ကတိ
Vol. 24 Ch. 351
ရေကန်ပြာ တောင်ခြေ -
“ရတနာသိုက်” ရှိရာ တစ်နေရာရာ၌ -
ဆံပင်ရွှေရောင်နှင့် ကောင်မလေးတစ်ယောက် မြေပြင်ပေါ်တွင် ထိုင်နေသည်။ သူ၏ လှပပြီး နူးညံ့သော မျက်နှာတွင် ဒေါသများ ပြည့်နှက်နေ၏။ ကွေးကောက်နေသော ရွှေရောင်ဆံပင်များသည် ချွေးကြောင့် စေးကပ်နေကြသည်။ သူ၏ သနပ်ခါးရောင် ဂါဝန်သည် အတော်လေး ညစ်ပေပြီး စုတ်ပြဲနေ၏။ သူသည် အတော်လေး သနားစရာ ကောင်းလှပေသည်။
“ဒိုဒို။ နင် တကယ် သွားတတ်တာလား။”
“မင်းသမီးလေး။ ဒိုဒို စဉ်းစားလိုက်ဦးမယ်....” ချွဲကျိကောင်သည် မူလအတိုင်း အစိမ်းရောင် ကြက်သွန်နီပုံသဏ္ဍန်သို့ ပြန်ပြောင်းထားပြီ ဖြစ်သည်။ ရှေ့မှ လမ်းဆုံကိုကြည့်ရင်း သူ၏ နဖူးပေါ်တွင် ချွေးများစို့လာဟန်တူသည်။
ဒိုဒိုသည် စိတ်ထဲ၌ နောင်တရလာသည်။ ငါ မင်းသမီးလေးရဲ့ တစ်လစာ ဝိုင်ကောင်းကောင်း တိုက်မယ်ဆိုတဲ့ “အလကားအထောက်အပံ့”ကို မက်မောပြီးတော့ ဒီလိုအန္တရာယ်များတဲ့နေရာကို မလိုက်ခဲ့သင့်ဘူး။
ချွဲကျိကောင်သည် ထိုရတနာနေရာ၏ လျို့ဝှက်ချက်ကို မသိပေ။ သို့သော်လည်း သူသည် မဒမ်ထံမှ စကားတစ်လုံးနှစ်လုံးကို ရံဖန်ရံခါ ကြားခဲ့ရသည့်အတွက် စိတ်ထဲ၌ အနည်းငယ် သဘောပေါက်ခဲ့သည်။ မိုးသစ်တောမည်းထဲ၌ နှစ်ပေါင်းများစွာကြာအောင် ထို“ထောင်ခြောက်များ”အား ကိုင်တွယ်ခဲ့ရသည့် အတွေ့အကြုံများအရ ပြဿနာမရှိဟု သူတွေးမိခဲ့ခြင်းပင်။ ထို့ကြောင့် အဲလစ်၏ “အကျိုးအမြတ်ကြီး”၏ ဆွဲဆောင်မှုအောက်တွင် လောဘဇောတက်သွားသော ဒိုဒိုက သဘောတူခဲ့လေသည်။
ကံကောင်းစွာပင် ချွဲကျိကောင်သည် သခင်ဖြစ်သူ၏ တင်းကြပ်သော အမိန့်များကို သတိရနေသေးသည်။ သူသည် ချန်လွေ့၏ စွမ်းအားများကို ထုတ်ဖော် မပြောပြခဲ့ပေ။
သို့သော်လည်း ဒိုဒို၏ ယုံကြည်ချက်မှာ မိုးသစ်တောမည်း၌ သေခါနီး နဂါး ခင်းကျင်းခဲ့သော ထွင်းစာပေါ်တွင် အခြေခံခြင်း ဖြစ်သည်။ ချန်လွေ့နှင့် ပါ့ဂ်လီအိုတို့ ခင်းကျင်းထားသော ယခုစွမ်းအားမှာ လုံးဝကွဲပြားနေသည်။ ချွဲကျိကောင်၏ “အတွေ့အကြုံ” ဆိုသည်မှာ ၎င်း၏ မသေနိုင်သော ခန္ဓာကိုယ်ကို အသုံးပြုပြီး ထောင်ခြောက်ကို ခုခံရန် ဖြစ်သည်။ ထို့နောက် သူသည် ထူးဆန်းသောအားတစ်မျိုးကိုသုံးပြီး ထောင်ခြောက်ကို ယာယီ ရပ်တန့်စေကာ အဲလစ် ဖြတ်သန်းသွားနိုင်အောင် ပြုလုပ်ပေမည်။
ပြဿနာမှာ ထိုထွင်းစာများနှင့် မှော်စက်ဝိုင်များမှာ နာကျင်ခြင်းသက်သက်သာ မဟုတ်တော့ပေ။ ထင်ယောင်ထင်မှား နှင့် လမ်းလွှဲခြင်းများ ပိုများနေသည်။ ချွဲကျိကောင်သည် အဲလစ်အား ခေါ်သွားပြီး ခဏအကြာ လမ်းပျောက်သွားခဲ့သည်။ သူတို့သည် ကြောက်မက်ဖွယ်ရောကောင်းသော ပေါက်ကွဲမှုထောင်ခြောက်ထဲသို့ ရောက်လုမတတ် ဖြစ်သွားခဲ့သေးသည်။ ထိုစဉ်က ဒိုဒိုသည် ဒိုင်းကာကြီး မဖြစ်နေခဲ့လျှင် အဲလစ် အပြင်းအထန် ဒဏ်ရာ ရသွားပေလိမ့်မည်။
အဲလစ် သံသယ ဝင်နေသည်ကို ရင်ဆိုင်ရသည့်အခါ ချွဲကျိကောင် ပို၍ပင် ချွေးပြန်လာတော့သည်။ သူ့တွင် ထူးခြားသော ပါရမီတစ်ခု ရှိသည်။ ထို့ကြောင့် သူသည် လမ်းဆုံ တစ်ဝိုက်ရှိ ထောင်ခြောက်များကို ခံစားနိုင်သည်။ အန္တရာယ် အငွေ့အသက် ရနေတယ်။ မေးစရာက ဘယ်ဟာက အန္တရာယ်ပိုနည်းတာလဲ။ အကြိမ်များစွာ အပိုင်းပိုင်း ဖြစ်သွားခဲ့ပြီးသော ချွဲကျိကောင်တွင် စွမ်းအားသိပ်မရှိတော့ပေ။ သို့သော်လည်း အဲလစ်ကိုချန်ထားပြီး တစ်ယောက်တည်း လစ်ထွက်သွားခဲ့လျှင် သူ လွတ်မြောက်နိုင်သည့်တိုင် သူ၏သခင်နှင့် မဒမ်တို့၏ အမှန်တကယ် အစိတ်စိတ်ပိုင်းခြင်းကို ခံရမည်ဖြစ်ကြောင်း သူ သေချာသိသည်။
ချွဲကျိကောင် စဉ်းစားလိုက်သည်။ ပုံမှန်ဆိုရင် နတ်ဆိုးဘုံရဲ့ သစ်သီးတွေမှာ အလယ်ပိုင်းက အကောင်းဆုံးပဲ။ ဒီတော့....အလယ်လမ်းပေါ့။
အဲလစ်သည် ဒိုဒို လမ်းရွေးချယ်ခြင်း၏ အခြေခံကို မသိပေ။ အလယ်လမ်း၌ ဒိုဒို ခုန်ပေါက်နေသည်ကို မြင်သည့်အခါ အဲလစ် ချက်ချင်း မတ်တပ်ရပ်ပြီး လိုက်သွားတော့သည်။ မှော်ထောင်ခြောက်သို့ ချဉ်းကပ်လာစဉ် ဒိုဒိုသည် မှော်ထောင်ခြောက်၏ ခြိမ်းခြောက်မှု ရုတ်တရက် ပျောက်ကွယ်သွားကြောင်း ခံစားလိုက်ရသည်။ လက်စသတ်တော့ အန္တရာယ်က ပုံရိပ်ယောင် ဖြစ်နေတာကိုး။ ဆာ-ဒိုဒိုရဲ့ ရွေးချယ်မှုက တကယ့်ကို ပါးနပ်တာပဲ..…
ချွဲကျိကောင် ကိုယ့်ကိုယ်ကိုယ် ချီးကျူး မပြီးသေးခင်မှာပင် အရှေ့တွင် ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။ ဒိုဒို အံ့အားသင့်သွား၏။ ထိုသူကို သူ သေသေချာချာ မြင်လိုက်သည့်အခါ မျက်နှာချိုသွေးကာ အလျင်အမြန် ပြုံးပြလိုက်သည်။ “လက်စသတ်တော့ ကြီးမြတ်လှတဲ့ သခင် ရောက်လာတာကိုး။ ကောင်းသွားပြီ....”
ချန်လွေ့၏ စွမ်းအားမှာ ယခုတွင် ဒိုဒိုထက် သာနေပြီ ဖြစ်သည်။ ထို့ပြင် ချန်လွေ့၏ [ အရုဏ်ဦးပစ်ချက် ] စွမ်းအားသညါ ဒိုဒိုကို ချုပ်တည်းနိုင်သည်။ ထို့ကြောင့် ဒိုဒိုသည် စိတ်ထဲ၌ သခင်ဖြစ်သူအား ကြောက်ရွံ့သည်။ ဉာဏ်များလှသော ချွဲကျိကောင်က ထိုခရီးသည် ပြဿနာကြီးတစ်ခု ဖြစ်သွားစေခဲ့ကြောင်း သိလိုက်ပြီး ချန်လွေ့ကို ကျေနပ်စေရန် အလျင်အမြန် ပြုလုပ်ခဲ့သည်။ သခင်ပြောတဲ့ စကားတစ်ခွန်း ရှိတယ်မဟုတ်လား။ ဘယ်သူကမှ ပြုံးနေတဲ့ မျက်နှာကို အနိုင်မယူနိုင်ဘူးလေ။ “ပြန်ရောက်ရင် ငါမင်းနဲ့ စာရင်းရှင်းမယ်။” ချန်လွေ့သည် ဒိုဒို၏ မြှောက်ပင့်မှုများကို လျစ်လျူရှုပြီး ပြင်းပြင်းထန်ထန် စိုင်ကြည့်လိုက်သည်။ ချွဲကျိကောင်၏ နှလုံးသား တင်းကြပ်သွားပြီး သခင်ပြောခဲ့ဖူးသည့် စကားတစ်ခွန်းကို သတိရလိုက်သည်။ နောက်မှ စာရင်းရှင်းမယ်။
ဒိုဒို၏ ခုနက ဆုံးဖြတ်ချက်မှာ အမှန်တကယ် မှားယွင်းနေခဲ့သည်။ အလယ်လမ်းမှ ထွင်းစာသည် အစွမ်းအထက်ဆုံးဖြစ်ပြီး အလွန်အမင်း ပြင်းထန်လှသည်။ ပေါက်ကွဲသွားသည်နှင့် ဒိုဒို မသေနိုင်သော်လည်း နောက်မှ အဲလစ်ကို သေချာပေါက် ထိသွားမည် ဖြစ်သည်။ အကယ်၍ ချန်လွေ့သည် အချိန်မီ ရောက်မလာဘဲ ထွင်းစာကို မဖိနှိပ်နိုင်ခဲ့လျှင်...အကျိုးဆက်များမှာ ဆိုးဝါးနိုင်ပေသည်။
“ချန်လွေ့။ နင်ပြန်ရောက်လာပြီပဲ....”
ချန်လွေ့ ပေါ်ထွက်လာခြင်းကြောင့် အဲလစ်၏ မျက်လုံးများ အရောင်တောက်သွား၏။ သူ၏ ပင်ပန်းနေသော ခန္ဓာကိုယ်သည် တဖန်ပြန်၍ အားအင်ရှိလာသကဲ့သို့ ဖြစ်သွားကာ ပျော်ရွှင်စွာဖြင့် လမ်းလျှောက်လာလိုက်သည်။ သူက လူသား၏ မည်းမှောင်နေသော မျက်နှာကို မြင်သည့်အခါ စိတ်အားတက်ကြွမှုများ ပျောက်ကွယ်သွားတော့သည်။ သူ မပျော်မရွှင်နှင့် နှုတ်ခမ်းစူလိုက်၏။
“ဒီမှာ အန္တရာယ်များလွန်းတယ်။ ဒီကနေ အရင် ထွက်သွားရအောင်။ မင်းတို့နှစ်ယောက် ငါ့နဲ့ လိုက်ခဲ့ကြ။ ငါ့ခြေလှမ်းအတိုင်း သေချာလိုက်သွား။”
ချန်လွေ့သည် အဲလစ်နှင့် ဒိုဒိုတို့ကို ဦးဆောင်ပြီး ဟိုဟိုဒီဒီ သွားခဲ့သည်။ နောက်ဆုံး၌ သူတို့သည် မြင်းနက်လေးရှိသော ဘေးကင်းသည့်နေရာကို ရှာတွေ့သွားခဲ့သည်။ မြင်းနက်လေးကို တွေ့သည့်အခါ ဒိုဒို အပြေးအလွှား ခုန်လွှားလာသည်။ သို့သော်လည်း မြင်းနက်လေးသည် ထိုချွဲကျိကောင်ကို လုံးဝ ဂရုမထားပေ။ ၎င်းသည် မြေကြီးကို ဆောင့်နင်းပြီး ဒိုဒိုအား သတိပေးလိုင်စာ်။
“ပြန်ရအောင်။”
အဲလစ်သည် ခေါင်းငုံ့ထားခဲ့သည်။ ထိုစကားကို ကြားသည့်အခါ သူ ခေါင်းမော့လိုက်ပြီး ခေါင်းမာသော အမူအရာ ပြသလိုက်သည်။ “မပြန်ဘူး။”
ချန်လွေ့ မျက်မှောင်ကြုတ်သွားပြီး လေသံ အနည်းငယ် တင်းမာသွားခဲ့သည်။ “ဒီမှာ အန္တရာယ်များတာ မင်း မသိဘူးလား။ ခုနက ငါမင်းကို မရှာတွေ့ရင် မင်း သေသွားလောက်ပြီ။”
“ဂရုမစိုက်ဘူး။ ငါမပြန်ဘူး။”
အဲလစ်သည် အကြောင်းရင်းမရှိဘဲ ရုတ်တရက် ပေါက်ကွဲထွက်သွားသည်။
ချန်လွေ့ စိတ်ထဲ၌ ဒေါသထွက်သွး၏။ လိုလီလေး၏ မျက်လုံးဝိုင်းဝိုင်းထဲ၌ မျက်ရည်များ ဝဲနေသည်ကို မြင်သွားရင်း မသွားခင်က အသီနာ ပြောခဲ့သည်များကို ချန်လွေ့ သတိရမိသွားကာ အတော်လေး စိတ်တည်ငြိမ်သွား၏။ နောက်ထပ် စဉ်းစားပြီးနောက် ချန်လွေ့သည် ဒိုဒိုနှင့် မြင်းနက်လေးကို အရင် ပြန်ခိုင်းလိုက်သည်။ ယခုသည် ထွင်းစာ အလိုအလျောက် ပြောင်းလဲမည့်အချိန် မဟုတ်သေးပေ။ ထို့ကြောင့် မြင်းနက်လေး လမ်းမှတ်မိ၏။
ဒိုဒိုနှင့် မြင်းနက်လေးတို့ ထွက်သွားပြီးသည့်အခါ အဲလစ်သည် နှုတ်ခမ်းကို ကိုက်ထားပြီး စကားတစ်လုံးမှ မပြောသေးပေ။ သူ စိတ်ကောက်နေပုံရသည်။
“ဗိုက်ဆာနေလား။”
လိုလီလေး၏ မျက်လုံးအရှေ့၌ ရနံ့မွှေးလှသော ပူတင်းတစ်ခု ထွက်ပေါ်လာ၏။
လိုလီလေး တိတ်တဆိတ် တံတွေး မျိုချလိုက်သည်။ သို့သော်လည်း သူသည် ခေါင်းမာမာနှင့် ဆက်လက် နှုတ်ဆိတ်နေခဲ့သည်။
“ဒါက ဘလူးဘယ်ရီ အရသာလေ။ မင်းအကြိုက် မဟုတ်ဘူးလား။”
ပုံမှန်အတိုင်းသာဆိုလျှင် လိုလီလေးသည် ၎င်းကို ဖမ်းယူလိုက်မည် ဖြစ်သည်။ သို့သော် အံ့အားသင့်သွားပင် သူ မလှုပ်ခဲ့ပေ။ သူ ခေါင်းငုံ့ထားရင်း ပြောလိုက်သည်။ “စားပြီးရင် ဘာဖြစ်မှာလဲ။ နင့်နောက် ပြန်လိုက်ရမှာလား။”
“ဒီမှာ အန္တရာယ် များလွန်းတယ်။ အဲဒါကြောင့် ငါတို့တွေ ပြန်မှရမှာ.....”
“ဟုတ်လား။ စကားနားမထောင်တဲ့ ကောင်မလေးကို ထပ်ပြီးမိသွားပြန်ပြီ။” လိုလီလေး၏ လေသံသည် ထူးထူးခြားခြား အားလျော့နေ၏။ စိတ်ဓာတ်ကျနေသကဲ့သို့ပင် ဖြစ်နေသည်။ သူသည် ပူတင်းရှိနေသည်ကိုပင် အမှန်တကယ် လျစ်လျူရှုထားသည်။
ချန်လွေ့သည် “ထပ်ပြီး” ဟူသောစကားကို သတိထားမိသွားပြီး ဆက်မပြောတော့ပေ။
“ပြဿနာအိုး၊ အရှုပ်ထုပ်၊ မလိမ္မာတဲ့ ကောင်မလေး...” အဲလစ်၏ခေါင်း ပို၍ပင် စိုက်ကျသွားသည်။ “ငါ့အစ်မက ပင်ပင်ပန်းပန်းနဲ့ အလုပ်ကြိုးစားနေတယ်။ ငါ အလိုက်သိသင့်တာ။ ငါ သင်ယူသင့်တာ...”
အဲလစ်၏ အောက်စိုက်ကျနေသော မျက်နှာမှ သလင်းကျောက် မျက်ရည်စက်များ စီးကျလာသည်ကို ချန်လွေ့ သေသေချာချာ မြင်လိုက်ရသည်။
အဲလစ် ဆက်မပြောတော့သော်လည်း ချန်လွေ့သည် စိတ်ထဲ၌ တစ်စုံတစ်ခုကို သဘောပေါက်လိုက်သည်။
ဘယ်လိုပဲဖြစ်ဖြစ် အဲလစ်က ၁၄နှစ် ပဲလေ။ သူပြောသလို “ကောင်မလေး” တစ်ယောက်ပဲ။
ပြီးတော့လည်း သူက အရွယ်ရောက်ပြီးသားသူ တစ်ယောက်ဆိုရင်တောင် ငါတို့တွေ မိုက်မဲတဲ့ အချိန်တွေ၊ စိတ်မလိုမကျတဲ့အချိန်တွေ ရှိတာပဲ။ မင်းသမီး လက်လီစတိုးမှာ လူအများကြီး ရှိတယ်ဆိုတော့ အဆင်မပြေတာတွေလည်း များမှာပဲ။ ငါလည်း ၁၄နှစ်အရွယ် ဖြစ်ခဲ့ဖူးတာပဲလေ။ ကြည့်ရတာ ပုန်ကန်တဲ့အချိန် အစ ဖြစ်မယ်။ ငါ လောက မပြောင်းလာခင် တုန်းကဆိုရင် ဒီပုန်ကန်မှုက အရွယ်ရောက်တဲ့အထိ ဆက်ဖြစ်တာ။ တချို့အရာတွေက တစ်သက်လုံး ပါသွားတတ်တယ်။
“ချန်လွေ့။ ငါက အရှုံးသမား တစ်ယောက်လား။” လိုလီလေး ခေါင်းငုံ့ထားဆဲပင် ဖြစ်သည်။
ထိုအသုံးအနှုန်းသည် အနည်းငယ် လွန်ကဲလှသည်။ ချန်လွေ့ ခါးသက်သက်နှင့်ပြုံးရင်း ခေါင်းခါ လိုက်သည်။ အသက်ငယ်ငယ်လေး ရှိသေးတဲ့ ကောင်မလေးတစ်ယောက်.... နတ်ဆိုးတွေရဲ့ ရာချီတဲ့သက်တမ်းကို ဘေးဖယ်ထားမယ်ဆိုရင် သူ့ရဲ့အသက်က သာမန်လူသားတွေအတွက် အစပဲ ရှိသေးတယ်။ သူ့ကို ဘယ်လိုလုပ် အရှုံးသမားလို့ သတ်မှတ်လို့ ရမှာလဲ။
“ ငါ မသိဘူး။ ငါသိတာကတော့ မင်းထက် အသက်ကြီးတဲ့ တော်ဝင်မိန်းကလေးတွေက မိဘတွေရဲ့ အရိပ်အောက်မှာပဲ တစ်နေ့လုံး ပျော်ပါးပြီးတော့ သနားစရာဘဝနဲ့ အသက်ရှင် နေကြရတယ်။ တချို့တွေက အခြားသူတွေကို ရာထူးနဲ့ အနိုင်ကျင့် ဗိုလ်ကျကြတယ်။ ဘယ်သူကမှ စတိုးဆိုင်တစ်ဆိုင်ကို ကိုယ်တိုင်ဖွင့်ပြီးတော့ အိမ်နီးချင်းတိုင်းပြည်မှာ ဆိုင်ခွဲ မဖွင့်နိုင်ဘူး။ အဲလစ်က တော်တော်လေးကို မယုံနိုင်စရာ ကောင်းနေပြီလို့ ငါထင်တယ်။ ဒါက ချီးမွမ်းတာ မဟုတ်ဘူး။ စိတ်ရင်းနဲ့ပြောတာ။”
“တကယ်ပဲလား။” အဲလစ် ရုတ်တရက် ခေါင်းမော့လိုက်သည်။ သူ၏ မျက်ရည်ဝိုင်းနေသော မျက်လုံးထဲ၌ မျှော်လင့်ချက်များ အရောင်လက်သွား၏။
“ဒါပေါ့။” ချန်လွေ့ ခေါင်းညိတ်လိုက်သည်။
“ဒါဆို ငါ့ကိုပေး။”
“ဘာကိုလဲ။”
“ပူတင်းလေ။ ငါဗိုက်ဆာတာ သေတော့မယ်။”
ချန်လွေ့ စိတ်သက်သာရာ ရသွားပြီး ပူတင်းကို ကမ်းပေးလိုက်၏။ လိုလီလေးက ၎င်းကို ချက်ချင်းပင် အငမ်းမရ စားတော့သည်။
“ခုနက ( ဝါးနေ ).... ငါနင့်ကို ဒေါသထွက်အောင် လုပ်ခဲ့မိလား။”
“နည်းနည်းပါ။ ဒါပေမဲ့ ငါမင်းကို စိုးရိမ်လို့...”
ချန်လွေ့က အဲလစ်သည် ပူတင်းကို ချက်ချင်း စားပြီးသွားကြောင်း တွေ့လိုက်သည့်အခါ ဖျော်ရည်တစ်ခွက် ကမ်းပေးလိုက်သည်။ “အဲလစ်က ငါ့ရဲ့ရင်ထဲက အရေးအကြီးဆုံး ညီမလေး တစ်ယောက်ပါပဲ။”
“ဟမ့်။ ငါက ငါ့အစ်မရဲ့ ညီမလေးပဲ။” လိုလီလေးက ဖျော်ရည်ကိုသောက်ပြီး ခုနက ငိုခဲ့သော အရည်များကို ပြန်ဖြည့်တင်းလိုက်သည်။ “ငါ အသီနာလိုမျိုး နင့်ရဲ့ အရေးအကြီးဆုံး မိန်းကလေး ဖြစ်ချင်တယ်။”
ချန်လွေ့ ခေါင်းခါလိုက်သည်။ သူပြန်ပြောရန် ပြင်လိုက်စဉ် လိုလီလေး ဆက်ပြောသည်။ “ဒါမှမဟုတ်...ခီရာလိုလည်း အဆင်ပြေတယ်။ သူဘာလို့ အဲဒီမှာ ပြန်နေတာလဲဆိုတာ ငါမသိဘူး ထင်မနေနဲ့။ ဟီးဟီး....”
ချန်လွေ့ ကြက်သေသေသွားပြီးနောက် အဖြေတစ်ခု တွေးမိသွားပြီး ပြောလိုက်သည်။ “ အဲလစ်....မင်းက ငယ်သေးတယ်။ မင်း နားမလည်တာတွေ ရှိနေတယ်။”
“ငါက ဘာလို့ နားမလည်ရမှာလဲ။ ငါက ပညာရှင် တစ်ယောက်ပဲ။” အဲလစ်က ဖျော်ရည်ကို တစ်ငုံတည်းဖြင့် သောက်ချလိုက်သည်။ “အရင်တစ်ခေါက်တုန်းက အဲဒီကိစ္စကို အသီနာနဲ့ငါ ဆွေးနွေးနေခဲ့တာ။ ပြီးတော့ သူ့ကိုငါ “မင်းသမီး အနိုင်ကျင့်တာခံလိုက်ရတဲ့ လူချောလေး” ရဲ့ မိတ္တူတစ်အုပ် ပေးခဲ့တယ်။”
ထိုကိစ္စအကြောင်း ကြားသည့်အခါ ချန်လွေ့ ပို၍ပင် ဆွံ့အသွားခဲ့သည်။ အသီနာသည် ထိုညစ်ညမ်းဝတ္ထု၏ လွှမ်းမိုးမှုကို ခံခဲ့ရသည်မှာ အတော်ကြာပြီ ဖြစ်သည်။ [ စိတ်သန့်စင်ခြင်း ] ကြောင့် အန္တရာယ်ဖြစ်နေစဉ်အတွင်း ချန်လွေ့၏ ကလေး ရရန်အတွက် အသီနာသည် “အနံ့ဆိုးပြီး ပျစ်ချွဲချွဲ အဖြူရောင်အရည်များ”ကိုပင် မျိုချခဲ့သည်။
၎င်းသည် နတ်ဆိုးဘုံသို့ ရောက်လာကတည်းက သူပထမဆုံး ခံစားခဲ့ရသော အထူးဝန်ဆောင်မှု ဖြစ်သည်။ မည်သို့ပင် ဆိုစေကာမူ သူလည်း အကျိုးအမြတ်အချို့ ရရှိခဲ့သည်။
ပညာရှင် လိုလီလေးသည် ခုနက မျက်ရည်မျက်ခွက် မျက်နှာကို မေ့လျော့သွားဟန် တူသည်။ “ငါထပ်ပြီး အကြံပေးရဦးမလား.…”
“ရပြီ။” ချန်လွေ့သည် အဲလစ်အား ချက်ချင်း တားလိုက်သည်။ “အဲဒီစာအုပ်တွေ ထပ်မဖတ်နဲ့တော့။ တချို့ကိစ္စတွေကို မင်း အရွယ်ရောက်လာရင် နားလည်လာလိမ့်မယ်။”
“ငါ အရွယ်ရောက်နေပြီ။ ငါ့အရွယ် တချို့သူတွေဆို လက်ထပ်ပြီးသွားပြီ။” လိုလီလေး၏ သူ၏ ပြားချပ်နေသော ရင်သားကို ဖျပ်ခနဲကြည့်မိပြီး ယုံကြည်ချက်များ ရုတ်တရက် အားနည်းသွား၏။ သူ၏အသံ တိုးသွားသည်။ “နင်က ရင်သားကြီးတဲ့ မိန်းမတွေကိုပဲ သဘောကျတာလား...”
ချန်လွေ့ ကြောင်သွား၏။ “သဘောကျ”တာက ရင်သားကြီးတာနဲ့ တိုက်ရိုက်သက်ဆိုင်တာလား။
ဒါနဲ့ အသီနာရော ခီရာရောက.....
အသီနာ ရင်ဘတ်ကို ပုတ်လိုက်ရင် လှုပ်ရမ်းသွားတဲ့ သူ့ရဲ့ စနေနှစ်ခိုင်က လူတွေကို အမှန်တကယ် အံ့ဩသွားစေတာပဲ...
လိုလီလေး၏ ဒေါသထွက်နေသော မျက်နှာကို ကြည့်ရင်း ချန်လွေ့က အစစ်အမှန်လောကသို့ ပြန်ရောက်လာခဲ့ပြီး ခပ်မြန်မြန် ပြောလိုက်သည်။
“အဲလိုပဲ ထားပါဦး။ အဲလစ်။ မင်းက အခုမှ ဆန့်ကျင်ဘက်လိင်နဲ့ ထိတွေ့ဖူးတာ။ ဒါက မပြတ်သားတဲ့ ထင်မြင်ချက်တွေကို ဖြစ်စေနိုင်တယ်။ ဒါက တကယ် သဘောကျတာ မဟုတ်ဘူး။ မင်း အရွယ်ရောက်လာရင် မင်း တကယ်သဘောကျပြီးတော့ ချစ်ဖို့ထိုက်တန်တဲ့သူ တစ်ယောက်နဲ့ တွေ့လာရမှာပါ...”
ချန်လွေ့သည် ကျွမ်းကျင်သူပုံစံ ဖမ်းလိုက်သည်။ သူသည် အများအပြား ရှင်းပြန်ရန်အတွက် ဦးနှောက်ကို ဆွဲဆန့်လိုက်ရသည်။ အမှန်တကယ်၌ သူကိုယ်တိုင်သည် အတွေ့အကြုံ အနည်းငယ်သာ ရှိသည်။ သို့သော်လည်း လိုလီလေး၏ မျက်လုံးများမှာ တောက်ပသထက် တောက်ပလာခဲ့တော့သည်။ “ ဒါဆို...နင်က ရင်သားသေးတဲ့ မိန်းကလေးတွေကို မမုန်းဘူးပေါ့။”
ချန်လွေ့ ခဏတာ ဆွံ့အသွားခဲ့သည်။ ဒီလောက်တောင် ခက်ခက်ခဲခဲနဲ့ အများကြီး ရှင်းပြပြီးတာတောင် ဒီလိုလီလေး အာရုံစိုက်နေတာက တကယ်ကြီး အဲဒါလား....
သူ့ညီမနဲ့ တွဲတာကို ရှီရာသိသွားရင် နတ်ဆိုးဧကရာဇ်ထက် ကျော်လွန်တဲ့ စွမ်အားနဲ့ ပေါက်ကွဲထွက်သွားမှာ စိုးရိမ်ရတယ်။ အဓိက ကတော့ ငါ သူ့ညီမကို တကယ်တွဲဖို့ မရည်ရွယ်ထားဘူး။ အစ်မကိုပဲ ရည်ရွယ်တာ...
လိုလီလေး လမ်းဆုံးသို့ ရောက်တော့မည်ကို မြင်သွားပြီး ချန်လွေ့ကို အခြားနည်းလမ်းဖြင့် လမ်းပြပေးရတော့သည်။
“ငါက အသက်ငယ်လွန်တဲ့ မိန်းကလေးတွေကို သဘောမကျတာပါ။ ကတိတစ်ခုထားရအောင်။ နောက်ထပ် ၅နှစ်ကျလို့ မင်းမှာ သဘောကျတဲ့သူ မရှိသေးဘူးဆိုရင်....”
သူက နောက်၅နှစ်ဆိုရင် ၁၉နှစ် ပြည့်မှာပဲ။ တစ်ခုခု ဖြစ်လာရင်တောင် အနည်းဆုံးတော့ ငါ လိပ်ပြာလုံတယ်။ အဲလစ်က တော်တော်လေး ချစ်စရာကောင်းပါတယ်။ ဒါပေမဲ့ သူရဲ့ စရိုက်တွေကတော့....
မိန်းကလေးတွေက ၁၈နှစ် ပြည့်ပြီးရင် လုံးဝ ပြောင်းလဲသွားတယ်လို့ ငါကြားဖူးတယ်။
သူရော ပြောင်းလဲမှာလား။
“၅နှစ်လား။” လိုလီလေး ခဏခေါင်းမော့ပြီး ပြင်းပြင်းထန်ထန် ခေါင်းခါလိုက်သည်။ “မရဘူး။ ကြာလွန်းတယ်။ အဲဒီလောက်ကြာပြီးရင် နင် မိန်းမ ဘယ်နှစ်ယောက် ရှိနေမလဲ ဘယ်သူမှ မသိနိုင်ဘူး။ ငါ နံပါတ်ရာကျော်ကို ရောက်နေလောက်တယ်။”
ထိုစကားကြောင့် ချန်လွေ့ ချွေးပျံသွား၏။ လိုလီလေးသည် နှုတ်ခမ်းကိုစူထားပြီး အချိန်အကန့်အသတ်တစ်ခု ပေးလိုက်သည်။
“အများဆုံး တစ်နှစ်ပဲ။”
လိုလီလေး၏အကြံမှာ ယခုတွင် ပြိုင်ဘက် အများအပြား ရှိမနေသေးပေ။ ထို့ပြင် အသီနာသည် သူ၏ သူငယ်ချင်းကောင်းဖြစ်သည်။ ခီရာလည်း သူ၏ သူငယ်ချင်း ဖြစ်၏။ “စာအုပ်”ထဲမှ “အတွေ့အကြုံ”အရ သူသည် “မောင်းမဆောင် (ဟာရမ်)” ထဲသို့ အလွယ်တကူ ဝင်ရောက်နိုင်မည်မှာ သေချာနေသည်။ ထို့နောက်တွင် သူသည် သူငယ်ချင်း နှစ်ယောက်နှင့် ပေါင်းပြီး မိန်းမအသစ်များကို ကိုင်တွယ်နိုင်မည် ဖြစ်သည်။
အကယ်၍ ချန်လွေ့သာ လိုလီလေး တွေးနေသည်ကို သေသေချာချာ သိသွားမည် ဆိုလျှင် သူ၏နဖူးပေါ်မှ ချွေးများ ဆယ်ဆကျော် ပိုများလာပေလိမ့်မည်။
“တစ်နှစ်က အလုပ်မဖြစ်မှာ သေချာတယ်။ ၄နှစ် ထားလိုက်။”
“တစ်နှစ်ခွဲ....”
နောက်ဆုံး၌ သူတို့နှစ်ယောက်သည် သုံးနှစ်တွင် “သဘောတူ” လိုက်ကြသည်။ ချန်လွေ့အတွက် သုံးနှစ်မှာ အချိန်ဆွဲလိုက်ခြင်းသာ ဖြစ်၏။ အချိန်သည် ကိစ္စအများအပြားကို ပြေလျော့သွား စေနိုင်သည်ကို သူ ယုံကြည်သည်။
ထိုအရေးကြီးဆုံး ကတိကြောင့် အဲလစ်၏ ယခင်ဒေါသများ ပျောက်ကွယ်သွား၏။ သူသည် ယခင်အတိုင်းပင် မြူးကြွသော လိုလီလေး ပြန်ဖြစ်သွားလေသည်။
“ငါ့အစ်မကို ဒီအကြောင်း နင်မပြောပြရဘူး။”
အဲလစ်က ခြိမ်းခြောက်သည့်အကြည့်ဖြင့် ကြည့်လိုက်သည်။ အမှန်တကယ်တွင် ၎င်းသည် ချန်လွေ့ ပြောချင်နေသည့်အရာပင် ဖြစ်သည်။ ထို့ကြောင့် သူ ခပ်မြန်မြန် ခေါင်းညိတ်လိုက်၏။
“နင် ကတိတည်အောင် ငါ အရင်ဆုံး တစ်ခုခု လုပ်ရမယ်။” လိုလီလေး မျက်လုံး ကလည်ကလည် ပြုလုပ်လိုက်သည်။ “မျက်လုံးမှိတ်ထား။”
ချန်လွေ့ မျက်လုံးမှိတ်လိုက်သည်နှင့် နွေးထွေးပြီး လက်ဆတ်သော အသက်ရှူသံတစ်ခု ချဉ်းကပ်လာသည်ကို ခံစားလိုက်ရသည်။ ၎င်းသည် သူ၏နှုတ်ခမ်းပေါ်သို့ ညင်ညင်သာသာ ထိတွေ့သွားသည်။
ချန်လွေ့ မျက်လုံးဖွင့်လိုက်သည့်အခါ လိုလီလေးသည် ခြေဖျားထောက်နေရာမှ ပြန်ချလိုက်ပြီ ဖြစ်သည်။ လိုလီလေး၏ ဖြူဖွေးပြီး နူးညံ့သော ပါးပြင်များ နီမြန်းနေ၏။ သူသည် ချန်လွေ့ကိုပင် မကြည့်ရဲတော့ပေ။
ငါ ထပ်ပြီး အနမ်းခံလိုက်ရတာလား။ ဘာလို့ “ထပ်ပြီး”တော့လဲ။
အမှန်အတိုင်းပြောရလျှင် ဒီလိုမျိုး နွေးထွေးပြီး နူးညံ့တဲ့ ခံစားချက်က....အာ...ကောင်းပါတယ်...
ယခင်တစ်ခေါက်ကကဲ့သို့ လိုလီလေးသည် ပြောင်ပြောင်တင်းတင်း လျှာမထုတ်ခဲ့ဘဲ အသာအယာသာ နမ်းခဲ့ခြင်း ဖြစ်သည်။ ဘယ်လိုပဲဖြစ်ဖြစ်ပါ။ အရင်တုန်းက ငါက သေသလို ဟန်ဆောင်နေခဲ့တာ။ ဒီတစ်ခေါက်... သူ ရှက်နေတဲ့ပုံကြည့်ရတာ တော်တော်လေး ချစ်စရာကောင်းသားပဲ။
ဒါမှမဟုတ် အသီနာ ပြောသလို သူက ကလေး မဟုတ်တော့ဘူးလား။
“ ဒါကို ၃နှစ် ကြိုပေးထားတယ်လို့ သဘောထားလိုက်...” လိုလီလေးက ချန်လွေ့ သင်ပေးထားခဲ့သော ဝေါဟာရများကို အတွေ့အကြုံ ရင့်ကျက်ဟန်ဖြင့် ကောင်းကောင်းအသုံးချလိုက်သည်။ “စိုးရိမ်မနေပါနဲ့။ ယောက်ျားလေး တစ်ယောက်ကို ငါနမ်းဖူးတာ ဒါ ပထမဆုံး မဟုတ်ဘူး။”
ထိုပုံစံသည် အနိုင်ကျင့်ခံရသော မိန်းကလေး အချို့ကို...‘ မငိုနဲ့။ ငါတာဝန်ယူပေးမယ် ’ ဟူ၍ ပြောနေသကဲ့သို့ပင် ဖြစ်သည်။ အမှန်တကယ်တွင် ပထမဆုံးအကြိမ်မှာလည်း ချန်လွေ့သာ ဖြစ်၏။ သို့သော်လည်း သူသည် ချန်လွေ့အား သတိလစ်အောင် ပြုလုပ်ပြီးမှ ပထမဆုံးအနမ်းကို လုယူခဲ့လေသည်။ ၎င်းကို သူတို့ နှစ်ယောက်စလုံးအတွက် ပထမဆုံးအနမ်းဟု ဆိုနိုင်ပေသည်။
“ခုနတုန်းက ငါ မှတ်တမ်းတင်ပြီးသွားပြီ။ နင် ကတိဖျက်ရဲရင် နင်ကငါ့ကို တပ်မက်နေတယ်လို့ အစ်မကို ပြောလိုက်မယ်။” အဲလစ်သည် တက်တက်ကြွကြွနှင့် လက်ထဲမှ မှတ်တမ်းတင်ကျောက်ကို မြှောက်ပြလိုက်သည်။ အမှန်တကယ်မှာ ၎င်းသည် သူ၏မျက်နှာပေါ်၌ ရှက်သွေးဖြာမှုကို ဖုံးကွယ်ရန်သာ ဖြစ်လေ၏။
မင်းငါ့ကို ဒီလိုမျိုး စွပ်စွဲစရာ လိုလို့လား။ အခု ဘယ်သူက ဘယ်သူ့ကို တပ်မက်နေတာလဲ။ ချန်လွေ့သည် အဲလစ်ကို စောဒက မတက်ခဲ့ဘဲ ခေါင်းကိုသာ ညိတ်လိုက်၏။
“ ကောင်းပြီလေ။ ငါ ဒီနေ့ တော်တော်လေး ပင်ပန်းနေပြီ။ လမ်းမလျှောက်နိုင်တော့ဘူး။ နင်ငါကို ချီသွားပေးရမယ်။ ”
“ ဟမ် ”
“ ဟီးဟီး ” (မှတ်တမ်းတင်ကျောက်ကို ပြလိုက်)
“ ဒါနဲ့ နင်ငါ့ကို လမ်းလျှောက်နေရင်း ပုံပြင်တစ်ပုဒ် ပြောပြရမယ်။ ငါ မကြားဖူးသေးတာ တစ်ခုခု။”