← Chapters

ချက်ချင်းသတ်ဖြတ်ခြင်း

Vol. 24 Ch. 346

ချက်ချင်းသတ်ဖြတ်ခြင်း

Vol. 24 Ch. 346

လော်ဒန် အံ့အားသင့်သွားပြီး နားကြားလွဲ လေသလားဟု ထင်လိုက်မိသည်။ သူ စကား မပြောနိုင်ခင်မှာပင် ကြောက်မက်ဖွယ်ရာ စွမ်းအားလှိုင်းတစ်ခုက ချန်လွေ့‌ဆီမှ ထွက်လာ၏။ လေထုသည် ရုတ်တရက် အပူနှင့် ထိမ်းမရသိမ်းမရ ခန္ဓာကိုယ်နှင့် ပြည့်နှက်သွားခဲ့သည်။ သူ၏အမြင် အာရုံများသည် တစ်ခုခု ကြားဝင်နှောင့်ယှက်ခြင်းနှင့် ပျက်ယွင်းခြင်းတို့ကြောင့် ဝေဝါးသွားဟန်တူသည်။ လော်ဒန် အဆင်ပြေနေသော်လည်း မှော်ပညာရှင်၊ လူကောင်ကြီး နှင့် အမျိုးသမီးတို့ မျက်နှာပျက်သွားကြသည်။ ထိုကဲ့သို့ အားကောင်းသော အငွေ့အသက်သည် သူတို့အားလုံးကို ထိတ်လန့်သွားစေခဲ့သည်။ ၎င်း ပေါက်ကွဲထွက်သွားလျှင် ကမ္ဘာတုန်ခါလောက်သည့် စွမ်းအားမျိုး ဖြစ်လာပေလိမ့်မည်။

ယခုတစ်ခေါက်သည် ဆင်ခြေဖုံး၌ သွေးစုပ်ဖုတ်ကောင်များသည် တိုက်ခိုက်ရသည်ထက် ပိုကောင်းပေသည်။ ဤကဲ့သို့ ပတ်ဝန်းကျင် အခြေအနေ၌ သူသည် အစွမ်းထက်ဆုံး တိုက်ကွက်များကို အသုံးပြုနိုင်ပေသည်။ ချန်လွေ့ အချိန် မဖြုန်းချင်ပေ။ ထို့ကြောင့် မီးသင့်နဂါးကို ချက်ချင်း အသုံးပြုလိုက်၏။

သို့သော်လည်း သတိထားစရာများ ရှိနေသေးသည့် အတွက် ထိုအချိန်၌ နတ်ဘုရား-ဝါးမျို မျက်နှာဖုံးနှင့် နတ်ဆိုးဒိုင်းတို့ကို မထုတ်ပြခဲ့ပေ။

သူတို့၃ယောက်သည် တိုက်ခိုက်ရေး အတွေ့အကြုံများ ရင့်ကျက်ကြသည်။ ထိုကဲ့သို့ အရှိန်အဝါအား ဆက်လက်စုစည်းခွင့် မပေးသင့်ကြောင်း သူတို့သိသည်။ ထို့ကြောင့် မှော်ပညာရှင်အိုကြီးက ဦးဆောင်ပြီး တိုက်ခိုက်သည်။ သူ၏လက်ထဲရှိ တုတ်ချောင်းထိပ်မှ သလင်းကျောက် တောက်ပသွားခဲ့သည်။ ထို့နောက် ချန်လွေ့ထံသို့ ဧရာမ မီးကျည်လုံးကြီးများ တရစပ် ပစ်လွှတ်လိုက်သည်။

ထို [ အဆက်မပြတ်မီး‌ကျည်လုံး ] မှော်အစွမ်းသည် အလွန် မြန်ဆန်လှသည်။ ၎င်းတို့သည် ပစ်မှတ်ကို ချက်ချင်းပင် ထိသွားပြီး ပေါက်ကွဲထွက်သွား၏။ ပတ်ဝန်းကျင်သို့ လွင့်စင်သွားသော မီးပွင့်များကြောင့် အနီးအနားရှိ သစ်ပင်များ အလျင်အမြန်ပင် စတင်လောင်ကျွမ်းလာတော့သည်။

သို့သော်လည်း လူကောင်ကြီးနှင့် အမျိုးသမီးတို့၏ အကြည့်က တစ်ချိန်တည်းမှာပင် အခြားနေရာသို့ ရောက်သွားကြသည်။ သူတို့၏အမူအရာများ ပို၍ပင် လေးနက်သွားခဲ့သည်။ ပြင်းထန်သော ကြောက်မက်ဖွယ်ရာ အရှိန်အဝါ ရှိနေဆဲပင်ဖြစ်ပြီး ပို၍ပင် စွမ်းအားကြီးလာသည်။ မီးကျည်လုံး ထိသွားတော့မည့်အ‌ချိန်၌ ထိုသူသည် တယ်လီပို့ကဲ့သို့ တစ်စုံတစ်ခုကို အသုံးပြုခဲ့ပြီး အခြားတစ်နေရာသို့ ရွှေ့သွားခဲ့သည်။ ထိုကြောက်မက်ဖွယ်ရာစွမ်းအားမှာ တည်ဆောက်နေဆဲပင် ဖြစ်၏။ အနီးအနား မြေပြင်လည်း စတင်တုန်ခါလာသည်။ ၎င်းမှာ [ အဆက်မပြတ် မီးကျည်လုံး ] ကြောင့် မဟုတ်ဘဲ ပေါက်ကွဲလုမတတ် ဖြစ်နေသော ကြောက်မက်ဖွယ်ရာ အရှိန်အဝါကြောင့်ပင် ဖြစ်လေသည်။

မှော်ပညာရှင်အိုကြီးက လက်ကိုဝှေ့ရမ်းပြီး ရေရွတ်ကာ ပိုအစွမ်းထက်သော မှော်ပညာတစ်ခုကို မန်းမှုတ်လိုက်သည်။ အလွန်ကြီးမားလှသော မီးတောက်တစ်ခုသည် ချန်လွေ့ထံသို့ မုန်တိုင်းတစ်ခု ကဲ့သို့ပင် လှည့်လည်စီးဆင်းလာ၏။ ၎င်းဖြတ်သွားသည့် နေရာတိုင်း သစ်ပင်များ အမြစ်မှ ကြွတက်ကုန်သည်။ ၎င်းတို့သည် အမှုန်များအဖြစ်သို့ လောင်ကျွမ်းသွားကြပြီး လေထဲသို့ လွင့်သွားတော့သည်။ အမှုန်များသည် လေထဲ၌ ပျံ့လွင့်နေကြပြီး အမြင်အာရုံကို ဖုံးကွယ်လုနီးပါး ဖြစ်သွားခဲ့သည်။ ထိုကဲ့သို့ ကြီးမားလှသော [ မီးမုန်တိုင်း ] မှော်ပညာမှ ကြောက်မက်ဖွယ်ရာ ကောင်းသော အပူရှိန်ကို ခံစားကြည့်ရုံသာ ရှိတော့သည်။

[ မီးမုန်တိုင်း ] ၏ အဝန်းအဝိုင်းနှင့် စွမ်းအားမှာ အတော်လေး ကြီးမားလှသည်။ လော်ဒန်သည် အန္တရာယ်ကင်းသော နေရာတစ်ခုသို့ အလျင်အမြန် ရှောင်တိမ်းလိုက်သည်။ ထိုမှော်အစွမ်း၏ အဓိက ရည်ရွယ်ချက်မှာ ပြိုင်ဘက်ဖြစ်သူ၏ အနှိုင်းမဲ့တိုက်ကွက် တည်ဆောက်နေသည်ကို နှောင့်ယှက်ရန် ဖြစ်သည်။ လူကောင်ကြီး နှင့် အမျိုးသမီးတို့မှာ စောင့်ဆိုင်းနေရင်း အာရုံစိုက် နေကြသည်။ သူတို့သည် အချိန်မရွေး တိုက်ခိုက်ရန်အတွက် အဆင်သင့်ဖြစ်နေလေပြီ။

ထိုအချိန်၌ ပြင်းပြင်းထန်ထန် ကြမ်းကြမ်းတမ်းတမ်း လှည့်ပတ်နေသော [ မီးမုန်တိုင်း ] သည် ကြီးမားသော အားတစ်ချို့၏ ရုတ်ချည်း‌ထိန်းချုပ်ခြင်း ခံလိုက်ရသကဲ့သို့ပင် ရပ်တန့်သွားခဲ့သည်။ သို့သော် လေထဲမှ မြောက်မြားလှစွာသော လောင်ကျွမ်းပြီး မြေသားများ မပြုတ်ကျလာခဲ့ပေ။ သူတို့သည် မြန်ဆန်သောအားတစ်ခုအောက်တွင် အထက်သို့ မြင့်တက်သွားခဲ့သည်။

အားလုံး သတိထားနေကြစဉ် အမှုန်များအကြား၌ မီးတောက်များ ဖျပ်ခနဲ တောက်ပလာ၏။ ပုံရိပ်တစ်ခုသည် အံ့ဩလောက်စရာ အရှိန်နှင့်အတူ လေထဲမှ မှော်ပညာရှင်အိုကြီးထံသို့ ‌ပြေးဝင်လာသည်။ ထိုလှုပ်ရှားမှုမှာ အလွန်မြန်ဆန်လှပြီး မိမိ၏ အမြန်နှုန်းကို အမြဲပင် ဂုဏ်ယူနေခဲ့သော အမျိုးသမီးပင် ထိတ်လန့်သွားခဲ့သည်။

ထိုပုံရိပ်တွင် ထူး‌ဆန်းသော အနက်ရောင် မီးတောက်များ ပြည့်နှက်နေ၏။ မီးတောက်များသည် အားမာန်ပြည့်နေသာအငွေ့အသက်နှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေပုံရသည်။ မျက်စိတစ်မှတ် အတွင်းမှာပင် ၎င်းသည် မှော်ပညာရှင်အိုကြီးဆီသို့ ချဉ်းကပ်လာခဲ့သည်။

မှော်ပညာရှင်အိုကြီး၏ နှလုံးသား တင်းကြပ်သွားခဲ့သည်။ သူသည် ထိုအငွေ့အသက်က သူ့ကိုပစ်မှတ်ထားနေကြောင်း ခံစားနေခဲ့ရပြီးပြီ ဖြစ်သည်။ ပြိုင်ဘက်ဖြစ်သူသည် ထိုတိုက်ကွက်ဖြင့် အနိုင်ရရှိနိုင်သည်။ ၎င်းသည် ဟန်ဆောင်နေခြင်း မဟုတ်ပေ။ ၎င်းသည် အရာအားလုံးကို လျစ်လျူရှုထားသော သေစေနိုင်သည့် တိုက်ကွက်နှစ်ကွက် ကဲ့သို့ပင် ‌ဖြစ်နေ၏။

အန္တရာယ်ပဲ။

ပုံမှန်အားဖြင့်ပြောရလျှင် မှော်ပညာရှင်များမှာ အဖွဲ့တစ်ဖွဲ့၌ ကိုင်တွယ်ရအခက်ခဲဆုံး ဖြစ်သည်။ သို့သော်လည်း သူတို့သည် အထိခိုက်အလွယ်ဆုံး ဖြစ်ကြသည်။ များသောအားဖြင့် သူတို့သည် တိုက်ခိုက်ခံရသော ပထမဆုံး ပစ်မှတ်များ ဖြစ်ကြသည်။

လူကောင်ကြီး အော်ဟစ်လိုက်သည်။ သူ၏တင်းပုတ် တကျွီကျွီ အသံမြည်သွားပြ‌ီး ရိုက်ထည့်လိုက်၏။ ချိန်းကြိုးသည် အဆုံးမရှိ ဆန့်တန်းနိုင်ပုံရပြီး လေထဲမှ ချန်လွေ့ဆီသို့ ရောက်သွားသည်။ ချန်လွေ့သည် မှော်ပညာရှင်အိုကြီးကို တိုက်ခိုက်နိုင်သည့်တိုင် ထိုကြောက်မက်ဖွယ်ရာ လက်နက်ကြောင့် အစိတ်အစိတ် အမွှာမွှာ ဖြစ်သွားမည်ဖြစ်သည်။

အမျိုးသမီး၏ အလှမ်းဝေး စွမ်းအားကိုလည်း အသုံးပြုလိုက်သည်။ ၎င်းမှာ လခြမ်းသဏ္ဍာန် အစိမ်းရင့် စွမ်းအင်လှိုင်း ဖြစ်သည်။ ၎င်းသည် သိပ်ပြီး မထူးခြားသလို ခံစားရသော်လည်း ကြောက်မက်ဖွယ်ရာ ထက်မြက်သောချီ ပါဝင်နေ၏။

လော်ဒန်၏ တုံ့ပြန်မှုမှာ ခုခံရန် ဖြစ်သည်။ ချန်လွေ့ ပစ်မှတ်ပြောင်းပြီး သူ့ကို အလစ်တိုက်ခိုက်မည်ကို သူ စိုးရိမ်နေသည်။ အတိုင်းအတာတစ်ခုအထိ သူ၏ တုံ့ပြန်မှုမှာ အတော်လေး သင့်တော်လှပေသည်။

မှော်ပညာရှင်အိုကြီးသည် ယခုတွင် လေထဲ၌ လွင့်မျောနေ၏။ သို့သော်လည်း ထိုအခြေအနေသည် ပြိုင်ဘက်က အနှိုင်းမဲ့စွမ်းအားကို အသုံးပြုလိုက်လျှင် သေချာပေါက် ရှောင်တိမ်းနိုင်မည် မဟုတ်ပေ။ ထိုအချိန်၌ သူ မတုံ့ဆိုင်းတော့ဘဲ တယ်လီပို့ပါရမီကို အသက်သွင်းလိုက်၏။ သူသည် အဝေးတစ်နေရာသို့ တယ်လီပို့ခုန်ပြီး ဘေးကင်းသောနေရာသို့ ရောက်ရှိသွားခဲ့သည်။

မှော်ပညာရှင်အိုကြီးက တယ်လီပို့ ခုန်လိုက်သည့်အတွက် ချန်လွေ့သည် လေထဲ၌ ရုတ်တရက် ပစ်မှတ်ပျောက်သွားခဲ့သည်။ အစွမ်းထက်သော တိုက်ခိုက်မှုနှစ်ခု သူ့ဆီသို့ အလျင်အမြန် ချဉ်းကပ်လာ၏။ သူတို့သည် ချန်လွေ့ကို ထိတော့မည် ဖြစ်သည်။

ထိုအချိန်၌ ချန်လွေ့၏ပုံရိပ် ပျောက်ကွယ်သွားပြန်သည်။ တင်းပုတ်နှင့် အစိမ်းရောင်လှိုင်းဂယက်တို့က သူ့ကို မထိခဲ့ပေ။

မှော်ပညာရှင်အိုကြီး ဆင်းသက်ပြီးသည့်အခါ ပြင်းထန်သော အန္တရာယ်ခံစားချက်တစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။ အကြောင်းမှာ ခုနက သူဖယ်ရှားခဲ့သော ပစ်မှတ်အသေမှတ်ခြင်း ပြန်ပေါ်လာခြင်းကြောင့်ပင် ဖြစ်လေသည်။ ရန်သူသည် သူ၏အရှေ့၌ ချက်ချင်း ပေါ်ထွက်လာခဲ့သည်။

အဆက်မပြတ် တယ်လီပို့ခုန်တာပဲ။ မှော်ပညာရှင်အိုကြီး ကြက်သီး ထသွားခဲ့သည်။ သူ တယ်လီပို့ မခုန်နိုင်တော့ပေ။ ယခုသည် သေရေးရှင်ရေး အခြေအနေသို့ ရောက်ရှိနေလေပြီ။ သူသည် ရှိသမျှ အစွမ်းထက်ဆုံးစွမ်းအားကို ဖောက်ခွဲပြီး မှော်ဒိုင်းကာကိုသာ အသုံးပြုနိုင်တော့သည်။ ထိုတိုက်ကွက်ကို သူခုခံနိုင်မည်ဆိုလျှင် သူ၏အဖော်များက သူ့ကို လာရောက်ကူညီပေးနိုင်မည်ဖြစ်သည်။

စက္ကန့်ပိုင်းအတွင်း လှုပ်ရှားမှုများအကြား၌ လူကောင်ကြီးနှင့် အမျိုးသမီးတို့၏ တိုက်ခိုက်မှုများ လွဲချော်သွားခဲ့သည်။ အဝေးတစ်နေရာမှ ဖုန်ထဲ မီးခိုးထဲ၌ တလက်လက်တောက်နေသော ရွှေရောင်လိပ်ခုံးတစ်ခု ထွက်ပေါ်လာခဲ့သည်။ မှော်ပညာရှင်အိုကြီးက ၎င်းကို သူ၏သန္ဓေပြောင်း စွမ်းအားနှင့်ပေါင်းပြီး တိုးမြှင့်ထားခဲ့သည်။ ၎င်းမှာ သူဂုဏ်အယူရဆုံးသော အစွမ်းထက်ဆုံး အကာအကွယ် မှော်အစွမ်း [ ရွှေဒိုင်းကာ ] ပင် ဖြစ်လေသည်။

ထို့အချိန်၌ ကွေးဝိုက်နေသော အနီရောင်အလင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။ ၎င်းသည် ကြောက်မက်ဖွယ်ရာ စွမ်းအင်ဖြင့် ဖွဲ့စည်းထားသော ဧရာမမြွေကြီးကဲ့သို့ သတ္တဝါမျိုးဟု ထင်ရသည်။ မြေပြင်သည် ကြီးမားလှသော ဖိအားဒဏ်ကို မခံနိုင်ဘဲ စတင်တုန်ခါလာတော့သည်။ တကယ့်တိုက်ပွဲကို မရင်ဆိုင်ရသော လော်ဒန်သည်ပင် ထိုတိုက်ကွက်မှ ကြောက်မက်ဖွယ်ရာစွမ်းအားကို သေသေချာချာ ခံစားနေရသည်။ ဒီလိုပြင်းထန်မှုက.... မဟုတ်ဘူး...ဒါက မဟာနတ်ဆိုးဘုရင်အဆင့် ထက်တောင် ကျော်သွားလောက်ပြီ။

လော်ဒန်သည် ရင်ဘတ်ထဲ၌ အေးစက်သွားခဲ့သည်။ သူ၏ အရာအားလုံး လက်ခုပ်ထဲ ရှိနေသော ယုံကြည်ချက်သည် တဖြည်းဖြည်းနှင့် စိုးရိမ်မှု ဖြစ်လာခဲ့သည်။ သူသာမက အခြားမည်သူမှလည်း စွမ်းအားလွန်ကဲနေသော “ချာလီစ်”ကို အထင်မသေးရဲတော့ပေ။

အနီရောင်အလင်းက [ ရွှေဒိုင်းကာ ] ကို ထိသွားသည့်အခါ ရပ်တန့်သွားခဲ့သည်။ ထို့နောက် တားဆီး၍မရသောအားကြောင့် ဒိုင်းကာသည် နောက်သို့ဆုတ်လာသည်။ ၎င်းသည် တောက်ပမှုများ အားနည်းသွားပြီး ၂စက္ကန့်သာ ခံခဲ့သည်။ နောက်ပိုင်းတွင် အနီရောင်အလင်း၏ လုံးဝဝါးမျိုခြင်းကို ခံလိုက်ရတော့သည်။ ဒိုင်းကာထဲမှ ပုံရိပ်သည်လည်း မအော်ဟစ်နိုင်ခင်မှာပင် ပျောက်ကွယ်သွားခဲ့သည်။

လော်ဒန်လည်း စိတ်ထဲ၌ ထိတ်လန့်သွားခဲ့သည်။ မှော်ပညာရှင်အိုကြီး ပီးယာ့စ်သည် မိသားစုဟောင်း ထဲတွင် အစွမ်းအထက်ဆုံး မှော်ပညာရှင် ဖြစ်သည်။ သူသည် မဟာနတ်ဆိုးသာ ဖြစ်သော်လည်း သန္ဓေပြောင်း စိတ်ဝိညာဉ်စွမ်းအားမှာ အလွန်အစွမ်းထက်လှသည်။ သူသည် မြို့တော်၏ မှော်နယ်ပယ်၌ နာမည်ကောင်းရထားသော [ မှော်ဒိုင်းကာ ] ကို ဖန်တီးနိုင်သည်။ ယခုတွင် နာမည်ကျော် အကာအကွယ်စွမ်းအားကို အသုံးပြုခဲ့သော ပီယာ့စ်သည် အနီရောင် အလင်းကြောင့် လုံးဝပျောက်ကွယ်သွားလေပြီ။

ချီး။ ဒီကောင်က အလွန်ဆုံး မဟာဆရာသခင်အဆင့် ထိပ်သီးပိုင်းပဲ မဟုတ်လား။

တကယ်လို့ “ချာလီစ်”က နတ်ဆိုးဧကရာဇ်ဆိုရင် ပီးယာ့စ်ကို လွယ်လွယ်လေး သတ်နိုင်မှာပဲ။ ဒီလိုမျိုး ကြီးကြီးမားမား လှုပ်ရှားစရာ မလိုဘူး။ ပြီးတော့ သူ့ရဲ့ပိုင်နက်စွမ်းအားကို ငါမမြင်ရသေးဘူး။ ဆမ်မြူရယ်တော်ဝင်မိသားစုက လက်စတင်က ရိုင်ယန်မိသားစုရဲ့ သမက်ပဲ။။ သူက မြို့တော်မှာ နတ်ဆိုးဧကရာဇ်အဆင့်‌ေရာက်ဖို့ အနီးစပ်ဆုံး ပုဂ္ဂိုလ်တစ်ယောက်ပဲ။ သူက အခု သူရဲ့ အစွမ်းထက်ဆုံး ပါရမီဖြစ်တဲ့ [ သွေးဒေါသ ] ကို မသုံးရသေးဘူး။ လူစီဖာ တော်ဝင်မိသားစုက မီရာနှင့် ပေါင်းလိုက်မယ်ဆိုရင် သူတို့က ဒီကြောက်စရာ‌ ကောင်ကို သတ်ပစ်နိုင်မှာ သေချာတယ် ။

လော်ဒန် ဆက်မတွေးနိုင်ခင်မှာပင် ပီးယာ့စ်ကို “ဝါးမျို”လိုက်သော ဧရာမ အနီရောင်သားရဲသည် သူ့ထံသို့ ခြိမ်းခြောက်သည့်အမူအရာဖြင့် ရောက်ရှိလာခဲ့သည်။ ထိုတိုက်ကွက်ကို ခုနက သူ ကိုယ်တိုင် မြင်တွေ့ခဲ့ရပြီးပြီ ဖြစ်သည်။ သူ အလွန် ထိတ်လန့်သွား၏ ချပ်ကာ၏ အရှိန်မြန်မှော်အစွမ်းကို အလျင်အမြန် အသက်သွင်းလိုက်သည်။ သူ၏ ရုပ်ပိုင်းဆိုင်ရာခွန်အား လျော့ကျသွားပြီး အရှိန် သုံးလေးဆပိုမြန်သွားကာ အလျင်အမြန် ရှောင်တိမ်းနိုင်သွားသည်။

ဧရာမ အနီရောင် သားရဲရှည်ကြီးသည် ဖြတ်သွားသမျှကို ရှင်းလင်းပစ်ခဲ့သည်။ အနီးအနားရှိ သစ်ပင်များလည်း ပြားချပ်သော မြေကြီးသာ ကျန်တော့သည်။ မြေပြင်သည် ကြောက်မက်ဖွယ် ကောင်းလောက်အောင် ပျက်စီးသွားခဲ့သည်။ ဧရာမ သားရဲကြီးက အဝိုင်းပတ် ပတ်လိုက်ပြီး အမျိုးသမီးကို ခြောက်လွှတ်ပြီးတော့ လူကောင်ကြီးထံသို့ အရှိန်ဖြင့်သွားရန် ပြင်လိုက်ဟန်တူသည်။

လူကောင်ကြီးက အမျက်တော်ဝင်မိသားစု၏ သွေးမျိုးဆက်ပါရမီဖြစ်သော [ သွေးဒေါသ ] ကို အသက်သွင်းရန် ချက်ချင်းပင် သွေးတစ်လုပ် အန်လိုက်သည်။ အချိန်တိုအတွင်းမှာပင် သူ၏စွမ်းအား ကြီးကြီးမားမား တိုးမြင့်သွားခဲ့သည်။ မီးတောက်နဂါး နှင့် သူ ထိပ်တိုက်ရင်ဆိုင်ရန် ပြင်လိုက်စဉ် ၎င်းသည် မမျှော်လင့်ဘဲနှင့် ပြန်လှည့်သွားလိုက်သည်။ ၎င်းသည် “သခင်” ထံသို့ အမြန်ပြန်သွားခဲ့သည်။ မျက်စိ တစ်မှိတ် အတွင်းမှာပင် ၎င်းတို့ ပေါင်းစပ်သွားခဲ့ပြီး ကြီးမားလှသော ရိုက်ခတ်မှုကြောင့် သူ့တစ်ကိုယ်လုံး လေပေါ်ပျံသွားခဲ့သည်။

ထူးဆန်းပြီး ပြင်းထန်သော ပျက်ယွင်းမှုတစ်ခု ပြီးသွားပြီးနောက်တွင် သူ၏ပုံရိပ်က ဒုန်းခနဲ မြေပေါ်သို့ ကျလာခဲ့သည်။ မူလ အနက်ရောင် မီးတောက်သည် ထိုအချိန်၌ ချန်လွေ့၏ မျက်လုံးများကဲ့သို့ပင် သွေးနီရောင် ပြောင်းလဲသွားခဲ့သည်။

[ မီးသင့်နဂါး ဝင်စီးခြင်း ]

[ နှစ်ဆင့် တယ်လီပို့ခုန်ခြင်း ] နှင့် [ မီးသင့်နဂါး သတ်ဖြတ်ခြင်း ]ကို အသုံးပြုကာ သူသည် မဟာနတ်ဆိုးဘုရင်အဆင့် ထိပ်သီးပိုင်းဖြစ်သော မှော်ပညာရှင် ပီယာ့စ်ကို ချက်ချင်းပင် အလစ် သတ်ပစ်နိုင်ခဲ့သည်။ ၎င်းမှာ နည်းဗျူဟာ အောင်မြင်မှု တစ်ခုပင် ဖြစ်လေသည်။ သို့သော်လည်း စွမ်းအားမှာ အရေးကြီး‌ဆုံး အချက်ပင် ဖြစ်နေသေးသည်။

ယခုတွင် ဒုက္ခအပေးဆုံးနှင့် အနုနယ်ဆုံးဖြစ်သော မှော်ပညာရှင်ကို သတ်ပစ်နိုင်ခဲ့ပြီ ဖြစ်သည်။ သူ၏ တယ်လီပို့နှစ်ခါကိုလည်း သုံးပြီးပြီ ဖြစ်သည့်အတွက် နောက်တစ်ဆင့်မှာ တကယ့်တိုက်ပွဲပင် ဖြစ်၏။

ချန်လွေ့က မှော်ပညာရှင်အိုကြီး ပီယာ့စ်ကို သတ်ပစ်ကာ စွမ်းအား ထုတ်ပြခဲ့သော်လည်း လက်စတင်နှင့် မီရာတို့က မကြောက်နေကြဘဲ။ သူတို့သည် ချန်လွေ့ထံသို့ အ‌ပြေးရောက်လာခဲ့သည်။

လက်စတင်က အံ့ဩဖွယ်ကောင်းသော တိုက်ခိုက်ရေး စိတ်ဝိညာဉ်ကို ထုတ်လွှတိုက်ပြီး မျက်လုံးထဲမှ သွေးများ ယိုစီးကျလာသည်။ ၎င်းမှာ [ သွေးဒေါသ ] ပါရမီ၏ ပေါက်ကွဲအခြေအနေ ဖြစ်လေသည်။ သူ၏နောက်ဘက်တွင် ရေးတေးတေးနှင့် ခန့်မှန်းရခက်သော အလစ်တိုက်ခိုက်ချင်နေသည့် မီရာ၏ပုံရိပ် ရှိနေသည်။ လော်ဒန် မလှုပ်ရှားသေးပေ။ သို့သော် သူ၏မျက်လုံးများသည် အနက်ရောင်နှင့် အဖြူရောင်အဖြစ် နှစ်ရောင်ပြောင်းလဲသွားကြသည်။ သူသည် တိုက်ခိုက်မှု တစ်မျိုးမျိုးကို ပြုလုပ်ရန် [ အလင်းအမှောင် နှလုံးသား ] စွမ်းအားကို အသုံးပြုနေသည်မှာ အသေအချာပင် ဖြစ်၏။

လက်စတင်၏လက်ထဲရှိ တင်းပုတ်က မိုးကြိုး ပစ်သကဲ့သို့ ပေါက်ကွဲသံတစ်ခု ပြုလုပ်ပြီး ချန်လွေ့၏ ခေါင်းကို အရှိန်ဖြင့် ရိုက်လိုက်သည်။ ချန်လွေ့ မရှောင်ခဲ့ဘဲ လက်၅ချောင်းကို ဓားသွားအသွင် ပြောင်းကာ တင်းပုတ်အား ခုခံလိုက်၏။

ထူးဆန်းသော မသဲမကွဲအသံများ ထွက်လာသည်။ လက်စတင်က မိမိ၏လက်ထဲရှိ လက်နက်သည် ပြင်းပြင်းထန်ထန် တုန်ခါသွားကြောင်း ခံစားလိုက်ရသည်။ ပြိုင်ဘက်၏ လက်ဗလာ စွမ်းအားသည် သူ၏ [ သွေးဒေါသ ] ထက်ပင် မြင့်မားနေ၏။ လက်စတက် နောက်သို့ ခြေနှစ်လှမ်း ဆုတ်လိုက်သည်။ သူ၏မျက်နှာပေါ်၌ အနီရောင် ဒဏ်ရာပါးပါးလေးတစ်ခု ထွက်ပေါ်လာခဲ့ပြီး သွေးများ အတော်လေး ထွက်လာ၏။

လက်စတင်း၏ မျက်လုံးများ ထိတ်လန့်လျက် အရောင်လက်သွားခဲ့သည်။ ဒီပြိုင်ဘက်ရဲ့စွမ်းအားက ငါခန့်မှန်းထားတာထင် ကျော်လွန်သွားပြန်သည်။ သူက [ သွေးဒေါသ ] နဲ့ တိုးမြှင့်ထားတဲ့ ပြင်းထန်တဲ့ ရိုက်ချက်ကိုတောင် လက်ဗလာနဲ့ ကာကွယ်ခဲ့တယ်။ သူက တင်းပုတ်စွမ်းအားနှင့် မိုးကြိုးစွမ်းအားကို လုံးဝ လျစ်လျူရှုထားခဲ့သည်။ ပြီးတော့ အံ့သြစရာ ကောင်း‌လောက်အောင် ထက်မြက်တဲ့ချီက လက်နက်တွေကို ဖြတ်သန်းပြီးတော့ ငါ့ကို ထိသွားခဲ့တယ်။ အနီးကပ် တိုက်ခိုက်မှုတွေမှာ ငါ အတွေ့အကြုံမရှိရင်၊ ငါခေါင်းသာ မစောင်းလိုက်ရင်၊ အဲဒီ“ဓား” ကြောင့် ငါ့ခေါင်း နှစ်ခြမ်းပြတ်သွားမှာပဲ။

ကြောက်စရာစွမ်းအား။ ကြောက်စရာပါရမီပဲ။ ဒါက တကယ့်ကို အစွမ်းထက်တဲ့ပြိုင်ဘက်ပဲ။ ဒါပေမဲ့ သူက နတ်ဆိုးဧကရာဇ်တော့ မဟုတ်နိုင်လောက်ဘူး။

လက်စတင်း၏ တိုက်ခိုက်ရေးစိတ်ဝိညာဉ်မှာ တိုက်ခိုက်နေရင်း ပို၍မြင့်တက်လာသည်။ ချန်လွေ့သည် [ အရှိန်အဝါဓားသွား ] ကို သုံးလိုက်ပြန်သည်။ ထိုတိုက်ကွက်စွမ်းအားသည် ယခင်တစ်ခေါက်ကထက် ပို၍အစွမ်းထက်၏။ လက်စတင်း နောက်ဆုတ်သွားခဲ့ရသည်။ သူ၏ ပုခုံးပေါ်၌ နောက်ထပ် ဒဏ်ရာတစ်ခု ထပ်ရသွားခဲ့ပြန်သည်။ သူ၏ခန္ဓာကိုယ်‌ပေါ်တွင် သွေးများ ပိုမိုများပြားလာခဲ့၏။ သို့သော်လည်း သူ၏ မျက်နှာပေါ်တွင် ထူးဆန်းသော အပြုံး ထွက်ပေါ်လာသည်။

သူသည် သန္ဓေပြောင်း သွေးမျိုးဆက် မဟုတ်သော်လည်း သူ၏ [ သွေးဒေါသ ] စွမ်းအားမှာ အဆင့်တစ်ခုသို့ ရောက်နေပြီ ဖြစ်သည်။ [ သွေးဒေါသ ] ၏ အမြင့်ဆင့် လက္ခဏာများမှာ ဒဏ်ရာပိုပြင်းထန်လေလေ တိုက်ခိုက်မှု ပို၍ အစွမ်းထက်လာခြင်းပင် ဖြစ်လေသည်။

All Chapters