစားမှည နဂါးများအပြား၌ အားအနည်းဆုံး ဖြစ်သည်။ ထို့ပြင် သလင်းကျောက်နဂါး နှင့် နဂါးနက်ကဲ့သို့ [ မှော်-ဆန့်ကျင် ] စွမ်းရည်လည်း မရှိပေ။ သို့သော် သူသည် အမှန်တကယ်ပင်...

“ အကောင်းဆုံး အသိပညာက လက်တွေ့ကနေ လာတယ်လို့ ငါပြောခဲ့တယ်လေ။ ဒါက ကြီးမြတ်တဲ့ သုတေသနပညာရှင်တစ်ယောက်မှာ ရှိသင့်တဲ့ အရည်အသွေးပဲ။ ”

နတ်မိမယ်နဂါးက မြူးတူးလျက် ပြောလိုက်ကာ သူ့လက်ထောက်၏ လေးစားအားကျမှု ခံရရန်အတွက် ပြင်ဆင်လိုက်သည်။

ထိုအ‌ချိန်၌ ချန်လွေ့ ကြက်သီး ထသွားခဲ့သည်။ ဒါကြောင့် “ စမ်းသပ်ဖို့အတွက် အဲဒီအရူးမက ကိုယ့်ကိုယ်ကိုယ် ပိုင်းဖြတ်ဖို့တောင် ဝန်လေးမှာ မဟုတ်ဘူး ” လို့ ပါ့ဂ်လီအို ပြောခဲ့တာကိုး။

ဇိုလာက ကိုယ့်ကိုယ်ကိုယ်တောင် ရက်စက်တယ်။ ဒါဆိုရင် စမ်းသပ်စ္စည်းဖြစ်တဲ့ လက်ထောက်က...

“ ကောင်းပြီ။ ဒီနေ့ ဒီလောက်ပဲ။ ဒီဆေးရည်ကို အရင်‌သောက်လိုက်။ မနက်ဖြန်ကျရင် စမ်းသပ်မှု ပြန်စမယ်။ ကောင်းကောင်းနားလိုက်ဦး။ ”

ဇိုလာသည် စာနာပြီး ဂရုစိုက်သော ပုံစံဖြစ်နေသည်။ အမှန်တကယ်၌ သူသည် စမ်းသပ်ပစ္စည်းအား ပုံမှန်အတိုင်း အမြန်ပြန်ကောင်းလာရန်ကိုသာ မျှော်လင့်နေ၏။ သို့မှသာ နောက်ထပ်စမ်းသပ်ချက်များကို ပြုလုပ်၍ရမည် ဖြစ်သည်။ သူ ထပ်ပြောလိုက်၏။

“ ဒီလကုန်တဲ့အထိ နင်တောင့်ခံနိုင်မယ်ဆိုရင် ငါနင့်ကို ဓမ္မတေးသစ်သီး ပေးမယ်။ ”

“ မဟုတ်သေးဘူး။ ”

ချန်လွေ့သည် အနည်းငယ် မူးနေသော်လည်း ဓမ္မတေးသစ်သီးကြောင့် အတော်လေး အမူးပြေ သွားခဲ့သည်။

“ လွန်ခဲ့တဲ့ ၃ရက်တုန်းက ကျုပ် ခင်ဗျားကို သုံးရက်စမ်းသပ်ချက်ပြီးရင် ဓမ္မတေးသစ်သီး ပေးမယ်လို့ ပြောခဲ့တယ်။ ဘာလို့ အခု စိတ်ပြောင်းသွားတာလဲ။ ”

“ အဲလို ငါပြောခဲ့တာလား။ ”

နတ်မိမယ်နဂါးက မည်သည်ကိုမှ မှတ်မိပုံ မရပေ။ ထိုပုံစံသည် ချန်လွေ့အား မကောင်းသော ခံစားချက်တစ်ခုကို ခံစားရစေ၏။ သူသည် ကြိုတင် “စတေး” ရန် အဆင်သင့် ဖြစ်နေလေပြီ။

“ ရစ်ချတ်။ နင် နားကြားမှားနေတာ။ ”

ချန်လွေ့ ဘာမှမပြောပေ။ သူက “ထင်သားပဲ”ဟူသော အကြည့် ပြသလိုက်သည်။

ဇိုလာက လေးလေးနက်နက်နှင့် ခေါင်းခါလိုက်သည်။

“ နင် အမှတ်မှားနေတာ ဖြစ်မယ်။ ဇိုလာဆိုတဲ့ နာမည်နဲ့ ငါအခု ကတိပေးတယ်.... ”

ဇိုလာ၏စကား မဆုံးသေးခင်မှာပင် ချန်လွေ့၏လက်ထဲမှ သလင်းကျောက်သည် လေသံတူတူဖြင့် စတင်ပြောတော့သည်။ ၎င်းမှာ အပြည့်အစုံလည်း ဖြစ်သည်။

“ ဇိုလာဆိုတဲ့ နာမည်နဲ့ ငါလေးလေးနက်နက် ကတိပေးတယ်။ ဒီ၃ရက် စမ်းသပ်မှုမှာ နင်ငါ့ကို ပူးပေါင်းမယ်ဆိုရင် ဓမ္မတေးသစ်သီး တစ်လုံးမပြောနဲ့၊ တစ်ပင်လုံးတောင် ပေးနိုင်တယ်။ ”

ချန်လွေ့ စိတ်ထဲ၌ ဂုဏ်ယူမိသွားသည်။ မင်းရဲ့အကျင့်ကို ငါသိနေပြီ။ ငါ သက်သေတွေ သိမ်းထားမိလို့ တော်သေးတာပေါ့။ အခု ဇိုလာ ဘယ်လိုပြောမလဲ ကြည့်မယ်။

ဇိုလာ ကြက်သေသေသွားပြီး နောက်လှည့်လိုက်သည်။ ထို့နောက် သတိမပေးဘဲ ချန်လွေ့၏ လက်ထဲမှ မှတ်တမ်းကျောက် ရုတ်တရက် ပေါ့ပါးသွားခဲ့သည်။ ၎င်းသည် အမှုန့် ဖြစ်သွားပြီး ကြမ်းပြင်ပေါ် ပြုတ်ကျသွားတော့သည်။

“ ဘာအသံကြီးလဲ။ ”

နတ်မိမယ်နဂါး ခေါင်းလှည့်လာပြီး အပြစ်ကင်းသည့် မျက်နှာဖြင့် စပ်စပ်စုစု မေးလိုက်သည်။

ချန်လွေ့က ဇိုလာကို လက်ညှိုးထိုးလိုက်သည်။ သူ အလွန်ဒေါသထွက်နေပြီး စကားပင် ပြောရန် ခက်ခဲနေ၏။ လူပဲဖြစ်ဖြစ် နဂါးပဲဖြစ်ဖြစ် ဒီလောက်အထိ အရှက်မမဲ့သင့်ဘူး။

ခင်ဗျားမှာ ကိုယ်ကျင့်တရား ရိုးသားဖြောင့်မတ်မှုရော ရှိရဲ့လား။

“ အမှန်အတိုင်းပြော။ ဒီစမ်းသပ်မှုဆိုးကြီးက ဘယ်လောက်ကြာမှာလဲ။ ”

ယခုတစ်ခေါက်တွင် ဇိုလာသည် ရူးကြောင်ကြောင် ဟန်မဆောင်တော့ဘဲ လေးလေးနက်နက် တွေးလိုက်သည်။

“ အနည်းဆုံး ၃လလောက် ကြာလောက်မယ်။ ”

“ ၃လ ဟုတ်လား။ ဒီလကုန်လို့ ခင်ဗျား ပြောခဲ့တာ မဟုတ်လား။ ”

ချန်လွေ့ မပင်ပန်းနေခဲ့လျှင် ထခုန်ပြီး ဇိုလာကို အော်ပြောမိပေလိမ့်မည်။

“ အိုး။ ဟုတ်လား... ”

ဇိုလာ “ငေးငိုင်” မနေခင်မှာပင် ချန်လွေ့ အရင် ပြောလိုက်သည်။

“ ဓမ္မတေးသစ်သီးက ကျုပ်အတွက် တော်တော်လေး အရေးကြီးတယ်။ ကျုပ်က ခင်ဗျားရဲ့ပြိုင်ဘက် မဟုတ်ဘူးဆိုတာ သိပါတယ်။ ဒါပေမဲ့ ခင်ဗျားက တကယ်ပဲ ခင်ဗျားရဲ့စမ်းသပ်မှုတွေကိုကူညီဖို့အတွက် စိတ်ကူကိုယ်တူ လူတစ်ယောက် လိုချင်တယ်ဆိုရင် ကျုပ်ကို အခုပဲ ဓမ္မတေးသစ်သီးပေးလိုက်။ မဟုတ်ရင် ဘာမှပြန်မပြောတဲ့ စမ်းသပ်ပစ္စည်းတစ်ခုကိုပဲ ခင်ဗျား ရလိမ့်မယ်။ ”

“ ကံဆိုးချင်တော့ ငါအမုန်းဆုံးတာ ခြိမ်း‌ခြောက်တာပဲ။ ”

မျက်မှန်မှတစ်ဆင့် အလင်းရောင် ဖျပ်ခနဲဖြစ်သွားပြီး ဇိုလာ၏မျက်နှာ အေးစက်သွား၏။ သူ၏ ခရမ်းရောင် ဆံပင်လည်း လေမတိုက်ဘဲ ဖြည်းဖြည်းချင်း မျောလွင့်လာသည်။

“ ပြီးတော့ နင်က အားနည်းတဲ့ စမ်းသပ်ပစ္စည်း တစ်ခုပဲ။ ငါကို ခြိမ်းခြောက်ဖို့အတွက် အရည်အချင်း မပြည့်မီဘူး။ ”

ဇိုလာသည် နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းဖြစ်သော နတ်မိမယ်နဂါးဖြစ်ကြောင်း မမေ့သင့်ပေ။ ယခင်က အဆိပ်နဂါး၏ အထွတ်အထိပ် အခြေအနေ၌ပင် ကြောက်လန့်တကြား ထွက်ပြေးခဲ့ရသည်။

အနီးအနားမှ ဒြပ်စင်အငွေ့အသက် ပိုမိုပြင်းထန်လာကြောင်း ချန်လွေ့ ခံစားလိုက်မသည်။ ၎င်းသည် စမ်းသပ်ချက်နှင့် မတူပေ။ ပြင်းထန်သော သတ်ဖြတ်ချင်စိတ် အရှိန်အဝါနှင့်အတူ သူချက်ချင်း ပြောလိုက်သည်။

“ ကျုပ်ရဲ့တန်ဖိုးက အစေခံ၊ စမ်းသပ်ပစ္စည်းထက် တကယ့်လက်ထောက်ဖြစ်ဖို့ အရည်အချင်း ပြည့်မီတယ်။ ခင်ဗျားရဲ့ အဝတ်လျှော် မှော်ပစ္စည်းကို ဥပမာ ထားလိုက်။ ရေနဲ့ဆေးတာက ကောင်းတယ်။ ဒါပေမဲ့ မီးနဲ့ အခြောက်ခံတာက အဝတ်အစားရဲ့ အရည်အသွေးကို လွယ်လွယ်လေး ထိခိုက်နိုင်တယ်။ ပြီးတော့ ရေနဲ့မီးကြားမှာ ဆန့်ကျင်မှု တစ်ခုလည်း ရှိတယ်။ ထိန်းချုပ်ဖို့ အတော်လေး ခက်တယ်။ နည်းနည်းလောက် သတိလစ် တာနဲ့ အဝတ်အစားကို ပျက်စီးစေနိုင်တယ်။ ကျုပ်ရဲ့အမြင်ကတော့ မီးဒြပ်စင်နဲ့ ခြောက်သွေ့အောင်လုပ်တဲ့ ကိရိယာကို လေဒြပ်စင်မှော်စက်ဝိုင်းနဲ့ စီရင်ထားတဲ့ ရိုးရိုးရှင်းရှင်း ကိရိယာနဲ့ အစားထိုးဖို့ပဲ။ ဒါက ပိုအန္တရာယ်ကင်းပြီးတော့ အကျိုးရှိတယ်။ ဒြပ်စင်တွေ ဆန့်ကျင်မှာကိုလည်း စိုးရိမ်စရာ မလိုဘူး။ မှော်စွမ်းအားမရှိတဲ့ လူတောင် အဲဒါကို အလွယ်တကူ သုံးနိုင်မယ်။ ”

ချန်လွေ့ မတ်တပ်ရပ်ရုံသာရပ်နိုင်ပြီး လေထဲ၌ အဝတ်လျှော်စက် နတ်ဆိုးဗားရှင်းတစ်ခု ရေးဆွဲလိုက်သည်။ နတ်မိမယ်နဂါး၏ ဒြပ်စင်စွမ်းအား ဖြည်းဖြည်းချင်း ပျောက်ကွယ် သွား၏။ ချန်လွေ့၏ ရှင်းပြချက်နှင့် လေဒြပ်စင်မှော်စက်ဝိုငင်း၏ တည်ဆောက်ပုံကို နားထောင်ရင်း ဇိုလာ၏ အမူအရာ လေးနက်သွားသည်။ သူ့တွင် ထို “ငေးငိုင်သော” အကြည့် လုံးဝ မရှိတော့ပေ။

“ လက်စသတ်တော့ နင်လည်း ယန္တရားပညာကို ကျွမ်းကျင်တာပဲ။ ဒါပေမဲ့ ငါပိုပြီး လေးစားတာက တီထွင်ဖန်တီးတာပဲ။ ဒါက နည်းနည်းလေး တိုးမြှင့်လိုက်တာ ဖြစ်ပေမဲ့ ကြီးမားတဲ့ ဆန်းသစ်မှု တစ်ခုပဲ။ ”

ဇိုလာ ထောက်ခံလိုက်သည်။ ၎င်းသည် အဝတ်လျှော်သည့် ပစ္စည်းတစ်ခု ဖြစ်နေသည့် အတွက် သူ လျစ်လျူမရှုခဲ့ပေ။ အသိပညာနှင့် ဖန်တီးမှုအတွက် လေးစားခြင်းသည် စွမ်းအားနှင့် ဘာမျှမဆိုင်ပေ။ ဒီလိုလေးစားတာမျိုးရှိလို့ တော်သေးတာပေါ့။

“ ကျုပ်ခေါင်းထဲမှာ ဒီလိုမျိုး အကြံတွေ အများကြီး ရှိနေသေးတယ်.... ”

နတ်မိမယ်နဂါးက ချန်လွေ့ကို ခဏကြည့်ပြီး စဉ်းစားကာ နောက်ဆုံး၌ ခေါင်းညိတ်လိုက်၏။

“ ကောင်းပြီလေ။ အခုကစပြီးတော့ နင်က ငါ့ရဲ့ တကယ့်လက်ထောက် ဖြစ်သွားပြီ။ နောက်ကျရင် ဓမ္မတေးသစ်သီး ပေးမယ်။ ဒါပေမဲ့ နင့်အရှေ့က မှော်စက်ဝိုင်းတစ်ခုကို ဖွင့်ဖို့အတွက် နည်းလမ်းရှာရမယ်။ ငါနင့်ကို ကူညီမှာ မဟုတ်ဘူး။ ”

နောက်ဆုံးတော့ သူက ငေးငိုင်ပြီးတော့ “ ဒါ ‌နောက်ဆုံးပဲ ” လို့ မပြောတော့ဘူး။

ချန်လွေ့ စိတ်လှုပ်ရှားသွားခဲ့သည်။ နဂါးထံမှ တစ်စုံတစ်ခု တောင်းဆိုရသည်မှာ လွယ်ကူ လှသည်မဟုတ်ပေ။ နောက်ဆုံးတော့ ဓမ္မတေးသစ်သီးကို ငါရပြီ။ ပြီးတော့ ရှေးမှော်စာတွေကို လေ့လာဖို့အတွက် မျှော်လင့်ချက်လည်း ရှိတယ်။

“ ဒါဆို ကျုပ်ရဲ့အလုပ်က....”

“ ဘာလဲ။ ”

“ တကယ့် လက်‌ထောက်လေ။ ”

“ အရင်လိုပဲ။ ” ( ငေးမှိုင်လျက်ဖြေ )

“…”

ဘယ်လိုပဲဖြစ်ဖြစ်ပါ။ ‌နတ်မိမယ်နဂါးက သူ့ရဲ့ အဆိုးဆုံး ကိုယ်ကျင့်တရားကနေ နောက်ဆုံးတော့ ပြန်လာခဲ့ပြီ။ ဓမ္မတေးသစ်သီးအကြောင်း ပြောင်းလဲတာ မရှိဘူး။ ချန်လွေ့၏ ဒြပ်စင်နှလုံးသား ပြင်ဆင်ရန်ဆန္ဒ ပြည့်ဝသွားခဲ့၏။ ချန်လွေ့သည် ဓမ္မတေးသစ်သီး တစ်ပင်လုံးကိုပင် ဇိုလာ၏ ခွင့်ပြုချက်ဖြင့် ကြယ်စင်စုဥယျာဉ်ထဲတွင် ပြောင်းရွှေ့စိုက်ပျိုးခဲ့သည်။

အမှန်တကယ်၌ လွန်ခဲ့သော အစောပိုင်း နှစ်များကတည်းက ဓမ္မတေးသစ်သီးသည် စမ်းသပ်မှု အနည်းငယ်ပြီးနောက်တွင် ဇိုလာအတွက် အသုံးမလိုတော့သလောက် ဖြစ်သွားခဲ့သည်။ ထို့ကြောင့် သူ ရက်ရောနေခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း နတ်မိမယ်နဂါးသည် ဓမ္မတေးသစ်သီးအား ချန်လွေ့ မည်ကဲ့သို့ သိမ်းထားကြောင်း သံသယဝင်နေခဲ့သေးသည်။ ကံကောင်းစွာပင် ချန်လွေ့သည် ခုနက ပိုင်ဆိုင်သည့် ပစ္စည်းများ ထုတ်ပြသည့်အခါ “နေရာလွတ်”အတွက် ပါရမီကိုပြသခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် သူ အဆင်ပြေသွားခဲ့သည်။

ချန်လွေ့သည် ဓမ္မတေးသစ်သီးအရည်အား မြေဒြပ်စင်နှလုံးသားပေါ်၌ အစက်ချလိုက်ရာ သက်ရောက်မှုများမှာ ချက်ချင်းပင် ဖြစ်လာသည်။ ဒြပ်စင်နှလုံးသားပေါ်ရှိ အက်ကွဲကြောင်းများ ဖြည်းဖြည်းချင်း ပြန်ကောင်းလာ၏။ မြေဒြပ်စင် အရှိန်အဝါမှာ ပို၍အားကောင်းပြီး တက်ကြွလာသည်။ သုံးလေးရက်အတွင်း လုံးဝပြန်ကောင်း နိုင်လောက်၏။

ဓမ္မတေးသစ်သီးမှာ သက်တန့်တောင်ကြား ချန်လွေ့ နေချင်သော အကြောင်းရင်းထဲမှ တစ်ခု ဖြစ်သည်။ နောက်ထပ် အရေးကြီးသော အကြောင်းရင်းမှာ‌ ရှေးမှော်စာများ ဖြစ်သည်။ ထို့အပြင် မြေဒြပ်စင်ဘုရင် အတွက်လည်း အချိန်ရှိသေးသည်။ ထို့ကြောင့် ချန်လွေ့သည် ချက်ချင်း ထွက်ပြေးရန် မစဉ်းစားခဲ့ဘဲ “လက်ထောက်အစစ်အမှန်” အဖြစ်သာ ဆက်လက် တာဝန်ထမ်းဆောင်နေခဲ့သည်။

ရာထူးပြောင်းပြီးနောက် သူသည် ( တောက်တိုမည်ရ + စာဖိုမှူး + စမ်းသပ်ပစ္စည်း ) ဖြစ်နေသေးသော်လည်း နတ်မိမယ်နဂါးထံမှ အများအပြား သင်ယူခဲ့ရသည်။ သူ၏ အကြီးမားဆုံး ရရှိမှုမှာ “နေရာလွတ်”ပင် ဖြစ်သည်။

နေရာလွတ်မှော်သည် မူလက နတ်ဆိုးဘုံ၌ ပျောက်ဆုံးသွားပြီ ဖြစ်သည်။ ဇိုလာ ကိုယ်တိုင်သည်ပင် တစ်ခုနှစ်ခုသာ သိသည်။ သို့သော် ထိုနတ်မိမယ်နဂါး၏ တီထွင်နိုင်စွမ်းသည် ချန်လွေ့ကို အမှန်တကယ် အထင်ကြီးသွားစေသည်။ ဇိုလာသည် ကိုယ်ပိုင် နေရာလွတ်စွမ်းအားကို ဖန်တီးရန်အတွက် မှော်အမွေအနှစ် တစ်ခု၊နှစ်ခု အသုံးပြုခဲ့သည်။ သက်တန့်တောင်ကြားသည် သူ၏ လက်ရာများထဲမှ တစ်ခု ဖြစ်ပေသည်။ ထို့ပြင် သူ့တွင် မည်သည့်နေရာလွတ်ပစ္စည်းမျှ မပါဝင်သော ကိုယ်ပိုင်သီးခြား သိုလှောင်ခန်းတစ်ခုလည်း ရှိသည်။ ၎င်းသည် စူပါစနစ်၏ သိုလှောင်ခန်းကိုပင် ယှဉ်နိုင်၏။ သို့သော်လည်း အရွယ်အစားမှာ သေးငယ်လွန်းလှသည်။

ချန်လွေ့အတွက် အာရုံစိုက်စရာမှာ နေရာလွတ်မှော် မဟုတ်ဘဲ နေရာလွတ် သီဝရီအကြောင်း ထူးခြားသည့် အသိပညာများပင် ဖြစ်လေသည်။

ဥပမာအနေဖြင့် အခြားနတ်ဆိုးဧကရာဇ်များနှင့် နတ်ဆိုးအရှင်သခင်များသည်ပင် ရှေ့သို့ အနည်းငယ်သာ တက်လှမ်းနိုင်၏။ ချန်လွေ့သည် သူတို့ကဲ့သို့ စွမ်းအားမကြီးသော်လည်း အမှတ်၊မျဉ်း နှင့် ပြင်ညီတို့၏ ကြားကွက်လပ် တည်ဆောက်ပုံ အယူအဆတစ်ခုလုံး သူ့တွင် ရှိနှင့်နေလေပြီ။

အခြေခံသီဝရီသာမက လက်တွေ့ စွမ်းအားကိုလည်း ဇိုလာ၏စမ်းသပ်မှုတွင် သရုပ်ပြထား၏။

အတိုင်း(ဒိုင်မန်းရှင်း)တစ်ခု၊ အတိုင်း-နှစ်ခု၊ အတိုင်း-သုံးခု၊ အချိန်-လေဟာနယ်နှင့် ‌ပေါင်းလိုက်မည်ဆိုရင် လောကကြီးတစ်ခုလုံးကို အတိအကျဖြစ်စေသည်။ ( “ အတိုင်း-ငါးခု၊ အတိုင်း-ခြောက်ခု” အစရှိသော ယူဆချက်များမှာ သူ၏ မူရင်းလောက၌ပင် မပြီးပြည့်စုံသေး သည့်အတွက် ချန်လွေ့ ထပ်မံမလေ့လာခဲ့ပေ။ )

၎င်းသည် ပိုင်နက်၏ စစ်မှန်သော ဆန်းကြယ်မှု ဖြစ်နိုင်ကြောင်း ချန်လွေ့ ခံစားမိသည်။ မူရင်း စူပါစနစ် စတင်ခြင်းကို ပြန်လည်သတိရသွားပြီးနောက် သူသည် အချိန်အယူအဆ ဖန်တီးခြင်းနှင့် နေရာလွတ်(လေဟာနယ်) အပြောင်းအလဲများကို ရေးရေးလေး နားလည် သဘောပေါက်သွားဟန် တူသည်။

ထိုအယူအဆကို သူ အပြည့်အဝနားလည်ပြီး လောကစွမ်းအားကို အမှန်တကယ် ကျွမ်းကျင်ခဲ့လျှင် လက်ရှိ “မယ်ဂရီဇ်” အခြေအနေကို ကျော်လွန်ပြီး နောက်တစ်ဆင့်ဖြစ်သော “ဖက်ဒါ” အခြေအနေသို့ ရောက်ရှိနိုင်ပေမည်။

ဝမ်းနည်းစရာမှာ နတ်မိမယ်နဂါးသည် ရှေးမှော်စာ အကြောင်း လုံးဝ မပြောခြင်းပင် ဖြစ်သည်။ ရည်ရွယ်ချက် ဖြစ်မြောက်ရန်အတွက် တန်ဖိုး ပေးဆပ်ရပေမည်။ ထို့ကြောင့် ချန်လွေ့သည် သူ၏ “ခန္ဓာကိုယ်”ဖြင့်သာ ပေးဆပ်နိုင်တော့လေသည်။

နတ်မိမယ်နဂါးအတွက် ထိုကဲ့သို့ လက်ထောက်သည် အမှန်တကယ် ကျေနပ်စရာပင် ဖြစ်သည်။

အရင်ဆုံးပြောရရင် သူက တော်တော်လေး ကောင်းတဲ့ စမ်းသပ်ပစ္စည်းတစ်ခုပဲ။ သူက အရင်နတ်ဆိုးသားရဲ တွေထက် ပိုသန်မာတယ်။ သူက မသေမျိုးလိုပဲ။ သူက နတ်ဆိုးဘုံဒဏ္ဍာရီထဲက “ပိုးဟပ်” တစ်မျိုးမျိုးလိုပဲ အဲဒီစွမ်းအားကြီးစမ်းသပ်ချက်တွေကို ခံနိုင်တယ်။

နတ်မိမယ်နဂါးသည် ထိုကဲ့သို့ ထူးခြားသော ခန္ဓာအမျိုးအစားကို သတိထားမိသွားခဲ့သည်။ ၎င်းသည် ခန္ဓာသာမဟုတ်ဘဲ နေရာလွတ် သိုလှောင်ခြင်း ပါရမီနှင့် အထူးနေရာလွတ် တယ်လီပို့စွမ်းရည်လည်း ပါဝင်သည်( သာမန် နေရာလွတ် အတားအဆီးများကို ဖောက်ထွက်နိုင် )။ သို့သော်လည်း ဇိုလာသည် ချန်လွေ့ကို မကြောက်လန့် စေရန်အတွက် သူ့စမ်းသပ်ချက်၏ အထူးရည်ရွယ်ချက်ကို ထုတ်မပြောခဲ့ပေ။ ဒီကောင်က ရတနာတွေ ထပ်ပြီး ဝှက်ထားနိုင်လောက်တယ်။ မဟုတ်ရင်တောင် သူကိုယ်တိုင်က “ရတနာ” ပဲ။

နဂါးကောင်းဟူသည် ပိုက်ဆံရှာနိုင်ရုံသာမက ပိုက်ဆံကိုလည်း စီမံနိုင်ရ‌ေပမည်။ ကြီးကြီးမားမား ပြန်ရရှိရန်အတွက် ရေရှည် အစီအစဉ် ဆွဲရမည် ဖြစ်သည်။ ဇိုလာသည် ထိုကြီးမားလှသော ရတနာ သိုလှောင်ရုံကြီးကို တဖြည်းဖြည်းချင်း ရှာဖွေရပေမည်။

ဒါပေမဲ့ သူက တီထွင်ဉာဏ်ရှိပြီးတော့ စွမ်းဆောင်ရည်ရှိတဲ့ လက်ထောက် တစ်ယောက်ပဲ။ တချို့ပါးနပ်တဲ့ အကြံတွေနဲ့ တိုးမြှင့်မှုတွေက ငါ့ကိုတောင် အထင်ကြီးသွားစေတယ်။ ( တစ်စုံတစ်ယောက်သည် အခြားလောကမှ အကြံများကို ကူးယူနေခြင်း ဖြစ်၏။ )

ယန္တရားပညာရပ်မှာ သူက အကြီးတန်း ဆရာသခင်အဆင့် ရောက်နေလောက်ပြီ။ လက်တွေ့စွမ်းရည်လည်း တော်တော်လေး ကောင်းတယ်။ ပစ္စည်းကိရိယာအချို့ကို သူပြင်ဆင်ပြီးသွားတော့ စွမ်းဆောင်ရည် ကြီးကြီးမားမား တိုးတက်လာခဲ့တယ်။ စွန့်ပစ်ခံထားပြီးတော့ အိုဟောင်းနေတဲ့ ပစ္စည်းတွေ ကိုလည်း သူ ပြန်ဆင်ခဲ့တယ်။ သူက နဂါးထွင်းစာနဲ့ မှော်စက်ဝိုင်းလည်း ထူးထူးခြားခြား သဘော‌ပေါက်တယ်။

ဇိုလာသည်ပင် အချို့နေရာများ၌ သူ့ထက် နိမ့်ကျ၏။

ယန္တရားပညာရပ်အပြင်ကို သူ့ရဲ့ အချက်အပြုတ် စွမ်းရည်ကလည်း ဆရာသခင်အဆင့်ကို ရောက်နေပြီ။ သူ့ရဲ့ မနာလိုစရာ ဆန်းသစ်မှုတွေကို စားစရာမှာလည်း အသုံးချတယ်။

ဇိုလာသည် ထိုကဲ့သို့ ဆန်းသစ်ပြီး အရသာရှိသော စားစရာမျိုးကို နှစ်ပေါင်းထောင်ချီကြာအောင် မစားခဲ့ရပေ။

ကံဆိုးတာကတော့ သူက နဂါးလိုမျိုး အသက်မရှည်ဘူး။

ကံဆိုးချင်တော့ သူ့ရဲ့စွမ်းအားက တအားနိမ့်လွန်းတယ်။

အတိုပြောရရင်တော့ သူက အစေခံကောင်း တစ်ယောက်နဲ့ စမ်းသပ်ပစ္စည်းကောင်း တစ်ခုပဲ။ ထားလိုက်ပါ။ သူ့ကို လက်ထောက်လို့ပဲ ခေါ်တာပေါ့။

သို့သော်လည်း ဇိုလာကို မကျေမနပ်ဖြစ်စေသည်မှာ ထိုလက်ထောက်က ယနေ့တွင် အမှန်တကယ် သက်တန့်‌ေ‌တာင်ကြားမှ ထွက်သွားရန် တောင်းဆိုခြင်းပင် ဖြစ်သည်။

မနေ့က ရေခဲမိုးကြိုးမုန်တိုင်း “ပက်ဖြန်းခြင်း” က တအားများသွားလို့လား။

ဒါမှမဟုတ် မနေ့တစ်နေ့က ငါကတိပေးခဲ့တဲ့ “ဒါနောက်ဆုံးပဲ” ဆယ်ခါက သူလက်ခံနိုင်တာထက် ကျော်သွားတာလား။

ဒါမှမဟုတ် သူက မနေ့တစ်နေ့က ချိုးရေထည့်နေတုန်း ငါ့ရင်သားကို သူ အမှတ်တမဲ့ တွေ့သွား‌ပြီး အရိုက်ခံလိုက်ရလို့ ရန်ငြိုးထားတာလား။

ဇိုလာက ယခင်အကြောင်းများအား ဇဝေဇဝါနှင့် ပြန်စဉ်းစားလိုက်သည်။ သို့သော်လည်း သူ၏မျက်နှာမှာ ငေးမှိုင်းနေလျက်ပင် ရှိနေသည်။

ဟွန့်။ ဘယ်လိုပဲဖြစ်ဖြစ်ပါ။ ငါနင့်ကို မလွှတ်ပေးနိုင်ဘူး။

All Chapters