ထွက်ခွာခြင်း
Vol. 24 Ch. 355
တဲရစ်စ်ကို ဆရာသခင်တာတာ ငြင်းလိမ့်မည်ကို ချန်လွေ့ မျှော်လင့်ထားပြီးသား ဖြစ်သည်။ အကောင်းဆုံး ထုတ်လုပ်ရေး အခြေအနေများအရ ဝတ်ရုံဂိုဏ်းရှိ စမ်းသပ်ခန်းမှာ သွေးရောင်အင်ပါယာရှိ စမ်းသပ်ခန်းများလောက် မကောင်းသော်လည်း သွေးရောင်အင်ပါယာတွင်သာမက နတ်ဆိုးဘုံတစ်ခုလုံးတွင်ပါ မရှိနိုင်သော သန့်စင်ပြီးကုန်ကြမ်းများ ရှိနေသည်။ တဲရစ်စ်သည် ရှားပါးသော သန့်စင်မှုမြင့်မားသည့် ကုန်ကြမ်းတချို့ကို ထောက်ပံ့ပေးနိုင်မည် ဖြစ်သော်လည်း ဆရာသခင်တာတာက ဤနေရာတွင် သန့်စင်မှုအမြင့်ဆုံး ကုန်ကြမ်းများကို စိတ်ရှိသလို အသုံးပြုနိုင်နေသည်။ ၎င်းမှာ လုံးဝကို နှိုင်းယှဉ်၍ မရနိုင်ပေ။
“မဟာဆရာသခင်”၏ လျို့ဝှက်နည်းအတိုင်း ချန်လွေ့ ထိုကဲ့သို့ သန့်စင်မှုအမြင့်မားဆုံးသော ကုန်ကြမ်းများကို မည်သို့ ထုတ်လုပ်ကြောင်း သေချာမသိသေးသော်လည်း ထိုကုန်ကြမ်းများကို ချန်လွေ့ ဆက်လက်ထောက်ပံ့ပေးနိုင်သရွေ့ ဆရာသခင်တာတာက ထိုအကြောင်းကို စဉ်းစားရန် မလိုအပ်ပေ။
ထို့ပြင် သူ၏ကြင်သူ မစ်-ဆာဆာ အပြင် စိတ်တူကိုယ်တူဖြစ်သော မိတ်ဆွေ စကိုင်းနှင့် မဟာဆရာသခင် ဖြစ်လာရန် မျှော်လင့်ချက် အမြင့်ဆုံးရှိသည့် သုံးသွယ်-အထူးပြု လျို့ဝှက် ဆန်းကြယ်သော ပါရမီရှင်လည်း ရှိနေသည်။
အရေးကြီးဆုံးမှာ စကိုင်း၏ သရုပ်မှန်သည် သွေးရောင်အင်ပါယာရှိ ယန္တရားအစည်းအရုံး၏ မူလ ဒု-ဥက္ကဋ္ဌ ဖွန်ဆက် ဖြစ်နေခြင်းပင် ဖြစ်သည်။ နတ်ဆိုးဘုံ၏ ထိပ်တန်း ယန္တရားဆရာသခင် တစ်ဖြစ်လဲ သွေးရောင်အင်ပါယာ၏ ယန္တရားအစည်းအရုံး ဥက္ကဋ္ဌဖြစ်သူ နိတ်သည် အခြားသူများ၏ စွမ်းရည်များကို လုယူသည့် စက်ဆုပ်စရာ ပညာရပ်ကိုသုံးသည့်အပြင် စကိုင်း၏ မိသားစုကိုပါ ထိခိုက်ခဲ့ကြောင့် သူက တာတာကို ပြောပြခဲ့သည်။ သွေးရောင်အင်ပါယာ၌ နိတ်၏ စွမ်းအားနှင့် အာဏာမှာ အလွန်ကြီးမားလှသည်။ အကယ်၍ စကိုင်းသာ တိုက်ရိုက် ဖော်ထုတ်လိုက်သည့်တိုင် မည်သည်မှ အကျိုးထူးမည် မဟုတ်ပေ။ ထို့ကြောင့် တာတာသည် ထိုထောင်ခြောက်ထဲဝင်ပြီး စိတ်အနှောင့်အယှက် ဖြစ်စရာ ဒု-ဥက္ကဋ္ဌ လုံးဝ လုပ်မည်မဟုတ်ပေ။
တဲရစ်စ် ထွက်သွားသည်နှင့် နတ်ဆိုးလူပုအို ဒီဒီက ရှေ့သို့တက်လာပြီး ချန်လွေ့အား တစ်စုံတစ်ခု သတင်းပို့လိုက်သည်။ ဆရာသခင် စကိုင်းက သူ့ကို တွေ့ချင်နေ၏။
ခုနက စကိုင်း မူမမှန်ဖြစ်နေကြောင်း ချန်လွေ့ သတိရမိလိုက်ပြီး နောက်ဖေးသို့ ချက်ချင်းပင် လမ်းလျှောက်သွားလိုက်သည်။ ဆရာသခင် တာတာလည်း လိုက်သွား၏။
နောက်ဖေးမှ လူတစ်ယောက် ထွက်လာသည်။ ထိုသူသည် ယခုမှ ထွက်လာခြင်း ဖြစ်ပုံရသည်။ သူသည်လည်း အသိတစ်ယောက်ဖြစ်ကာ အမှောင်လ ထိပ်တန်း ဆေးရည်ဆရာသခင် အဲဒက်စ်ပင် ဖြစ်လေသည်။
“အက်ဂ်ယော”ကို တွေ့လိုက်သောအခါ အဲဒက်စ်၏ မျက်နှာ၌ ပျော်ရွှင်မှု အရိပ်အယောင် ပေါ်လာပြီး ခေါင်းညိတ်ပြလိုက်သည်။ ချန်လွေ့လည်း ခေါင်းပြန်ညိတ်လိုက်၏။
အဲဒက်စ်၏ ညီမလေး လီဆာက ယန္တရားပညာရပ် အပေါ် စွဲလမ်းမှုကြောင့် ပိုင်ဆိုင်မှုများအားလုံး ဆုံးရှုံးသွားပြီး ဖခင်ဖြစ်သူ သေဆုံးသောအခါ၌ပင် လာမကြည့်သော အစ်ကိုဖြစ်သူကို ခွင့်မလွှတ် ချင်သေးပေ။ ထိုစဉ်က ချန်လွေ့သည် လီဆာအား ကယ်ဆယ်ပြီးနောက် ဝတ်ရုံမှော်ဆိုင်၌ အရောင်း ဝန်ထမ်းတစ်ယောက်အနေဖြင့် စီစဉ်ထားခဲ့သည်။ အကြောင်းရင်း တစ်ခုခုကြောင့် လီဆာသည် မိန်းမ မရှိတော့သော စကိုင်းကို စိတ်ဝင်စားသွားပြီး ရဲရဲတင်းတင်းပင် လိုက်ခဲ့သည်။ မိန်းမ တစ်ယောက်က ယောက်ျားတစ်ယောက်ကို လိုက်ရသည်မှာ အလွယ်လေးပင် ဖြစ်သည်။ လူအိုကြီးစကိုင်းက မိန်းမငယ်လေး တစ်ယောက်ကို တွေ့သွားသည့်အခါ ပုခက်ကို သေချာပေါက် လုယက်မည်ဖြစ်သည်...
လီဆာသည် အလွန်ပင် စွမ်းဆောင်ရည် ရှိလှသည်။ စကိုင်းနှင့် အတူနေပြီးနောက် သူသည် အိဗ်နှင့် အလျန်တို့ကိုလည်း ဂရုစိုက်ခဲ့သည်။ သူ၏ ခင်ပွန်း စကိုင်း၏ ကြားဝင်ဖြန်ဖြေမှုကြောင့် လီဆာနှင့် အစ်ကိုဖြစ်သူ အဲဒက်စ်တို့၏ ဆက်ဆံရေး ကောင်းမွန်လာခဲ့သည်။ ထို့ကြောင့် ဆရာသခင် အဲဒက်စ်က အလွန်ကျေးဇူးတင်နေပြီး သူတို့နှစ်ယောက်၏ ပတ်သက်မှုကို ပို၍ပင် အထောက်အပံ့ပေးခဲ့သည်။ ထို့ကြောင့် သူသည် ညီမဖြစ်သူဆီ လာလည်ရန်အတွက် ဝတ်ရုံဂိုဏ်းသို့ လာခဲ့ခြင်း ဖြစ်သည်။
အဲဒက်စ် ထွက်သွားပြီးနောက် ချန်လွေ့သည် စကိုင်းကို နောက်ဖေးတွင် တွေ့ခဲ့သည်။ အရိပ်မြူနှင်းပန်းနှင့် အသက်ဓာတ် ရေစင်တို့ကြောင့် စကိုင်း၏ ကျိန်စာ လုံးဝ ပျောက်ကင်းသွားခဲ့ပြီး ပုံမှန်အတိုင်း ခန့်ညားသော အမှောင်နတ်သူငယ် တစ်ယောက်၏ မျက်နှာသွင်ပြင်သို့ ပြန်လည်ရရှိလာခဲ့သည်။ ထို့အပြင် သူ၏အကြည့်သည် ဘဝအတွေ့အကြုံများ ပြည့်နှက်နေပြီး ဉာဏ်ပညာနက်နဲသည်ဟု ထင်ရသော နှုတ်ခမ်းမွှေးနှင့်အတူ သူသည် အတော်လေး ဆွဲဆောင်မှုရှိနေပြီး ရင့်ကျက်နေ၏။ သူ လီဆာကို ဆွဲဆောင်နိုင်ခဲ့ခြင်း အံ့ဩစရာ မဟုတ်ပေ။
“ဆာ-ခေါင်းဆောင်။” စကိုင်း၏သမီး အလျန်က ချန်လွေ့ ရောက်လာသည်ကို မြင်သည့်အခါ မျက်လုံးထဲ၌ စိတ်လှုပ်ရှားမှုများ အရောင်လက်သွားခဲ့သည်။ သူ မတ်တပ်ရပ်ပြီး ခုန်လိုက်ကာ အိဗ်နှင့်အတူ ကစားနေသော စစ်တုရင်ကိုပင် ဂရုမစိုက်တော့ပေ။
“အလျန်က ပိုပိုပြီး ချစ်စရာ ကောင်းလာတယ်။” ချန်လွေ့သည် ပုံမှန်အတိုင်းပင် အလျန်၏ခေါင်းကို ပွတ်သပ်လိုက်သည်။ ထို့နောက် ခေါင်းငုံ့ထားသော ရှက်နေသည့် ကောင်မလေးကို လှမ်းကြည့်ကာ ထပ်ပြောလိုက်သည်။ “အိဗ်ရောပဲ။”
အိဗိ ရှက်သွားပြီး ခေါင်းပို၍ငုံ့လိုက်ကာ မော့မကြည်ရဲတော့ပေ။ သူ၏မျက်လုံးထဲ၌ ပျော်ရွှင်မှုများ ရှိနေ၏။
“ဟုတ်ပြီ။ နင်တို့အဖေက ဆာ-ခေါင်းဆောင်နဲ့ ဆွေးနွေးစရာ ရှိတယ်။ အထဲဝင်ပြီး စကားရအောင်။ သူတို့ကို မနှောင့်ယှက်နဲ့။” အမေရင်းအတိုင်းပင် လီဆာက သမီးနှစ်ယောက်ကို ပြောသည်။ အလျန်က ချန်လွေ့ကို လှမ်းကြည့်ပြီးနောက် အစ်မဖြစ်သူ၏ လက်ကိုကိုင်ကာ လီဆာနှင့်အတူ အခန်းထဲသို့ သွားလိုက်ကြသည်။
“အက်ဂ်ယော” အပေါ် လီဆာ၏ အပြုအမူမှာ အတော်လေး ကောင်းမွန်နေပြီ ဖြစ်သော်လည်း မကျေမနပ်နှင့် ရေရွတ်လိုက်သေးသည်။ “မျက်နှာဖုံးနဲ့လူက ဘာကောင်းလို့လဲ။ ကောင်မလေး နှစ်ယောက်လုံးက သူ့ကို တော်တော်လေး သဘောကျနေကြတယ်....”
လီဆာ၏ ရေရွတ်သံကို စကိုင်း အာရုံမထားဘဲ မေးသည်။ “ တဲရစ်စ် ထွက်သွားပြီလား။”
ရင့်ကျက်ပြီး ခန့်ညားသော အမှောင် နတ်သူငယ်သည် သွေးရောင်အင်ပါယာ၏ အထက်တန်းစား ဖြစ်ခဲ့ဖူသည့်အတွက် သွေးရောင်အင်ပါယာ၏ မင်းသားကို သိသည်။
ချန်လွေ့ ခေါင်းညိတ်လိုက်၏။ စကိုင်း မေးပြန်သည်။ “ဆရာသခင် တာတာဆီ သူ လာလည်တာက ဘာရည်ရွယ်ချက်နဲ့ပဲ။”
တာတာက ပြောသည်။ “သူက ငါ့ကို ယန္တရားအစည်းအရုံးရဲ့ ဒု-ဥက္ကဋ္ဌ အနေနဲ့ ဖိတ်ခေါ်ချင်တာ။ ဒါပေမဲ့ ငါ လက်မခံခဲ့ဘူး။ ငါ ဒီကနေ မထွက်သွားချင်ဘူးလေ။ ဒါပေမဲ့ တဲရစ်စ်က ဖိအားမပေးခဲ့ဘူး။ သွေးရောင်အင်ပါယာ မင်းသားက တော်တော်လေး နှစ်သက်စရာပဲ။ အဲဒီ မာနကြီးတဲ့ အလီရက်စ်က ငါ့ကို စိတ်အနှောင့်အယှက် ပေးတယ်။”
စကိုင်း အသာလေး ခေါင်းညိတ်သည်။ သို့သော် သူ၏မျက်နှာ၌ လေးနက်သော အမူအရာ ပြသနေသည်။ “တာတာ။ မင်းမှားနေပြီ။ ငါဆို တဲရစ်စ်အစား အလီရက်စ်ကိုပဲ ရင်ဆိုင်လိုက်မယ်။ ပါရမီရှင်လို့ လူသိများတဲ့ အဲဒီမင်းသားကို သတိထား....”
တာတာ အံ့အားသင့်သွား၏။ “ သူက တော်တော်လေး သဘောကောင်းတဲ့ပုံပဲ။ သွေးရောင်အင်ပါယာမှာ သူ၏ဂုဏ်သတင်းလည်း အတော်လေး ကောင်းတယ်။ ခင်ဗျား အထင်မှားနေတာလား။”
“မမှားနိုင်ဘူး။” စကိုင်း၏မျက်လုံးများမှ ပြင်းထန်သော အမုန်းတရားများ ပြသနေ၏။ “အဲဒီတုန်းက ငါ့တပည့်တွေရဲ့ အကာအကွယ်နဲ့ နိတ်ဆီကနေ ငါနဲ့ ငါ့သမီးတွေ ထွက်ပြေးခဲ့တယ်။ နောက်တော့ ငါက မင်းသားတဲရစ်စ်ကို အကူအညီ တောင်းခဲ့တယ်။ အဲဒါနဲ့ နိတ်ရဲ့ နောက်လိုက်တွေက ငါပုန်းနေတဲ့နေရာကို ချက်ချင်း ရှာတွေ့သွားခဲ့တယ်။ ငါ့ရဲ့ကံကြမ္မာကြောင့် မဟုတ်ရင် ငါတို့တွေ အဆိပ်တိမ်တိုက် အသူရာချောက်နက်ထဲမှာ သေသွားလောက်ပြီ။ ဒါက တိုက်ဆိုင်တာလို့ပြောရင် မင်းယုံမှာလား။”
တာတာ အံ့အားသင့်သွားပြီး ဘာမှမပြောခဲ့ပေ။
တဲရစ်စ်သည် သွေးရောင်အင်ပါယာရှိ မဟာရိုင်ဇန်၏ သားအငယ်ဆုံး ဖြစ်ပြီး လက်ရှိခေတ်၏ ပါရမီရှင် တစ်ယောက်အနေဖြင့် သတ်မှတ်၍ ရနိုင်ပေသည်။ သူသည် စစ်ရေးတွင် ထူးချွန်ပြီး ဉာဏ်ကောင်းသည်။ စီးပွားရေး၊ နိုင်ငံရေး၊ ဆေးပညာ၊ လက်မှုပညာ အစရှိသည်တို့ကိုလည်း တပ်ကျွမ်း၏။ သူ၏ ဘက်စုံပါရမီရှင် တစ်ယောက်နီးပါးပင် ဖြစ်သည်။ ထို့အပြင် သူသည် စိတ်ထားကောင်းပြီး ရက်ရောကာ ကြင်နာတတ်သည်။ ထို့ကြောင့် လူအများအကြား၌ အလွန်ပင် ရေပန်းစားလှ၏။
ဝမ်းနည်းစရာတစ်ခုမှာ ထိုပါရမီရှင်သည် စွမ်းအား၌ အထုံနည်းပါးလှပြီး တိုးတက်နှုန်း နှေးကွေးသည်။ နတ်ဆိုးအရှင်သခင်အဆင့် ရောက်ရှိသွားပြီ ဖြစ်သော သူ၏အစ်ကို အလီရက်စ်နှင့် နတ်ဆိုးဧကရာဇ်အဆင့်သို့ ရောက်ရှိသွားပြီးသော အခြားအစ်ကိုများနှင့်ယှဉ်လျှင် သူသည် မဟာနတ်ဆိုးဘုရင်အဆင့်၌သာ တစ်နေ၏။
သွေးရောင်အင်ပါယာသည် တိုက်ခိုက်ရေး စွမ်းအားကို အလေးပေးဆုံး ဖြစ်ပြီး မဟာရိုင်ဇန်မှာ ကိုယ်စားပြုတစ်ခုပင် ဖြစ်သည်။ ထို့ကြောင့် ပြောရမည်ဆိုလျှင် ပလ္လင်ကို တဲရစ်စ် ဆက်ခံရနိုင်မည့် အခွင့်အရေးမှာ သုညနီးပါးပင် ဖြစ်သည်။ ထို့ကြောင့် သူသည် အခြား အစ်ကိုများနှင့် ဆက်ဆံရေး ကောင်းမွန်နေ၏။ မာနကြီးသော အလီရက်စ်သည်ပင် သူ့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံသည်။
ချန်လွေ့သည် ကြားသမျှအားလုံးကို သေသေချာချာ စဉ်းစားပြီး ခေါင်းညိတ်သည်။ “ဒီ တဲရစ်စ်က လုံးဝ မရိုးရှင်းနိုင်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကျုပ်တို့ သတိထားရမယ်။ တကယ်လို့ တဲရစ်စ်က နိတ်တို့နဲ့ တစ်ဖွဲ့တည်း ဆိုရင်တော့ ဆရာသခင်ကို ဖိတ်ခေါ်တာက နိတ်ရဲ့ အခြားသူစွမ်းရည်တွေကို စုပ်ယူတဲ့ လျို့ဝှက်ပညာရပ်နဲ့ သက်ဆိုင်နေမယ်လို့ ရဲရဲတင်းတင်း ကောက်ချက်ချလို့ရတယ်။ သူက သုံးသွယ်-အထူးပြု ပါရမီရှင် ဆရာသခင်ရဲ့ “လွှမ်းမိုးခံ” လိုက်ရပြီးတော့ နတ်ဆိုးဘုံရဲ့ ပထမဆုံး မဟဆရာသခင် ဖြစ်လာဖို့အတွက် သုံးသွယ်-အထူးပြု ဖြစ်အောင်လို့ နောက်ပေါက်ကို သုံးချင်တာများလား။”
နောက်ပေါက်သည် ဝေါဟာရအသစ် ဖြစ်သော်လည်း စကိုင်းက ဆိုလိုရင်းကို ချက်ချင်း သဘောပေါက်ပြီး လေးလေးနက်နက် ပြောသည်။ “နိတ်ရဲ့ လျို့ဝှက်ပညာရပ်က အကန့်အသတ်တွေ ရှိတဲ့အတွက် အဲဒါကို ငြင်းလို့မရဘူး။ ပြိုင်ဘက်ရဲ့ စိတ်စွမ်းအားက ခိုင်မာမယ်ဆိုရင် တန်ပြန်မှုတစ်ခု ဖြစ်လာလိမ့်မယ်။ အဲဒါကြောင့် လိမ်ညာတာက အတင်းဖမ်းဆီးတာထက် ပိုပြီးတော့ အကျိုးရှိတယ်။”
“သူငါ့ကို အတင်းဖမ်းဆီးချင်တာဆိုရင် ဘယ်သူမှ တားနိုင်မှာ မဟုတ်လောက်ဘူး။” ဆရာသခင် တာတာက ခါးသက်သက်နှင့် ပြုံးသည်။ “သူ့နောက်က လူနှစ်ယောက်ကို ငါသိတယ်။ တစ်ယောက်က မွန်တီရို။ နောက်တစ်ယောက်က နိုင်းဆာ။ နှစ်ယောက်စလုံးက သွေးရောင်အင်ပါယာရဲ့ နာမည်ကြီး နတ်ဆိုးဧကရာဇ်အဆင့် ပုဂ္ဂိုလ်တွေပဲ။”
“ဒါက မသေချာပါဘူး...” ချန်လွေ့၏ မျက်လုံးများ အရောင်လက်သွား၏။ အဲဒီလူအိုကြီး နာမည်က နိုင်းဆာကိုး။ သူက နတ်ဆိုးအရှင်သခင်အဆင့် မဟုတ်ဘူးဆိုတော့ သူ့ကိုကိုင်တွယ်ရတာ ပိုလွယ်သွားပြီး။ နတ်ဆိုးဧကရာဇ် အဆင့်မှာဆိုရင် ပါ့ဂ်လီအိုက ပြိုင်ဘက်ကင်းပဲ။
“တဲရစ်စ်မှာ အဲလိုအကြံရှိရင်တောင် အခု လုပ်မှာ မဟုတ်ဘူး။ အဲဒါဆို သူ့ဂုဏ်သတင်း ပျက်စီးသွားမှာ။ ပြီးတော့ ဆရာသခင်က သူ့ရဲ့ သရုပ်မှန်ကို တစ်ခါတည်း ပြောပြလိုက်တာလေ..” ချန်လွေ့ အမြန်စဉ်းစားလိုက်သည်။ “ကျုပ် အချိန် ခဏလောက် ထွက်သွားရဦးမယ်။ ဒီကိစ္စအတွက် ကျုပ် အစီအစဉ်တွေ လုပ်ပေးသွားမယ်။ ဆရာသခင် တာတာ။ ခင်ဗျား ဒီအချိန် အတောအတွင်း တတ်နိုင်သမျှ အပြင်မသွားပါနဲ့။ ဆရာသခင် စကိုင်း။ ခင်ဗျားရဲ့မျက်နှာကို ပစ္စည်းတချို့နဲ့ ပြောင်းလဲလို့ရပေမဲ့ တစ်ဖက်လူက ခင်ဗျားကို ဖော်ထုတ်နိုင်မနိုင် အာမခံဖို့ ခက်ခဲတယ်။ သတိထားပေးပါ။ အိဗ်နဲ့ အလျန်တို့ကိုလည်း ဂရုစိုက်ဦး။”
စကိုင်းက လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။ ဤနေရာတွင် သူ၏ မိန်းမနှင့် ကလေးများလည်း ရှိနေပြီဖြစ်သည်။ အကယ်၍ သူပုန်းအောင်းနေသောနေရာ ပေါ်သွားခဲ့လျှင် အကျိုးဆက်များ ဆိုးဝါးလှမည် ဖြစ်သည်။ ထို့ပြင် ဝတ်ရုံဂိုဏ်းနှင့် သူ၏ မိတ်ဆွေများကို ထိခိုက်ပေလိမ့်မည်။
ဂျိုးဆက်၏ “လောင်းကြေးထပ်အစီအစဉ်ကြီး” နှင့် ပူးပေါင်းရန်အတွက် ချန်လွေ့သည် အရတ်စ်နှင့် ဒီဒီတို့ကို ဆင့်ခေါ်လိုက်ပြီး သေသေချာချာ ညွှန်ကြားခဲ့သည်။ သူတို့နားလည်ကြောင်း အတည်ပြုပြီးသည့်အခါ ဝတ်ရုံဂိုဏ်းမှ ချန်လွေ့ ထွက်လာလိုက်သည်။
အရာရှိနေအိမ်သို့ ပြန်လာပြီးနောက် ချန်လွေ့က ပါ့ဂ်လီအိုအား နတ်ဆိုးဧကရာဇ်အဆင့် ပုဂ္ဂိုလ် နှစ်ယောက်၏ ပုံပန်းသွင်ပြင်ကို ပြောပြသည်။ ပါ့ဂ်လီအိုလည်း ရင်ဘတ်ကိုပုတ်ပြီး သဘောတူသည်။ မြို့တော်၏ အစီအစဉ်ကို ဖွင့်ဟတော့မည် ဖြစ်သည့်အတွက် ချန်လွေ့သည် အမှောင်လတွင် အကြာကြီး နေ၍မရပေ။ ပါ့ဂ်လီအို၏ ချိပ်ပိတ်ကို စောစော ဖယ်ရှားနိုင်ရန် ချန်လွေ့ကို [ အထူးစိစစ်မှု ] ကိုသုံးပြီး အဆိပ်နဂါးပေါ်မှ ရှေးမှော်စာများကို မှတ်တမ်းတင်ခဲ့သည်။ ထူးဆန်းသည်မှာ အဆိပ်နဂါးကို ဝန်းရံနေသည့် သင်္ကေတများအား မည်သူမျှ မမြင်ခြင်းပင်။ သို့သော် ချန်လွေ့သည် သူတို့ ပထမဆုံး တွေ့ခဲ့စဉ်က သေသေချာချာ မြင်ခဲ့ရသည်။ ၎င်းမှာ စူပါစနစ်ကြောင့် ဖြစ်နိုင်ပေသည်။
ထိုသင်္ကေတများမှာ မတည်ငြိမ်ပေ။ နာရီတိုင်း ပြောင်းလဲနေ၏။ အချိန်အတော်ကြာ လေ့လာပြီးနောက် ၎င်းတို့သည် တစ်ရက်လျှင် ၁၂ကြိမ် စက်ဝိုင်းပုံ ပြောင်းလဲနေကြောင်း သိရှိသွားသည်။ ၎င်းတို့သည် ၇ရက်ကြာလျှင်တစ်ခါ ပြောင်းလဲပြန်သည်။ ၎င်းသည် အလွန်ပင် လျို့ဝှက်ဆန်းကြယ်ပြီး လေးနက်လှသည်။
ယခင်သက်တန့်တောင်ကြားမှ အတွေ့အကြုံအရ နတ်မိမယ်နဂါးကို အမှောင်လသို့ခေါ်ပြီး ပါ့ဂ်လီအို၏ ချိပ်ပိတ်အား ဖယ်ရှားခိုင်းလျှင် ရန်သူတစ်ယောက်၏ အလောင်းမှ ရှေးမှော်စာများကိုသာ ပို၍ပင် လေ့လာချင်နေလိမ့်မည်။ ထို့ပြင် ဇိုလာ၏ ကိုယ်ကျင့်တရားအရ မည်သည့်ကတိကိုမျှ ယုံကြည်၍ မရနိုင်ပေ။ ငွေသေတ္တာအား ဆုလာဒ်အဖြစ် ပေးလျှင်လည်း အတူတူပင် ဖြစ်သည်။ ထို့ကြောင့် ရှေးမှော်စာများကို “မိတ္တူ”ကူးပြီး အကြံဉာဏ်တောင်းခြင်းသည် အန္တရာယ်အကင်းဆုံးနှင့် ထိရောက်မှုအရှိဆုံးပင် ဖြစ်လေသည်။
သို့သော်လည်း နဂါးထွင်းစာအပေါ် ဇိုလာ၏ သုတေသန အောင်မြင်မှုများသည် အမြဲပင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်နေခဲ့သော ပါ့ဂ်လီအိုကိုပင် အထင်ကြီးစေခဲ့သည်။ သက်တန့်တောင်ကြား၌ ချန်လွေ့လေ့လာခဲ့သော နေရာလွတ်နှင့် ပါ့ဂ်လီအို၏ အထူးလေ့ကျင့် သင်ကြားခြင်းတို့နှင့် ယှဉ်လိုက်ပြီးနောက်တွင် တိုးတက်မှု အသစ်များ ဖြစ်ပေါ်လာသည်။ ဝေဝေဝါးဝါးဖြစ်နေသော ပိုင်နက်အယူအဆလည်း တဖြည်းဖြည်း ဖြစ်ပေါ်လာပြီး [ ကြယ်စင်စုပိုင်နက် ] ကို အမှီပြုနေရာမှ သီးခြား လည်ပတ်နိုင်လာသည်။ သို့သော်လည်း တစ်ခုခု လိုအပ်နေသေးကြောင်း ချန်လွေ့ ခံစားမိနေသည်။ သူသည် မယ်ဂရီအခြေအနေ၏ စွမ်းအားကို အပြည့်အဝ ဆုပ်ကိုင်နိုင်ရန် အခွင့်အရေးတစ်ခု လိုအပ်နေခြင်း ဖြစ်နိုင်သည်။ ၎င်းသည် နောက်ထပ်အဆင့်ဖြစ်သော “ဖက်ဒါ”တို့ တက်ရောက်နိုင်ရန် အရေးအကြီးဆုံး တင်ကူးမှန်းဆချက်ပင် ဖြစ်သည်။
စွမ်းအားအဆင့် မြင့်လေလေ၊ အဆင့်တက်ရန် ပိုမိုခက်ခဲလေလေပင် ဖြစ်သည်။ စူပါစနစ်လည်း ထိုကဲ့သို့ပင် ဖြစ်သည်။ လက်ရှိအခြေအနေ၏ စွမ်းအားကို အပြည့်အဝ ဆုပ်ကိုင်မိပြီးမှသာ နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်ပေမည်။
ချန်လွေ့သည် ထိုခရီးက ကိစ္စနှစ်ခုကို ပြီးမြောက်အောင် ပြုလုပ်ရမည် ဖြစ်သည်။ တစ်ခုမှာ ရှေးမှော်စာများ သင်ယူခြင်းနှင့် အခြားတစ်ခုမှာ မြို့တော်အစီအစဉ်ကို ပြီးမြောက်စေရန် ဖြစ်သည်။ ယခင်ကကဲ့သို့ အမှောင်လသို့ ပြန်လာရန် အချိန်ရှိတော့မည် မဟုတ်လောက်ပေ။
နှုတ်ဆက်ခြင်းသည် အနီးအနားတွင်သာ ဖြစ်၏။ အသီနာနှင့် ခီရာတို့က ချန်လွေ့နှင့် မခွဲခွာချင်ပေ။ နောက်ဆုံး၃ရက်၌ သူတို့သည် အချိန်တိုင်းနီးပါး ပူးပူးကပ်ကပ်နေနေကြသည်။ ကံကောင်းစွာပင် ပါးစပ်ဆိုးသောသူသည် တံခါးပိတ်လေ့ကျင့်နေ၏။ သို့မဟုတ်ပါက ချန်လွေ့သည် “သားပေါက်ဖို့သုံးတဲ့ မြင်းသိုး၊ တစ်ည ၇ခါပြီး၊ တစ်ခါတစ်ညလုံး” စသည့်နာမည်တို့ဖြင့် အခေါ်ခံရမည်မှာ သေချာပေသည်။
ပုံမှန်အားဖြင့် ရက်ရောပြီး သေချာသော အသီနာနှင့်ယှဉ်လျှင် စကားနားထောင်ပြီး “ရိုးသား”သော အစေခံမလေးသည် အိပ်ယာပေါ်၌ ပိုမိုဖန်တီးရယူတတ်သည်။ သူချစ်စရသော ယောက်ျားအရှေ့၌ ကဝေမလေးသည် အတားအဆီးမရှိ ပွင့်လန်းပြီး စိတ်ပါလက်ပါ ပြုစုပေး၏။ အမျိုးမျိုးသော ဆက်ခံထားသည့် သွေးမျိုးဆက် “ပညာရပ်များ”မှာလည်း ချန်လွေ့၏ မှတ်ဉာဏ်ထဲရှိ အချစ်အနုပညာ ပုံစံများထက် ပိုမိုသာလွန်နေသည်။ ၎င်းသည် ချန်လွေ့အား အချစ်ကိစ္စများကို ပျော်ရွှင်ခံစားမိစေသည်။
ချန်လွေ့သည် ခီရာက ပထမဇနီးအဖြစ် သတ်မှတ်ထားသော ငြိမ်ဝပ်ပိပြားရေး အရာရှိမလေးကိုလည်း လျစ်လျူမရှုခဲ့ပေ။
ခီရာသည် ချန်လွေ့ မထွက်သွားခင်ည၌ အသီနာအား နည်းလမ်းတချို့သုံးပြီး ဖြားယောင်းကာ ရှက်နေသော အရာရှိမလေးအား ချန်လွေ့၏အိပ်ယာပေါ်သို့ ခေါ်လာခဲ့သည်။
ချန်လွေ့၏ မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားခဲ့ပြီး စိတ်လှုပ်ရှားမှုများ ဆောင့်တက်သွားခဲ့သည်။ ဒါ...ဒါက ဒဏ္ဍာရီလာ သုံးယောက်.....
ထိုည၌ ဝံပုလွေတစ်ကောင်၏ အူသံကို ငြိမ်ဝပ်ပိပြားရေး အရာရှိအိမ်၏ ဆယ်မိုင်ပတ်လည်တွင် ကြားရသည်ဟု ပြောကြလေသည်။
နောက်တစ်နေ့၌ လန်းဆန်းနေသော ချန်လွေ့သည် မြို့တော်သို့သွားရာ လမ်းပေါ်၌ ပေါ်ထွက်လာသည်။ အစီအစဉ်တစ်ခုလုံး၏ အရေးကြီးဆုံးကို နောက်ဆုံး၌ ဖော်ထုတ်ပြတော့မည် ဖြစ်သည်။
ကြယ်ကြွေတမန်မြို့တော်၌ နန်းတော်၏ အကြီးတန်း အတိုင်ပင်ခံ “ချာလီစ်”က မြို့တော်ဂိတ်ပေါက်သို့ ဟိတ်ဟန်ထုတ်၍ ဝင်လာသည်ကို မြင်သည့်အခါ အစောင့်များ အနည်းငယ် အံ့အားသင့်သွားကြဟန်တူသည်။ ထို့နောက် ချန်လွေ့သည် အတွင်းမြို့မှတစ်ဆင့် အစ်ဇဘယ်လာ၏ နေအိမ်သို့ ရောက်လာခဲ့သည်။
ချန်လွေ့ ရောက်လာကြောင်း သတင်းကြားသည့်အခါ အစ်ဇဘယ်လာ ချက်ချင်း လာနှုတ်ဆက်ပြီး စံအိမ်ထဲသို့ ကြိုဆိုခဲ့သည်။
အစ်ဇဘယ်လာ၏ မျက်နှာ ထူးထူးခြားခြား တင်းမာနေ၏။ သူ၏ ပထမဆုံး စကားမှာ ဤသို့ ဖြစ်သည်။ “ရှင် ဘာလို့ လူပုံအလယ်မှာ ထွက်လာရဲသေးတာလဲ။”
ချန်လွေ့က သိချင်စိတ်ဖြင့် မေးသည်။ “ဘာလို့ အဲလို မေးတာလဲ။”
“ရှင် လော်ဒန်ကို သတ်ခဲ့လား။”
ချန်လွေ့က မဖြေဘဲ ပြန်မေးလိုက်သည်။ “လင်ကွန်မိသားစုရဲ့ ဆက်ခံသူလား။ သူ သေသွားပြီလား။”
အစ်ဇဘယ်လာ မျက်မှောင်ကြုတ်ပြီး ပြောသည်။ “ဒီကိစ္စကို စုံစမ်းပြီးသွားပြီ။မြို့တော်ကနေ လိပ်ပြာနီနယ်မြေဆီ ရှင်ပြန်တဲ့နေ့က လော်ဒန်၊ ဒလိုင်းမိသားစုနှင့် ရိုင်ယန်မိသားစုကလူတွေ၊ ပြီးတော့ တော်ဝင်မိသားစုက မီရာတို့က ရှင့်ကို ပြဿနာရှာဖို့ သွားခဲ့ကြတယ်။ နောက်တော့ သူတို့ရဲ့ အလောင်းတွေကို သစ်တောထဲမှာ တွေ့ခဲ့ရတယ်။ အဲဒါက လိပ်ပြာနီနယ်မြေနားက လမ်းမှာပဲ။ လော်ဒန်က တော်တော်လေး ရက်စက်တဲ့ နည်းလမ်းနဲ့ အသတ်ခံလိုက်ရတာ။ သူ့အလောင်းက အဲဒီမှာ ရှိမနေဘူး။ လျို့ဝှက်ပညာရပ်တွေကို သုံးပြီးတော့မှပဲ သူ့ရဲ့ ကြွင်းကျန်နေတဲ့ အသွေးအသားတွေကို တွေ့ခဲ့ရတာ...”
“အစ်ဇဘယ်လာ။ မင်း ဘာပြောချင်နေတာလဲ။”
“ချာလီစ်။ အခု ငြင်းနေလို့ ဘာမှမထူးဘူး။ ခံရတဲ့ မိသားစုတွေက လော်ဒန်နဲ့ တခြားသူတွေကို ရှင် သတ်လိုက်တာလို့ တညီတညွတ်တည်း ဆုံးဖြတ်လိုက်ကြပြီ။ ရှင် အခု ဒုက္ခအကြီးကြီး ရောက်နေပြီ။”
ချန်လွေ့ ခေါင်းခါသည်။ “လော်ဒန်နဲ့ တခြားသူတွေ ငါ့ကိုဘာလို့ ပြဿနာရှာလဲဆိုတာကို ဘာလို့မမေးတာလဲ။”
“ဘာအကြောင်းကြောင့်ပဲ ဖြစ်ဖြစ်၊ အခု သူတို့အကုန် သေကုန်ပြီ။ ရှင်ပဲ အသက်ရှင်နေတာ။ ဒါက ရှင့်ရဲ့ အကြီးမားဆုံး ပြဿနာပဲ။” အစ်ဇဘယ်လာ သက်ပြင်းချလိုက်သည်။ “ပီးရာ့စ်က ဒန်လိုင်းမိသားစု၏ မှော်ပညာရှင် ခေါင်းဆောင်။ လက်စတင်းက ရိုင်ယန်မိသားစုရဲ့ သမက်။ သူက မိသားစုထဲမှာ နတ်ဆိုးဧကရာဇ်ဖြစ်လာဖို့ မျှော်လင့်ချက် အရှိဆုံးသူပဲ။ လော်ဒန်က လင်ကွန်မိသားစုရဲ့ ဆက်ခံသူ။ သူတို့သုံးယောက်က မြို့တော်၏ ဝါရင့်မိသားစုတွေပဲ။ တော်ဝင်မိသားစုက မီရာကို ထားလိုက်တော့။ ဒီအဖြစ်အပျက်က ဆူပူမှု အကြီးကြီး ဖြစ်စေခဲ့တယ်။ အရှင်မင်းကြီးတောင် ရှင့်ကို ကာကွယ်နိုင်မှာ မဟုတ်ဘူး။”
ချန်လွေ့ အေးအေးဆေးဆေးပင် ပြောသည်။ “သူငါ့ကို မကာကွယ်နိုင်တာ မဟုတ်ဘူး။ သူက ငါ့ကို အကောင်းဆုံး မကာကွယ်ပေးချင်တာပါပဲ...”
“ဒါက လူသတ်မှုပဲ။ ရှင်ရဲ့ညီ ဆမ်မြူရယ်က ဒီသတင်းကိုကြားပြီးတော့ လိပ်ပြာနီနယ်မြေကနေ ထွက်ပြေးသွားပြီလို့ ကြားတယ်။ သူ ဘယ်ကို ရောက်နေလဲဆိုတာ မသိရသေးဘူး။ သူ လူသားလောကကို ပြန်ဖို့ နည်းလမ်းတစ်ခု ရှာတွေ့သွားတာ အဖြစ်နိုင်ဆုံးပဲ။”
“ဒါပေမဲ့.....”
“ဒါပေမဲ့ ဆိုတာ မရှိဘူး။ အခုပြေးတော့။” အစ်ဇဘယ်လာ စကားဖြတ်ပြောသည်။ “အစောင့်တွေ ရောက်မလာခင် မြန်မြန်သွားတော့။ ဖြစ်နိုင်ရင် လူသားလောကဆီ ချက်ချင်း ပြန်ပြီးတော့ နတ်ဆိုးဘုံကို ဘယ်တော့မှ ပြန်မလာနဲ့တော့။”