ပြဿနာအိုး လိုလီလေး
Vol. 24 Ch. 350
ငြိမ်ဝပ်ပိပြားရေးအရာရှိ နေအိမ် ဝင်းထဲ၌ -
ပါ့ဂ်လီအိုသည် သူ၏ ဧရာမ ရွှေသလင်းကျောက် ကုတင်ပေါ်တွင် လှဲလျောင်းပြီး မင်းသမီးလက်လီ စတိုးမှ ထုတ်ကုန်အသစ်ဖြစ်သော ဖဲကို ပျင်းပျင်းရိရိနှင့် ကစားနေ၏။ ဒီချီးထုပ်နဂါးက သူ့အိပ်ယာကို တကယ်ကြီး ဝင်းထဲ ထားထားတာပဲ။
သူက တစ်ချိန်လုံး ပိုက်ဆံပုံပေါ်မှာ အိပ်ချင်တဲ့ ခံစားချက်မျိုးကို ခံစားချင်တာလား။ ဒါမှမဟုတ် ဒါက အလုပ်မှာ “ ပိုက်ဆံကြွားတာ ” လိုမျိုးလား။
ချန်လွေ့သည် မိမိသိသော နဂါး၄ကောင်ကို ပြန်တွေးလိုက်သည်။ အဆိပ်နဂါးဖြစ်စေ၊ မြနဂါးဖြစ်စေ၊ နတ်မိမယ်နဂါးဖြစ်စေ၊ သလင်းကျောက်နဂါးဖြစ်စေ၊ မည်သူကမှ သာမန် မဟုတ်ကြပေ။ တစ်ယောက်စီတွင် “ထူးဆန်းမှုများ” ရှိကြသည်။
နဂါးတွေအားလုံးက ငထူးဆန်း တွေလား။
ထိုအချိန်၌ ပါ့ဂ်လီအို ပြောလိုက်သည်။
“ဒိုဒို။ ဒီတစ်ခေါက် ဘာလို့ ဒီလောက် ကြာနေရတာလဲ။ မင်း ဝိုင်ယူလာခဲ့လား။”
ချန်လွေ့၏ မျက်နှာအမူအရာ အနည်းငယ် တောင့်တင်းသွား၏။ သူက တကယ့်ကြီး ဒိုဒိုကို...အပြင်သွားခိုင်းပြီးတော့ ဝိုင်သွားဝယ်ခိုင်းခဲ့တယ်။
“ မြန်မြန် ယူလာတော့။ ”
ပါ့ဂ်လီအိုက ဟန်မဆောင်ဘဲ ပြောလိုက်သည်။
“ ခုနက အပြင်မှာ မင်း တိတ်တ်တ်လေး သောက်ခဲ့တယ်ဆိုတာ ငါသိတယ်။ အခု ငါ့ဝိုင်ကနေ ထပ်သောက်ရဖို့ မစဉ်းစားနဲ့။ ”
ချန်လွေ့ အကြံတစ်ခု ရသွားသည်။ သူက လက်ထဲ၌ ဝိုင်ပုလင်းတစ်လုံးကိုင်ပြီး လမ်းလျှောက်လာ၏။
“ အဲဒီကောင်က အစေခံအနေနဲ့ သုံးရတာ ပျော်စရာပဲ။ အဲဒီလောဘကြီးတဲ့ လူသားက ဒီဦးလေးရဲ့ ရတနာတွေကို အလွဲသုံးစား လုပ်ခဲ့တယ်။ ”
ပါ့ဂ်လီအိုက ဝိုင်ကိုယူပြီး တတွတ်တွတ် ပြောနေလိုက်သည်။ ထို့နောက် ဝိုင်ကိုဖွင့်ပြီး တစ်ငုံသောက်ကာ ထွေးထုတ်လိုက်သည်။
“ ဒါက ဘာကြီးလဲ။ ချီးထုပ် ချွဲကျိကောင်။ ”
သူ ပြော၍မပြီးသေးခင်မှာပင် အဝေးမှ အနားယူနေသော မြင်းနက်လေး ပြေးလာကာ “ဒိုဒို”အား တိုးဝှေ့လိုက်သည်ကို မြင်လိုက်ရသည်။ ပါ့ဂ်လီအို မျက်လုံး ပြူးသွားခဲ့သည်။ နတ်မိစ္ဆာသားရဲသည် ဒိုဒိုအပေါ် အမြဲပင် အေးစက်နေခဲ့သည်။ [ မိုးကြိုး ] ဖြင့် မပစ်ခြင်းသည် စိတ်ကောင်းနေပြီဖြစ်သည်။ သို့သော် ယခုတွင်မူ....
အဆိပ်နဂါး ရုတ်တရက် သဘောပေါက်သွား၏။ သူ ကုတင်ပေါ်မှ အမြန်ထပြီး ပြုံးဖြီးဖြီး လုပ်လိုက်သည်။
“ လက်စသတ်တော့ ဉာဏ်များတဲ့ကောင် ပြန်လာပြီကိုး။ ချီး။ မင်းငါ့ကို လိမ်ခဲ့တယ်။ အဲဒါကြောင့် ငါ့ကို ဝိုင်ကောင်းကောင်း တစ်ပုလင်းပေး။”
“ ချီးကို ပေးရမှာလား။ ကျုပ်ကို အစေခံ လုပ်ခိုင်းတာ စိတ်ဝင်စားစရာ ကောင်းလား။”
ချန်လွေ့က မြင်းနက်လေးကို ပွတ်သပ်ပြီး အရှိန်အဝါသစ်သီး လက်တစ်ဆုပ်စာ ကျွေးလိုက်သည်။ ထို့နောက် အဆိပ်နဂါးအား ဒေါသတကြီး ငေါ့ပြောလိုက်သည်။
“ ဒီပုလင်းက နဂါးတစ်ကောင် ကျုပ်ကို လက်ဆောင်ပေးထားတာပဲ။ လျို့ဝှက်အမူးပြေ စွပ်ပြုတ်။ တော်တော်လေး အရသာကောင်းတယ်။ ”
မြနဂါးအကြောင်း ပြောနေရင်း ချန်လွေ့ စိတ်လေသွားခဲ့သည်။ သူ့ထံမှ ကျောက်မျက်များ သုံးလေးခု ရပြီးသည့်တိုင် မြနဂါးသည် ချန်လွေ့ကို ကပွဲ၌ “လျို့ဝှက်” အမူးပြေစွပ်ပြုတ်သာ ပြန်ပေးခဲ့သည်။ ထိုရည်ရွယ်ချက်မှာလည်း ကျောက်မျက်များ ပိုရရှိရန်သာ ဖြစ်ပေသည်။
ထိုပုလင်းသည် မည်မျှမကုန်ကျဘဲ ကပွဲမှ ရခြင်းဖြစ်ကြောင်း ချန်လွေ့ မှန်းဆမိခဲ့သည်။ တကယ့်အပေါစားပဲ။ ကြည့်ရတာ ခရိုဘဲလက်စ်မှာ ပိုက်ဆံချစ်တာအပြင် တခြားဂုဏ်သတ္တိတစ်မျိုး ရှိသေးတဲ့ပုံပဲ။ ကပ်စေးနဲတာပေါ့။
ပါ့ဂ်လီအိုက ချန်လွေ့ ပစ်ပေးသော ဝိုင်ပုလင်းကို ယူပြီးနောက် ထပ်ပြီး အရူးလုပ် မခံရစေရန် သေသေချာချာ အနံ့ခံလိုက်သည်။ ထို့နောက် ယုံကြည်ချက်ရှိရှိဖြင့် တစ်ငုံသောက်လိုက်၏။
“နဂါးလို့ မင်းပြောလိုက်တာလား။”
“ ပြောရမယ်ဆိုရင် အဲဒီနဂါးက ခင်ဗျားရဲ့အသိလို့ သတ်မှတ်လို့ရတယ်... ”
ချန်လွေ့က ခရိုဘဲလက်စ်အကြောင်း ပြန်ပြောပြလိုက်သည်။
ပါ့ဂ်လီအို မသင်္ကာ ဖြစ်သွားသည်။
“ခရိုဘဲလက်စ်လား။ နဂါးပြာမှာ အဲလိုမိန်းမမျိုး ရှိတယ်လို့ ငါ မကြားဖူးဘူး။ မင်း နားကြားမှားတာ များလား။ ရာနိုင်းရီမှာ ထူးထူးဆန်းဆန်း စရိုက်တစ်ခု ရှိတယ်။ သူက နဂါးမတွေကို မကြိုက်ဘူး။”
ချန်လွေ့ ကြက်သေသေသွား၏။ သူ၏စိတ်ထဲ၌ အတင်းပြောချင်စိတ်များ ထကြွလာခဲ့သည်။ ပါ့ဂ်လီအိုက ခရိုဘဲလက်စ်လို့ခေါ်တဲ့နဂါးမကို မသိဘူးတဲ့လား။ ရာနိုင်းရီက အခြောက်လား။ ဒါဆို ပါ့ဂ်လီအိုနဲ့ နဂါးပြာတို့ ပြဿနာဖြစ်တာက နဂါးပြာကို ပါ့ဂ်လီအို ငြင်းလိုက်လို့များလား။ ဒါမှမဟုတ် သူတို့နှစ်ယောက်က ချစ်ရာကနေ မုန်းသွားတာလား...”
ချန်လွေ့၏ ထူးဆန်းသောအကြည့်ကို မြင်ပြီး ပါ့ဂ်လီအို စိတ်ထဲ၌ ရွံရှာသွားကာ ပြောလိုက်သည်။
“ ရာနိုင်းရီက မဟာနတ်ဆိုးမတွေနဲ့ ကဝေမကိုပဲ သဘောကျတာ။ သူ့အတွက် လက်စားချေချင်တဲ့ နဂါးမ တစ်ကောင်က ဘယ်လိုလုပ်ပြီး ရုတ်တရက် ပေါ်လာရတာလဲ။ ”
“ ကျုပ် တစ်ခုခု မှားနေတာများလား။”
ချန်လွေ့လည်း အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။ အဲဒါက ရာနိုင်းရီမဟုတ်ဘူးလား။ မြနဂါးပြောတဲ့ “ယောက်ျား”က တခြားတစ်ယောက်များလား။
“ မင်း တစ်ခုခု လွဲနေတာ ဖြစ်မယ်။”
“ဟုတ်ချင်ဟုတ်မှာပါ။”
ရုတ်တရက် ချန်လွေ့က ထူးထူးဆန်းဆန်း ပြုံးလိုက်သည်။
“ဒါပေမဲ့ လုံးဝ မမှားနိုင်တာ တစ်ခုတော့ ရှိတယ်။ ကျုပ် ခင်ဗျားရဲ့ မိတ်ဆွေဟောင်း တစ်ယောက်နဲ့ တွေ့ခဲ့တယ်။”
“ အဲဒီရုပ်ဆိုးကြီးက ဘာလဲ။ ”
ပါ့ဂ်လီအိုသည် ချန်လွေ့ထံမှ ဗန်းစကားတစ်ခုကို အသုံးပြုပြီး ဂုဏ်ယူနေ၏။ သို့သော်လည်း “အသွင်တူ အိမ်သူ”ဟူသော နောက်ထပ်စကားတစ်ခွန်းကိုမူ သူမသိပေ။
“ အတိအကျ ပြောရရင်တော့ သူက တော်တော်လေး လှတယ်။ ဆံပင်ခရမ်းရောင်၊ မျက်လုံးခရမ်းရောင်နဲ့ မျက်မှန်တစ်လက် တပ်လေ့ရှိတယ်။ ပြီးတော့ ဂါဝန်ရှည်ကိုလည်း ဝတ်ရတာ ကြိုက်တယ်။ တစ်ခါတစ်လေဆိုလျှင် သူက ငေးငိုင်နေတတ်တယ်။ ပြီးတော့.... ”
ဆံပင်ခရမ်းရောင်၊ မျက်လုံးခရမ်းရောင်နှင့် မိန်းမလှလေးအကြောင်း ပြောနေစဉ် ပါ့ဂ်လီအိုသည် တစ်စုံတစ်ခုကို စဉ်းစားမိသွားဟန် တူသည်။ နောက်ထပ် မျက်မှန်၊ ဝါဝန်ရှည်နှင့် ငေးငိုင်ခြင်းတို့အထိ ရောက်လာသောအခါ အကြောက်တရားကင်းမဲ့သော အဆိပ်နဂါး၏ မျက်နှာအမူ ရုတ်တရက် ပြောင်းလဲသွားတော့သည်။ သူက ခက်ခက်ခဲခဲနှင့် စကားအနည်းငယ် ပြောလိုက်သည်။
“ မင်း....မင်း တကယ်ပဲ အဲဒီအရူးမနဲ့ တွေ့ခဲ့တာလား။ ”
“ သူက အမှောင်လမြို့ကို ကျုပ်နဲ့အတူ ရောက်လာတယ်လို့ ပြောမယ်ဆိုရင် ခင်ဗျား ဘယ်လို တုံ့ပြန်မှာလဲ။ ”
“ ဒါက နောက်စရာ မဟုတ်ဘူး။ ”
ပါ့ဂ်လီအို သိမ့်သိမ့်တုန်သွား၏။
“ အဲဒီအရူးမက တကယ်ကြီး အမှောင်လမြို့ကို လာမယ်ဆိုရင်တော့ ငါ ထွက်ပြေးမှဖြစ်မယ်။ ”
နတ်မိမယ်နဂါး၏ မှော်ပါရမီမှာ အလွန်ပင် ကြောက်မက်ဖွယ်ရာ ကောင်းလှသည်။ သူသည် အလွန်တကူပင် အစွမ်းထက် နဂါးထွင်းစာများကို အဆုံးစွန်အထိ အသုံးချနိုင်သည်။ အထူးသဖြင့် ဇိုလာသည် မှော်စက်ဝိုင်းများနှင့် အခြားနည်းလမ်းများကိုလည်း ကျွမ်းကျင်သည်။ သူ့ကို နတ်ဆိုးဘုံရှိ အစွမ်းထက်ဆုံး မှော်ပညာရှင်ဟု ပြော၍ရနိုင်ပေသည်။ [ မှော်-ဆန့်ကျင် ] ဖြင့် မွေးဖွားလာကြသော သလင်းကျောက်နဂါး နှင့် နဂါးနက်တို့သာ သူ့ကို မကြောက်ပေ။ ပါ့ဂ်လီအို၏ အထွတ်အထိပ်အခြေအနေမှာပင် ထိုမိန်းမကို ကြောက်နေခဲ့ရသည်။ သို့သော်လည်း ငွေသေတ္တာ၏ အကျိုးအမြတ်များအောက်တွင် နဂါး၏ သိချင်စိတ်နှင့် လောဘသဘာဝတို့ကြောင့် ပါ့ဂ်လီအို စတင်တိုက်ခိုက်ခဲ့သည်။ သူ ဇိုလာကို အလစ်တိုက်ခိုက်ခဲ့ရာ အနိုင်ရရှိခဲ့ပးသည်။ ထို့နောက် ကြောက်အားလန့်အားနှင့် ထွက်ပြေးခဲ့ရပြီး လျို့ဝှက်ဆန်းကြယ်သော ပုဂ္ဂိုလ်တစ်ယောက်၏ ချိပ်ပိတ်ခြင်းကို ခံခဲ့ရသည်။
အဆိပ်နဂါး နှင့် နတ်မယ်နဂါး အကြားမှ ရန်ငြိုးများအရ သူတို့တွေ့ဆုံကြလျှင် ဇိုလာသည် ရတနာအကြောင်း မမေးခင် ပါ့ဂ်လီအိုအား သေလုနီးပါးဖြစ်အောင် သေချာပေါက် ရက်ရက်စက်စက် ရိုက်ပစ်မည် ဖြစ်သည်။
“ ခင်ဗျားက အသက်လု ပြေးရုံပဲ။ ကျုပ်က အဲဒီမိန်းမရဲ့ လက်ခုပ်ထဲကနေ ထွက်ပြေးလာခဲ့ရတာ။”
ချန်လွေ့ အံကြိတ်လိုက်သည်။
ပါ့ဂ်လီအိုသည် ဇိုလာအား လုံးဝကြီး မကြောက်ပေ။ အရေးကြီးဆုံးမှာ ဇိုလာသည် သူ၏အကြီးမားဆုံး ချိပ်ပိတ်ကို ဖယ်ရှားရန်အတွက် သက်ဆိုင်နေသည်။ ထိုအချိန်တွင် ပါ့ဂ်လီအို ပြန်ခံမပက်ဘဲ အလျင်အမြန် မေးလိုက်သည်။
“ ငါ့ကို မခန့်မှန်းခိုင်းနဲ့တော့။ အဲဒီအရူးမနဲ့ မင်း ဘယ်လိုတွေ့ခဲ့တာလဲ။ လုပ်စမ်းပါ။ မြန်မြန်ပြော။”
ချန်လွေ့သည် သက်တန့်တောင်ကြား၌ နေခဲ့စဉ်က နေ့ရက်များအကြောင်း အတွေ့အကြုံများကို ပြောပြလိုက်သည်။ ဝမ်းနည်းစရာအပိုင်းသို့ ရောက်သောအခါ အဆိပ်နဂါးသည် ထူးထူးဆန်းဆန်းပင် မပျော်နေခဲ့ဘဲ သနားစိတ်ဖြင့် ကြက်သီးများ ထနေခဲ့သည်။
“ ဟမ့်။ ခင်ဗျားရဲ့ ချိပ်ပိတ်ကို ဖယ်ရှားဖို့အတွက် ဇိုလာဆီကနေ ကျုပ် နည်းလမ်းရှာချင်တာ မဟုတ်ဘူးဆိုရင် ကျုပ်က အသက်ကိုရင်းပြီးတော့ အဲဒီကြောက်စရာ နေရာမျိုးကိုသွားပြီးတော့ စမ်းသပ်ပစ္စည်း သွားလုပ်မှာလား။ ခင်ဗျားကတော့ စိတ်ထဲမှာ ရတနာအကြောင်းပဲ ရှိနေတယ်။”
“ မင်းအတွက် တကယ် ခက်ခဲခဲ့တာပဲ။ ငါ့ရဲ့ အယုံကြည်ရဆုံး လုပ်ဖော်ကိုင်ဖက်။ ”
ပါ့ဂ်လီအိုက ထူးထူးဆန်းဆန်း အသိစိတ်ဝင်နေပြီး ပြတ်ပြတ်သာသား ပြောလိုက်သည်။
“ ဒီလိုဆိုမှတော့ ငါမင်းကို ရတနာသိုက်ရဲ့ ၁% ထပ်ပေးမယ်။ ”
“ ၁% လား။” ချန်လွေ့ မျက်လုံးပြူးသွားခဲ့သည်။ “၁%” အရှေ့မှာ ဒဿမကိန်းတွေ မရှိတော့ဘူးဆိုတာ သေချာလား။
“ ၁%” ပါ့ဂ်လီအိုက အသားကို ဖြတ်ပြီး လင်းယုန် ကျွေးရသကဲ့သို့ပင် ဖြောင့်မှန်နေခဲ့သည်။
“…”
ချန်လွေ့ အတော်လေး ပြောစရာ မဲ့သွားခဲ့သည်။ ပိုက်ဆံက အသေးအဖွဲလေးပဲ။ သူ့ရဲ့ရတနာသိုက် တစ်ခုလုံးက အခု ငါ့လက်ထဲမှာ ရှိနေတယ်။ ပြဿနာက..သက်တန့်တောင်ကြားမှာ ငါ တော်တော်လေး ကြိုးစားခဲ့ရတယ်။ ဒါပေမဲ့ အဲဒါက...၁% ပဲ တန်တာလား။
အဆိပ်နဂါး၏ ပုံစံကို ကြည့်ရသည်မှာ သူသည် ထိုစကားများကို တွန့်ဆုတ်စွာ ပြောခဲ့ကြောင်း ထင်ရှားနေပေသည်။
ဒီနဂါးအသေကောင်က နဂါးမနဲ့ တူတာတစ်ခုခု ရှိနေတဲ့ပုံပဲ။
ချန်လွေ့ ခေါင်းခါလိုက်သည်။
“ ကျုပ်ရဲ့အသက်အတွက် ဇိုလာဆီ မသွားတာ ပိုကောင်းမယ် ထင်တယ်။”
ပါ့ဂ်လီအို၏ မျက်လုံးများ တရွရွ ဖြစ်သွား၏။
“ ၂%။ ဒါ နောက်ဆုံးပဲ။ မင်းက နဂါးအသားကို လှီးဖြတ်နေတာ။”
“ရှေးမှော်စာတွေက ကျုပ်အတွက် တော်တော်လေး ခက်ခဲနေသေးတယ်။”
“၂%ကို ထပ်ပြီး မပြောင်းနိုင်တော့ဘူး။ မဟုတ်ရင် ငါ့ချိပ်ပိတ်ကို မဖြည်ဘဲ နေလိုက်တော့မယ်။”
“…”
“ အိုး ” ချန်လွေ့က တစ်စုံတစ်ခုကို သတိရသွားဟန် တူသည်။ သူက တမင်တကာပင် ကိုယ့်ကိုယ်ကိုယ် ပြောသည်။ “ မေ့တော့မလို့။ ဒီတစ်ခေါက် အစီအစဉ်က ငွေကြေးတော်တော်လေး သုံးလိုက်ရတယ်။ ရတနာသိုက် တစ်ခုလုံးမှာ သိပ်ပြီး မကျန်တော့တဲ့ပုံပဲ.... ”
“ ဘာ။ ငါမင်းကို ချပြီ။”
ဗုံးကျခံရသကဲ့သို့ပင် သတင်းရရှိသွားသော အဆိပ်နဂါးသည် လက်သည်းနှင့် အစွယ်များကို ထုတ်ပြီး ချန်လွေ့အား လည်ပင်းညှစ်ချင် နေခဲ့သည့်အခါ ဒေလီယာနှင့် အသီနာတို့က ဝင်းထဲသို့ လမ်းလျှောက်လာ၏။
လက်ရှိတွင် မြို့တွင်လူဦးရေမှာ ရုတ်တရက် တိုးတက်သွားခဲ့ရာ လုံခြုံရေးအတွက် ကြီးကြီးမားမား စိန်ခေါ်မှုတစ်ရပ် ဖြစ်သွားခဲ့သည်။ အသီနာ၏ မျက်နှာမှာ သိသိသာသာပင် ပင်ပန်းနေသည်။
ဒေလီယာက ချန်လွေ့တို့နှစ်ယောက် ပုံစံကို မြင်သည့်အခါ အံ့အားသင့်သွားသည်။
“ဒိုဒို။ နင် ပါ့ဂ်လီအို နဲ့ ဘာလုပ်နေတာလဲ။”
“ အဲဒါ ဒိုဒို မဟုတ်ဘူး...”
အသီနာက တည်ငြိမ်နေသော “ဒိုဒို” နှင့် သောင်းကြမ်းနေသော အဆိပ်နဂါးတို့ကို ကြည့်လိုက်သည်။ သူ၏ ပင်ပန်းနွမ်းနယ်မှုများ ရုတ်တရက် ပျောက်ကွယ်သွားပြီး လှပသော အနီရောင်မျက်လုံးထဲ၌ အံ့အားသင့်မှုများဖြင့် အရောင်လက်နေခဲ့သည်။
ရတနာအကြောင်း ရှင်းပြပြီးနောက် အဆိပ်နဂါး မသောင်းကြမ်းတော့ပေ။ သူက ဝိုင်ပုလင်းများကို ယူပြီး တစ်ယောက်တည်း သောက်တော့သည်။
မိမိ၏ အကူအညီဖြင့် ရိုမန်၏ [ မိစ္ဆာမျက်လုံး ] သည် အောင်အောင်မြင်မြင်နှင့် အဆင့်တက်သွားပြီး နတ်ဆိုးဧကရာဇ်အဆင့် မိစ္ဆာမျက်လုံးဘုရင်အား တသက်သာ သားရဲအဖော်အဖြစ် သိမ်းသွင်းနိုင်ခဲ့ကြောင်း ဒေလီယာထံမှ ချန်လွေ့ သိခဲ့ရသည်။ အမှောင်လမြို့သို့ ပြန်ပြီးနောက် ရိုမန်သည် စွမ်းအားထပ်တိုးရန် မျှော်လင့်ချက်ဖြင့် တံခါးပိတ် လေ့ကျင့်နေခဲ့သည်။
“ ဒီတစ်ခေါက်က ခေါင်းဆောင်ကြောင့်သာ မဟုတ်ရင် ရိုမန် သေသွားလောက်ပြီ။ အဆင့်တက်ဖို့ နဲ့ နတ်ဆိုးဧကရာဇ်အဆင့် သားရဲအဖော်ကို ရဖို့ပြောမနေနဲ့။ ခေါင်းဆောင်က ပြန်လည်ရှင်သန်ခြင်း ဆေးရည်တစ်ပုလင်း သုံးလိုက်ရတဲ့ပုံပဲ။”
ဒေလီယာက ကျေးဇူးတင်ကြောင်း ဖော်ပြလိုက်သည်။
“ အဲဒီ နှလုံးသားမဲ့တဲ့သူက သူ့ခံစားချက်တွေကို ထုတ်ပြောမတတ်တာ ကျွန်မသိတယ်။”
“ သူက ထုတ်မပြောတတ်တာ မဟုတ်ဘူး။”
ချန်လွေ့ ခေါင်းခါလိုက်သည်။
“ထုတ်ပြောစရာ မလိုပါဘူး။ မင်းရောပဲ။ ဒေလီယာ။”
အသီနာက ဒေလီယာ၏လက်ကို ကိုင်လိုက်၏။ ဒေလီယာက အသီနာကို ဖျပ်ခနဲ ကြည့်လိုက်သည်။ ထို့နောက် ချန်လွေ့ကို ကြည့်သည်။ သူ၏ အကြည့်သည် တည်ငြိမ်မှုများနှင့် ဝင်းလက်နေပြီး ခေါင်းညိတ်လိုက်သည်။
“ ဒါပေမဲ့ “နှလုံးသားမဲ့” တယ်ဆိုတဲ့ အသုံးကို တခြားတစ်ယောက်ကို ပေးတာ ပိုသင့်တော်မယ်။ ”
ချန်လွေ့က ဘေးဖက်က နဂါးကို ဖျပ်ခနဲ ကြည့်လိုက်သည်။
နဂါးက မကြားချင် ဟန်ဆောင်လိုက်သည်။ ငါ့ရတနာတွေ အဆင်ပြေရင် ရပြီ။
ထိုအချိန်၌ ခီရာက ဝင်းထဲသို့ အမြန်ပြေးလာ၏။ အဝေးမှ ချန်လွေ့ကိုမြင်သွားရာ သူ အံ့အားသင့်သွားသည်။
“ ဒိုဒို။ နင်က ဒီကိုရောက်နေတာကိုး...”
ချန်လွေ့၏ ခပ်နောက်နောက်အကြည့်ကို မြင်သည့်အခါ ကဝေမက ချက်ချင်း သဘောပေါက်သွားပြီး ပျော်ရွှင်စွာ ပြောလိုက်သည်။
“ အား။ ရှင် ပြန်လာပြီပဲ...”
အသီနာက မေးသည်။
“ခီရာ။ နင်ဘာလို့ အလန့်တကြား ဖြစ်နေတာလဲ။”
“ မင်းသမီးလေး ပျောက်နေတယ်။ ”
ခီရာ အနည်းငယ် စိုးရိမ်နေပုံရသည်။
“ သူ့ကိုမတွေ့တာ တော်တော်ကြာပြီ။ လွန်ခဲ့တဲ့ ၃၊၄ နာရီတုန်းကတော့ သူနဲ့ချန်လွေ့....အဲဒါ ဒိုဒို ဖြစ်မယ်။ သူတို့က ချို၃ချောင်းကြံ့ စီးပြီးတော့ အရှေ့ဘက်ဂိတ်တံခါးကနေ အရှေ့ဘက်ကို ထွက်သွားကြတယ်လို့ တစ်ယောက်ယောက် ပြောခဲ့တယ်။ ဒီကိစ္စကို တော်ဝင်မင်းသမီး သတိထားမိသွားပြီ။ ”
“ အရှေ့ဘက်ကိုလား။ ”
အသီနာ ချက်ချင်း တုံ့ပြန်လိုက်ပြီး ရုတ်တရက် မတ်တပ်ရပ်ကာ အော်ပြောသည်။
“ အဲလစ်က ရတနာ ရှာဖို့အတွက် ရေကန်ပြာ တောင်ခြေကို သွားတာလား။ ”
“ ထင်တာပဲ။ အဲဒါကြောင့် ငါ ချက်ချင်းပဲ ပါ့ဂ်လီအို ဆီကနေ အကူအညီ လာတောင်းတာ။”
ခီရာ ခေါင်းညိတ်လိုက်လိုက်သည်။
ရတနာ အစီအစဉ်မှာ ထိပ်တန်းလျို့ဝှက်ချက်တစ်ခု ဖြစ်သည်။ လက်ရှိလူအနည်းငယ်မှလွဲ၍ ရှီရာနှင့် ဂါ့စ်တို့သာ ထိုအကြောင်းကို သိကြသည်။ သူတို့သည် အဲလစ်ကို မပြောပြခဲ့ကြပေ။
“ရတနာသိုက်”ကို ပါ့ဂ်လီအိုနှင့် ချန်လွေ့တို့က စီစဉ်ထားခြင်း ဖြစ်သည်။ ၎င်းမှာ နဂါးထွင်းစာနှင့် မှော်စက်ဝိုင်းများကို ပေါင်းစပ်ထားသော ဝင်္ကပါတစ်ခု ဖြစ်သည်။ ချန်လွေ့ သို့မဟုတ် ပါ့ဂ်လီအို လမ်းမပြဘဲနှင့် အသီနာနှင့် အခြားသူများသည်ပင် အထဲကို မဝင်ရောက်နိုင်ကြပေ။ ယခင်တစ်ခေါက်က အသက်ဓာတ်ရေစက်ကို “ရှာတွေ့”ခဲ့သည်မှာ ပါ့ဂ်လီအိုက မြို့စောင့်တပ်သားအဖြစ် ဟန်ဆောင်ပြီး အသီနာအား လမ်းပြခဲ့ သောကြောင့်ပင် ဖြစ်သည်။
ယခုတွင် အမှောင်လမြို့၌ ရတနာမုဆိုး အများအပြား စုဝေးနေကြသည်။ သို့သော်လည်း မည်သူမျှ ၎င်းကို အဖြေမရှာနိုင်ကြပေ။ ဝင်္ကဂါသည် အတော်လေး ရှုပ်ထွေးလှကြောင်း မြင်နိုင်ပေသည်။ ထို့ပြင် သေစေနိုင်သော မှော်စက်ဝိုင်းများနှင့် ထွင်းစာများ ရှိနေသည့်အတွက် ခီရာ စိုးရိမ်နေခြင်း ဖြစ်သည်။
အသီနာက လက်သီးကျစ်ကျစ်ဆုပ်ပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်လိုက်သည်။
“ ပြီးခဲ့တဲ့ သုံးလေးရက်တုန်းက သူငါ့ကို အဖော်လိုက်သွားပေးဖို့ ပေးခဲ့သေးတယ်။ ဒါပေမဲ့ ငါ အလုပ်ရှုပ်နေခဲ့တာ။ ပြီးတော့ အဲဒီနေရာက အန္တရာယ်များတယ်လေ။ အဲဒါကြောင့် ငါသူ့ကို ကတိ မပေးခဲ့ဘူး။ ငါ စောစောကသိရင် သူနဲ့လိုက်သွားပြီး သူသိချင်တာကို ဖြည့်ဆည်းပေးလိုက်ပါတယ်။ ”
လိုလီလေးသည် အမှန်တကယ်ပင် သတ္တိရှိလှသည်။ အသီနာ အလယ်ဆင့်နတ်ဆိုး ဖြစ်စဉ်က သူသည် အသီနာနှင့်အတူ မိုးသစ်တောမည်းကဲ့သို့ အန္တရာယ်များသော နေရာသို့ သွားခဲ့သည်။ ယခုတွင် သူသည် ဒိုဒိုကို တိတ်တိတ်လေး ခေါ်သွားကာ ရတနာ သွားရှာနေလေပြီ။
“ဒါက နင့်အမှား မဟုတ်ပါဘူး။ အဲဒီပြဿနာအိုး ကြောင့်ပဲ။ ငါ ရေကန်ပြာတောင်ခြေဆီ သွားလိုက်မယ်။ ”
အချိန်သိပ်မရှိကြောင်း သိသည့်အတွက် ချန်လွေ့ ချက်ချင်း ထရပ်လိုက်သည်။
ငါက အခုပဲ ပြန်ရောက်လာတာ။ အသီနာနဲ့ ခီရာတို့နဲ့တောင် ရင်းရင်းနှီးနှီး မနေရသေးဘူး။ ဒီလိုကိစ္စမျိုးနဲ့ ကြုံရသေးတယ်။ ကြည့်ရတာ လိုလီလေးက တကယ့်ကို ပြဿနာအိုးပဲ။
“ အင်း။ နင် အဲလစ်ကို သေချာပေါက် ပြန်ခေါ်လာရမယ်။ ”
ရတနာသိုက်ထဲမှ မှော်စက်ဝိုင်းများမှာ ရှုပ်ထွေးလှကြောင့် အသီနာ သိသည်။ ထို့နောက် ချန်လွေ့နောက် လိုက်သွားခြင်းမှာ အချိန်ဖြုန်းခြင်း သက်သက်သာ ဖြစ်သည်။ ထို့နောက် အသီနာက တစ်စုံတစ်ခုကို တွေးမိသွားပြီး ချန်လွေ့ကို ဆွဲခေါ်ကာ ပြောသည်။
“ သူ့ကို အပြစ်မတင်နဲ့ဦး။ သူက အခုတလော စိတ်မကြည် ဖြစ်နေသလိုပဲ။ ”
ချန်လွေ့က ပုံမှန်အတိုင်းပင် ခေါင်းညိတ်လိုက်သည်။
“ စိတ်မပူပါနဲ့။ ဒါက ကလေးတစ်ယောက် လျှောက်လုပ်နေတာပဲ။ ကိုယ်က သူ့ကို ဘယ်လိုလုပ် အပြစ်တင်ရမှာလဲ။ ”
အသီနာက ချန်လွေ့က ဖျပ်ခနဲ ကြည့်လိုက်သည်။
“ သူက... ကလေး မဟုတ်တော့ဘူး။ ”
ဒိုဒို ရှိနေသော်လည်း အဲလစ်၏ အခြေအနေမှာ အန္တရာယ် ရှိနေဆဲပင် ဖြစ်သည်။ ချန်လွေ့ အချိန် မဖြုန်းခဲ့ပေ။ သူ ရုပ်ဖျက်ပြီး မြင်းနက်လေးကိုစီးကာ အိမ်ထဲမှ ထွက်သွားသည်။ မြို့ထဲမှ ထွက်ပြီးနောက် အရှေ့ဘက်သို့ အမြန်သွားတော့သည်။
လမ်းတစ်လျှောက်၌ ချန်လွေ့သည် ရှေ့သွားလိုက် နောက်သွားလိုက် လုပ်နေကြသော ရတနာမုဆိုးများကို မြင်ရသည်။ သူသည် ဖြတ်သွားဖြတ်လာများ စိုက်ကြည့်နေသည်ကို အာရုံမထားဘဲ နတ်မိစ္ဆာသားရဲကို အရှိန်ကုန် တင်ခိုင်းလိုက်သည်။ ဖြတ်သားဖြတ်လာများက အဝေးမှနေ၍ အနက်ရောင် အစက်တစ်စက်က မြင်းနက်အဖြစ် အလျင်အမြန် ကြီးသွားသည်ကိုသာ မြင်ခဲ့ရသည်။ သူတို့ကို ဖြတ်သွားပြီးနောက် ၎င်းသည် အဝေးသို့သွားကာ ပျောက်ကွယ်သွားတော့သည်။
ချန်လွေ့သည် ရေကန်ပြာ တောင်ခြေရှိ “ရတနာသိုက်” ဝင်ပေါက်ဧရိယာထဲသို့ အရှိန်ကုန် ပြေးသွားခဲ့သည်။ မြင်းနက်လေးသည် နတ်မိစ္ဆာသားရဲအသွင် မပြောင်းခဲ့သော်လည်း ထိုမြင့်မြတ်ထူးကဲသော မြင်းသည် လူအများ၏ အာရုံစိုက်ခြင်းကို ခံလိုက်ရသည်။
သူ မြင်းပေါ်မှ ဆင်းပြီးသည်နှင့် နတ်ဆိုး အနည်းငယ်၏ ဆိုးယုတ်သော အကြည့်ဖြင့် စိုက်ကြည့်ခံလိုက်ရသည်။ ဒီလူတွေ တစ်နေ့လုံး လျှောက်သွားနေတယ်ဆိုတာ ငါပြောနိုင်တယ်။
“ ဟေး ”
ခေါင်းဆောင်ငယ်လေး တစ်ယောက်နှင့်တူသော မဟာနတ်ဆိုးတစ်ယောက် ရောက်လာ၏။
“ ငါ့မြင်းကို ရှာမတွေ့တော့တာ ဒါကြောင့်ကိုး။ မင်း ခိုးသွားတာပဲ။ မျိုးမစစ်ကောင်။ မင်း မသေချင်ဘူး ဆိုရင် ချက်ချင်း ပြန်ပေးလိုက်။ မဟုတ်လို့ကတော့..”
သူပြော၍ မပြီးသေးခင်မှာပင် ထိုသူက မြင်းနှင့်အတူ လမ်းလျှောက်လာပြီး သူ့ကို ဖျပ်ခနဲ ကြည့်လိုက်သည်။ မဟာနတ်ဆိုးလည်း ချက်ချင်း စကားပြော ရပ်သွားခဲ့သည်။ သူ၏ခန္ဓာကိုယ်သည် တစ်စုံတစ်ခု၏ ဟန့်တားခြင်းကို ခံလိုက်ရပုံရသည်။ သူ မလှုပ်ရဲ တော့ပေ။ ထိုအခြေအနေက မဟာနတ်ဆိုးကို ဝိုင်းဝန်းရန် ပြင်နေကြသော ငယ်သားများကို ရပ်တန့်သွားစေသည်။
အနီးအနားရှိ ရတနာမုဆိုးများက ထိုအုပ်စုသည် အမြဲပင် အားနည်းသူများကို အနိုင်ကျင့်ကာ စွမ်းအားကြီးသူများကို ကြောက်ရွံ့ကြကြောင်း သိသည်။ ယခုတွင် သူတို့သည် လူမှားပြီး ပြဿနာ ရှာမိသွားပုံရသည်။
“ ငါ လူနှစ်ယောက် ရှာနေတာ။ ၁၃နှစ်၊ ၁၄ နှစ်အရွယ် ဆံပင်ရွှေရောင် ကောင်မလေးတစ်ယောက်နဲ့ ယောက်ျားလေးတစ်ယောက်.... ”
ချန်လွေ့သည် အသေးစိတ်များအတွက် အချိန်မရှိပေ။ သူက အဲလစ် နှင့် “သူ့” ပုံစံကို ရိုးရိုးလေး ဖော်ပြလိုက်သည်။
“ အဲဒီလူနှစ်ယောက်က ဘယ်ဘက်က တောင်လမ်းကို ဝင်သွားခဲ့တာ... ”
မဟာနတ်ဆိုးက အလျင်အမြန် ပြန်ဖြေသည်။ သူက ကြောက်မက်ဖွယ်ရာအကြည့် တဖြည်းဖြည်း ဖယ်ရှားသွားကြောင်း ခံစားမိသော်လည်း မလှုပ်ရှား ရဲသေးပေ။
နောက်လိုက်များက ထိုသူ ပျောက်ကွယ်သွားသည့် အခါမှသာ သူ့ကို ဝိုင်းရံရဲကြတော့သည်။
“ ခေါင်းဆောင် ရစ်ချတ်ဆန်။ သူ့ကို ဘာလို့ လမ်းအမှား မပြောလိုက်တာလဲ။ ”
မဟာနတ်ဆိုးက မျက်နှာပေါ်မှ ချွေးစေးများကို သုတ်ပြီး ကြောက်ရွံ့စွာ ပြောသည်။
“ အဲဒီလူက တော်တော်လေး ကြောက်စရာ ကောင်းတယ်။ သူ့ကိုကြည့်ရုံနဲ့တင် ငါ့ရဲ့ဝိညာဉ် ဖျက်ဆီးခံနေရသလိုမျိုး ခံစားရတယ်။ ငါတစ်ခုခု မဟုတ်တာပြောမိရင် ငါတကယ် သုတ်သင်ခံလိုက်ရမှာ စိုးရတယ်။ ”
ချန်လွေ့သည် ထိုသူများ၏ ဆွေးနွေးမှုများကို ဂရုစိုက်မအားတော့ပေ။ သူက မြင်းနက်လေးကို ဘေးကင်းသောနေရာတစ်ခု၌ ထားရစ်ခဲ့ပြီး စကားအနည်းငယ် ပြောလိုက်သည်။ ထို့နောက် “ရတနာ” ဝင်္ဂပါထဲသို့ ပျောက်ကွယ်သွားတော့သည်။