← Chapters

မုန်တိုင်း

Vol. 24 Ch. 360

မုန်တိုင်း

Vol. 24 Ch. 360

တိုတောင်းပြီး ဆူပူသော ညတစ်ည ကုန်ဆုံးသွားခဲ့သည်။ နောက်တစ်နေ့ နံနက်စောစော၌ ရီဂျန့် အိုဆိုင်ဒန်သည် ဝန်ကြီးများနှင့် အကြီးအကဲမိသားစုများကို ကိစ္စများ ဆွေးနွေးရန်အတွက် ခန်းမထဲ၌ တရားဝင် စုစည်းခဲ့သည်။

လစဉ်အစည်းအဝေးမှလွဲ၍ ထိုကဲ့သို့ အတိုင်းအတာ ဆွေးနွေးခြင်းသည် ပုံမှန်အားဖြင့် ရှားပါးလှသည်။

အစည်းအဝေး၌ မိသားစုကိုယ်စားလှယ်များက မျက်နှာသစ်တစ်ခုကို တွေ့ခဲ့သည်။ ၎င်းမှာ သိပ်မကြာခင်က ဝေဖန်မှုများ ကျွတ်ကွတ်ညံ ခံခဲ့ရသည့် နန်းတော် အကြီးတန်း အတိုင်ပင်ခံ ချာလီစ်ပင် ဖြစ်လေသည်။ ထိုချာလီစ်သည် ကြောက်မက်ဖွယ် ကောင်းလှပေသည်။ သူသည် အကြီးအကဲမိသားစု၏ အရေးပါသော လူသုံးယောက်နှင့် တော်ဝင်မိသားစုဝင် တစ်ယောက်အပြင် လင်ကွန်မိသားစု၏ ဆက်ခံသူ လော်ဒန်ကိုပါ သတ်ပစ်ခဲ့သည်။ ယမန်ညက မြို့တော်မှ တုန်ခါမှုမှာ “ဒဏ္ဍာရီလာ” အကျဉ်းခန်း ၁၃အား ချာလီစ် ဖောက်ထွက်ခဲ့ကြောင့်ဟု ကြားနေရသည်။

ထိုသူသည် ယခုတွင် လူတိုင်းအရှေ့၌ အမှန်တကယ် မတ်တပ်ရပ်နေလေသည်။ ထို့ပြင် သူသည် ရီဂျန့်အရှေ့၌ မတ်တပ်ရပ်နေခြင်း ဖြစ်သည်။ သူသည် စစ်ဘက်ဆိုင်ရာဝန်ကြီး အထက်၌ပင် ရှိနေသည်။ ထိုကဲ့သို့နေရာမျိုးမှာ စီရင်ချက်ကို ‌စောင့်နေသော လူတစ်ယောက် မဟုတ်သည်မှာ သေချာပေသည်။

ပို၍မမျှော်လင့်ထားခဲ့သည်မှာ ရီဂျန့် ပထမဆုံး ကြေညာခဲ့သည်မှာ လင်ကွန်မိသားစု၏ ပြစ်မှုများကိုပင် ဖြစ်နေခြင်းပင်။

လင်ကွန်မိသားစု ဆက်ခံသူ လင်ကွန်၊ ဒန်လိုင်းမိသားစုမှ ပီးရာ့စ်၊ ရိုင်ယန်မိသားစုမှ လက်စတင်း၊ ဆက်စပ်တော်ဝင်မိသားစုမှ မီရာတို့သည် အကြီးတန်း အတိုင်ပင်ခံ ချာလီစ်ကို ချောင်းမြောင်း တိုက်ခိုက်ခဲ့ကြသည်။ သို့သော် သူတို့ မအောင်မြင်ဘဲ သေဆုံးသွားကြသည်။ လင်ကွန်မိသားစုအကြီးအကဲ ဆာထရီက ကောလာသလကြောင့် လက်စားချေချင်စိတ် ပြင်းပြနေပြီး ချာလီစ်ကို အကောက်ကြံကာ ရီဂျန့်၏အမိန့်ကို မှားယွင်းပေးခဲ့သဖြင့် ဗိုလ်ချုပ်ဒိုရင်းက ချာလီစ်ကို လျို့ဝှက် အကျဉ်းထောင်ထဲ၌ ချုပ်နှောင်ခဲ့သည်။ ဆာထရီသည် ချာလီစ်ကို သတ်ပစ်ရန်အတွက် လျို့ဝှက်အကျဉ်းထောင်ထဲသို့ ဖောက်ဝင်ခဲ့သည်။ ထို့ကြောင့် လျို့ဝှက်အကျဉ်းထောင်ထဲ၌ ဖရိုဖရဲ ဖြစ်ကုန်ကာ အရေးကြီးသော ရာဇဝတ်သားများ လွတ်မြောက်သွားခဲ့ရသည်။

နန်းတော်၏ အကြီးတန်း အတိုင်ပင်ခံမှာ တော်ဝင်မိသားစု၏ ဂုဏ်သရေရှိ ဧည့်သည်တော် တစ်ယောက် ဖြစ်သည်။ သူသည် တော်ဝင်မိသားစု၏ ဂုဏ်သိက္ခာကို ကိုယ်စားပြုသည်။ လင်ကွန်မိသားစု ပြုလုပ်ခဲ့သော ပြစ်မှုများမှာ အလွန်ပင် ဖျက်လိုဖျက်ဆီး ဆန်လှသည်။ လုံးဝ ခွင့်မလွှတ်နိုင်စရာပင် ဖြစ်သည်။ သို့သော်လည်း သူတို့သည် ယခင်နှစ်များ၌ အင်ပါယာအပေါ် ကြီးကြီးမားမား အကျိုးပြုခဲ့သည့်အတွက် ဥပဒေမှ ခြွင်းချက်ပေးခဲ့သည်။ အပြစ်ဒဏ်များမှာ အောက်ပါအတိုင်း ဖြစ်သည်။

လင်ကွန်မိသားစု၏ ပိုင်ဆိုင်မှုတစ်ဝက်ကို တိုင်းပြည်ဘဏ္ဍာအဖြစ် သိမ်းပိုက်ခြင်း။

အကြီးအကဲမိသားစုများ၏ ဂုဏ်ပုဒ်ကို ရုတ်သိမ်းခြင်း။

အကြီးအကဲ ဆာထရီအား “ဆွပေး”ခဲ့သော သူများကို ကွပ်မျက်ခြင်း။

ဆာထရီအား တံခါးပိတ် တစ်နှစ် လေ့ကျင့်ရန် အမိန့်ပေးခြင်း။

ကြံရာပါများ ဖြစ်ကြသော ရိုင်ယန်မိသားစုနှင့် ဒန်လိုင်းမိသားစုတို့ကိုလည်း သတိပေးကာ ပြင်းပြင်းထန်ထန် ဒဏ်ကြေး‌သတ်မှတ်ခဲ့သည်။

အကြီးအကဲမိသားစုမှ ဝန်ကြီးများက ၎င်းကို ဆန့်ကျင်ကြပြီး ကိုယ်စားလှယ်များက ပြင်းပြင်းထန်ထန် ကန့်ကွက်ကြကာ အစည်းအဝေးမှ ဒေါသတကြီး ထွက်သွားကြသော်လည်း အိုဆိုဒန်သည် ယခင်ကဲ့သို့ အလျှော့မပေးခဲ့ပေ။ သူသည် မူလ ဆုံးဖြတ်ချက်အတိုင်းသာ ထိန်းသိမ်းထားခဲ့သည်။ မိသားစု၃ခုက ထိုအပြစ်ဒဏ်ကို လက်ခံရန် ငြင်းဆန်မည်ဆိုလျှင် ဖိအားပေးရလိမ့်မည်ဟုပင် ရေးရေးလေး ဖော်ပြခဲ့သည်။

ဝန်ကြီးများနှင့် မိသားစု ကိုယ်စားလှယ်များက အိုဆိုင်ဒန် အနားရှိ တိတ်ဆိတ်နေသော “ချာလီစ်”ကို ကြည့်လိုက်ကြသည်။ အကြီးအကဲ မိသားစုများအပေါ် အိုဆိုင်ဒန် ပြတ်ပြတ်သားသား ဆုံးဖြတ်ရန်အတွက် ရီဂျန့်အား သူမည်ကဲ့သို့ ပြုလုပ်လိုက်ကြောင်း သူတို့ မသိကြပေ။ မည်သို့ပင် ဆိုစေကာမူ ယခုတွင် “ချာလီစ်”သည် အရေးပေး အခံရဆုံးသူ ဖြစ်ရပေမည်။ လူအများအပြားက အကြီးတန်း အတိုင်ပင်ခံနှင့် မည်သို့ရင်းနှီးရမည်ကို စတင်အဖြေရှာ နေကြပြီ ဖြစ်သည်။

အစ်ဇဘယ်လာက ဘဏ္ဍာရေး အရာရှိ လီဂူခါရွန် အနီးတွင် တိတ်ဆိတ်စွာ ရပ်နေ၏။ ချန်လွေ့ကို မကြည့်နေပေ။ မြေပြင်ကိုသာ ငြိမ်ငြိမ်လေး ကြည့်နေသည်။

လူတိုင်းက အိုဆိုင်ဒန်၏ ဆုံးဖြတ်ချက်ကို မတားဆီးတော့ကြောင်း တွေ့သည့်အခါ ရွန်မယ် မျက်လုံးလည်ပြီး နောက်မှလိုက်ပြောသည်။ “လင်ကွန်မိသားစုက ဒီတစ်ခေါက် အတော်လေး ကြီးလေးတဲ့ အပြစ်ကို ကျူးလွန်ခဲ့တယ်။ ဒီကိစ္စ ပြီးတော့ အကြီးအကဲ ဆာထရီလည်း သင်ခန်းစား ရလောက်ပြီးတော့ နောက်ပိုင်းမှာ အကျိုးပြုမှုတွေ လုပ်လာနိုင်မှာပါ။အကြီးအကဲ မိသားစုတွေဆီ သူပြန်လာဖို့အတွက် အခွင့်အရေး ရှိသင့်ပါတယ်။”

ရွန်မယ်ကို အကြီးအကဲမိသားစုများက ထောက်ခံကြပြီး စစ်ဘက်ဆိုင်ရာ ဝန်ကြီးအဖြစ် ရာထူးတိုးလာခဲ့သည်။ ပြောရမည်ဆိုလျှင် သူသည် အကြီးအကဲမိသားစု အများစုကို ကိုယ်စားပြုသည်။ ထိုစကားသည် လင်ကွန်မိသားစုကို စွန့်ခွာခြင်းနှင့် ညီမျှပေသည်။ ဆာထရီ လွန်စာ တုန်လှုပ်သွားပြီး ရုတ်တရက် စိတ်‌ဓာတ်ကျသွားဝာ အသက်၁၀၀ခန့် အိုစာသွားဟန်တူသည်။

အိုဆိုင်ဒန်က ကျေနပ်စွာဖြင့် ခေါင်းညိတ်သည်။ လက်ရှိ၌ သူသည် အကြီးအကဲမိသားစုများကို ပြဿနာအကြီးကြီး မရှာချင်သေးပေ။ သူ ဆေးရည်မည်းကို အမှန်တကယ် ရရှိပြီးသည့်အခါ သူတို့ကိ တစ်ဆင့်ချင်းဖိနှိပ်ရန် နောက်ကျလိမ့်မည် မဟုတ်ပေ။

“ကျုပ် ပြောချင်တာ တစ်ခု ရှိသေးတယ်။” ရွန်မယ်က အစ်ဇဘယ်လာကို ဖျပ်ခနဲ ကြည့်လိုက်သည်။ “ကျုပ်ရဲ့သတင်းပေး အရဆိုရင် ဆာ-ချာလီစ်က ဗိုလ်ချုပ် ဒိုရင်း ခေါ်သွားတာ မခံရခင်မှာ လေဒီ-အစ်ဇဘယ်လာကို လက်ဆောင် တစ်ခု ပေးခဲ့တယ်။ သူက အဲဒါကို အရှင်မင်းကြီးဆီ “ဖြေရှင်းချက်” သက်သေအနေနဲ့ ပေးဖို့ တောင်းဆိုခဲ့တယ်။ ဒါပေမဲ့ လေဒီ အစ်ဇဘယ်လာက အဲဒါကို ဖွက်ထားပြီးတော့ အရှင်မင်းကြီးဆီ မပေးခဲ့ဘူး။ သူက ဆာ-ချာလီစ်အတွက်တောင် အရှင်မင်းကြီးဆီမှာ ကြားဝင် မတောင်းပန်ခဲ့ဘူး။ ကျုပ်ကိုယ်တိုင် ဒီအဖြစ်အပျက်ကြောင့် အတော်လေး အံ့အားသင့်သွားပြီးတော့ ဆာ-ချာလီစ်အတွက် ပိုပြီးတော့ ဝမ်းနည်းမိသွားတယ်။”

အိုဆိုင်ဒန်သည် ပြန်လည်ရှင်သန်ခြင်းဆေရည်ကို “ဖြုန်းတီး”ခဲ့မိသည့်အတွက် စိတ်ရှုပ်နေခဲ့သည်။ ယခုတွင် “လက်ဆောင်”ဟူသော စကားလုံးကို ကြားသည့်အခါ သူ၏နှလုံးသား လှုပ်ရှားသွား၏။ သူ၏မျက်လုံးထဲ၌ အေးစက်မှုတစ်ခု ထွက်ပေါ်လာသည်။ “ရွန်မယ်။ အဲလိုအရာမျိုး ရှိတယ်ဆိုတာ သေချာလား။”

“ကျုပ်အသက်နဲ့ အာမခံ နိုင်ပါတယ်။ ကျုပ်မှာ ကိုယ်ပိုင် သက်သေတွေတောင် ရှိပါတယ်။ သူက အဲဒီလက်ဆောင်ကို ဆာ-ချာလီစ် လွှဲပေးတုန်းက ရှိနေတဲ့ အစေခံတစ်ယောက်ပါ။”

ရွန်မယ်က ချန်လွေ့ကိုကြည့်ပြီး ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။ “တကယ်တော့ ဆာ-ချာလီစ်က အကောင်းဆုံး သက်သေပါပဲ။ ပြီးတော့လည်း ကျုပ်ရထားတဲ့ နောက်ဆုံး သတင်းအရ‌ဆိုရင် ဆာ-ချာလီစ်ကို လော်ဒန် ချောင်းမြောင်း တိုက်ခိုက်ရတာက လေဒီ အစ်ဇဘယ်လာရဲ့ ရန်စမှုကြောင့်ပဲ။ ငယ်ရွယ်ပြီး အားအင်ပြည့်နေတဲ့ လော်ဒန်၏ အလှတရားကို စွဲလမ်းသွားခဲ့သည်။ သဝန်တိုမှုကြောင့် သူက အမှားကြီးတစ်ခုကို စိတ်လိုက်မာန်ပါ လုပ်ခဲ့တယ်။ ပြောရမယ်ဆိုရင် ဒါတွေအားလုံးရဲ့ အရင်းအမြစ်က လေဒီ မိစ္ဆာထောင်ခြောက်ကြောင့်ပဲ။ လင်ကွန်မိသားစုရဲ့ ပြစ်မှုကို ချမ်းသာခွင့်ပေးလို့ မရဘူးဆိုတော့ အစ်ဇဘယ်လာကို ပိုလို့တောင် ခွင့်လွှတ်လို့ မရနိုင်ပါဘူး။ ဒါကို မျှမျှတတ ကိုင်တွယ်ပေးဖို့ အရှင်မင်းကြီးကို တောင်းဆိုပါတယ်။ သေသွားတဲ့ ဝိညာဉ်တွေ သက်သာရာ ရဖို့အတွက် တကယ့် တရားခံ အစ်ဇဘယ်လာကို ကွက်မျက်ပေးပါ။”

အရာရှိများက ၎င်းကို ကြားသည့်အခါ တီးတိုးပြောသံများ ရုတ်တရက် ထွက်ပေါ်လာ၏။ ရွန်မယ်ပြောသည်မှာ အမှန်သာဆိုလျှင် မြို့တော်ပန်းသည် သေခြင်းမှ လွတ်မြောက်မည် မဟုတ်ပေ။ လင်ကွန်မိသားစုအတွက် အခွင့်အရေး လုံးဝ မရှိသည့်အတွက် အစ်ဇဘယ်လာကိုလည်း ခွင့်လွှတ်၍ မရပေ။ ရီဂျန့်သည် စကားကို ပြီးစလွယ် ပြော၍မရပေ။

ဒီလောက် ဆွဲဆောင်မှုရှိတဲ့ မြို့တော်ရဲ့ ပန်းပွင့်လေး။ သူ ပျောက်ကွယ်သွားရင် နှမြောစရာ ကောင်းမှာ။ ဒါပေမဲ့ သူ သေမှရမယ်။

ရွန်မယ်၏ ရည်ရွယ်ချက်မှာ အလွန် ရိုးရှင်းသည်။ အကြီးအကဲ မိသားစုများက လင်ကွန်မိသားစု၏ အထောက်အပံ့ကို ဆုံးရှုံးရမည်ဆိုလျှင် ‌အိုဆိုင်ဒန်လည်း ထောက်ခံသူတစ်ယောက် ဆုံးရှုံးရမည် ဖြစ်သည်။ ထို့ပြင် ထိုအဖြစ်အပျက်မှာ အမှန်တကယ် ဖြစ်သည်။ “ချာလီစ်” သည် စွမ်းအားအရှိဆုံး မျက်မြင်သက်သေ ဖြစ်သည်။ ၎င်းသည် အကြီးအကဲမိသားစုများကိုယ်စား “ချာလီစ်”ကို စိတ်ကောင်းဖော်ပြနေခြင်းဟုလည်း အဓိပ္ပာယ်ရပေသည်။

လက်ရှိ အခြေအနေကို လေ့လာသုံးသပ်ရတာ ရီဂျန့် အိုဆိုင်ဒန်ကို ဒီလိုမျိုး အကြီးအကဲမိသားစုတွေကို ပွင့်ပွင့်လင်းလင်း အပြစ်ပေးအောင် ဖြစ်စေဖို့အတွက် “ချာလီစ်”မှာ အကျိုးအမြတ် ကြီးကြီးမားမားတစ်ခု ရှိနေမှာပဲ။ ကြည့်ရတာ ငါသူ့ကို အရင်က အထင်သေးမိ ခဲ့တဲ့ပုံပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ငါသူ့ကို စည်းရုံးဖို့ ကြိုးစားရမယ်။ ဘယ်လိုပဲ ပေးဆပ်ရ ပေးဆပ်ရ။ ဘယ်လောက်ပဲ စိတ်ရှည်ရ စိတ်ရှည်ရ။”

ပြုံးနေသော ရွန်မယ်ကိုကြည့်ရင်း အိုဆိုင်ဒန်၏ မျက်နှာ တဖြည်းဖြည်း မည်းမှောင်သွားသည်။ “လက်ဆောင်”က ဟုတ်ဟုတ် မဟုတ်ဟုတ် အစ်ဇဘယ်လာက ငါ့လက်အောက်မှာရှိတဲ့ အရေးပါတဲ့သူတွေထဲက တစ်ယောက်ပဲ။ သူက စီးပွားရေးနဲ့ နိုင်ငံရေးမှာ ပါရမီရှိသလို အတွေ့အကြုံအများ‌ဆုံး သတင်းအချက်အလက် ကိုယ်စားလှယ်လုပ်ငန်းကိုလည်း ထိန်းချုပ်ထားတယ်။ ဒီကိစ္စကြောင့် အဲဒါ ထိခိုက်သွားရင် ကြီးကြီးမားမား ဆုံးရှုံးမှာ သေချာတယ်။

အဓိကပြဿနာက လင်ကွန်မိသားစုကို ကိုင်တွယ်တုန်းက ငါ စကားလွန်သွားခဲ့တယ်။ အဲဒါကြောင့် အစ်ဇဘယ်လာကို ခွင့်လွှတ်မယ်ဆိုရင် တခြားသူတွေကို ‌လက်ခံစေဖို့အတွက် ခက်ခဲလိမ့်မယ်။ လက်ရှိမှာတော့ အကြီးအကဲ မိသားစုတွေရဲ့ အာဏာက တော်တော်လေး ကြီးမားတယ်။ အဲဒါက “ချာလီစ်”လည်း ပါတယ်။ သူ့နဲ့ ဆက်သွယ်မှုအရတော့ ဒီလူသားက အငြိုးထားတတ်တယ်။ လင်ကွန်မိသားစုကို အပြစ်ပေးတာက သူ့ရဲ့ ပူးပေါင်းဆောင်ရွက်မှု အတွက် သတ်မှတ်ချက်တွေထဲက တစ်ခုပဲ။

ဟုတ်တယ်။ ငါသာဆိုရင်တောင် ရန်သူကို ညှာတာဖို့ ဖြစ်နိုင်မှာ မဟုတ်ဘူး။

အို‌ဆိုင်ဒန် ပင့်သက်ရှိုက်ပြီး ပြောသည်။ “အစ်ဇဘယ်လာ။ မင်း မရှင်းပြချင်ဘူးလား။”

အစ်ဇဘယ်လာ၏ မျက်လုံးထဲ၌ တိတ်ဆိတ်နေပြီး ခေါင်းခါလိုက်သည်။ “ရှင်းပြစရာ မရှိပါဘူး။”

အိုဆိုင်‌ဒန် မျက်ခုံးပင့်လိုက်ပြီး ဝန်ကြီးများကို ဖျပ်ခနဲ ကြည့်လိုက်သည်။ ထို့နောက် အံကြိတ်ပြီး ကြေညာချက် ထုတ်ပြန်ရန် ပြင်လိုက်စဉ် ချန်လွေ့က ပြောသည်။ “အရှင်မင်းကြီး။ ကြည့်ရတာ ဒုက္ခခံရသူဖြစ်တဲ့ ကျုပ်က ထွက်လာပြီးတော့ ဒီအကြောင်းကို နည်းနည်း ပြောရမယ် ထင်တယ်။”

အိုဆိုင်ဒန် ခေါင်းညိတ်သည်။ ချန်လွေ့ မတ်တပ်ရပ်ပြီး ခေါင်းခါလိုက်သည်။ “ပထမ‌ဆုံး ရှင်းပြစရာက အဲဒီလက်ဆောင်ဆိုတာ.... တကယ်တော့ အဲလိုအရာမျိုး မရှိဘူး။”

ရွန်မယ်၏ ယုံကြည်မှုရှိနေသော အပြုံးသည် ချက်ချင်းပင် အေးခဲသွားသည်။ အစ်ဇဘယ်လာမှာ အံ့အားအသင့်ဆုံး ဖြစ်သည်။ သူ၏မျက်နှာ အမူအရာ မပြောင်းလဲသော်လည်း တည်ငြိမ်သော အပြာရောင်မျက်လုံးထဲ၌ ဂယက်ထသွားခဲ့သည်။

“ချာလီစ်”သည် အဓိက အမှုသည် ဖြစ်သည်။ ထိုကဲ့သို့ အရာမျိုး မရှိကြောင်း သူပြောလျှင် ထိုကဲ့သို့အရာ မရှိ၍ ဖြစ်ပေမည်။ အစေခံပေါင်း ရာနှင့်ချီအောင် သက်သေအဖြစ် ရွန်မယ် ရှာနိုင်လျှင်ပင် အသုံးဝင်မည် မဟုတ်ပေ။ အိုဆိုင်ဒန် စိတ်သက်သာရာ ရသွားပြီး အသာလေး ခေါင်းညိတ်လိုက်သည်။

“ပြောရမှာ တစ်ခု ရှိသေးတယ်။ လျို့ဝှက် အကျဉ်းထောင်မှာ ကျုပ် အကျဉ်းကျခံနေရတုန်းက ဆာ-စစ်ဘက်ရေးရာ ဝန်ကြီး ကျုပ်ကို လာတွေ့ခဲ့တယ်။ သူ့ရဲ့ အကျပ်ကိုင်မှုနဲ့ သွေးဆောင်ဖြားယောင်းမှုက ကျုပ်အတွက် ထင်ရှားနေတုန်းပဲ.....”

မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွားသော ရွန်မယ်ကို ကြည့်နေရင်း ချန်လွေ့၏လေသံ ပို၍ အေးစက်သွားသည်။ “အဲဒီအချိန်တုန်းက သူ တောင်းဆို‌တာတွေကို ကျုပ် သဘောမတူခဲ့ဘူး။ ဆာ-ရွန်မယ်က ကျုပ်ကို ခြိမ်းခြောက်ပြီး ထွက်သွားခဲ့တယ်။ နောက်တော့ ကျုပ်ကို ပိုးစိုးပက်စက် သေစေချင်နေတဲ့ ဆာ-ဆာထရီက လျို့ဝှက်အကျဉ်းထောင်ထဲ ရောက်လာခဲ့တယ်။ ဆာ-ရွန်မယ်။ ကျုပ် သိရသလောက်ဆိုရင် လော်ဒန် ကျုပ်ကို လုပ်ကြံရတဲ့ အကြောင်းရင်းက ခင်ဗျားရဲ့ ဆွပေးမှုကြောင့်ပဲ။ ကျုပ်က မစ်-အစ်ဇဘယ်လာနဲ့ နီးကပ်နေတော့ စစ်ဘက်ရေးရာ ဝန်ကြီးဖြစ်တဲ့ ခင်ဗျားအတွက် နိုင်ငံရေး အနှောင့်အယှက် ဖြစ်နေတယ်။ ပြီးတော့ ကျုပ်က အစ်ဇဘယ်လာ နားမှာ ခင်ဗျားထားထားတဲ့ မြင်းလှည်းသမား သူလျှို ဂျာဒယ်ကို သတ်ပစ်ခဲ့တယ်။ အဲဒါတွေအတွက် ရီဂျန့် အရှင်မင်းကြီးနဲ့ ဝန်ကြီးတွေအားလုံး အရှေ့မှာ ခင်ဗျား ကျုပ်ကို ဖြေရှင်းချက် ပေးရမယ်။”

ရွန်မယ် လုံးဝ တုန်လှုပ်သွားခဲ့သည်။ “ချာလီစ်”က အကြီးအကဲ မိသားစုကိုယ်စား သူ၏စိတ်ကောင်းကို လုံးဝလျစ်လျူရှုပြီး သူ့ကို ပြန်လည်စွပ်စွဲမည်ဟု ရွန်မယ် လုံးဝ မထင်ထားခဲ့ပေ။

ထိုစကားများမှာ အမှားနှင့်အမှန် ရောထွေးလှိမ်ယှက်နေကာ အကျိုးအကြောင်း သင့်နေသည်။ မှားယွင်းသော အပိုင်းအနည်းငယ် ရှိသော်လည်း ၎င်းတို့သည် ရွန်မယ် အဖတ်ဆယ်သည်ထက် ကျော်လွန်သွားလေပြီ။ အစ်ဇဘယ်လာနှင့် ချန်လွေ့တို့၏ ရင်းနှီးမှုကို လူတိုင်းသိကြသည်။ နိုင်ငံရေးရန်သူ တစ်ယောက်အနေဖြင့် ရွန်မယ်သည် ထိုသို့ ကြံရွယ်ချက် ရှိသည်။ ဆာထရီနှင့် ဂျာဒယ်တို့၏ အဖြစ်အပျက်များနှင့် ပေါင်းလိုက်သောအခါ ထိုအချိန်တွင် ရွန်မယ်သည် မည်သည့်ဆင်ခြေကိုမျှ ရှာမတွေ့တော့ပေ.....

အပေါ်ယံ အနည်းငယ်သာ သိထားကြသော ဝန်ကြီးများက ၎င်းသည် အမှန်ဖြစ်ကြောင်း ယုံကြည်ကြပြီး တီးတိုးပြောကြတော့သည်။ မမျှော်လင့်ဘဲနှင့် အရာအားလုံး၏ နောက်ကွယ်မှ လူသည် တရားခံဖမ်းရန် တောင်းဆိုနေသော ရွန်မယ်သာ ဖြစ်နေသည်။ သူသည် ချာလီစ်ကို သတ်ပစ်ရန် လျို့ဝှက်ကြံစည်ခဲ့သည့်အပြင် အစ်ဇဘယ်လာကိုလည်း အကောက်ကြံ ချင်ခဲ့သည်။

အိုဆိုင်ဒန် စိတ်ထဲ၌ ဆုံးဖြတ်ချက်ချပြီး အေးစက်စက် နှာမှုတ်လိုက်သည်။ “ရွန်မယ်။ မင်း ဘာရှင်းပြစရာ ရှိလဲ။”

ရွန်မယ်၏မျက်နှာ ဖြူဖျော့သွားသည်။ “အရှင်မင်းကြီး။ ဒီလိုသာဆိုရင် ကျုပ်က ဘာလို့ အစ်ဇဘယ်လာကို အရင် အပြစ်ပြောမှာလဲ...”

အိုဆိုင်ဒန်က ကြားဝင်ပြီး ခပ်ပြတ်ပြတ် မေးသည်။ “မင်း လျို့ဝှက်အကျဉ်းထောင်ကို သွားခဲ့လား။”

ထိုအဖြစ်အပျက်ကို အလွယ်တကူ အတည်ပြု၍ ရနိုင်ပေသည်။ ထို့ကြောင့် ရွန်မယ်က အံကြိတ်၍သာ ဝန်ခံရတော့သည်။ “သွားခဲ့ပါတယ်။ ဒါပေမဲ့....”

“ဂျာဒယ်က မင်းလက်အောက်ကလား။”

“ဟုတ်ပါတယ်....ဒါပေမဲ့ ကျုပ်က မတရား ခံရတာပါ။”

အိုဆိုင်ဒန် ခေါင်းခါလိုက်သည်။ “ဒီကိစ္စက ရှင်းနေပြီ။ ငါမင်းကို တော်တော်လေး စိတ်ပျက်မိတယ်။ ရွန်မယ်။”

“ဆာ-ရွန်မယ်က ခင်ဗျားရဲ့ အသက်နဲ့ အာမခံတယ်လို့ ပြောခဲ့တာ ကျုပ်မှတ်မိတယ်။” ချန်လွေ့က အေးအေးဆေးဆေး ပြောသည်။ ၎င်းသည် ရွန်မယ် ကျရှုံးချိန်၌ လည်ပင်းကို ဓားဖြင့်ထောက်ခြင်းနှင့် ညီမျှပေသည်။

လင်ကွန်မိသားစု အဖြစ်အပျက်သည် အကြီးအကဲ မိသားစုများနှင့် အိုဆိုင်ဒန်အကြား ပဋိပက္ခကို အောင်အောင်မြင်မြင် ဆွပေးနိုင်ခဲ့သော်လည်း မလုံလောက်သေးပေ။ ချန်လွေ့သည် နောက်ထပ် မီးမွှေးရန် လိုအပ်နေ‌သေးသည်။ ထို့အပြင် အစ်ဇဘယ်လာမှာ ရိုမန်၏ အဒေါ်ဖြစ်သည်။ အရေးကြီးဆုံးမှာ သူသည် ဘယ်ဖီဂေါ တော်ဝင်မိသားစု၏ အဆောင်ပစ္စည်းဖြစ်သော အရိပ်လေပြေ ဘွတ်ဖိနပ်ကို ထိန်းချုပ်ထားသည်။ ထို့ကြောင့် သူသေ၍ မရသေးပေ။

အစ်ဇဘယ်လာ၏ “အပြစ်”သည် ခွင့်လွှတ်၍ မရသလို ရွန်နယ်သည်လည်း ထိုနည်းလည်းကောင်းပင် ဖြစ်သည်။

သို့သော်လည်း အိုဆိုင်ဒန် တုံ့ဆိုင်းနေဆဲ ဖြစ်သည်။ မည်သို့ပင် ‌ဆိုစေကာမူ အမှန်တရားမှာ ရွန်မယ်သည် အမြဲပင် အကြီးအကဲမိသားစုများ၏ ပြောခွင့်ရပုဂ္ဂိုလ် ဖြစ်နေခဲ့သည်။ သူက ဆာထရီနဲ့ လုံးဝ မတူဘူး။ သူ့ကိုငါ လက်ရှိအခြေအနေအတိုင်း အပြစ်ပေးလိုက်မယ်၊ စီရင်လိုက်မယ်ဆိုရင် အကြီးအကဲမိသားစုနဲ့ ပဋိပက္ခတွေကို ပိုပြီးတော့ ကြီးကျယ်သွားလိမ့်မယ်။ နောက်ပိုင်းလည်း ဒီလိုမျိုး ဖြစ်လာမှာ သေချာပေမဲ့ အခုက စောလွန်းသေးတယ်။

ဒါပေမဲ့ ချာလီစ် အရေးအကြီးဆုံး ပူးပေါင်းဆောင်ရွက်သူ ဖြစ်နေတယ်။ ဒီကိစ္စက ဆုံးဖြတ်ဖို့ တကယ် ခက်ခဲတယ်။

“အဲဒီစကားကို ကျုပ် ပြန်ပြောလိုက်မယ်။ ဆာ-ရွန်မယ်။ အဲဒီနေ့က လျို့ဝှက် အကျဉ်းထောင်ဆီကို လာခဲ့တာက ခင်ဗျားဘဝရဲ့ အဆိုးဝါးဆုံး ဆုံးဖြတ်ချက်ပဲ။” ချန်လွေ့က အနာကို ဆားသိပ်ရန်အတွက် အငြိုးကြီးသော ပုံစံဖြင့် ပြောလိုက်သည်။

ယခုအချိန်တွင် ရွန်မယ်အတွက် ငြင်းခုံရန် ခက်ခဲလှသည်။ သူ၏စိတ်ထဲ၌ ဖော်ပြ၍မရသော ဒေါသတစ်ခု လှိမ့်တက်လာသည်။ ခဏအကြာတွင် အားလုံး၏ အာရုံကို အိုဆိုင်ဒန်ထံသို့ ရောက်ရှိသွားပြီး သူမည်သို့ ကိုင်တွယ်မည်ကို စောင့်ကြည့်နေကြသည်။ အကြီးအကဲ ကိုယ်စားလှယ်များလည်း ဘာမျှမပြောကြပေ။ မမြင်နိုင်သော စွမ်းအားတစ်မျိုးမျိုးက ထူးဆန်းသော အခြေအနေတစ်ခုအတွင်း ဖြစ်ပွားနေပုံရသည်။

အကယ်၍ ယန်ညက တုန်လှုပ်မှုသာ မိုးကြိုးဆိုလျှင် ယနေ့သည် တကယ့်မုန်တိုင်းတစ်ခု ဖြစ်ပေသည်။ ၎င်းကို ကောင်းမွန်စွာ မကိုင်တွယ်လျှင် ကြောက်မက်ဖွယ်ရာ ရေလွှမ်းမိုးမှုများ ဖြစ်လာနိုင်သည်။

ထိုကဲ့သို့ အရေးကြီးသော အခိုက်အတန့်၌ တိတ်ဆိတ်နေခဲ့သော အစ်ဇဘယ်လာက စကားစပြောသည်။ “အဲဒီအချိန်တုန်းက ဆာ-ရွန်မယ် စိတ်ရှုပ်နေတာဖြစ်မယ်လို့ ကျွန်မ ထင်ပါတယ်။ လျှော့ပေါ့ပြီး အပြစ်ပေးဖို့အတွက် အရှင်မင်းကြီး ရီဂျန့် ကို ကျွန်မ အသနားခံပါတယ်။”

ချန်လွေ့ အပါအဝင် အားလုံး အံ့ဩသွားကြသည်။ ရွန်မယ်အတွက် ပထမဆုံး ပြောပေးသူမှာ သူ၏ ကမ္ဘာ့ရန်ဘက်ဖြစ်သော အစ်ဇဘယ်လာ ဖြစ်နေလိမ့်မည်ဟု မည်သူမှ မထင်မှတ်ထားပေ။ ခုနက ရွန်မယ်သည် အစ်ဇဘယ်လာကို သေစေရန် အကောက်ကြံခဲ့သည်။ ယခုအချိန်သည် ရွန်မယ် အောက်ကျနေသော အချိန်ဖြစ်သည့်အတွက် အစ်ဇဘယ်လာအတွက် လက်စားချေရန် အကောင်းဆုံးပင် ဖြစ်၏။

မိစ္ဆာထောင်ခြောက်ပန်းက ဘယ်တုန်းက အဆိပ်မရှိ ဖြစ်သွားတာလဲ။

အိုဆိုင်ဒန်က အစ်ဇဘယ်လာကို အခြေအနေ ထိန်းကြောင်းပေးသည့်အတွက် ချီးမွမ်းလိုက်သည်။ ထိုအရည်အချင်းသည် အိုဆိုင်ဒန်က သူ၏ ထို‌လက်အောက်ငယ်အားကို လေးစားရခြင်း၏ အဓိကအကြောင်းရင်းထဲမှ တစ်ခု ဖြစ်သည်။ ထို့နောက် အိုဆိုင်ဒန်က ထိုအခွင့်အရေးကို အသုံးချကာ ရွန်မယ်အား စစ်ဘက်ဆိုင်ရာ ဝန်ကြီးနေရာနှင့် တာဝန်အားလုံးမှ ထုတ်ပယ်လိုက်သည်။ စစ်ဘက်ဆိုင်ရာ ဝန်ကြီးနေရာကို ဒုတိယဗိုလ်ချုပ် ဒိုရင်းဖြင့် ယာယီ ‌အစားထိုးထားမည် ဖြစ်သည်။ အိုဆိုင်ဒန်သည် ရွန်မယ်အား ဘယ်တော့မှ နေရာမပေးရန် ပြင်းပြင်းထန်ထန် အပစ်ပေးခဲ့သည်။ စစ်ဘက်ဆိုင်ရာ ဝန်ကြီးအသစ်ကိုမူ အကြီးအကဲ မိသားစုက နောက်ထပ် ပုံမှန်အစည်းအဝေး၌ ပြန်လည်ရွေးချယ်ကြမည် ဖြစ်သည်။

တာဝန်မှ ဖယ်ထုတ်ခြင်းနှင့် ကြီးလေးသော အပြစ်ဒဏ်တို့သည် ချာလီစ်၊ အစ်ဇဘယ်လာနှင့် ဝန်ကြီးတို့အတွက် ဖြေရှင်းချက်တစ်ခု ပေးနိုင်ခဲ့သည်။ ဒိုရင်းအား ယာယီ အစားထိုးထား ရခြင်းမှာ ကန့်သတ်အပိုင်းအခြားတစ်ခု ဖြစ်သည်။ စစ်ဘက်ဆိုင်ရာ ဝန်ကြီးအသစ်အတွက်မှာ အကြီးအကဲ မိသားစုများ အပေါ်၌သာ မူတည်နေသေးသည်။ ၎င်းသည် သူတို့အတွက်လည်း ဖြေရှင်းချက်တစ်ခု ဖြစ်၏။ အိုဆိုင်ဒန်သာ ချာလီစ်နှင့် အောင်အောင်မြင်မြင် ပူးပေါင်းပြီး ဆေးရည်မည်းများ၏ “ထောက်ခံချက်စွမ်းအားများ”ကို ရရှိနိုင်သရွေ့ သူ၏စွမ်းအားကို တဖြည်းဖြည်း ရုပ်သိမ်းပြီး သူ၏လူများနှင့် အစားထိုးလျှင် နောက်ကျလိမ့်မည် မဟုတ်ပေ။

ထိုအဆုံးသတ်သည် အကြီးအကဲမိသားစုများ လက်ခံနိုင်သော အတိုင်းအတာအတွင်း ရှိနေခဲ့သည်။ မည်သည့် ကန့်ကွက်မှုမှ မထွက်ပေါ်လာခဲ့ပေ။

မုန်တိုင်း တဖြည်းဖြည်း စဲသွားခဲ့သည်။ လှိုင်းများလည်း ငြိမ်သက်သွား၏။

ယခုတစ်ခေါက်တွင် “ချာလီစ်”ဟူသော နာမည်သည် မြို့တော်၏ အထက်တန်းလွှာ တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။ အင်အားစု အားလုံးက မြို့တော်တည်ဆောက်ပုံကို သက်ရောက်မှုရှိသော ထိုတော်ဝင်မျိုးနွယ် အကြောင်းကို စဉ်းစားပြီး အငြင်းပွားနေကြသည်။

“ချာလီစ်”သည် ရွန်မယ်အား ရှုတ်ချပြီး ပြဿနာ ရှာခဲ့သော်လည်း ယေဘုယျအားဖြင့် အိုဆိုင်ဒန် ကျေနပ်နေခဲ့သည်။ စစ်ဘက်ဆိုင်ရာဝန်ကြီးအသစ် မရွေးချယ်ခင် ဒိုရင်းသည် ယာယီကိုယ်စားလှယ် ဖြစ်သည်။ သူသည် သူ့အလိုကျ “ကိစ္စ” အတော်များများကို ပြုလုပ်ပေးနိုင်သည်။

ထို့ပြင် အိုဆိုင်ဒန်က ထိုဆုံးဖြတ်ချက်ကို ကြေငြာသောအခါ “ချာလီစ်”က ‌ခွင့်လွှတ်ပေး၍ သူ့ကို လေးစားသမှုပြုခဲ့သည်။

အမှန်တကယ်၌ အိုဆိုင်ဒန်နှင့် အကြီးအကဲ မိသားစုအကြား၌ ပဋိပက္ခများ ဖြစ်တည်စေရန် ချန်လွေ့၏ အစီအစဉ်မှာ အခြေခံအားဖြင့် အောင်မြင်သွားပြီ ဖြစ်သည်။ သူ အလွန်အကျွံ မလုပ်ခဲ့ခြင်း၏ အကြောင်းရင်းမှာ နောက်ဆုံး အရေးကြီးဆုံး “ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်”ကို အနှောင့်အယှက် မဖြစ်စေချင်၍ပင် ဖြစ်လေသည်။

အစည်းအဝေး ပြီးဆုံးသွားလေပြီ။ ဒိုရင်းနှင့် အစ်ဇဘယ်လာ ကဲ့သို့သော လူယုံအချို့ ကျန်ရစ်ခဲ့ပြီး လက်ကျန်ကိစ္စအချို့ကို စီစဉ်ခဲ့ကြသည်။

နန်းတော်မှ အစ်ဇဘယ်လာ ထွက်ခွာသည့်အခါ သူ့ကို ပုံရိပ်တစ်ခု စောင့်နေသည်ကို မြင်လိုက်ရသည်။

သူပဲ။

အစ်ဇဘယ်လာ၏ လှပသော အပြာရောင် မျက်လုံးများက အဝေးမှနီးလာသော လူကို ကြည့်နေပြီး ရင်ဘတ်ထဲ၌ ဖော်ပြ၍မရသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။ သူ၏ မျက်လုံးထဲရှိ အေးစက်မှုများမှာ ရှင်းပြ၍မရအောင် ပြင်းထန်သွားခဲ့သည်။

“ရင်းနီ...”

“ရှင် ကျွန်မကို မဒမ် အစ်ဇဘယ်လာလို့ ခေါ်သင့်တယ်။”

အစ်ဇဘယ်လာက ဖြတ်သွားဖြတ်လာ လူတစ်ယောက် ကဲ့သို့ပင် အဝေးမှနေ၍ အေးစက်စက် ပြန်ဖြေလိုက်သည်။

သူ ခေါင်းအနည်းငယ် စောင်းလိုက်သည့်အခါ ကောင်းကင်ထက်၌ မှိန်ပျပြီး ကျိုးတိုးကျဲတဲ ဖြစ်နေသော တိမ်မည်းများကို မြင်လိုက်သည်။ ၎င်းတို့သည် ပြာများ ဖြစ်ပုံရသည်။

All Chapters